← Chapters

ယုံအန်းမြို့မှ တိန့်မိသားစု

Vol. 11 Ch. 108

ယုံအန်းမြို့မှ တိန့်မိသားစု

Vol. 11 Ch. 108

ထင်ယန်စီရင်စု၊ ယုံအန်းမြို့

အနည်းငယ် စွန်းထင်းဟောင်းနွမ်းနေသော မြို့ရိုးများပေါ်တွင် ရေညှိစိမ်းရောင် အစက်အပြောက်များ ရှိနေသည်။

ချင်ပြည်နယ်မြို့တော်ကြီးကဲ့သို့ ခမ်းနားထည်ဝါပြီး လေးနက်မှု မရှိသော်လည်း ဖြတ်သန်းသွားလာနေသော လူအုပ်ကြီးဖြင့် စည်ကားသိုက်မြိုက်နေသည်။

သာမန်မြင်းလှည်းတစ်စီးသည် လူအုပ်ကြီးအတွင်း ရောနှော၍မြို့ထဲသို့ ဖြည်းညင်းစွာ မောင်းဝင်လာပြီး မြို့လယ်ရှိ အစည်ကားဆုံး ခြံဝင်းရှေ့တွင် ရပ်တန့်လိုက်သည်။

တိန့်မိသားစုသည် ယုံအန်းမြို့တွင် ခြေချခဲ့သည်မှာ နှစ်ပေါင်းရာချီ ရှိပြီဖြစ်ပြီး မည်သူမျှ သူတို့၏ ကျားနှုတ်ခမ်းမွေးကို ဆွဲရဲခြင်း မရှိခဲ့ပေ။

ဤခြံဝင်းထဲတွင် မြို့၏တစ်ဦးတည်းသော အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ နေထိုင်ပြီး မြို့တစ်မြို့လုံးကို နတ်ဆိုးဘေးအန္တရာယ်မှ ကာကွယ်ပေးထားသဖြင့် အလွန်တရာမြင့်မြတ်သောအဆင့်အတန်းကို ပိုင်ဆိုင်ထား၏။

သို့သော် ယခုအချိန်တွင် တိန့်မိသားစု၏သခင်လေးသည် တံခါးဝတွင် ရှားရှားပါးပါး စောင့်ဆိုင်းနေပြီး သူ၏မျက်နှာပေါ်တွင် စိတ်မရှည်သော အရိပ်အယောင် လုံးဝ မရှိပေ။

အကြောင်းရင်းမှာ သူ၏ဘေးတွင် ရပ်နေသော ကျော့ရှင်းလှပသည့် မိန်းမပျိုလေးကြောင့်ပင် ဖြစ်သည်။

"မိန်းကလေးယောင်၊ ကျွန်တော် ခင်ဗျားရဲ့ဦးလေးအတွက် အလင်းရောင်ကောင်းကောင်းရတဲ့ အခန်းတစ်ခန်း စီစဉ်ပေးထားပါတယ်၊ ကြိုဆိုပွဲ စားသောက်ပွဲလည်း ပြင်ဆင်ထားတယ်၊ ကြိုတင် ပြင်ဆင်စရာ တခြား လိုအပ်တာများ ရှိသေးလား"

တိန့်မင်ရွှီသည် အပြုံးလေးဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းယောင်သည် ရှက်သွေးဖြာပြီး နူးညံ့စွာ ပြောလိုက်သည်။

"သခင်လေးတိန့်၊ ဒီလောက်ထိ ဒုက္ခခံစရာ မလိုပါဘူး၊ဦးလေးနဲ့ကျွန်မ အဆောင်တစ်ခုတည်းမှာ အတူနေလိုက်ပါ့မယ်"

နူးညံ့သော ပါးပြင်ပေါ်မှ ပန်းရောင်သန်းနေမှုကို ကြည့်ရင်း တိန့်မင်ရွှီ၏ စိတ်နှလုံး ယားယံသွားသည်။

တစ်ဖက်လူ၏စကားကို ကြားသောအခါ နားလည်သဘောပေါက်ဟန်ဖြင့် ခေါင်းငြိမ့်လိုက်သည်။

ဦးလေးဟုပြောသော်လည်း မိန်းကလေးယောင်အား စိတ်မချ၍အိမ်မှ ထည့်ပေးလိုက်သည့် ကိုယ်ရံတော်ဖြစ်လောက်ပေသည်။

