ပင်မ သိုင်းခန်းမက တကယ်တော့ ခန်းမခွဲ တစ်ခုင်မ သိုင်းခန်းမက တကယ်တော့ ခန်းမခွဲ တစ်ခု
Vol. 37 Ch. 505
“စစ်မှန်တဲ့ အုတ်မြစ်”
ကျန်းရီက လေထဲ ကိုယ်ဖော့နေစဉ် ထိုစကားများကို ရုတ်တရက်တွေးမိပြီး သူ၏ အကြည့်များက လေးနက်သွားတော့၏။ ကျီထင်ယွီက သူ့ကို မလိမ်ညာခဲ့ပေ။ တုကူချိုးက အရူး တစ်ယောက်မဟုတ်။ ဤပင်မ သိုင်းခန်းမဆောင်နှင့် အသူရာ ချောက်ကမ်းပါးက ပြဿနာကြီး တစ်ရပ် ဖြစ်သည်။
ကျွီကျွီ
အသူရာ ချောက်ကမ်းပါး၏ မျက်နှာပြင်က မျက်စိကျိန်းလောက်သည့် ရောင်ခြည်ဖြင့် တောက်ပလာပြီး အထက် ဘုံကိုးဘုံမှ နတ်ဘုရား အလင်းတန်း တစ်ခု ပစ်ချလိုက်တော့၏။ ယင်းက လေထဲတွင် ရှိသော ကျီထင်ယွီ၏ ပုံရိပ်ကို ပစ်သွားတာပဲ ဖြစ်သည်။
ကျီထင်ယွီ၏ ပုံရိပ်က လျင်မြန်စွာ ပြန့်ကားလာပြီး ပုံရိပ်က လက်တွေ့ ရုပ်လုံးပေါ်လာမည့် လက္ခဏာမျိုး ရှိလာ၏။ ဆယ်ဆပိုကြီးမားပြီး ကျီထင်ယွီက လေထဲတွင် ပေါ်လာပြီး သူမ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတို့က လေထဲရှိ ကျန်းရီကို ဖိနှိပ်နေတော့၏။
“ဗန်း”
ကျန်းရီက မြေပြင်နှင့် တိုက်မိသွားသည်။ မြေငလျင်အငယ်စားတစ်ခု ဖြစ်ပေါ်သွားစေကာ ထုံးကျောက်များက အက်ကွဲကြောင်းများ ဖြစ်လာတော့သည်။ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ကြီးမားသည့် တောင်တစ်တောင်နှယ် ကြီးမားသည့် ကျန်းရီကို မားမားမတ်မတ် နေခွင့် မပေးတော့ပေ။ သူက ဒူးတစ်ဖက် ထောက်လိုက်ရ၏။
မီးနဂါးဓားကို ကိုင်ဆောင်ထားစဉ် သူ၏ သွေးနီရောင် မျက်ဝန်းများက တုကူချိုးကို ကြည့်လိုက်၏။ သူက မီးနဂါးနှစ်ကောင်နှင့် တစ္ဆေမီးလျှံများ အလွယ်တကူ ပျောက်ကွယ်သွားတာကို မြင်လိုက်ရသည်။
“ဒါက...”
သူက ခေါင်းမော့ရန် ရုန်းကန်နေစဉ် ကောင်းကင်ထဲရှိ ကျီထင်ယွီကို မြင်သောအခါ သူ့မျက်လုံးထဲ မယုံနိုင်မှုများ ပြည့်သွားတော့၏။ ကျီထင်ယွီ၏ အရှိန်အဝါ တည်ရှိမှုက အသက်ရှူ ကြပ်လောက်အောင် သန်မာလွန်းပေသည်။ တုကူချိုးထက် အစပေါင်းများစွာ သာစေသည်။ ယင်းက နတ်ဆိုးဧကရာဇ်နှင့် တူညီလု နီးပါး ဖြစ်၏။
တစ်နည်းဆိုရလျှင် အသူရာ ချောက်ကမ်းပါး၏ ဧရာမ အစီအရင် အသက်သွင်းလိုက်သည့် အခါ ဘုံကိုးဘုံမှ နတ်ဘုရားအလင်းက ကျီထင်ယွီကို ကောင်းကင် ဧကရာဇ်သို့ ချက်ချင်း ပြောင်းလဲပေးနိုင်တာပဲ ဖြစ်သည်။
