← Chapters

ဘုံကိုးဘုံ၏ ရေခဲနှင့် မီး

Vol. 37 Ch. 503

ဘုံကိုးဘုံ၏ ရေခဲနှင့် မီး

Vol. 37 Ch. 503

ရီဖျောင်ဖျောင်သည် ကျောက်စိမ်းဖြူရုပ်တုကို ချန်ထားရစ်ခဲ့သည်။ ထိုရုပ်တု အတွင်း၌ ကျန်းရီကို ကိစ္စများစွာ ပြောပြရန်အတွက် ပုံရိပ်တစ်ခု မှတ်တမ်းချန်ထားရစ်ခဲ့သည်။ ကျန်းရီသည် အသက်နှစ်ဆယ် မပြည့်မီ ဗာဂျရာနယ်ပယ် အမြင့်ဆုံး အဆင့်သို့ ရောက်ခဲ့ပါက သူသည် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ သွားကာ ယွီဝန်ဟု အမည်ရသော လူတစ်ဦးကို ရှာနိုင်ကြောင်း သူမကို ရှာရမည့် ပုံကိုလည်း ပြောပြခဲ့သည်။

ရီဖျောင်ဖျောင်၏ ဇာစ်မြစ်က အမြဲတမ်းရှုပ်ထွေးနေခဲ့သည်။ ရီဖျောင်ဖျောင် မည်သည့်နေရာက လာမှန်းမသိခဲ့ပေ။ မည်သူကမျှ ကုန်းမြေနယ်မြေ အပြင်ဖက်ကို တစ်လှမ်းမှ မထွက်ခဲ့ဖူးချေ။ ယခင်က နယ်မြေထဲမှ ထွက်ခွာခဲ့ကြသည့် ပညာရှင် များစွာ ရှိကာ မည်သူကမျှ ပြန်မလာနိုင်ခဲ့ချေ။ ထို့ကြောင့် နယ်မြေအတွင်းရှိ လူများက အပြင်ဖက်တွင် ဖြစ်ပျက်နေတာကို မသိရချေ။ ထို့ကြောင့် အရှေ့ပိုင်း တော်ဝင်နယ်မြေ အကြောင်း သူတို့ သိရန် မဖြစ်နိုင်ပေ။ ဤနှစ်ပိုင်းအတွင်း ရီဖျောင်ဖျောင်နှင့် ကျန်းပိင်လီက တစ်ဦးနှင့် တစ်ဦး ချစ်ကျွမ်းဝင်ခဲ့သည်တိုင် သူမက ကျန်းပိုင်လီကို သူမ လာခဲ့သည့် လမ်းကြောင်းအကြောင်း မပြောပြခဲ့ပေ။ သို့သော် အပြင်ဖက်ရှိ အခြေအနေများကို ပြောပြခဲ့တာ ဖြစ်နိုင်ပေ၏။ ထို့ကြောင့် ထိုမိန်းကလေးက အရှေ့ပိုင်းတော်ဝင်နယ်မြေဟု ပြောသည့် အချိန်တိုင်းတွင် ကျန်းရီ၏ ရင်ထဲတွင် ကျန်းပိုင်လီ၏ ပုံရိပ်က သူ့စိတ်ထဲ ချက်ချင်း ပေါ်လာထွက်လာတော့သည်။

ကျန်းပိုင်လီသည် ကျန်းဂိုဏ်းသားများနှင့် အတူ ဆန်းကြယ်စွာ ပျောက်ကွယ်သွား၏။ ကျန်းရီက သူထိုသို့ ပြုလုပ်ရခြင်း၏ အကြောင်းအရင်းကို နားလည်ပေသည်။

