← Chapters

အရာအားလုံးကို ချန်ရစ်ခဲ့ပြီ

Vol. 4 Ch. 50

အရာအားလုံးကို ချန်ရစ်ခဲ့ပြီ

Vol. 4 Ch. 50

နှင်းများထူထပ်စွာ ကျဆင်းနေဆဲပင်...

လူအိုကြီး၃ယောက်သည် မီးဖိုချောင်မှ ခန်းမဆောင်ထံ ဖြည်းဖြည်းချင်းလျှောက်လာခဲ့ကြသည်။

သုံးယောက်သားသည် ဟင်းပွဲများအားသယ်ဆောင်လာစဉ်တွင် သူတို့၏ခန္ဓာကိုယ်အား ကွေးညွတ်ကာ လေနှင့်နှင်းများက ဟင်းပွဲများအားမကျရောက်အောင် ဂရုတစိုက်ပိတ်ဆို့ထားခဲ့သည်။

သို့သော်လည်း ပန်းကန်ထဲသို့ ကျဆင်းလာသည့်နှင်းပွင့်များသည်ပင် ဟင်းပွဲများ၏အပူချိန်ကြောင့် ချက်ချင်းအရည်ပျော်ကျသွားခဲ့သည်။

"ဆရာ...စားစရာတွေ အဆင်သင့်ဖြစ်ပါပြီ"

ကျောက်ပိုင်ရှန်သည် ခန်းမဆောင်အတွင်းသို့ ဦးစွာဝင်ရောက်လာခဲ့သည်။သူသည် ပန်းကန်လုံး၃ခုအား ကျောက်တုံးစားပွဲပေါ်၌ တည်ခင်းထားလိုက်သည်။

"ဒီအစေခံက ထိုင်ခုံတစ်ခုလောက် သွားယူလိုက်ပါမယ်"

ကျောက်ပိုင်ရှန်သည် ဟင်းပွဲများအားတည်ခင်းပြီးနောက် အနီးဆုံးခန်းမဆီသို့ ဝင်သွားခဲ့သည်။

"သခင်...ငါတို့ဟင်းပွဲတွေကို အကောင်းဆုံးချက်ပြုတ်ထားတယ်...ဒီဟင်းပွဲတွေက မင်းတို့အကြိုက်ဆုံးဟင်းလျာတွေပဲ"

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် ဟင်းပွဲများအား ကျောက်တုံးစားပွဲပေါ်၌ ညင်သာစွာတည်ခင်းလိုက်ပြီး လေးလေးစားစားပြောဆိုလိုက်သည်။

သူတို့ချက်ပြုတ်ထားသမျှသည် အိမ်လုပ်ဟင်းလျာများသာဖြစ်သည်။

သူတို့ချက်ပြုတ်ထားသည်မှာ ငရုတ်ကောင်းဖြင့်ချက်ပြုတ်ထားသည့် ငါးခေါင်းဟင်းလျာ...

ငရုတ်သီးဆောစ့်ဖြင့် တိုဟူးကြော်တစ်ပွဲ...

ထိုဟင်းလျာများကို ကျင်းရူဖန်က ဖန်တီးထားခြင်းဖြစ်သည်။သူသည် စီချွမ်ပြည်နယ်မှ အစပ်ဟင်းလျာများကို ကြိုက်နှစ်သက်သူဖြစ်သည်။သူသည် ချက်ပြုတ်နည်းအားစတင်လေ့လာချိန်မှစ၍ ဤဟင်းလျာနှစ်မျိုးက သူအကောင်းဆုံးချက်ပြုတ်နိုင်သည့် ဟင်းလျာများဖြစ်ကာ ယဲ့ပိုင်ကပင် သူ့အားမကြာခဏချီးကျူးလေ့ရှိပေသည်။

ဝက်သားပြုတ်ခေါက်ဆွဲတစ်ပန်းကန်...

