← Chapters

ပုံရိပ်

Vol. 4 Ch. 42

ပုံရိပ်

Vol. 4 Ch. 42

ယဲ့ပိုင်က အလွန်နှေးကွေးသော ခြေလှမ်းများဖြင့် သွားလာနေခဲ့ကာ ဝမ်အန်းက အနီးကပ်လိုက်ပါလာခဲ့သည်။

သူတို့နှစ်ယောက်သည် ကျောက်ချန်စွင်နှင့်မရေမတွက်နိုင်သော ဧည့်သည်များ၏ရှေ့မှောက်တွင် ခြေသုံးချောင်းနဂါးစံအိမ်၏ ကမ္မည်းပြားကိုတက်နင်း၍ စံအိမ်ထဲဝင်သွားခဲ့ကြသည်။

အဆုံးသတ်တွင် သူတို့သည်မြင်ကွင်းမှပျောက်ကွယ်သွားခဲ့ကြပြီး ထိုအချိန်ရောက်မှသာ လူတိုင်းကတုံ့ပြန်မှုပြုလုပ်လာကြသည်။

"အရမ်းကိုအရေးကြီးတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာတော့မယ်...အင်မော်တယ်အကြီးအကဲက ကျောက်စံအိမ်ကို လူကိုယ်တိုင်ရောက်လာတာပဲ"

"ကျောက်မိသားစုက အင်မော်တယ်အကြီးအကဲကို စော်ကားခဲ့တယ်...အင်မော်တယ်အကြီးအကဲက ခုလိုမြန်မြန်ဆန်ဆန်လက်တုံ့ပြန်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး...ဒီတိုက်ပွဲမှာဘယ်သူကနိုင်မှာလဲ"

"အင်မော်တယ်အကြီးအကဲက ဒီလိုနေ့မျိုးကို တမင်တကာရွေးချယ်ခဲ့တယ်လို့ ငါခံစားမိတယ်"

"အင်မော်တယ်အကြီးအကဲက အရမ်းကိုကြီးစိုးခြယ်လှယ်လွန်းပြီးတော့ အစွမ်းထက်တာပဲ...သူကအဆင့်မြင့်သက်တော်စောင့်၄ယောက်ကို ချက်ချင်းအလဲထိုးလိုက်တာပဲ...ဒါကအင်မော်တယ်အကြီးအကဲရဲ့ စွမ်းအားလား"

"သူ့ဘေးနားက လူငယ်လေးကလည်း ထင်သလောက်ရိုးရှင်းပုံမရဘူး"

ထိုခဏ၌ မရေမတွက်နိုင်သည့်စကားသံများ ထွက်ပေါ်လာခဲ့ကြပြီး လူတိုင်း၏မျက်နှာပေါ်၌ အံ့သြမှင်သက်နေသည့် အမူအရာများဖြစ်ပေါ်လာခဲ့ကာ ပါးစပ်မှနေ၍တံတွေးများ စီးကျလာကြသည်။သူတို့၏နောက်ခံအထောက်အထားများသည် ပိုမိုအားကောင်းလေလေ ယနေ့ခေတ်၌ ကြောက်မက်ဖွယ်ကောင်းသည့်အရာများကို ပိုမိုသိရှိလေလေဖြစ်သည်။

ကျောက်ချန်စွင်သည် ထိုနေရာ၌အေးခဲသွားခဲ့ကာ သူ၏ဒေါသများက လွှင့်မျောပျောက်ကွယ်သွားခဲ့သည်။သူသည် ဝမ်အန်းနှင့်ယဲ့ပိုင်တို့ထွက်သွားရာဘက်သို့ ကြည့်လိုက်ပြီးနောက် အိမ်ထဲသို့လှမ်းဝင်လိုက်သည်။

