ပိုးမွှားက ကောင်းကင်ကို တုန်လှုပ်စေ
Vol. 37 Ch. 504
ထိုနေရာတွင် မည်သည့် ကန့်သတ်ချက်ရှိစေကာမူ ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်သည်နှင့် လှိုင်းဂယက်တစ်ခု ပေါ်ထွက်လာပေလိမ့်မည်။ ကျန်းရီသည် ကန့်သတ်ချက်မျိုးစုံကို မြင်တွေ့ခဲ့ဖူးပြီး အနီးပတ်ဝန်းကျင်တွင် အစွမ်းထက်သော ပုံရိပ်ယောင် အစီအရင် တစ်ခုရှိနေတာ သူသေချာ သိပေ၏။
ပုံရိပ်ယောင်နယ်မြေကို ဖြိုခွင်းရန် နည်းလမ်း တစ်ခု ရှိသည်။ တစ်ခုက ကန့်သတ်ချက်ကို ပျောက်ကွယ်သွားအောင် ပြုလုပ်တာ ဖြစ်ပြီး နောက်တစ်ခုက အားသုံး၍ ဖြိုခွဲတာပဲ ဖြစ်သည်။ စုန်းနတ်ဘုရားသည် ကျန်းရီ လေ့လာရန်အတွက် ကန့်သတ်ချက်သောင်းချီကို ထားရစ်ခဲ့သည်။ သူက သူတို့ အားလုံးကို နားလည်သဘောပေါက်သွားလျှင် ထိုပုံရိပ်ယောင်နယ်မြေကို အားစိုက်ထုတ်စရာ မလိုဘဲ ဖြိုခွဲနိုင်လောက်ပေ၏။ နှမြောစရာက ကျန်းရီ၌ ထိုသို့ ပြုလုပ်ရန် အချိန်မရှိသလို လေ့လာရန်လည်း စိတ်မဝင်စားပေ။ သူက အားသုံးပြီး ဖြိုခွင်းရန်သာ ရွေးချယ်လိုက်သည်။
ဝှစ်ဝှစ်
သူ၏ မီးနဂါးဓားက မြေပြင်၏ မျက်နှာပြင်ဆီသို့ ဦးတည်သွားကာ ထပ်ခြမ်းခွဲလိုက်၏။ နဂါးအကောင်ရေ သောင်းချီက ပေါ်ထွက်လာပြီး မြေပြင်ကို ချက်ချင်း ပွင့်သွားစေတော့သည်။ မြေကြီးများ အက်ကွဲသွားပြီး မီးခိုးများ တလိမ့်လိမ့်တက်လာ၏။ သို့သော် ပတ်ဝန်းကျင်ထဲတွင်ပြောင်းလဲမှု မရှိပေ။ ပုံရိပ်ယောင်နယ်မြေ ရှိနေသေးဆဲ ဆိုတာ သိသာနေပေ၏။
ဟန့်
ကျန်းရီက နှုတ်ခမ်းရှုံ့ကာ ဆက်လက်တိုက်ခိုက်ပြီး မြေကြီးထဲရှိ ကြီးမားသည့် တွင်းကြီးများကို တွင်းထုတ်နေသည်။ သူ၏ ကောင်းကင် စိတ်အာရုံကား ကန့်သတ်ချက် လှိုင်းဂယက် ရင်းမြစ်ကို စတင်ရှာဖွေနေသည်။
“ရှာတွေ့သွားပြီ။ အစီအရင် ကျောက်တုံးက ဒီမှာပဲ”
ကျန်းရီ၏ တိုက်ခိုက်မှုက ကန့်သတ်ချက်လှိုင်းကယက်များကြောင့် မြန်ဆန်လာပြီး သူ၏ ကောင်းကင် စိတ်အာရုံသည် အရင်းအမြစ် ကျောက်တုံးတည်နေရာကို လျင်မြန်စွာ ရှာဖွေလိုက်၏။
သူ့တိုက်ခိုက်မှုက စတင်ပိုမို သန်မာလာပြီးနောက် ဘယ်ဖက်ခြမ်းကို ဆက်လက်တိုက်ခိုက်ရာ မြေကြီးထဲတွင် တွင်းနက်ကြီး တစ်ခု ဖြစ်သွားစေ၏။
“ဗီး”
သူ့ရှေ့ရှိ မြေပြင်က နက်ရှိုင်းသည့် တွင်းအဖြစ် ပြောင်းလဲသွားချိန် အစီအရင် ကျောက်တုံးက နောက်ဆုံးတွင် ဖျက်ဆီးခံလိုက်ရသည်။ အလင်းတန်းဖျတ်ခနဲ ပေါ်လာပြီးနောက် မြင်ကွင်းက ပြောင်းလဲသွားတော့၏။
“ဒါက ဆန်းကြယ်တဲ့ အရာ တစ်ခုပဲ”
ကျန်းရီက မျက်လုံးဖြင့် ဝေဝါးဝါးကြည့်လိုက်ရာ မတွေ့ပေ။ ရေခဲလွင်ပြင်တစ်ခု ရှိနေသေးသည်။ သူ၏ အောက်တွင် မာကျောသော မြေပြင်ရှိနေတာကို သေချာသိနေပေ၏။
“အမ် ဒါက...”
