နယ်မြေ၏ မြောက်ဘက်အစွန်း
Vol. 37 Ch. 502
ကျန်းရီသည် ကောင်းကင်နားလည်သိမြင်ခြင်း အတက်ကို အစောကတည်းက နားလည် သဘောပေါက်ခဲ့ပြီး ဖြစ်သည်။ သို့သော် အကြိမ်ရေ အနည်းငယ်ကိုသာ အသုံးပြုနိုင်ပြီး အပြည့်အဝ တစ်ခါမျှ မသုံးခဲ့ဖူးပေ။ ဆိုရလျှင် ယင်းက စွမ်းအင် ကုန်ဆုံးမှု များပြားလွန်းပြီး အသုံးပြုပြီးချိန်၌ သူ့ကို အင်မတန် အားအင် ကုန်ခန်းစေသောကြောင့် ဖြစ်သည်။
ဗီး
ဝိညာဉ်ပင်လယ်အတွင်း ရွှေရောင်အလင်းက ခမ်းနားစွာ လင်းထိန်လာပြီး ခန္ဓာကိုယ်ကလည်း လျင်မြန်စွာ လင်းလာ၏။ အေးစက်သော လေပြေက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာပြီး ခြေရာလက်ရာ မရှိ ပျောက်ကွယ်သွားတော့သည်။ တစ်စုံ တစ်ယောက်သည် သူတို့၏ ကောင်းကင် စိတ်အာရုံကို ပတ်ဝန်းကျင်အား စစ်ဆေးရန် အသုံးပြုခဲ့လျှင် လေဟာနယ် ကြိမ်နှုန်း အတက်အကျကို အာရုံခံမိနိုင်၏။
“အမ်”
ထိုစဉ် ငွေပန်းပွင့် အဘွားအိုက မြို့အတွင်းရှိ အခြေအနေကို စစ်ဆေးရန် သူမ၏ ကောင်းကင် စိတ်အာရုံကို အသုံးပြုနေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ခပ်ဖျော့ဖျော့ လေဟာနယ် ကြိမ်နှုန်းကို အာရုံခံမိခဲ့၏။ သူမ၏ မျက်ဝန်းက တောက်သွားပြီးနောက် ရေရွတ်ပြောလိုက်သည်။
“ဒါက ဒဏ္ဍာရီလာ ကောင်းကင်သိမြင်နားလည်ခြင်း မှော်အတတ်လား။ စုန်းနတ်ဘုရားက တကယ် ကောင်းကင်ဘုံက ချီးမြင့်တဲ့ ပါရမီရှင်ပဲ။ ရှေးဟောင်း စုန်းအတတ်ပညာကို နားလည်သဘောပေါက်ပြီး လက်ဆင့်ကမ်းနိုင်ခဲ့တယ်”
ရှေးယခင်ရှိ စကားလုံးများသည် လက်ရှိနှင့် အလွန်ကွဲပြားခြားနားနေကာ ရှေးခေတ်နှင့် လက်ရှိ အခြေအနေ ယဉ်ကျေးမှုကြား ကွာဟချက် ရှိနေပေသည်။ ထို့ကြောင့် ရှေးဟောင်းမှော် အတတ်ပညာများသည် နားလည်သဘောပေါက်ရန် အလွန်ခက်ခဲ့၏။ ပါရမီရှင် မဟုတ်ခဲ့လျှင် သူတို့သည် အစောပိုင်းအဆင့်ကိုတောင် အောင်မြင်နိုင်မှာ မဟုတ်ချေ။
စုန်းနတ်ဘုရားသည် ရှေးဟောင်း မှော်အတက်များနှင့် အကန့်အသတ်များကို နားလည် သဘောပေါက်ခဲ့သည်။ သူက ထိုမှော်အတတ်ပညာများနှင့် ကန့်သတ်ချက်များထဲရှိ မဟာတာအို၏ အမှန်တရားကို အရယူနိုင်ရန် မျှော်လင့်ကာ နောက်ဆုံးခြေလှမ်းကို ချိုးဖြတ်နိုင်ဖို့ မျှော်လင့်ခဲ့၏။ ကံဆိုးသည်မှာ သူ့၌ ကံကောင်းမှု အနည်းငယ် ချို့တဲ့နေသေးသည်။
