အခန်း (၂၇၈)
Vol. 28 Ch. 278
“စောင့်ကြည့်နေလိုက်ပါ။ နောက်ရက်အနည်းငယ်ကြာရင် တိုင်းပြည်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မယ်။ အသနားခံစာလွှာတွေ မရေမတွက်နိုင်အောင် နန်းတော်ထဲကို ပျံဝဲဝင်ရောက်သွားလိမ့်မယ်။ အမတ်မင်းပေါင်းများစွာက အရှင်မင်းမြတ်ကို အကျပ်ကိုင်ဖို့ ရူးသွပ်မတတ် ကြိုးစားကြလိမ့်မယ်။ ဒီတစ်ကြိမ်က ပြီးခဲ့တဲ့အကြိမ်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်း ပြီးသွားမှာ မဟုတ်ဘူး။ အရှင်မင်းမြတ်အတွက် ထွက်ပေါက် လုံးဝ မရှိတော့ဘူး”
ထိုအချိန်ကျမှ လီဝမ်ဟွေ့သည် လီယွီထန်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့ အစ်ကိုယွီထန် ၊ ဒီတစ်ခါတော့ ကျွန်တော် သူတို့ကို အရှင်မင်းမြတ်ကို အကျပ်ကိုင်ခွင့် လုံးဝ ပေးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကွမ်ရှီးပြည်နယ်ထဲက ကျွန်တော့်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်ပူပင်စေခဲ့တဲ့အတွက် တောင်းပန်ပါတယ်”
လီယွီထန်က သက်ပြင်းချလိုက်ပြီး ပြောသည်။ “ခင်ဗျားနဲ့ ကျုပ် ညီအစ်ကိုနှစ်ယောက်ကြားမှာ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပေမဲ့ ၊ ဒီလိုအချိန်မျိုးမှာတော့ အခက်အခဲတွေကို ကျော်လွှားဖို့ လက်တွဲရမှာ အမှန်ပါပဲ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းမလဲဆိုတာ သေချာ စဉ်းစားကြတာပေါ့”
ထိုစဉ်မှာပင် ၊ လီယွီထန်သည် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
မလှမ်းမကမ်းရှိ မြေပြင်ပေါ်တွင် ၊ အရာရှိတစ်စု ဒူးထောက်နေကြသည်။
လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန် ၊ ကွမ်ရှီးပြည်နယ် စောင့်ကြည့်ရေးမင်းကြီး ၊ ကွေ့လင်စီရင်စုမှူး ၊ လျန်ကျိုးစီရင်စုမှူး ၊ နန်နင်း လက်ထောက်တရားသူကြီး အစရှိသဖြင့် စုစုပေါင်း အရာရှိ ဆယ်ဂဏန်းကျော် ရှိလေသည်။
ကွမ်ရှီးပြည်နယ် တစ်ခုလုံးရှိ ရာထူးကြီး အရာရှိ ထက်ဝက်ကျော်ခန့် ဒီနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်သည်။
လီယွီထန်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တုန်လှုပ်စွာ မေးလိုက်သည်။ “လီဝမ်ဟွေ့ ၊ မင်း… ဘာလုပ်မလို့လဲ” လီယွီထန် အလွန်အမင်းထိတ်လန့်သွားရာ ယဥ်ကျေးနိုင်စွမ်းမရှိတော့ချေ။
