← Chapters

လမ်းဖွင့်ပေးလိုက်

Vol. 4 Ch. 41

လမ်းဖွင့်ပေးလိုက်

Vol. 4 Ch. 41

ခြေသုံးချောင်းနဂါးစံအိမ်ရှိ လျှို့ဝှက်အိမ်ငယ်အတွင်း၌...

ကျောက်ပိုင်ရှန်သည် ဆိုဖာပေါ်မှ တုန်ယင်စွာဖြင့်မတ်တပ်ရပ်လာခဲ့ပြီး ရွှေနဂါးချိုင်းထောက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့သည်။

သူသည် ထောက်လှမ်းရေးစခရင်မှတဆင့် ယဲ့ပိုင်၏အသွင်အပြင်အား ရှင်းရှင်းလင်းလင်းတွေ့မြင်လိုက်ရပြီး ယဲ့ပိုင်၏ဘေးတွင်ရပ်နေသော ဝမ်အန်းကိုလည်း တွေ့မြင်နေရပေသည်။

ယဲ့ပိုင်သည် အဖြူရောင်ဝတ်စုံရှည်အား ဝတ်ဆင်ထားဆဲဖြစ်ကာ လက်နှစ်ဖက်အား နောက်ကျောပိုက်ထားခဲ့သည်။

ရှည်လျားသော အနက်ရောင်ဆံပင်များက သူ၏ပုခုံးပေါ်၌ ဝဲကျနေလျက်ရှိသည်။

သူ၏အသားအရည်သည် ဖြူစင်နေပြီး သူ၏မျက်နှာသည် အေးစက်ချောမောပေသည်။သူ၏နက်နဲသောမျက်လုံးများက အဆုံးမရှိသောနှစ်ကာလများအတွင်း ကြုံတွေ့ခဲ့ရသည့်အခြေအနေများ ၊ နေ ၊လ ၊ကြယ်တို့ပါဝင်သည့် ကျယ်ပြောလှသည့် စကြာဝဠာကြီးကိုပင် ဖုံးကွယ်ထားနိုင်ပုံရသည်။ယခုအချိန်တွင် မည်သည့်ကိစ္စမျိုးကမဆို သူ၏နှလုံးသားကိုလှိုင်းထန်အောင် မလုပ်ဆောင်နိုင်တော့ပေ။ရှည်လျားသောသူ၏ဆံပင်များက ဝဲပျံနေပြီး သူ၏လက်ချောင်းများလှုပ်ခါလိုက်တိုင်း နှစ်ပေါင်းထောင်ချီက ကုန်လွန်သွားရမြဲဖြစ်သည်။

ယဲ့ပိုင်သည် ထိုနေရာ၌ရိုးရှင်းစွာရပ်နေသော်လည်း သူ၏တစ်ကိုယ်လုံးမှ ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်များက ထွက်ပေါ်လာလေ့ရှိသည်။

"သခင်...ခုထိငယ်ရွယ်နေတုံးပါဘဲလား...နှစ်ပေါင်း၈၀ကြာတာတောင် လုံးဝပြောင်းလဲသွားတာမျိုးမရှိဘူး"

ကျောက်ပိုင်ရှန်က တိတ်တဆိတ်ညည်းညူလိုက်သည်။

သူသည် ဝမ်အန်းကိုတစ်ချက်ကြည့်လိုက်ရာ စစ်စိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ခနော်ခနဲ့ခန္ဓာကိုယ်ကို သတိထားမိလိုက်သည်။

သူ၏မျက်နှာတွင် အစက်အပြောက်များနှင့်ပြည့်နှက်နေကာ သူ၏ဆံပင်များက မီးခိုးရောင်အဖြစ်ပြောင်းလဲနေခဲ့သည်။

အကြမ်းဖျင်းအားဖြင့် သူ၏ရင်းနှီးသောသွင်ပြင်ကြောင့်မဟုတ်ပါက ကျောက်ပိုင်ရှန်သည် ဝမ်အန်းအား အချိန်တိုအတွင်းမှတ်မိနိုင်မည်မဟုတ်ပေ။

"ဝမ်အန်း...ငါတို့က လေးလံတဲ့နှစ်ကာလတွေကို ဖြတ်ကျော်ခဲ့ပြီဘဲ"