မကြာမီ မောင်းနှင်လာသော မြင်းလှည်း ရပ်တန့်သွားပြီး ကျယ်ပြန့်သောပခုံးနှင့်ပုံရိပ်တစ်ခု အရင်ဆုံး ဆင်းလာသည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ရိုးသားသော မျက်နှာနှင့် ကြမ်းတမ်းသော ပိတ်ချောအဝတ်အစားကို ကြည့်ပြီး တိန့်မင်ရွှီသည် သူ၏ ထင်ကြေးကို ပိုမို သေချာသွားသည်။

သို့သော် ဖုံးကွယ်ကာလှိုက်လှဲစွာ ကြိုဆိုလိုက်သည်။

"ကျွန်တော် တိန့်မင်ရွှီပါ၊ ဦးလေးကို တွေ့ရတာ ဝမ်းသာပါတယ်"

ကျန်းချန်ယွင်သည် ပေါ့ပေါ့ပါးပါးပင် လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။

"ကျုပ်တော့ မင်းကို ဘယ်မှာမှ တွေ့ဖူးတယ်လို့ မမှတ်မိပါဘူး"

"ဦးလေးက နောက်တာပဲ"

တိန့်မင်ရွှီ၏အပြုံး အနည်းငယ် တောင့်တင်းသွားသည်။ ထိုအချိန်တွင် မြင်းလှည်းထဲမှ လှုပ်ရှားသံ ကြားလိုက်ရသဖြင့် အလျင်အမြန် လှည့်ကြည့်လိုက်သည်။

"နောက်ထပ် ဦးလေး တစ်ယောက် ရှိသေးတာကိုး"

စကားမဆုံးမီ အနက်ရောင်ဝတ် လူငယ်တစ်ဦးသည် မြင်းလှည်းပေါ်မှ ဆင်းလာပြီး သူ့ကို ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြလိုက်သည်။

"ဒီ... ဒီတစ်ယောက်ကရော ဦးလေးပဲလား"

တိန့်မင်ရွှီသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တစ်ဖက်လူ၏ချောမောသော မျက်နှာကို စိုက်ကြည့်ကာ လင်းယောင်ဘက်သို့ လှည့်မေးလိုက်သည်။

"သူ... သူရော အဆောင်တစ်ခုတည်းမှာ နေမှာလား"

လင်းယောင်လည်း မျှော်လင့်မထားသော အခြေအနေကြောင့် အနည်းငယ် ကြောင်အသွားသည်။

ကံကောင်းထောက်မစွာပင် ကျန်းချန်ယွင်သည် တံခါးမကြီးဆီသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားရင်း ပြောလိုက်သည်။

"ဒါက ငါ့ သခင်... အဲ... ငါ့ တူလေးတစ်ယောက်ပါ၊ ရေနွေး မြန်မြန် ပြင်ပေးကြပါ၊ လမ်းခရီးမှာ လှုပ်ခါလွန်းလို့ သေတော့မယ်"

လူလတ်ပိုင်း အမျိုးသား၏မှားယွင်းပြောဆိုမိသော စကားကို ကြားသောအခါ တိန့်မင်ရွှီ ချက်ချင်း သဘောပေါက်သွားပြီး သူတို့ကို တိန့်မိသားစု အိမ်ထဲသို့ ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။

သူကိုယ်တိုင် နေထိုင်မည့် နေရာသို့ လိုက်လံပို့ဆောင်ပေးပြီး အစေခံ နှစ်ယောက်ကို ရေနွေးတည်ခိုင်းပြီးမှ ပြုံးလျက် ပြောလိုက်သည်။

"ဒီညအတွက် ဝိုင်နဲ့အစားအသောက် အနည်းငယ် ပြင်ဆင်ထားပါတယ်၊ ဦးလေးတို့ ကြွရောက်ပေးဖို့ မျှော်လင့်ပါတယ်"

ကျန်းချန်ယွင် ခေါင်းငြိမ့်လိုက်သည်ကို မြင်သောအခါ တိန့်မင်ရွှီ အလွန် ဝမ်းမြောက်သွားသည်။

တိန့်မိသားစုသည် ယုံအန်းမြို့တွင် ထင်ရှားသော မိသားစု ဖြစ်သည်မှာ မှန်သော်လည်း အဓိက မှီခိုအားထားရသည်မှာ ကံကောင်းထောက်မစွာ အမြုတေဖွဲ့စည်းခြင်း နယ်ပယ်သို့ ရောက်ရှိခဲ့သော မိသားစု ဘိုးဘေးကြီးကြောင့် ဖြစ်သည်။

