← Chapters

နည်းနည်းလေးပဲ ဖုံးကွယ်ထားတာ သေချာရဲ့လား.... အများကြီး ဖုံးကွယ်ထားတာ မဟုတ်ဘူးလား

Vol. 2 Ch. 20

နည်းနည်းလေးပဲ ဖုံးကွယ်ထားတာ သေချာရဲ့လား.... အများကြီး ဖုံးကွယ်ထားတာ မဟုတ်ဘူးလား

Vol. 2 Ch. 20

ကျုံးချင်တွင် ဤဆင်ခြေပေးရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။

ထိုစကားကို ကြားလိုက်ရသောအချိန်၌ ရွှမ်ယွမ်ဟုန်၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။ သူသည် ကျုံးချင်ကို တံတောင်ဖြင့် တွက်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြောဆိုလိုက်၏။

"ဒါက မင်းရဲ့ကျင့်ကြံဆင့်ကို နည်းနည်းလေး ဖုံးကွယ်ထားတာလို့ ခေါ်တာလား....နည်းနည်းလေးပဲ ဆိုတာ သေချာရဲ့လား...အများကြီးဖုံးကွယ်ထားတာ မဟုတ်ဘူးလား"

ကျုံးချင်က သူ၏နှာခေါင်းကို ထပ်မံ၍ ပွတ်သပ်လိုက်မိသည်။

လွန်ခဲ့သော တစ်လအတွင်းမှ အဆင့်တိုးလာခြင်း ဖြစ်ကြောင်း အမှန်အတိုင်း ပြော၍မရသဖြင့် သူသည် စကားလမ်းကြောင်း အလျင်အမြန်လွှဲလိုက်၏။

"ကဲပါ ဂိုဏ်းချုပ်... ဆံနီမိစ္ဆာအိုကြီး သေသွားပြီဆိုတော့ ဒီရှုပ်ထွေးနေတာတွေကို အမြန် ရှင်းလင်းလိုက်ပါအုံး"

အမှန်တကယ်ကိုပင်....

ဆံနီမိစ္ဆာအိုကြီး၏ဓားချက်နှင့် ကျုံးချင်၏ လက်ညှိုးတိုက်ခိုက်မှုကြောင့် ရှန်ကျန်းပင်မတောင်ထိပ်သည် လုံးဝနီးပါး ပျက်စီးသွားလေပြီ။

ဤနေရာ၌ ရှင်းလင်းစရာ အရှုပ်အထွေးများ အမြောက်အများ ရှိနေသည်မှာ အမှန်ပင်။

ထို့ကြောင့် ရွှမ်ယွမ်ဟုန်သည် သူ၏လူများကို ဦးဆောင်ကာ အရှုပ်အထွေးများကို ရှင်းလင်းရန်နှင့် ဒဏ်ရာရ တပည့်အချို့ကို ကုသပေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။

ကျုံးချင်သည် ဒဏ်ရာရတပည့်အချို့ကို ကူညီ၍ကုသပေးပြီးနောက် မူဖူတောင်သို့ ပြန်လာခဲ့သည်။

နေ့ဝက်ကြာပြီးနောက်....

အရှုပ်အထွေးများကို ရှင်းလင်းပြီးနောက်တွင် ရွှမ်ယွမ်ဟုန်သည် ကျန်းမာရေး ကောင်းမွန်ကာ တောက်ပသော အသွင်အပြင်ဖြင့် စားပွဲထိပ်တွင် ထိုင်နေသည်။

သူ၏အောက်တွင် တခြားအကြီးအကဲများနှင့် တောင်သခင်များလည်း ထိုင်နေကြသည်။

လူများအားလုံး၏မျက်နှာများပေါ်တွင် ပျော်ရွှင်မှုနှင့်စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ရှိနေဆဲပင်။

လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ သခင်တစ်ဦးဖြစ်သော ဆံနီမိစ္ဆာအိုကြီးကဲ့သို့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးပင်လျှင် သူတို့၏ ရှန်ကျန်းဂိုဏ်းတွင် လက်ညှိုးတစ်ချောင်းတည်းဖြင့် အသတ်ခံလိုက်ရသည်။ ယခုချိန်၌ သူတို့ ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ အိပ်မက်တစ်ခုအလားပင်။

"ဟား ဟား ဟား ဟား..."

