← Chapters

ငါးစာအဖြစ် အသုံးပြုခြင်း

Vol. 11 Ch. 109

ငါးစာအဖြစ် အသုံးပြုခြင်း

Vol. 11 Ch. 109

ညအချိန်ရောက်သောအခါ တိန့်မိသားစု ခြံဝင်းကြီးသည် တဖြည်းဖြည်း ဆူညံသိုက်မြိုက်လာသည်။

ဝိုင်အိုးပေါင်းများစွာကို ခန်းမဆောင်ကြီးထဲသို့ သယ်ဆောင်လာကြပြီး ရေတွက်၍ မကုန်နိုင်သော ဟင်းကောင်းများကို စားပွဲဝိုင်းများပေါ်သို့ တည်ခင်းထားသည်။

လင်းယောင်သည် တိန့်မင်ရွှီ၏အဖော်ပြုမှုဖြင့် ဝင်ရောက် ထိုင်လိုက်ပြီး ကျန်းချန်ယွင်ကမူ ဘေးနားတွင် မောက်မာသော ဟန်ပန်ဖြင့် ဝင်ထိုင်လိုက်သည်။

သူတို့နှစ်ဦး မသိမသာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ရှန်းယီသည် မြို့စားမျိုးနွယ်ကြီးများ၏ အလေ့အထကို နားမလည်သဖြင့် အေးစက်တည်ငြိမ်သော လူပုံစံကိုသာ ဆက်လက်ထိန်းသိမ်းထားပြီး နေမကောင်းဟူသော အကြောင်းပြချက်ဖြင့် ရောက်မလာခဲ့ပေ။

ဤသည်မှာ ယွီရှန်းမှလင်းမိသားစု

၏အရှိန်အဝါကို မြှင့်တင်ပေးရာလည်း ရောက်ပေသည်။

"တကယ် နှမြောစရာပဲ"

တိန့်မင်ရွှီသည် သူသေချာ ရွေးချယ် ဝတ်ဆင်ထားသောတန်ဖိုးကြီးအစိမ်းရောင် ဝတ်စုံကို ကူကယ်ရာမဲ့စွာ ဆွဲဆန့်လိုက်မိသော်လည်း စိတ်ထဲတွင်မူ သက်ပြင်းချနိုင်ခဲ့သည်။

လင်းမိသားစု သခင်လေး၏သဘာဝအတိုင်း ထွက်ပေါ်နေသော အရှိန်အဝါနှင့် ယှဉ်လိုက်လျှင် သူက မည်မျှပင် ယဉ်ကျေးအောင် ကြိုးစားပါစေ၊တစ်ဖက်လူ၏လူကပ်မခံသော အမူအရာက တိန့် မိသားစုကို အထင်မကြီးကြောင်း သိသာနေသည်။

ထိုလူသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားရုံဖြင့် ဘေးလူများကို သိမ်ငယ်သွားစေနိုင်ပြီး သူကမူ မည်မျှပင်ဈေးကြီးပေးဝတ်ဆင်ထားပါစေဆင်းရဲသား ပုံပေါက်နေသည်။

ကံကောင်းထောက်မစွာဖြင့် အရှိန်အဝါထိန်းထာပေးနိုင်မည့် ဘိုးဘေးကြီး ရှိနေသေးသည်။

ထိုပုဂ္ဂိုလ် ရှိနေသရွေ့ တိန့်မိသားစုသည် ချင်ပြည်နယ်၏ဒုတိယတန်းစား အင်အားစု အဖြစ် ရှိနေဦးမည် ဖြစ်သည်။

ထိုအကြောင်း တွေးမိရင်း တိန့်မင်ရွှီ သည် အဓိက ထိုင်ခုံနေရာသို့ လှမ်းကြည့်လိုက်ရာ သူ့ဘိုးဘေးကြီးကို မတွေ့ရဘဲ သူ့အဖေက တောက်ပြောင်စွာ ဝတ်ဆင်ထားသော အနီရောင်ဝတ် အမျိုးသမီး တစ်ဦးနှင့် အတူ လျှောက်လာသည်ကိုသာ တွေ့လိုက်ရသည်။