သူ၏ ကောင်းကင် စိတ်အာရုံက မြောက်ဘက် မီတာရာချီ အကွာအထိ သွယ်တန်းလျက်ရှိနေသော မြေပြင်၏ မျက်နှာပြင်ပေါ် စိုက်ကြည့်လိုက်သည်။ ထူထဲသော နှင်းများအောက်၌ ရှေးဟောင်းပို့ဆောင်ရေး အစီအရင်တစ်ခုကို သူသတိပြုမိလိုက်၏။ ထို့အပြင် ပို့ဆောင်ရေး အစီအရင်ရှေ့၌ တိုင်းတာ မရအောင် နက်ရှိုင်းသော ချောက်ကမ်းပါး တစ်ခု ရှိနေသည်။
ထိုပို့ဆောင်ရေး အစီအရင်က ပုံရိပ်ယောင် နယ်မြေ မဟုတ်တာ သေချာနေပေ၏။ ယင်းက ရှေးဟောင်းဖိအားပေးသည့် အရှိန်မအဝါများ ဖြာထွက်နေပြီး ယင်းက အတုအယောင် မဖြစ်နိုင်ပေ။ သို့သော် ကျန်းရီက လုံခြုံအောင် ဦးစွာ ပြုလုပ်ခဲ့၏။ သူက စကြဝဠာ နန်းတော်ထဲမှ နတ်ဆိုးသားရဲ အချို့ကို ထုတ်ပြီးနောက် သူတို့ကို ထိုနေရာသို့ ပစ်ထုတ်လိုက်သည်။
ဝှစ်
မည်သည့် ပြဿနာမှ မရှိတာကို တွေ့ပြီးနောက် ကျန်းရီသည် နောက်ထပ် ပုံရိပ် တစ်ခု အဖြစ် အသွင်ပြောင်းလဲသွားပြီး ချောက်ကမ်းပါး၏ အစွန်း၌ လျင်မြန်စွာရပ်နေတော့သည်။ သူ၏ကောင်းကင် စိတ်အာရုံက ထိုနတ်ဆိုးသားရဲ ကောင်းများပေါ်တွင်သာ ရှိနေ၏။ သူတို့ ချောက်ကမ်းပါးထဲ ကျသွားသည်။ အဖြူရောင် အလင်းတန်းသည် လမ်းကြောင်းအတွင်း ပျောက်ကွယ်သွားတာကို မြင်တွေ့ပြီးနောက် ထိုအောက်၌ ပို့ဆောင်ရေး အစီအရင် တစ်ခု ရှိရမည်မှန်း ကျန်းရီ လျင်မြန်စွာ သဘောပေါက်သွားတော့သည်။ သို့သော် မည်သည့်နေရာသို့ သူ့ကို ပို့မည်မှန်း မသိခဲ့ပေ။
ကျန်းရီကို ပျက်စီးနေသော နေရာဆီကို ပို့ဆောင်ခဲ့လျှင် သေချာပေါက် ကံဆိုးမိုးမှောင်ကျလိမ့်မည်။
“ဖုန်း”
သူသည် ပို့ဆောင်ရေး အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်သည်။ ထိုအစီအရင်က သူ့ကိုမည်သည့်နေရာ ပို့မည်ဆိုတာကို စိတ်အနှောက်အယှက် အဖြစ်ခံ မနေပေ။ သူက ချောက်ကမ်းပါး အထပ်တွင် ရပ်နေပြီး တွေဝေနေ၏။ ဤနေရာတွင် သိုင်းခန်းမရှိနေကြောင်း သေချာနေသောကြောင့် မည်ကဲ့သို့ စဉ်စားနိုင်မည်နည်း။
“ဗီ”
မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ကျန်းရီ၏ လက်ထဲ၌ နန်းတော်သေးလေး ပေါ်လာတော့သည်။ သူက ညင်သာစွာ မြှောက်လိုက်ရာ နန်းတော်က လျင်မြန်စွာ ပြန့်ကားလာတော့၏။
သူသည် ဧကရီ နန်းတော်ထဲသို့ လျင်မြန်စွာ ဝင်လိုက်ပြီးနောက် နန်းတော်က လျင်မြန်စွာ သက်ဆင်းလာကာ ပုံရိပ်ယောင် တစ်ခု အဖြစ် ပြောင်းလဲသွားတော့သည်။
အရည်အချင်း လုံလောက်ချိန်၌ ကြောက်စရာ မရှိတော့ပေ။ သူသည် ပင်မသိုင်းခန်းမဆောင်၏ တည်နေရာကို ရှာတွေ့ပြီး ဖြစ်သောကြောင့် ကျန်းရီ၌ သတ္တိ ကြောင်နေစရာ အကြောင်းပြချက် မရှိပေ။ လူတိုင်းက ကန့်သတ်ချက်များကို နားလည်သဘောပေါက်နိုင်စွမ်းရှိကြောင်း သူမသိပေ။ သူသိသည့် တစ်ဦးတည်းသော လူက လုဖေးသာ ဖြစ်ပြီး သူမက လက်ရှိ၌ အဖမ်းခံထားရ၏။ ဤနေရာတွင် တုံ့ဆိုင်းမနေရဘဲ စွန့်စားရပေလိမ့်မည်။
သူအချိန် ဆွဲနေလေ သူ့အတွက် ပိုအကျိုးယုတ်လေ ဖြစ်၏။
ဧကရီနန်းတော်၏ ခုခံမှုက အစွမ်းထက်ကာ ချောက်ကမ်းပါး အောက်ခြေ၌ ဓားတောင်များ မီးပင်လယ်များ ပြည့်နေခဲ့လျှင်တောင် ခံနိုင်ရည် ရှိပေလိမ့်မည်။ စုလောရွှယ်၊ ကျန်းရှောင်နူ၊ ကျန်းယွင်ဟိုင်နှင့် ကျန်သည့် သူများက ထိုအောက်တွင် ရှိနေနိုင်၏။ ကျန်းရီက သူတို့အတွက် သူ့အသက်ကို စွန့်စားလိုစိတ်ရှိသည်။
“ဗီး”
ဧကရီနန်းတော်က ချောက်ကမ်းပါးအောက် မီတာရာချီ အနက်သို့ ထိုးဆင်းနေစဉ် အလင်းတန်း တစ်ချက် ရုတ်တရက် ပေါ်လာ၏။ ယင်းက ဧကရီ နန်းတော် တစ်ခုလုံးကို လေထဲ၌ ပျောက်ကွယ်သွားစေ၏။ ပို့ဆောင်ရေး အစီအရင် တစ်ခု ဖြစ်ပေသည်။
အသူရာ ချောက်ကမ်းပါးအောက်ရှိ လေဟာနယ်နယ်မြေက လွတ်လပ်သော ကမ္ဘာ တစ်ခု ဖြစ်နေပြီး ဖမ်းစားနိုင်စွမ်းရှိသော တောင်တန်းများ၏ မြင်ကွင်းများ ကြည်လင်နေသော စမ်းချောင်းများဖြင့် ပြည့်နေသည်။
ထိုလေဟာနယ် နယ်မြေက ကြီးမားက အဆုံးသတ်ကို တစ်ချက်ကြည်ရုံဖြင့် မမြင်နိုင်ပေ။ အောက်ခြေမြေပြင်ကလည်း အဆောက်အဦးများဖြင့် ထူထဲနေပြီး ဤနေရာက လှပပြီးနေချင်စဖွယ်ကောင်းသည့် ကမ္ဘာနှင် ဆင်တူနေသည်။