ယခုအခါ ဘိုးဘေးကြီးမှာ အိုမင်းမစွမ်း ဖြစ်နေပြီ ဖြစ်၍ တိန့်မိသားစု ကျဆင်းတော့မည့် အရေးမှာ

သေချာသလောက် ရှိနေပြီ ဖြစ်သည်။

အလွန်အမင်း ဆိုးရွားခြင်း မရှိနိုင်သော်လည်း လက်ရှိ မြင့်မားသော အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်သလောက်ပင်။

မထင်မှတ်ဘဲ သူသည် ယွီရှန်းစီရင်စုမှ မျိုးနွယ်ကြီး တစ်ခု၏သမီးပျိုနှင့် ဆုံတွေ့ခွင့် ရခဲ့သည်။

မိန်းကလေး လင်းယောင်သည် မည်မျှပင် ဖုံးကွယ်ထားပါစေ၊သူမ၏ကိုယ်ပေါ်မှ ထွက်ပေါ်နေသော မွန်မြတ်သည့် အရှိန်အဝါကို တိန့်မင်ရွှီ တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်သည်။

သူသည် နည်းလမ်းပေါင်းစုံ သုံးပြီး ခက်ခက်ခဲခဲ စကားပြောခွင့် ရခဲ့ခြင်း ဖြစ်သည်။

တစ်ဖက်လူသည် လောကအကြောင်း နားမလည်သော မိန်းကလေးငယ် ဖြစ်ပြီး စိတ်သဘောထား နူးညံ့သိမ်မွေ့သည်။

သူ အရိပ်အမြွက် အနည်းငယ် ပြလိုက်ရုံဖြင့် မိန်းကလေးယောင်သည် ထိတ်လန့်သွားပြီး အနာဂတ် ယောက်ဖလောင်းကို ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ သူ့ကို အကဲခတ် စမ်းသပ်ခြင်း ဖြစ်ပေမည်။

အနက်ရောင်ဝတ် လူငယ်၏ခန့်ညားသော ပုံစံကို တွေးရင်း တိန့်မင်ရွှီသည် မိမိကိုယ်ကို နှိုင်းယှဉ်ကာ အားငယ်စိတ်ဝင်မိသလို စောစောက သူ၏မလျော်ကန်သော အပြုအမူများကို ပြန်စဉ်းစားမိပြီး ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားသည်။

"ဦးလေးတို့ အရင် အနားယူလိုက်ကြပါဦး၊ကျွန်တော် ခွင့်ပြုပါဦး"

သူသည် လက်သီးဆုပ်ကာနှုတ်ဆက်ပြီး အဝတ်အစား သွားလဲရန် ထွက်ခွာသွားသည်။

အနာဂတ် ယောက်ဖလောင်းထက် အများကြီး နိမ့်ကျနေ၍ မဖြစ်ပေ။

တိန့်မင်ရွှီ ထွက်ခွာသွားသောအခါ။

"ဟူး"

လင်းယောင်သည် မျက်လုံးလှန်ကြည့်လိုက်ပြီး အခန်းထဲသို့ ဝင်ထိုင်လိုက်သည်။

ကျန်းချန်ယွင်နှင့် မရင်းနှီးသော လူငယ် ဝင်လာသည်ကို မြင်သောအခါ သူမသည် တံခါးကို ပိတ်လိုက်ပြီး ကုလားထိုင် နောက်မှီကို မှီကာ ခြေချိတ်ထိုင်လိုက်သည်။

"အစ်ကိုကြီး ကျန်း၊ ရှင် ကျွန်မကို အကြွေးတစ်ခု တင်သွားပြီနော်၊ နောက်တစ်ခါ ပြန်ဆပ်ဖို့ မမေ့နဲ့"

"အခုပဲ ပြန်ဆပ်လိုက်ပါ့မယ်"

ကျန်းချန်ယွင်သည် ကျောက်စိမ်းရည် အလယ်အလတ်အဆင့် နတ်ဆိုးအရှိန်အဝါတစ်ခုကို ထုတ်ယူပြီး ပစ်ပေးလိုက်ရာ လင်းယောင်သည် ရယ်မောလျက် ဖမ်းယူပြီး ကြေးရောင် ခေါင်းလောင်းလေးထဲသို့ ထည့်လိုက်သည်။