ယခုလို လူငယ်လေးတစ်ယောက်နှင့်အဘိုးကြီးတစ်ယောက် အတူတကွထွက်ပေါ်လာသည့်အချိန်တွင် ဖြစ်ပေါ်လာသည့်အကျိုးသက်ရောက်မှုက အလွန်ပင်ကြီးမားလှပေသည်။ယခုလို လူကိုယ်တိုင်ရောက်ရှိလာပြီး သက်သေပြခြင်းကပင် မည်မျှထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်ကို ကျောက်ပိုင်ရှန်မှလွဲ၍ မည်သူကနားလည်နိုင်မည်နည်း။

သူသည် ထိုမြင်ကွင်းကိုငြိမ်သက်စွာကြည့်နေသော်လည်း သူ၏ခန္ဓာကိုယ်က အဆက်မပြတ်တုန်ယင်နေခဲ့သည်။

မူလကဆိုလျှင် သူ၏စိတ်ဓာတ်က သံမဏိသဖွယ်ခိုင်မာနေပြီဟု ကျောက်ပိုင်ရှန်ကယူဆခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူ၏ခံစားချက်များအား ရပ်တန့်နိုင်စွမ်းမရှိတော့ပေ။

"သခင်...ငါ့ရဲ့တစ်သက်တာလုံးကို မင်းအပေါ်အမှုထမ်းဆောင်ရင်း ကုန်ဆုံးသွားပါမယ်"

"သခင်...ဒါကအရမ်းကိုများတဲ့ပိုက်ဆံတွေပဲ...ဒါတွေအကုန်လုံးက ငါ့အတွက်လား"

"သခင်...နောင်တချိန် ငါ့မှာပိုက်ဆံတွေအများကြီးရှိလာရင် ငါကဒါတွေကို ရွှေစင်ရုပ်တုအဖြစ်သွန်းလုပ်ပြီး ငါ့ရဲ့အိမ်မှာချိတ်ဆွဲထားမယ်...အဲ့ဒါမှ ဒီဟာကိုနေ့တိုင်းမြင်တွေ့နေရင် မင်းအကြောင်းကိုအတွေးဝင်နေလိမ့်မယ်..."

ထိုသူတောင်းစားလေးသည် ယဲ့ပိုင်၏မွေးစားခြင်းကိုခံရပြီးနောက် အဆုံးမရှိသောစည်းစိမ်ကို ပိုင်ဆိုင်ခဲ့သည်။

ကျောက်ပိုင်ရှန်၏စိတ်ထဲတွင် အတိတ်မှပုံရိပ်များက တရွေ့ရွေ့ထွက်ပေါ်လာခဲ့သည်။

တစ်မိနစ်ခန့်ကြာပြီးနောက်တွင် ကျောက်ပိုင်ရှန်၏ခြေထောက်များက ဆက်လက်မတ်တပ်မရပ်နိုင်တော့ဘဲ မြေပေါ်၌ ဒူးထောက်ထိုင်ချလိုက်ရသည်။

သူ၏ရွှေနဂါးချိုင်းထောက်က တစ်မီတာကျော်အကွာသို့ ပြုတ်ကျသွားခဲ့သည်။

သူ၏မျက်လုံးထောင့်စွန်းတွင် မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သည်။အချိန်အတော်ကြာပြီးမှသာ ကျောက်ပိုင်ရှန်သည် ခက်ခက်ခဲခဲဖြင့် ပြန်ထရပ်လိုက်ပြီး သူ့မျက်လုံးထောင့်စွန်းမှ မျက်ရည်စများကို အင်္ကျီလက်စဖြင့် သုတ်လိုက်သည်။များမကြာမှီတွင် သူ၏မျက်လုံးများသည် သွေးရောင်လွှမ်းသွားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အသွင်အပြင်ဖြင့် မတ်တပ်ထရပ်လိုက်ကာ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းမတ်စောက်လာခဲ့သည်။

"သခင်...ငါဒီအချိန်ထိမှားယွင်းနေတုံးပဲလား...ငါဒီလိုမကြံစည်သင့်ဘူးလား...ဒါပေမဲ့ခုချိန်မှာတော့ ဒီအစေခံအိုကြီးက ပြန်လှည့်ဖို့လမ်းမရှိတော့ဘူး...အဆင်မပြေဖြစ်ခဲ့ရင် ဒီအစေခံအိုကြီးရဲ့ ကြိုးစားအားထုတ်မှုအားလုံး ပျက်စီးသွားခဲ့ရလိမ့်မယ်"

