← Chapters

မွေးနေ့

Vol. 4 Ch. 43

မွေးနေ့

Vol. 4 Ch. 43

ခြေသုံးချောင်းနဂါးစံအိမ် အတွင်းခြံဝင်း၌...

ဤနေရာတစ်ခုလုံးကို ကျောက်မိသားစုက ဝိုင်းရံပိတ်ဆို့ထားခဲ့သည်။

ယဲ့ပိုင်၏စကားကြောင့်သာမဟုတ်ပါက သူသည်ထိုသားစဉ်မြေးဆက်များအား အသေသတ်လုနီးပါး လုပ်ဆောင်မိမှာဖြစ်သည်။

သို့သော်လည်း ထိုသားစဉ်မြေးဆက်များက ဆက်လက်၍အော်ဟစ်ဆဲဆိုကြတော့မည့်အချိန်တွင် ရွှေရောင်ရုပ်ပုံလွှာတစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်၏အရှိန်သည် လွန်စွာမြန်ဆန်ခြင်းမရှိပေ။သူ၏ခန္ဓာကိုယ်သည် အနည်းငယ်အားနည်းနေပုံရသော်လည်း သူ၏အကြည့်များက အလွန်စူးရှနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူထွက်ပေါ်လာသည့်အချိန်တွင် မကြုံစဖူးထူးကဲသည့် အော်ရာအငွေ့အသက်က သူ၏ပတ်ဝန်းကျင်၌ ပျံ့နှံ့သွားခဲ့ရသည်။

ထိုရုပ်ပုံလွှာ ထွက်ပေါ်လာသည့်အချိန်၌ လူတိုင်းသတိပြုမိလိုက်ကြသည်။ထို့နောက်တွင် ကျောက်မိသားစုဝင်တိုင်းသည် ပါးစပ်ကိုကျယ်ကျယ်ဖွင့်ကာ ပြူးကျယ်သောမျက်လုံးများဖြင့် စကားတစ်ခွန်းမှမပြောနိုင်ဘဲ ခဏလောက် ရပ်နေခဲ့ကြသည်။

ယဲ့ပိုင်သည် ထိုရွှေရောင်ပုံရိပ်ကို လှမ်းကြည့်လိုက်ချိန်တွင် သူ၏အကြည့်များက အနည်းငယ်မှိန်ဖျော့သွားကာ သူ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုဝမ်းသာမှုကို မထုတ်ဖော်ခဲ့ပေ။

ဝမ်အန်းသည် ထိုပုံရိပ်ကိုမြင်မြင်ချင်း ဒေါသကြီးစွာအံကြိတ်မိလိုက်သည်။သို့သော်လည်း မကြာမှီ သူ၏ဒေါသများကိုပြန်လည်ထိန်းချုပ်လိုက်ကာ နဂိုအတိုင်း ထူးခြားမှုမရှိတည်ငြိမ်သော စိတ်အခြေအနေကိုထိန်းသိမ်းထားနိုင်ခဲ့သည်။

"အဖေ..."

သို့သော်လည်း အလွန်ဒေါသထွက်နေသောကျောက်ချန်စွင်သည် အေးခဲနေသောလေထုအခြေအနေကို သတိထားမိလိုက်၍ စိတ်မထိန်းနိုင်ဘဲ တုန်လှုပ်နေသည့်လေသံဖြင့် အော်ဟစ်မိလိုက်သည်။ထို့ပြင် သူ၏ခန္ဓာကိုယ်ကလည်း ကျောက်ရုပ်တစ်ခုလို လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။သူသည် ကျောက်ပိုင်ရှန်က ဤနေရာ၌ပေါ်လာရသည့် အကြောင်းရင်းအား မစဉ်းစားနိုင်ခဲ့ပေ။

ယခုအချိန်သာ သူထွက်ပေါ်လာပါက အကြံအစည်အားလုံး ပျက်စီးသွားမှာဖြစ်သည်။

ကျောက်ချန်စွင်၏အသံထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်ငြိမ်သက်နေသော ပတ်ဝန်းကျင်သည် ချက်ချင်းပြိုကွဲသွားခဲ့သည်။

ကျောက်မိသားစု၏ သားစဉ်မြေးဆက်များအားလုံးသည် လက်ရှိအချိန်၌ အလောတကြီးတုံ့ပြန်လာခဲ့ကြသည်။

"ဘိုးဘေး...ဒါကတကယ်မင်းပဲလား..."