ရှားထင်းဝေ့နှင့် ကျန်သည့်သူများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လင်းဂိုဏ်း၏ ဘိုးဘေးနှင့် ကျန်းရီထျန် ပျောက်ကွယ်သွားသည့် အချိန်၌ ပင်လယ်၌ တိုက်ပွဲ ဖြစ်မည်မှန်း သူခန့်မှန်းမိတာ ဖြစ်ရမည်။ ကျန်းဂိုဏ်း၏ ဘိုးဘေး အနိုင်ရလာခဲ့လျှင် မိုးပြာ နဂါးအင်ပါယာက ကုန်းမြေရှိတာကို မည်သူမျှ တားနိုင်တော့မှာ မဟုတ်ချေ။ သူသည် ဘိုးဘေး၏ သတ်တာခံရနိုင်သည်။ ကျန်းရီ အနိုင်ရသွားခဲ့လျှင် သူက နေထိုင်ရန် ရွေးချယ်ခဲ့လျှင်တောင် ကျန်းရီနှင့် အဆက်အသွယ် မလုပ်မိအောင် ရှောင်တိမ်းနေရမှာ ဖြစ်သည်။ ထို့ကြောင့် မည်သည့်ဖက်က နိုင်စေကာမူ သူ့အတွက် ခက်ခဲမှုများသာ ရစေမည် ဖြစ်သောကြောင့် သူသည် ဂိုဏ်းသားများနှင့် အတူ သူ နေရာမှ ထွက်သွားတာ ဖြစ်နိုင်ပေ၏။

ထိုသို့တိုင် ကျန်းပိုင်လီသည် ရုတ်တရက် ပေါ်လာပြီး သူ့ကို သတင်းစကားပို့ရန် လူတစ်ယောက်သာလွှတ်ခဲ့သည်လော။ သူသာ ကျန်းရီကို ကူညီရန် ဆုံးဖြတ်ချက် ချခဲ့လျှင် အဘယ်ကြောင့် သူပုန်းနေသေးသနည်း။ သူသည် အနေရခက်သည့် အခြေအနေများကို ရှောင်တိမ်းချင်သောကြောင့် ကျန်းရီကို မတွေ့ဆုံချင်သည်လော။

ကျန်းရီက ငွေပန်းပွင့် အဘွားအိုအား မိန်းကလေးကို အောက်သို့ ပို့ပေးရန် အချက် ပြလိုက်သည်။ သူက မျက်တောင် မရပ်မနား ခတ်လိုက်ပြီး ထိုအချက် အလက်အလက်ကို စတင် ဆန်းစစ်တော့၏။

သိုင်းခန်းမဆောင်သည် ဆန်းကြယ်ပြီး အစွမ်းထက်ပေ၏။ သူတို့သည် အရှေ့ပိုင်း တော်ဝင် နယ်မြေကိုသိကောင်း သိနိုင်ပေသည်။ ထိုသတင်းက သိုင်းခန်းမမှ တစ်စုံ တစ်ယောက် တမင် ပို့ခဲ့တာ ဆိုလျှင် မြောက်ဘက်အစွန်းသည် ထောင်ချောက် တစ်ခု ဆိုတာ သေချာပေ၏။

သူသွားသင့်လား။ မသွားသင့်ဘူးလား။

ကျန်းရီက စတင် တွေဝေလာတော့သည်။ သူသည် ဧရိယာကို ခန့်မှန်း စစ်ဆေးရန်အတွက် ကောင်းကင် စိတ်အာရုံကို အသုံးပြုခဲ့သော်ငြား မြောက်ဘက် အစွန်းတွင် ဘာမျှ မတွေ့ခဲ့ရပေ။ မြောက်ဘက် အစွန်းတွင် မည်သည့် အရာမျှ မရှိတာ သို့မဟုတ် ထိုနေရာကို ဖုံးကွယ်ထားနိုင်သည့် အင်မတန် အစွမ်းထက်သော ထင်ရောင် ထင်မှား အစီအရင် တစ်ခုရှိတာ ဖြစ်နိုင်သည်။ သူက အနားသို့ မသွားနိုင်ခဲ့လျှင် မည်သည့် သဲလွန်စမှ ရနိုင်မှာ မဟုတ်ပေ။

