လာကြပြီ
Vol. 3 Ch. 36
ခြေသုံးချောင်းနဂါးစံအိမ်တော်...
ကျောက်ပိုင်ရှန်၏ သလင်းကျောက်ခေါင်းတလားထားရှိရာ ဧည့်ခန်းကို တံခါးပိတ်ထားပြီး မည်သည့်ဧည့်သည်မှ ဂါဝရပြုခြင်းကို လက်မခံသေးပေ။
ကျောက်ချန်စွင်သည် မှုန်မှိုင်းသည့်အမူအရာဖြင့် ထိုင်ခုံပေါ်၌ ထိုင်နေခဲ့သည်။
သူ၏ရှေ့တည့်တည့်တွင် ဝတ်စုံနက်ဝတ်ဆင်ထားသည့် ထိပ်ပြောင်တစ်ယောက်သည် သူ၏ဦးခေါင်းအား မြေကြီးနှင့်ထိလုမတတ်ဦးညွတ်ထားပြီး မည်သည့်လှုပ်ရှားမှုမျိုးမှ မပြုလုပ်ဝံ့ပေ။
"မနေ့ညက တိုက်ခိုက်ရေးအစီအစဉ်တွေအားလုံး ကျရှုံးသွားတယ်လို့ မင်းပြောလိုက်တာလား"
ကျောက်ချန်စွင်၏အသံသည် အေးစက်တင်းမာနေကာ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်အား ဖော်ထုတ်နေခဲ့သည်။
ထိပ်ပြောင်နေသောလူသည် ပြင်းထန်စွာတုန်ရီသွားခဲ့ပြီး သူ၏ပြောင်နေသောနဖူးပေါ်မှ ချွေးများစီးကျလာကာ မဝံ့မရဲပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့...မစ္စတာကျောက်...အစီအစဉ်အားလုံးကျရှုံးသွားခဲ့ပါတယ်...ညဘက်တိုက်ခိုက်မှုတွေပါ သေနတ်တွေကိုပါထုတ်သုံးခဲ့ပေမဲ့ အသုံးမဝင်ခဲ့ဘူး...တစ်ဖက်ရန်သူတွေအားလုံးကို အထူးလေ့ကျင့်မှုပြုလုပ်ပေးထားပြီး အရမ်းကိုသန်မာကြတယ်"
"မင်းဘာလို့ ပိုပြီးအားကောင်းတဲ့လက်နက်တွေ မသုံးတာလဲ"
ကျောက်ချန်စွင်က အော်ဟစ်လိုက်သည်။
"မစ္စတာကျောက်...ဒါကQမြို့တော်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ပိုင်နက်ပါ...အဲလိုသာလုပ်လိုက်ရင် နောက်ဆက်တွဲပြဿနာတွေက ဖြေရှင်းဖို့မလွယ်ကူမှာကို ငါစိုးရိမ်မိတယ်"
ထိပ်ပြောင်သည် သူ၏ချွေးထွက်နေသောလက်နှစ်ဖက်ကို တိတ်တိတ်လေးပွတ်သပ်ရင်း ပြောလိုက်သည်။
ဘန်း...
ကျောက်ချန်စွင်သည် ရှေ့စားပွဲကို ပြင်းပြင်းထန်ထန်ရိုက်ချလိုက်ရာ ထိပ်ပြောင်လူသည် ထိတ်လန့်တကြားနောက်ဆုတ်မိလိုက်သည်။
"မင်းဘယ်လောက်ပဲအားထုတ်ရပါစေ...ဘယ်လောက်ပဲအကုန်အကျများပါစေ....ရှေးဟောင်းဝတ်စုံဝတ်ထားတဲ့ကောင်လေးရယ်...သူ့ဘေးနားကအဘိုးကြီးရယ်ကို သတ်ဖြတ်ပစ်ရမယ်ဆိုတာ မြဲမြဲမှတ်ထား..."
