သတ်....
Vol. 3 Ch. 38
ထွက်သွားခိုင်းတာလား...
ဝတ်စုံနက်ဝတ်ဆင်ထားသူသည် အံ့သြမှင်သက်သွားခဲ့သည်။
ဘေးနားမှ ကြည့်ရှုနေသူများက ပို၍ပင်မထီမဲ့မြင်လုပ်ဆောင်လာခဲ့ကြသည်။သို့သော်လည်း မကြာမှီပြပွဲကောင်းတစ်ခု ကြည့်ရတော့မည်ဖြစ်သည့်အတွက် သူတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။
သခင်လေးဝူ၏အဖေသည် နောက်ကွယ်မှနေ၍ ထိုမြင်ကွင်းကိုကြည့်၍ သူ၏အပြုံးက ပိုမိုပီပြင်လာခဲ့သည်။
သူသည် ပြဿနာတက်အောင်လှုံ့ဆော်ပေးနေသော ဝတ်စုံနက်၏အထောက်အထားကို မှတ်မိလိုက်သည့်အတွက် သူ့ဘေးနားရှိသက်တော်စောင့်ကို ပြုံး၍ပြောလိုက်သည်။
"ဒီလူဟာ Qမြို့တော်ရဲ့ဒုတိယညီနောင်ပဲ...သူ့နာမည်အရင်းကိုဘယ်သူမှမသိကြပေမဲ့ လူတွေကသူ့ကို ဟွမ်အာလို့ခေါ်ကြတယ်...အရင်တုံးကဆိုရင် ငါတို့အဖွဲ့ရဲ့စက်ရုံသစ်ဆောက်ဖို့ အဆောက်အဦးဖြိုဖျက်တဲ့နေရာမှာ ပြဿနာမဖြစ်ရအောင် သူ့လူတွေကိုဦးဆောင်ပေးခဲ့တယ်...အဲ့တုံးကဆိုရင် လူတော်တော်များများရဲခြေထောက်တွေရိုက်ချိုးခံလိုက်ရပြီး တချို့ကသေသွားခဲ့တယ်...သူကအစွမ်းရှိတဲ့လူတစ်ယောက်ပဲ"
"အိုး...သူကဟွမ်အာလား..."
သူ့ဘေးနားရှိသက်တော်စောင့်က အနည်းငယ်အံ့သြသွားပုံရသည်။
"အင်း...ငါလည်းသူ့နာမည်ကိုကြားဖူးတယ်...သူကQမြို့တော်မှာအရမ်းကိုနာမည်ကြီးတယ်...သူကမာနအရမ်းကြီးလို့ လူသိများတယ်"
နောက်ထပ်သက်တော်စောင့်တစ်ယောက်က ဝင်ပြောလိုက်သည်။
"ဟားဟားဟား...ငါဘယ်သူလဲဆိုတာကို မင်းသိရဲ့လား...ကျောက်မိသားစုကတောင်မှ ငါဆိုတဲ့ဟွမ်အာကို မျက်နှာသာအချို့ပေးရလိမ့်မယ်...တကယ်လို့ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲရောက်လာရင်တောင် ငါ့ကိုဒီလိုပြောရဲမှာမဟုတ်ဘူး...Qမြို့တော်က ရာနဲ့ချီတဲ့အင်အားစုတွေက ဒီဖေဖေရဲ့လွှမ်းမိုးမှုအောက်မှာရှိတယ်...တကယ်လို့ဒီဖေဖေက ဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ မင်းတို့တွေနက်ဖြန်နေထွက်တာကို မတွေ့ရတော့ဘူးဆိုတာ ယုံကြလား"
ဟွမ်အာ၏လေသံတွင် မာနကြီးပြီး လွှမ်းမိုးနိုင်သည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။
ဝမ်အန်း၏ပါးစပ်ထောင့်စွန်းသည် အကြိမ်အနည်းငယ်လှုပ်ခါသွားခဲ့သည်။သူသည် ဒဏ္ဍာရီဆန်သောခွန်းလွန်တောင်၏ အင်မော်တယ်အကြီးအကဲဖြစ်ပေသည်။သူသည် တစ်နှစ်ပတ်လုံး ခွန်းလွန်တောင်ပေါ်ရှိ သက်ရှည်ဘုရားကျောင်း၌ နေထိုင်ချိန်တွင် မည်သူကမှ သူ့အားထိုသို့စကားမျိုးမပြောရဲကြပေ။ယခုမူ ဤလူက သူ့အားယခုလို လာရောက်ပြောဆိုနေခဲ့သည်။
မကြာသေးခင်က ကျောက်ခွန်ဆိုသည့်ကောင်လေးတစ်ယောက်ရှိခဲ့ပြီး ယခုလည်းထိုသို့လူမျိုး ထပ်မံပေါ်ပေါက်လာသည်လား...
