မင်းကို နာကျင်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို လွတ်မြောက်ခွင့် မပေးနဲ့
Vol. 2 Ch. 16
စုယဲ့နှင့် စကားပြောဆိုပြီးနောက် ကျုံးချင်က မတ်တတ်ရပ်လိုက်ပြီး ရွှီခွမ်းထံသို့ အကြည့်ကျရောက်သွားသည်။
“ရှန်ကျန်းဂိုဏ်း....မူဖူတောင်သခင် ကျုံးချင်...”
ကျုံးချင်သည် စုယဲ့၏လက်ကို ကိုင်ထားပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်၏။
"မူဖူတောင်သခင် ကျုံးချင်....ဟုတ်လား"
ကျုံးချင်၏စကားကို ကြားလိုက်ရချိန်၌ ရွှီခွမ်းသည် အတိတ်ကို ပြန်လည်အမှတ်ရသွားပုံ ပေါ်သည်။ ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲများနှင့် ပွဲကြည့်စင်မှ ကြည့်ရှုသူများသည်လည်း ထပ်တူထပ်မျှပင်။
သိသာထင်ရှားလှသည်မှာ လူတိုင်းက ကျုံးချင်၏အထောက်အထားကို အလွန်စိတ်ဝင်စားနေကြခြင်းဖြစ်သည်။
အချိန်တခဏအကြာတွင် တစ်စုံတစ်ယောက်က ကျုံးချင်၏အထောက်အထားကို သတိရသွားသည်။
"သူက ရှန်ကျန်းဂိုဏ်းရဲ့ အသုံးမကျတဲ့ တောင်သခင်ပဲ... တာအိုပညာရှင်နိုင်းက အပြင်ကနေ ကောက်လာတဲ့ အမှိုက်ကောင်လေ" တစ်စုံတစ်ယောက်က ကျုံးချင်ကို လက်ညှိုးထိုးပြီး အော်ဟစ်ပြောဆိုလိုက်သည်။
ထိုအော်ဟစ်သတိပေးခံရပြီးနောက် လူများအားလုံး အမှတ်ရသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးသည် အရှေ့ပိုင်းဒေသ တစ်ခုတည်းအတွင်း ရှိနေကြသဖြင့် ဂိုဏ်းတစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း အနည်းငယ် နားလည်မှု ရှိကြသည်။
"ဟား ဟား... မင်း ဖြစ်နေတာကိုး အသုံးမကျတဲ့ကောင်"
ရွှီခွမ်းက ချက်ချင်း အေးစက်စွာ ပြုံးလိုက်ပြီး လှောင်ပြောင်လိုက်သည်။
"ဒါပေမယ့် မင်းက ကောလာဟလတွေ ပြောနေသလောက်တော့ အသုံးမကျပုံ မရပါဘူး... ငါ့အစွမ်းရဲ့ ဆယ်ပုံတစ်ပုံကိုတောင် ခံနိုင်ရည် ရှိသားပဲ"
"ဒါပေမယ့် မင်းတို့ ရှန်ကျန်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် ငါ့ကို လေးလေးစားစား ဆက်ဆံရတယ်... မင်းက တောင်သခင်လေးတစ်ယောက်အဆင့်ပဲ ရှိတာ... သူများကိစ္စထဲမှာ ဝင်ပါဖို့ မင်းကို ဘယ်သူက သတ္တိတွေပေးလိုက်တာလဲ"
ရွှီခွမ်းက အော်ဟစ်လိုက်ပြီး သူ၏အသံသည် နက်ရှိုင်းကာ ဖြေရှင်းချက်တောင်းဆိုနေသည်။
ကျုံးချင်သည် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ဤကဲ့သို့ ဖြစ်နေသည်။
စားပွဲထိပ်တွင် ထိုင်နေသော ပျံလွှားဓားဂိုဏ်းဝင်များသည်လည်း လှောင်ပြောင်သော မျက်နှာထားများဖြင့် ရှိနေကြ၏။
ဆံနီမိစ္ဆာအိုကြီးကို လေးစားသောအားဖြင့် ပျံလွှားဓားဂိုဏ်းပင်လျှင် ရွှီခွမ်းကို မျက်နှာသာ ပေးရသည် ဖြစ်ရာ ရှန်ကျန်းဂိုဏ်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