ကျောက်ချန်ဇီ၏မျက်လုံးများက အနည်းငယ်မှုန်မှိုင်းနေကာ သူ၏အသံက အနည်းငယ်ဝေဝါးနေခဲ့သည်။ထိုစကားကိုပြောလိုက်ချိန်တွင် သူ၏မျက်လုံးများ၌ အံ့အားသင့်နေသောအရိပ်အယောင်များ ပါဝင်နေခဲ့သည်။

"အဲ့ဒါကဘိုးဘေးပဲ...ဘိုးဘေးမသေသေးဘူး"

"ဘိုးဘေးအသက်ရှင်သန်နေသမျှ အရာအားလုံးအဆင်ပြေသွားမှာပါ"

"ဘိုးဘေးပြန်လည်နိုးထလာပြီ...ငါပြောခဲ့သလိုပဲ သူကဘယ်တော့မှသေဆုံးမှာမဟုတ်ဘူး..."

"ဘိုးဘေး...ဒီနေ့မှာ ခွန်းလွန်တောင်ရဲ့အင်မော်တယ်အကြီးအကဲက ငါတို့စံအိမ်တော်ရဲ့ကမ္မည်းပြားကိုရိုက်ချိုးပြီး ငါတို့ကိုရန်စခဲ့တယ်"

တဖြည်းဖြည်းနှင့် ကျောက်မိသားစု၏အသံများသည် ဒေါသထွက်နေရာမှာ စိတ်လှုပ်ရှားမှု၊ပျော်ရွှင်မှုအဖြစ်သို့ ကြီးမားစွာပြောင်းလဲသွားခဲ့သည်။

ကျောက်ပိုင်ရှန်၏ ကျောက်မိသားစုဟူသော ကောင်းကင်ကိုမတင်ပေးထားသည့် ထောက်တိုင်ကြီးဖြစ်သည်။သူရှင်သန်နေမှသာလျှင် ကျောက်မိသားစုသည် အချိန်အတော်ကြာသည်ထိ ဘုန်းတန်ခိုးအာနုဘော် ကြီးထွားလာမည်ဖြစ်သည်။

ကျောက်မိသားစုမှလူတိုင်းသည် ထိုကိစ္စကို အလွန်ပင်ရှင်းရှင်းလင်းလင်း နားလည်သိရှိခဲ့သည်။

ကျောက်မိသားစုမှလူများသည် ယဲ့ပိုင်အားအော်ဟစ်ဆဲဆိုနေကြချိန်တွင် ကျောက်ပိုင်ရှန်ရောက်ရှိလာသည်ကို မြင်လိုက်ရသည့်အခါတွင် ချက်ချင်းပင်ဆဲဆိုနေခြင်းကိုရပ်တန့်၍ ကျောက်ပိုင်ရှန်အားဖေးမရန် ပြေးဝင်လာခဲ့ကြသည်။

သို့သော်လည်း ကျောက်မိသားစု၏ သားစဉ်မြေးဆက်များသည် ကျောက်ပိုင်ရှန်နှင့်၃မီတာသာ ကွာဝေးတော့ချိန်၌ ကျောက်ပိုင်ရှန်က ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

ကျောက်ပိုင်ရှန်သည် ရွှေချိုင်းထောက်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ ပြတ်သားသည့်အသံဖြင့် မြေပြင်ပေါ်သို့ နှစ်ကြိမ်ခန့်ထုချလိုက်သည်။

ထိုအသံအားကြားချိန်တွင် ကျောက်မိသားစု၏ သားစဉ်မြေးဆက်များက ချက်ချင်းရပ်တန့်သွားကြသည်။

ထိုမြင်ကွင်းသည် ခဏလောက်တိတ်ဆိတ်သွားပြီးနောက် ထိုလူများက ကျောက်ပိုင်ရှန်အတွက် လမ်းကြောင်းဖော်ပေးလိုက်ကြသည်။

"ဘိုးဘေးက ဒီကိုရောက်နေပြီဆိုတော့ အင်မော်တယ်အကြီးအကဲတောင် ဒီနေ့သေရလိမ့်မယ်"

"ဟီးဟီး...မင်းကငါတို့ ကျောက်မိသားစုရဲ့ ကမ္မည်းပြားကို ရိုက်ချိုးဖို့သတ္တိရှိနေပြီး ငါတို့ကျောက်မိသားစုကို ဒုက္ခပေးဖို့ရောက်လာတယ်ဆိုတော့ တန်ဖိုးတစ်ခုတော့ပေးချေရမှာပဲ..."