လက်ရှိအချိန်တွင် သူ၏မျက်နှာက စာရွက်တစ်ခုလိုဖြူဖျော့နေခဲ့ကာ ပါးစပ်ဟ၍ပြောလိုက်သည်။

"တံခါးကိုပိတ်လိုက်တော့...မသက်ဆိုင်တဲ့သူမှန်သမျှ ထွက်သွားခိုင်းလိုက်"

သူ၏စကားအဆုံးတွင် အမှောင်ထဲ၌ပုန်းအောင်းနေသော ကျောက်မိသားစု၏ အစောင့်များအားလုံး ပြေးထွက်လာခဲ့ကြပြီး ပတ်ဝန်းကျင်ရှိလူများအားလုံးကို အမြန်ဆုံးဖယ်ရှားလိုက်ကြသည်။

ကျောက်ချန်စွင်သည် ငတုံးတစ်ယောက်မဟုတ်ပေ။

ယနေ့ရောက်ရှိလာသူမှာ ခွန်းလွန်တောင်၏ အင်မော်တယ်အကြီးအကဲဖြစ်ပေသည်။သူသည် လူပေါင်းများစွာ၏ အသိအမှတ်ပြုခြင်းကိုခံထားရသူဖြစ်ကာ ကမ္ဘာတစ်ဝှမ်းလုံး၌ ကြောက်မက်ဖွယ်ကောင်းသောဂုဏ်ဒြပ်အား ပိုင်ဆိုင်ထားသူဖြစ်သည်။သူသည် မည်မျှပင်သတ္တိကောင်းနေပါစေ ယခုအချိန်တွင်မူ ကျောက်ချန်စွင်သည် ပွင့်ပွင့်လင်းလင်းအရေးယူဆောင်ရွက်ရန် မဝံ့ရဲတော့ပေ။

လက်ရှိအချိန်တွင် ခြေသုံးချောင်းနဂါးစံအိမ်၏ အခြေအနေက လုံးဝကိုရှုပ်ထွေးနေခဲ့သည်။

ကမ္ဘာတစ်ဝှမ်းမှနေ၍ ရောက်ရှိလာကြသည့်ဧည့်သည်များသည် တစ်ယောက်ပြီးတစ်ယောက် အပြင်သို့ပို့ဆောင်ခံလိုက်ရသည်။သူတို့ထဲမှ အများစုသည် ယခုထိတိုင် မည်သည့်အရာများဖြစ်နေကြောင်း မသိကြသေးပေ။

...

သို့သော်လည်း ယခုအချိန်တွင် ခြေသုံးချောင်းနဂါးစံအိမ်အတွင်း၌...

ယဲ့ပိုင်သည် သူ့လက်နှစ်ဖက်ကို နောက်ကျောပိုက်ရင်း ဖြည်းညှင်းစွာလျှောက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် သူနှင့်ဆန့်ကျင်ဘက်သို့ ဦးတည်နေ့ကြသူအားလုံးသည် သူ၏မျက်လုံးထဲ၌ ရှုခင်းများဖြစ်လာကြသည်။

ဤစံအိမ်တော်သည် အလွန်ကြီးမားပြီး ပထမခြံဝင်းတစ်ခုတည်းကပင် စတုရန်းမီတာထောင်နှင့်ချီရှိပေသည်။

ခြံဝင်းထဲ၌ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ကျောက်တုံးများစွာရှိပေသည်။အချို့မှာ နဂါးအစစ်နှင့်ဆင်တူပြီး အချို့မှာပြုံးနေသည့်ကျားများနှင့်တူပေသည်။အချို့သော အင်မော်တယ်နတ်ဘုရားများနှင့်ဆင်တူပြီး ဤနေရာရှိကျောက်တုံးများသည် အလွန်ပင်တန်ဖိုးရှိကာ ဤနေရာရှိလူတစ်ယောက်က ကျောက်တုံးတစ်ခုအား အပြင်ဘက်သို့ ထုတ်ယူရောင်းချလိုက်လျှင် သူ၏လက်ကျန်ဘဝတစ်ခုလုံးအား ချမ်းသာပျော်ရွှင်စွာ နေထိုင်သွားနိုင်မည်ဖြစ်သည်။

