ဗာဂျာရာဂိုဏ်း ပျက်သုဉ်းခြင်း
Vol. 11 Ch. 103
ပင်းခန်တောင်ထိပ်ရှိ ကျောက်တုံးများ တုန်ခါသွားလေသည်။
ပိန်းပါးသော လူတစ်ယောက် ရုတ်တရက် ထိုးထွက်လာပြီး လေထဲသို့ ပျံဝဲသွားလေသည်။
အချိန်အကြာကြီး စောင့်ကြပ်နေကြသော ရွှေ
လင်းယုန် တပ်ဖွဲ့ခေါင်းဆောင် ၃၀ ကျော်နှင့် ဒု-စစ်သူကြီးနှစ်ဦးတို့ ဦးဆောင်မှုအောက်တွင် ရုတ်တရက် အလစ်အငိုက် မိသွားသော်လည်း သူတို့၏လှုပ်ရှားမှုများမှာ အနည်းငယ်မျှ နှေးကွေးမသွားပေ။
"သူ့ကို ချုပ်လိုက်"
မြွေများကဲ့သို့ အေးစက်သော သံကြိုးများ ပစ်လွှတ်လိုက်ရာ လေထဲရှိလူကို ချက်ချင်း တင်းကျပ်စွာ ရစ်ပတ်လိုက်လေသည်။
နတ်ဆိုးနှိမ်နင်းရေး သံကြိုး ဒါဇင်ပေါင်းများစွာ တင်းကျပ်သွားသည်။
ဒု-စစ်သူကြီး နှစ်ဦးသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး အစီအရင်၏အဓိကနေရာကို နင်းလျက် လူတိုင်း၏အရှိန်အဝါကို စုစည်းကာ နတ်ဆိုးနှိမ်နင်းရေး သံကြိုးများဆီသို့ ပို့လွှတ်လိုက်လေသည်။
ထို့နောက် ပခုံးရိုးကို ဖောက်ရန်အတွက် အထူးပြုလုပ်ထားသော ငွေချိတ်များကို ထုတ်ယူလိုက်ပြီး လေထဲသို့ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် သူတို့၏ မျက်နှာအမူအရာများ ရုတ်တရက် ပြောင်းလဲသွားလေသည်။
သံကြိုးများသည် ပိုမို တင်းကျပ်လာသည်။
ဤသံကြိုးများသည် အမြုတေဖွဲ့စည်းခြင်း အဆင့် နတ်ဆိုးများကိုပင် ချုပ်နှောင်ထားနိုင်သဖြင့် ပြတ်တောက်သွားမည် မဟုတ်ပေ။
ပြဿနာမှာ အောက်ဘက်ရှိ နတ်ဆိုးနှိမ်နင်းရေး တပ်မှူး ဒါဇင်ပေါင်းများစွာထံတွင် ရှိနေပေသည်။
သူတို့၏မျက်နှာများ ရှုံ့မဲ့နေပြီး နဖူးပေါ်တွင် သွေးကြောများ ထောင်ထနေကာ သံကြိုးများကို အစွမ်းကုန် ဆုပ်ကိုင်ထားကြသည်။
သူတို့၏ဖိနပ်များသည် မြေကြီးထဲသို့ နစ်ဝင်သွားပြီး ဒူးခေါင်းများမှ တကျွီကျွီ မြည်သံများ ထွက်ပေါ်လာသည်။
သို့တိုင်အောင် လေထဲမှ လူမှာမူ ယိမ်းထိုးနေရုံသာ ရှိသေးပေသည်။
"..."