ထိုမိန်းမ၏မျက်နှာသည် မြေခွေးမကဲ့သို့ ဆွဲဆောင်မှု ရှိသည်။ ပြည့်တန်ဆာ အငွေ့အသက်များသာ မရှိပါက အခြားသူများကို လွှမ်းမိုးနိုင်လောက်သည့် အလှပဂေး တစ်ဦး ဖြစ်ပေသည်။

ကြည့်လေ ရင်းနှီးလေ ဖြစ်နေ၏။

တစ်ခုခုကို သတိရသွားသကဲ့သို့ တိန့်မင်ရွှီ အံကြိတ်လိုက်မိသည်။

သူ့အဖေက ဘာလို့ ဒီလောက် အရှက်ကွဲအောင် လုပ်ရတာလဲ။

သူက မိန်းကလေးယောင် ကို ဧည့်ခံပွဲ လုပ်ပေးနေတာကို သူ့အဖေက ပြည့်တန်ဆာ ခေါင်းဆောင်ကို ခေါ်လာရသလား။

လင်းယောင်နှင့် ကျန်းချန်ယွင်တို့၏မျက်နှာထားများလည်း အနည်းငယ် ပြောင်းလဲသွားသည်။

လင်းယောင်က ရှက်ရွံ့စွာ ခေါင်းငုံ့ထားလိုက်ပြီး ကျန်းချန်ယွင်ကမူ မျက်လုံးများကို အနည်းငယ် မှေးစင်းလျက် အေးစက်သော အကြည့်များ ပေါ်လာသည်။

အငယ်ကောင်ကို ဖမ်းမမိတော့ အကြီးကောင်ကို လှမ်းချိတ်လိုက်တာပဲ။

ဒါက သူ့ဆီကနေ အပြိုင်လုယူဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုတဲ့ သဘောပဲ။

"..."

ရှောင်ချမ်ဝေသည် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်ပြီး သူတို့နှစ်ဦးကို ရန်စလိုသော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

လင်းယောင်သည် လည်ပင်းကို ပုလိုက်မိသည်။

"မိန်းကလေးယောင် ချမ်းနေတာလား။ မြန်မြန် မြေခွေးသားမွေးဝတ်ရုံ ယူလာခဲ့စမ်း... နေဦး၊ မြေခွေးသားမွေး မယူနဲ့၊ အနံ့နံတယ်၊ မျောက်မွေးဝတ်ရုံပဲ ယူခဲ့"

တိန့်မင်ရွှီသည် စကားနာထိုးလိုက်ပြီး သူ၏ သဘောထားကို ပြတ်ပြတ်သားသား ပြသလိုက်သည်။

"ကျေးဇူးပါပဲ"

လင်းယောင်သည် တိုးညှင်းစွာ ပြန်ပြောလိုက်သော်လည်း သူမ၏ကျောပြင် တောင့်သွားသည်ကို ခံစားလိုက်ရသည်။

ပြဿနာ အသေးစားလေး ပြီးသွားပြီးနောက် လူစုံတက်စုံ နေရာယူပြီးချိန်တွင် ပြဿနာ တစ်ခုကို ရုတ်တရက် တွေ့ရှိလိုက်ရသည်။

မလာရောက်သူမှာ ရှန်းယီ အပြင် အဓိက ထိုင်ခုံတွင် ထိုင်ရမည့် ပုဂ္ဂိုလ်လည်း ပျောက်ဆုံးနေသည်။

ကျန်းချန်ယွင်နှင့် ရှောင်ချမ်ဝေတို့ ပြိုင်တူ မော့ကြည့်လိုက်ကြပြီး မျက်လုံးများထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

...

