← Chapters

စာလိပ်

Vol. 4 Ch. 48

စာလိပ်

Vol. 4 Ch. 48

ခန်းမဆောင်တွင်းရှိ လေထုအခြေအနေသည် အလွန်အေးစက်နေခဲ့သည်။

ကျောက်ပိုင်ရှန်ချက်ပြုတ်ထားသော ဟင်း၃မျိုးတွင် အဖြူရောင်နှင်းစက်အချို့ ကျရောက်လျက်ရှိကာ ဟင်းလျာများက အေးစက်နေပြီဖြစ်သည်။

ယဲ့ပိုင်သည်ကား ခန်းမဆောင်အပြင်ဘက်ရှိ ရှုခင်းကို အေးအေးဆေးဆေးကြည့်ရှုနေခဲ့သည်။

သူသည် လွန်စွာမှအသက်ရှည်လှပေသည်။

သူသည် ဤလောက၌ အချိန်ကာလအတော်ကြာအောင် ဝေးကွာနေခဲ့ပြီးဖြစ်ရာ သူ၏စိတ်ခံစားချက်များကို ထိခိုက်စေနိုင်သော လူများသည် ဤကမ္ဘာ၌များစွာမရှိခဲ့ပေ။

ကျောက်ပိုင်ရှန်သည် အမှန်တကယ်ပင် အရည်အချင်းရှိသူဖြစ်သည်။

ထိုသို့အရည်အချင်းရှိသူများပင် ရှည်လျားလှသော အချိန်မြစ်ထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသည်မှာ နှမြောဖွယ်ကောင်းလှပေသည်။သို့သော်လည်း အခြားသူများနှင့်မတူသည်မှာ သူ၏ပျောက်ကွယ်ပုံဖြစ်သည်။

အချို့သောသူများသည် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ရသည်။

အချို့ကား နာကျင်မှုမခံစားရဘဲ ပျောက်ကွယ်သွားခဲ့ရသည်။

အချို့မှာ ပျောက်ကွယ်မသွားခင်ထိ မုန်းတီးစိတ်နှင့်မနာလိုစိတ်များကို မပယ်ဖျောက်နိုင်ခဲ့ပေ။

ကျောက်ပိုင်ရှန်သည် သူ၏သခင်ဖြစ်သူအား သစ္စာဖောက်ခဲ့သလို တစ်ချိန်က သူကိုယ်တိုင်ပေးခဲ့သော ကတိအားလည်း သစ္စာဖောက်ခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျောက်ပိုင်ရှန်သည် မြေပြင်ပေါ်၌ဒူးထောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး ဗလာဖြစ်နေသလို ခံစားလိုက်ရသည်။

သူ၏နောက်ဆုံးတောင်းဆိုချက်မှာ ကျောက်မိသားစု၏မျိုးဆက်သစ်များအပေါ် အလောင်းအစားပြုလုပ်လိုခဲ့ခြင်းဖြစ်သည်။သူသည် နောက်ထပ်အခွင့်အရေးတစ်ခုအား တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရပြီးနောက်တွင် ယဲ့ပိုင်၏လျစ်လျူရှုထားသော ကျောပြင်ကိုကြည့်၍ ငြိမ်သက်တိတ်ဆိတ်သွားခဲ့ရသည်။

နှင်းများကျဆင်းနေချိန်၌ ရှေးဟောင်းအငွေ့အသက်အပြည့်ရှိသည့် အဖြူရောင်ဝတ်စုံရှည်က လွှင့်မျောနေခဲ့သည်။

ကျောက်ပိုင်ရှန်၏မြင်ကွင်းထဲတွင် သူ၏မှတ်ညဏ်ထဲ၌ အလွန်ပင်ရင်းနှီးသော အသွင်အပြင်တစ်ခုရှိနေခဲ့သည်။တဖြည်းဖြည်းဖြင့် ထိုပုံရိပ်သည် စတင်၍လှုပ်ရှားလာခဲ့သည်။

ကျောက်ပိုင်ရှန်သည် ထိုပုံရိပ်အား ဗြောင်ကျကျစိုက်ကြည့်နေခဲ့ပြီး တဖြည်းဖြည်းဖြင့် သူ၏မျက်ရည်များက စီးကျလာခဲ့သည်။

သူနောင်တရသည်...သူအမှန်ပင်နောင်တရပေသည်။

ပြန်လည်မွေးဖွားရန် အကြံအစည်တစ်ခုဖော်ဆောင်ခဲ့သလို သေဆုံးပျောက်ကွယ်သွားရန်အတွက်လည်း အတွေးတစ်ချက်သာလိုအပ်ပေသည်။

