ခြေသုံးချောင်းနဂါး
Vol. 3 Ch. 40
"သခင်...တကယ်ဆိုရင် ငါတို့ကအထဲကို တိုက်ရိုက်ဝင်သွားလို့ရတယ်မလား..."
ဝမ်အန်းက အနည်းငယ်သတိထား၍ အကြံပေးလိုက်သည်။
"အရမ်းအရေးမကြီးပါဘူး..."
ယဲ့ပိုင်၏အသံက အလွန်ပင်နူးညံ့နေခဲ့သည်။သူသည် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်လာခဲ့သူဖြစ်ရာ ယခုလိုအချိန်အနည်းငယ်စောင့်ဆိုင်းရသည်က သူ့အတွက်အနှောင့်အယှက်မဖြစ်ပေ။
အမှန်တော့ ယဲ့ပိုင်သည် သူ၏ကြောက်မက်ဖွယ်စွမ်းအားကိုအသုံးပြု၍ စံအိမ်တော်တစ်ခုလုံးကို ချက်ချင်းဖျက်ဆီးပစ်နိုင်သည်။
သို့သော်လည်း အရာအားလုံးကို သူ၏ကိုယ်ပိုင်အစွမ်းအစဖြင့်သာ တိုက်ရိုက်လုပ်ဆောင်မည်ဆိုပါက ယခုလိုပျင်းရိဖွယ်ဘဝတွင် ပျော်စရာအားမည်သို့ရှာဖွေရမည်ကို သူမသိတော့ပေ။
"နားလည်ပါပြီ..."
ဝမ်အန်းသည် ယဲ့ပိုင်၏ဘေးတွင် တည်တည်ငြိမ်ငြိမ်ပင်စောင့်ဆိုင်းရင်း ပြန်လည်ဖြေဆိုလိုက်သည်။
သူသည် အသက်အတော်ကြီးပြီဖြစ်ရာ အရာအားလုံးကိုသိရှိထားပြီဖြစ်သည်။သို့သော်လည်း ဝမ်အန်းသည် ယဲ့ပိုင်၏အဆင့်သို့ မည်သည့်အခါမှ ရောက်ရှိနိုင်မည်မဟုတ်ပေ။
အရာအားလုံးထက် ထူးကဲသာလွန်သော ဖြစ်တည်မှုက ဤလောကအလယ်၌ တည်ရှိပေသည်။
ခြေသုံးချောင်းနဂါးစံအိမ် အဝင်ဝ၌ရပ်နေသော ယဲ့ပိုင်သည် ခေါင်းကိုအနည်းငယ်မော့လိုက်ပြီး ထူးခြားမှုမရှိသောအကြည့်မျိုးဖြင့် ရွှေရောင်ဆိုင်းဘုတ်ကို ကြည့်ရှုလိုက်သည်။
ခြေသုံးချောင်းနဂါးစံအိမ်၏ စာလုံး၄ခုက ပျံသန်းနေသော နဂါးများသဖွယ် အားမာန်ပြည့်ဝနေခဲ့သည်။၎င်းတို့ကိုအလှဆင်ပြီးနောက်တွင် ထူးကဲသောအနုပညာအငွေ့အသက်ကို ခံစားရမည်ဖြစ်သည်။
ထိုအခိုက်အတန့်တွင် ယဲ့ပိုင်၏စိတ်ထဲ၌ အတိတ်တစ်ချိန်မှ ပုံရိပ်များကထွက်ပေါ်လာခဲ့သည်။
"သခင်...မင်းငါ့ကိုအသက်ရှင်ခွင့်ပေးမယ်ရင် ငါအသက်ရှင်မယ်...မင်းငါ့ကိုသေစေချင်ရင် ငါချက်ချင်းသေပေးမယ်"
အသက်ဆယ်နှစ်အောက်ကောင်လေးတစ်ယောက်က မြေပြင်ပေါ်၌ဒူးထောက်လိုက်သည်။သူ၏မျက်လုံးများက အလွန်ပင်ရိုးသားဖြူစင်သည့် ပုံစံရှိသည်။
"ကောင်းပြီ..."