ထို့နောက် သူသည် ရှန်းယီကို ကြည့်လိုက်သည်။

"နောက်ဆို မင်း တခြားသူကို အကူအညီ တောင်းတဲ့အခါ ပြန်ကူညီရမှာ အလုပ်ရှုပ်တယ်လို့ ထင်ရင် ဒီလိုအရာမျိုးနဲ့ ကျေးဇူးဆပ်လို့ ရတယ်"

"လူသစ်လား"

ထိုစကားကို ကြားသောအခါ လင်းယောင် စိတ်ဝင်တစား ကြည့်လိုက်သည်။

ယခုလို အခြေခံအချက်အလက်ကိုပင် သင်ပေးနေရသည်ဆိုလျှင် ယုံအန်းမြို့သို့ ဘာလာလုပ်သနည်း။

"အင်း"

ရှန်းယီ အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ သူသည် သင်ယူရန် အခွင့်အရေးကို လက်လွတ်မခံပေ။

"အခု ဘာဆက်လုပ်ရမလဲ"

"ဘာလုပ်ရမှာလဲ၊ ဒီတိန့်မိသားစုက အရူးကောင်လေး ကျွန်မငါးမျှားချိတ်မှာ ငြိဖို့ မနည်း လုပ်ထားရတာ၊သူ့ ဘိုးဘေးကို ငါးစာအဖြစ် သုံးပြီး နတ်ဆိုး မျှားခေါ်ရမှာပေါ့"

လင်းယောင် အကြောဆန့်လိုက်သည်။

ကျန်းချန်ယွင် လက်ကောက်ဝတ်ကို လှည့်ရင်း ကုလားထိုင် တစ်လုံးဆွဲကာ ထိုင်လိုက်သည်။

"အကယ်လို့ အရင်တစ်ခါလို အမဲလိုက်ပွဲမျိုး ဆိုရင် ဒီတစ်ဦးတည်းသော အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူကို လွတ်ပေးမှာ မဟုတ်ဘူး။မဟုတ်ရင် သူတို့ ယုံအန်းမြို့ကို ရွေးစရာ အကြောင်းမရှိဘူး။ သတင်း မပေါက်ကြားစေဖို့နဲ့ ဒီအမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ ထွက်မပြေးစေဖို့အတွက် ငါ သူမကို အရင်လာပြီး လမ်းခင်းခိုင်းထားတာ"

"နတ်ဆိုးတွေရဲ့ ပစ်မှတ်က သူပဲ။ သူက အသက်ရှင်ဖို့ ကြိုးစားရင်း ငါ့အတွက် အထောက်အကူ ဖြစ်လာလိမ့်မယ်"

ရှန်းယီ တိတ်ဆိတ်စွာ နားထောင်ရင်း ဤအတွေ့အကြုံများကို မှတ်သားထားလိုက်သည်။

အမှန်တကယ်ပင် အပြင်လောကသို့ ရောက်သောအခါ အစိုးရပိုင်းမှ လူများ၏နည်းလမ်းများသည် အလွန် ပြတ်သားကြသည်။

အကယ်၍ တိန့်မိသားစု ဘိုးဘေးကို ကြိုတင် အသိပေးပြီး ပြင်ဆင်ခိုင်းထားလျှင် ထိခိုက်သေဆုံးမှု လျော့နည်းသွားနိုင်သော်လည်း ကိစ္စရပ် တစ်ခုလုံးတွင် မမျှော်လင့်သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ကုသိုလ်ကောင်းမှု ရရှိရန် သေချာစေဖို့အတွက် ဤဘိုးဘေးကြီး သေလျှင်ပင် ယုံအန်းမြို့ထဲတွင်သာ သေရပေမည်။

ဤအရာက နတ်ဆိုးဖမ်းစီးသူနှင့် နတ်ဆိုးနှိမ်နင်းရေးဌာန၏ကွာခြားချက် ဖြစ်လိမ့်မည်။

"မြို့ထဲမှာ နတ်ဆိုးဖမ်းစီးသူ ဘယ်လောက် ရောက်နေလဲ"

ကျန်းချန်ယွင် ဘေးကို လှည့်မေးလိုက်သည်။

"၃၀ လောက်တော့ ရှိမယ်၊ အများစုက အခွင့်အရေး ချောင်းနေကြတာ"