ကျောက်ချန်စွင်သည် ထိုသို့ပြောဆိုလိုက်ပြီးနောက်တွင် အေးစက်သောအငွေ့အသက်များက အခန်းတစ်ခုလုံးအား ဖုံးလွှမ်းသွားခဲ့တော့သည်။
"ဒါပေမဲ့...မစ္စတာကျောက်...ခုကမိုးလင်းနေပြီလေ"
ထိပ်ပြောင်အမျိုးသားက ချွေးစေးများဖြင့်ပြောင်နေသော သူ၏နဖူးထိပ်ကို လက်ဖြင့်ပွတ်သပ်ရင်း မဝံ့မရဲပြောလိုက်သည်။
ကျောက်ချန်စွန်၏မျက်လုံးများက ထိုအခိုက်အတန့်တွင် သွေးကဲ့သို့ရဲရဲနီနေခဲ့သည်။မနေ့က လျှို့ဝှက်အိမ်လေးအတွင်း၌ ကျောက်ပိုင်ရှန်နှင့် စကားစမြည်ပြောဆိုပြီးနောက်တွင် သူ၏ကြောက်စိတ်ကို သူကိုယ်တိုင်သတိပြုမိခဲ့သည်။ယခုတစ်ကြိမ်တွင် သူတို့အနိုင်မရခဲ့ပါက ကျောက်မိသားစု၏ပိုင်ဆိုင်မှုအားလုံးသည် ပျောက်ကွယ်သွားမည်မှာသေချာပေသည်။
သို့သော်လည်း အလောင်းအစားပြုလုပ်ခြင်းအောင်မြင်ပါက အရာအားလုံးကို ကယ်တင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့်သူသည် ကျောက်ပိုင်ရှန်၏ဆန္ဒကိုမနာခံဘဲ လျှို့ဝှက်စွာလှုပ်ရှားရန် ဆုံးဖြတ်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌လူတိုင်းသည် ကျောက်ပိုင်ရှန်သေဆုံးသွားပြီဟု ယူဆနေကြပြီဖြစ်ရာ ကျောက်မိသားစုအားထိန်းချုပ်မှုအလုံးစုံသည် ကျောက်ချန်စွင်၏လက်ထဲ၌ ရှိနေပြီဖြစ်သည်။
"မိုးလင်းတော့ဘာဖြစ်လဲ...မင်းခုချက်ချင်းရနိုင်သမျှ အင်အားတွေအကုန်စုပြီးတော့ အောင်မြင်အောင်လုပ်စမ်း"
ကျောက်ချန်စွင်က တိုးတိုးလေးပြောလိုက်သည်။
ထိပ်ပြောင်လူသည် ယခုအချိန်၌ မည်သို့ဆက်လုပ်ရမည်ကို နားလည်သွားခဲ့ပြီဖြစ်သည်။သူသည် ကျောက်ချန်စွင်၏ အေးစက်သည့်အကြည့်များကို သတိပြုမိသွားချိန်တွင် နောက်ထပ်အဓိပ္ပါယ်မဲ့စကားများကို မပြောဝံ့တော့ပေ။
"ဟုတ်ကဲ့ပါ မစ္စတာကျောက်"
ထိပ်ပြောင်လူသည် လေးလေးစားစားဖြင့် သဘောတူရုံသာတတ်နိုင်ခဲ့သည်။
ထို့နောက်သူသည် ဧည့်ခန်းတွင်းမှနေ၍ ဂရုတစိုက်ထွက်ခွာလာခဲ့ကာ လက်ကိုင်ဖုန်းအားထုတ်၍ နံပါတ်အချို့ကိုနှိပ်ကာ အမြန်ခေါ်ဆိုလိုက်သည်။
ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားချိန်တွင် Qမြို့တော်တစ်ခုလုံး ချက်ချင်းပင်ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
Qမြို့တော် ၊ ဗျူရိုဌာန
"အဓိကရုဏ်းနှိမ်နင်းရေးအဖွဲ့တွေကို အမြန်ဆုံးစေလွှတ်လိုက်...ဒီနေ့တော့အကြီးစားဖြိုခွင်းမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရမယ်...စာရွက်စာတမ်းမရှိဘဲ နိုင်ငံပြင်ပကနေ လာရောက်တဲ့ဘယ်သူမဆို စုံစမ်းစစ်ဆေးခံရမယ်...ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ဘယ်သူ့ကိုမဆို ချက်ချင်းဖမ်းဆီးရမယ်...ခုခံတိုက်ခိုက်မှုတွေကိုဖြေရှင်းဖို့ ရဲအင်အားနဲ့လုပ်ပိုင်ခွင့်ကိုပေးအပ်တယ်...အသက်အန္တာရယ်ကြုံတွေ့ရမယ့်ကိစ္စမျိုးနဲ့ကြုံတွေ့ရရင် ပစ်မိန့်ပေးထားတယ်"
"အထူးသဖြင့် အဖြူရောင်ဝတ်စံရှည်ကိုဝတ်ဆင်ထားတဲ့ အမျိုးသားကိုတွေ့ရင် တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး ဖမ်းဆီးရမယ်"
"နားလည်ကြပြီလား..."
"အဖွဲ့တစ်က အဆင်သင့်ဖြစ်နေပြီ...ချက်ချင်းစေလွှတ်တော့..."
