← Chapters

ပါးစပ်ကိုပိတ်ထား

Vol. 3 Ch. 34

ပါးစပ်ကိုပိတ်ထား

Vol. 3 Ch. 34

အနက်ရောင်ကားအတွင်းရှိ လေထုအခြေအနေက အလွန်အေးစက်ကာ တိတ်ဆိတ်နေခဲ့သည်။

ချန်းရှို့ကိုယ်တိုင်ပင် လက်ရှိအခြေအနေအား နားမလည်ပေ။သို့သော်လည်း ထိုအကြောင်းကိုနားလည်သည့် ဝမ်အန်းသည်ကား နဖူးနှင့်နောက်ကျောပြင်၌ အေးစက်သောချွေးများ စီးကျလာခဲ့သည်။

"ငါတို့သုံးယောက်တည်းနဲ့ တကယ်လုံလောက်ပြီလား..."သို့သော်လည်း ဝမ်အန်းသည် ထိုအကြောင်းကိုစဉ်းစားပြီးနောက် စကားထပ်မပြောတော့ပေ။အကယ်၍ ကျောက်မိသားစုကသာ လွယ်လွယ်ကူကူအရှုံးမပေးပါက အခြားနည်းလမ်းများကိုသာ အသုံးပြုနိုင်ပေသည်။

"အင်း..."

ယဲ့ပိုင်သည် ကားပြတင်းပေါက်မှန်ကိုအောက်ချလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်ကာ သဘောတူသည့်အမူအရာဖြင့် တိုးတိုးလေးညည်းတွားလိုက်သည်။

လမ်းမပေါ်ရှိရှုခင်းများက ပြောင်းလဲခြင်းမရှိပေ။သို့သော်လည်း လမ်းပေါ်သွားလာနေကြသူများသည် Qမြို့တော်တစ်ခုလုံးအား လွှမ်းခြုံထားသည့် သတ်ဖြတ်လိုစိတ်များအား မမြင်တွေ့နိုင်ကြပေ။

ဟူး...

ဝမ်အန်းက အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ကာ တုန်တုန်ယင်ယင်ဖြင့် ယဲ့ပိုင်ကိုကြည့်လိုက်မိသည်။ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏မျက်နှာပေါ်၌ မည်သည့်ထူးခြားသောအရိပ်အယောင်မှ မတွေ့ခဲ့ပေ။ယဲ့ပိုင်၏နက်နဲသောမျက်လုံးများက နောက်ထပ်ဘာဆက်ဖြစ်မည်ကို စိုးရိမ်နေခြင်းမရှိသကဲ့သို့ တည်ငြိမ်နေပေသည်။

သခင်က ဘယ်တုံးကမှ မမှားခဲ့ဘူး...

ထိုအခိုက်အတန့်တွင် ဝမ်အန်း၏နှလုံးသားက ရုတ်တရက်တင်းမာလာခဲ့သည်။

"ချန်းရှို့...မောင်းတော့..."

ဝမ်အန်းက အမိန့်ပေးလိုက်သည်။

"ကောင်းပါပြီ..."

ချန်းရှို့သည် ဤကိစ္စနှင့်ပတ်သက်၍ နားမလည်နိုင်ဖြစ်နေသော်လည်း ဝမ်အန်း၏အမိန့်ကို ဖောက်ဖျက်ရန် သတ္တိမရှိပေ။

ကားစထွက်လာချိန်တွင် ဝမ်အန်းသည် သူ၏လက်ကိုင်ဖုန်းကိုထုတ်ယူလိုက်ကာ နံပါတ်တစ်ခုအား အမြန်ခေါ်ဆိုလိုက်ပြီး ဖုန်းဝင်သွားသည်နှင့် ရိုးရိုးရှင်းရှင်းသာ အမိန့်ပေးလိုက်သည်။

"ထွက်သွားတော့..."