ခန်းမဆောင်ကြီးမှ ဆူညံသံများနှင့် မတူဘဲ သီးသန့် ခြံဝင်းငယ်လေးမှာမူ တိတ်ဆိတ် ငြိမ်သက်နေ၏။

ရှန်းယီသည် ခြံဝင်းထဲတွင် တစ်ဦးတည်း ထိုင်လျက် ရေတစ်ခွက်နှင့် အသားတစ်ပန်းကန်ကို စားသောက်နေသည်။

စနစ်ဘောင်မျက်နှာပြင်ပေါ်တွင် သိုင်းပညာရပ်များစွာ ဖြတ်သန်းသွားသည်။

သူသည် လက်ရှိတွင် မိမိအနေဖြင့် အမြင့်ဆုံး မည်မျှအထိ စွမ်းရည်ထုတ်သုံးနိုင်မည်ကို တိတ်ဆိတ်စွာ တွက်ချက်နေသည်။

စစ်သူကြီးချုပ်ထံမှ ရရှိထားသော သိုင်းပညာရပ် အချို့သည် ဗာဂျာရာဂိုဏ်း၏ကျောင်းထိုင်ကဲ့သို့သော တစ်ဝက်တစ်ပျက်အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရလျှင်ပင် အစွမ်းအစ အနည်းငယ် ပြသနိုင်လိမ့်မည်။

ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိနေသည့် ဗောဓိဗာဂျာရာခန္ဓာ ကိုယ်ခန္ဓာသည်လည်းအကာအကွယ်အတွက် မဆိုးလှပေ။

အဓိကမှာတော့ ကောင်းကင်နတ်ဆိုးယာမာ ပြင်ပအမြုတေ ပင် ဖြစ်သည်။

ရှန်းယီ၏လမ်းခရီးတစ်လျှောက် လေ့လာချက်အရ ကျန်းချန်ယွင်ထံမှ ခံစားရသော အန္တရာယ် အတိုင်းအတာသည် ကျန်းဟန်ကျိုး အမည်ခံ ကျောင်းနဂါးသခင်နှင့် အတူတူလောက်ပင် ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိနေကြပြီး နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်လှမ်းနိုင်ပါက ပြီးပြည့်စုံသော အမြုတေဖွဲ့စည်းခြင်းဖြစ်လာကာ အမြုတေစုစည်းခြင်း အဆင့်သို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။

အကယ်၍ ကောင်းကင်နတ်ဆိုးပြင်ပအမြုတေကို သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းအဖြစ် ထည့်တွက်မည် ဆိုပါက...

ရှန်းယီနှင့် ထိုပုဂ္ဂိုလ်နှစ်ဦးသည် သိုင်းပညာ အဆင့်အတန်းချင်း တူညီသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်ယွင်သည် အမြုတေဖွဲ့စည်းခြင်း နယ်ပယ် သိုင်းပညာရပ်များစွာကို တတ်မြောက်ထားပြီး ကျောင်းနဂါးသခင်တွင်မူ သဘာဝနတ်ဆိုးစွမ်းရည်များနှင့် ခန္ဓာကိုယ် ရှိသောကြောင့် ဖြစ်သည်။

တကယ် တိုက်ခိုက်လျှင် သူ အနိုင်ကျင့်ခံရနိုင်သည်။

ဤပုဂ္ဂိုလ်နှစ်ဦးကို စံထားကြည့်လျှင် သူတို့ထက် အဆင့်တစ်ဆင့် နိမ့်သူများနှင့် ဆိုပါက ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်း ရှိပေလိမ့်မည်။

နှိုင်းယှဉ်စရာ ပုံစံတူ မရှိဘဲ စိတ်ကူးသက်သက်ဖြင့် နှိုင်းယှဉ်နေရသည်မှာ သိပ်တော့ စိတ်မချရလှပေ။

"..."

ရှန်းယီသည် အသားတစ်ဖတ်ကို ယူ၍ ပါးစပ်ထဲသို့ ဖြည်းညင်းစွာ ထည့်လိုက်ပြီးနောက် ခြံဝင်းအပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ပွရောင်းရောင်းအဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို တစ်ဦးသည် ယိုင်တိုင်တိုင်ဖြင့် ဝင်ရောက်လာပြီး လက်ထဲမှ ဝိုင်အိုးကို စားပွဲပေါ် တင်ကာ လေတက်လိုက်သည်။

"မင်းမှာက အသားရှိပြီး ဝိုင်မရှိဘူး၊ ငါ့မှာက ဝိုင်ရှိပြီး အသားမရှိဘူး၊ အဲဒါ ပေါင်းစားလိုက်ရင် ဘယ်လိုလဲ"