ထို့ပြင် သူသည် မြေအောက်လောကမှ အထွတ်အထိပ်အင်အားစုတစ်ခု၏ အမြင့်မြတ်ဆုံးအရှင်သခင်ဖြစ်သည်ဟူသော လူသိမခံနိုင်သည့် အထောက်အထားတစ်ခုရှိနေသေးသည်။
သို့ဖြစ်ရာ ယခုဟွမ်အာ၏စကားကိုကြားချိန်၌ သူဒေါသထွက်ရမည်လား...ရယ်ရမည်မလား မသဲကွဲတော့ပေ။
"သွားကြမယ်..."
ဝမ်အန်းက ချေပပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း ယဲ့ပိုင်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့် ပေါ့ပေါ့တန်တန်စကားတစ်ခွန်း ဆိုလိုက်သည်။ထိုစကားကိုကြားချိန်၌ ဝမ်အန်း၏ဒေါသများက ချက်ချင်းပင်ပျောက်ကွယ်သွားခဲ့သည်။
ငါတောင်အသက်တော်တော်ကြီးလာပြီဘဲ...ခုလိုအချိန်မျိုးမှာ ငြိမ်ငြိမ်လေးနေလိုက်တာ အကောင်းဆုံးဖြစ်လိမ့်မယ်...ဒီကမ္ဘာကြီးပေါ်မှာ မျက်စိမပါတဲ့လူနုံလူအတွေက အများကြီးရှိနေတာပဲ...
ငါသာ စကားလုံးအနည်းငယ်ကြောင့် စိတ်ဆိုးဒေါသထွက်မိရင် ငါမရင့်ကျက်သေးဘူးဆိုတာ သိသာသွားလိမ့်မယ်...
ထိုအကြောင်းကိုတွေးမိချိန်၌ ဝမ်အန်း၏ခါးသည် ပြန်လည်ကွေးညွတ်သွားခဲ့ကာ ယဲ့ပိုင်၏အနားတွင် လေးလေးစားစားမတ်တပ်ရပ်နေလိုက်သည်။ထို့နောက် ယဲ့ပိုင်ကရှေ့သို့လျှောက်သွားသည့်အချိန်တွင် သူကနောက်မှထပ်ကြပ်မကွာ လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ယောက်သည် ဟွမ်အာကိုလျစ်လျူရှုကာ သူ့အားဖြတ်ကျော်၍ လမ်းလျှောက်သွားခဲ့ကြသည်။
ပတ်ဝန်းကျင်၌စောင့်ကြည့်နေသူများသည် အလျင်စလိုလှုပ်ရှားလာခဲ့ကြပြီး တစ်ချိန်တည်းမှာပင် အေးစက်စက်လှောင်ပြောင်သံအချို့က ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
"ဒီနှစ်ယောက်က တော်တော်လေးဟန်ဆောင်ကောင်းတာပဲ..."