လီဝမ်ဟွေ့က ပြောလိုက်သည်။ “ဒီလူတွေအားလုံးက ကွမ်ရှီးပြည်နယ်ထဲက လီမိသားစုရဲ့ လက်ပါးစေတွေပဲ ၊ တစ်ယောက်ချင်းစီက မြင့်မားတဲ့ ရာထူးတွေကို ရယူထားကြတယ်။ ဒီလူတွေကို မရှင်းထုတ်ရင် ၊ ကွမ်ရှီးပြည်နယ်ထဲက လီမိသားစုရဲ့ ဩဇာလွှမ်းမိုးမှုကို အမြစ်ပြတ် ချေမှုန်းနိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ အမာခံစခန်းတွေကို ကျွန်တော် ဖျက်ဆီးလိုက်ရင်တောင် ၊ တစ်နှစ် နှစ်နှစ် အတွင်းမှာ သူတို့ ပြန်ပြီး ခေါင်းထောင်လာကြလိမ့်မယ်”
“အချိန်က တကယ်ကို နည်းလွန်းတယ်။ လီမိသားစုက ရှားလုံရွှိုကို သိမ်းသွင်းလိုက်ပြီးတဲ့နောက် ၊ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့မှာ သူ့ကို တားဆီးနိုင်တဲ့ အင်အားစု မရှိတော့ဘူး။ မီးနတ်ဘုရားဘာသာရဲ့ အကူအညီနဲ့ သူက အနောက်တောင်ပိုင်းကို အမြန်ဆုံး စုစည်းလိမ့်မယ်။ ဒီအရှိန်အဟုန်ကို ဖျက်ဆီးဖို့ ကျွန်တော်တို့ အကြမ်းတမ်းဆုံး နည်းလမ်းတွေကို သုံးမှ ရမယ်။ အဓိကသော့ချက်က ငွေကြေးပဲ ၊ လီမိသားစုရဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းကို ဖြတ်တောက်လိုက်တာပဲ” လီဝမ်ဟွေ့က ဆက်ပြောသည်။
“အရင်နည်းလမ်းဟောင်းတွေက မလုံလောက်တော့ဘူး ၊ ပြီးတော့ အန်နမ်နိုင်ငံမှာ ကျန်းနန်နယ်စားမင်းရဲ့ အဆုံးအဖြတ် တိုက်ပွဲကလည်း နီးကပ်နေပြီ။ အကယ်၍ လီမိသားစုသာ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ကို စောစီးစွာ စုစည်းနိုင်ခဲ့ပြီး ၊ တိုက်ဆိုင်စွာနဲ့ တောင်ဘက်ကို စစ်တပ်လွှတ်ပြီး သူပုန်တွေနဲ့ ပေါင်းကာ ကျန်းနန်နယ်စားမင်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လိုက်ရင် ၊ အဲဒါ ချက်ချင်းကို ကပ်ဘေးဆိုက်ပြီး ပြိုလဲသွားမယ့် ကိစ္စပဲ။ အဲဒီအချိန်ကျမှ ဘယ်စည်းမျဉ်းတွေ ၊ ဘယ်ဗျူဟာတွေက အရေးပါတော့မှာလဲ”
ထို့နောက် ၊ လီဝမ်ဟွေ့သည် ရုတ်တရက် အမိန့်ပေးလိုက်သည်။ “သတ်ကြ”
ဓားများ ကျဆင်းသွားလေ၏။ ယခင် ကွမ်တုံပြည်နယ် ဘုရင်ခံဟောင်းနှင့် လက်ရှိ လီကျန်းအကယ်ဒမီ ကျောင်းအုပ်ကြီး အော်ယန်ထန်၏ ခေါင်းပြတ်ကျသွားသည်။
ကွမ်ရှီးပြည်နယ် စောင့်ကြည့်ရေးမင်းကြီး ၊ ကွေ့လင်စီရင်စုမှူး ၊ လျန်ကျိုးစီရင်စုမှူး နှင့် အခြားသော ရာထူးကြီး အရာရှိ ဆယ်ဂဏန်းကျော် အားလုံး ကွပ်မျက်ခံလိုက်ရသည်။ လီယွီထန်သည် တစ်ကိုယ်လုံး တုန်ရီနေပြီး ၊ အသက်ပင် မရှူနိုင်တော့ပေ။ ခေါင်းပေါ်ရှိ ကောင်းကင်ကြီး ရုတ်တရက် မည်းမှောင်သွားသလို သူ ခံစားလိုက်ရသည်။