ရုတ်တရက် ရွှမ်ယွမ်ဟုန်က ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။

အခြားသူများ၏ မျက်နှာပေါ်တွင်လည်း ဖုံးကွယ်မထားနိုင်သော အပြုံးများ ရှိနေသည်။

ရှန်ကျန်းဂိုဏ်းသည် မည်သည်ကြောင့် အရှေ့ပိုင်းဒေသတွင် ဒုတိယတန်းစား အင်အားစုသာ ဖြစ်နေခဲ့သလော ..

သူတို့ဂိုဏ်းတွင်လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ တစ်ယောက်မှ မရှိသောကြောင့် မဟုတ်လော....

ယခုချိန်၌ ကျုံးချင် ရှိနေပြီဖြစ်သောကြောင့် သူတို့၏ရှန်ကျန်းဂိုဏ်းသည် ပထမတန်းစား အင်အားစုအဖြစ် စာရင်းဝင်ဖို့ဆိုတာ အချိန်အနည်းငယ်သာ လိုတော့သည်။

"အားလုံးပဲ... ငါ့မှာ မင်းတို့နဲ့ ဆွေးနွေးစရာ နောက်ထပ်ကိစ္စတစ်ခု ရှိသေးတယ်"

ထိုအချိန်မှာပင် ရွှမ်ယွမ်ဟုန်က ထပ်မံ၍ ပြောဆိုလိုက်သည်။

"မင်းတို့ အားလုံး သိကြတဲ့အတိုင်း အရင်ဂိုဏ်းချုပ်က လျှို့ဝှက်နယ်မြေတစ်ခုထဲမှာ တစ်ကြိမ်သုံး အဆောင်လက်ဖွဲ့တစ်ခု ရရှိခဲ့ဖူးတယ်"

"အဲ့ဒီအဆောင်လက်ဖွဲ့ထဲမှာ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခု ပါဝင်တယ်"

"ဒါပေမယ့် ဒါက တစ်ကြိမ်သုံး အဆောင်လက်ဖွဲ့ ဖြစ်တဲ့အတွက် ဖွင့်လိုက်တာနဲ့ သူ့အလိုလို ပျက်စီးသွားလိမ့်မယ်..... ဒါကြောင့် ငါတို့ ဂိုဏ်းမှာ အစစ်အမှန်ပါရမီရှင် တပည့်တစ်ယောက် ထွက်ပေါ်လာတဲ့အချိန်ကျမှ ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ကို ပေးအပ်မယ်လို့ ဂိုဏ်းကလူတွေအားလုံး တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်"

"အခု ဒီပါရမီရှင် တပည့် ထွက်ပေါ်လာပြီဆိုတော့ ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ကို ကျုံးချင်ဆီ ချက်ချင်းပေးအပ်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်....ကန့်ကွက်မယ့်သူ ရှိလား"

ရွှမ်ယွမ်ဟုန်က စားပွဲထိပ်တွင် မတ်တတ်ရပ်ပြီး လူများအားလုံးကို ကြည့်လိုက်၏။

"ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် သဘောတူပါတယ်"

"ဟုတ်ပါတယ်....ကျွန်တော်လည်း သဘောတူတယ်"

“ကျုံးချင်က ငယ်ငယ်လေးနဲ့ ဆံနီမိစ္ဆာအိုကြီးကို ချက်ချင်းသတ်နိုင်ခဲ့တယ်....ဒီဘုရင်အဆင့် နည်းစနစ်ကိုသာ သူ့ကို ပေးလိုက်ရင် ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားမှာပါ.... ဒါကြောင့် ကျုံးချင်ထက် ဒီဘုရင်အဆင့် နည်းစနစ်နဲ့ ပိုပြီးသင့်တော်တဲ့သူ မရှိဘူး”

အချိန်တခဏအကြာတွင်..