မြင့်မားသော ရှေးဟောင်းကျောက်ထင်းရှူးပင် ထိပ်ပေါ်တွင် ကျန်းချန်ယွင်သည် လက်များကို နောက်ပစ်လျက် ရပ်နေလေသည်။
အဝေးမှ မြင်ကွင်းကို ကြည့်ရှုရင်း သူ အနည်းငယ် အံ့သြသွားလေသည်
"ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်လဲ"
စစ်မှန်သောအမြုတေဖွဲ့စည်းခြင်း အဆင့်ကျင့်ကြံသူ တစ်ဦးကသာလျှင် ကျောက်စိမ်းအဆင့် နှင့် မည်မျှ ကွာခြားကြောင်း နားလည်နိုင်ပေလိမ့်မည်။
ယခု ကျောင်းထိုင်ဆရာတော် ပြသလိုက်သော အင်အားသည် ထိုကွာဟချက်၏ ယထက်ဝက်နီးပါးကို ဖြတ်ကျော်နေပြီဖြစ်သည်... ဖြစ်နိုင်သည်မှာ ထို့ထက်ပင် ပိုနေပေလိမ့်မည်။
ဗာဂျာရာဂိုဏ်း၏ကျောင်းထိုင်ဆရာတော်သည် အောက်ဘက်သို့ တွေဝေစွာ စိုက်ကြည့်လိုက်ပြီးနောက် သူ့ကိုယ်ပေါ်တွင် ရစ်ပတ်ထားသော နတ်ဆိုးနှိမ်နင်းရေး သံကြိုးများကို ကြည့်လိုက်သည်။
ထို့နောက် ချက်ချင်းပင် သူသည် သံကြိုးများကို ပြန်ဆွဲကိုင်လိုက်လေသည်။
သူ့အသိစိတ် အနည်းငယ် ကြည်လင်လာပုံ ရသည်။
သူ့မျက်နှာပေါ်ရှိ ကြောက်မက်ဖွယ် အပြုံး ပျောက်ကွယ်သွားပြီး အဆုံးမဲ့သောလျစ်လျူရှုမှုဖြင့် အစားထိုးလိုက်သည်။
"အမြုတေဖွဲ့စည်းခြင်း အောက်မှာဆိုရင် ငါက ပြိုင်ဘက်ကင်းတဲ့သူပဲ"
သူ စကားပြောနေရင်း ပေါ့ပေါ့ပါးပါး ဆွဲလိုက်ရာ တပ်မှူး ဒါဇင်ပေါင်းများစွာ ယိုင်နဲ့သွားကြလေသည်။
"အမြုတေဖွဲ့စည်းခြင်း အထက်ဆိုရင်တော့..."
ကျောင်းထိုင်ဆရာတော်သည် သူ့ကိုယ်ပေါ်မှ သံကြိုးများကို တည်ငြိမ်စွာ ဖယ်ရှားလိုက်သည်။
"အနိုင်ယူဖို့ မဖြစ်နိုင်ဘူးလို့ ပြောလို့မရဘူး"
"ဟက်"
ကျန်းချန်ယွင် ခေါင်းခါလိုက်ပြီး တစ်ဖက်လူ၏ စကားကို စိတ်ထဲမှ မငြင်းဆန်ခဲ့ပေ။
သူ လက်ဝါးကို ဆန့်ထုတ်လိုက်ပြီး အနက်နှင့် အဖြူရောင် အရှိန်အဝါ တစ်စကို လျင်မြန်စွာ စုစည်းလိုက်သည်။
ကျောင်းထိုင်ဆရာတော်၏စွမ်းရည်အရ ထွက်ပြေးလွတ်မြောက်ရန် အရင်းအနှီး ရှိနေပြီဖြစ်သည်။
သူကိုယ်တိုင် ဝင်ပါလျှင်ပင် သိပ်ပြီး ပေါ့ဆနေ၍ မရပေ။