"အဖွဲ့၃အဆင်သင့်ဖြစ်ပြီ...ရှေ့ကိုသွား...သွား"
ဆယ်မိနစ်မပြည့်မှီအချိန်လေးတွင် Qမြို့တော်ရှိလမ်းမများပေါ်၌ ပိတ်ဆို့စစ်ဆေးမှုများ အဆက်မပြတ်ဖြစ်ပေါ်နေခဲ့သည်။
တရားဥပေဒေစိုးမိုးရေးအဖွဲ့သည် လမ်းမပေါ်၌ မသကာင်္သူများကို အဓိကတာဝန်ယူရှင်းလင်းသွားမည်ဖြစ်ကာ Qမြို့တော်၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဤမစ်ရှင်၌ ထည့်သွင်းအသုံးပြုခဲ့ပေသည်။
"တောခွေးတပ်ဖွဲ့...ခုချက်ချင်းဖွဲ့စည်းပုံပြင်လိုက်...ဒီနေ့မစ်ရှင်တစ်ခုရှိတယ်"
"အဖွဲ့Aအဆင်သင့်ဖြစ်ပြီ...ကျေးဇူးပြုပြီးအမိန့်ပေးပါ"
"အဖွဲ့B အဆင်သင့်ဖြစ်ပြီ...ကျေးဇူးပြုပြီးအမိန့်ပေးပါ"
"အဖွဲ့C အဆင်သင့်..."
တောခွေးတပ်ဖွဲ့သည် တရုတ်နိုင်ငံ၏တရားဝင်လက်နက်ကိုင် အထူးတပ်ဖွဲ့ဖြစ်သည်။တပ်သားတိုင်းသည် ကောင်းစွာလေ့ကျင့်ပေးခံထားရသည့် အထူးတပ်သားများဖြစ်သည်။သူတို့သည် ဖွဲ့စည်းပုံပြင်ဆင်ပြီးချိန်တွင် သပ်သပ်ရပ်ရပ်စီတန်းရပ်နေကြပြီး စက်သေနတ်များပါး လက်ထဲတွင်ကိုင်ဆောင်ထားကြကာ သူတို့၏ဘေး၌ သံချပ်ကာကားများကို ရပ်ထားပေသည်။
ခုချက်ချင်း ကျောက်မိသားစုရဲ့လုံခြုံမှုကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ကိုစေလွှတ်လိုက်...ဒါ့အပြင်Qမြို့တော်ထဲရောက်နေတဲ့ ဝတ်စုံနက်အဖွဲ့တွေကိုကိုင်တွယ်ဖို့ တရားဥပဒေစိုးမိုးရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ပါ"
"အမိန့်ကိုရရှိပါပြီ"
"လျှို့ဝှက်ပြီးလုပ်ဆောင်ရမယ့် ကိစ္စတစ်ခုရှိသေးတယ်...ဒီမစ်ရှင်ကိုသတင်းပေါက်ကြားခွင့်မပေးနိုင်ဘူး...ဖောက်ဖျက်ကျူးလွန်သူကို စစ်ဥပဒေနဲ့အရေးယူမယ်...အဖြူရောင်ဝတ်စုံရှည်ကိုဝတ်ထားတဲ့ လူငယ်တစ်ယောက်ကိုတွေ့ရင် ချက်ချင်းဖမ်းဆီးရမယ်...သူကပူးပေါင်းဆောင်ရွက်လိုစိတ်မရှိရင် တိုက်ရိုက်ပစ်သတ်လို့ရတယ်"
"နားလည်ပါပြီ..."
အနက် ၊ အဖြူ ၊ မီးခိုး
ကျောက်မိသားစုနှင့်ပတ်သက်သော တပ်ဖွဲ့များအားလုံးသည် လျင်မြန်စွာစတင်လှုပ်ရှားလာကြသည်။
အဆုံးမရှိသောပိုင်ဆိုင်မှုများဖြင့် တရုတ်နိုင်ငံ၏ သြဇာအာဏာအရှိဆုံးမိသားစုများအနက်မှတစ်ခုအနေဖြင့် ကျောက်မိသားစုသည် အဆိုပါတပ်ဖွဲ့များအား အချိန်တိုအတွင်း စုစည်းနိုင်ခဲ့ခြင်းမှာ အံ့သြစရာမဟုတ်ပေ။သို့သော်လည်း ကျောက်မိသားစုမှစုစည်းထားသောသူများသည် ယခုအချိန်ထိ သူတို့မည်သူနှင့်ရင်ဆိုင်ရမည်အား မသိရှိသေးသည်မှာ သနားစဖွယ်ဖြစ်သည်။
ဝှီး...