ထိုအရာအားလုံးသည် သူနှင့်ထိုက်တန်ခြင်းမရှိပေ။

သို့သော်လည်း ထိုသူသာ အခြားသောရွေးချယ်မှုတစ်ခုအား ပေးအပ်ခဲ့ပါက ကျောက်ပိုင်ရှန်က ထိုအရာကိုလုပ်ဆောင်နိုင်ပေသေးသည်။

"သခင်...ဒီအစေခံအိုကြီးက ကျေးလက်လမ်းမတစ်ခုပေါ်မှာ သူတောင်းစားတစ်ယောက်ဖြစ်ခဲ့တယ်...ငါကရှင်သန်ဖို့အရမ်းခက်ခဲခဲ့တယ်...သခင်က ငါ့အတွက်အရာရာကိုသင်ကြားပေးခဲ့တာတောင်မှ ဒီအစေခံအိုကြီးက လောဘကြီးလွန်းခဲ့တယ်...နှစ်ပေါင်းများစွာကြာတာတောင်မှ ဒီအစေခံအိုကြီးက မင်းရဲ့မဟာကရုဏာကို ဘယ်တော့မှပြန်မဆပ်နိုင်ခဲ့ဘူး...ဒီအစေခံအိုကြီးက မြေကြီးထဲဝင်ရတော့မယ့်အချိန်မှာ မိုက်မဲနေတုံးပဲ..."

ကျောက်ပိုင်ရှန်၏အသံက တိုးညှင်းစွာထွက်ပေါ်လာခဲ့သည်။သူသည် ထိုစကားကိုပြောနေချိန်၌ ယဲ့ပိုင်၏နောက်ကျောကိုကြည့်၍ ဒူးထောက်ချလိုက်ကြသည်။သူသည် မြေကြီးပေါ်၌လက်နှစ်ဖက်ထောက်၍ နဖူးကိုမြေကြီးနှင့်ထိကပ်ထားခဲ့သည်။ယခုအခိုက်အတန့်တွင် သူသည် အလွန်ပင်ရိုသေကိုင်းရှိုင်းနေခဲ့သည်။

ယခင် ယဲ့ပိုင်ရောက်မလာမှီက သူ့ကိုယ်သူ "ငါ"ဟု အမြဲတစေသုံးစွဲနေခဲ့သော်လည်း ယခုအချိန်တွင် သူ့ကိုယ်သူ မသိစိတ်မှနေ၍ "အစေခံအို"ဟု သုံးစွဲနေခဲ့သည်။

ထိုစကားကိုကြားချိန်၌ ဘေးနားတွင်ထိုင်နေသော ဝမ်အန်းသည် အနည်းငယ်တုန်လှုပ်နေခဲ့သည်။

သေခြင်းရှင်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည့် အရာမဟုတ်ပေ။အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံးသောအရာမှာ ခံစားချက်ပင်ဖြစ်သည်။

ကျောက်ပိုင်ရှန် ယခုတစ်ကြိမ်လုပ်ဆောင်ခဲ့သောအပြစ်သည် အကြိမ်၁၀၀၀ သို့မဟုတ် အကြိမ်၁၀၀၀၀ သေဆုံးသွားသည်တောင်မှ သနားစရာကောင်းသည်ဟု မည်သူမှမထင်ကြပေ။

သို့သော်လည်း ဤနောက်ဆုံးအခိုက်အတန့်လေးတွင် ဝမ်အန်းသည် သူတို့အတူတကွရုန်းကန်ခဲ့ရသော အတိတ်ကာလများအား ပြန်လည်သတိရလာခဲ့သည်။သူတို့သည် အတူတကွရယ်မောကာ ကြီးမားသောရည်မှန်းချက်များ၊စိတ်ကူးယဉ်မှုများ ရှိခဲ့ကြသည့်အချိန်ကို သတိရလာခဲ့သည်။ဆယ်စုနှစ်များစွာသည် လျှပ်တပြက်ကုန်ဆုံးသွားခဲ့သော်လည်း ထိုမှတ်ညဏ်များက မည်သည့်အခါမှ ပျောက်ကွယ်သွားမှာမဟုတ်ပေ။