လက်ရှိနေရာတွင် ရှိနေသူများအားလုံး သူတို့၏ သဘောထားများကို ထုတ်ဖော်ပြောဆိုကြသည်။

မည်သူမျှ မကန့်ကွက်ကြပေ။

"ကောင်းပြီလေ...."

ရွှမ်ယွမ်ဟုန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် ပြောဆိုလိုက်၏။

"နောက်ကျရင် ငါက မူဖူတောင်ကို သွားပြီး ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ်ကို ကျုံးချင်ဆီ သွားပေးလိုက်မယ်..."

တစ်ချိန်တည်းမှာပင် မူဖူတောင်၌....

ပျော်ရွှင်သော အခြေအနေတစ်ရပ် လွှမ်းခြုံနေသည်။

"ဆရာ... ဆရာ... ကျွန်တော် ချန်ရွှမ်နယ်ပယ်ကို ရောက်သွားပြီ"

လင်းဖုန်းက ပျော်ရွှင်သော မျက်နှာထားဖြင့် ကျုံးချင်အား သတင်းကောင်းကို ဝေမျှလိုက်သည်။

လင်းဖုန်း၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်လိုက်ရချိန်၌ ကျုံးချင်သည် ဤကိစ္စကို သိပြီးသား ဖြစ်သော်လည်း ပြုံးလိုက်ကာ သူ့အတွက် ဝမ်းသာပေးလိုက်သည်။

အကြောင်းအရင်းမှာ လင်းဖုန်း ချန်ရွှမ်နယ်ပယ်သို့ ရောက်ရှိသွားချိန်၌ သူသည်လည်း လမင်းနက်နဲသိမ်မွေ့နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့သောကြောင့်ပင်။

"တပည့်... အရမ်းကောင်းတယ် ဆက်ပြီး ကြိုးစားပါ"

ကျုံးချင်က သူ၏ခေါင်းကို ပုတ်ပြီး အားပေးလိုက်သည်။

"ဟုတ်ကဲ့ ဆရာ"

"တပည့်ရဲ့ အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးအတွက် ဆရာ့ကို ထပ်ပြီးတော့ ကျေးဇူးတင်စကား ပြောချင်တယ်"

လင်းဖုန်းသည် အလွန်ဝမ်းသာသွားပြီး မျက်ရည်များကျလာကာ မြေပြင်ပေါ်တွင် ရိုသေလေးစားစွာ ဒူးထောက်၍ အရိုအသေပြုလိုက်သည်။

တစ်လကျော်အချိန်ကာလအတွင်း သူသည် သုညမှ ချန်ရွှမ်နယ်ပယ်သို့ ရောက်ရှိနိုင်ခဲ့သည်။ ယခုချိန်၌ သူ ပြန်တွေးကြည့်ချိန်တွင် ဤသည်မှာ အိပ်မက်တစ်ခုအလားပင်။

ယခင်ကဆိုလျှင် ဤကဲ့သို့ ကိစ္စမျိုးကို သူ အိပ်မက်ပင် မက်ဝံ့ခြင်း မရှိတော့ချေ။

လက်စွပ်နယ်မြေထဲရှိ အကြီးအကဲကျန်းသည် ဝမ်းသာမျက်ရည်များ စီးကျလုနီးပါး ဖြစ်နေပြီး လင်းဖုန်းအတွက် အမှန်တကယ် ပျော်ရွှင်နေသည်။

အကယ်၍ လင်းဖုန်းသာ ကျုံးချင်၏ တပည့် ဖြစ်မလာခဲ့လျှင် ယခုအချိန်တွင် သူ မည်သို့ ဖြစ်နေမည်ကို မည်သူမျှ မသိနိုင်ပေ။

တစ်ချိန်တည်းမှာပင် စုယဲ့သည်လည်း ရှန်ထျန်းနယ်ပယ်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သတင်းကောင်း ယူလာခဲ့သည်။

ဆရာနှင့်တပည့်များ အဆင့်တက်ခြင်းအတွက် ပျော်ရွှင်နေကြစဉ် ဝေးကွာသော မိုးကုပ်စက်ဝိုင်းဆီမှ အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။