"ခင်ဗျားက ဘယ်သူလဲ"

ရှန်းယီသည် သိလျက်နှင့် မေးလိုက်ခြင်း ဖြစ်သည်။ယုံအန်းမြို့ တစ်ခုလုံးတွင် သူ့ကို ခြိမ်းခြောက်မှု အနည်းငယ် ပေးနိုင်သူမှာ တစ်ဦးတည်းသာ ရှိသည်။

ကျန်းချန်ယွင် ပြင်ဆင်မှုများစွာလုပ်ထားသောကြောင့် သူက တစ်ဖက်လူ၏အစီအစဉ်ကို မဖျက်ဆီးချင်ပေ။

"ဒီခြံဝင်းထဲက သေခါနီး အဘိုးကြီး တစ်ယောက်ပါကွာ"

တိန့်ကျန်းယွမ်သည် ဟက်ခနဲ ရယ်လိုက်ပြီး ပိန်လှီသော ပါးပြင်ပေါ်တွင် အနီရောင် သန်းနေသည်။

ရှန်းယီ အထင်လွဲသွားမည် စိုး၍ ထင်သည်၊ သူက ထပ်ဖြည့်ပြောလိုက်သည်။

"အသက်ကြီးလွန်းလို့ ကောင်းကင်ဘုံက ငါ့ကို ပြန်ခေါ်တော့မှာလေ"

ဗူးပေါ်သလို ပေါ်နေသော ရှင်းပြချက်ကို နားထောင်ရင်း...

ရှန်းယီ အနည်းငယ် ပြုံးလိုက်ပြီး နေရာတစ်နေရာ ဖယ်ပေးကာ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဝိုင်တော့ မသောက်တော့ပါဘူး၊ ထိုင်ပါ"

နှစ်ပေါင်းများစွာ အသက်ရှင်လာသူ၊ထို့အတူ ဤဒေသခံမြွေပွေးတစ်ကောင် ဖြစ်သည့်အတွက် တစ်စုံတစ်ရာ ရိပ်မိနေသည်မှာ သဘာဝကျပါသည်။

"မင်း ယွီရှန်းက လာတာလား။ ငါ အဲဒီကို တစ်ခါမှ မရောက်ဖူးဘူးကွ"

တိန့်ကျန့်ယွမ် သည် ဝိုင်ကို ဇွတ်တိုက်တွန်းခြင်း မရှိဘဲ တစ်ယောက်တည်း သောက်နေသည်။

သူ့မျက်နှာက ပိုနီလာသလို မျက်လုံးများမှာလည်း ပိုတောက်ပလာ၏။

"ငယ်ငယ်တုန်းက သွားဖို့ အခွင့်အရေး မရှိခဲ့ဘူး၊ အသက်ကြီးလာတော့ မသွားရဲတော့ဘူး။ လူတွေ အများကြီးက ငါ့ကို စောင့်ကြည့်နေကြတာ၊ ငါ ထွက်သွားတာနဲ့ သူတို့ ထိတ်လန့်သွားကြမှာ"

"မင်း ပြောကြည့်စမ်း"

အဘိုးအိုသည် ရုတ်တရက် ဝိုင်အိုးကို ပိုက်လျက် ရှန်းယီဘက်သို့ လှည့်ကာ ငေးစိုက်ကြည့်လိုက်သည်။

"ငါ့မှာ သွားခွင့် ရှိဦးမလား"

"..."