ဝိညာဉ်မျောလွင့်နယ်ပယ် ပဉ္စမ အဆင့်သို့ ကျင့်ကြံဆင့်မြင့်တင်ရန်အတွက် ကောင်းကင်ဘုံကျောက်တုံးများကို အသုံးပြုခဲ့သည်။ သိုင်းပညာရှင်က ခွန်အား အစပေါင်းများစွာ တိုးတက်သွားပြီး ထိုဧရာမ အစီအရင်ကို အသက်သွင်းမှုကြောင့် ကောင်းကင်ဧကရာဇ် အဆင့်သို့ ရောက်သွားသည်လော။
ကျန်းရီက လေထဲ၌ တစ္ဆေသရဲ တစ်ကောင်ကို မြင်နေရသည်ဟု ခံစားလိုက်ရသည်။ အစီအရင်က မည်မျှ မယုံနိုင်စရာ ကောင်းစေကာမူ လူတစ်ယောက်၏ ခွန်အားကို ရုတ်ခြည်းတိုးတက်စေဖို့က မဖြစ်နိုင်ပေ။ ယင်းက သိုင်းတာအိုနိယာမကို ဆန့်ကျင်နေ၏။ ကောင်းကင်ဧကရာဇ်သည် လူသားမျိုးနွယ်စု၏ အမြင့်ဆုံး တည်ရှိမှု ဖြစ်သည်။
လင်းကိုင်၏ ဘိုးဘေးသည် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဗာဂျရာနယ်ပယ် အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့၏။ သူက နှစ်တစ်ရာခန့် တံခါးပိတ်ကျင့်ကြံခဲ့ပြီး နောက်ဆုံးအဆင့်သို့ မတက်လှမ်းနိုင် ဖြစ်နေသည်။ ကောင်းကင်ဘုံက ကောင်းချီးပေးခြင်းခံလိုက်ရသည့် ရွှေရို့လျန်တောင် ကောင်းကင် ဧကရာဇ် အဆင့်သို့ မရောက်နိုင်ပေ။
ကောင်းကင် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်က ကွဲပြားခြားနားသည့် အလယ်အဆင့် တာအိုပုံစံ သုံးမျိုးကို ပေါင်းစပ်ထားသည့်သူ ဖြစ်ရမည်။ တာအို ပုံစံက ဆန်းကြယ်သည့် တည်ရှိမှု ဖြစ်ပြီး နိယာမများ အနှစ်သာရများ၊ ကောင်းကင်နှင့် မြေကြီး၏ အမှန်တရား ဖြစ်သည်။
တာအိုပုံစံကို နားလည်သဘောပေါက်ခြင်းမရှိဘဲ ကောင်းကင်နှင့် မြေကြီးက လူတစ်ယောက်ကို ဘယ်တော့မှ အသိအမှတ် ပြုမှာ မဟုတ်။ ထိုလူဆီ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ငှားရမ်းပေးမှာ မဟုတ်ပေ။ ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအားက ထိုလူဆီ ဝပ်သွားရန်ဆို ပိုဆိုးချေသေး၏။
ထိုသို့တိုင် အသူရာ ချောက်ကမ်းပါးထဲရှိ ဧရာမ အစီအရင်က ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအားဖြင့် အပ်နှင်းခဲ့သေးသည်။ ယင်းက ချက်ချင်းပင် ကျီထင်ယွီကို ချက်ချင်းပင် ပိုသန်မာလာစေ၏။ ကျန်းရီ ရင်မဆိုင်နိုင်လောက်သည်အထိ သန်မာလွန်းနေတာ ဖြစ်သည်။ ကျန်းရီ မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
“ခစ်ခစ် ကျန်းရီ ရှင်နားမလည်နိုင်ဘူး မလား”