ကျန်းရီ၏ ကောင်းကင် စိတ်အာရုံက လေပြည်ကဲ့သို့ ဖြာထွက်လာပြီးနောက် မိုင်တစ်ထောင် အကွာအဝေးအထိ လျင်မြန်စွာ ပြန့်ကားသွားသည်။ သူ၏ စိတ်ထဲ၌ ပုံရိပ်များ တစ်ခုပြီး တစ်ခု ပေါ်လာတော့သည်။ ရန်သူများနှင့် မဟာမိတ်များကြားရှိ ကွဲပြားခြားနားချက်ကို ဖော်ထုတ်ရန် လိုအပ်သည်ကား သူတို့ထဲတွင် ထူးဆန်းမှု ရှာဖွေရန် လိုအပ်သည်။ ထို့ကြောင့် စွမ်းအင်ကုန်ဆုံးမှု အတော်များမှာ ဖြစ်၏။ စာမျက်နှာ အကန့်အသတ်မရှိသည့် စာအုပ်ကို တစ်ဖျပ်ဖျပ် လှန်နေရသလိုမျိုး သူသည် အချိန်တို့အတွင်း ထူထဲသည့် စာအုပ်ကိုပြီးဆုံးအောင် ဖတ်ရမည် ဖြစ်သည်။ ထို့မအပြင် စာအုပ် အတွင်းပိုင်း ပါဝင်သည့် စကားလုံးတိုင်းကို အပြည့်အဝ နားလည်ရမှာ ဖြစ်သည်။
နှစ်နာရီ၊ လေးနာရီ၊ ရှစ်နာရီ
ကျန်းရီ၏ ကောင်းကင်စိတ်အာရုံသည် နယ်မြေ၏ မြောက်ဘက်ဒေသ တစ်ခုလုံးကို သိမ်းကျုံးသွားလျက် မြောက်ပိုင်း လျန်တိုင်းပြည်နှင့် မြောက်ပိုင်းမန့်တိုင်းပြည်၏ မြို့ကြီးများပါ ပါဝင်၏။ ကောင်းကင်စိတ်အာရုံက မြေအောက် တစ်ဆယ်ကီလိုမီတာခန့်ကိုတောင် ရောက်သွားသည်။
ကံဆိုးသည်မှာ ထူးဆန်းပြီး အန္တရာယ်များသော မြေပြင်အချို့ကို ရှာဖွေတွေ့ရှိသည်မှ အပ ကျန်သည် အာရုံစိုက်ရန် ထိုက်တန်တာ မရှိပေ။ သူ၏ စိတ်အာရုံကို ဖမ်းစားမိပြီး တစ်ခုတည်းသော အရာက သိုင်းခန်းမမှ အဖွဲ့ဝင်များသည် သိုင်းခန်းမအဆောက်အဦးထဲမှ ထွက်ခွာပြီးသည်နှင့် တိတ်ဆိတ်သွားကြာတာပဲ ဖြစ်သည်။ သူတို့က ပျောက်ကွယ်သွားပြီးနောက် သူတို့ကိုယ် သူတို့ ဖုံးကွယ်လိုက်ကြသည်။ ကိုယ်ယောင်ဖျောက်လိုက်ကြသည်။
“တောင်ပိုင်းလား မြောက်ပိုင်းလား”
ကျန်းရီ၏ စိတ်ထဲ စိတ်ကူးတစ်ခု ဖျတ်ခနဲပေါ်လာ၏။ သူ၏ ကောင်းကင် စိတ်အာရုံက ပိုတောင် ဆန့်တန်းနိုင်ပြီ ဟု ခံစားမိနေသည်။ သူက တောင်ပိုင်းကို ရှေ့ဆက်သွားလျှင် ကျန်ရှိသည့် သိုင်းပညာကို ရှာဖွေနိုင်မှာပဲ ဖြစ်၏။ မြောက်ပိုင်းကို ဦးတည်သွားလျှင် အေးစက်သော ရေခဲလွင်ပြင်သာ ရှိပေလိမ့်မည်။ ကျယ်ဝန်းအေးစက်သည့် ရေခဲလွင်ပြင်က တစ်နှစ်ပတ်လုံး နှင်းများကျနေ၏။ ထိုနေရာတွင် သန္ဓေပြောင်းသားရဲများစွာ နေထိုင်ပြီး လူသားများ အတွက် နေထိုင်ရန် မဖြစ်နိုင်ပေ။
“မဟုတ်သေးဘူး။ ကျယ်ဝန်းအေးစက် ရေခဲလွင်ပြင်က တစ်ခုခု မှားနေတာပဲ။ လူသားတွေက အဲဒီမှာ တစ်ခါမှာမှ မနေနိုင်တာ။ ဒီတော့ ပြောင်းရွှေ့ဖို့အတွက် အကောင်းဆုံးနေရာပဲ”