ရှန်းယီ ခဏတာ တိတ်ဆိတ်သွားသည်။ အကယ်၍ တစ်ဖက်လူသာ ထိုစိတ်ကူး ရှိခဲ့လျှင် ကျန်းချန်ယွင်က ပထမဆုံး လှုပ်ရှားပြီး ကုလားထိုင်ပေါ်တွင် ပြန်ချုပ်ထားလိမ့်မည်ဟု ခံစားမိသည်။

ကံကောင်းထောက်မစွာပင် တိန့်ကျန်းယွမ် သည် အဖြေရလိမ့်မည်ဟု မျှော်လင့်ထားပုံ မရပေ။

သူလက်ကာပြလိုက်သည်။

"ထားလိုက်ပါတော့ကွာ၊ ငါလည်း မသွားချင်တော့ပါဘူး။ ယုံအန်းမြို့က ကောင်းပါတယ်။ ဒီအတိုင်း အမြဲတမ်း ကောင်းနေမယ် ဆိုရင်လည်း မဆိုးပါဘူး"

ထိုစကား ပြောပြီးနောက် အဘိုးအိုသည် ပိုမို တည်ငြိမ်သွားလေ၏။

သာမန် ပိန်လှီသော အဘိုးအို တစ်ယောက်ကဲ့သို့ အတိတ်ကို ပြန်ပြောင်းပြောပြနေသည်။

"ငါ မင်းလို အရွယ်တုန်းက သိုင်းပညာကို သေချာ လေ့ကျင့်ဖို့ ပျင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ် အတော်အသင့်လောက်ပဲ သင်ခဲ့တာ။ ပြီးပြည့်စုံအောင် လုပ်ရတာ ခက်ခဲလို့ အလယ်အလတ် အဆင့်လောက်ရရင် သုံးလို့ရပြီ ဆိုပြီး ထားလိုက်တာပဲ၊ ကံကောင်းလို့သာ..."

တစ်ဖက်လူက တမင်တကာ နှိမ့်ချပြောနေသည်ဟု ရှန်းယီ မခံစားမိပေ။

အမှန်တကယ်ပင် ဒုတိယတန်းစား အင်အားစု အများစုမှာ ထိုကဲ့သို့ပင် ဖြစ်သည်။ ကံကောင်းပြီး ထူးခြားသော အခွင့်အရေး ရခဲ့ကြခြင်း သို့မဟုတ် ဖြတ်လမ်း လိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဘိုးဘေးရှိနေစဉ်တွင် အထွတ်အထိပ် ရောက်နေသော်လည်း သူသေဆုံးသွားလျှင် ဒုတိယမြောက် အမြုတေဖွဲ့စည်းခြင်း နယ်ပယ် ကျွမ်းကျင်သူ ပေါ်ပေါက်လာရန် မဖြစ်နိုင်သလောက်ပင်။

တဖြည်းဖြည်းနှင့် တတိယတန်းစား အဆင့်သို့ လျှောကျသွားကြသည်။

"ကဲပါကွာ၊ငါလို အဘိုးကြီးရဲ့ပေါက်ကရတွေ နားထောင်ပေးလို့ ကျေးဇူးပါပဲ။ ပုံမှန်ဆို စကားပြောဖော်တောင် ရှာမရဘူး။ အခုခေတ် လူငယ်တွေက မင်းလောက် စိတ်ရှည်ကြတာ ရှားတယ်"

တိန့်ကျန်းယွမ် သည် ဝိုင်အိုးကို လှုပ်ခါလိုက်ပြီး လေတစ်ချက် ထပ်တက်လိုက်သည်။ထို့နောက် ပြုံးဖြဲဖြဲဖြင့် ထရပ်လိုက်ပြီး နောက်ဆုံးကျန်သော အသားတုံးကို ယူလိုက်သည်။

"သွားတော့မယ်"

ခြံဝင်းထဲတွင် သူတစ်ယောက်တည်း ပြန်ကျန်ရစ်ခဲ့သည်။

ရေတစ်ခွက်နှင့် ပန်းကန်ခွံတစ်ခု...

ရှန်းယီသည် ဘာမှမရှိတော့သော ပန်းကန်ကို ကြည့်ရင်း အတွေးထဲ နစ်မြောသွားသည်။

ထားလိုက်ပါတော့၊ အနည်းဆုံးတော့ အခု နှိုင်းယှဉ်စရာ တစ်ခု ရသွားပြီ။ အမြုတေဖွဲ့စည်းခြင်း နယ်ပယ်တိုင်း သူ အရင်က မြင်ခဲ့သလောက် မစွမ်းကြဘူးပဲ။

