ဝိုင်လောင်းထည့်ခြင်း
Vol. 4 Ch. 44
ယဲ့ပိုင်၏အသံက အလွန်တိုးလျစွာ ထွက်ပေါ်လာခဲ့သည်။
သူသည် အစမှအဆုံးတိုင်အောင် ငြိမ်းချမ်းစွာရပ်တည်နေခဲ့သည်။
သူသည် ထိုစကားကိုပြောလာချိန်တွင် ယဲ့ပိုင်၏ခန္ဓာကိုယ်မှနေ၍ လက်လှမ်းမမှီနိုင်သည့် ခမ်းနားထည်ဝါသော အရိပ်အယောင်ကို ဖျတ်ခနဲ့ထုတ်ဖော်လာခဲ့သည်။
ခန်းမဆောင်၏အပြင်ဘက်ရှိ ကျောက်မိသားစု၏ တိုက်ရိုက်သားစဉ်မြေးဆက်များသည် နောက်ထပ်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုအားတွေ့ရှိခဲ့သည်။
သူတို့၏ဘိုးဘေးဟောင်း ဒူးထောက်အရိုအသေပေးနေသူသည် အင်မော်တယ်အကြီးအကဲမဟုတ်ဘဲ အဖြူရောင်ရှေးဟောင်းဝတ်စုံအား ဝတ်ဆင်ထားသည့် ၁၆နှစ်သို့မဟုတ် ၁၇နှစ်သာသာရှိသော လူငယ်လေးတစ်ယောက်သာဖြစ်သည်။
"သူက ဘယ်သူလဲ..."
"ဘိုးဘေးက အဲ့လူငယ်ကို သခင်လို့ခေါ်လိုက်တာလား"
"အဲ့ဒါက ငါတို့ရဲ့ဘိုးဘေးဆိုတာသေချာလား..."
"ဒါက နည်းနည်းတော့ယုံရခက်တယ်"
ထိုတိုက်ရိုက်မျိုးဆက်များ၏ နှလုံးသားထဲတွင် မရေမတွက်နိုင်သော သံသယစိတ်များ ပေါက်ဖွားလာခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်တွင် မည်သူကမှ စကားအပိုမပြောရဲကြပေ။သူတို့တွင် ထိုသို့ပြောရဲသည့် သတ္တိလည်းမရှိကြတော့ပေ။
အမှောင်ထဲတွင် ပုန်းအောင်းနေကြသည့် စနိုက်ပါသမားများသည်လည်း သူတို့၏စနိုက်ပါများအား ယဲ့ပိုင်နှင့်ဝမ်အန်းတို့ကို ချိန်ရွယ်ထားကြသည်။သူတို့သည်လည်း ဤမြင်ကွင်းကိုတွေ့မြင်လိုက်ချိန်တွင် သူတို့၏စိတ်ဓာတ်အရည်အသွေးသည် မည်မျှပင်ခိုင်မာနေပါစေ သူတို့၏အမူအရာများက အလွန်ပင်ဖြူဖတ်ဖြူရော်ဖြစ်နေခဲ့သည်။သူတို့၏သေနတ်ကိုင်ထားသောလက်များက မတည်မငြိမ်ဖြစ်နေကာ နဖူးပေါ်၌လည်း ချွေးအေးများ အဆက်မပြတ်စီးကျလာခဲ့သည်။
"ပိုင်ရှန်...မင်းချက်တဲ့ဟင်းတွေကို ငါမစားရတာတောင် အတော်ကြာပြီ..."