အသူရာချောက်ကမ်းပါးထဲရှိ လေထုက ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး လေထဲ၌ လှပသော နန်းတော် တစ်ခု ပေါ်လာသည်။ ထူးဆန်းသည့်အရာက ထိုနန်းတော် ပေါ်ပေါက်လာသည့် အချိန်၌ အောက်ဖက်လောကထဲ၌ အုတ်အော်သောင်းနင်း ဖြစ်မနေပေ။ အဆောက်အဦးများမှ မည်သည့်သူမျှ ပေါ်လာခြင်း မရှိပေ။
“ထင်တဲ့အတိုင်းပဲ”
ကျန်းရီက ဧကရီနန်းတော်ထဲ၌ တင်ပျဉ်ခွေချိတ်ထိုင်လျက် သလင်းလုံးကနေ ပုံရိပ်များကို ကြည့်နေသည်။ သူ့မျက်နှာပေါ်၌ ပျော်ရွှင်သည့်အမူအရာ ရှိနေ၏။ ဤနေရာက ပင်မသိုင်းခန်းမဆောင်ဆိုတာ သေချာသိနေပေသည်။ မြောက်ဘက်တွင် သူရှင်းရှင်းလင်းလင်း မြင်နိုင်၏။ ဤနေရာ၌ အမျိုးမျိုးသော မြို့များရှိ သိုင်းခန်းမခွဲများနှင့် ဆင်တူသည့် ဧရာမ နန်းတော် တစ်ခု ရှိနေပြီး ယင်းက အဆအနည်းငယ် ပိုကြီးမားနေတာပဲ ဖြစ်သည်။ ဒီမှာ ဘယ်သူမှ မရှိဘူးလား။
ပတ်ဝန်းကျင်ကို စစ်ဆေးပြီး အဆောက်အဦးထဲတွင် မည်သူမျှကို မတွေ့ရသောအခါ ကျန်းရီက သတိထားပြီး ဧကရီ နန်းတော်ထဲမှ မထွက်ခဲ့ပေ။ သူက ဧရိယာ တစ်ခုလုံးကို အာရုံခံရန်အတွက် ကောင်းကင် စိတ်အာရုံကို အသုံးပြုခဲ့သည်။
စစ်ဆေးပြီးနောက် သူက မြောက်ဘက်တွင်ရှိသော ဧရာမ နန်းတော်၌ တလက်လက် တောက်ပနေသော အရံအတား တစ်ခု ရှိပြီး သူ၏ ကောင်းကင် စိတ်အာရုံက အထဲသို့ လျှောက်လှမ်းနိုင်ခြင်း မရှိတာကို သိလိုက်ရသည်။ တောင်ကြား တစ်ခုလုံးက ရှင်းလင်းနေပြီး သက်ရှိ တစ်ကောင်တစ်မြီးမှ မရှိ။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေပေ၏။
“တုကုချိုး ထွက်လာပြီး ငါနဲ့တွေ့”
ကျန်းရီသည် သလင်းလုံးအပေါ် သူ့လက်ကို တင်ထားလျက် ပေါ့ပေါ့ပါးပါး ပြောလိုက်ရာ သူ၏ အသံက ဧကရီ နန်းတော်အပြင်ဖက် အစပေါင်းများစွာ ဟိန်းခက်သွား၏။ ယင်းက ကျယ်လောင်ပြီး ကြည်လင်ကာ အသူရာ ချောက်ကမ်းပါး တစ်ခုလုံး ပဲ့တင်သံ ထွက်သွားတော့သည်။