အနိမ့်ပိုင်းမြေသားအိမ်ရှေ့တွင် ယဲ့ပိုင်၏မျက်လုံးများက အနည်းငယ်ရှုပ်ထွေးနေသော်လည်း ခေါင်းညိတ်ပြလိုက်သည်။
"သခင်...ငါကသူဌေးကြီးတစ်ယောက်ဖြစ်လာနိုင်တယ်...ငါကအိမ်အကြီးကြီးတစ်လုံးကိုပိုင်ဆိုင်ပြီး မရေမတွက်နိုင်တဲ့ စည်းစိမ်တွေကိုပိုင်ဆိုင်လိမ့်မယ်"
"အင်း..."
ရှေးဟောင်းလမ်းမပေါ်၌လျှောက်သွားရင်း ယဲ့ပိုင်ကခေါင်းညိတ်ပြလိုက်သည်။သူ၏စိတ်ထဲတွင် ပျော်ရွှင်မှုဟူ၍ တစ်စုံတစ်ရာပင်မရှိပေ။ကောင်လေး၏အမြင်တွင် ယဲ့ပိုင်သည် ရှေးလူကြီးတစ်ယောက်ဖြစ်နေခဲ့သည်။
"သခင်...မင်းအတွက် မှင်ကြိတ်ပေးမယ်"
"အင်း...."
ယဲ့ပိုင်သည် စုတ်တံကိုအသုံးပြု၍စာရေးနေချိန်တွင် ကောင်လေးက ဘေးနားမှနေ၍ မှင်ရည်ကိုပြင်ဆင်ပေးနေခဲ့သည်။
"သခင်...မင်းရဲ့စာတွေကအရမ်းလှတာပဲ...စာလုံးနည်းနည်းလောက်ပေးလို့ရမလား..."
"ယူ..."
"သခင်...ခြေသုံးချောင်းနဂါးဆိုတဲ့ စာလုံးကိုရေးပေးပါ...ခန္ဓာကိုယ်ကို နဂါးအဖြစ်ပြောင်းလဲပြီးတော့ ခြေထောက်သုံးချောင်းက သုံးချောက်ထောက်အိုးရဲ့ ခြေထောက်တွေကို ကိုယ်စားပြုပါ...အဲ့ခြေထောက်တွေက ခိုင်ခံ့သန်မာပြီး ဘယ်အရာကိုမဆို မြှောက်ပင့်ထားနိုင်တယ်"
"ကောင်းပြီ..."
ယဲ့ပိုင်က ထိုစကားလုံးများကိုရေး၍ ကောင်လေးကိုပေးအပ်လိုက်သည်။
အချိန်များတဖြည်းဖြည်းကုန်လွန်၍ နှစ်များကုန်ဆုံးသွားခဲ့သည်။ထိုကောင်လေးသည် ယဲ့ပိုင်ရေးသားထားသည့်စာလုံးများအား ပြန်လည်အလှဆင်ခဲ့ပြီးနောက် စံအိမ်ဟူသောစကားလုံးကို ထပ်မံဖြည့်သွင်းခဲ့သည်။
"ခြေသုံးချောင်းနဂါး...ဒါကတကယ်ကောင်းတဲ့စကားပဲ..."
ယဲ့ပိုင်သည် အသိစိတ်ပြန်ဝင်လာပြီးနောက်တွင် သူ၏မျက်လုံးများက အနည်းငယ်တည်ငြိမ်သွားခဲ့သည်။ထို့နောက် ယဲ့ပိုင်သည် သူနောက်ကျောပိုက်ထားသည့် ဘက်ဘက်လက်မှလက်ညိုးကို အနည်းငယ်လှုပ်ရှားလိုက်သည်။
ထိုအခိုက်အတန့်တွင် နံရံ၌ချိတ်ဆွဲထားသည့် ရွှေရောင်ဆိုင်းဘုတ်က အနည်းငယ်လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သည်။
ယဲ့ပိုင်သည် နောက်သို့အနည်းငယ်ဆုတ်လိုက်သည်နှင့် တံခါးဝပေါ်၌ချိတ်ဆွဲထားသည့် ခြေသုံးချောင်းနဂါးစံအိမ်ဟူသော ရှေးဟောင်းသစ်သားဆိုင်းဘုတ်သည် အက်ကွဲသံအချို့ထွက်ပေါ်လာခဲ့ကာ မြေပြင်ပေါ်သို့ ရုတ်တရက်ပြုတ်ကျလာခဲ့သည်။
"သခင်..."