ထို့ပြင် ကျောက်တုံးများအောက်၌ ကွယ်ဝှက်ထားသည့် သဘာဝရေတွင်းများ ရှိပေသည်။

ကြည်လင်သောစမ်းရေသည် ကျွမ်းကျင်သည့် လက်သမားဆရာ၏လမ်းညွန်မှုအောက်တွင် ကျောက်တုံးများကြားမှ အဆက်မပြတ်စီးဆင်းနေခဲ့ကာ ခြံဝင်းအတွင်း၌ လတ်ဆတ်သည့် လေထုအခြေအနေအား ဖြစ်ပေါ်စေခဲ့သည်။

ခြံဝင်းအတွင်း စိမ့်စမ်းရေနှင့်ထူးဆန်းသောကျောက်တုံးများမှလွဲလျှင် ခြံဝင်းတစ်ခုလုံး ချယ်ရီပင်များနှင့် ပြည့်နှက်နေခဲ့သည်။

မနေ့တစ်နေကြပင် နှင်းများထူထပ်စွာ ကျဆင်းနေခဲ့သော်လည်း ယနေ့တွင် နှင်းမြူတစ်စက်ကိုပင် မတွေ့ခဲ့ရတော့ပေ။ဆန့်ကျင်ဘက်အားဖြင့် ချယ်ရီပင်များ၌ ချယ်ရီပန်းများ မြိုင်မြိုင်ဆိုင်ဆိုင်ပွင့်လန်းနေခဲ့ကာ ချယ်ရီပွင့်ချပ်များက ခြံဝင်းထဲသို့ အဆက်မပြတ်ကြွေကျနေခဲ့သည်။သို့ဖြစ်ရာ ခြံဝင်းတစ်ခုလုံးကို ပန်းဥယာဉ်လေးသဖွယ် အလှဆင်ထားသလိုဖြစ်နေပြီး ပန်းရနံ့သင်းသင်းလေးက လူသားတို့၏နှလုံးသားကို ဖမ်းစားထားပေသည်။

ဤနေရာတွင် တွေ့မြင်ရသည့်မြင်ကွင်းတိုင်းသည် ဇိမ်ခံမှုကိုကြိုက်နှစ်သက်သူတို့အဖို့ နိဗ္ဗာန်သဖွယ်ဖြစ်ပေသည်။

ယဲ့ပိုင်သည် ထိုရှုခင်းကိုကြည့်နေရင်း သက်ရှည်ဘုရားကျောင်း၏မြင်ကွင်းနှင့်ယှဉ်လျင် ဘယ်နှစ်ဆပိုလှကြောင်း မပြောတတ်ပေ။

သို့သော်လည်း သေသေချာချာကြည့်လိုက်လျှင် ထိုရှုခင်းသည် အဓိပ္ပါယ်ကင်းမဲ့နေကာ ချမ်းသာကြွယ်ဝသူတို့ ငွေကြေးဖြင့်ဖန်ဆင်းထားသည့် ရှုခင်းဖြစ်နေခဲ့သည်။

"သခင်...ဒီစံအိမ်ကို အရင်ကတစ်ခါရောက်ဖူးတယ်...ဒီအနီးတဝိုက်မှာ လျှို့ဝှက်အစောင့်တွေ အများကြီးရှိနေတယ်...ကျောက်မိသားစုက အရမ်းကိုအားကောင်းပြီးတော့ Qမြို့တော်က သြဇာအာဏာကြီးမားတဲ့လူတွေနဲ့ ပူးပေါင်းမှုရှိတယ်...ပြီးတော့ တရားဝင် သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်ရှိတဲ့ လုံခြုံရေးကုမ္ပဏီအချို့ကိုလည်း ပိုင်ဆိုင်ထားတယ်...အနည်းဆုံးတော့ခုချိန်မှာ သေနတ်ဒါဇင်ပေါင်းများစွာက အမှောင်ထုထဲကနေပြီး ငါတို့ခန္ဓာကိုယ်ကို ဦးတည်ထားတယ်"