ထိုအခိုက်အတန့်တွင် Qမြို့တော်၏အထက်လေထု၌ ရဟတ်ယာဉ်တစ်စင်းသည် အလျားလိုက်ပျံသန်းနေခဲ့ကာ Qမြို့တော်တစ်ခုလုံးအား စူးစမ်းရှာဖွေနေခဲ့သည်။
လမ်းမပေါ်နှင့် လမ်းကြိုလမ်းကြားပါမကျန် နေရာတိုင်းလိုလိုပင် တရားဥပဒေစိုးမိုးရေးအဖွဲ့မှ ပြသထားသည့်စွမ်းအားသည် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှပေသည်။
လမ်းမပေါ်တွင် သံချပ်ကာယာဉ်များက ကြီးကျယ်ခမ်းနားစွာဖြင့် မောင်းထွက်သွားကြပြီး ၎င်းတို့၏လမ်းကြောင်းပေါ်ရှိနေသော လူများသည် သတ်ဖြတ်မခံရစေရန် ထွက်ပြေးကြရသည်။
ဤအခိုက်အတန့်တွင် Qမြို့တော်၏မြို့သူမြို့သားများသည် ပုံမှန်မဟုတ်သောအခြေအနေကို ခံစားခဲ့ရသောကြောင့် အများစုမှာ အိမ်တွင်း၌ပုန်းအောင်းနေကြပြီး အိမ်ပြင်သို့ပင် မထွက်ရဲကြတော့ပေ။
"မစ္စတာကျောက်...ငါကကျောက်မိသားစုနဲ့မိတ်ဖွဲ့ထားတဲ့ တပ်ဖွဲ့တွေအားလုံးကို ငါအကြောင်းကြားပြီးသွားပြီ...သူတို့အားလုံးစပြီးတော့လှုပ်ရှားနေကြပြီ...မင်းရဲ့ညွန်ကြားချက်အရဆိုရင် အဖြူရောင်ဝတ်စုံရှည်ကိုဝတ်ထားတဲ့သူကိုတွေ့တာနဲ့ သူတို့ချက်ချင်းသတ်ဖြတ်ဖို့ကြိုးစားကြလိမ့်မယ်"
ထိပ်ပြောင်လူသည် ခြေသုံးချောင်းနဂါးစံအိမ်၏ ဧည့်ခန်းတွင်းသို့ပြန်ရောက်လာပြီးနောက် ကျောက်ချန်စွင်အား လေးလေးစားစားပြောဆိုလိုက်သည်။
"အရမ်းကောင်းတယ်...မင်းဒီကိစ္စအတွက် ဘယ်လောက်ပဲပေးဆပ်ရပါစေ...သူ့ကိုသတ်ဖြတ်ဖို့ကြိုးစားရမယ်ဆိုတာ သတိရထားပါ...မင်းလုံးဝအမှားမလုပ်မိစေနဲ့"
ကျောက်ချန်စွင်သည် Qမြို့တော်၏လက်ရှိအခြေအနေကို အာရုံစိုက်နေခဲ့သည်။သူသည် ဧည့်ခန်းအလယ်၌ရပ်နေစဉ် လေထုထဲ၌ပျံသန်းနေသော ရဟတ်ယာဉ်၏ပန်ကာသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"နားလည်ပါပြီ..."
ထိပ်ပြောင်လူက ခေါင်းညိတ်၍ပြောလိုက်သည်။
ထိပ်ပြောင်လူ၏နဖူးပေါ်၌ ချွေးအေးများစိုရွဲနေခဲ့သည်။
ထိုအဖြူရောင်ဝတ်စုံရှည်ဝတ်ဆင်ထားသူသည် မည်သူမည်ဝါဖြစ်ပြီး ကျောက်မိသားစုက သူ့အားဤမျှမုန်းတီးနေရလောက်သည်ထိ မည်သည့်ကိစ္စကိုပြုလုပ်ခဲ့ကြောင်း လျှို့ဝှက်စွာတွေးတောနေခဲ့သည်။မနေ့ညကဆိုလျှင် ကျောက်မိသားစု၏တိုက်ခိုက်မှုမျိုးစုံသည် တစ်ဖက်လူထံကျရှုံးခဲ့ရပြီးနောက် ကျောက်မိသားစုက တစ်ဖက်လူသေဆုံးစေရန် အကြွင်းမဲ့အာဏာကို အသုံးပြုလာခဲ့သည်။
တူ...တူ
ထိပ်ပြောင်သည် ယဲ့ပိုင်အတွက် စိတ်မကောင်းဖြစ်နေသည့်အချိန်တွင် သူ၏အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းသည် ပြင်းထန်စွာတုန်ခါလာခဲ့သည်။
သူသည် ဖုန်းဖြေရန်အပြင်ထွက်လိုသော်လည်း ကျောက်ချန်စွင်က လှမ်းပြောလိုက်သည်။
"ဒီမှာပဲဖြေလိုက်..."