ဒီအဘိုးကြီး သူ့ကို ပေးတဲ့ အန္တရာယ် အငွေ့အသက်က ဗာဂျာရာဂိုဏ်းကျောင်းထိုင်ဆရာတော်ထက် ၄၀၊ ၅၀ ရာခိုင်နှုန်းလောက်ပဲ ပိုတယ်။

အမြုတေ အစပျိုးခြင်း အဆင့်လောက်သည် ထည့်သွင်းဖို့ပင် နည်းနည်း ခဲယဉ်းနေ၏။

နည်းစနစ် မရှိ၊အသေသတ်ကွက် မရှိ၊ ဤအရာက သာမန်သိုင်းသမားများ၏သဘာဝပင်။

နတ်ဆိုးနှိမ်နင်းရေးဌာနကဲ့သို့ အမြုတေဖွဲ့စည်းခြင်း နည်းပညာများ၊ သိုင်းပညာများ၊ သိုင်းဘုံကျောင်း သန့်စင်ခြင်းများနှင့် စနစ်တကျ မွေးထုတ်ထားသည့် ကျွမ်းကျင်သူများနှင့် ယှဉ်လျှင် သာမန် သိုင်းသမားများအတွက်ကတော့ စိတ်ကူးပင် ယဉ်လို့မရသော အရာဖြစ်နေသည်။

မကြာမီ ကျန်းချန်ယွင်နှင့် လင်းယောင်တို့ အပြင်ဘက်မှ ပြန်ရောက်လာကြသည်။ သူတို့ မျက်နှာများမှာ ကြည့်မကောင်းလှပေ။

"..."

လင်းယောင်က လက်ကို နောက်ပစ်လျက် တိုးညှင်းစွာ နှစ်သိမ့်လိုက်သည်။

"အစ်ကိုကြီး ကျန်း၊ ဘာတွေ စိတ်ပူနေတာလဲ။ တကယ်လို့ သူတို့ ဘိုးဘေးကြီး တစ်ခုခု ရိပ်မိသွားမှာ စိုးရိမ်ရင်လည်း၊ တကယ် မဖြစ်မနေ ဆိုရင်... ရှင်ပဲ အရင်ဆုံး လက်ဦးမှုယူပြီး သူ့ကို သင်ခန်းစာ ပေးလိုက်ပေါ့"

ကျန်းချန်ယွင်က မငြင်းပေ။အေးစက်စွာ ပြောလိုက်သည်။

"ငါ စိတ်ပူတာက ရှောင်ချမ်ဝေ ကိုပဲ"

ဤမျှထိပြင်ဆင်မှုများလုပ်ထားခြင်းမှာ အမြုတေဖွဲ့စည်းခြင်းနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်လာနိုင်ခြေရှိသည့် ကျားပေါက်စသုံးကောင် အတွက်သာဖြစ်၏။

ဖြစ်နိုင်လျှင် သူကတစ်ကောင်မှခွဲမပေးချင်ပေ။

သာမန် စကားစမြည် အနည်းငယ် ပြောပြီးနောက် သူတို့ အသီးသီး အခန်းပြန် အနားယူကြသည်။

နောက်တစ်နေ့ နံနက်စောစော ကြက်တွန်သံ ထွက်ပေါ်လာသည့် အချိန်

တိန့်မိသားစုဝင် တစ်စုသည် သူတို့၏ဘိုးဘေးကြီးကို ခြံရံလျက် ခြံဝင်းတံခါးဝတွင် ရပ်နေကြ၏။

သူသည် တန်ဖိုးကြီး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ပိန်လှီသောမျက်နှာပေါ်တွင် ယုံအန်းမြို့၏နံပါတ်တစ် ကျွမ်းကျင်သူဟူသော ခန့်ညားထည်ဝါမှု ရှိနေသည်။

ဆံပင်ဖြူများကို သပ်ရပ်စွာ ဖီးသင်ထားပြီး ဟန်ပန်အမူအရာမှာ ထူးခြားနေသည်။

မနေ့ညက မြင်တွေ့ခဲ့ရသော အထီးကျန် ဆွေးမြေ့နေသည့် ပုံစံမျိုး လုံးဝ မရှိတော့ပေ။

All Chapters