သစ်ပင်ထိပ်မှ ခုန်ဆင်းရန် ပြင်လိုက်စဉ်မှာပင် သူ့လှုပ်ရှားမှုများ အနည်းငယ် ရပ်တန့်သွားသည်။
မင်ရောင်ဝတ်ရုံဝတ်ထားသူတစ်ဦး ပင်မခန်းမ ဝင်ပေါက်မှ ရုတ်တရက် ထွက်လာသည်ကို သူ မြင်လိုက်ရသည်။
တွေဝေခြင်း မရှိဘဲ ထိုလူသည် ချက်ချင်း လေထဲသို့ ပျံတက်သွားလေသည်။
လျှင်မြန်ပြီးပြတ်သားသော ခြေကန်ချက်တစ်ခုသည် ကျောင်းထိုင်ဆရာတော်၏ပခုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။
ဝုန်း
ကျောင်းထိုင်ဆရာတော်အိုကြီးသည် သံကြိုးများကို တည်ငြိမ်စွာ ဖယ်ရှားနေဆဲ ဖြစ်သည်။
အလစ်အငိုက် မိသွားသဖြင့် သူ၏ပိန်ပါးသော ခန္ဓာကိုယ်သည် အောက်ဘက်သို့ ရုတ်တရက် ရိုက်ချခံလိုက်ရလေသည်။
ဒုန်း
သူ့ကို ဗဟိုပြု၍ မြေကြီးပေါ်တွင် အက်ကွဲကြောင်းများစွာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။
ဗာဂျာရာဂိုဏ်း ကျောင်းထိုင်ဆရာတော်သည် တွင်းနက်ထဲတွင် လဲလျောင်းနေပြီး အပေါ်မှ လူကို နားမလည်နိုင်သော အမူအရာဖြင့် စိုက်ကြည့်နေသည်။
ရှန်းယီသည် သူ့ကော်လာကို ဆွဲဆန့်လိုက်ပြီး ရှုပ်ထွေးနေသော ဝံပုလွေသားမွေး ဝတ်ရုံကို ပေါ့ပေါ့ပါးပါး ဖြေလျော့လိုက်ကာ တကယ်ပင် ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။
သွေးကြောဖြတ်နဂါးဖမ်းသိုင်း ဖြင့် စတင်လိုက်သည်။
သူ့လက်သီးများ မိုးရွာသလို ကျဆင်းလာလေသည်။
ကျောင်းထိုင်ဆရာတော် လှိမ့်ရှောင်လိုက်ပြီး မတ်တတ်ရပ်ကာ လက်သီးများ၊ လက်ဝါးများဖြင့် ပြန်လည် တိုက်ခိုက်လိုက်သည်။
သူတို့နှစ်ဦးစလုံး လုံးဝ ရှောင်တိမ်းခြင်း မရှိကြဘဲ လှုပ်ရှားမှုများတွင်လည်း အလှအပပါဝင်ခြင်းမရှိ၊ ရက်စက်ပြီး တိုက်ရိုက်ကျလှပေသည်။
လူအများအပြား ဖက်ထားနိုင်လောက်အောင် ထူသော သစ်ပင်များဟာ လဲကျကုန်သည်။
နှစ်ပေါင်းများစွာ တိုက်စားခံထားရသော ကျောက်တုံးများလည်း ကြေမွကုန်သည်။
ကြည့်ရှုနေသူများ ထိတ်လန့်သွားကြသည်။
မည်သူပင်ဖြစ်စေ ကျောက်စိမ်း အဆင့် ကျင့်ကြံသူတစ်ဦး ရှိသင့်သည်ထက် များစွာသာလွန်သော ခွန်အားကို ပိုင်ဆိုင်ထားပုံ ရပေသည်။
"..."