မြေသားသုံးမျိုးဟင်းလျာ တစ်ပွဲ

(အာလူး၊ခရမ်းချည်သီး၊ငရုတ်ကောင်းစိမ်းတို့ပါဝင်သည့် ဟင်းပွဲတစ်ခုဖြစ်သည်။ပါဝင်ဟင်းလျာများက မြေပေါ်၌ပေါက်ရောက်သည့် ဟင်းသီးဟင်းရွက်များဖြစ်ကြသည်။)

ဤဟင်းလျာများကို လျှိုဇီယွမ်ကချက်ပြုတ်ထားခြင်းဖြစ်ကာ သူသည် တရုတ်ပြည်အရှေ့မြောက်ပိုင်းမှဖြစ်သည်။

ယဲ့ပိုင်သည် ယခုအချိန်ထိတိုင် ထိုအမှတ်တရများကို အလွန်ရင်းနှီးနေဆဲဖြစ်သည်။

"နှစ်တွေတောင်အတော်ကြာသွားပြီဘဲ...ငါကိုယ်တိုင် လူတိုင်းကိုချက်ပြုတ်နည်းသင်ပေးတုံးက လူတိုင်းက ဟင်းအမယ်အနည်းငယ်စီသင်ကြားတတ်မြောက်ခဲ့တယ်...ဟင်းလျာတွေရဲ့ထူးခြားချက်တွေနဲ့ အရသာတွေကအရင်အတိုင်းပဲလားမသိဘူး..."

ယဲ့ပိုင်သည် ကျောက်စားပွဲပေါ်တင်ထားသော ဟင်းပွဲများကိုကြည့်ရင်း ဝင်ရောက်နေရာယူလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်သည်။

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့၏ ခန္ဓာကိုယ်များက ချက်ချင်းတုန်ခါသွားခဲ့သည်။

"သခင်...နှစ်တွေအကြာကြီးကုန်ဆုံးသွားပေမဲ့ ဒီကျွန်အိုကြီးက နေ့တိုင်းဟင်းချက်လေ့ကျင့်နေခဲ့တယ်...ဘယ်တော့မှမမေ့ခဲ့ဘူး...သခင်ပြန်ရောက်လာပြီး သခင့်ကို ကိုယ်တိုင်ချက်ပြုတ်ပေးနိုင်မယ့်နေ့ကို စောင့်မျှော်နေခဲ့တာပါ"

လျှိုဇီယွမ်က လိမ်ညာပြောဆိုဝံ့ခြင်းမရှိဘဲ လေးလေးစားစားတုံ့ပြန်လိုက်သည်။

ကျင်းရူဖန်ကလည်း ချက်ချင်းတုံ့ပြန်လိုက်သည်။

"သခင်...ဒီအစေခံအိုကြီးက နှစ်တွေဒီလောက်ကြာသွားတာတောင်မှ နေ့တိုင်းလိုလိုဟင်းချက်လေ့ကျင့်နေခဲ့တယ်...ဒီအစေခံအိုကြီးက ပိုက်ဆံတွေအများကြီးရှာနိုင်ခဲ့တာတောင်မှ ဟင်းချက်လေ့ကျင့်ဖို့ မမေ့ထားခဲ့ဘူး...ငါ့ရဲ့အစားအသောက်တွေက အရင်ကနဲ့မတူရင်တောင်မှ ပိုပြီးကောင်းမွန်လာလိမ့်မယ်"

"အင်း..."

ယဲ့ပိုင်က ခေါင်းညိတ်ကာ တိုးတိုးလေးညည်းညူလိုက်သည်။

တစ်ဖက်မှဝမ်အန်းသည် ထိုစကားများကို ကြားလိုက်ရသည့်အချိန်တွင် သူသည် ထိုလူအိုကြီးနှစ်ယောက်အတွက် စိတ်သက်သာရာရစွာ သက်ပြင်းချမိလိုက်သည်။ယခုတစ်ကြိမ်တွင် သူတို့နှစ်ယောက်သည် စာမေးပွဲကို ကပ်သီးလေးအောင်မြင်ခဲ့သည်။သူသည် သစ္စာဖောက်ခြင်းကိုမုန်းတီးသော်လည်း နှစ်ရှည်လများကုန်ဆုံးပြီးနောက် သူ့ထံတွင်သူငယ်ချင်းဟောင်း အနည်းငယ်သာကျန်ရှိတော့သည်။အကယ်၍ ဤလူအိုကြီးများမရှိတော့ပါက သူ့အတွက်တစ်စုံတစ်ခုသည် အမြဲလိုလိုပျောက်ဆုံးနေမည်ဖြစ်သည်။

...