သူ ကောင်းကင်ကြီး အမှန်တကယ် ပြိုကျလာသကဲ့သို့ပင် ခံစားလိုက်ရသည်။ နန်ဟိုင်သိုင်းသင်တန်းကျောင်းအား တိုက်ခိုက်ခြင်းနှင့် ကွမ်ရှီးဘုရင်ခံ လော့ဝမ်အား သတ်ဖြတ်ခြင်းတို့သည်သာ လုပ်ရဲသမျှ လုပ်ရပ်များ၏ အဆုံးစွန် အကန့်အသတ်ဟု သူ ထင်မှတ်ခဲ့ဖူး၏။
သို့သော် လီဝမ်ဟွေ့သည် ကွမ်ရှီးပြည်နယ် အရာရှိလောက၏ ထက်ဝက်ကျော်ကို သတ်ဖြတ်ချေမှုန်းကာ လုံးဝဥဿုံ ရှင်းလင်းပစ်လိမ့်မည်ဟုကား မည်သူက ထင်မှတ်ထားမိမည်နည်း။”
အားလုံးက ဧကရာဇ်မင်းမြတ်၏ အမိန့်တော်စာလွှာပါ စာလုံးလေးလုံးအပေါ် အခြေခံထားခြင်း ဖြစ်သည်။
လီဝမ်ဟွေ့သည် အဆင်ပြေသလို ဆောင်ရွက်ပါ ဆိုသည့် သောက်ကျိုးနည်း စာလုံးလေးလုံးဖြင့် နတ်ဘုရားများကိုပင် သတ်ဖြတ်ရန် ကြိုးစားနေလေ၏။ ထို့နောက် ၊ လီဝမ်ဟွေ့သည် လီယွီထန်၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“အစ်ကိုယွီထန် ၊ ဒါက ကျွန်တော့်အဖေဆီ ပေးမယ့် နောက်ဆုံးစာပါပဲ။ ကျေးဇူးပြုပြီး ပေးပို့ပေးပါ”
“ဖခင်စကားကို နားမထောင်တဲ့ သားမိုက်ဟာ သေဒဏ်နဲ့ပဲ ထိုက်တန်ပါတယ်။ အရှင်မင်းမြတ်ကို အကျပ်ကိုင် နန်းစွန့်ခိုင်းတာကို ခွင့်ပြုလိုက်တဲ့ ကျွန်တော်မျိုးဟာ သေဒဏ်နဲ့ပဲ ထိုက်တန်ပါတယ်”
“ဒီတစ်ကြိမ်မှာ ၊ အရှင်မင်းမြတ်ကို အကျပ်ကိုင် နန်းစွန့်ခိုင်းတာမျိုး ကျွန်တော် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ အရှင်မင်းမြတ်ကို အရှက်ရစေတာမျိုး ကျွန်တော် ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး”
“ကျွန်တော် နန်ဟိုင်သိုင်းသင်တန်းကျောင်းကို တိုက်ခိုက်ပြီး ကျောင်းသား ရာပေါင်းများစွာကို သတ်ခဲ့တယ်။ ကွမ်တုံနှင့် ကွမ်ရှီး ဘုရင်ခံချုပ်ရုံးကို ဝင်စီးပြီး ကွမ်ရှီးဘုရင်ခံ လော့ဝမ်ကို လူပုံအလယ်မှာ သတ်ခဲ့တယ်။ ကွမ်ရှီးပြည်နယ်က ရာထူးကြီး အရာရှိ ထက်ဝက်ကျော်ကို သတ်ခဲ့တယ်။ ဒီလုပ်ရပ် တစ်ခုချင်းစီတိုင်းက လောကကြီးကို စိန်ခေါ်နေတာချည်းပဲ။ တစ်ခုချင်းစီတိုင်းက နှစ်ပေါင်းရာချီ သမိုင်းမှာ မကြုံစဖူး ကိစ္စတွေချည်းပဲ။ ထွက်ပေါက် ဆိုတာကို ကျွန်တော် မစဉ်းစားခဲ့တာ ကြာပါပြီ”
“အစ်ကိုယွီထန် ၊ ကွမ်ရှီးပြည်နယ်ကို ကျွန်တော် အတော်လေး ရှင်းလင်းပြီးပါပြီ။ ဒီ သန့်ရှင်းသွားတဲ့ ကွမ်ရှီးပြည်နယ်ကို အစ်ကို့လက်ထဲ အပ်ပါရစေ။ ကွမ်ရှီးပြည်နယ် အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး ရာထူးကို အစ်ကို့ကို လွှဲအပ်ပါရစေ”