ဝမ်အန်းသည်ကား ယဲ့ပိုင်ကဲ့သို့ပင် စံအိမ်တော်၏ရှုခင်းကို တန်ဖိုးထားခြင်းမရှိပေ။

သူသည် ဤနေရာသို့ ဝင်ရောက်လာသည်နှင့်တပြိုင်နက် သူ၏တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး အေးစက်သည့်ချွေးများက သူ၏နောက်ကြောမှ အဆက်မပြတ် စီးကျလာခဲ့သည်။ယခုအချိန်တွင် သူ၏မျက်လုံးများက ယဲ့ပိုင်ထံ အချိန်ပြည့်ရောက်နေကာ တစ်စုံတစ်ယောက်က ယဲ့ပိုင်အား တိုက်ခိုက်မည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။

"အဆင်ပြေတယ် စိတ်မပူနဲ့"

ယဲ့ပိုင်က ညင်သာစွာပြောလိုက်သည်။

ယဲ့ပိုင်သည် မည်သည့်အရာကိုမှဂရုမစိုက်ပေ။သူ၏အရှိန်အဟုန်သည် တည်ငြိမ်နေခဲ့ပြီး မကြာမှီပထမဆုံးခြံဝင်းကိုဖြတ်ကျော်ကာ အတွင်းခြံဝင်းထဲ ဝင်ရောက်လာခဲ့သည်။

အတွင်းထဲ၌ ဆဌဂံပုံစံ ခန်းမဆောင်တစ်ခုရှိသည်။

ထိုခန်းမဆောင်၏အနားသတ်ကို ရွှေဘောင်ကွပ်ထားပြီး အဆောက်အဦး၏ အတွင်းဘက်နံရံများ၌ ရှေးဟောင်းရှုမျှော်ခင်းပန်းချီများကို ချိတ်ဆွဲထားပေသည်။ယဲ့ပိုင်သည် ထိုအဆောက်အဦးတွင်းသို့ ဝင်ရောက်လိုက်ပြီးနောက်တွင် လက်နှစ်ဖက်ကိုနောက်ကျောပစ်၍ အဆောက်အဦး၏အလယ်တွင်ရပ်နေလိုက်ကာ ဝမ်အန်းကလည်း ဖြည်းညှင်းစွာဖြင့် ယဲ့ပိုင်အနားတိုးကပ်၍ရပ်နေခဲ့သည်။

"ဒီနေရာပဲ..."

ယဲ့ပိုင်က ထိုစကားများအား ဖြည်းညှင်းစွာပြောဆိုလိုက်သည်။

ဝမ်အန်းသည် အနည်းငယ်အံ့သြသွားခဲ့သော်လည်း သူမေးမြန်းရန်ပြင်ဆင်လိုက်ချိန်တွင် ကျောက်ချန်စွင်က သက်တော်စောင့်အဖွဲ့ကြီးအား ခေါ်ဆောင်ရောက်ရှိလာကြောင်း တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ကျောက်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်များက ခန်းမဆောင်တွင်းသို့ အလျင်အမြန်စုရုံးလာခဲ့ကြသည်။

ခြေသုံးချောင်းနဂါးစံအိမ်သို့ ရောက်ရှိလာကြသည့်ဧည့်သည်များကမူ ဤအခိုက်အတန့်လေး၌ အပြင်ဘက်သို့ ချက်ချင်းဆုတ်ခွာသွားခဲ့ကြသည်။

"မင်းတို့နှစ်ယောက်...ဒါကဘယ်လိုနေရာလဲဆိုတာကော သိကြလား...ဒါကကျောက်မိသားစုစံအိမ်တော်ပဲ...မင်းတို့ကဖိတ်စာမပါဘဲ ဒီလိုဝင်လာလို့မရဘူး...ဒါကသီးသန့်ခန်းမဆောင်ဖြစ်တယ်...ခုချက်ချင်းမင်းတို့ရဲ့အထောက်အထားကိုရှင်းပြပြီး ထွက်သွားတော့...အဲ့ဒါဆိုမင်းတို့ဒီမှာသေမှာမဟုတ်ဘူး"