ကျုံးချင်က သူ၏မျက်လုံးများကို ကျဉ်းမြောင်းပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ငါ စိတ်မပြောင်းခင် မင်း လာတဲ့လမ်းအတိုင်း ပြန်သွားဖို့ အကြံပေးချင်တယ်"
"မင်းက တော်တော်လေး သတ္တိကောင်းတာပဲ"
ရွှီခွမ်းသည် အလွန်ဒေါသထွက်နေသဖြင့် အော်ဟစ်ရယ်မောမိလုနီးပါးပင်။
လက်ရှိနေရာတွင်ရှိနေသော လူများအားလုံး ရယ်မောလိုက်ကြပြီး အထူးသဖြင့် ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲသည် လောကကြီးပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသပြက်လုံးကို ကြားလိုက်ရသည့်အလားပင်။
"အရေးမပါတဲ့ မူဖူတောင်ရဲ့ တောင်သခင်က ရွှီခွမ်းကို ဒီလိုစကားမျိုး ပြောရဲတဲ့ သတ္တိ ဘယ်က ရတာလဲ"
"သွေးနတ်ဆိုးရွှီခွမ်းရဲ့ တိုက်ခိုက်မှု ဆယ်ပုံတစ်ပုံကို ခံနိုင်ရည်ရှိရုံနဲ့ သွေးနတ်ဆိုးကို တကယ်ကြီး တိုက်ခိုက်နိုင်မယ်လို့ မင်းက ထင်နေတာလား... တကယ်တိုက်ခိုက်ရမယ်ဆိုရင် ငါတောင် သူ့ကို ယှဉ်နိုင်မယ် မထင်ဘူး"
လူများအားလုံးက ကျုံးချင်ကို လှောင်ပြောင်သောအကြည့်ဖြင့် ကြည့်နေကြသည်။
"ဟေ့ကောင်... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်"
ထိုအချိန်မှာပင် ရွှီခွမ်းက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"ပထမဆုံးအနေနဲ့ ငါလိုချင်တဲ့လူကို မင်းကိုယ်တိုင် ယူလာပေး... ပြီးရင် ငါ့ရဲ့ခြေထောက်ကြားထဲ ဝင်ပြီး မင်းလက်ကို မင်း ဖြတ်လိုက်... ဒါဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်တယ်"
"မဟုတ်ရင် မင်း ယုံချင်ယုံ မယုံချင်နေ... မင်းကို နေရာမှာတင် ငါ သတ်ပစ်မယ်... ပြီးတော့ မင်းရဲ့နောက်က ရှန်ကျန်းဂိုဏ်းက စကားတစ်ခွန်းတောင် ဟရဲမှာ မဟုတ်ဘူး... လက်ဆောင်တွေနဲ့ လာပြီးတော့တောင် လေးလေးစားစား တောင်းပန်ရလိမ့်မယ်"
"ဆူညံလိုက်တာ"
ကျုံးချင်သည် မလှုပ်မယှက်နေနေကာ ရွံရှာသော အမူအယာဖြင့် ရွှီခွမ်းကို လူပြက်တစ်ယောက်ကဲ့သို့ ကြည့်နေသည်။
ကျုံးချင်သည် သူ့ကို လျစ်လျူရှုရဲသေးသည်ကို မြင်တွေ့ချိန်၌ ရွှီခွမ်း၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။
"ကောင်းပြီ ကောင်းပြီလေ... မင်းက အကြောင်းပြချက်ကို နားမထောင်ချင်မှတော့ အကျိုးဆက်ကို ခံစားရမှာပေါ့"
ထိုစကားကိုပြောဆိုရင်း ရွှီခွမ်းသည် သူ၏လက်ကို လှုပ်ခတ်ကာ ထူထပ်သိပ်သည်းသော အနက်ရောင် မြူခိုးများ ပါဝင်သည့် လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ကျုံးချင်ကို လွှမ်းခြုံသွားပြီး ချက်ချင်းနီးကပ်လာသည်။
"အဲ့ဒီကောင် သေပြီ..."
"သူ သေသင့်ပါတယ်... လူတွေ အများကြီးထဲမှာမှ သွေးနတ်ဆိုးကို သွားပြီးရန်စမိတာကိုး"
လက်ရှိနေရာတွင် ရှိနေသူများ အားလုံးက ကျုံးချင် သေတော့မည်ဟု ယုံကြည်နေကြသည်။
သို့သော်...