လင်းယောင်သည် မေးစေ့ကို လက်ဖြင့် ထောက်ထားပြီး ကျန်လက်တစ်ဖက်က လက်ချောင်းများကို ရေတွက်ပြနေသည်။

"တချို့က အပျော်အပါးမက်တဲ့ သားသမီးတွေကို ကယ်တင်ပြီး ညီအစ်ကို ဖွဲ့ကြတယ်၊ တချို့က မိသားစုကြီးတွေရဲ့မီးဖိုချောင်ကို ဟင်းသီးဟင်းရွက် သွားပို့ကြတယ်၊ ပြည့်တန်ဆာ အဖြစ် ဟန်ဆောင်ပြီး တိန့်မင်ရွှီကို ချောင်းနေတဲ့ တစ်ယောက်လည်း ရှိသေးတယ်၊ အဲဒီတစ်ယောက်ကိုတော့ ကျွန်မ ဖြတ်ခုတ်လိုက်တယ်၊ ဟီးဟီး"

"ဒီလို သခင်လေးမျိုးရဲ့ရှေ့မှာ ယဉ်ကျေးသိမ်မွေ့တဲ့ မိသားစုကောင်း သမီးပျို ပုံစံက ဆွဲဆောင်မှု အရှိဆုံးပဲလေ"

စကားပြောနေရင်းဖြင့် ယုံအန်းမြို့ရှိ နာမည်ကြီး အင်အားစု အားလုံးနီးပါးကို နတ်ဆိုးဖမ်းစီးသူများက ငါးမျှားချိတ်တွင် ချိတ်ဆွဲထားပြီး ဖြစ်သည်။

ထိုအထဲတွင် ဆွဲဆောင်မှု အရှိဆုံးက တိန့်မိသားစု ဖြစ်သည်။

သို့သော် ဤအသားတုံးကြီးကို ပစ်မှတ်ထားရဲသူသည် အနည်းဆုံး အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျင့်ကြံမှု ရှိရမည်။

ကျန်းချန်ယွင် ချက်ချင်း ခန့်မှန်းမိလိုက်သည်။

"ရှောင်ချမ်းဝေ လား"

"ချင်ကျိုးမြို့တော် ပြန်ရောက်ရင် သူ ကျွန်မကို ပြဿနာ လာရှာရင် အစ်ကိုကြီးကျန်း ဖြေရှင်းပေးရမယ်နော်"

လင်းယောင်သည် သနားစဖွယ် မျက်တောင်ခတ်ပြလိုက်ပြီး ထိုအကြောင်းအရာကို ကျော်ကာ ဘေးနားမှ လူငယ်ကို ကြည့်လိုက်သည်။

သူမသည် လက်ချောင်းပေါ်တွင် အရှိန်အဝါ အသစ်ကို ပတ်ကစားရင်း မေးလိုက်သည်။

"မောင်လေး၊ ဒီကိစ္စ ပြီးသွားရင် မမနဲ့အတူ နတ်ဆိုး သွားသတ်ဖို့ စိတ်ဝင်စားလား"

"ပြီးမှ ပြောကြတာပေါ့"

ရှန်းယီသည် အရှိန်အဝါကို ညှိယူရင်း အဖြေမပေးဘဲ အကြည့်လွှဲလိုက်၏။

ကျောက်စိမ်းအလယ်အလတ်အဆင့် နတ်ဆိုးတစ်ကောင်ထက်စာရင် ယုံအန်းမြို့ကို ရောက်လာတော့မယ့် ကျားနတ်ဆိုးတွေကို သူ ပိုစိတ်ဝင်စားသည်။

"အို... မာနကြီးလိုက်တာ"

လင်းယောင် အံ့သြသွားသည်။

"သူ့ကို မစဖို့ ငါ အကြံပေးချင်တယ်"

ကျန်းချန်ယွင် မျက်လုံးမှိတ်ပြီး အနားယူလိုက်သည်။သူ သတ်မည့် နတ်ဆိုးကို ရှန်းယီ လုယူနိုင်စွမ်း မရှိသော်လည်း ဤမိန်းကလေး၏နတ်ဆိုးဆိုလျှင်တော့ သူလိုက်သွားခဲ့လျှင် သူမပိုင်ဆိုင်တော့မည် မဟုတ်ပေ။

All Chapters