"ဒါက သေရာကနေပြန်ရှင်တာလို့ခေါ်တဲ့ဖြစ်စဉ်မလား...ဟုတ်တယ် ကျောက်မိသားစုက ဒုက္ခရောက်နေတဲ့အချိန်မှာ ဘိုးဘေးကပဲ ကယ်တင်နိုင်မှာပဲ..."

ကျောက်ပိုင်ရှန်ကိုကြည့်နေသော တိုက်ရိုက်သားစဉ်မြေးဆက်များသည် သူတို့၏မျက်လုံးများ၌ စိတ်လှုပ်ရှားနေသောမျက်ရည်များဖြင့် ပူလောင်ပြည့်နှက်နေခဲ့သည်။သူတို့၏မျက်နှာပြင်သည် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း သူတို့၏နှလုံးသားက ရေနွေးအိုးလိုပွက်ပွက်ဆူနေခဲ့သည်။

သို့သော်လည်း ယဲ့ပိုင်နှင့်ဝမ်အန်းတို့်အားကြည့်ချိန်တွင် သူတို့၏မျက်လုံးများ၌ ရှုတ်ချဒေါသထွက်မှုများနှင့် ပြည့်နှက်နေခဲ့သည်။သူတို့၏အမြင်အရ ဘိုးဘေးသည် သက်ရှိထင်ရှားရှိနေစဉ်အခါက အရာအားလုံးကို လွယ်ကူစွာကိုင်တွယ်ဖြေရှင်းပြခဲ့သည်။မည်သို့ပင်ဆိုစေ ကျောက်ပိုင်ရှန်ထွက်ပေါ်မလာလျှင်တောင်မှ သူတို့ကလုံးဝနောက်ပြန်ဆုတ်မှာမဟုတ်ပေ။တစ်ဖက်ရန်သူသည် အင်မော်တယ်တစ်ပါးဖြစ်နေလျှင်တောင်မှ သူတို့ကဤအနီးအနားဝန်းကျင်၌ အာဏာအပြည့်ရှိနေပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။

"အဖေ...မင်းက"

ကျောက်ချန်စွင်၏ခြေထောက်များသည် တုန်ခါသွားခဲ့ကာ သူ၏အသားအရည်က ဆက်လက်ပြောင်းလဲနေခဲ့သည်။

ပတ်ဝန်းကျင်တခွင်သည် အလွန်တိတ်ဆိတ်သွားသည်။ ကျောက်ချန်စွင်သည် ကျောက်ပိုင်ရှန်က ယဲ့ပိုင်နှင့်ဝမ်အန်းတို့ နီးကပ်လာသည်ကိုတွေ့မြင်လိုက်ရချိန်တွင် မည်သို့မှကူညီနိုင်စွမ်းမရှိခဲ့ပေ။ကျောက်ပိုင်ရှန်ကမူ ရှေ့သို့ဆက်တိုးမြဲဆက်တိုးနေဆဲဖြစ်သည်။

ကျောက်ချန်စွင်သည် အမှန်တရားကိုသိရှိပြီးနောက်တွင် အဘယ်ကြောင့်သူ့အဖေသည် လျှို့ဝှက်အိမ်ငယ်မှ ထွက်လာရသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

သို့သော်လည်း ကျောက်ပိုင်ရှန်သည် ကျောက်ချန်စွင်အား လှည့်၍ပင်မကြည့်ခဲ့ပေ။

ကျောက်ပိုင်ရှန်သည် ဆံပင်များဖြူစွတ်နေကော သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါနေခဲ့သည်။သူသည် ရွှေဝါရောင်ဝတ်စုံအား ဝတ်ဆင်ထားခဲ့ကာ ရွှေနဂါးချိုင်းထောက်ကို ကိုင်ဆောင်ထားပေသည်။

သူသည် ကျောက်မိသားစုမှ မရေမတွက်နိုင်သော သားစဉ်မြေးဆက်များ၏ မျှော်လင့်ချက်များအောက်တွင် ယဲ့ပိုင်နှင့်ဝမ်အန်းတို့ဆီသို့ တည့်တည့်မတ်မတ်လျှောက်သွားခဲ့သည်။

ကျောက်ပိုင်ရှန်သည် ဒေါသပေါက်ကွဲတော့မည်ဟု လူတိုင်းခံစားမိလိုက်သော်လည်း နောက်အခိုက်အတန့်၌ ဖြစ်ပျက်သွားသည့်အရာက သူတို့၏မျက်လုံးများအား ကန်းလုမတတ်ဖြစ်စေခဲ့သည်။

ဒုန်း...