ဖောက်...ဖောက်

နှင်းခဲများသည် မြေကြီးပေါ်သို့ကျဆင်းလာချိန်တွင် အနည်းငယ်ကျယ်လောင်သော အသံအချို့ကို ဖြစ်ပေါ်စေခဲ့သည်။

သို့သော် ခြေသုံးချောင်းနဂါးစံအိမ်၏ အတွင်းဘက်ခြံဝင်းသည် ထူးထူးခြားခြားပင် တိတ်ဆိတ်နေခဲ့သည်။

ကျောက်ပိုင်ရှန်သည် သစ်သားထိုင်ခုံတစ်လုံးကို ထမ်းမလာခဲ့သည်။နှင်းများကျဆင်းနေချိန် ပတ်ဝန်းကျင်လေထုကအေးစက်နေသော်လည်း သူ၏နဖူးမှချွေးစက်အချို့ ကျဆင်းလာခဲ့သည်။

"သခင်...ထိုင်ခုံရပါပြီ..."

ကျောက်ပိုင်ရှန်သည် ခန်းမဆောင်အတွင်းသို့ရောက်ရှိသွားသည်နှင့် ထိုင်ခုံကိုချလိုက်ပြီး သူ၏နဖူး၌စီးကျနေသောချွေးများကို သုတ်ချလိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်၌ကပ်ညှိနေသော နှင်းပွင့်များကိုခါချလိုက်ကာ လေးလေးစားစားဖြင့် ပြောလိုက်သည်။

"ကောင်းပြီ...မင်းကျောက်တုံးစားပွဲဆီရွေ့ပြီး ထိုင်လိုက်"

ယဲ့ပိုင်က ခေါင်းညိတ်ပြလိုက်သည်။

"နားလည်ပါပြီ သခင်"

ကျောက်ပိုင်ရှန်သည် လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့အကြား၌ သစ်သားထိုင်ခုံအား နေရာချထားလိုက်သည်။

သို့သော်လည်း သူသည် ချက်ချင်းမထိုင်သေးပေ။

ထို့အစား သူ၏ခန္ဓာကိုယ်အား အတတ်နိုင်ဆုံးရိုရိုသေသေကွေးညွတ်လိုက်ကာ ကျောက်စားပွဲပေါ်၌ ချထားသော ဝိုင်ပုလင်းကိုကောက်ယူ၍ ဝိုင်များကိုစတင်လောင်းထည့်လိုက်သည်။ဝိုင်ခွက်များ၌ ဝိုင်များပြည့်သွားသည့်အချိန်မှသာ သူ၏ကိုယ်ပိုင်ဝိုင်ခွက်အား တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး ယဲ့ပိုင်အားကြည့်၍ ဦးညွတ်လိုက်သည်။

"သခင်...ဒီဝိုင်ခွက်နဲ့အတူ အစေခံအိုကြီးက လေးစားမှုကိုပြသပါမယ်"

ထို့နောက် ခေါင်းမော့လိုက်ကာ ဝိုင်ကိုတကျိုက်တည်း မော့ချလိုက်သည်။

နှစ်ပေါင်းထောင်ချီ သိမ်းဆည်းလာခဲ့သည့်အတွက် ဝိုင်၏အရသာသည် အလွန်ပင်ချိုမြိန်ကာ အရသာသည် အလွန်ကောင်းမွန်သော်လည်း တစ်ဖက်တွင် အလွန်ပင်ပြင်းထန်လှပေသည်။ထိုဝိုင်တစ်ခွက်အား သောက်သုံးအပြီးတွင် ကျောက်ပိုင်ရှန်၏လည်ချောင်းသည် မီးတစ်စကိုမြိုချလိုက်ရသကဲ့သို့ ပူလောင်သွားခဲ့သည်။

"သခင်...ကျနော်တို့လည်း တခွက်စီခံယူပါမယ်"

ထိုမြင်ကွင်းကိုကြည့်၍ ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် မတ်တပ်ရပ်လိုက်ကာ ကျောက်ပိုင်ရှန်နည်းတူပင် ဝိုင်အားတစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ကြသည်။