ယဲ့ပိုင်သည် ဘေးပတ်ဝန်းကျင်ရှိလူများကို ဂရုမစိုက်ဘဲ ကျောက်ပိုင်ရှန်ကိုကြည့်၍ သူပြောလိုသည့်စကားများကို ဆက်ပြောလိုက်သည်။
"သခင် အလိုရှိတယ်ဆိုရင် ဒီအစေခံအိုကြီးက လုပ်ဆောင်ပေးပါမှာ"
ကျောက်ပိုင်ရှန်သည် လက်တစ်ဖက်ဖြင့် မြေပြင်ကိုထောက်လိုက်ပြီး သူ၏ထုံကျင်နေသောခြေထောက်များဖြင့် ခက်ခက်ခဲခဲ မတ်တပ်ထရပ်လိုက်သည်။
ဘဝတလျှောက် ကြုံတွေ့လာခဲ့ရသည့် အဆင်မပြေမှုများကြောင့် သူ၏မျက်လုံးများက အရောင်အဆင်းကင်းမဲ့နေခဲ့သည်။ထိုအခိုက်အတန့်၌ သူသည် သာမန်အဘိုးကြီးတစ်ယောက်နှင့် ခြားနားမှုမရှိခဲ့ပေ။
သို့သော်လည်း မတ်တပ်ရပ်လိုက်ပြီးနောက် ကျောက်ပိုင်ရှန်၏စူးရှသောအကြည့်များက ကျောက်ချန်စွင်ဆီသို့ ရုတ်တရက်ကျရောက်လာခဲ့သည်။
"ချန်စွင်...မင်းတို့တွေအားလုံး ခန်းမဆောင်အပြင်ဘက်ခြံဝင်းဆီ ထွက်သွားကြစမ်း...ငါ့ရဲ့အမိန့်မပါဘဲ ဘယ်သူမှအထဲဝင်လာခွင့်မရှိဘူး...မင်းတို့ကြားကြလား"
သူ၏လေသံသည် အလွန်ပြင်းထန်နေပြီး ညှိနှိုင်းခွင့်လုံးဝမပေးပေ။
သူ၏ဘေးနားတွင်ရှိနေသော ဝမ်အန်းသည် ထိုစကားကိုကြားလိုက်ရချိန်တွင် သတ်ဖြတ်လိုစိတ်များက သူ၏မျက်လုံးထဲ၌ဖြတ်သန်းသွားခဲ့သည်။ကျောက်ပိုင်ရှန်ဟုခေါ်သည့် အဘိုးကြီးသည် ဤနေရာသို့ရောက်လာပြီဖြစ်သော်လည်း လက်လျော့ရန် အကြံအစည်ရှိပုံမရပေ။
ယဲ့ပိုင်သည် အရာအားလုံးကိုလျစ်လျူရှုထားသော်လည်း သူ၏ပါးစပ်ထောင့်စွန်း၌ နူးညံ့သည့် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
ကျောက်ချန်စွင်သည် ထိုစကားကိုကြားချိန်၌ ရှေ့တိုးလာကာ ကျောက်ပိုင်ရှန်အား တုံ့ပြန်ပြောဆိုရန် ကြံစည်လိုက်သော်လည်း ကျောက်ပိုင်ရှန်၏စူးရှသောအကြည့်များကို တွေ့မြင်လိုက်ချိန်တွင် သူ၏နှလုံးကတုန်ခါသွားခဲ့ကာ သူ၏မျက်လုံးများက အနည်းငယ်လှုပ်ခတ်သွားခဲ့သည်။ထို့နောက်တွင် သူသည် ထွက်ခွာသွားရန်ဆန္ဒမရှိသည့် ကျောက်မိသားစုဝင်များဘက်လှည့်၍ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။
"ဘိုးဘေးပြောတာကိုမကြားကြဘူးလား...ခုချိန်ကစပြီး ဘိုးဘေးကိုနှောင့်ယှက်ဝံ့တဲ့သူတိုင်း မိသားစုစည်းမျည်းနဲ့ အရေးယူခံရလိမ့်မယ်"
ထို့နောက်တွင် ကျောက်ချန်စွင်သည် ကျောက်မိသားစုဝင်များကိုခေါ်၍ ထွက်ခွာသွားခဲ့သည်။
ကျောက်ပိုင်ရှန်သည် တုန်လှုပ်နေသောခန္ဓာကိုယ်အား ထိန်းချုပ်ကာ မီးဖိုချောင်ဆီသို့ ဦးတည်သွားခဲ့သည်။
ဤသို့ဖြင့် ခန်းမဆောင်ထဲ၌ ယဲ့ပိုင်နှင့်ဝမ်အန်းတို့သာ ကျန်ရစ်ခဲ့သည်။
"သခင်...ကျောက်ပိုင်ရှန်က ဒီလူတွေကိုထွက်သွားဖို့ပြောလိုက်တယ်ဆိုတာ သူတို့ကိုဒီနေရာကလွတ်မြောက်ဖို့အခွင့်အရေးပေးပြီးတော့ ငါတို့ကိုရင်ဆိုင်ဖို့ လူတွေကိုသွားရောက်စီစဉ်ခိုင်းနေတာပဲ...ပြီးတော့ သူကငါတို့ရဲ့ရည်ရွယ်ချက်တွေကိုသိရှိပြီးတာတောင် ဒီလိုဆက်လုပ်နေမှတော့ သူ့မှာအခြားအကြံအစည်တွေရှိတယ်ဆိုတာ သိသာနေပြီ"
ဝမ်အန်းသည် အနည်းငယ်စိုးရိမ်နေသော်လည်း အံကြိတ်ကာ ယဲ့ပိုင်အား သတိပေးလိုက်သည်။
"ငါသိတယ်..."