ကျန်းချန်ယွင် အဝေးမှနေ၍ တိတ်ဆိတ်စွာ ကြည့်နေလေသည်။
ထိုကဲ့သို့သော ခန္ဓာကိုယ်သန့်စင်သူ သိုင်းပညာရှင်များကြား တိုက်ပွဲတွင် သူပင်လျှင် မည်သူနိုင်မလဲ၊ မည်သူရှုံးမလဲ ဆိုတာကို သေချာ မပြောနိုင်ပေ။
သူသည် ရှန်းယီ၏အင်အားကို ပြန်လည် အကဲဖြတ်လိုက်သည်။
သူ ဤမျှမောက်မာရဲသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ယခုလို ငယ်ရွယ်သောအရွယ်ဖြင့် ကျောက်စိမ်းအဆင့် ပြီးပြည့်စုံခြင်းကို ပိုင်ဆိုင်ထားရုံသာမက အံ့မခန်း လေ့ကျင့်ထားသော ခန္ဓာကိုယ်လည်း ရှိနေသေးသည်။
ယနေ့ သူမလာခဲ့လျှင်ပင်၊ တစ်ဖက်လူက ဗာဂျာရာဂိုဏ်း ကျောင်းထိုင်ဆရာတော်ကို မနိုင်လျှင်ပင်အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်သည်ထက် ပိုနေပေသည်။
ကောင်းပေသည်။
အင်အားမရှိဘဲ မောက်မာခြင်းက ဘဝင်မြင့်ခြင်း ဖြစ်ပေမယ့်၊ထို မောက်မာမှုနှင့် လိုက်ဖက်သော အင်အားရှိလျှင်တော့ ဤအရာက စစ်မှန်သည့် ပါရမီပင်။
ချင်ကျိုးက ယခုလိုသွေးသစ်မျိုး လိုအပ်နေပြီး ဤကဲ့သို့အရည်အချင်းမျိုးရှိမှသာ နောင်တစ်ချိန်တွင် ကျန်းချိုလန်၏နောက်ရပ်တည်ဖို့ အရည်အချင်း ပြည့်မီမှာ ဖြစ်သည်။
ကျန်းချန်ယွင်သည် ချန်ချမ်ခွင်း၏ကလေးထိန်း မလုပ်ချင်သလို သူ့ဘွားဘွား၏နားမလည်နိုင်သော ကြင်နာမှုကိုလည်း သဘောမကျပေ။
သို့သော် ယခုအချိန်တွင် သူသည် သစ်ပင်ထိပ်မှ ခြေတစ်လှမ်း ဖြည်းညှင်းစွာ လှမ်းလိုက်သည်။
အပြည့်အဝ မရင့်ကျက်သေးသော သူ၏ လုပ်ဖော်ကိုင်ဖက် လူငယ်လေးအတွက် အရာရာကို အဆုံးသတ်ပေးလိုက်ခြင်းက သူ့အတွက် ပြဿနာ မဟုတ်ပေ။
ထိုအချိန်မှာပင်
ကျောင်းထိုင်ဆရာတော်နှင့် တိုက်ခိုက်နေသော ရှန်းယီသည် အဝေးသို့ တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။
ထို ရုတ်တရက် အကြည့်အောက်တွင် ကျန်းချန်ယွင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"..."
သူက သူ့အရှိန်အဝါကို အနည်းငယ်လေး ထုတ်လွှတ်လိုက်ရုံ ရှိသေးသော်လည်း၊ တစ်ဖက်လူက ပြင်းထန်သည့်တိုက်ပွဲကြားထဲမှပင် သူ့ပတ်ဝန်းကျင်ကို စောင့်ကြည့်ဖို့ အင်အား ကျန်နေသေးသည်လော။
ထို့အတူ ထိုသတိပေးသောအကြည့်က မည်သည့်ကိုဆိုလိုသနည်း။
ကျန်းချန်ယွင်၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်... ဤတစ်ခါတော့ သူ တကယ်ပင် အမှတ်ခိုးယူဖို့ ရည်ရွယ်ချက် မရှိပါဘူး။
ဤကောင်လေးမှာ ငွေခေါင်းလောင်း နတ်ဆိုးဖမ်းစီးသူဆိုသည့် ဂုဏ်ပုဒ်နှင့်လိုက်လျောညီထွေစွာ သူတို့ထင်ထားတာထက်ပင် ပိုမြန်မြန်နေသားကျသွားပုံ ရသည်။
"ငါ့နည်းလမ်းကို ခိုးထားတဲ့ သူခိုးကောင်"