သူက တစ်နာရီခန့် ထိုင်နေပြီးနောက် သတင်း အသစ်ရလားဟူ၍ လူတိုင်းကို စုံစမ်းခိုင်းခဲ့သည်။ သတင်းအသစ်မရကြောင်း အတည်ပြုပြီးနောက် အံကြိတ်ကာ ပြောလိုက်တော့၏။

“ငါ မြောက်ဘက် အစွန်းကို သွားဦးမယ်။ ငွေပန်းပွင့် အဘွားအိုက စောင့်ကြပ်နေပြီး ကောင်းကင် ကြယ်တာရာမြို့ကို ကြီးကြပ်ထားလိုက်။ မတော် တစ်ခုခု ဖြစ်ခဲ့ရင် သူတို့ကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ခင်ဗျားမှာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်”

“အမ်...”

ငွေပန်းပွင့် အဘွားအိုက ခေါင်းညိတ်လိုက်သည်။ သူမ၏ ခွန်အားက ကျန်းရီနှင့် ယှဉ်လျှင် သေးငယ်လွန်းပေ၏။ ထို့ကြောင့် မြို့ကို ထိန်းချုပ်ရန် ဤနေရာတွင် နေတာက ကောင်းပေလိမ့်မည်။ သတင်းအသစ် ရလာခဲ့ပါက ကျန်းရီကိုလည်း ချက်ချင်း သတင်းပို့နိုင်ပေ၏။

“ဒီကာလ အတွင်း မြောက်ပိုင်း မန့်တိုင်းပြည်နယ်၊ မြောက်ပိုင်း လျန်တိုင်းပြည်ကို မတိုက်ခိုက်နဲ့အုံး။ ကျုပ်တို့ သိမ်းပိုက်ထားတဲ့ နယ်မြေထဲမှာ ရှိတဲ့ သိုင်းခန်းမဆောင်တွေ အားလုံးကို ဖျက်ဆီးပြီး မူမမှန်တဲ့ ပြောင်းလဲမှု တွေ့ခဲ့ရင် သူတို့ကို ဖိအားပေးလိုက်။ ဒါ့အပြင် သိုင်းခန်းမနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်တိုက်ထောက်လှမ်းနေ”

ကျန်းရီက သူတို့ကို အမိန့်ပေးပြီးနောက် ယာ့ဇီသားရဲ့ နှင့်အတူ ချက်ချင်း ထွက်သွားတော့သည်။ သူသည် အစောပိုင်းက ကောင်းကင် သိမြင်နားလည်ခြင်းကို အသုံးပြုခဲ့သောကြောင့် အင်မတန် နွမ်းနယ်နေ၏။ မြောက်ဘက် အစွန်းသည် အလွန် ဝေးကွာပေ၏။ ယာ့ဇီသားရဲက တိုက်ပွဲကြီးတွင် ကြီးကြီးမားမား မကူညီပေးနိုင်သည့်တိုင် စီးတော်ယဉ် အဖြစ် အသုံးပြုရန် ကောင်းပေ၏။

မြောက်ပိုင်းသို့ ဦးတည်သွားခြင်း

ယာ့ဇီသားရဲ၏ အရှိန်က အတော်လေး သင့်တော်ပေသည်။ အေးစက်ကျယ်ဝန်း ရေခဲလွင်ပြင်သို့ ရောက်ရန်အတွက် ရက်အနည်းငယ်သာ လိုအပ်သည်။ ကျန်းရီက ယာ့ဇီသားရဲပေါ်တွင် ထိုင်လိုက်လာ၏။ ထို့ကြောင့် သန္ဓေပြောင်းသားရဲများ အားလုံးကိုလည်း မနိုးထအောင်လည်း ကာကွယ်ပေးထားနိုင်သည်။ မိုင်ပေါင်းသောင်းချီ ပြန်သန်းပြီးနောက် မူမမှန်တာ မတွေ့ရပေ။ ကျန်းရီ ရင်ထဲရှိ တင်းမာမှုတို့က လျော့ကျသွားပြီး သူက စိတ်ဝိညာဉ်ကို ပြန်လည် ရုပ်သိမ်းပြီး လျင်မြန်စွာ ထိုင်ပြီး လေ့ကျင့်တော့၏။