ထိုဖြစ်ရပ်ကိုမြင်လိုက်ချိန်တွင် ဝမ်အန်းကယဲ့ပိုင်ကို တချက်ကြည့်လိုက်သည်။ဤသည်မှာ ကျောက်မိသားစုအား ဖြိုခွဲရန်အစပြုသည့် စည်းချက်တစ်ခုပင်မဟုတ်လော...
"အဆင်ပြေတယ်..."
ယဲ့ပိုင်၏မျက်လုံးများက ပြောင်းလဲခြင်းမရှိသော်လည်း သူ၏အသံကအေးစက်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျောက်မိသားစုထံသို့ ဂါရဝပြုရန် ရောက်ရှိလာကြသည့်ဧည့်သည်များသည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား သတိပြုမိသွားကြသည်။သူတို့သည် မြေပြင်ပေါ်ပြုတ်ကျနေသော ခြေသုံးချောင်းနဂါးစံအိမ်ဟု ရေးထွင်းထားသည့် သစ်သားဆိုင်းဘုတ်ကိုတွေ့မြင်လိုက်ချိန်တွင် သူတို့၏အမူအရာများက ချက်ချင်းပြောင်းလဲသွားခဲ့သည်။ထိုအခိုက်အတန့်တွင် လေအေးတစ်ချက်တိုးဝှေ့လာခဲ့ပြီး သူတို့၏နှလုံးသားထဲ၌ လွန်စွာမနှစ်မြို့ဖွယ်ကောင်းသည့် ခံစားချက်တစ်ခုဖြစ်ပေါ်လာခဲ့သည်။
...
ဧည့်ခန်းအတွင်း၌....
"အသုံးမကျတဲ့ကောင်...ငါ့အတွက်သေလိုက်စမ်း..."
ကျောက်ချန်စွင်၏မျက်မှာပေါ်ရှိ ကြွက်သွားများသည် ရှုံ့မဲ့နေခဲ့ပြီး ထိပ်ပြောင်အား မြေပြင်ပေါ်၌သတိလစ်သည်ထိတိုင်အောင် အဆက်မပြတ်ကန်ကျောက်နေခဲ့သည်။
ဟူး...
အကြိမ်ပေါင်းများစွာ ဆက်တိုက်ကန်ကျောက်ပြီးနောက် ကျောက်ချန်စွင်သည် အနည်းငယ်မောပန်းသွားခဲ့ပြီး ဗိုက်ကိုလက်တစ်ဖက်ဖြင့်အုပ်၍ အသက်ရှုသွင်းလိုက်သည်။
ထိုအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ အတွေးများမြန်ဆန်လာခဲ့သည်။
"အဲ့လူက အဖေအသက်ရှင်နေသေးတာကို ဘယ်လိုသိသွားတာလဲ..."
ကျောက်ချန်စွင်၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
"ဒါကမဖြစ်နိုင်ဘူး...သူကတကယ်ပဲအင်မော်တယ်တစ်ယောက်ဖြစ်နေတာလား...ငါ့အဖေက သေဟန်ဆောင်တာကို ကျောက်မိသားစုလုံးတစ်ခုလုံးသိထားတာမဟုတ်ဘူး...လောလောဆယ်ငါပဲသိထားသေးတာ"
"ဒါက အကြီးအကဲကျောက်နဲ့လျှိုတို့ရဲ့ လက်ချက်ဖြစ်နိုင်မလား..."
ထိုအကြောင်းကိုတွေးမိပြီးနောက် ကျောက်ချန်စွင်၏မျက်လုံးများ၌ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်များ ပေါက်ဖွားလာခဲ့သည်။
ထို့နောက် သူ၏လက်ကိုင်ဖုန်းကိုထုတ်၍ နံပါတ်တစ်ခုအား ခေါ်ဆိုလိုက်သည်။ထိုအခိုက်အတန့်တွင် ကျောက်ချန်စွင်သည် စိုးရိမ်စိတ်ကြောင့် ခန်းမတစ်ခုလုံးအား လှည့်ပတ်သွားလာနေခဲ့ပြီး သူ၏နှလုံးသားက မတည်မငြိမ်ဖြစ်နေခဲ့သည်။
တစ်မိနစ်...နှစ်မိနစ်...ငါးမိနစ်...