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်၌ ကျုံးချင်သည် မလှုပ်မယှက် မတ်တတ်ရပ်နေပေ၏။ သူ၏ အဝတ်အစားများ လေထဲတွင် ပျံ့လွင့်နေကာ သူသည် လက်ညှိုးတစ်ချောင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။
ထို့နောက် သူသည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိသတ်သည့်အလား ရွှီခွမ်းကို ဖိနှိပ်လိုက်သည်။
ဤသည်မှာ အဆုံးအဖြတ်ပင်။
ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေပြင်သည် အရောင်ပြောင်းလဲသွားပေ၏။
သွေးနတ်ဆိုး၏ တိုက်ခိုက်မှုသည် မျက်စိတစ်မှိတ်အတွင်း လွယ်လင့်တကူ ကျိုးပျက်သွားပြီး ချေမှုန်းခံလိုက်ရသည်။
"ဘာလဲ"
"မဖြစ်နိုင်ဘူး"
ဤတိုက်ခိုက်မှု၏ ကြီးမားသောစွမ်းအားသည် သွေးနတ်ဆိုး၏ စိတ်ပိုင်းဆိုင်ရ ခုခံမှုကို ဖြိုခွင်းလိုက်သဖြင့် သူ၏မျက်နှာထား သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ပါးစပ်ကိုဖွင့်ဟကာ အော်ဟစ်လိုက်သည်။
"ရပ်လိုက်စမ်း...."
“ငါ့ရဲ့ဆရာက ဆံနီမိစ္ဆာအိုကြီးနော်... မင်း ငါ့ကို သတ်ရင် သူက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး... ရှန်ကျန်းဂိုဏ်းတစ်ဂိုဏ်းလုံး အပါအဝင် မင်းရဲ့ ဆွေမျိုးသားချင်းတွေအားလုံးကို အသက်နဲ့ရင်းပြီး ပေးဆပ်ခိုင်းလိမ့်မယ်...”
သွေးနတ်ဆိုး၏ နောက်ဆုံးခြိမ်းခြောက်မှုကို ရင်ဆိုင်ရသည့်တိုင် ကျုံးချင်သည် မလှုပ်မယှက် ရှိနေဆဲပင်။
ဤလက်ညှိုးတစ်ချောင်းတည်းဖြင့် သွေးနတ်ဆိုးကို စွမ်းအားလှိုင်းတစ်ရပ်က ချက်ချင်းလွှမ်းခြုံသွားသည်။
ထို့နောက် လက်ရှိနေရာတွင် ရှိနေသူအားလုံး အံ့အားသင့်သွားကြသည်မှာ သွေးနတ်ဆိုးသည် လုံးဝအငွေ့ပျံသွားပြီး အသားစတစ်စပင် မကျန်ရစ်တော့ခြင်းဖြစ်သည်။
ရင်ပြင်တွင် ပဲ့တင်ထပ်နေသော သူ၏သေခါနီး အော်သံမှလွဲ၍ သွေးနတ်ဆိုးသည် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေပြီ။
ယခုအချိန်တွင် ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေတော့သည်။
လူများအားလုံးသည် ကျုံးချင်ကို သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ စိုက်ကြည့်နေကြပြီး သူတို့၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
ဒါက...
ဒါက လူတိုင်းပြောနေကြတဲ့ အသုံးမကျတဲ့ တောင်သခင် တကယ်ကြီး ဟုတ်နေတာလား....
ရွှီခွမ်းသည် ချန်ရွှမ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး သူ ကျင့်ကြံထားသော နည်းစနစ်များဖြင့် ချန်ရွှမ်နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းလုနီးပါးပင်။ သူသည် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်ရှိ လူများ၏ လက်မှပင် လွတ်မြောက်ရန် အခွင့်အရေး ရှိသည်။
သို့သော် ထိုစွမ်းအားကိုပင် ကျုံးချင်က လက်ညှိုးတစ်ချောင်းတည်းဖြင့် အားစိုက်ထုတ်ရန်မလိုဘဲ ချေမှုန်းလိုက်သည်။
ခက်ခဲမှုသည် ပုရွက်ဆိတ်တစ်ကောင်ကို ချေမှုန်းသည်ထက် သိပ်မပိုလှပေ။
ဤအချိန်အခိုက်အတန့်တွင် ထေ့ငေါ့သော မှတ်ချက်များကို ပြုလုပ်ခဲ့ကြသူများ လှောင်ပြောင်ပြီး ကျိန်ဆဲခဲ့သူများ အားလုံး ပါးစပ်ပိတ်သွားကြပြီး ကျုံးချင်နှင့် အကြည့်ချင်းပင်မဆုံရဲဘဲ နောက်ဆုတ်သွားကြသည်။
သို့သော်...