“ဝေါင်းဝေါင်း”

နေ့ဝက်ခန့် ကြာပြီးနောက် ယာ့ဇီ သားရဲသည် ကြီးမားသည့် တောင်တစ်တောင်ကို ဖြတ်ကျော်သွားသည့် အချိန်၌ အောက်မှ ဟိန်းသံ တစ်သံ ပြန်ထွက်လာတော့သည်။ ပြီးနောက် တောင်က အက်ကွဲသွားပြီးနောက် အပိုင်းပိုင်း အစစ အဖြစ်ဆင်းလာ၏။ အောက်မှ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို အာရုံခံမိရာ ယာ့ဇီသားရဲ၏ အရှိန်ကို သိသိသာသာ လျော့ကျသွားစေတော့သည်။

ယာ့ဇီသားရဲ၏ မျက်ဝန်းအတွင်း၌ လေးနက်တည်ငြိမ်မှုများကို မြင်နိုင်ပေ၏။ သူက တည်ကြည်လေးနက်စွာ ပြောလိုက်တော့သည်။

“ကျန်းရီ အောက်က သန္ဓေပြောင်းသားရဲက အင်မတန် အစွမ်းထက်တယ်။ ငါက သူ့ရဲ့ ပြိုငဘဖက် မဟုတ်မှာ စိုးရိမ်ရတယ်”

ကျန်းရီက မျက်လုံး ဖွင့်လိုက်တော့၏။ မျက်ဝန်း တစ်စုံအတွင်း လေးနက်မှုတို့ ရှိနေသည်။ ယာ့ဇီသားရဲက သူ၏ ပြိုင်ဘက် မဟုတ်သောကြောင့် သန္ဓေပြောင်းသားရဲ၏ ခွန်အားသည် နတ်ဆိုးဧကရီနှင့် ယှဉ်နိုင်သည်လော။

ရေခဲပန်းဆွဲများ ကျလာ၏။ သန္ဓေပြောင်းသားရဲသည် ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကို ထုတ်ဖော်လျက် အလွန် ထူးဆန်းသည့် ပုံသဏ္ဌာန်ကို ပိုင်ဆိုင်ထားသည်။ သူက ကျန်းရီ ကိုယ်လုံးနှင့် ပုတိုသော ခြေထောက် တစ်စုံကို ပိုင်ဆိုင်ထား၏။ သို့သော် ၎င်း၏ လည်ပင်းကမူအနည်းငယ် ရှည်ရုံမျှတာ မဟုတ်ဘဲ အနည်းဆုံး မီတာ သုံးရာခန့် ရှည်ပေ၏။ ကြီးမားသည့် ဦးခေါင်းမရှိဘဲ တြိဂံပုံစံ ဖြစ်နေ၏။ သလင်းကဲ့သို့ မျက်ဝန်း တစ်စုံရှိပြီး မျက်ဝန်းထဲတွင် အေးစက်မှုမျိုး ပြည့်နေကာ တစ်ချက် အကြည့်ကြောင့် စိတ်အာရုံကို လွင့်ပြယ်သွားစေသည်။

“ကျစ်ကျစ်”

၎င်း၏ ပါးစပ် အကျယ်ကြီးကို ဟလိုက်ရာ အေးစက်သော လေထုတို့ စတင်ပေါ်ပေါက်လာ၏။ ကြောက်မက်ဖွယ် စုပ်ယူမှု အားက ယာ့ဇီသားရဲကို အလိုလို ပါသွားစေသည်။

“ဟမ်”