ကျီထင်ယွီက အထက်၌ မြင့်မားစွာ ရပ်နေ၏။ သူမ၏ ခန္ဓာကိုယ်က ရုပ်လုံးပေါ်လာ၏။ ပုံရိပ်ယောင် တစ်ခုနှင့် မတူတော့ပေ။ ယင်းက ဆယ်ဆ ပိုကြီးမားနေသည့်တိုင် သူမ ပေါ့ပေါ့ပါးပါး ပြုံးနေချိန်၌ တလက်လက်တောက်ပနေသေးသည်။ နှစ်နှစ်ကျော် ကြာသွားခဲ့ပြီ ဖြစ်၏။ သူမသည် ယနေ့အတွက် နေ့ရောညပါ စောင့်ဆိုင်းနေတာ ဖြစ်သည်။ သူမရှေ့၌ ကျန်းရီ ဒူးထောက်လာပြီး သူမကို လေးစားမြတ်နိုးကာ သက်ညှာပေးရန် တောင်းဆိုလာမှာကို သူမ မြင်ချင်သည်။
ကုန်လွန်ခဲ့သည့် နှစ်နှစ်တာအတွင်း သူမက ကျန်းရီ၏ အရိပ်အောက်တွင် နေထိုင်ခဲ့ရသည်။ ကျန်းရီ၏ ထွန်းတောက်လာမှုက သူမကို တောင်တစ်တောင်ဖြင့် ဖိထားသည့်နှယ် ခံစားရစေ၏။
သူမသည် အတော်လေး အားနည်းသည့် မိန်းမပျို တစ်ဦး ဖြစ်ခဲ့သည်။ သိုင်းခန်းမကို သူမကို သူမ ဝင်ရောက်ခဲ့စဉ်က အကြမ်းဖက်ခံရလုနီးပါး ဖြစ်ခဲ့ပြီး ဆော့ကစားခံရလုနီးပါး ဖြစ်ခဲ့သည်။ သူမ နှစ်ကြိမ်တောင် အသတ်ခံရလုနီးပါး ဖြစ်ခဲ့၏။ သူမ၌ အားကိုးစရာ မည်သူမျှ မရှိ ကျိထျန်းကိုတောင် မဆက်သွယ်ရဲပေ။ သူမ မည်သူမည်ဝါဆိုတာ ထုတ်ဖော်မိမှာ စိုးရိမ်သောကြောင့် ဖြစ်၏။ ယခု အချိန်ထိတိုင် ကျိထျန်းက သူမ သေပြီဟု ထင်နေတာ ဖြစ်သည်။ ကုန်လွန်ခဲ့သည့် နှစ်နှစ်တာအတွက် သူမ၌ စိတ်ခွန်အား တစ်ခုသာ ရှိခဲ့သည်။ ယင်းက ကျန်းရီကို လက်စားချေပြီး သတ်ရန် ဖြစ်သည်။
သူမ သိုင်းခန်းမထဲ၌ မြဲမြံစွာ ရပ်နေနိုင်ခဲ့ချိန်၌ ချက်ချင်းပင် အနက်ရောင် နကျယ်ကောင် အဖြစ်အပျက်ကို အကောက်ကြံပြီး နေနက်မိစ္ဆာနွယ်ကို အားကိုးကာ ကျန်းရီကို သတ်လုနီးပါး ဖြစ်ခဲ့သည်။ ပြီးနောက် နတ်ဆိုးဧကရီကို ထွက်သွားအောင် အကွက်ချခဲ့ကာ မဟာမိတ်တပ်သားများကို ရှားယွီမြို့အား တိုက်ခိုက်ခိုင်းစေခဲ့သည်။ သူမက မသေချာသေးဘဲ အကြီးအကဲ တစ်ဦးကို လှုပ်ရှားခိုင်းရန် အမြော်အမြင်ရှိရှိ ဆုံးဖြတ်ခဲ့သည်။ ထိုအကြီးအကဲက အသွင်ပြောင်းမှု အကန့်အသတ်သို့ ရောက်သွားသည့် အားနည်းနေသော ကျန်းရောင်နူကို အေးအေးလူလူ ဖမ်းနိုင်ခဲ့သည်။
ကောင်းကင်ကြယ်တာရာမြို့ တိုက်ပွဲ၌ ကျီထင်ယွီက ကျန်းရီ သေချာပေါက်သေမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် အလွန်အန္တရာယ်များသည့်တိုင် တုကူချိုးနှင့် ကြယ်တာရာမြို့သို့ သူမ သွားခဲ့၏။ ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒများက ပဉ္စမအဆင့်သို့ ရောက်ပြီး သူမကို နောက်ဆုံး အချိန်၌ ကျရှုံးစေလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
သူမ ပြန်ရောက်လာပြီးနောက် ကျန်းရီကို သတ်ရန် အကောက်ကြံနိုင်မည့်နည်း စဉ်းစားခဲ့သည်။ အသူရာ ချောက်ကမ်းပါးကို သူလာရှာပြီး အရူးတစ်ကောင်ကဲ့သို့ ပြေးဝင်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