ကျောက်ပိုင်ရှန်သည် တုံ့ဆိုင်းမနေတော့ဘဲ တဆတ်ဆတ်တုန်ခါနေသော သူ၏ခြေထောက်များကို မြေပြင်ပေါ်သို့ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

"သခင်..."

သူ၏နဖူးသည် မြေပြင်အားထိတွေ့ပြီး အလွန်လေးစားရိုသေသည့်အသံဖြင့် နှုတ်ဆက်လိုက်သည်။

"ဒါ..."

"ဒါက ဘယ်လိုဖြစ်ရတာလဲ..."

"ဘိုးဘေး..."

"ဘိုးဘေး...ဘာလို့ဒီလိုလုပ်ရတာလဲ..."

"အင်မော်တယ်အကြီးအကဲက တကယ်ကောအစွမ်းထက်လို့လား..."

"ဘာလို့ဘိုးဘေးက အင်မော်တယ်အကြီးအကဲကို ဒူးထောက်အရိုအသေပေးရတာလဲ..."

ခန်းမဆောင်အပြင်ဘက်ရှိ ကျောက်မိသားစု၏သားစဉ်မြေးဆက်များသည် သွေးရောင်လွှမ်းနေသောမျက်လုံးများဖြင့် ဤအခြေအနေကိုစိုက်ကြည့်နေကြသည်။သူတို့သည် ဤမြင်ကွင်းကိုတွေ့မြင်လိုက်ချိန်တွင် လုံးဝတုံ့ပြန်မှုမလုပ်ဆောင်နိုင်ခဲ့ပေ။သူတို့၏နှလုံးသားထဲရှိ မာနနှင့်စိတ်လှုပ်ရှားမှုများက လုံးဝပျောက်ကွယ်သွားခဲ့ကာ အရူးတစ်ယောက်လိုခံစားနေကြရသည်။

ထိုအခိုက်အတန့်တွင် ကျောက်မိသားစုဝင်များက ကျောက်ပိုင်ရှန်သည် အင်မော်တယ်အကြီးအကဲအား ဒူးထောက်ခြင်းဖြစ်သည်ဟု ရိုးရိုးရှင်းရှင်းပင်တွေးမိလိုက်ကြသည်။ယဲ့ပိုင်သည် ယနေ့၏ဇာတ်ကောင်အစစ်ဖြစ်ကြောင်း သူတို့မသိခဲ့ကြပေ။

ကျောက်ချန်စွင်သည် ဘေးနားတွင်ရပ်နေပြီး လက်ရှိအခြေအနေအား အခြားသူများထက် ပိုမိုရှင်းလင်းစွာသိရှိနားလည်ထားပေသည်။သူသည် လက်သီးများအားတင်းကျပ်စွာဆုပ်လိုက်မိရာ သူ၏လက်ဆစ်များကတုန်ခါနေပြီး လက်သည်းများက အသားထဲသို့ထိုးဖောက်ဝင်ရောက်ကာ သွေးများစီးကျလာခဲ့သည်။သို့သော်လည်း ကျောက်ချန်စွင်က ထိုအရာကိုသတိမပြုမိပေ။

ဝမ်အန်းသည် ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသည့်အချိန်တွင် သူ၏မျက်လုံးထောင့်စွန်းရှိကြွက်သားများက တုန်ခါသွားခဲ့သည်။သူသည် တစ်ခုခုပြောကြားလိုသော်လည်း ငြိမ်သက်နေရုံသာတတ်နိုင်ခဲ့သည်။

ယခုအချိန်ထိ ယဲ့ပိုင်က မည်သည့်အမူအရာမှမပြသေးပေ။ကျောက်ပိုင်ရှန်သည် သူ့ရှေ့၌ဒူးထောက်လျက်သားရှိနေသော်လည်း ယဲ့ပိုင်ကသူ့အားမကြည့်ခဲ့ပေ။သူ၏မျက်လုံးများက ခန်းမဆောင်အပြင်ဘက်ရှိ လေတစ်ချက်ဝှေ့လိုက်တိုင်း ယိမ်းခါနေတတ်သော ချယ်ရီပင်များကိုသာ စိုက်ကြည့်နေခဲ့သည်။