ကျန်းရီ၏ လက်ထဲ၌ ဂါထာပေါ်လာပြီးနောက် သူက အောက်သို့ လွဲရမ်းခုန်းလိုက်သည်။ မီးနဂါးထောင်ပေါင်းများစွာက ပေါ်ထွက်လာပြီး ကြီးမားသည့် ပါးစပ်ကြီးထဲသို့ တိုးဝင်သွားသည်။

ကျန်းရီသည် သူ၏ သတ်ဖြတ်ခြင်း ဆန္ဒကို မထုတ်ဖော်ခဲ့ပေ။ စကြဝဠာနန်းတော်၏ စတုတ္ထ အလွှာထဲ၌ သန္ဓေပြောင်းသားရဲများစွာကို သူကြုံတွေ့ခဲ့ရသည်။ ထိုသန္ဓေပြောင်းသားရဲက ဝိညာဉ်အသိ မပိုင်ဆိုင်ထားပေ။ ထို့ကြောင့် သတ်ဖြတ်ခြင်းဆန္ဒက သက်ရောက်မှု မရှိလုနီးပါး ဖြစ်နေ၏။ သူ၏ ခွန်အား သက်သက်ဖြင့်သာ အနိုင်ယူနိုင်လောက်ပေ၏။

ကျွီကျွီ

မီးနဂါး အကောင်ရေ သောင်းချီက သန္ဓေပြောင်းသားရဲနှင့် မီတာ အနည်းငယ် အကွာသို့ ရောက်သည့် အချိန်၌ လေရှုသွင်းထားလိုက်တော့သည်။ ပြီးနောက် ရှည်လျားကျဉ်းမြောင်းသည့် လည်ပင်းက လှုပ်လာပြီးနောက် ၎င်း၏ ပါးစပ် အကျယ်ကြီးကို ဟကာ လေးမြားတစ်စင်းကို ပစ်ထုတ်လိုက်တော့သည်။

“အမ်”

ရေခဲများ ပေါ်ထွက်လာပြီးနောက် ကျန်းရီက အထဲတွင် ပါဝင်သည့် စွမ်းအားကို အာရုံခံမိသည်။ မြား၏ လျှပ်စီးကဲ့သို့ အရှိန်ကြောင့် မဟုတ်ဘဲ။ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြောင့်လည်း မဟုတ်။ ထိုအစား ရေခဲမြား၏ အပူချိန်က အင်မတန် နိမ့်နေသည်။ ရေခဲမြား ဖြတ်သန်းသွားသည့် နေရာတိုင်းလေဟာနယ် ကျုံ၏ အလွှာများက ခဲကုန်ပြီး မီးနဂါး အကောင်ရေ သောင်းချီကလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“သိပ်အေးတာပဲ”

ရေခဲမြားသည် သူတို့နှင့် ကီလိုမီတာ များစွာ အကွာ၌ ရှိနေသော်ငြား ကျန်းရီနှင့် ယာ့ဇီ သားရဲက သူတို့၏ ခန္ဓာကိုယ်များ အေးခဲလာတာကို ခံစားမိလာပြီး သူတို့ သွေးများလည်း လှည့်ပတ်တာ ရပ်တန့်သွားတော့၏။

ကျန်းရီက စကားအချို့ ရေရွတ်ပြောရန် ပါးစပ်ကို ဖွင့်ချင်ခဲ့သည်။ သို့သော် ပါးစပ် ဟလိုက်သည်နှင့် သူ၏ ပါးစပ်နှင့် လျှာများ စတင်ခဲလာတာကို သိလိုက်ရသည်။

“ဝှစ်”

ရေခဲမြား၏ အရှိန်က အတော်လေး မြန်ဆန်ပေ၏။ မျက်တောင် တစ်ခက် အတွင်း ယာ့ဇီသားရဲနှင့် မီတာ တစ်ရာ အကွာသို့ ရောက်လာပြီး ဖြစ်သည်။