ကျောက်ချန်စွင်သည် ဝမ်အန်းနှင့်ယဲ့ပိုင်တို့၏ကျောပြင်ကိုကြည့်ရင်း အံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

ထိုစကားသည် သူတို့နှစ်ယောက်ကို ရည်ရွယ်ကြောင်း သိသာထင်ရှားပေသည်။

သို့သော်လည်း ယဲ့ပိုင်ကပြန်လည်ဖြေကြားခြင်းမပြုဘဲ ခန်းမဆောင်ထဲ၌ ရပ်စောင့်နေခဲ့ပြီး ရှုခင်းများအား ကြည့်ရှု၍ ငြိမ်သက်စွာစောင့်ဆိုင်းနေခဲ့သည်။

ဝမ်အန်းသည် ယဲ့ပိုင်၏ခွင့်ပြုချက်ကိုမရရှိဘဲ စကားမပြောဝံ့ပေ။

ယခုလိုအခြေအနေနှင့်ရင်ဆိုင်လာရပြီးနောက် ကျောက်ချန်စွင်က သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပြီး အံကြိတ်မိလိုက်ကာ မည်သို့ဆက်လုပ်ရမည်ကိုမသိတော့ပေ။

ထိုအဘိုးကြီးသည် ခွန်းလွန်တောင်၏အင်မော်တယ်အကြီးအကဲဖြစ်ကြောင်း သိရှိလိုက်ရချိန်တွင် သူ၏နှလုံးသားထဲ၌ မကြုံစဖူးဖိအားဒဏ်ကို စတင်ခံစားလာခဲ့ရသည်။

သို့သော်လည်း တဖြည်းဖြည်းစုဝေးလာနေသည့် ကျောက်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်များသည် တိတ်ဆိတ်ငြိမ်သက်နေသည့် လေထုကိုချိုးဖောက်ကာ တစ်ယောက်ပြီးတစ်ယောက် စတင်ပြောဆိုလာခဲ့ကြသည်။

သူတို့သည် ကျောက်ချန်စွင်ကဲ့သို့ အခက်တွေ့မနေဘဲ ဝမ်အန်း၏အထောက်အထားကို တိုက်ရိုက်ပြောဆိုလာကြသည်။

"ခွန်းလွန်တောင်က ရှေးဟောင်းအင်မော်တယ်အကြီးအကဲလား...တကယ်လို့သူဖြစ်နေရင်တောင်မှ ငါတို့ကျောက်မိသားစုနဲ့တန်းတူအဆင့်မှာပဲရှိတယ်...ဒီနေ့သူက ငါတို့စံအိမ်ကမ္မည်းပြားကို ရိုက်ချိုးလာတဲ့အတွက် ငါတို့ကျောက်မိသားစုရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တာနဲ့အတူတူပဲ"

ကျောက်ခွန်၏ဝမ်းကွဲအစ်ကိုတစ်ယောက်သည် ခရမ်းရောင်သန်းနေသောမျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။သူသည် ကျောက်မိသားစု၏အမြဲတမ်းအဖွဲ့ဝင်ဖြစ်ပေရာ အမြဲလိုလိုပင် ကောင်းမွန်သောနေထိုင်မှုပုံစံကို ထိန်းသိမ်းထားလေ့ရှိသည်။

သို့သော်လည်း ယနေ့တွင်မူ တစ်စုံတစ်ယောက်က သူတို့၏အိမ်ကမ္မည်းပြားကိုရိုက်ချိုးလိုက်ပေရာ သူတို့၏မျက်နှာအားတက်နင်းမိသလို ခံစားရစေ၍ ရိုင်းရိုင်းစိုင်းစိုင်းပင် ပြောဆိုလာခဲ့သည်။

"အင်မော်တယ်လူအိုကြီး...ဒီနေ့ကအဘိုးရဲ့စျာပနာပဲ...မင်းကငါတို့ကျောက်မိသားစုနဲ့ရန်သူဖြစ်ဖို့ တကယ်ပဲစီစဉ်နေခဲ့တာလား..."