ကျုံးချင်က မော့ကြည့်လိုက်ရာ ဂိုဏ်းအစည်းအဝေး ပြီးဆုံးကာ ရောက်ရှိလာသော ရွှမ်ယွမ်ဟုန်ကို တွေ့လိုက်ရသည်။

"ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်"

ကျုံးချင် မတ်တတ်ရပ်ပြီး ဦးညွှတ်အရိုအသေပြုလိုက်၏။

သူ၏နောက်တွင် ရှိနေသော လင်းဖုန်းကလည်း ဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

"ငါက မူဖူတောင်ကို မရောက်တာ ကြာပြီပဲ"

ရွှမ်ယွမ်ဟုန်က ပတ်ဝန်းကျင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ပြောဆိုလိုက်သည်။

"မင်းရဲ့ မူဖူတောင်က စိတ်ဝိညာဉ်စွမ်းအင်တွေ ဘာလို့ ဒီလောက်ထိ ပေါများနေရတာလဲ....ငါ့ရဲ့ ရှန်ကျန်းပင်မတောင်ထိပ်က စိတ်ဝိညာဉ်စွမ်းအင်တွေထက်တောင် ပိုများနေသေးတယ်"

"တပည့်တွေ နည်းတော့ စုပ်ယူမှု နည်းပြီး အချိန်ကြာလာတာနဲ့အမျှ သိပ်သည်းလာလို့ ဖြစ်မယ်"

ကျုံးချင်က အပြုံးနှင့် ပြောဆိုသည်။

ဟုတ်လို့လား....

ရွှမ်ယွမ်ဟုန်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ဤနေရာရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပေါများရုံထက် ပိုလျှံနေပုံရသည်။

သို့ရာတွင် ယခုထက်ပို၍အရေးကြီးသော ကိစ္စအတွက် ရောက်လာခြင်း ဖြစ်ကြောင်း သတိရလိုက်သဖြင့် ရွှမ်ယွမ်ဟုန်သည် သိပ်မစဉ်းစားတော့ဘဲ ခြံဝင်းထဲသို့ ကျုံးချင်နောက်မှရလိုက်သွားလိုက်သည်။

နွေဦးရာသီ ရောက်လာပြီဖြစ်၍ ကျုံးချင်သည် မီးဖိုကို ဂိုဒေါင်ထဲသို့ ပြန်ပို့လိုက်ပြီး ဝါးစားပွဲနှင့် ကုလားထိုင်များဖြင့် အစားထိုးထားသည်။

"ဂိုဏ်းချုပ် ထိုင်ပါအုံး"

ကျုံးချင်က အပြုံးနှင့် ပြောဆိုလိုက်၏။

"ကောင်းပြီ....ကောင်းပြီလေ...."

ရွှမ်ယွမ်ဟုန်သည် အားနာမနေဘဲ သူ၏နံဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ကို လျှို့ဝှက်ဆန်းကြယ်သော အမူအယာဖြင့် စတင်၍လှည့်လိုက်သည်။

"အဟွတ်....အဟွတ်....အဟွတ်"

သူသည် အပြုံးဖြင့် ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုသည်။

"ကျုံးချင်... ငါက မင်းကို အရမ်းကောင်းတဲ့ အကျိုးခံစားခွင့်တစ်ခု လာပေးတာပဲ"

"အမ်.. "

ကျုံးချင်က လက်ဖက်ရည် ဖျော်နေရင်း ရပ်တန့်သွားသည်။

သူသည် ရွှမ်ယွမ်ဟုန်၏စကားကို စိတ်ဝင်စားသွားသည်မှာ သိသာထင်ရှားလှ၏။

"ဟီး ဟီး... ဒီအကျိုးခံစားခွင့်က ဘာလဲဆိုတာ မင်း ခန့်မှန်းကြည့်စမ်း"