ထိုသို့စကားပြောနေစဉ်တွင် မတ်တပ်ရပ်နေသော ကျောက်ပိုင်ရှန်သည် ရှေ့သို့ခြေတစ်လှမ်းတိုးလာခဲ့ကာ လျှို့ဝှက်အိမ်ငယ်၏တံခါးဝထံ ဖြည်းညင်းစွာလျှောက်လာခဲ့သည်။

ထို့ပြင် သူ၏ခန္ဓာကိုယ်ကလည်း အနည်းငယ်ယားယံလာခဲ့ကာ ဆံပင်ဖြူများကလည်း အချိန်မရွေးမြေပေါ်ပြုတ်ကျတော့မယ့်ပုံစံလှုပ်ယမ်းလာခဲ့သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ သခင့်ကိုငါကိုယ်တိုင် သွားတွေ့ရလိမ့်မယ်...

...

ခြေသုံးချောင်းနဂါးစံအိမ်အဝင်ဝ၌ ဧည့်သည်များသည် တဖြည်းဖြည်းပိုများလာကာ ဤနေရာ၌စုရုံးလာခဲ့ကြသည်။

ဤနေရာသို့ရောက်လာသူများတွင် ချမ်းသာကြွယ်ဝသူ ၊ သြဇာအာဏာရှိသူများ ပါဝင်နေကြသော်လည်း သူတို့အားလုံးသည် ယဲ့ပိုင်နှင့်ဝမ်အန်းတို့အား ရွဲ့စောင်းလှောင်ပြောင်သည့် အကြည့်များဖြင့် ကြည့်နေကြသည်။

"ဒီကောင်လေးက သေမင်းကိုရှာနေတာပဲ..."

နိုင်ငံခြားကုပ္မဏီတစ်ခု၏ စီအီးအိုတစ်ယောက်က သူ့အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကိုထည့်ထားရင်း စကားပြောနေခဲ့သည်။ထိုသို့စကားပြောနေချိန်၌ သူ၏အပြုအမူက အလွန်မိုက်နေခဲ့သည်။

"ဒီနေ့က ကျောက်မိသားစုအဘိုးကြီးရဲ့စျာပနာပဲ...ခုလိုအချိန်မျိုးမှာ သူကကျောက်မိသားစုကို ဒုက္ခပေးဖို့လုပ်ဆောင်ဝံ့တယ်ဆိုတော့ အရမ်းကိုသတ္တိရှိတယ်လို့ပြောရမယ်...ရိုးရိုးသားသားပြောရရင် သူ့ရဲ့သတ္တိကိုငါတကယ်လေးစားတယ်"

ထိုစီအီးအို၏စကားအဆုံးတွင် Qမြို့တော်မှအကြီးတန်းအရာရှိတစ်ဦးဖြစ်ဟန်ရသူက ခေါင်းခါပြီးပြောလိုက်သည်။

"မင်းက ဒီပြဿနာကိုနားမလည်တာလား...ဒီလူငယ်နဲ့အဘိုးကြီးကိုကြည့်ရတာ နည်းနည်းတော့ထူးဆန်းနေသလိုပဲ...သူတို့ကလုံးဝကြောက်ရွံ့နေပုံမရဘူး...ဒါ့အပြင် ယုံကြည်မှုအပြည့်ရှိနေပုံရတယ်...ငါမရေမတွက်နိုင်တဲ့လူတွေအများကြီးနဲ့ တွေ့ဆုံဖူးပေမဲ့ ဒီလိုအကြည့်မျိုးကိုတော့ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ...ဒီလူငယ်က ငါတို့မြင်ရသလောက် မရိုးရှင်းဘူး"

ခေါင်းပေါ်၌ဆံပင်အနည်းငယ်သာရှိသည့် အသက်၉၀ကျော်ရှိသော လေးနက်သည့်လေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။ထိုစကားကိုပြောချိန်တွင် သူသည်ဤလူနှစ်ယောက်အား ယခင်ကတွေ့မြင်ဖူးသလားဟု မျက်မှောင်ကြုတ်ကာ အတွေးများနေခဲ့သည်။

"မရိုးရှင်းဘူးဟုတ်လား...ငါပြောလိုက်မယ် ဥက္ကဌကောင်း...ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲရောက်လာရင်တောင်မှ ဒီလောက်တောင်ဂုဏ်ယူဝံ့ကြွားနေမှာမဟုတ်ဘူး...ဒီလူနှစ်ယောက်က ရူးနေတာ၈၀ရာခိုင်နှုန်းလောက်သေချာတယ်...ဒီနေ့မှာ ကျောက်မိသားစုဆီက ဖိတ်ကြားချက်ကိုရရှိထားတဲ့သူတွေထဲမှာ ဘယ်သူကများရိုးရှင်းတဲ့သူရှိလို့လဲ..."