"ကောင်းပါပြီ..."
ထိပ်ပြောင်သည် အပိုစကားမပြောဝံ့တော့ဘဲ သူ၏ဆဲလ်ဖုန်းအားထုတ်ယူကာ ခေါ်ဆိုသူ၏အမည်ကိုတစ်ချက်ကြည့်လိုက်မိသည်။ထို့နောက်သူသည် မျက်မှောင်ကြုတ်၍ ဖုန်းပြန်ဖြေလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
"ဘောစ့်...ငါအဲ့လူနှစ်ယောက်ကိုတွေ့ခဲ့ပြီ...တစ်ယောက်ကအဖြူရောင်ဝတ်စုံရှည်ကိုဝတ်ထားပြီး အခြားတစ်ယောက်ကတော့ အစိမ်းရောင်စစ်ဝတ်စုံနဲ့ ချည်သားအင်္ကျီကိုဝတ်ထားတဲ့အဘိုးကြီးပဲ...သူတို့ကခုကျောက်စံအိမ်တော်ကို လာနေကြပြီ"
တစ်ဖက်မှလူက စိတ်ရှုပ်ထွေးနေသည့်လေသံဖြင့် လျင်မြန်စွာဖြေလိုက်သည်။
"ဘာပြောတယ်..."
ထိုစကားကိုကြားချိန်တွင် ထိပ်ပြောင်၏မျက်လုံးများက ချက်ချင်းတောက်ပလာခဲ့ကာ သူ၏ခန္ဓာကိုယ်က ချက်ချင်းပင်တုန်လှုပ်သွားခဲ့သည်။
"ဘာဖြစ်တာလဲ..."
ကျောက်ချန်စွင်သည် တစ်ခုခုမှားယွင်းနေကြောင်း ခံစားမိလိုက်၍ လေသံတိုးတိုးဖြင့် ဖြေလိုက်သည်။
ထိပ်ပြောင်လူသည် ကျောက်ချန်စွင်ကိုကြည့်၍ အမြန်ပြန်ဖြေလိုက်သည်။
"မစ္စတာကျောက်...ငါတို့ထောက်လှမ်းရေးအဖွဲ့ရဲ့အဆိုအရ အဲ့လူနှစ်ယောက်ကိုရှာတွေ့ခဲ့ပြီလို့ပြောကြတယ်...ခုဆိုရင်သူတို့က ဒီစံအိမ်တော်ဆီဦးတည်လာနေကြပြီ...သူတို့မကြာခင်ရောက်တော့မယ်"
ထိပ်ပြောင်သည် နောက်ဆုံးစကားကိုပြောအပြီးတွင် အံကြိတ်လုနီးနီးဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုလူနှစ်ယောက်ကိုသာ ခြေသုံးချောင်းနဂါးစံအိမ်ထံ ခြေချခွင့်ပြုလိုက်ပါက ကျောက်ချန်စွင်က သူ့အားအမှုန့်ချေပစ်မှာ သေချာသလောက်ဖြစ်နေ၍ဖြစ်သည်။
သူသည် ကျောက်ချန်စွင်ကအပြစ်တင်မည်ကို စိုးရိမ်သောကြောင့် ခေါင်းငုံ့ထားကာ အပေါ်သို့လုံးဝမော့မကြည့်ဝံ့ပေ။
"ဘာပြောတယ်..."
သို့သော်လည်း ထိုစကားကိုကြားပြီးနောက်တွင် ကျောက်ချန်စွင်၏မျက်နှာပေါ်ရှိကြွက်သားများသည် အကြောင်းတစ်စုံတစ်ရာကြောင့် လှုပ်ခါသွားခဲ့ကာ သူ့နှလုံးသားထဲ၌ ကြီးမားသည့်ကြောက်ရွံ့မှုတစ်ခုကို ခံစားလိုက်ရသည်။ဤသည်မှာ အန္တာရယ်များလှသည့်ကိစ္စများကို နှစ်ပေါင်းများစွာဖြတ်ကျော်လာခဲ့သော လူတစ်ယောက်၏ ပင်ကိုယ်အသိစိတ်ပင်ဖြစ်သည်။