ရွှမ်ယွမ်ဟုန်သည် ကျုံးချင်ကို စိတ်လှုပ်ရှားအောင် မလုပ်ဘဲ မနေနိုင်တော့ချေ။

ကျုံးချင်က ခေါင်းခါယမ်းလိုက်၏။

ရွှမ်ယွမ်ဟုန်က ကျုံးချင်ဘက်သို့ တိုးကပ်လာပြီး တီးတိုးပြောဆိုလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က အရင်ဂိုဏ်းချုပ်နဲ့ အကြီးအကဲတချို့ လျှို့ဝှက်နယ်မြေတစ်ခုကို သွားရောက် ရှာဖွေခဲ့ကြတယ်..... သူတို့က လျှို့ဝှက်နယ်မြေထဲကနေ ပစ္စည်းတစ်ခုကို ပြန်ယူလာဖို့ ကြီးမားတဲ့ ပေးဆပ်မှုတွေ လုပ်ခဲ့ရတယ်"

"ဒီပစ္စည်းက တစ်ကြိမ်သုံး ပစ္စည်းဖြစ်တဲ့အတွက် အနာဂတ်မှာ ပါရမီရှင် တပည့်တစ်ယောက်ကို ပေးအပ်ဖို့ ဂိုဏ်းက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်"

"ဒါပေမယ့် ပါရမီရှင် တပည့်တစ်ယောက် ဖြစ်လာဖို့ဆိုတာ သိပ်မလွယ်ကူဘူး... ဒီလိုလူမျိုးကိုတွေ့ဖို့ စောင့်ဆိုင်းခဲ့ရတာ နှစ်တစ်ရာကျော် ကြာခဲ့ပြီ"

"အခု ငါတို့ရဲ့ ရှန်ကျန်းဂိုဏ်းမှာ မင်း ထွက်ပေါ်လာပြီဆိုတော့ ဒီအခွင့်အရေးကို ရယူနိုင်မယ့်သူက မင်းတစ်ယောက်တည်းပဲ ရှိတယ်"

ရွှမ်ယွမ်ဟုန်က တည်ကြည်လေးနက်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

ရွှမ်ယွမ်ဟုန်၏စကားများကို ကြားလိုက်ရချိန်တွင် ကျုံးချင်က ချက်ချင်းဆိုသလိုပင် စူးစမ်းချင်စိတ်များ ပြင်းပြလာသည်။

"ဂိုဏ်းချုပ်...အဲ့ဒီအကျိုးခံစားခွင့်က ဘာများလဲဆိုတာ သိခွင့်ရမလား"

ကျုံးချင်က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

ရွှမ်ယွမ်ဟုန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်ကို လှည့်ကာ ရှေးဟောင်းအရှိန်အဝါတစ်ရပ် ထွက်ပေါ်နေသော အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူလိုက်သည်။

"ဒါက တစ်ကြိမ်သုံးအဆောင်လက်ဖွဲ့ပဲ.... ဒီအထဲမှာ ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်တစ်ခု ပါဝင်တယ်"

"ဟား ဟား ဟား... ဘယ်လိုလဲ မင်း စိတ်လှုပ်ရှားသွားပြီလား .....ဒါက ဘုရင်အဆင့် ကျင့်ကြံနည်းစနစ်နော်... ငါတို့ အရှေ့ပိုင်းဒေသက မြင့်မြတ်နယ်မြေတွေမှာတောင် ဒီအဆင့်ရှိတဲ့ နည်းစနစ်မျိုး ပုံမှန်အနေနဲ့ဆိုရင် မရှိကြဘူး"

"မင်းရဲ့ ပါရမီက ထူးခြားပေမယ့် လိုက်ဖက်ညီတဲ့ အထူးကျင့်ကြံနည်းစနစ် လိုအပ်နေအုံးမှာပဲ.....အခု မင်းမှာ ဒီဘုရင်အဆင့် ကျင့်ကြံနည်းစနစ် ရှိသွားပြီဆိုတော့ တကယ့်ကို ကျားကို အတောင်ပံ တပ်ပေးလိုက်သလို ဖြစ်သွားပြီပေါ့"

"ကဲ ဘယ်လိုလဲ... ဒီနေ့ ငါပေးတဲ့ ကျင့်ကြံနည်းစနစ်က မင်းကို အချိန်ကိုက် ကူညီမှုတစ်ခု ဖြစ်သွားပြီ မဟုတ်လား"

All Chapters