“ပြီးတော့ ကျွန်တော့်သား တုပိုင် ၊ သူ့ရဲ့ အတောင်အလက်တွေ စုံနေပါပြီ။ သူက နောင်တစ်ချိန်မှာ ကျွန်တော်တို့ မိန်းမစိုးဂိုဏ်းရဲ့ အထူးချွန်ဆုံး ခေါင်းဆောင် ဖြစ်လာမှာ သေချာသလို ၊ အခြေအနေကို ပြောင်းလဲပစ်နိုင်ပြီး ပြိုလဲလုနီးပါး အင်ပါယာကြီးကို ကယ်တင်ကာ ပြန်လည် ဦးမော့လာစေမယ့် ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပါ”
“ဒီမှာ ၊ ကျွန်တော့်သား တုပိုင်ကို အစ်ကိုယွီထန်ဆီ အပ်နှံပါရစေ။ သူ ကောင်းကင်ထက်သို့ ပျံသန်းမတက်ခင် အချိန်လေးမှာ ၊ လေဒဏ်မိုးဒဏ်တွေကနေ သူ့ကို ကာကွယ်ပေးထားပါဗျာ”
“ကျွန်တော် တောင်းပန်ပါတယ်” လီဝမ်ဟွေ့သည် လီယွီထန်ကို ဦးခိုက်လိုက်လေသည်။
**--**--**--**--**--**--**--**
ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီ။
တစ်ခါပြန်ပြီး ကွင်းပြင်တစ်ခုလုံး သေလောက်အောင် တိတ်ဆိတ်သွားပြန်သည်။ အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းလှသဖြင့် လူတိုင်း ကြောင်အမ်းသွားကြသည်။ ကျောင်းအုပ်ကြီးနျူ ပင်လျှင် လွန်ခဲ့သော တစ်စက္ကန့်က တုပိုင် ချက်ချင်း အသတ်ခံရတော့မည့် မြင်ကွင်းကို မျှော်လင့်ကာ နိုင်ပွဲအတွက် သေချာနေခဲ့ခြင်း ဖြစ်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ၊ ထန်ယန်က အပြတ်ရှင်းခံလိုက်ရသည်။
အဘယ်ကြောင့် ယခုကဲ့သို့ ဖြစ်သွားရသည်နည်း။ နေမင်းကြီး အနောက်ရပ်မှ ထွက်လာပြီလော။ သောက်ကျိုးနည်းလှသည်။
တုပိုင်၏ ကျင့်ကြံမှုအဆင့်က သိုင်းပညာရှင်အဆင့် ၇ ထက် ကျော်လွန်ခြင်း မရှိနိုင်ပါ ၊ သိုင်းပညာရှင်အဆင့် ၆ အလယ်အလတ်အဆင့် ရှိသော ထန်ယန်ကို မည်ကဲ့သို့ ချက်ချင်း အနိုင်ယူလိုက်နိုင်သနည်း။ ထို့အပြင် ထန်ယန်က ယွမ်စွမ်းအင်ပေါက်ကွဲဆေးလုံးကိုပါ သောက်သုံးထားသေးသည် မဟုတ်ပါလော။
အချိန်အတော်ကြာပြီးနောက် ၊ ထောင်ပေါင်းများစွာသော မိန်းမစိုးဂိုဏ်းအကယ်ဒမီ ကျောင်းသားများသည် ဩဘာလက်ခုပ်သံများနှင့် အားပေးသံများ ဟိန်းထွက်လာကြသည်။
ယခုအချိန်တွင် ၊ သူတို့၏ နှလုံးသားထဲရှိ တုပိုင်၏ ပုံရိပ်သည် ထန်ယန်ထက် လုံးဝ သာလွန်သွားပြီ ဖြစ်ပြီး ၊ ကွမ်ရှီးပြည်နယ်ရှိ လူငယ် မိန်းမစိုးဂိုဏ်း တစ်ခုလုံး၏ စံပြပုဂ္ဂိုလ်နှင့် ခေါင်းဆောင်သစ် ဖြစ်လာခဲ့လေသည်။
တုပိုင် မည်ကဲ့သို့လုပ်လိုက်သလဲ ဆိုသည်ကို သူတို့ ဂရုမစိုက်ကြချေ ၊ တုပိုင်က မကြုံစဖူးသော အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးလိုက်နိုင်သည်ကိုသာ သူတို့ သိကြသည်။