ဗာဂျာရာဂိုဏ်း ကျောင်းထိုင်ဆရာတော်သည် အလွန်ဒေါသထွက်ကာ ရုတ်တရက် ရှည်လျားစွာ အော်ဟစ်လိုက်သည်။
အနက်နှင့် အဖြူရောင်အလင်းများ သူ့လက်မောင်းများပေါ်တွင် အပြည့်အဝ ပေါ်လာပြီး အတွင်း၌ ပါဝင်သော စွမ်းအားမှာ ယခင်ကထက် သုံးပုံ ပိုများလာခဲ့လေသည်။
ရှန်းယီ၏လေ့ကျင့်ထားသော ခန္ဓာကိုယ်ကျင့်စဉ် ဘယ်ကရလဲဆိုတာ သူ မြင်သွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
သူ့ဒေါသတွင် မနာလိုဝန်တိုမှုများပင် ရောနှောနေပေသည်။
ဗုဒ္ဓအခြေခံသဘောတရားများကို နားမလည်သော သိုင်းပညာရှင်တစ်ယောက်၏အလွန်အကျွံ တောင်းဆိုမှုများကြောင့် ဗောဓိ ရတနာသစ်ပင်သည် လွန်ခဲ့သော ကာလကြာကတည်းက ညှိုးနွမ်းသွားခဲ့ပြီဖြစ်သည်။
'တစ်ဖက်လူက အလားတူ ဝိညာဉ်အပင်မျိုးကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ။တကယ်လို့သာ သူတို့ လက်ထဲရှိခဲ့ရင် တခြားသိုင်းပညာရပ်တွေကနေတဆင့် ဗာဂျာရာဂိုဏ်းကို ပြန်လည်အသက်သွင်းဖို့ အချည်းနှီး ကြိုးပမ်းရင်း ဘာလို့ ဒီလောက်ထိ ဒုက္ခခံနေရဦးမှာလဲ။'
ထို့အပြင် လူငယ်လေး၏စွမ်းအားသည် ဗောဓိဗာဂျာရာခန္ဓာကိုယ်၏ကန့်သတ်ချက်ကို ကျော်လွန်နေပြီဖြစ်ပြီး သူ၏ကိုယ်ပိုင် အမြုတေဖွဲ့စည်းခြင်း ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းတစ်ဝက်နှင့် ယှဉ်လျှင် ဆယ်ပုံပုံလျှင် အနည်းငယ်မျှသာ နိမ့်ကျနေပေသည်။
အကယ်၍သာ ယနေ့ သူ အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိခဲ့ပါက သူ တကယ်ပင် ထိုလူ၏ လက်ထဲသို့ ကျရောက်သွားနိုင်ပေသည်။
"..."
ရှန်းယီ အသက်ရှူနှုန်းကို ညှိလိုက်ပြီး ဘုန်းကြီး၏ ညာဘက်လက်မောင်းကို နောက်ဆုံး ထိုးနှက်ချက်ဖြင့် ပိတ်ဆို့လိုက်သည်။
ကျောင်းနတ်ဆိုးခွန်အား၊ အကြိမ်တစ်ရာ သန့်စင်ပြီး နဂါးမိကျောင်းခန္ဓာကိုယ် နှင့် ကျောက်စိမ်း အဆင့်၏မြင့်မားသော ခန္ဓာကိုယ်သန့်စင်ခြင်း သိုင်းပညာများစွာ၏ထောက်ပံ့မှုများအောက်တွင် သူ အနည်းငယ် ပင်ပန်းနေဆဲ ဖြစ်သည်။
သွေးကြောဖြတ်နဂါးဖမ်းသိုင်းအား အနက်နှင့် အဖြူရောင်များက ပိတ်ဆို့ထားသဖြင့် သက်ရောက်မှု သိပ်မကောင်းလှဘဲ လှုပ်ရှားမှုများကို အနည်းငယ်မျှသာ နှေးကွေးစေသည်။
ပြိုင်ဘက် ထွက်မပြေးနိုင်အောင် တားဆီးရန်အတွက်သာ လုံလောက်ရုံ ရှိပေသည်။
တစ်ခဏအတွင်း သူ၏ဖြောင့်စင်းသော ဓားရှည်ကို ဆွဲထုတ်လိုက်သည်။
လောဘဝံပုလွေနတ်ဆိုးသတ်ဖြတ်ခြင်း ကို အပြည့်အဝ အသက်သွင်းလိုက်ရာ ဓားသည် ချက်ချင်း မည်းနက်သွားပြီး အရောင်အဝါ ကင်းမဲ့ကာ ကျောင်းထိုင်ဆရာတော်၏နှလုံးတည့်တည့်သို့ ထိုးစိုက်လိုက်ရာ အသားထဲသို့ တစ်လက်မခန့် ဝင်ရောက်သွားလေသည်။