ယဲ့ပိုင်က ညင်သာစွာပြန်ဖြေလိုက်သည်။
ဝမ်အန်း၏လေသံသည် ပို၍ပင်အရေးတကြီးဖြစ်လာခဲ့ပြီး သူ၏စိုးရိမ်မှုကို တိုက်ရိုက်ပင်ပြောကြားလာခဲ့သည်။
"သခင်...သူတို့မှာသေနတ်တွေနဲ့ အခြားခေတ်မှီလက်နက်ကြီးတွေအများကြီးရှိတယ်...ခုခေတ်မှာ နည်းပညာတွေဖွံ့ဖြိုးလာတာ အရမ်းကိုမြန်ဆန်တယ်...အဲ့ဒီလက်နက်တွေက အရမ်းကိုအစွမ်းထက်လွန်းတယ်...ဒီစံအိမ်တော်တစ်ခုလုံးကိုတောင် ခဏလေးအတွင်း အမြစ်ဖြုတ်ချေမှုန်းနိုင်စွမ်းရှိတယ်"
"ငါနားလည်တယ်..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။
"သခင်...ကျောက်ပိုင်ရှန်က အရမ်းကိုရဲတင်းလွန်းနေတာပဲ...ငါတို့ထွက်သွားကြရအောင်...ဒါမှမဟုတ် တစ်ယောက်ယောက်ကိုခေါ်ပြီး ဒီနေရာတစ်ခုလုံးကို မြေပြန့်ဖြစ်အောင်လုပ်ဆောင်လိုက်ရမလား..."
ဝမ်အန်းက တိုက်တွန်းလိုက်သည်။
"ထိုင်နေ..."
သို့သော်လည်း ယဲ့ပိုင်သည် ထိုစကားကိုကြားလိုက်ရသည့်အချိန်တွင် ရှင်းပြမနေတော့ဘဲ အေးစက်စက်လေသံဖြင့်ပြောလိုက်သည်။
ခြံဝင်းအတွင်းရှိ ခန်းမဆောင်အတွင်း၌...
အလယ်တွင် မိုးပြာရောင်ကျောက်တုံးစားပွဲတစ်ခုရှိပေသည်။ထိုစားပွဲ၏ တစ်ဖက်တစ်ချက်စီတွင် ကျောက်တုံးထိုင်ခုံလေးခုအား နေရာချထားပေသည်။
ယဲ့ပိုင်သည် သူ၏ဝတ်စုံရှည်ကိုနောက်ကိုလှန်လိုက်ပြီးနောက် ခြေတစ်လှမ်းဆုတ်ခွာလိုက်ကာ ကျောက်တုံးထိုင်ခုံပေါ်သို့ ထိုင်ချလိုက်သည်။ထို့နောက် ခေါင်းကိုအနည်းငယ်မော့လိုက်ကာ အိမ်ရှေ့မီးဖိုချောင်သို့ ငြိမ်သက်စွာကြည့်နေလိုက်သည်။
ဝမ်အန်းသည် အနည်းငယ်စိုးရိမ်နေကြလည်း ယဲ့ပိုင်၏အမိန့်မပါရှိဘဲ ရူးသွပ်စွာပြုမူဝံ့ခြင်းမရှိပေ။
...
ခြေသုံးချောင်းနဂါးစံအိမ်...
သီးသန့်မီးဖိုချောင်အတွင်း၌...