စာမေးပွဲကြီးကြပ်ရေးမှူး ကြီးကြပ်ရေးမှူးချုပ်သည် ဘေးနားရှိ အခြားသော ကြီးကြပ်ရေးမှူး ကုန်းကုန်းများနှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ပြောလိုက်သည်။ “လက်တွေ့ယှဉ်ပြိုင်ခြင်း ကဏ္ဍမှာ တုပိုင် အနိုင်ရရှိပါတယ် ၊ ရမှတ် ၂၀ လုံးကို ရရှိပါတယ်”
“ဒီ ဘွဲ့ယူစာမေးပွဲကြီးမှာ ၊ တုပိုင်ရဲ့ စုစုပေါင်း ရမှတ်က ၅၀၀ ဖြစ်ပြီး ၊ ပထမ ရရှိပါတယ်”
“ထန်ယန်ရဲ့ စုစုပေါင်း ရမှတ်က ၄၈၀.၅ ဖြစ်ပြီး ၊ ဒုတိယ ရရှိပါတယ်”
“ဒီ ဘွဲ့ယူစာမေးပွဲကြီးက လမ်းတစ်လျှောက်မှာ မနှစ်မြို့စရာတွေနဲ့ အန္တရာယ်တွေ ရှိခဲ့ပေမဲ့ ၊ အဆုံးသတ်မှာတော့ ကျုပ်တို့ကို အလွန် နက်ရှိုင်းတဲ့ အမှတ်တရတွေ ထားရစ်ခဲ့ပါတယ်”
“တုပိုင်ပဲ ဖြစ်ဖြစ် ထန်ယန်ပဲ ဖြစ်ဖြစ် ၊ ကျုပ်တို့ ကြီးကြပ်ရေးမှူးတွေ အနေနဲ့ မကျေနပ်ချက်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ကျုပ်တို့က အိုနေပါပြီ ၊ မင်းတို့ရဲ့ ကမ္ဘာကို နားမလည်နိုင်တော့ပါဘူး။ မင်းတို့နဲ့ သဘောထားချင်း ကွဲလွဲမှုတွေ ရှိခဲ့တယ် ဆိုရင် ၊ အဲဒါ ကျုပ်တို့ လူကြီးတွေ မှားယွင်းခဲ့တာ ဖြစ်နိုင်ပါတယ်”
“တုပိုင် နဲ့ ထန်ယန် ၊ မင်းတို့နှစ်ယောက်က အမြဲတမ်း ပြိုင်ဆိုင်နေကြပြီး ၊ ပဋိပက္ခတွေ ပြင်းထန်တယ် ဆိုတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ မင်းတို့ စည်းလုံးညီညွတ်ကြပြီး ၊ ရည်မှန်းချက် တစ်ခုတည်းနဲ့ လက်တွဲလုပ်ကိုင်ကာ ၊ မိန်းမစိုးဂိုဏ်းကို ပြန်လည် အသက်သွင်းပြီး အင်ပါယာကြီးကို ပြန်လည် ဦးမော့လာအောင် လုပ်ဆောင်ကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
ထိုအချိန်တွင် ၊ ထန်ယန် သတိရလာပြီး ၊ ခေါင်းထဲတွင် ကိုက်ခဲနေကာ နားထဲတွင် တဝီဝီ မြည်နေပြီး ၊ မှတ်ဉာဏ်အချို့ ဝေဝါးနေသည်ကို တွေ့လိုက်ရသည်။
သူက တုပိုင်ကို ချက်ချင်း သတ်တော့မလို ဖြစ်နေခဲ့တာ သေချာပါသည် ၊ သို့်သော် အဘယ်ကြောင့် ရုတ်တရက် သူ့စိတ်အာရုံတွေ ပေါက်ကွဲသွားပြီး သတိလစ်သွားရသနည်း။ သူ ခေါင်းကို ပုတ်လိုက်ရာ ၊ သွေးတစ်လုပ် ထပ်အန်လိုက်ရပြန်သည်။ ထိုအခါမှ သူ သတိရသွားသည်။
အလွန် အလွန် ထူးဆန်းသော စွမ်းအင်တစ်ခုက သူ့ရဲ့ ဦးနှောက်နှင့် ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ထိုခံစားချက်က လုံးဝ ဖော်ပြမရနိုင်လောက်အောင် ဖြစ်ပြီး ၊ လုံးဝ ကာကွယ်မရနိုင်သော အရာ ဖြစ်သည်။ သူ့စိတ်အာရုံ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ၊ ချက်ချင်း သတိလစ်သွားခြင်း ဖြစ်သည်။