အသူရာ ခြောက်ကမ်းပါးက တိတ်ဆိတ်နေသေးဆဲ ဖြစ်သော်ငြား အတန်ငယ် စောင့်ဆိုင်းပြီးနောက် ကျန်းရီက ဒေါသထွက်သွားသည်။ သိုင်းခန်းမ တစ်ခုလုံးက ရုတ်တရက် ရောင်ခြည်များ ဖြာထွက်လာပြီး လေထဲရှိ စွမ်းအင်က တုန်လှုပ်လာ၏။ ပုံရိပ်တစ်ခု ပေါ်လာတော့သည်။ ကျန်းရီက ကြည့်လိုက်သည့် အချိန်တွင် ထိုပုံရိပ်က ကျီထင်ယွီ၏ ပုံရိပ် ဖြစ်နေကြောင်း တွေ့လိုက်ရချိန် ထိတ်လန့်သွားတော့သည်။
ပုံရိပ်ယောင် ထုံထိုင်းခြင်းက အစွမ်းထက်သော အရည်အချင်း တစ်မျိုး ဖြစ်သည်။ ရွှေယို့လျန်ကဲ့သို့ သူမျိုးသာလျှင် မိုင်တစ်သန်းအကွာကနေ သူမ၏ ပုံရိပ်ယောင်ကို ပို့နိုင်စွမ်းရှိတာပဲ ဖြစ်သည်။ ထို့အပြင် သူမ၏ ပုံရိပ်၌ အစွမ်းထက်သော တိုက်ပွဲဝင်ခွန်အား ပိုင်ဆိုင်ထားပြီး ကျီထင်ယွီ၏ ခွန်အားက နှိုင်းယှဉ်ကြည့်လျှင် အတော်လေး အားနည်းနေ၏။ ထိုသို့ဆိုလျှင် သူမသည် မည်သည့် အကြောင်းကြောင့် ဤအရည်အချင်းကို ပိုင်ဆိုင်ထားသနည်း။
အကြောင်းပြချက်က ကိစ္စမရှိပေ။ ကျီထင်ယွီပေါ်လာပြီး ဖြစ်သောကြောင့် ကျန်းရီက သက်ပြင်းချလိုက်၏။ သူက ဧကရီနန်းတော်ထဲမှ ထွက်ပေါ်လာမှပဲ မေးလိုက်တော့သည်။
“ကျီထင်ယွီ မင်းကို အထင်မသေးရစေနဲ့၊ စုလော့ရွှယ်နဲ့ ကျန်တဲ့သူတွေက လွှတ်လိုက်။ မင်းရဲ့ အလောင်းကို အပြည့် ချန်ထားပေးမယ်”
ခစ်ခစ်
ကျီထင်ယွီက ရယ်မောလိုက်ရာ ပွင့်နေသည့် ပန်းပွင့်များနှယ် တူလောက်သည်။ တစ်ခုပြီး တစ်ခုသာ ဖြစ်နိုင်သော်ငြား ကွက်ကွက်ကွင်းကွင်း တလက်လက် တောက်ပနေ၏။ သူမက ခေါင်းခါလိုက်ကာ နွေးထွေးသော နှုတ်ခမ်းတို့က အနည်းငယ် လှုပ်သွားပြီးနောက် ပြန်ပြောလိုက်၏။
“ကျန်းရီ ရှင်သာ ဒီနေရာကို မလာခဲ့ဘူးဆိုရင် နှစ်လလောက် အသက်ပိုရှင်နိုင်မှာ။ ဒီနေရာကို ရှာတွေ့သွားပြီ ဆိုတော့ ရှင်ကိုယ်ပိုင်သေတွင်းကို ရှာနေတာပဲ”
ကျန်းရီက နှာခေါင်းရှုံကာ အသံ ပြန်ပို့လိုက်၏။
“မင်းလိုမျိုးလား။ ဒါမှမဟုတ် တုကူချိုးလား။ မဟာပုံရိပ်ရှိတဲ့ သိုင်းခန်းမ သခင်က တကယ်ကြီး အမြီးကုပ်နေပြီလား။ တစ်လောကလုံးက မင်းတို့ကို ပြက်ရယ်ပြုမှာကို မကြောက်ဘူးလား”
“ဟားဟားဟား...”