ဘုန်းကြီးအိုက လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ပြီး ဓားကို ညှပ်ထားလိုက်သည်။
ဓားထိုးစိုက်ခံရသော ကြွက်သားများ လျင်မြန်စွာ ဖောင်းပွလာပြီး အနက်နှင့် အဖြူရောင် အလင်းများ မူမမှန်စွာလက်ခနဲ ဖြစ်ပေါ်လာကာ ဓားကို တဖြည်းဖြည်းချင်း ပြန်လည် တွန်းထုတ်နေလေသည်။
"ငါ ပြောပြီးပြီလေ၊အမြုတေဖွဲ့စည်းခြင်း အောက်မှာ ငါက ပြိုင်ဘက်ကင်းတယ်လို့"
ကျောင်းထိုင်ဆရာတော်၏မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြုတ်နေပြီး အပြုံးမှာ ကျောချမ်းစရာ ကောင်းလှသည်။
ဓားရှည်ကို နှစ်ပိုင်းကျိုးသွားစေရန် ရည်ရွယ်ချက်ဖြင့် လက်ဝါးနှစ်ဖက်လုံးကို သုံးကာ ဖြည်းညှင်းစွာ အားထည့်လိုက်လေသည်။
ရှန်းယီ၏မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိဘဲ မျက်လုံးထဲတွင် အနီရောင် အရိပ်အယောင်တစ်ခုသာ ပေါ်လာသည်။
မရေမတွက်နိုင်သော အနီရောင်ရင့်ရင့် မရီဒျန်များဖြင့် ဖွဲ့စည်းထားသည့် နေမင်းလောင်ကျွမ်းခြင်း ရတနာမီးပြင်းဖိုမှ ဟိန်းသံပေးလိုက်သည်။
၎င်းသည် တစ်ခဏမျှသာ အသက်ဝင်လာပြီး သူ့ ချီပင်လယ်ထဲတွင် လွှင့်မျှောနေသော ပြင်ပအမြုတေ တိတ်ဆိတ်စွာ နိုးထလာကာ နတ်ဆိုးအရှိန်အဝါများ လျင်မြန်စွာ ထွက်ပေါ်လာသည်။
ယခင်က ထိန်းချုပ်မရဘဲ ပြန့်ကျဲနေခြင်းနှင့် ယှဉ်လျှင် ယခုတစ်ကြိမ်တွင် အတွေ့အကြုံရှိလာသဖြင့် ရှန်းယီ၏လမ်းညွှန်မှုအောက်တွင် သူ့လက်ဝါးမှတဆင့် ဓားရှည်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားလေသည်။
အလွန်ထူးရှားသော အရှိန်အဝါတစ်ခု မည်းနက်သော ဓားသွားပေါ်တွင် ပေါ်လာသည်။
ဗွီ
ဘုန်းကြီးအိုသည် အောက်မှ သူ့ကိုထိုးဖောက်ထားသော ဓားရှည်ကို ငေးကြည့်နေမိသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီစွမ်းအင်များကို ထိန်းချုပ်၍မရဘဲ ဓားထဲသို့ စုပ်ယူခြင်း ခံလိုက်ရလေသည်။
သူ့၏သန်မာသော ခန္ဓာကိုယ် လျင်မြန်စွာညှိုးနွမ်းသွားပြီး ချောမွေ့သော အရေပြားများ တွန့်လိပ်သွားသည်ကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရသည်။
သူ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး တစ်ဖက်လူကို တွန်းထုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ရုတ်တရက် အနီရောင်အလင်းတန်းတစ်ခု ဓားရှည်ပေါ်တွင် ပေါ်လာပြီး သူ့ခန္ဓာကိုယ်အတွင်း ရက်စက်ကြမ်းကြုတ်စွာ သောင်းကျန်းလေတော့သည်။
သူ့ကိုယ်တွင်းအင်္ဂါများ ချက်ချင်းရွှံ့များကဲ့သို့ ပြောင်းလဲသွားပြီးနောက် လုံးဝ ဝါးမျိုခြင်း ခံလိုက်ရလေသည်။
"..."