ချက်ချင်းပင် ၊ ထန်ယန်၏ မျက်နှာထား ပြောင်းလဲသွားပြီး ၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်များ ထောင်ထလာသည်။ ထိုအချိန်တွင် ၊ စင်မြင့်ပေါ်မှ ကြီးကြပ်ရေးမှူးချုပ်က သူ့နာမည်ကို ခေါ်လိုက်သည်။ သူသည် အားယူပြီး မတ်တတ်ရပ်လိုက်ကာ တုပိုင်၏ ရှေ့သို့ လျှောက်သွားလိုက်သည်။
“ညီလေးတုပိုင် ၊ ဒီ ဘွဲ့ယူစာမေးပွဲမှာ ကျွန်တော် ရှုံးနိမ့်သွားပါပြီ။ ကျွန်တော်က ပြောစကား တည်တဲ့ ယောကျ်ားပါ ၊ ကွမ်ရှီးပြည်နယ်ကနေ ထွက်ခွာပေးပါ့မယ်။ နောက်နောင် ညီလေးရှိတဲ့နေရာဆိုရင် ကျွန်တော် သုံးလှမ်း အကွာကနေ ရှောင်ပေးပါ့မယ်”
ထန်ယန်သည် တုပိုင်ထံသို့ လက်ကမ်းပေးလိုက်သည်။
တုပိုင်က လက်လှမ်းပြီး နှုတ်ဆက်လိုက်သည်။
“သွားတော့မယ် ၊ ဂရုစိုက်ပါ” ထန်ယန်က ပြောလိုက်သည်။
ထို့နောက် သူသည် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
ယှဉ်ပြိုင်ရေးကွင်းပြင်တွင် ၊ တကယ်တမ်း၌ တုပိုင်သည် ထန်ယန်ကို သတ်နိုင်ခဲ့သည်။ သို့သော် ဤသည်မှာ သိုင်းပညာ ယှဉ်ပြိုင်ပွဲ ဖြစ်ပြီး ၊ သေရေးရှင်ရေး တိုက်ပွဲ မဟုတ်ပေ။ အကယ်၍ သူသာ ထန်ယန်ကို သတ်လိုက်ပါက ၊ သူ့ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမည် ဖြစ်ပြီး ၊ အရေးအကြီးဆုံးမှာ ကြီးကြပ်ရေးမှူး ကုန်းကုန်းများ၏ စစ်ဆေးမှုကို သူ ကျော်ဖြတ်နိုင်မည် မဟုတ်ပေ။
ဝိညာဉ်အရိပ်စွမ်းအင်သည် အလွန်တရာ တန်ဖိုးရှိလှသည်။ အသစ် ပြန်လည် မဖြည့်တင်းနိုင်ခင်တွင် ၊ တစ်ကြိမ် သုံးလိုက်တိုင်း တစ်ကြိမ် လျော့နည်းသွားမည် ဖြစ်သည်။
ဤအရာသည် တုပိုင်၏ ဝှက်ဖဲဖြစ်သောကြောင့် ၊ ထန်ယန်အပေါ်တွင် အကုန်လုံး ပုံအော သုံးစွဲလိုက်ရန် မဖြစ်နိုင်ပေ ၊ သုံးပုံတစ်ပုံခန့်သာ သုံးစွဲခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုမျှလောက်နှင့်ပင် ၊ ထန်ယန်၏ ဦးနှောက်သည် ပြန်လည် ကုစားမရနိုင်သော ထိခိုက်မှုကို ခံစားလိုက်ရပြီ ဖြစ်သည်။
“ဒါဟာ မှတ်တမ်းတင်ရမယ့် အခိုက်အတန့်ပါပဲ။ ကွမ်ရှီး မိန်းမစိုးဂိုဏ်းအကယ်ဒမီရဲ့ သမိုင်းမှာ ဘွဲ့ယူစာမေးပွဲ ရမှတ်အပြည့်ရတဲ့ တစ်ဦးတည်းသောသူ ပေါ်ထွက်လာခဲ့ပါပြီ။ သူဟာ တာ့နင်အင်ပါယာ တစ်ခုလုံးမှာရှိတဲ့ မိန်းမစိုးဂိုဏ်းအကယ်ဒမီ သမိုင်းကြောင်းမှာ ပထမဆုံးသော ရမှတ်အပြည့်ရသူ ဖြစ်သလို ၊ ကျွန်တော်တို့ ရှေ့မှောက်မှာ ရုတ်တရက် ပေါ်ထွက်လာတဲ့ ပြိုင်ဘက်ကင်း ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်ပါတယ်”
အပိုင်း ၂၇၈ ပြီး။