ကျုံးချင်သည် သူတို့ကို အလွတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
ဤလူများအနက် အများစုသည် ဟောက်ထျန်း သို့မဟုတ် ရှန်ထျန်းနယ်ပယ် ကျင့်ကြံဆင့်၌သာ ရှိကြသည်။ ကျုံးချင်သည် လက်မြှောက်ရန်ပင် မလိုချေ။ သူ အနည်းငယ်စိုက်ကြည့်လိုက်ရုံဖြင့် ထိုလူများသည် နေရာတွင်ပင် သွေးမြူမှုန်များအဖြစ် ပေါက်ကွဲသွားကြသည်။
ဤသည်မှာ အဆင့်တူ ပြိုင်ဘက်များကို အင်အားသုံးချေမှုန်းခြင်း၏ အကျိုးသက်ရောက်မှုပင်။ အဆင့်တူ သို့မဟုတ် အောက်အဆင့်ရှိ ပြိုင်ဘက်များကို သတ်ဖြတ်ခြင်းသည် မြန်ဆန်လွယ်ကူကာ သူ၏ လှုပ်ရှားမှု တစ်ခုတည်း သို့မဟုတ် အကြည့်တစ်ချက်တည်းသာ လိုအပ်သည်။
ဤမြင်ကွင်းသည် လူအများကို ကြောက်လန့်သွားစေပြီး သူတို့အားလုံး နောက်ဆုတ်သွားကြသည်။
လူများအားလုံး အထင်သေးခဲ့ကြသော မူဖူတောင်သည် အမှန်အားဖြင့် ပြိုင်ဘက်ကင်းပြီး ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
တစ်ချိန်တည်းမှာပင် စော်ကားသော စကားများ မပြောမိခဲ့သည့် လူများကမူ ဝမ်းသာနေကြသည်။
"တပည့်... ဒီနေ့က ငါ မင်းကို သင်ပေးမယ့် ပထမဆုံး သင်ခန်းစာပဲ"
ကျုံးချင်က စုယဲ့ဘက်သို့ လှည့်ကာ ပြောဆိုလိုက်သည်။
"ငါတို့က ကိုယ်ကျင့်တရားနဲ့ မညီတာ ဘာမှမလုပ်ပေမယ့်... ငါတို့ကိုနာကျင်အောင် လုပ်တဲ့ ဘယ်သူ့ကိုမဆို လွတ်မြောက်ခွင့် မပေးရဘူး"
ကျုံးချင်က ရွှီခွမ်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်လိုက်သော နည်းလမ်းကြောင့် စုယဲ့ ကြောင်အသွားသည်။
ထို့နောက် သူသည် ပြောမပြတတ်အောင် စိတ်သက်သာရာ ရသွားမှုကိုလည်း ခံစားလိုက်ရသည်။
စုယဲ့၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာသည်။ ပထမဆုံးအကြိမ်အဖြစ် သူ၏နောက်ကွယ်တွင် ကျောထောက်နောက်ခံ ပေးမည့်သူ ရှိနေခြင်း၏ ခံစားချက်ကို သူ ခံစားလိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် ကျုံးချင် ပြောဆိုသော စကားသည် သူ့အတွက် လောကကြီး၏အမှန်တရား ဖြစ်လာခဲ့သည်။
"ဟုတ်ကဲ့ ဆရာ... ကျွန်တော် နားလည်ပါပြီ"
စုယဲ့က အံတင်းတင်းကြိတ်ပြီး တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်၏။
ကျုံးချင်က စုယဲ့၏ ခေါင်းကို ပုတ်ပေးပြီး စားပွဲထိပ်ရှိ ပျံလွှားဓားဂိုဏ်းကို ကြည့်လိုက်သည်။
ကျုံးချင်၏အကြည့်ကို သတိပြုမိလိုက်သောအခါ ပျံလွှားဓားဂိုဏ်းမှ အကြီးအကဲ အလွန်ကြောက်လန့်သွားသဖြင့် နောက်သို့ ခြေလှမ်းနှစ်လှမ်း အလျင်အမြန် ဆုတ်လိုက်မိသည်။
ပျံလွှားဓားဂိုဏ်း၏ အောက်ခြေအဆင့် အကြီးအကဲတစ်ဦးအနေဖြင့် သူ၏ ကျင့်ကြံခြင်းသည် ချန်ရွှမ်နယ်ပယ် အထွတ်အထိပ်၌သာ ရှိပြီး ရွှီခွမ်းနှင့် တန်းတူဖြစ်သည်။