အချို့သောလူများသည် ယဲ့ပိုင်တို့အားခိုးကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြပြီး သူတို့၏မျက်လုံးများ၌ ရှုံ့ချမှုများ ပြည့်နှက်နေခဲ့သည်။
"သူတို့က ဟွမ်အာရဲ့စကားတွေကိုလျစ်လျူရှုနေတာလား...သူတို့ကအသက်ရှင်ရတာပင်ပန်းနေပြီထင်တယ်...ဒါကဟန်ဆောင်နေတာထက်စာရင် ကောင်းကင်ကိုဖောက်ထွက်နေတယ်ဆိုတာက ပိုမှန်လိမ့်မယ်...သူတို့ကိုယ်သူတို့ဘယ်သူလို့ထင်ကြလဲ"
ဟွမ်အာ၏ဒေါသကိုသိသူတစ်ယောက်က တိုးတိုးလေးပြောလိုက်သည်။
"အိုး...အဖြူရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားတဲ့ကောင်လေးက အရမ်းကိုချောမောပြီးတော့ ထူးခြားတဲ့စိတ်အခြေအနေကို ပိုင်ဆိုင်ထားပုံပေါ်တယ်...အစကနေအဆုံးထိ သူကဟွမ်အာကိုတစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ဘူး...သူ့ရဲ့မျက်နှာကအရမ်းထူးဆန်းနေတာကြောင့်မဟုတ်ရင် ငါကသူ့ကိုယောကျ်ားကြီးတစ်ယောက်လို့ ထင်သွားလိမ့်မယ်"
အမျိုးသမီးတစ်ယောက်သည် သူမ၏မက်မွန်ပွင့်သဖွယ်နူးညံ့သော မျက်လုံးများဖြင့် ယဲ့ပိုင်အားစိုက်ကြည့်၍ အလွန်စူးရှသည့်လေသံဖြင့် ပြောလိုက်သည်။
ထို့ပြင် ပတ်ဝန်းကျင်မှ စကားသံများစွာက တပြိုင်နက်ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း ထိုစကားသံများက ယဲ့ပိုင်နှင့်ဝမ်အန်းတို့၏စိတ်အခြေအနေကို လုံးဝမထိခိုက်စေခဲ့ပေ။
ဟွမ်အာသည် ပတ်ဝန်းကျင်မှစကားသံများကိုနားထောင်ရင်း သူ့မျက်နှာပေါ်ရှိ အမူအရာက အဆက်မပြတ်ပြောင်းလဲနေခဲ့သည်။ယဲ့ပိုင်၏ လျစ်လျူရှုသောအပြုအမူသည် သူ့အားအလွန်ပင်အရှက်ရသွားစေခဲ့သည်။
"မင်းတို့နှစ်ယောက်သွားလို့ရပြီလို့ ငါစကားတစ်ခွန်းပြောမိလား"
ဟွမ်အာသည် သူနှင့်၃မီတာအကွာ၌လမ်းလျှောက်နေသည့် ယဲ့ပိုင်နှင့်ဝမ်အန်းတို့ကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။
အနောက်ဘက်တွင်ရှိသော သခင်လေးဝူ၏အဖေသည် ထိုမြင်ကွင်းကိုကြည့်၍ သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး တိုးတိုးလေးရေရွတ်လိုက်သည်။
"ငါ့သားပြောတဲ့စကားတွေမှန်နေရင် အခြေအနေတစ်ခုလုံးက ပြောင်းပြန်ဖြစ်သွားလိမ့်မယ်...ဒါပေမဲ့ ခုချိန်ထိငါအကောင်းမမြင်နိုင်သေးဘူး...ကောင်လေးတစ်ယောက်နဲ့အဘိုးကြီးတစ်ယောက်...ခုကဘယ်ခေတ်ကိုရောက်နေလို့ ဒီလိုတွေဝတ်စားထားကြတာလဲ"
"အမှန်ပဲ..."
"ဒီလူနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ ငါ့မှာကောင်းမွန်တဲ့ခံစားချက်တွေရှိမနေဘူး...သူတို့ကဟွမ်အာကိုရန်စလိုက်မိတာ တကယ်ကိုကံမကောင်းတာပဲ..."