သူတို့၏ဘေး၌ထိုင်နေသောဝမ်အန်းသည် အေးဆေးတည်ငြိမ်စွာဖြင့် မည်သည့်ထူးခြားသည့်အမူအရာမှ မပြသခဲ့ပေ။ယဲ့ပိုင်နှင့် နှစ်ရက်ကြာနေထိုင်ပြီးနောက် သူသည်ယခင်ကထက်ပိုမိုရင့်ကျက်လာခဲ့သည်။သူ၏သခင်သည် ယခုလိုအသေးအမွှားကိစ္စရပ်များအား ဂရုမစိုက်ကြောင်းနားလည်ထားပေသည်။အကယ်၍ သူသာကိစ္စများများလုပ်မိလေ အမှားအယွင်းပိုများလေဖြစ်သည်။

"ထိုင်ကြ..."

ယဲ့ပိုင်၏မျက်နှာပေါ်၌ မည်သည့်ထူးခြားသည့်အမူအရာကိုမှ ထုတ်ဖော်ပြသခြင်းမရှိပေ။သူသည် ခွက်အလွတ်သုံးခွက်ကိုကြည့်ရင်း ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောလိုက်သည်။

ယဲ့ပိုင်၏အမိန့်ကြောင့် သူတို့၃ယောက်က ချက်ချင်းထထိုင်လိုက်ကြသည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယဲ့ပိုင်က ခပ်တိုးတိုးလေးသက်ပြင်းချလိုက်သည်။

"နှစ်ပေါင်း၈၀လောက်အကြာမှာ မင်းတို့နဲ့အတူဒီလိုအတူတူစားသောက်ခွင့်ထပ်ရခဲ့ပြီဘဲ...ဒီတစ်ကြိမ်က နောက်ဆုံးအကြိမ်လည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်...မင်းတို့အားလုံးရဲ့အရက်သောက်နိုင်စွမ်းက တော်တော်နိမ့်ကျသွားတာပဲ...မင်းတို့လည်ချောင်းတွေပူနေလောက်တယ်"

ဝမ်အန်းသည် ထိုစကားကိုကြားချိန်၌ သူ၏ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားခဲ့သည်။

ကျင်းရူဖန်နှင့်လျှိဇီယွမ်တို့သည် ခေါင်းငုံ့ထားလိုက်ကြပြီး သူတို့၏မျက်လုံးများ၌ ကြောက်ရွံ့မှုအချို့ တိုးပွားလာခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် ကျောက်ပိုင်ရှန်၏ မှုန်မိုင်းနေသောမျက်လုံးများ၌ ဝမ်းနည်းသည့်အရိပ်အယောင်များ ကြီးစိုးလာခဲ့သည်။

"ဟုတ်တယ်...အဲ့ဒီနှစ်တွေမှာ ပထမဆုံးအရက်စသောက်ဖြစ်တုံးကဆို အရက်သောက်ရတာအရမ်းခက်တယ်လို့ ထင်ခဲ့တယ်...ဒါပေမဲ့အချိန်တွေကြာလာတာနဲ့အမျှ အရက်က လူတစ်ယောက်ရဲ့ဝမ်းနည်းမှုကို သက်သာစေတယ်ဆိုတာ သတိထားမိခဲ့တယ်...အရက်ဟာ လူတစ်ယောက်ရဲ့ဝမ်းနည်းမှုကိုပြေပျောက်စေပြီးတော့ မူးလဲကျစေနိုင်တယ်"

"အဲ့ဒါဖြစ်နိုင်တယ်..."

ယဲ့ပိုင်သည် သူ၏တူချောင်းများကိုမြှောက်လိုက်ကာ ဟင်းအနည်းငယ်အား ကြုံသလိုကောက်ယူ၍ သူ၏ပါးစပ်ထဲသို့ထည့်လိုက်သည်။ယဲ့ပိုင်သည် စားသောက်နေစဉ် သူ၏စကားလုံးများအား ရွှေကဲ့သို့တန်ဖိုးထားဟန်ရသည်။

"ထမင်းစားတော့..."

"ဟုတ်ကဲ့သခင်..."