လူငယ်တစ်ယောက်သည် ယဲ့ပိုင်အားကြည့်ရင်း သူ့မျက်လုံးများ၌ ပျက်ရည်ပြုသောအရိပ်အယောင်များ ဖုံးလွှမ်းနေကာ လှောင်ပြောင်ပြောဆိုလိုက်သည်။သို့သော်လည်း ယဲ့ပိုင်သည် သူ့ထက်များစွာငယ်ရွယ်၍ ပိုမိုချောမောခံ့ညားနေပေရာ မနာလိုစိတ်အချို့ကလည်း ဖြစ်ပေါ်နေခဲ့သည်။

သို့သော်လည်း ယနေ့ယဲ့ပိုင်လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များအားအခြေခံလိုက်ပါက သူ့ကိုယ်သူပြောင်းလဲရန်အတွက် ထိုသို့လုပ်ဆောင်ရမည်ဆိုလျှင် ယခုထက်အဆရာချီသတ္တိရှိလျှင်တောင် ကျိန်းသေပေါက်လုပ်ဆောင်မည်မဟုတ်ပေ။

လက်ရှိအခြေအနေကိုတွေ့မြင်ပြီးနောက် ပတ်ဝန်းကျင်ရှိလူများသည် အလွန်လျင်မြန်စွာပင် နောက်သို့ဆုတ်သွားခဲ့ကြပြီး နေရာအကျယ်ကြီးဖယ်ပေးလိုက်ဂာ ဝမ်အန်း၊ယဲ့ပိုင်နှင့်ကျောက်ချန်စွန်နှင့် သက်တော်စောင့်များက အချင်းချင်းမျက်နှာချင်းဆိုင်မိလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် လေထုကအေးခဲလုနီးပါးဖြစ်သွားခဲ့သည်။

အေးစက်သောလေက တိုက်ခတ်လာခဲ့ပြီး ဆောင်းဦးအကုန် တိုက်ခတ်လာသည့် နွေဦးလေပြေက သတ်ဖြတ်လိုစိတ်များကို သယ်ဆောင်လာခဲ့သည်။

"အန်းလေး..."

ယဲ့ပိုင်က တိုးညှင်းစွာ အသံပေးလိုက်သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏အသံကိုကြားလိုက်ပြီးနောက် ယဲ့ပိုင်၏ဆိုလိုရင်းကို သဘောပေါက်သွားခဲ့သည်။

ဘုံး...ဘုံး...

ကျောက်ချန်စွင်၏ ကိုယ်ရံတော်လေးယောက်သည် ယဲ့ပိုင်ဆီသို့ ပြေးဝင်လာကြသည့်အချိန်တွင်...

ယဲ့ပိုင်၏နောက်တွင်ရပ်နေသော ဝမ်အန်းက ရုတ်တရက်လှုပ်ရှားလာခဲ့သည်။

သူသည် လေထဲသို့ လက်သီးချက်များကို ထုတ်ဖော်လိုက်ပြီး သူ၏လုပ်ဆောင်ချက်များက အလွန်နှေးကွေးနေခဲ့သည်။

ဝမ်အန်းသည် သူ၏ခြေလက်များကို သာမန်အတိုင်း မြှောက်တင်လိုက်သည်နှင့်ပင် ဆင်တူနေခဲ့သည်။

သို့သော်လည်း ပတ်ဝန်းကျင်ရှိလူများက မည်သို့ဖြစ်နေမှန်းမသိလိုက်ချိန်မှာပင် သက်တော်စောင့်လေးယောက်သည် မြေပေါ်သို့လဲကျသွားခဲ့ကာ အသံထွက်ရန်တောင်မှ အချိန်မရှိခဲ့ကြပေ။

ထိုသို့လုပ်ဆောင်ပြီးနောက်တွင် ဝမ်အန်း၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားခဲ့ကာ ဖြည်းညှင်းစွာပြန်၍နောက်ဆုတ်သွားခဲ့သည်။

မူလကအိုမင်းပြီး ပျော့ညံ့ပုံရသည့် အဘိုးကြီးသည် အလွန်ကြောက်စရာကောင်းသည့် အသွင်အပြင်ဖြင့် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

"သူ...အဲ့အဘိုးကြီးက ခွန်းလွန်တောင်ရဲ့အင်မော်တယ်အကြီးအကဲပဲ..."