သက်တော်စောင့်နှစ်ယောက်က လေးနက်သည့်လေသံဖြင့် စကားစမြည်ပြောလိုက်သည်။
အကယ်၍ သခင်လေးဝူသာ ဤနေရာ၌ရှိနေမည်ဆိုပါက ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် ပါးစပ်မှနေ၍ သွေးများပင် အန်ထုတ်မိသွားမှာဖြစ်သည်။
တစ်ဖက်တွင်မူ ယဲ့ပိုင်သည် မည်သူ့ကိုမှဂရုမစိုက်သည့်လေသံဖြင့် အလွန်ပေါ့ပါးသွက်လက်သည့်ခြေလှမ်းများဖြင့် ရှေ့သို့ဆက်သွားနေခဲ့သည်။ဝမ်အန်းသည်လည်း သူ၏ခန္ဓာကိုယ်ကိုကွေးညွတ်၍ အလွန်တည်ငြိမ်သောခြေလှမ်းများဖြင့် ယဲ့ပိုင်နောက်မှလိုက်လာခဲ့သည်။
ဟွမ်အာ၏ဒေါသတကြီးလေသံကို ထပ်ကြားလိုက်ရသော်လည်း သူတို့နှစ်ယောက်က လျစ်လျူရှုထားဆဲဖြစ်သည်။သူတို့က ယခုလိုအမှိုက်မျိုးဖြင့် အချိန်ဖြုန်းကာ ဒုက္ခမရှာလိုပေ။
သို့သော်လည်း ထိုအပြုအမူက ဟွမ်အာကို ပို၍ဒေါသထွက်သွားစေခဲ့သည်။
"မင်းတို့ဘာဖြစ်ချင်နေကြတာလဲ..."
"မင်းတို့ကောင်တွေကို ရပ်ခိုင်းနေတာ မကြားကြဘူးလား..."
ဟွမ်အာသည် ဒေါသပေါက်ကွဲသွားကာ ဆက်လက်သည်းမခံနိုင်တော့ပေ။သူသည် ထိုစကားများကိုအော်ပြောလိုက်ပြီးနောက် သူတွဲထားသည့် ချစ်သူကောင်မလေးကို တွန်းထုတ်လိုက်သည်။ထို့နောက်တွင် သူသည် ခြေတစ်ဖက်ကိုမြှောက်၍ ဝမ်အန်းအားအနောက်မှနေ၍ ကန်ကျောက်ရန် အဆင်သင့်ပြင်ဆင်ထားလိုက်သည်။
"ဟူး..."
ယဲ့ပိုင်သည် နောက်ပြန်လှည့်မကြည့်ဘဲ လမ်းလျှောက်နေသော်လည်း ဖြစ်ပျက်သမျှအရာရာတိုင်းက သူ၏လက်ထဲ၌ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်သည်။သူသည် ဟွမ်အာ၏လှုပ်ရှားမှုကို တွေ့မြင်ပြီးနောက် အနည်းငယ်သက်ပြင်းချမိလိုက်သည်။
နှစ်ရှည်လများကြာမြင့်ပြီးနောက် ရှည်လျားသောအချိန်မြစ်ကိုဖြတ်ကူးအပြီးတွင် ဝမ်အန်း၏စိတ်နေစိတ်ထားသည် ယခင်ကထက် များစွာသာလွန်နေခဲ့ပြီဖြစ်သည်။ဥပမာအားဖြင့် လူတစ်ယောက်သည် လမ်းလျှောက်နေချိန်တွင် ခွေးဟောင်ခံရလိုက်ပါက သေချာပေါက်လျစ်လျူရှုထားမည်ဖြစ်သည်။အမှန်တော့ ခွေးများသည် လူများကိုဟောင်ရသည်ကို သဘောကျနှစ်သက်သည့်အတွက် သူတို့၏သဘောသဘာဝအတိုင်း ပြုလုပ်နေချိန်တွင် လူများက အေးအေးသက်သာလမ်းလျှောက်၍ရပေသည်။
သို့သော်လည်း ထိုခွေးကသာ အငြိမ်မနေဘဲ ကိုက်ရန်ပြေးဝင်လာပါက ယဲ့ပိုင်သည်လည်းယဉ်ကျေးနေမည်မဟုတ်ပေ။
ကိုက်တတ်သောခွေးသည် ခွေးကောင်းတစ်ကောင်မဟုတ်ပေ။