ကျုံးချင်က ရွှီခွမ်းကို လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်နိုင်သည်ဆိုလျှင် သူ့ကိုလည်း ထိုနည်းတူ သတ်နိုင်မည်ဟု သူ သံသယ မရှိပေ။
ကျုံးချင်သည် သူ့ထံသို့ ချဉ်းကပ်လာသည်ကို မြင်လိုက်ရချိန်၌ သူ မနေနိုင်ဘဲ နောက်ဆုတ်လိုက်မိသည်။ သူ၏မျက်လုံးများ ပြူးကျယ်နေကာ တုန်ရီနေသောအသံဖြင့် စိုးရိမ်ပူပန်တကြီး ပြောဆိုလိုက်၏။
"ခုဏက ခင်ဗျားနဲ့ ရွှီခွမ်းကြား ဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော် ဝင်မပါခဲ့ဘူး... စကားအပိုတချို့ ပြောခဲ့မိပေမယ့် ကျွန်တော်က ပျံလွှားဓားဂိုဏ်းရဲ့ အကြီးအကဲပါ"
"ခင်ဗျား ကျွန်တော့်ကို တစ်ခုခု လုပ်ရင်... ကျွန်တော့်ကို ထိခိုက်အောင် လုပ်ရင် ဒါက ကျွန်တော်တို့ ပျံလွှားဓားဂိုဏ်းကို စစ်ကြေညာတာနဲ့ အတူတူပဲ..."
"ခင်ဗျား ဘာလုပ်နေတာလဲ... ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... အဲ့ဒီမှာ ရပ်လိုက်..."
ထိုစကားကိုပြောဆိုနေရင်း အကြီးအကဲသည် ကြောက်လန့်လွန်းသဖြင့် သေးများပင်ထွက်ကျလာကာ ကျုံးချင်၏ရှေ့တွင် ဒူးထောက်ကျသွားသည်။
လွန်ခဲ့သော အချိန်တခဏက အလွန်မောက်မာခဲ့သော အကြီးအကဲသည် ယခုချိန်၌ ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေခြင်းက လူအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။
ဤလူသည် ယခုလောက်ထိ သူရဲဘောကြောင်လိမ့်မည်ဟု ကျုံးချင် ထင်မှတ်မထားခဲ့ချေ။
သူ၏မျက်နှာပေါ်တွင် အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။
ဤသည်မှာ အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့တတ်သည့် ဂန္ထဝင် ဥပမာတစ်ခုပင်။
ဤအကြီးအကဲသည် ဤမျှထိ ကြောက်လန့်နေခြင်းမှာ အံ့အားသင့်ဖွယ်ရာ မဟုတ်ပေ။ အဓိကအကြောင်းအရင်းမှာ ကျုံးချင်၏ နည်းလမ်းများသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေသောကြောင့်ပင်။
သွေးနတ်ဆိုးကို လက်ညှိုးတစ်ချောင်းတည်းဖြင့် အစအနပျောက်အောင် ရှင်းပစ်လိုက်ရုံသာမက အပိုစကားများပြောခဲ့သော တခြားသူများကိုလည်း လွှတ်ပေးခဲ့ခြင်း မရှိပေ။
အကယ်၍ ကျုံးချင်သာ သူ့ကို အမှန်တကယ် သတ်ဖြတ်လိုပါက သူ၏အထောက်အထားသည် ကျုံးချင်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာလိမ့်မည်ဟု သူ တွေးထင်မထားချေ။ မည်သို့ပင်ဆိုစေကာမူ ကျုံးချင်သည် ဆံနီမိစ္ဆာအိုကြီး၏တပည့် ရွှီခွမ်းကိုပင် သတ်ဖြတ်ပြီးဖြစ်ရာ ပျံလွှားဓား၏ အောက်ခြေအကြီးအကဲတစ်ဦးလောက်ကို မည်သည်ကြောင့် ကြောက်ရွံ့နေမည်နည်း။