ပတ်ဝန်းကျင်ရှိလူများအနက် မည်သူကပထမဆုံးတုံ့ပြန်လိုက်မှန်းမသိသော်လည်း ဝမ်အန်းကနောက်ဆုတ်သွားသည်ကိုကြည့်ရင်း စူးရှစွာအော်ဟစ်လိုက်သည်။

ဝိုး...

ထိုအသံကိုကြားလိုက်ရချိန်တွင် လူတိုင်း၏စိတ်ထဲ၌ အင်မော်တယ်အကြီးအကဲ၏ ပုံသဏ္ဍာန်က ထွက်ပေါ်လာခဲ့သည်။

ယခုအချိန်မှ သေချာနှိုင်းယှဉ်ကြည့်ပြီးနောက် ဝမ်အန်း၏အထောက်အထားကို ပိုမိုအသိအမှတ်ပြုလာခဲ့ကြသည်။လက်ရှိအချိန်တွင် သူတို့၏ခြေထောက်များသည် အထိန်းအကွပ်မရှိတုန်ခါနေကြောင်း လူတိုင်းခံစားမိလာကြသည်။အထူးသဖြင့် ခုနက ခွန်းလွန်တောင်၏အင်မော်တယ်အကြီးအကဲအကြောင်းကို ဥက္ကဌကောင်းအား ဟာသလုပ်ပြောဆိုခဲ့သည့် လူငယ်ပင်ဖြစ်သည်။ခဏအကြာတွင် ထိုလူငယ်သည် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ နောက်ပြန်ဆုတ်ကာ ထွက်ပြေးရန်ပြင်ဆင်ခဲ့သည်။

ရွှီ...

လူတိုင်းတိတ်ဆိတ်နေချိန်၌ လေချွန်သံကိုကြားလိုက်ရသည်။

ယနေ့တွင် မူလကနေရောင်သည် တောက်ပနေခဲ့သော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်ထက်၌တိမ်မည်းများ ထွက်ပေါ်လာခဲ့ကာ ကောင်းကင်ပေါ်ရှိအလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့လာခဲ့သည်။

ကျောက်ချန်စွင်၏မျက်လုံးများသည် သွေးရောင်လွှမ်းနေခဲ့သည်။သူသည် သက်တော်စောင့်များ အလဲထိုးခံလိုက်ရသည်ကိုမြင်သောအခါ သူ၏မျက်လုံးများက ယဲ့ပိုင်အား စိုက်ကြည့်နေခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်၏နက်ရှိင်းသောအကြည့်များက ထိုအိမ်ကြီးအား စူးစိုက်ကြည့်နေခဲ့သည်။

သက်တော်စောင့်၄ယောက် သတိလစ်သွားသည့်အချိန်တွင် ယဲ့ပိုင်က သူ့လက်ကိုနောက်ကျောပိုက်၍ ရှေ့သို့တိုးကာလမ်းလျှောက်သွားခဲ့သည်။

သူသည် ကျောက်ချန်စွင်၏ရှေ့သို့ လမ်းလျှောက်သွားပြီးနောက် စကားတစ်ခွန်းသာ ပြောလိုက်သည်။

"ထွက်သွား..."

သူ၏လေသံသည် ခံစားချက်မရှိသော်လည်း ခန့်မှန်း၍မရနိုင်ပေ။

ထိုအသံအားကြားပြီးနောက်တွင် ကျောက်ချန်စွင်သည် သူ၏ဦးခေါင်းတစ်ခုလုံး ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ထို့နောက်သူ၏ခန္ဓာကိုယ်သည် ဘေးဘက်သို့အလိုအလျောက် ဖယ်ရှားပေးလိုက်သည်။ကျောက်ပိုင်ရှန်၏မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေခဲ့ကာ ယဲ့ပိုင်ကသူ့အားဖြတ်ကျော်၍ စံအိမ်တွင်းသို့ဝင်ရောက်သွားသည်ကို ကြည့်ရှုနေခဲ့ရသည်။

All Chapters