ယဲ့ပိုင်က သက်ပြင်းချလိုက်ချိန်တွင် ဟွမ်အာက သူ့ခြေထောက်ကိုမြှောက်၍ ဝမ်အန်း၏နောက်ကျောကို အားအပြည့်ဖြင့် ကန်ထည့်လိုက်သည်။သို့သော်လည်း သူ၏ခြေထောက်သည် ဝမ်အန်း၏နောက်ကျောနှင့် ဆယ်စင်တီမီတာအကွာသို့ ရောက်ရှိလာသည့်အချိန်တွင် သူမည်မျှပင်အားစိုက်ကြိုးပမ်းပါစေ ရှေ့သို့အနည်းငယ်မျှပင် မတိုးနိုင်တော့ကြောင်း တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အား ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားအချို့က ချုပ်နှောင်ထားပုံရပေသည်။
လက်ရှိအချိန်တွင် သူသည်အလွန်ပင်တုန်လှုပ်ခြောက်ခြားနေခဲ့ကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးက ငြိမ်သက်နေခဲ့သည်။လူတိုင်း၏လှုပ်ရှားမှုများသည် ငြိမ်သက်နေခဲ့ကာ အချိန်ကာလက လုံးဝရပ်တန့်သွားပုံရပေသည်။
သို့သော်လည်း ယဲ့ပိုင်နှင့်ဝမ်အန်းသည် ထိုဒဏ်ကိုမခံစားရသကဲ့သို့ ပုံမှန်အတိုင်း ပြုမူနေခဲ့သည်။
ဘာဖြစ်သွားတာလဲ...
ငါဘာလို့မလှုပ်ရှားနိုင်ရတာလဲ...
ဟွမ်အာသည် သူ၏နှလုံးသားထဲ၌ ကြီးစွာသောကြောက်ရွံ့မှုအားခံစားလိုက်ရပြီး သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ အေးစက်သည့်ချွေးများက နဖူးပေါ်မှစီးကျလာခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည်လွန်စွာစွမ်းအားကြီးသူတစ်ယောက်အား ထိပါးစော်ကားမိလိုက်ကြောင်း နားလည်သဘောပေါက်သွားခဲ့သည်။
"သေ..."
ထိုအချိန်တွင် အချိန်ရော နေရာလပ်ပါမကျန် အေးခဲသွားခဲ့သည်၊
ယဲ့ပိုင်သည် ရှေ့သို့ဆက်တိုးကာ လမ်းလျှောက်နေခဲ့သော်လည်း သူ၏ပါးစပ်မှနေ၍ စကားတစ်ခွန်းကို ညင်သာစွာရွတ်ဆိုလိုက်သည်။
ဝမ်အန်းသည် သူ၏ခန္ဓာကိုယ်၌ပွက်ပွက်ဆူနေသော သတ်ဖြတ်လိုစိတ်များအား ထိန်းချုပ်လိုက်ပြီးနောက် ယဲ့ပိုင်ကသူ့အားတစ်ခုခုပြောရန် ပြင်ဆင်နေသည်ဟုယူဆ၍ နောက်သို့လှည့်ကြည့်လိုက်သည်။
သို့သော်လည်း သူနောက်လှည့်ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများက ချက်ချင်းဆိုသလို ပြူးကျယ်သွားခဲ့သည်။
ယခုလေးတင်ပင် ဟွမ်အာ၏ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အစိတ်စိတ်အမွှာမွှာဖြစ်သွားခဲ့ပြီးနောက် အဆုံးသတ်တွင် သွေးခိုးသွေးငွေ့များအဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားသည်ကို သူကိုယ်တိုင်ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရသည်။ထို့နောက်သူ၏ခန္ဓာကိုယ်၌ ဝတ်ဆင်ထားသောအနက်ရောင်ဝတ်စုံသည်ပင် ပျောက်ကွယ်သွားခဲ့ကာ နီမြန်းနေသောမြေပြင်နှင့် သွေးရနံ့သင်းသင်းလေးကသာ ကျန်ရစ်ခဲ့တော့သည်။
အနီးအနားရှိလူများသည် ကြောင်အစွာဖြင့် ထိုမြင်ကွင်းကိုကြည့်နေခဲ့ကြပြီး သူတို့၏မျက်လုံးများ၌ ကြောက်ရွံ့မှုတို့က ကြီးစိုးခြယ်လှယ်လာခဲ့သည်။