ကျန်းရီသည် မြောက်ပိုင်းဆီသို့ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်ပြီးနောက် ကျယ်ဝန်းအေးစက်သည့် ရေခဲလွင်ပြင်ကို ကြည့်လိုက်သည်။
ကျယ်ဝန်းအေးစက် ရေခဲလွင်ပြင်က ကျယ်ပြောလွန်းပေ၏။ မြောက်ဘက် မန့်တိုင်းပြည်၏ အရွယ်အစားခန့် ရှိပေသည်။ ရေခဲလွင်ပြင် အထက်၌ မြူများ ရစ်ဝဲနေပြီး ၎င်း၏ ကောင်းကင်၌ သိပ်သည်းသော နှင်းမှုံများဖြင့် ဖုံးလွှမ်းနေတော့သည်။ ရေခဲလွင်ပြင်တွင် အနည်းစုသော အပင်များ ရှိသည့် တောင်ကုန်းများစွာ ရှိသည်။ ထိုအပင်များက အရွက်မရှိပေ။ ထိုသစ်ပင်များသည် ပြင်းထန်သော အအေးဒဏ်ရောက်၌ ရှင်သန်နိုင်စွမ်းရှိခဲ့လျှင် ဆန်းကြယ် သစ်ပင် တစ်ပင်ဟု သတ်မှတ်နိုင်ပေ၏။
“အမ် ရေခဲလွင်ပြင်မှာ သန္ဓေပြောင်းသားရဲတွေ အများကြီးရှိတယ်။ ကောလာဟလတွေ ပြောတဲ့ အတိုင်းပဲ”
ကျန်းရီ၏ ကောင်းကင် စိတ်အာရုံက တောင်ကုန်းများစွာကို ဖြတ်ကျော်သွား၏။ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် ထိုတောင်တန်းများက သဘာဝအတိုင်းမဟုတ် သန္ဓေပြောင်းသားရဲများ အုပ်စုလိုက် ဆောင်းခိုရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြင်းထန်သည့် နှင်းမုန်တိုင်း သန္ဓေပြောင်းသားရဲများပေါ် လွှမ်းမိုးသွားပြီး သူတို့ကို တဖြည်းဖြည်းချင်း တောင်ကုန်းလေးများ အဖြစ် ပြောင်းလဲပစ်သည်။ တစ်ချက် ကြည့်ရုံဖြင့် ကျန်းရီက သန္ဓေပြောင်းသားရဲ ရာချီရှိမှန်း တွေ့လိုက်ရသည်။ ထိုသန္ဓေပြောင်းသားရဲများသည် အဆင့်သုံး သားရဲ တစ်ကောင်နှင့် ယှဉ်နိုင်စွမ်းရှိသော အရှိန်အဝါကို ပိုင်ဆိုင်ထား၏။ နတ်ဆိုးဘုရင် အမျိုးအစားတွင် ရှိသော သန္ဓေပြောင်းသားရဲ အချို့ကိုတောင် သူ၏ ကောင်းကင် စိတ်အာရုံကို မြောက်ပိုင်းဒေသဆီသို့ ဖြန့်ကျက်လိုက်၏။ တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင် စိတ်အာရုံ ဖြန့်ကျက်မှုသည် အကန့်အသတ်အထိ ရောက်သွားပြီး နယ်မြေ၏ မြောက်ဘက်အစွန်းဆီသို့ ရောက်သွားသည်။ သူသည် အင်မတန်ကြီးမားသည့် ချောက်ကမ်းပါးကြီး တစ်ခုကို ရှာတွေ့လိုက်၏။
ထူးဆန်းသည့် အရာကား ကျန်းရီ၏ ကောင်းကင် စိတ်အာရုံသည် သေမင်းချောက်ကမ်းပါးကို ဖြတ်သွားသည့် အချိန်တွင် သူ၏ အာရုံစိုက်မှုကို ရရန် မထိုက်တန်သည့် သာမန်ချောက်ကမ်းပါး တစ်ခုကို ရှာတွေ့သွားသည်။ ချောက်ကမ်းပါး၏ အပေါ်ယံ အထပ်တွင်မူ ဖုံးကွယ်နေသော ဧရာမ ပို့ဆောင်ရေး အစီအရင် တစ်ခု ရှိသည်။ သို့သော် ကျန်းရီက ယင်းကို ရှာမတွေ့ခဲ့ပေ။