ထိုစကားကိုပြောလာသူမှာ ခံ့ညားထည်ဝါသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။သူသည် ကျောက်ချန်စွင်၏အဖေတူ အမေကွဲအစ်ကို ကျောက်ချန်ဇီဖြစ်သည်။

ကျောက်ပိုင်ရှန်ကွယ်လွန်ပြီးနောက် ကျောက်မိသားစုတွင်း၌ သူ၏စွမ်းအားက အလွန်ကြီးမားလာခဲ့သည်။

"မင်းခုနေထွက်သွားမယ်ဆိုရင် ဘာမှမဖြစ်သလိုမျိုး ငါတို့ယူဆပေးလိုက်မယ်...ကျောက်မိသားစုက ကျောက်မိသားစုပဲ...မင်းကခွန်းလွန်တောင်ရဲ့အင်မော်တယ်အကြီးအကဲပဲ...ငါတို့ကဘာမှမဟုတ်တဲ့ကိစ္စနဲ့ ခွန်းလွန်တောင်နဲ့ပြဿနာအကြီးအကျယ်တက်ဖို့ စိတ်ကူးမရှိဘူး"

ကျောက်ပိုင်ရှန်၏ဘေးနားတွင်ရပ်နေသော အနက်ရောင်ကုတ်ကိုဝတ်ဆင်ထားသည့် အမျိုးသမီးကပြောလိုက်သည်။သူမ၏လည်တိုင်တဝိုက်တွင် တောက်ပနေသည့်ပုလဲလည်ဆွဲကို ဝတ်ဆင်ထားပေသည်။ထိုအမျိုးသမီးသည် အလွန်ချမ်းသာကြွယ်ဝပုံပေါ်သော်လည်း သူမ၏လေသံက လွန်စွာစူးရှနေခဲ့သည်။

သူတို့အပြင် ကျောက်မိသားစု၏မျိုးဆက်သစ်များကလည်း ရိုင်းရိုင်းစိုင်းစိုင်းစကားဆို၍ အပြစ်တင်လာကြသည်။

ခန်းမဆောင်၏အလယ်၌ရပ်နေသောယဲ့ပိုင်သည် ထိုစကားများကိုကြားပြီးနောက် သူ၏ပါးစပ်ကိုဖွင့်၍ပြောလိုက်သည်။

"မင်းတို့က ကျောက်မိသားစုကို တကယ်ကိုယ်စားမပြုနိုင်ဘူး"

ယဲ့ပိုင်၏စကားသံသည် အကျယ်ကြီးမဟုတ်သော်လည်း ခန်းမဆောင်တစ်ခုလုံးအနှံ့ ကြားနေရသည်။

သို့သော်လည်း ထိုနေရာ၌ရှိနေသော ကျောက်မိသားစုမျိုးဆက်များက ယဲ့ပိုင်၏စကားကို ရှင်းရှင်းလင်းလင်းကြားလိုက်ရကာ သူတို့၏မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားခဲ့သည်။

...

ထိုအချိန်တွင် ခန်းမဆောင်၏အခြားတစ်ဖက်မှနေ၍ ရွှေရောင်ဝတ်စုံဝတ်လူအိုကြီးတစ်ယောက်သည် ခန်းမဆောင်ထဲသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာနေခဲ့သည်။

ထိုလူ၏ပုံရိပ်အား တွေ့မြင်ပြီးနောက်တွင် ကျောက်မိသားစုမှလူတိုင်း အံ့သြမှင်သက်သွားခဲ့ရသည်။

All Chapters