ဝှစ်

ရေခဲမြား၏ အရှိန်က အင်မတန် မြန်ဆန်သည်။ မျက်တောင် တစ်ခက်အတွင်း ယာ့ဇီ သားရဲနှင့် မီတာ တစ်ရာ အကွာသို့ ရောက်လာ၏။ ကျန်းရီနှင့် ယာ့ဇီ သားရဲက ရေခဲရုပ်တု အဖြစ် ပြောင်းလဲသွားသည်။ ထိုလူသားနှင့် သားရဲ၏ အသွင်အပြင်များ ခဲကုန်ရုံသာမက သူတို့၏ စိတ်ဝိညာဉ်ကလည်း စတင် ခဲလာတော့သည်။

“မိစ္ဆာကောင် ငါတန်ပြန် တိုက်ခိုက်ဖို့ အချိန်ကျပြီ"

ကျန်းရီက ဒေါသ ထွက်သွားသည်။ အတွေးတစ်ချက်ဖြင့် သူက ယာ့ဇီသားရဲကို အထဲတွင် ထည့်ထားရန်အတွက် စကြဝဠာ နန်းတော်ကို ထိန်းချုပ်လိုက်သည်။ ပြီးနောက် ခဲနေသောသွေးကြေများကို လှည့်ပတ်ရန်အတွက် အတွင်းအားကို အသုံးပြုလိုက်တော့သည်။ ညာဖက်လက်က အစိမ်းရောင် အရင့်ရောင်ချီများဖြင့် လင်းလာတော့သည်။

ကျွတ်ကျွတ်

ဘုံကိုးဘုံ နဂါးမီးလျံများပေါ်ထွက်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် အပူချိန်က ပတ်ဝန်းကျင်ပေါ် ပြန့်သွားပြီး ကျန်းရီကိုယ်ပေါ်ရှိ ရေခဲပန်းဆွဲများက ချက်ချင်း အရည်ပျော်သွားသည်။ ပတ်ဝန်းကျင်ရှိ ခဲနေသောနယ်မြေလည်း လျင်မြန်စွာ စတင် အရည်ပျော်လာ၏။ ပြီးနောက် လက်ဝါးရိုက်ချက်များထုတ်ဖော်လိုက်သည်။ မီးလျံပင်လယ်ဖြင့် ရေခဲများကို တိုက်ခိုက်လိုက်တော့၏။

ရေခဲနှင့် မီးကြားရှိ အားစမ်းပွဲ တစ်ခု ဖြစ်သည်။

ဘုံကိုးဘုံ၏ နဂါးမီးလျံများက ကြောက်မက်ဖွယ်ကောင်းသည့် မီးလျံ ဖြစ်သည်။ သူတော်စင် လက်နက်တိုင်းတောင် ဘုံကိုးဘုံ၏ နဂါးမီးလျှံများဆက်တိုက်လောင်ကျွမ်းခြင်းကို ခံရလျှင် အရည်ပျော်သွားနိုင်၏။ ယခုအချိန်တွင် ဘုံကိုးဘုံ နဂါးမီးလျှံသာ ရေခဲများဖြင့် တိုက်မိသွားသော အခါ ရှုံးလုနီးပါး ဖြစ်နေပြီး မီးလျှံပင်လယ် ပျောက်ကွယ်သွားပြီး  သုံးပုံတစ်ပုံသာ အရည်ပျော်သွား၏။

“ရေခဲမြားက ကြောက်ဖို့ ကောင်းလိုက်တာ။ သာမန် ဗာဂျရာ နယ်ပယ် သိုင်းပညာရှင် တစ်ယောက်သာဆိုရင် ခဲပြီး သေမှာ သေချာတယ်”

ကျန်းရီက လျှာသပ်လိုက်ပြီးနောက် ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို ဆက်တိုက်ထုတ်ဖော်နေပြီး တစ်ချိန်ထဲတွင် သူ၏ ခန္ဓာကိုယ်ကလည်း နေရာ စတင် ရွေ့လာတော့၏။ သူ့ခန္ဓာကိုယ်ကို ကာကွယ်ရန် မီးတောင်များ ရှိသော်ငြား ရေခဲမြားနား ပိုကပ်မိလေလေ အေးစက်မှုကို ပိုခံစားရလေ ဖြစ်၏။ သူ၏ ချီသွေးကြောများ ခဲသွားမှာကို စိုးရိမ်မိသည်။