ကျင်းရူဖန်နှင့်လျှိဇီယွမ်တို့သည် စကားတစ်ခွန်းမှမပြောကြသလို ခွင့်ပြုချက်မရှိဘဲ မထိုင်ဝံ့ကြပေ။သူတို့သည် ကျောက်ပိုင်ရှန်၏ လက်ရှိအသွင်အပြင်ကို တွေ့လိုက်ရသည့်အချိန်တွင် ကျောက်ပိုင်ရှန်အား တည့်တည့်ပင်မကြည့်ဝံ့ကြတော့ဘဲ အဝေးတစ်နေရာသို့လှမ်းကြည့်မိလိုက်ကြသည်။သူတို့၏မျက်လုံးများက အနည်းငယ်နီရဲနေခဲ့ပြီး ယခုအချိန်၌သူတို့ကံကောင်းသွားသည်ဟု ယူဆထားကြသည်တောင်မှ အတွင်းစိတ်ထဲ၌ အရှက်ရနေခဲ့ကြသည်။

ကျောက်ပိုင်ရှန်သည်ကား မြေပြင်ပေါ်၌ ဒူးထောက်ကာအရိုအသေပေးနေရင်း သူ၏အားနည်းသောမျက်လုံးများကိုဖွင့်၍ တိုးညှင်းသည့်လေသံဖြင့် ပြောလိုက်သည်။

"ဒီအစေခံက သခင့်ကိုခွင့်လွှတ်ပေးဖို့မတောင်းဆိုပါဘူး...ဒီလိုအခြေအနေထိရောက်လာမှတော့ ကို့ကိုယ်ကိုအပြစ်တင်ဖို့ဘဲ တတ်နိုင်တော့တယ်...ဒါပေမဲ့ သခင်မထွက်သွားခင် သခင်ကပေးအပ်ခဲ့တဲ့တာဝန်ကို ဒီအစေခံအိုကြီးက ဘယ်တော့မှမေ့လျောသွားမှာမဟုတ်ဘူး..."

ကျောက်ပိုင်ရှန်သည် ထိုစကားကိုပြောနေချိန်တွင် သူ၏လက်များကစတင်လှုပ်ရှားလာခဲ့ကာ ရွှေရောင်ချိုင်းထောက်၏ခေါင်းကို ပြင်းပြင်းထန်ထန်လိမ်ချိုးလိုက်သည်။

ခရက်...

အက်ကွဲသံအချို့ ထွက်ပေါ်လာပြီး ရွှေရောင်ချိုင်းထောက်၏ခေါင်းထိပ်ဖျားက ပဲ့ထွက်သွားခဲ့သည်။

ဝမ်အန်း၊လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့က ကျောက်ပိုင်ရှန်၏လုပ်ရပ်ကို စူးစိုက်ကြည့်ရှုနေခဲ့ကြသည်။

ယဲ့ပိုင်ကမူ ကျောက်ပိုင်ရှန်အားနောက်ကျောပေးထားဆဲဖြစ်ကာ ယခုထိတိုင်လှည့်မကြည့်သေးပေ။

ကျောက်ပိုင်ရှန်သည် နဂါးခေါင်းအားဖွင့်လှစ်ပြီးနောက် ချိုင်းထောက်အတွင်းမှ စက္ကူလိပ်အား ဖြည်းညှင်းစွာဆွဲထုတ်လိုက်သည်။

"သခင်...ဒီနှစ်တွေတလျှောက်လုံးမှာ ဒီအစေခံအိုကြီးက ဒီပန်းချီစာလိပ်ကို နေ့တိုင်းသယ်ဆောင်ထားခဲ့ပါတယ်"

ယဲ့ပိုင်ထွက်မသွားမှီက သူ့အားတာဝန်တစ်ခုပေးခဲ့ပေသည်။သူသည် ထိုတာဝန်အတိုင်းလုပ်ဆောင်ရင်း မည်သည့်သဲလွန်စကိုမှ မရရှိခဲ့သော်လည်း လွန်ခဲ့သောတစ်လခန့်က စာလိပ်ထဲမှလူတစ်ယောက် ထွက်ပေါ်လာသည်ဟူသော သတင်းတစ်ပုဒ်ကိုရရှိခဲ့သည်။သူမဒုက္ခရောက်နေသည်ဟူသောသတင်းကြောင့် သူ့လူများကို ထိုနေရာသို့သွားရောက်ရန် ချက်ချင်းစေလွှတ်ခဲ့သော်လည်း အနည်းငယ်နောက်ကျနေခဲ့သည်။ကျောက်ပိုင်ရှန်သည် ပန်းချီစာလိပ်အား လက်နှစ်ဖက်ဖြင့်ဆွဲယူကာ ရှေ့သို့ရိုရိုသေသေလှမ်းပေးလိုက်သည်။