ဖူးဖူး
ကျန်းရီ၏ ခန္ဓာကိုယ်က ယိမ်းယိုင်သွားလျက် သူ၏ ကောင်းကင် စိတ်အာရုံကို လျင်မြန်စွာ ရုပ်သိမ်းလိုက်သည်။ ကောင်းကင် စိတ်အာရုံကို နာရီပေါင်းများစွာ အသုံးပြုပြီးနောက် သူ၏ အသားရောင်သည် အင်မတန်ဖြူဖျော့နေခဲ့ပြီ ဖြစ်သည်။ ရက်ပေါင်းများစွာ မအိပ် မစားထားသည်နှယ် ခံစားနေရပြီး သူ၏ စိတ်ဝိညာဉ်ကလည်း အင်မတန် မောပန်းနွမ်းနယ်နေ၏။ သူက ထရပ်ရန် ရုန်းကန်လိုက်ရပြီး အခန်းထဲဝင်သွားတော့သည်။ တံခါးပိတ်ကျင့်ကြံနေသည့် ရှောင်ဖေးကို ကြည့်ပြီးနောက် အလိုလိုက်လိုသည့် အမူအရာ ပေါ်လာပြီး အိပ်ရာ ဝင်လိုက်တော့သည်။
တစ်ရက် အပြည့်အဝ အိပ်ပြီးနောက် ကျန်းရီ နိုးလာတော့သည်။ သတင်းအချက်အလက် အချို့ မေးလိုက်ရာ သတင်းသစ် မရသေးကြောင်း သိလိုက်ရ၏။ သူက တောင်ပိုင်းဒေသဆီသို့ ဖြန့်ကျက်ရန် ကောင်းကင်စိတ်အာရုံကို အသုံးပြုရန်သာ ထပ်မံ ထုတ်ဖော်ရတော့သည်။
နေ့ဝက်ခန့် ကြာပြီးနောက် ကျန်းရီက မျက်လုံးများကို နွမ်းနယ်စွာ ဖွင့်လိုက်တော့သည်။ သူက အနားယူတော့မည့် အချိန်တိုင်း ငွေပန်းပွင့် အဖွားအိုက ရွှေယွဲ့လျန်မျှော်စင်သည် စာတစ်ဆောင် ပို့လာသည်။
“ရွှေယွဲ့လျန် မျှော်စင်သခင်က တံခါးပိတ်ကျင့်ကြံနေတယ်”
ရွှေယွဲ့လျန်မျှော်စင်မှ ပို့လွှတ်သည့် သတင်းစကား၌ စကားလုံး ခြောက်လုံးသာ ပါဝင်၏။ ကျန်းရီက အင်မတန် ဒေါသထွက်သွားသည်။ နယ်မြေတွင် အဖြစ်အပျက်ကြီး တစ်ခု ဖြစ်သွားပြီးနောက် ရွှေယွဲ့လျန်သည် မည်ကဲ့သို့ တံခါးပိတ် ကျင့်ကြံနိုင်သနည်း။ သူမနှင့် ကျန်းရီကြားရှိ ဆက်ဆံရေးကို အကဲဖြတ်ကြည့်လျှင် သူမ ကူညီနိုင်လျှင် သေချာပေါက် ကူညီနိုင်ပေမည်။ ဆိုလိုသည်ကား သူမသည် မည်မျှ ပြင်းထန်သည့် ဖိအားကို ကြုံတွေ့နေရကြောင်း ထင်ရှားနေပေ၏။
သိုင်းခန်းမက ဖျက်ဆီးခံရပြီး ဖြစ်သည်။ သို့သော် မည်သည့် အကြောင်းကြောင့် ရွှေယွဲ့လျန်သည် တွန့်ဆုတ်နေသေးသနည်း။ သိုင်းခန်းမသည် ပိုတောင်သန်မာသော လွှမ်းမိုးမှုကို ဖုံးကွယ်ထားသေးသည်လော။
ကျန်းရီက နက်ရှိုင်းစွာ စိုက်ကြည့်နေပြီး မျက်မှောင်ကျုံ့ထားကာ သူ၏ မျက်လုံးထဲတွင်လည်း ကြီးမားသည့် အမူအရာ တစ်ခု ရှိနေသည်။ သူသည် အချိန်တိုအတွင်း သိုင်းခန်းမ ရှိသည့် နေရာကို မရှာဖွေနိုင်။ သိုင်းခန်းမက သူတို့ပေါ် ထပ်ပြီး မလှုပ်ရှားလာခင် အဖွဲ့လိုက် ရွှေ့ပြောင်းမည့် အချိန်ကို စောင့်နေရုံသာ တတ်နိုင်သည်။ ထိုသို့ ပြုလုပ်ခဲ့လျှင် သူက ခံစစ်အနေအထား ရောက်နေပေလိမ့်မည်။