“ကျန်းရီ”
ကျီထင်ယွီက သူမအတွေးများကို ပြန်ရုတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
“နတ်ဆိုးဧကရီက သိုင်းခန်းကို ဘာကြောင့် မဆန့်ကျင်ရဲတာလဲဆိုတာ သိလား။ ပြည်ထောင်ခြောက်ခုက လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းက ကောင်းကင် ကြယ်တာရာမြို့ကို မကျူးကျော်ရဲဘဲ တိုင်းပြည် စစ်ပွဲထဲမှာ နာနာခံခံ ပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းကို ရှင်သိလား။ သိုင်းခန်းမက နယ်မြေ အစကတည်းက ဒီနေရာမှာ တည်ရှိလာပြီး အင်ပါယာတွေ အစားထိုးခံရတဲ့ အချိန်မှာတောင် သိုင်းခန်းမရှိနေသေးတုန်းဆိုတာ ရှင်သိလား။ နယ်မြေရဲ့ သမိုင်းကြောင်းထဲမှာ ကောင်းကင် ဧကရာဇ် ပညာရှင်တွေ အများကြီး ရှိနေရဲ့သားမှ ဘယ်သူကမှ သိုင်းခန်းမကို ရန်မစရဲတဲ့ အကြောင်းအရင်းကို ရှင်သိလား”
ကျန်းရီက ခေါင်းခါလိုက်သည်။ ထိုမေးခွန်းများက သူ့ကို အချိန်အတော်ကြာ အကျပ်တွေ့နေစေခဲ့တာ ဖြစ်သည်။ သို့သော် သူ့ကို မည်သူကမျှ မရှင်းပြခဲ့ချေ။ ကျီထင်ယွီက ရှင်းပြချင်နေသောကြောင့် သူကလည်း သိချင်ပေ၏။ သူသေသွားရမည် ဆိုလျှင်တောင် အကြောင်းအရင်းကို သိသွားခြင်သည်။ ထို့အပြင် သူက တူးဖော်ပြီး နည်းလမ်းတစ်ခုကို စဉ်းစားရန် ကြိုးစားနေ၏။ ထို့ကြောင့် သူက အားတင်းကာ ပြုံးလိုက်၏။
“နားစွင့်ပြီး နားထောင်နေတယ်”
“ဟားဟားဟား..”
ကျန်းရီက ဖိနှိပ်ခံခဲ့ရပြီး သူ၏ သတ်ဖြတ်ခြင်းဆန္ဒက ပျောက်ကွယ်သွားရပေမည်။ ယခုအချိန်၌ တုကုချိုးက သူဆန္ဒရှိသလိုလှုပ်ရှားနိုင်ပြီ ဖြစ်၏။ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာဖြင့် သူက ရယ်မောကာ ကြားဖြတ်ပြောလိုက်သည်။
“ငါတို့ သိုင်းခန်းမက သိပ်ကို ဖြုံလောက်တယ်။ ငါတို့တွေက ကောင်းကင် ကြယ်တာရာနယ်မြေရဲ့ အုပ်စိုးသူတွေ ဖြစ်ရုံတင်မက ကောင်းကင်ကြယ်တာရာ နယ်နိမိတ် တစ်ခုလုံးရဲ့ အုပ်စိုးသူလဲ ဟုတ်တယ်။ ငါတို့ သိုင်းခန်းမက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ရဲ့ နယ်မြေတိုင်းမှာ ခန်းမခွဲ တစ်ခုရှိကြတယ်။ ဒီလူက ကောင်းကင် ကြယ်တာရာမြို့ရဲ့ ခန်းမ သခင် ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့ ကောင်းကင်ကြယ်တာရာ နယ်နိမိတ်ထဲမှာ ခန်းမခွဲ သခင် တစ်ယောက်သာသာပဲ”
“ကျန်းရီ...”