ထူထပ်စွာကျဆင်းနေသော နှင်းများသည် ယခုထိတိုင်အောင် ရပ်တန့်မည့်အရိပ်အယောင် မပြသေးပေ။မူလက ခြံဝင်းတွင်း၌ ပွင့်လန်းနေသောချယ်ရီပန်းခိုင်များက အနည်းငယ်နုနယ်သေးပေရာ နှင်းပွင့်များ၏ဖုံးလွှမ်းမှုအောက်တွင် ငုပ်လျှိုးသွားခဲ့ရသည်။

ယဲ့ပိုင်သည် သစ်ကိုင်းတစ်ခုအား ဖုံးလွှမ်းနေသောနှင်းထုတစ်ခုက မြေပေါ်သို့ကျဆင်းလာခဲ့ကာ ချောမွေ့သောနှင်းအလွှာတစ်ခုအား ပြုလုပ်လိုက်သည်ကို ကြည့်နေခဲ့သည်။ထို့နောက် ယဲ့ပိုင်သည် ကျောက်ပိုင်ရှန်အား ဖြည်းညှင်းစွာလှည့်ကြည့်လိုက်ပြီး သူ၏အကြည့်များက ထူးခြားမှုမရှိခဲ့ပေ။

သူသည် စကားတစ်ခွန်းမှမပြောဘဲ သူ၏ဘယ်လက်ကိုဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်သည်။

သူ၏လက်ကိုဆန့်ထုတ်လိုက်ချိန်တွင် ကျောက်ပိုင်ရှန်ကိုင်ဆောင်ထားသည့် ပန်းချီစာလိပ်သည် မှော်အစွမ်းတစ်ခုဖြင့် ဖမ်းဆုပ်ခံလိုက်ရသကဲ့သို့ ကျောက်ပိုင်ရှန်၏လက်မှရုန်းထွက်ကာ ယဲ့ပိုင်၏လက်ထံသို့ ပျံသန်းသွားခဲ့သည်။

ထိုမြင်ကွင်းကိုကြည့်၍ ကျောက်ပိုင်ရှန်က အသက်ကိုခပ်ပြင်းပြင်းရှုလိုက်သည်။

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့သည် ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရချိန်တွင် သူတို့၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွားခဲ့ကာ နှလုံးသားများတုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

နှစ်ပေါင်းရှစ်ဆယ်....

တစ်ချိန်က ယဲ့ပိုင်သည် သူတို့၏ရှေ့တွင်ထူးခြားသောစွမ်းရည်များအား ပြသခဲ့သည်။

သို့သော်လည်း သူတို့၏မှတ်ဉာဏ်များက မကောင်းတော့ပေရာ သူတို့နှစ်ယောက်သည် ယဲ့ပိုင်အားကြောက်ရွံ့နေသေးသော်လည်း သူတို့၏ကြောက်လန့်မှုက အတိုင်းအတာတစ်ခုထိ လျော့ကျနေခဲ့သည်။သို့သော်လည်း ယခုအခါတွင် သူတို့မေ့ပျောက်နေသည့်မှတ်ညဏ်များ ပြန်လည်ရရှိလာသလို ခံစားလိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့၏တုံ့ပြန်မှုများက အလွန်ပင်မြန်ဆန်နေခဲ့သည်။ထိုသို့မဟုတ်ပါက ယနေ့တွင်သူတို့၏အဆုံးသတ်သည် ကျောက်ပိုင်ရှန်နှင့်ထပ်တူဖြစ်သွားနိုင်ပေသည်။

ဝမ်အန်းသည် ထိုမြင်ကွင်းကိုတွေ့မြင်လိုက်ရသော်လည်း မတုန်လှုပ်သေးပေ။မကြာသေးခင်က ယဲ့ပိုင်သည် သက်ရှည်ဘုရားကျောင်း၌ရှိနေစဉ် ယခုလိုအစွမ်းပြခဲ့သောကြောင့် ဝမ်အန်း၏စိတ်အစဉ်က အံ့သြမှင်သက်ခဲ့ရသည်မဟုတ်လား...ယဲ့ပိုင်ပြုလုပ်ခဲ့သော သတ်ဖြတ်မှုမျိုးသည် လူတိုင်းအတွက် အလွန်ပင်ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလွန်းလှပေသည်။

"ပိုင်ရှန်...တစ်ချိန်က မင်းကိုငါလက်ခံခဲ့တာက အချည်းနှီးမဖြစ်ခဲ့ဘူးပဲ...ဒါကိုအခုချိန်ထိမင်းမှတ်မိနေသေးတာဆိုတော့ မဆိုးဘူးလို့ပြောရမယ်..."