ထို့နောက် ဖုန်းချလိုက်ကာ ခရီးသည်ထိုင်ခုံတွင်ထိုင်၍ မျက်တောင်တစ်ချက်မခတ်ဘဲ ရှေ့ကိုသာစိုက်ကြည့်နေခဲ့သည်။

ကားသည် ဆက်လက်ရွေ့လျားနေချိန်တွင် ဝမ်အန်း၏စကားတစ်ခွန်းကြောင့် Qမြို့တော်တစ်ခုလုံး လျင်မြန်စွာပြောင်းလဲနေခဲ့သည်။

မူလက မရေမတွက်နိုင်သောလူများသည် Qမြို့တော်သို့ အရူးအမူးပြေးလာနေကြသည်။ထိုအခိုက်အတန့်တွင် လမ်းမပေါ်လမ်းလျှောက်နေသူဖြစ်စေ ၊ ဟိုတယ်၌အနားယူနေသူဖြစ်စေ ၊ လမ်းဘေး၌ရပ်ထားသောကားပေါ်၌ထိုင်နေသူဖြစ်စေ သူတို့၏မိုဘိုင်းဖုန်းပေါ်မှ စာတိုတစ်စောင်ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုစာသားမက်ဆေခ်ျ့ကို တွေ့မြင်ပြီးနောက်တွင် ထိုလူများက ချက်ချင်းတုံ့ဆိုင်းသွားခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။အစမှအဆုံးတိုင်အောင် သူတို့၏မျက်နှာအမူအရာများသည် ပြောင်းလဲခြင်းလုံးဝမရှိခဲ့သလို စာသားမက်ဆေ့ခ်ျ၏အကြောင်းအရာနှင့် ပတ်သက်၍ လုံးဝသံသယမရှိကြပေ။

ထိုလူများထွက်ခွာသွားပြီးနောက်တွင် ရွှေခေတ်ဟိုတယ်ကိုစောင့်ကြပ်နေသော ဝတ်စုံနက်များကလည်း ၃မိနစ်အတွင်း ထွက်ခွာသွားခဲ့ကြသည်။

...

ငါးမိနစ်ခန့်ကြာပြီးနောက်...

ရွှေခေတ်ဟိုတယ်၏ဝင်ပေါက်တွင်...

ငွေဖြူရောင် Land rover တစ်စီးသည် ကြောက်မက်ဖွယ်ကောင်းလောက်သည့် လေတိုးသံနှင့်အတူ ရပ်တန့်လာခဲ့သည်။

ကားအတွင်း၌ သက်လက်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နှင့် သက်တော်စောင့်၃ယောက်ရှိနေခဲ့သည်။အမျိုးသားသည် ဟိုတယ်အပြင်ဘက်၌ ကားရပ်ထားခြင်းမရှိကြောင်း တွေ့ရှိလိုက်ရချိန်တွင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ထို့ပြင် ဟိုတယ်တံခါးဝ၌ လုံခြုံရေးအစောင့်များရှိမနေကြောင်း တွေ့ရှိလိုက်ရသည့်အချိန်တွင် ပို၍ပင်မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒီကောင်က ငါ့ကိုတကယ်ကြီးလိမ်နေတာလား..."

ပတ်ဝန်းကျင်သည် အလွန်လုံခြုံကြောင်း အတည်ပြုပြီးနောက်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားက လေသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။

ထို့နောက်တွင် သူသည်လက်ကိုင်ဖုန်းကိုထုတ်ယူကာ အမြန်ဆုံးဖုန်းခေါ်လိုက်သည်။

"အသုံးမကျတဲ့ကောင်...မင်းဒုက္ခရောက်နေတယ်လို့ မင်းပြောတာမဟုတ်ဘူးလား...ဒီမှာဘာလို့အရမ်းတိတ်ဆိတ်နေရတာလဲ...မင်းပြောတဲ့ဝတ်စုံနက်တွေမပြောနဲ့ ဧည့်သည်တောင်တစ်ယောက်လေးမှမတွေ့ရဘူး...မင်းငါ့ကိုပြောစမ်း...မင်းမူးယစ်ဆေးတွေသုံးထားတာလား..."

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ပါးစပ်မှနေ၍ တံတွေးထွက်ကျလုမတတ် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

ထိုသက်လတ်ပိုင်းအရွယ်လူသည် သခင်လေးဝူ၏အဖေဖြစ်သည်။

သူသည် သားဖြစ်သူအား လုံးဝမယုံကြည်သော်လည်း ယခုတစ်ကြိမ်တွင် ယုံကြည်ရန်ရွေးချယ်လိုက်သည်။ထို့ပြင် သခင်လေးဝူ၏လုံခြုံရေးအတွက် သက်တော်စောင့်အချို့ကိုပါ ခေါ်ယူလာခဲ့သည်။

သို့သော်လည်း ဟိုတယ်ပတ်ဝန်းကျင်သည် အလွန်လုံခြုံကြောင်း အတည်ပြုပြီးနောက် ဒေါသအကြီးအကျယ်ထွက်သွားခဲ့ရသည်။