“ဟန့် မိစ္ဆာကောင်။ ငါ့မှာ ဖြေရှင်းစရာ ကိစ္စတွေ ရှိသေးတယ်။ နောက်ကျမှ လက်စားပြန်လာချေမယ်”

မီးလျှံပင်လယ်ကို သူထုတ်ဖော်ပြီးသည့်တိုင် ရေခဲများ အပြည့်အဝ မကုန်ဆုံးသေးသည့် ရေခဲများကို မြင်သောအခါ ကျန်းရီက ရင်ထဲ သက်ပြင်းချလိုက်သည်။ သန္ဓေပြောင်းသတ္တဝါက အင်မတန် အစွမ်းထက်လွန်းသည်။ ယင်းက နှမြောဖို့ ကောင်းသည်ဟု သူခံစားနေမိ၏။

တုကူချိုး၏ သားရဲထောင်ချီ စေတီက သူ့လက်ထဲတွင် ရောက်နေသည်။ သို့သော် တုကူချိုးက မသေသေးပေ။ သူသည် သားရဲထောင်ချီစေတီကို သန့်စင်ပါက အချိန်ကာလ ရှည်ကြာစွာ လိုအပ်ပေ၏။ ကျန်းရီ၏ တွက်ချက်မှုအရ သားရဲထောင်ချီသည် ကောင်းကင်ကို ဖီဆန်သော လက်နက် ဖြစ်ပြီး ဤလောကထဲရှိ သားရဲများ အားလုံးကို ဖိနှိပ်နိုင်စွမ်းရှိတာ သေချာသည်။ သူသာ သားရဲထောင်ချီ စေတီကို တပ်ဆင်နိုင်ခဲ့လျှင် ဤသန္ဓေပြောင်းသားရဲကို ယှဉ်ပါးအောင် လုပ်နိုင်မည် ဖြစ်ကာ နောင်၌ သူ့အတွက် အထောက်အကူကြီး ဖြစ်နိုင်သည်။

“ဝှစ်ဝှစ်”

သူက ဆက်တိုက်နေရာ ရွှေ့ပြောင်းပြီး ထွက်သွားတော့၏။

သူသည် သန္ဓေပြောင်းသားရဲ၏ ပုံရိပ်မတွေ့ရတော့သည့် အချိန်အထိ စောင့်ပြီးနောက် ယာ့ဇီသားရဲကို ဆင့်ခေါ်ကာ ခရီးဆက်တော့သည်။ ယခုအခေါက်တွင် မည်သည့် အန္တရာယ်ကိုမှ မတွေ့တော့ပေ။ ရက်ပေါင်းများစွာ ကြာပြီးနောက် နယ်မြေ၏ မြောက်ဘက် အစွန်းကို ရောက်လာခဲ့ပြီ ဖြစ်သည်။ ချောက်ကမ်းပါးနား ပိုမို ကပ်သွားသည့် အချိန်တွင် ကျန်းရီက သူ၏ ကောင်းကင် စိတ်အာရုံတို့ကို ဖြန့်လိုက်၏။ တစ်ချက် စစ်ဆေးပြီးနောက် မျက်ဝန်းက ကြယ်တစ်ပွင့်နှယ် လက်သွားတော့သည်။

ချောက်ကမ်းပါးနား၌ ဖုံးကွယ်ထားသည့် အစီအရင် တစ်ခုကို တွေ့လိုက်ရ၏။ ထင်သည့်အတိုင်းပင် ဤနေရာ၌ ထင်ယောင်ထင်မှား အစီအရင် တစ်ခု ရှိနေသည်။

***

All Chapters