သိုင်းခန်းမဆောင် အတွင်း ရယ်သံ တစ်သံက ပဲ့တင်သံ ထွက်လာသည်။ ဖျတ်ခနဲ လှုပ်ရှားသွားပြီး တံခါးကြီးက ပွင့်လာကာ တုကူချိုးက အပြင်ဖက်သို့ လျှောက်ထွက်လာ၏။ သူက နန်းတော်ရှေ့ရှိ တံခါး၌ ရပ်နေပြီး ဧကရီ နန်းတော်ကို ကြည့်ကာ အူလိုက်သဲလိုက် ရယ်မောလိုက်တော့သည်။
“ကျန်းရီ ဒီသခင်က မင်းကို ကြောက်မယ်များ ထင်နေလား။ ငါဒီနေ့ ဒီမှာ ရပ်နေပြီ။ မင်းကို ခြိမ်းခြောက်ဖို့ မင်းရဲ့ မိသားစုကို အသုံးမပြုခဲ့ဘူး။ ငါ့က မှန်ကန်တဲ့သူ မဟုတ်ကြောင်းမင်းကို ပြောခွင့်ပေးထားသေးတယ်။ မင်းဒီရောက်ပြီဆိုမှတော့ မင်းငါ့ကို သတ်နိုင်တယ်။ မင်းရဲ့ မိသားစုကို အလွယ်တကူ ကယ်တင်နိုင်ပြီပဲ သတ္တိရှိလားဆိုတာ ကြည့်ရအောင်”
ဗီး
ဧကရီ နန်းတော် ပျောက်ကွယ်သွားသည်နှင့် ကျန်းရီက လေထဲတွင်ပေါ်လာတော့သည်။ သူ၏ အနီရောင်ဆံနွယ်များက လေထဲတွင် လွင့်မျောနေကာ မီးနဂါးဓာကို ကိုင်ဆောင်ထားလျက် မျက်ဝန်းများက နီရဲနေ၏။ သူ့၌ သတ်ဖြတ်လိုသော အရှိန်အဝါ ပေါ်ထွက်နေတော့သည်။
တုကူချိုး ပေါ်ပေါက်လာသည်။ ကျန်းရီက ထိုအခွင့်အရေးကို မည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ ယင်းက ပရိယာယ်တစ်ခုဆိုလျှင်တောင် ကိစ္စမရှိ ကျန်းရီက လှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်က သံချောင်းကို အသုံးပြုလျက် တုကူချိုးကို မခံစားနိုင်အောင် ဖိနှိပ်လိုက်သည်။
မြေပြင်ပေါ်သို့ ရောက်လာသည်နှင့် သူက မီးနဂါးဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်တော့၏။ ဓားက မြေပြင်ကို ပိုင်းဖြတ်သွားပြီး မီးပွင့်များစွာ ဖြစ်ပေါ်လာစေ၏။ သူ၏ ကောင်းကင် စိတ်အာရုံပေးလိုက်ရာ မူမမှန်သည့် လှုပ်ရှားမှုများကို ရှာနေ၏။
တစ်ဆယ်ကီလိုမီတာ ခြောက်ကီလိုမီတာ။ သုံးကီလိုမီတာ။
သေပေတော့။
သူက မီတာ တစ်ထောင့်ငါးရာ အကွာတွင် နေစဉ် ကျန်းရီက လေထဲသို့ ခုန်တက်လိုက်ပြီးနောက် မီးဝိညာဉ် ပုလဲထဲရှိ တမလွန်လောက တစ္ဆေမီးလျှံများက ထွက်လာတော့သည်။ သူ၏ ဓားထဲတွင် ရှိသော မီးနဂါးနှစ်ကောင်ကလည်း တစ္ဆေမီးလျှံများကို သယ်ဆောင်လျက် တိုးဝင်သွားတော့သည်။ ကျန်းရီက ရောနှောသည့် တိုင်းပညာကို အသုံးမပြုခဲ့တာကြာပြီ ဖြစ်သည်။
“ခစ်ခစ် ပိုးမွှားလေး တစ်ကောင်က ကောင်ကင်ကို တုန်လှုပ်အောင်ကြိုးစားနေတယ်။ ကျန်းရီ ဒီနေ့ သိုင်းခန်းမရဲ့ စစ်မှန်တဲ့ အုတ်မြစ်က ဘာဆိုတာရှင့်ကို တွေ့ခွင့်ပေးမယ်”
ကျီထင်ယွီက ရယ်မောလိုက်ပြီးနောက် သူ့မျက်လုံးထဲတွင် လှောင်ရီမှုများ ရှိနေ၏။ လက်နှစ်ဖက်ကို ဖြန့်ကားကာ မျက်လုံး မှိတ်လိုက်တော့သည်။ သူမ၏ နှစ်လိုဖွယ်မျက်နှာက ကောင်းကင်ကို စိတ်ရင်းမှန်ဖြင့် မျက်နှာမူလျက် ယုံကြည်သက်ဝင်သူ တစ်ဦးက ဆုတောင်းသလို ဖြစ်နေသည်။
ထိုစဉ် အသူရာချောက်ကမ်းပါးအောက်ရှိ မြေပြင်က လင်းလာတော့၏။ အရှိန်အဝါ တည်ရှိမှုက ကျန်းရီ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေကာ အသူရာ ချောက်ကမ်းပါး တစ်ခုလုံးကို ပျံ့နှံ့သွားစေတော့သည်။
***