"အဖေ...မင်းတကယ်ရောက်လာပြီလား...ငါ့ကိုကယ်ပါအုံး...ငါကဟိုတယ်ရဲ့ပဉ္စမထပ် ၊ အခန်း၅၀၈မှာရှိတယ်"

သခင်လေးဝူ၏အသံသည် လွန်စွာမှသနားစရာကောင်းနေခဲ့သည်။

သခင်လေးဝူသည် အဖေဖြစ်သူ၏စကားကို လုံးလုံးနားမလည်ခဲ့ပုံရသည်။သို့သော်လည်း အားကိုးတကြီးအကူအညီတောင်းခံနေသည့် သူ၏လေသံတွင် အဆုံးမရှိသောအကြောက်တရားများက ကြီးစိုးခြယ်လှယ်နေကြောင်း တွေ့မြင်နိုင်ပေသည်။

"သေနာကောင်..."

သက်လတ်ပိုင်းအရွယ်အမျိုးသား၏ မျက်နှာသည်ရှုံ့မဲ့သွားကာ လေသံတိုးတိုးဖြင့်ကျိန်ဆဲလိုက်သည်။

ထို့နောက်ချက်ချင်းပင်ဖုန်းချလိုက်ကာ သက်တော်စောင့်၃ယောက်အား လှမ်းကြည့်လိုက်သည်။

"မင်းတို့တွေ အခန်းနံပါတ်၅၀၈ကိုသွား...အဲ့ဒီကအမှိုက်ကောင်ကို ငါ့ရှေ့ခေါ်လာခဲ့"

သူ၏အသံသည် လုံးဝယဉ်ကျေးခြင်းမရှိပေ။

သက်တော်စောင့်၃ယောက်သည် ထူးခြားသည့်အမူအရာကို မပြသဘဲ ခေါင်းညိတ်ပြလိုက်ကြသည်။

"ကောင်းပြီ သူဌေး"

ထို့နောက်သူတို့၃ယောက်သည် ဟိုတယ်ထဲသို့ဝင်သွားကြပြီး အခန်း၅၀၈သို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားခဲ့ကြသည်။သူတို့သည် အခန်းတွင်းသို့ဝင်ရောက်လိုက်သည့်အချိန်တွင် ရေချိုးသုတ်ပဝါကိုပတ်၍ ဗီရိုတွင်းပုန်းအောင်းနေသည့် သခင်လေးဝူကိုတွေ့လိုက်ရသည်။ဗီရိုတွင်းပုန်းအောင်းနေသည့် သခင်လေးဝူသည် ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေခဲ့သည်။

သက်တော်စောင့်များသည် သခင်လေးဝူ၏ အခြေအနေကိုကြည့်ရင်း ထိတ်လန့်သွားခဲ့ကြသည်။သူတို့ရှေ့တွင် အမြဲတစေမောက်မာပြနေသည့် သခင်လေးဝူသည် ယခုအချိန်တွင် ရယ်ရွှင်ဖွယ် အခြေအနေသို့ ရောက်ရှိနေခဲ့သည်မဟုတ်လား...

အထူးသဖြင့် နောက်အခိုက်အတန့်တွင် သက်တော်စောင့်၃ယောက်အား တွေ့မြင်ပြီးနောက် သခင်လေးဝူသည် သူတို့အားနှင်ထုတ်ခြင်းမပြုခဲ့ပေ။ထို့အစား ဗီရိုတွင်းမှချက်ချင်းခုန်ထွက်လိုက်ရာ သူ၏ခန္ဓာကိုယ်ကိုပတ်ထားသော မျက်နှာသုတ်ပဝါသည် အောက်သို့ကျဆင်းသွားပြီး သူ၏ညီငယ်လေးကို ဆက်လက်ဖုံးကွယ်မထားနိုင်ခဲ့ပေ။သို့သော်လည်း သခင်လေးဝူသည် ထိုသို့ဖြစ်နေသည်ကိုပင်ဂရုမစိုက်အားဘဲ အဖေအလုပ်မှပြန်လာသည်ကိုမြင်သော ကလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်သည်။

"မြန်မြန်လေးငါ့ကိုလာခေါ်ကြ...ငါဒီငရဲကနေ ထွက်သွားချင်နေပြီ"

သက်တော်စောင့်၃ယောက်သည် ဤအခြေအနေသို့ရောက်ရှိနေသော သခင်လေးဝူကို Land roverကားထဲသို့ မည်သို့ခေါ်ဆောင်ရမည်ကို မစဉ်းစားတတ်တော့ပေ။