ခေတ်များအဆက်ဆက်ပြောင်းလဲလာကာ မီးဖိုချောင်သုံးကိရိယာများကလည်း တဖြည်းဖြည်းဖြင့် ကျယ်ပြန့်စွာတိုးတက်ကောင်းမွန်လာခဲ့သည်။
သို့သော်လည်း ဤကိုယ်ပိုင်မီးဖိုချောင်သည် မြေသားမီးဖိုနှင့်ပုံမှန်ထင်းချောင်းများကို အသုံးပြုနေဆဲဖြစ်သည်။
"အဟွတ်...အဟွတ်"
ကျောက်ပိုင်ရှန်၏ခန္ဓာကိုယ်သည် အနည်းငယ်ဝပ်တွားနေကာ သူ၏လှုပ်ရှားမှုများက အနည်းငယ်ထူးဆန်းနေခဲ့သည်။သူသည် ထင်းချောင်းကိုမီးရှို့လိုက်သည့်အခါ ထူထဲသည့်မီးခိုးငွေ့များက သူ့အား ချောင်းဆိုးစေခဲ့သည်။မီနစ်အနည်းငယ်ကြာပြီးမှသာ သူ့သည်ထင်းကိုမီးစွဲအောင် ကောင်းစွာလုပ်ဆောင်နိုင်ခဲ့သည်။သို့သော်လည်း သူ့မျက်နှာ၌ရွှင်မြူးသောအမူအရာမရှိဘဲ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
"ဟင်း...အရင်တုံးကတော့ ဒီထင်းကိုမီးစွဲအောင်လုပ်ရတာ ဘယ်လောက်မှမခက်ခဲဘူး...လက်လေးတစ်ချက်မြှောက်လိုက်ရုံနဲ့ အကုန်ပြီးသွားတော့တာပဲ"
ကျောက်ပိုင်ရှန်သည် ထင်းမီးကိုပြင်ဆင်ပြီးချိန်တွင် အနီရောင်မီးတောက်က ကခုန်နေခဲ့သည်။
မီးခိုးများရှင်းလင်းပြီးနောက် မီးဖိုချောင်အတွင်း၌ ထူးဆန်းသောရနံ့တစ်ခုရရှိလာခဲ့သည်။
ကျောက်ပိုင်ရှန်သည် ဟင်းသီးဟင်းရွက်များအားဆေးကြော၍ ခုတ်ထစ်ကာ အိုးထဲ့ထည့်၍ ပြင်ဆင်ခဲ့သည်။
ထို့နောက်သူသည် နှစ်အတော်ကြာပြီးနောက် ပျောက်ကွယ်လုမတတ်ဖြစ်နေသော မှတ်ညဏ်တို့ကို အစဖော်ခဲ့သည်။မိနစ်နှစ်ဆယ်ကြာမြင့်ပြီးနောက် ကျောက်ပိုင်ရှန်သည် ယဲ့ပိုင်၏အကြိုက်ဆုံး ဟင်း၃ခုအား ချက်ပြုတ်ပြင်ဆင်ခဲ့သည်။
အနီရောင်ငံပြာရည်ဝက်သားချက် ၊ ကြက်ဟင်းခါးသီးကြော်နှင့် ပင်လယ်ရေမှော်ဟင်းချိုတို့ဖြစ်သည်။
ထို့နောက်တွင် ကျောက်ပိုင်ရှန်သည် ချက်ပြုတ်ပြီးသောဟင်းလျာများကို ပန်းကန်လုံး၃ခုထဲသို့ ဂရုတစိုက်ထည့်၍ပြင်ဆင်ခဲ့သည်။ကျောက်ပိုင်ရှန်သည် ချိုင်းထောက်များကို ချိုင်းကြားထည့်ကာ ဟင်းလျာဗန်းများကို လက်နှစ်ဖက်ဖြင့်တရိုတသေကိုင်ဆောင်၍ ခန်းမဆောင်ခံ လျှောက်လာခဲ့သည်။
"သခင်...ဟင်းလျာတွေကို အဆင်သင့်ပြင်ထားပါပြီ...ဒါတွေအားလုံးက သခင်ကြိုက်တဲ့ဟင်းလျာတွေပဲ...ခုချိန်ထိကျနော်မှတ်မိနေတုံးပဲ..."
ကျောက်ပိုင်ရှန်သည် မိုးပြာရောင်ကျောက်တုံးစားပွဲသို့ ရောက်သည်နှင့် ပန်းကန်၃ချပ်အား တြိဂံပုံစံဖြစ်အောင် စီစဉ်လိုက်သည်။ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်၏မျက်နှာပေါ်၌ သဘာဝကျသည့် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"တူနဲ့ထမင်းကဘယ်မှာလဲ..."