ဝှစ်
ဧကရီ နန်းတော် အပြင်ဘက်တွင် ငွေပန်းပွင့် အဘွားအိုက ထွက်ပြီးနောက် ထပ်ပြန်ဝင်လာပြန်သည်။ ကျန်းရီက မျက်မှောင်ကျုံ့လျက် သူမကို ဝင်ခွင့်ပေးလိုက်သည်။
သူမ ဝင်လာသည်နှင့် လေးလံသည့် လေသံဖြင့် ပြောလိုက်သည်။
“အရှင် သိုင်းခန်းမနဲ့ ပတ်သက်တဲ့ သတင်းရှိတယ်လို့ ပြောတဲ့သူ တစ်ယောက် မြို့ပြင်မှာ ရောက်နေပါတယ်”
“သူ့ကို ခေါ်လာခဲ့”
ကျန်းရီ၏ ကျားကဲ့သို့ မျက်ဝန်းက အေးစက်စက်ဖြင့် ဖျတ်ခနဲ လှုပ်သွားပြီး သူက မတ်တပ်ထရပ်လိုက်သည်။ နွမ်းနယ်နေသော စိတ်ဝိညာဉ်ကို ငွေပန်းပွင့် အဘွားအို ခေါ်လာသည့် မိန်းမငယ်လေးဆီ ချက်ချင်းဖြန့်ကျက်လိုက်သည်။ ကျန်းရီက ထိုမိန်းမငယ်လေးကို မြင်သည့် အချိန်၌ သူ့မျက်နှာ၌ ဇဝေဇဝါ အမူအရာများ ပြည့်နေ၏။
ထိုမိန်းကလေးသည် ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်သာ ရှိဦးမည်။ သူမက အင်မတန်ရှက်ရွံ့သည့် အရိပ်အယောင်များ ပြည့်နေပြီး ကြောက်လန့်မှုများ ရှိနေသော်ငြား သိချင်စိတ် တစ်စွန်းတစ်စ ရှိနေသေး၏။ ကျန်းရီက သူမ၏ သန့်စင်နေသော မျက်ဝန်းများကိုကြည့်ပြီး အရှိန်အဝါကို ထိန်းကာ ဖော်ရွေသည့် အပြုံးမျိုး ပြုံးလျက် ညင်သာစွာ ပြောလိုက်သည်။
“ကောင်မလေး မကြောက်နဲ့၊ မင်းကို ဘယ်သူက သတင်းပို့ခိုင်းလိုက်တာလဲ။ ပင်မသိုင်းခန်းမ ဌာနချုပ်က ဘယ်မှာရှိတာလဲ”
ထိုမိန်းကလေးသည် အနည်းငယ် တွေးတောနေပြီးနောက် အံကြိတ်ကာ ပြန်ပြောလိုက်သည်။
“နင် နင်က ကျန်းရီလား။ အဲဒီလူက ကျန်းရီကိုပဲ သတင်းပေးရမယ် ပြောခဲ့တာ”
“ဟုတ်တယ်”
ကျန်းရီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။
“ငါက ကျန်းရီပဲ၊ ဒီအောက်မှာရှိတဲ့ လူဦးရေ သန်းပေါင်းများစွာက သက်သေခံပေးနိုင်တယ်”
“ဒါဆိုရင် နင်ငါ့ကို ခရမ်းရွှေ တစ်ပိုင်းပေးမှာလား”
ထိုမိန်းမငယ်လေးက ဆက်ပြောလိုက်သည်။
“ဒီသတင်း နင့်ကို ပြောပြမယ်ဆိုရင် နင်က ငါ့ကို ခရမ်းရောင်ရွှေ တစ်ခုပေးမယ်လို့ သူက ပြောတယ်”
ကျန်းရီက ရယ်မောပြီး ငွေပန်းပွင့် အဘွားအိုကို ကြည့်လိုက်ရာ ငွေပန်းပွင့် အဖွားအို၏ ရှေးဟောင်းနတ်ဘုရား လက်စွပ်က လင်းထိန်လာပြီးနောက် ခရမ်းရောင် ရွှေရောင် သစ်ရွက်ဆယ်ရွက်ကို ထုတ်ပေးပြီး မိန်းမငယ်လေးအားပေးလိုက်၏။