တုကူချိုးက ဖြည်းဖြည်းချင်း လျှောက်လာပြီးပြောလိုက်သည်။
“မင်းက ကြင်နာသနားတတ်လွန်းတယ်။ အပြင်လောက ဘယ်လောက်ကြီးလဲဆိုတာတောင် မသိဘူး။ မင်းကို ပြောပြလိုက်မယ်။ ကောင်းကင် ကြယ်တာရာ နယ်နိမိတ်က စစ်တုရင်ခုံဆိုရင် ကြယ်တာရာ နယ်မြေက ကျားစေ့ တစ်စေ့ပဲ အပြင်လောကမှာ ဆယ်ဆ အစတစ်ဆယ် ပိုတောင်ကြီးမားတဲ့ နယ်မြေတွေ အများကြီးရှိတယ်။ အပြင်လောကမှာ မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တွေက ကြီးမြတ်တယ်လို့တောင် တွေးလို့ မရဘူး။ ငါတို့သိုင်းခန်းမက ဒေသ တစ်ခုရဲ့ အုပ်စိုးသူတွေ ဖြစ်ပြီး ကောင်းကင် ဧကရာဇ် အဆင့်ပညာရှင် ရာချီ ပိုင်ဆိုင်ထားတယ်။ ပင်မခန်းမကို သတင်းစကားပို့ပြီး မင်းကို သတ်ဖြတ်ဖို့အတွက် ကောင်းကင် ဧကရာဇ် ပညာရှင် တစ်ယောက်ကို ပို့ပေးဖို့ ပြောပြီးသား။ ဒါပေမဲ့ ထောင်ချောက်ထဲ မင်းဘာသာမင်းကျလာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ဒီအသူရာ ချောက်ကမ်းပါးက ငါတို့ သိုင်းခန်းမက ပညာရှင်တွေ တည်ဆောက်ခဲ့တဲ့ ကောင်းကင်ကံကြမ္မာ မဟာ အစီအရင် တစ်ခု ရှိပြီးသား မင်းမပြောနဲ့ နတ်ဆိုးဧကရီ သူဒီကို ရောက်လာရင်တောင် သူသေရမှာပဲ”
ရှီးရှီး
ကျန်းရီက အေးစက်သော လေထုကို ရှူရှိုက်ပြီးနောက် သူ၏ မျက်နှာက အလွန်ဖြူရော်နေတော့သည်။ သူ့စိတ်ထဲ၌ သံသယများစွာ ပေါ်လာပေ၏။ သံသယများစွာက ဖြေရှင်းပြီးသား ဖြစ်သွား၏။ ပိုသေးငယ်သည့် ကံတရားများစွာတော့ ရှိသေးသည်။ ကောင်းကင် ကြယ်တာရာ နယ်မြေက ထိုမျှ တင်းနေချိန် လောကကြီးက အဘယ်ကြောင့် တင်းနေရသနည်။ ကမ္ဘာလောကကြီးက ကောင်းကင် ကြယ်တာရာ နယ်နိမိတ်ဟု ခေါ်သနည်း။ သိုင်းခန်းမက ထိုမျှ အစွမ်းထက်လျှင် သူတို့သည် ကောင်းကင် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို အဘယ်ကြောင့် မသိမ်းပိုက်ရသနည်း။ သူတို့သည် ကုန်းမြေပေါ်ရှိ တိုင်းပြည် စစ်ပွဲများကို အဘယ်ကြောင့် လိုချင်ရသနည်း။ ထို့အပြင် မြေအောက်လောကနှင့် သူတို့၌ မည်ကဲ့သို့သော ဆက်ဆံရေးရှိသနည်း။
သို့သော် ထိုအရေးကိစ္စများနှင့် မဆိုင်ဘဲ တုကူချိုးက ထိုအရာအားလုံးက အရေးမကြီးပေ။ တုကူချိုးက အမှန်အတိုင်း ပြောနေတာပဲ ဖြစ်သည်။ နတ်ဆိုးဧကရီက သိုင်းခန်းမအပေါ် နားလည် သဘောပေါက်ထားမှုက သာနေပုံရ၏။
ကျန်းရီက ခါးသက်စွာ ပြုံးလိုက်သည်။ သူရှာတွေ့ခဲ့သည့် ပင်မသိုင်းခန်းမဆောင်က သိုင်းခန်းမခွဲ တစ်ခုမျှသာ တကယ် ဖြစ်နေလိမ့်မည်ဟု သူမထင်ထားချေ။ သိုင်းခန်းမဆောင်၏ စစ်မှန်သော လွှမ်းမိုးမှုက စုန်းနတ်ဘုရားတောင် သူတို့နှင့် ရင်ဆိုင်လျှင် ပြာဖြစ်သွားလောက်သည်အထိ အင်မတန် အစွမ်းထက်လွန်းသည်လော။
ထို့သို့ဆိုလျှင် အသူရာ ချောက်ကမ်းပါး၌ ကောင်းကင် ကံကြမ္မာ အစီအရင်မရှိလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။ သူက ကျီထင်ယွီနှင့် တုကုချိုးကို သတ်နိုင်လျှင် မည်သို့ ဖြစ်မည်နည်း ကောင်းကင်သိုင်းခန်းမက နယ်မြေတစ်ခုလုံးကို ရှင်းထုတ်ပစ်ဖို့တောင် ကောင်းကင် ဧကရာဇ် ပညာရှင် နှစ်ဦး မွေးထုတ်နိုင်ပေ၏။
ပိုးမွှားတစ်ကောင်က ကောင်းကင်ကို မည်ကဲ့သို့ ယိမ်းယိုင်စေမည်နည်း။ ထိုဖော်ပြချက်က ဟာသတစ်ခုသာ ဖြစ်သော်ငြား ယခုအချိန်တွင် အကြွင်းမဲ့ မှန်ကန်လာပေ၏။
***