သို့သော်လည်း Land rover ကားဆီသို့ရောက်သောအခါတွင် သူတို့သူဌေးမျက်နှာသည် ပြင်းထန်စွာရှုံ့မဲ့သွားကြောင်း သူတို့အားလုံး ရှင်းရှင်းလင်းလင်းခံစားမိလိုက်ကြသည်။

"အဖေ...မင်းအရမ်းတော်တယ်...မင်းသာငါ့ကိုကယ်တင်ဖို့လူမလွှတ်လိုက်ရင် ငါရူးသွားမှာသေချာတယ်...မနေ့ညကဘယ်လောက်ထိကြောက်စရာကောင်းတယ်ဆိုတာ မင်းမသိသေးဘူး...ဟိုတယ်အပြင်ဘက်မှာ ဝတ်စုံနက်တွေနဲ့ပြည့်နှက်နေတယ်...သူတို့ကလူတွေကို အရူးအမူးသတ်ဖြတ်နေကြပြီး နေရာအနှံ့သွေးတွေစွန်းထင်းနေတယ်"

သက်တော်စောင့်နှစ်ယောက်သည် သခင်လေးဝူအား ကြားညှပ်၍ခေါ်ဆောင်လာခြင်းဖြစ်သည်။

သူသည် ရေချိုးတဘက်ကို ပတ်ထားဆဲဖြစ်ကာ စကားပြောနေစဉ်တွင် လက်ဟန်အမူအရာဖြင့် ပြောဆိုနေခဲ့သည်။သခင်လေးဝူသည် အကြောက်တရားများပျောက်ကွယ်သွားပြီးနောက်တွင် စိတ်လှုပ်ရှားမှုများက အစားထိုးရောက်ရှိလာခဲ့သည်။

"ရှေးဟောင်းဝတ်စုံကိုဝတ်ထားတဲ့ လူငယ်လေးက အရမ်းကိုထူးဆန်းတယ်...သူ့ရဲ့မူလပုံစံက ထင်သလောက်မရိုးရှင်းဘူး...အဖေ ငါတို့သူနဲ့ဆက်ဆံရေးတစ်ခုတည်ထောင်ဖို့ အခွင့်ကောင်းတစ်ခုရှာရမယ်...သူကကျောက်မိသားစုကိုတောင် ဆန့်ကျင့်ရဲတဲ့တည်ရှိမှုပဲ..."

သခင်လေးဝူသည် ယဲ့ပိုင်၏တည်ရှိမှုကိုတွေးတောရင်း တက်ကြွစွာဖြင့် ဖခင်ဖြစ်သူကို စည်းရုံးနေခဲ့သည်။

"ဒီတစ်ခါတော့ ငါတော်တော်လေးပြဿနာတက်သွားတာပဲ...အတတ်နိုင်ဆုံးအဲကောင်လေးနဲ့ နီးစပ်အောင်လုပ်ဆောင်ရမယ်"

သခင်လေးဝူက လေးနက်တည်ကြည်သောအမူအရာဖြင့် သူ့ကိုယ်သူတိုးတိုးလေးပြောလိုက်သည်။

"အဖေ...ကျောက်မိသားစုကိုမသွားနဲ့တော့...သူတို့ကငါတို့ကိုလျစ်လျူရှုထားတာပဲမဟုတ်လား...ဒီတစ်ခါတော့အဖေယုံပေးရမယ်...အဲ့လူငယ်ကအရမ်းကိုအစွမ်းထက်တယ်...မနေ့ကဆို သူ့လူတွေကကျောက်မိသားစုကလူတွေအားလုံးကို အလဲထိုးအနိုင်ယူခဲ့တယ်..."

အန္တာရယ်တွင်းမှ အောင်အောင်မြင်မြင်လွတ်မြောက်လာခဲ့သည့် သခင်လေးဝူသည် ဆက်တိုက်ဆိုသလိုပြောဆိုနေခဲ့သည်။သူသည် သက်လတ်ပိုင်းအရွယ်အမျိုးသားဖြစ်သူ၏ မကျေနပ်မှုများကို လုံးဝသတိမထားမိခဲ့ပေ။