ငါးမိနစ်ခန့်ကြာပြီးနောက် ကျောက်ချန်စွင်၏လက်ဝါးများသည် ချွေးအေးများဖြင့် စိုရွဲအေးစက်နေခဲ့ကာ ဖုန်းကိုအိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများ၌ ထိတ်လန့်တုန်လှုပ်ဖွယ်အငွေ့အသက်များက အစားထိုးဝင်ရောက်လာခဲ့သည်။
"သူတောင်ဒီကိုရောက်လာမှတော့ အဘိုးကြီးကတောင်သခင်လို့ခေါ်ရတဲ့သူက ဘယ်လောက်ထိအစွမ်းထက်သလဲဆိုတာ ငါကြည့်ချင်သေးတယ်...ခုချိန်မှာငါတို့ကျောက်မိသားစုတစ်ခုလုံးမှာ လူတွေအပြည့်ရောက်နေတာပဲ...ငါတို့ကျောက်မိသားစုရဲ့လုံခြုံရေးက ဟာသတစ်ခုသက်သက်မဟုတ်ဘူး"
ထိုသို့ရေရွတ်လိုက်ပြီးနောက် ကျောက်ချန်စွင်သည် သူ့အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ဆောင်လိုက်ပြီး သူ၏အမူအရာများက သဘာဝကျအောင် လုပ်ဆောင်နေခဲ့သည်။
"အသုံးမကျတဲ့အမှိုက်..."
ကျောက်ချန်စွင်သည် သတိမေ့နေသောထိပ်ပြောင်ကို ကန်ထုတ်ကာ ဧည့်ခန်းတွင်းမှထွက်လာခဲ့သည်။
ဝုန်း...
ကျောက်ချန်စွင်သည် ဧည့်ခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
"မစ္စတာကျောက်..."
တံခါးဝ၌ သက်တော်စောင့်၄ယောက်က ကင်းလှည့်စောင့်ကြပ်နေကာ ကျောက်ချန်စွင်ကိုတွေ့ပြီးနောက် အရိုအသေပေးလိုက်ကြသည်။
"မင်းတို့ငါ့နောက်ကိုလိုက်လာခဲ့"
ကျောက်ချန်စွင်က အေးစက်သည့်လေသံဖြင့် ပြောလိုက်သည်။
သက်တော်စောင့်၄ယောက်သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး တစ်စုံတစ်ခုကြီးကြီးမားမားဖြစ်ပျက်တော့မည်ဖြစ်ကြောင်း အတွေးဝင်လာခဲ့ကြသည်။သို့သော်လည်း သူတို့သည် အပိုစကားမပြောရဲဘဲ လေးလေးစားစားဖြင့် ပြန်ဖြေလိုက်ကြသည်။
"နားလည်ပါပြီ မစ္စတာကျောက်"
ထို့နောက်သူတို့သည် ကျောက်ချန်စွင်၏နောက်မှနေ၍ အားအင်အပြည့်ဖြင့် လိုက်ပါသွားခဲ့ကြသည်။
ဧည့်ခန်းမှနေ၍ ခြေသုံးချောင်းနဂါးစံအိမ်သို့ မိနစ်အနည်းငယ်သာ လမ်းလျှောက်သွားရမည်ဖြစ်သည်။
လမ်းတလျှောက်တွင် ကျောက်ချန်စွင်သည် ဧည့်သည်များအား အလျင်အမြန်နှုတ်ဆက်စကားဆိုခဲ့သည်။တစ်ချိန်တည်းမှာပင်သူသည် စာတိုများစွာကို ဆက်တိုက်ပေးပို့ခဲ့သည်။ကျောက်မိသားစု၏လက်အောက်တွင်ရှိနေသော တပ်ဖွဲ့များသည် လျင်မြန်စွာဖြင့် စတင်ရွေ့လျားလာကြပြီး စံအိမ်ကြီးတစ်ခုလုံးနှင့် Qမြို့တစ်ခုလုံးအား လုံးဝဝိုင်းရံထားလိုက်သည်။ကျောက်ချန်စွင်၏အမြင်အရ ယင်တစ်ကောင်သည်ပင် သူ၏ခွင့်ပြုချက်မပါဘဲ ပျံသန်းထွက်ခွာခွင့်မရှိပေ။
ထို့နောက်တွင်သူသည် သက်တော်စောင့်၄ဦးနှင့်အတူ စံအိမ်အဝင်ဝသို့ အမြန်လျှောက်လာခဲ့သည်။
"မစ္စတာကျောက် ရောက်လာပြီ..."
"မြန်မြန်လမ်းဖယ်ပေးကြ..."
"မစ္စတာကျောက်..."