ယဲ့ပိုင်သည် သူ၏တူများကို စတင်ရွေ့လျားချိန်မှစ၍ လူလေးယောက်သည် သူတို့၏တူများကိုကိုယ်စီမြှောက်ကာ ဟင်းလျာများကို စတင်၍စားသောက်ခဲ့ကြသည်။

သူတို့လေးယောက်သည် သူတို့ကိုယ်သူတို့ထိန်းချုပ်ထားကြပြီး သူတို့စားသောက်ချိန်တိုင်း ဟင်းလျာအနည်းအကျဉ်းကိုသာ နှေးကွေးသည့်အရှိန်ဖြင့် ယူဆောင်ခဲ့ကြသည်။

ခန်းမဆောင်အတွင်း၌ တဖန်ပြန်၍တိတ်ဆိတ်သွားခဲ့သည်။

ယဲ့ပိုင်သည် ဟင်းပွဲများကို တစ်ခုပြီးတစ်ခု စားသောက်နေခဲ့သည်။ကျင်းရူဖန်နှင့် လျှိုဇီယွမ်တို့ကလည်း ဟင်းပွဲများကို စားသောက်နေကြသည်။

သူတို့သည် အပတ်စဉ်အပတ်တိုင်း အားလပ်ရက်များတွင် ဟင်းချက်နည်းများကို မရေမတွက်နိုင်အောင်လေ့ကျင့်ခဲ့ကြသည်။သို့သော်လည်း သူတို့၏ဟင်းလျာများအား ကိုယ်တိုင်မြည်းစမ်းကြည့်ချိန်တွင် အနည်းငယ်အဆင်မပြေဟု အမြဲခံစားကြရသည်။သို့ဖြစ်ရာ သူတို့သည် ယဲ့ပိုင်အား ရံဖန်ရံခါမော့ကြည့်၍ ယဲ့ပိုင်မကျေမနပ်ဖြစ်မည်ကို စိုးရိမ်နေခဲ့ကြသည်။

သို့သော်လည်း အစမှအဆုံးထိတိုင်အောင် ယဲ့ပိုင်၏မျက်နှာပေါ်၌ မည်သည့်ခံစားချက်အတက်အကျမျိုးမှ ဖြစ်ပေါ်လာခြင်းမရှိခဲ့ပေ။

သူသည် လက်တစ်ဖက်တည်းဖြင့် တူချောင်းများကိုမြှောက်၍ စားသောက်နေခဲ့သည်။သူ၏လုပ်ရပ်က ရိုးရှင်းပုံပေါ်သော်လည်း အမှန်တကယ်ခံစားတတ်သူများ၏အမြင်၌ ဖော်မပြနိုင်သည့်အလှတရားနှင့် ကျက်သရေတို့ကိုခံစားမိပေသည်။

ပန်းကန်ပြားပေါ်၌ တဖြည်းဖြည်းဖြင့် ဟင်းလျာများနည်းပါးလာခဲ့သည်။

ကျောက်တုံးစားပွဲပေါ်ရှိ ဝိုင်များကလည်း တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ယဲ့ပိုင်က တူချောင်းများကို ပြန်ချထားလိုက်သည်။

လျှိုဇီယွမ် ၊ ကျင်းရူဖန် ၊ ကျောက်ပိုင်ရှန်နှင့် ဝမ်အန်းတို့က ခေါင်းမော့၍ သူ့အားကြည့်နေကြသည်။

ထိုအခိုက်အတန့်တွင် လေထုကလုံးဝအေးခဲသွားပုံရသည်။

ယဲ့ပိုင်သည် တိတ်ဆိတ်နေသောလေထုကို ချိုးဖျက်ကာ စကားတခွန်းပြောခဲ့သည်။

"ဒီနေ့တော့ လုံလောက်ပြီအန်းလေး...ငါတို့ဒီကနေထွက်သွားသင့်ပြီ..."