ကျောက်ပိုင်ရှန်၏အသံထွက်ပေါ်လာချိန်တွင် ဝမ်အန်းက မသိမသာမေးမြန်းလိုက်သည်။
ကျောက်ပိုင်ရှန်သည် ခဏလောက်ထိတ်လန့်သွားပြီးနောက် ဝမ်အန်းကိုလျစ်လျူရှုလိုက်ပြီးနောက် သူ၏ခေါင်းကိုပုတ်၍ ယဲ့ပိုင်အား တောင်းပန်လိုက်သည်။
"သခင်...ဒါကကျနော်ရဲ့ပေါ့ဆမှုပဲ...ငါကအသက်ကြီးလာပြီဆိုတော့ အများကြီးမမှတ်မိတော့ဘူး...ငါခုချက်ချင်းသွားလုပ်လိုက်မယ်...ဒီအစေခံက ရေနွေးငွေ့နဲ့သခင့်အတွက်ထမင်းကိုသွားချက်လိုက်မယ်...မိနစ်အနည်းငယ်အတွင်း အဆင်သင့်ဖြစ်ရပါစေမယ်"
ထို့နောက် ကျောက်ပိုင်ရှန်သည် သူ၏ချိုင်းကြားမှချိုင်းထောက်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်၍ မြေပေါ်၌ချထားလိုက်ကာ ချက်ချင်းလှည့်ထွက်လိုက်သည်။
"ထမင်းမလိုတော့ဘူး...တူနဲ့ဝိုင်ကိုသာပြင်ဆင်ခဲ့လိုက်..."
ယဲ့ပိုင်က ရုတ်တရက်ပြောလိုက်သည်။
"နားလည်ပါပြီ သခင်..."
ကျောက်ပိုင်ရှန်သည် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ထွက်သွားခဲ့သည်။
ဝမ်အန်းသည် ကျောက်တုံးထိုင်ခုံပေါ်ထိုင်ရင်း ထိုအကြောင်းကိုပို၍စဉ်းစားလေလေ နားမလည်လေဖြစ်လာခဲ့သည်။
"သခင်...ငါကိုယ်တိုင်နားမလည်နိုင်တော့ဘူး...ကျောက်ပိုင်ရှန်က အခြေခံအကျဆုံး ဟင်းချက်နည်းတွေကိုတောင် မေ့သွားခဲ့ပြီ...ဒါပေမဲ့ သူကတွက်ချက်မှုအပိုင်းမှာ အလွန်ထက်မြက်ပြီးတော့ ပြောနေစရာကိုမလိုဘူး...ငါတို့ကသူ့ကိုချက်ချင်းသတ်ဖြတ်လိုက်လို့ရတယ်"
"သေခြင်းတရားက ပြစ်ဒဏ်ပေးတဲ့နည်းလမ်းတစ်ခုပဲ...ဒါပေမဲ့ ဒါကအကောင်းဆုံးနည်းလမ်းတစ်ခုမဟုတ်တာ သေချာတယ်..."
ယဲ့ပိုင်သည် ပန်းကန်လုံး၃ခုအား ကြည့်ကာညဉ်းညူလိုက်သည်။
"ဒီဟင်း၃မျိုးကတောင် ကျောက်ပိုင်ရှန်က ဂရုတစိုက်ချက်ထားတယ်ဆိုတာ ပြသဖို့လုံလောက်ပါတယ်...အရောင်ကနည်းနည်းမှိန်နေပေမဲ့ အငွေ့ကတော့ ခံတွင်းတွေ့စေတယ်...ပန်းကန်ပြားတွေကိုလည်း ရောင်စုံကြွေတွေနဲ့ပြုလုပ်ထားတယ်...ဒါတွေအားလုံးက အဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲလေ..."
ထိုအကြောင်းကိုနားထောင်ပြီးနောက် ဝမ်အန်းသည် ပဟေဠိဖြစ်နေဆဲဖြစ်သည်။သို့သော်လည်း ကျောက်ပိုင်ရှန်က တူနှင့်ဝိုင်ကိုပြင်ဆင်ကာ တုန်တုန်ယင်ယင်လမ်းလျှောက်လာသည်ကို တွေ့မြင်လိုက်ချိန်တွင် ချက်ချင်းပင်ငြိမ်သက်သွားခဲ့သည်။
"သခင်..အကုန်အဆင်သင့်ဖြစ်ပါပြီ"
ကျောက်ပိုင်ရှန်သည် စားပွဲပေါ်၌ တူချောင်းများနှင့် ဝိုင်ထည့်ရန်ဖန်ခွက်များအား နေရာချပြီးနောက် ဝိုင်ပုလင်း၏အဖုံးကိုဖွင့်ကာ ယဲ့ပိုင်အား လေးလေးစားစားပြောဆိုလိုက်သည်။
"ကောင်းပြီ..."
ယဲ့ပိုင်က အလွန်နူးညံ့သောလေသံဖြင့်ပြော၍ ခေါင်းညိတ်ပြလိုက်သည်။