ထို့နောက်တွင် ထိတ်လန့်မှုကြောင့်ဖျော့တော့နေသော သူ၏အသားအရေသည် တဖြည်းဖြည်းပြန်၍နီးမြန်းကာ အခြေအနေကောင်းမွန်လာခဲ့သည်။သခင်လေးဝူသည် ယဲ့ပိုင်အကြောင်းကိုစကားစမိချိန်တိုင်း သူ၏မျက်နှာ၌ဂုဏ်ယူဝင့်ကြွားသည့် အမူအရာများဖြစ်ပေါ်လာကာ ယုံကြည်မှုရှိလာခဲ့သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် သားဖြစ်သူ၏စကားကို ဆက်လက်နားထောင်ရင်း မျက်နှာအမူအရာဆိုးဝါးလာခဲ့သည်။နာရီဝက်ခန့်ကြာပြီးနောက်တွင် သူ၏မျက်နှာက ကျောက်မီးသွေးလို့မည်းနက်သွားခဲ့သည်။

"မကြာခင်...ငါကိုယ်တိုင် ကျောက်မိသားစုစံအိမ်ကိုသွားမယ်...သခင်လေးတစ်ယောက်အနေနဲ့ အဲ့ကောင်ရဲ့အဝတ်အစားတွေကိုအမြန်လဲပြီး သင့်တော်အောင်လုပ်ထား...ငါတို့ကျောက်မိသားစုကိုရောက်တဲ့အချိန်က အဲ့ကောင်ကအရူးတစ်ယောက်လို ပေါက်ကရတွေလျှောက်လုပ်နေမှာကို ငါလုံးဝမမြင်ချင်ဘူး"

သက်လတ်ပိုင်းအရွယ်လူက အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။

သက်တော်စောင့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က သခင်လေးဝူ၏ပါးစပ်ကို သတ္တိရှိရှိဖြင့် ပိတ်ဆို့ထားလိုက်သည်။

အခြားတစ်ယောက်က သူ၏ရေချိုးတဘက်ကိုချွတ်လိုက်ကာ တောက်ပြောင်သည့်အဝတ်အစားများကို ဝတ်ဆင်ပေးလိုက်သည်။

ကားအတွင်းဖြစ်ပေါ်နေသော မြင်ကွင်းသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အမြင်မတော်ခဲ့ပေ။

သူ့ပါးစပ်ဖုံးအုပ်ခံလိုက်ရပြီး အဝတ်အစားများကို ဝတ်ဆင်ခိုင်းလိုက်ချိန်တွင် ကား၏နောက်ခန်းအလယ်၌ ထိုင်နေသောသခင်လေးဝူသည် ကားပြတင်းပေါက်မှတဆင့် တောက်ပသည့်အနက်ရောင်ကားတစ်စီး ဖြည်းညင်းစွာရပ်တန့်လိုက်သည်ကို သတိထားမိလိုက်သည်။ထို့နောက် ဝတ်စုံနက်ဝတ်ဆင်ထားသူတစ်ယောက်က ကားပေါ်မှဆင်းလာကာ ကားနောက်ခန်းတံခါးကို လေးလေးစားစားအမူအရာဖြင့် ဖွင့်လိုက်သည်။ထို့နောက်တွင် အနက်ရောင်ဆံပင်ရှည်နှင့်ရှေးဟောင်းဝတ်စုံဝတ် လူငယ်လေးသည် ကားပေါ်မှ ဖြည်းညင်းစွာထွက်လာခဲ့သည်။

သူနှင့်လွန်စွာရင်းနှီးကျွမ်းဝင်နေသူအား တွေ့မြင်လိုက်ရချိန်တွင် သခင်လေးဝူ၏မျက်လုံးများက ပေါက်ကွဲလုမတတ်ဖြစ်သွားခဲ့သည်။သူသည် ပါးစပ်မှနေ၍အော်ဟစ်လိုက်ချင်သော်လည်း သူ၏ပါးစပ်ကို သက်တော်စောင့်ကပိတ်ဆို့ထား၍ ဝူးဝူးဝါးဝါးအသံကိုသာ ထုတ်ဖော်နိုင်ခဲ့သည်။

သူသည် စကားပြောရန်အသည်းအသန်ကြိုးစားလိုက်ရာ သူ၏လည်ပင်း၌ အပြာရောင်သွေးပြန်ကြောများက ဖြစ်ပေါ်လာခဲ့သည်။သက်တော်စောင့်သည် သခင်လေးဝူ၏အပြုအမူကို ခံစားမိလိုက်ချိန်တွင် ပါးစပ်ကိုဖုံးအုပ်ထားသည့် သူ၏လက်ကိုပို၍ပင်အားထည့်လိုက်တော့သည်။

All Chapters