သူ၏လေသံသည် အလွန်ပင်ညင်သာနေခဲ့သည်။ထိုသို့ပြောပြီးနောက်တွင် ယဲ့ပိုင်သည် ကျောက်တုံးထိုင်ခုံပေါ်မှ ထရပ်လိုက်သည်။

ဝမ်အန်းကလည်း ချက်ချင်းပင်မတ်တပ်ထရပ်လိုက်ကာ ကျောက်ရူဖန်နှင့်လျှိုဇီယွမ်တို့ကလည်း တွန့်ဆုတ်ခြင်းမရှိ ထရပ်လိုက်ကြသည်။

ကျောက်ပိုင်ရှန်သည်သာလျှင် ထိုင်ရာမှမထကျန်နေခဲ့ကာ သွေးဝိုင်က သူ့အားအနည်းငယ်မူးဝေနေစေခဲ့သည်။သူသည် ယဲ့ပိုင်ကိုကြည့်၍ စကားတစ်ခွန်းပြောလိုက်သည်။

"သခင်...ပန်းချီကားထဲက လူက..."

"ရေစက်ပါရင် ငါတို့ပြန်ဆုံလိမ့်မယ်...သူ့နေရာနဲ့သူ ကြုံတွေ့ရမယ့်အခက်အခဲတွေ ၊ ပြသနာတွေကို သူ့ဘာသူဖြေရှင်းပါစေ"

ယဲ့ပိုင်သည် ကျောက်ပိုင်ရှန်၏စကားကိုဖြတ်ပြောလိုက်ကာ သူ၏လေသံက ပို၍ညင်သာနူးညံ့လာခဲ့သည်။

ထို့နောက်တွင်သူသည် နောက်သို့လှည့်လိုက်ကာ အပြင်ဘက်ခြံဝင်းထံမျက်နှာမူ၍ တိတ်ဆိတ်စွာစတင်ထွက်ခွာသွားခဲ့သည်။

ဝမ်အန်း ၊ ကျောက်ရူဖန်နှင့် လျှိုဇီယွမ်တို့က ယဲ့ပိုင်၏အနောက်မှ လိုက်ပါသွားခဲ့ကြသည်။

ကျောက်ပိုင်ရှန်သည် ကျောက်တုံးစားပွဲပေါ်၌ထိုင်ရင်း စားပွဲပေါ်ရှိ ပန်းကန်အလွတ်များနှင့် တစ်စက်လေးတောင်မကျန်ရှိတော့သည့် ဝိုင်ကရားအလွတ်ကို ပေါ့ပေါ့ပါးပါးကြည့်လိုက်မိသည်။ထို့နောက်တွင်သူသည် လူလေးယောက်၏နောက်ကျောကို တချက်ကြည့်လိုက်ပြီး မကြုံစဖူးအထီးကျန်လှသောခံစားချက်များက သူ၏နှလုံးသား၌ဖြစ်ပေါ်လာခဲ့သည်။

"အရာအားလုံးပြီးဆုံးသွားခဲ့ပြီ...တွက်ချက်မှုတွေအများကြီးနဲ့ မရေမတွက်နိုင်တဲ့ပြင်ဆင်မှုတွေကို လုပ်ဆောင်ခဲ့ပေမဲ့ အဆုံးသတ်မှာတော့ တယောက်တည်းကျန်ခဲ့ရတာပဲ"

ယဲ့ပိုင်တို့လေးယောက်သည် ခြံဝင်းထဲမှထွက်ခွာသွားသည့်အခါတွင် ဆံပင်ဖြူများဖြင့်ပြည့်နှက်နေသော ကျောက်ပိုင်ရှန်သည် ခေါင်းခါယမ်းကာ သက်ပြင်းအနည်းငယ်ချလိုက်မိသည်။တစ်ချိန်တည်းမှာပင် သူသည်လက်ကိုဆန့်ထုတ်လိုက်ကာ ရွှေဝါရောင်ရှုပ်အင်္ကျီအား ဖြည်းညှင်းစွာမတင်လိုက်သည်။ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအေးစက်သောလေထုက သူ၏ခန္ဓာကိုယ်အား ဖြတ်သန်းစိမ့်ဝင်သွားခဲ့သည်။

ကျောက်ပိုင်ရှန်သည် သေးငယ်ပြီး စိန်စီထားသော ရွှေရောင်ပစ္စတိုလေးတစ်လက်ကို သူ၏အင်္ကျီအတွင်းမှနေ၍ ဖြည်းညှင်းစွာထုတ်ယူလိုက်သည်။

All Chapters