“ဒါကို ယူလိုက် မိန်းကလေး ပြီးရင် အိမ်ပြန်ပို့ဖို့ လူလွှတ်ပေးမယ်။ အခု ဘယ်သူက သတင်းပို့ခိုင်းလိုက်တယ်ဆိုတာ ပြောနိုင်ပြီလား။ သတင်းက ဘာတဲ့လဲ”
ထိုမိန်းမငယ်လေးသည် ခရမ်းရောင်ရွှေကို ဂရုတစိုက် ထိတွေ့လိုက်၏။ အပြစ်ကင်းသော ကလေးတစ်ဦးသည် ဘယ်တော့မှ ဟန်မဆောင်တတ်ချေ။ သူမက ရွှေကို သွားဖြင့် ကိုက်လိုက်ကာ ခရမ်းရောင်ရွှေ အစစ်ဖြစ်ကြောင်း အတည်ပြုလိုက်၏။ ပြီးနောက် ယင်းကို ထုတ်ပိုးရန် လက်ကိုင်ပဝါကို သုံးကာ သူမ၏ ဂါဝန်ထဲ၌ ဝှက်ထားလိုက်တော့သည်။ ပြီးနောက် အကြောင်းပြန်၏။
“ဝတ်စုံနက် ဝတ်ထားတဲ့ လူတစ်ယောက်က ငါ့ကို ကောင်းကင်ကြယ်တာရာမြို့ လာခိုင်းပြီး ကျန်းရီကို လာရှာခိုင်းတာ။ သိုင်းခန်းမ ဌာနချုပ်က နယ်မြေရဲ့ မြောက်ဘက် အစွန်းမှာရှိတယ်လို့ ပြောခိုင်းလိုက်တယ်”
“နယ်မြေရဲ့ မြောက်ဘက် အစွန်း”
ကျန်းရီနှင့် ငွေပန်းပွင့်အဘွားအိုတို့က တစ်ယောက်ကို တစ်ယောက် ကြည်လိုက်ကြသည်။ သူတို့မျက်ဝန်းများ၌ အံ့ဩသည့် အရိပ်အယောင်များ ပြည့်နေ၏။ ယခင်က ကျန်းရီသည် ထိုဧရိယာ တစ်ဝိုက်ကို စစ်ဆေးရန် ကောင်းကင် စိတ်အာရုံကို အသုံးပြုခဲ့သည်။ မြောက်ဘက် အစွန်း၌ ထူးခြားမှု မရှိပေ။
ဒီကောင်မလေးကို ဘယ်သူက သတင်းပို့ခိုင်းတာလဲ။ ငွေပန်းပွင့် အဘွားအိုနှင့် ကျန်တဲ့သူတွေတောင် သိုင်းခန်းမ ဌာနချုပ်ရဲ့နေရာကို မသိတာ။ ဝတ်ရုံနက်နဲ့လူက ဘယ်လိုသိလဲ။ ထောင်ချောက်များ ဖြစ်နေမလား။ ကျီထင်ယွီက မြောက်ဘက် အဆုံးမှာ ထောင်ချောက်တစ်ခု တည်ဆောက်ပြီး ကျန်းရီ ဝင်လာမှာကို စောင့်ဆိုင်းနေတာလား။
ကျန်းရီက သူ့ဘာသာသူ ရေရွတ် ပြောပြီးနောက် ဆက်ပြောလိုက်သည်။
“ကောင်မလေ ဝတ်စုံနက်နဲ့လူက ဘာပြောသေးလဲ။ အမှတ်တရ ပစ္စည်းဒါမှမဟုတ် တစ်ခုခု ရှိသေးလား”
“အမ်..”
ထိုမိန်းမငယ်လေးက အနည်းငယ် စဉ်းစားပြီးနောက် သူမခေါင်းကို ပွတ်ကာ ပြောလိုက်၏။
“အား... ဟုတ်သား နောက်တစ်ခွန်း ပြောလိုက်သေးတယ်။ အရှေ့ပိုင်းတော်ဝင်နယ်မြေ”
ကျန်းရီ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်က တုန်ယင်သွားတော့၏။ ထိုဝတ်စုံနက်ဖြင့်လူ မည်သူ မည်ဝါ ဖြစ်ကြောင်း သူချက်ချင်း သိလိုက်သည်။ အချိန်အတော်ကြာ ပျောက်ကွယ်နေသည့် ကျန်းပိုင်လီပင် ဖြစ်၏။
***