တပ်မှူး များနှင့် ဒု-စစ်သူကြီးအများအပြားက သူတို့နှစ်ဦး အင်အားချင်း တူညီသည်ဟု မူလက ထင်မှတ်ခဲ့ကြသော်လည်း သခင်ရှန်းအတွက် ကစားရသည်လုံလောက်သွားပုံ ရသည်။
သူ ဓားကို ဆွဲထုတ်ပြီး ဓားချက်တစ်ချက်တည်းဖြင့် ဘုန်းကြီးအိုကို သတ်ဖြတ်လိုက်လေသည်။
"..."
အခြားသူများနှင့် ယှဉ်လျှင် ကျန်းချန်ယွင် ပို၍ ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသော်လည်း သူ၏ခံစားချက်မှာ သိပ်မကွာခြားလှပေ။
ပထမဦးစွာ သူသည် စစ်သူကြီး၏ထူးခြားသော သိုင်းကွက်ဖြစ်သည့် သွေးကြောဖြတ် နဂါးဖမ်းသိုင်းကို အသုံးပြုပြီး ကျောင်းထိုင်ဆရာတော်၏ သွေးကြောများကို အနည်းငယ် ပိတ်ဆို့ခဲ့သည်။
ဤအရာက ရန်သူထွက်ပြေးမည်ကို စိုးရိမ်၍ဖြစ်ပြီး ရှန်းယီက သူ၏ကိုယ်ဖော့ပညာအပေါ် သိပ်ယုံကြည်မှု မရှိကြောင်း ပြသနေသည်။
သာမန်ဟု ထင်ရသော နောက်ဆုံး ဓားချက်မှာမူ တကယ်တော့ စွမ်းအင်များစွာ ကုန်ဆုံးစေသော အန္တရာယ်ရှိသည့် သတ်ကွက်တစ်ခု ဖြစ်ပေသည်။
အမြုတေဖွဲ့စည်းပြီးသော သိုင်းပညာရှင် ဖြစ်သည့် သူကိုယ်တိုင်ပင် ထိုဓားချက်ကို ခံယူရမည်ဆိုလျှင် အားစိုက်ထုတ်မှုအချို့ ပြုလုပ်ရပေလိမ့်မည်။
အခုခေတ် ကျောက်စိမ်းအဆင့်ကျင့်ကြံသူတွေက... တကယ်ကို နားလည်ဖို့ ပိုပိုခက်လာပြီပဲ။
"ချွမ်"
ရှန်းယီ ဓားကို ဆွဲထုတ်လိုက်ပြီး ဓားအိမ်ထဲသို့ ပေါ့ပေါ့ပါးပါး ပြန်ထည့်လိုက်သည်။
သူ လက်လှမ်းပြီး ကော်လာကို ပြန်ပြင်လိုက်ကာ အရေခွံသာ ကျန်တော့သည့် ကျောင်းထိုင်ဆရာတော်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။
မင်းက အမြုတေဖွဲ့စည်းခြင်း အောက်မှာ ပြိုင်ဘက်ကင်းတယ်ပေါ့။ဒါဆို ငါကရော ဘာလဲ။