စာလိပ်ကိုလက်ခံရရှိပြီးနောက် ယဲ့ပိုင်က ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်သည်။ကျောက်ပိုင်ရှန်သည် ဤစာလိပ်အားပေးဆောင်ရန်အတွက် ယနေ့အချိန်ထိစောင့်မျှော်နေသကဲ့သို့ ပုံဖော်ထားသလိုမျိုး ယဲ့ပိုင်ကပြောလာခဲ့သည်။

"သခင်..."

ကျောက်ပိုင်ရှန်၏မျက်နှာသည် ချက်ချင်းပင်ဖြူဖျော့သွားခဲ့သည်။

"ထတော့..."

ယဲ့ပိုင်၏အသံသည် ထူးခြားမှုတစ်စုံတစ်ရာမရှိခဲ့ပေ။

"ဟင်းပွဲတွေအေးစက်ကုန်ပြီ...အပူပြန်ပေးလိုက်...ဇီယွမ်နဲ့ရူဖန်က ဒီကိုရောက်လာပြီဆိုမှတော့ ထိုင်ခုံတွေကိုရွေ့လို့ရပြီ...သူတို့နှစ်ယောက်ရောက်လာပြီဆိုတော့ ဟင်းပွဲတွေကလုံလောက်မှာမဟုတ်ဘူး...နည်းနည်းလောက်ထပ်ချက်လိုက်"

"နားလည်ပါပြီ..."

ကျောက်ပိုင်ရှန်၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားခဲ့သည်။

ယဲ့ပိုင်က သူ့အားဟင်းလျာများကို အပူပေးခိုင်းသည်ကို ကောင်းကောင်းနားလည်ပေသည်။ထို့ပြင် ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့အတွက် ဟင်းများကိုထပ်မံချက်ပြုတ်ခိုင်းသည်မှာ သခင်နှင့်အစေခံဖြစ်သူအကြား ကြင်နာမှုအား လုံးဝဖျက်ဆီးလိုက်သည်နှင့်တူညီပေသလား...

သို့သော်လည်း ကျောက်ပိုင်ရှန်ထံတွင် ထပ်မံမေးမြန်းရန် အရည်အချင်းမရှိပေ။

"နားလည်ပါပြီသခင်..."

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြန်ဖြေလိုက်ကြသည်။သူတို့သည် အမြဲလိုလိုပင် စိတ်မသက်မသာခံစားနေရသော်လည်း မျက်လုံးချင်းဆုံပြီးနောက်တွင် တညီတညာတည်းပြန်ဖြေလိုက်ကြသည်။

မကြာမှီ သူတို့၃ယောက်ထဲမှတစ်ယောက်သည် အေးစက်နေသောဟင်းလျာများကို သယ်ဆောင်ကာ ထူထပ်စွာကျဆင်းနေသောနှင်းများကိုဖြတ်ကျော်၍ မီးဖိုချောင်ဆီသို့ ဖြည်းညှင်းစွာလျှောက်သွားခဲ့သည်။

သူတို့၏ပုံရိပ်များ ပျောက်ကွယ်သွားသည့်အချိန်တွင် ယဲ့ပိုင်က ကျောက်တုံးထိုင်ခုံပေါ်၌ ထိုင်ချလိုက်သည်။

ယဲ့ပိုင်သည် သူ၏ဘေးနားတွင် စပ်စုရန်အသင့်ဖြစ်နေသော ဝမ်အန်းကိုစကားမပြောဘဲ ပန်းချီစာလိပ်ကို စားပွဲပေါ်၌ ညင်သာစွာဖြန့်ချလိုက်သည်။

ပန်းချီစာလိပ်ကို အပြည့်မဝဖြန့်ချလိုက်ပြီးနောက်တွင် ဝမ်အန်းသည် ထိုပန်းချီစာလိပ်အတွင်း၌ ရေးဆွဲထားသော ပန်းချီကားကို တွေ့မြင်လိုက်ရသည်။ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် ကျုံ့ဝင်သွားကာ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့သည်။

ယဲ့ပိုင်သည် ထိုပန်းချီကားကိုကြည့်ရင်း သူ၏မျက်နှာပေါ်၌မည်သည့်အမူအရာမှ ဖြစ်ပေါ်မလာသော်လည်း သူ၏မျက်လုံးများက အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။သို့သော်လည်း ထိုမှိန်ဖျော့နေသောမျက်လုံးများထဲ၌ ပြောမပြနိုင်လောက်အောင် ဆိုးရွားသည့်အဖြစ်အပျက်များ ရှိနေခဲ့သည်။ယဲ့ပိုင်သည် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိသော လေသံဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။

"ဒီဘဝမှာတော့ ဒီလိုတူညီတဲ့ပန်းပွင့်က ပြန်လည်ထွက်ပေါ်လာပြီဘဲ"

All Chapters