စံအိမ်အဝင်ဝ၌ လူပေါင်းများစွာရှိနေကြသော်လည်း ကျောက်ချန်စွင်အား တွေ့မြင်ပြီးနောက် လေးလေးစားစားအမူအရာဖြင့် နောက်သို့မြန်မြန်ဆန်ဆန်ဆုတ်ခွာလိုက်ကြသည်။သူတို့၏အမူအရာများက လေးလံထှိုင်းမှိုင်းနေသော်လည်း မျက်လုံးများက တောက်ပနေဆဲဖြစ်သည်။
ကျောက်ချန်စွင်သည် ထိုဧည့်သည်များကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ကျောက်ချန်စွင်၏ရှေ့တွင်ရှိနေသော နောက်ဆုံးတစ်ယောက်သည် သူ့အားလမ်းဖယ်ပေးလိုက်ချိန်တွင်...
ကျောက်ချန်စွက်၏မျက်နှာအမူအရာက ရုတ်တရက်မည်းမှောင်သွားခဲ့သည်။သူသည် တစ်ဝက်ကျိုးပဲ့နေသော ခြေသုံးချောင်းနဂါးစံအိမ်၏ ဆိုင်းဘုတ်ကို မြေပြင်ပေါ်၌ တွေ့မြင်လိုက်ရသည်။အဖြူရောင်ဝတ်စုံရှည်အား ဝတ်ဆင်ထားသည့် လူငယ်လေးသည် လက်နှစ်ဖက်ကိုနောက်ကျောပိုက်ရင်း စိတ်မဝင်စားသည့်အမူအရာဖြင့် သူ့အားကြည့်နေခဲ့သည်။
"မင်း..."
သူ့နှလုံးသားအောက်ခြေမှနေ၍ ဒေါသလှိုင်းလုံးတစ်ခုက ထွက်ပေါ်လာခဲ့သည်။ကျောက်ချန်စွင်သည် အချိန်အတော်ကြာသည်ထိ ငြိမ်သက်နေပြီးမှ သူ၏လက်ညိုးကိုဆန့်တန်းကာ ယဲ့ပိုင်ကိုညွန်ပြလိုက်ပြီး စကားတစ်ခွန်းကိုပြောဆိုလိုက်သည်။
ဤစံအိမ်ဆိုင်းဘုတ်အား ကျောက်မိသားစု၏မျက်နှာစာအဖြစ် မှတ်ယူနိုင်ပေသည်။
ယနေ့သည် ကျောက်ပိုင်ရှန်၏စျာပနာဖြစ်ကာ မရေမတွက်နိုင်သောလူများက သူ့အားလာရောက်ဂါဝရပြုကြသည်။ယခုမူ ဤလူငယ်သည် စံအိမ်ဆိုင်းဘုတ်ကို ချိုးဖဲ့ထားပေရာ ယဲ့ပိုင်အားပညာမပေးပါက ယခုလိုလူပေါင်းများစွာရှေ့၌ ကျောက်မိသားစု၏မျက်နှာသည် အဖတ်ဆယ်၍ရတော့မည်မဟုတ်ပေ။
"အဲ့ကောင်ကို သတ်ကြစမ်း"
ကျောက်ချန်စွင်၏နောက်မှ သက်တော်စောင့်များက အလွန်ပင်လျင်မြန်စွာတုံ့ပြန်ခဲ့ကြသည်။
သူတို့သည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား စိုက်ကြည့်လိုက်ကြပြီး အော်ဟစ်ကြုံးဝါးကာ ရှေ့သို့ပြေးတက်လာခဲ့ကြသည်။
သို့သော်လည်း သက်တော်စောင့်များအားလုံး ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးလိုက်ချိန်တွင် ယဲ့ပိုင်က ဖြည်းညှင်းစွာပြောလိုက်သည်။
"ပိုင်ရှန်...မင်းငါ့ကိုတွေ့ဖို့ တကယ်ထွက်မလာတော့ဘူးလား..."
ယဲ့ပိုင်၏အသံသည် နက်ရှိင်းကာ ရှေးခေတ်မှ ခံစားချက်ကိုရရှိနေခဲ့သည်။
လျှိ့ဝှက်အိမ်ငယ်အတွင်း၌ထိုင်နေသော ကျောက်ပိုင်ရှန်သည် ထိုအသံကိုကြားလိုက်ချိန်တွင် စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်သွားခဲ့ရသည်။