ချစ်စရာကောင်းကာ မွှေးကြိုင်သော ချယ်ရီပန်းပွင့်များက လေထဲတွင် ဖြည်းညှင်းစွာဖြင့် အကြိမ်အနည်းငယ်ခန့်လှည့်ပတ်နေခဲ့ပြီး အဆုံးသတ်၌ အသံအနည်းငယ်မျှပင် မထုတ်ဖော်ခဲ့ဘဲ မြေကြီးပေါ်သို့ကျဆင်းလာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာမြင့်သွားသော်လည်း မြင်ကွင်းတစ်ခုလုံးက ထူးထူးခြားခြားဆိုသလို တိတ်ဆိတ်နေခဲ့သည်။

မြေပြင်ပေါ်၌ ဒူးထောက်နေသော ကျောက်ပိုင်ရှန်၏ အိုမင်းနေသောမျက်နှာသည် စက္ကူတစ်စလို ဖြူဖတ်ဖြူရော်ဖြစ်နေခဲ့သည်။

သူသည် ယဲ့ပိုင်စကားမပြောသည်ကို သတိထားမိ၍ တုန်ယင်နေသောလေသံဖြင့် ပြောလိုက်သည်။

"သခင်...ကျနော်နောက်ကျသွားတယ်...ခွင့်လွှတ်ပါ"

ယဲ့ပိုင်ကမူ စကားတခွန်းမှ မပြောသေးပေ။

ထို့နောက်တွင် သူ၏မျက်လုံးများက ချယ်ရီပန်းပင်များဆီမှ ရွေ့လျားသွားခဲ့ပြီး ထိုအဘိုးအိုအား ဂရုမစိုက်သည့်အကြည့်ဖြင့် ကြည့်နေခဲ့သည်။သို့သော်လည်း သူ၏မျက်လုံးများက မည်သည့်ခံစားချက်ကိုမှ ထုတ်ဖော်ပြသခြင်းမရှိပေ။

အချိန်ကာလသည် အကြင်နာတရားကင်းမဲ့ပေသည်။

သူနှင့်ရင်းနှီးကျွမ်းဝင်သူများသည် အသက်အရွယ်အိုမင်းလာခဲ့ကာ တိတ်တဆိတ်ပြောင်းလဲစပြုလာခဲ့သည်။သူ့ရှေ့မှလူအိုကြီးသည် ဆံပင်များဖြူစွတ်နေကာ အိုမင်းရင့်ရော်သည့်မျက်နှာကို ပိုင်ဆိုင်ထားသည်။သို့သော်လည်း ကျောက်ပိုင်ရှန်သည် သူ့ခန္ဓာကိုယ်၌ဝတ်ဆင်ထားသည့် အဝတ်အစားများအား ဖုန်တစ်စက်မှမထိတွေ့ရလေအောင် အလွန်သပ်သပ်ရပ်ရပ်သန့်ရှင်းထားပေသည်။

"ဟင်း.."

အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်က ခပ်တိုးတိုးလေးသက်ပြင်းချလိုက်မိသည်။ထိုလူအိုကြီးက ယခုလိုခြေလှမ်းလှမ်းလိုက်ခြင်းသည် ယဲ့ပိုင်မြင်တွေ့ချင်သည့် အရာမဟုတ်ပေ။

"ပိုင်ရှန်...ဒီနေ့ကမင်းရဲ့မွေးနေ့မဟုတ်ဘူးလား..."

ယဲ့ပိုင်သည် တိုးတိုးလေးသက်ပြင်းချလိုက်ပြီး ဖြည်းညှင်းစွာပြောဆိုလိုက်သည်။

ထိုစကားကိုနားထောင်ပြီးနောက် ဝမ်အန်း၏မျက်လုံးများသည် အနည်းငယ်လှုပ်ခတ်သွားခဲ့ကာ သူ၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

"ဟုတ်ပါတယ် သခင်..."

သို့သော်လည်း ယဲ့ပိုင်၏စကားကိုကြားလိုက်ရချိန်တွင် မြေကြီးပေါ်ဒူးထောက်နေသည့် ကျောက်ပိုင်ရှန်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ထိုအခိုက်အတန့်တွင် သူဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံအဆိုးအကောင်းများနှင့် သူ၏တည်ငြိမ်သောအမူအရာသည် ချက်ချင်းပျောက်ကွယ်သွားကာ သူ၏မျက်လုံးများ၌ မျက်ရည်များပြည့်နှက်လာခဲ့သည်။ထိုအခိုက်အတန့်တွင် မရေမတွက်နိုင်သည့် စိတ်ခံစားချက်များက သူ၏နှလုံးသားထဲ၌ ပေါက်ဖွားလာခဲ့သည်။

ယနေ့သည် အမှန်ပင်သူ၏မွေးနေ့ဖြစ်ပေသည်။

All Chapters