← Chapters

ကျောက်မိသားစုက ဆက်လက်မတည်ရှိတော့ဘူး

Vol. 5 Ch. 51

ကျောက်မိသားစုက ဆက်လက်မတည်ရှိတော့ဘူး

Vol. 5 Ch. 51

ကျောက်မိသားစု အပြင်ဘက်ခြံဝင်း၌...

ရေခဲများနှင့်နှင်းထုအောက်တွင် ကြည်လင်သောနွေဦးသည်ပင် အေးခဲသွားခဲ့ရသည်။

လက်ရှိအချိန်၌ ချယ်ရီတစ်ပွင့်ကိုပင် မမြင်တွေ့နိုင်ပေ။

မြေပြင်သည်ပင် အချိန်အတော်ကြာအောင် ရှင်းလင်းထားသကဲ့သို့ အလွန်သန့်ရှင်းလှပေသည်။

"သခင်...ငါတို့ဒီတိုင်းထားခဲ့တော့မှာလား..."

ခြေသုံးချောင်းနဂါးစံအိမ်၏ တံခါးဝသို့ရောက်ရှိလာချိန်တွင် ယဲ့ပိုင်၏နောက်မှကပ်၍လိုက်ပါလာသည့် ဝမ်အန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်မှန်းဆမရသည့်လေသံဖြင့် မေးမြန်းလာခဲ့သည်။

"ကျောက်ပိုင်ရှန်က သခင့်ကိုသစ္စာဖောက်ခဲ့တာပဲ...ဒါကြောင့် ငါတို့ဒီကိစ္စကို ဒီတိုင်းအလွတ်ပေးလိုက်လို့မရဘူး"

ကျင်းရူဖန်က ဝင်ရောက်ပြောဆိုလိုက်သည်။

လျှိုဇီယွမ်ကလည်း အငြိမ်မနေဝင်ရောက်ပြောဆိုခဲ့သည်။

"ကျောက်မိသားစုရဲ့ တိုက်ရိုက်သားစဉ်မြေးဆက်တွေကို သတ်ဖြတ်ပြီးတော့ အလောင်းတွေကိုရှင်းလင်းခဲ့ပြီဆိုရင်တောင်မှ ကျောက်ပိုင်ရှန်က ဒီကိစ္စရဲ့တကယ့်လက်သည်တရားခံပဲ"

ယဲ့ပိုင်သည် ထိုလူသုံးယောက်အား လုံးဝလျစ်လျူရှုထားကာ သူ့လမ်းသူလျှောက်နေဆဲဖြစ်သည်။

လေအဝှေ့တွင် သူ၏အဖြူရောင်ဝတ်စုံရှည်သည် လေထဲ၌လွှင့်မျောလျက်ရှိသည်။သူသည် လက်နှစ်ဖက်အားနောက်ကျောပိုက်၍ နှင်းထုထဲ၌ ရှေ့ဆက်လျှောက်နေခဲ့သည်။သူ၏အနက်ရောင်ဆံပင်ရှည်နှင့်ပုခုံးပေါ်၌ နှင်းများကျဆင်းလာခဲ့သည်။

သူ၏ခန္ဓာကိုယ်မှသည် သေမျိုးတစ်ယောက်ထက်သာလွန်သော အော်ရာကို အလိုအလျှောက်ထုတ်ဖော်ပေးနေခဲ့သည်။

ယဲ့ပိုင်၏ခြေနှစ်ချောင်းသည် အပြင်ဘက်ခြံဝင်းဆီသို့ ခြေချလိုက်သည်နှင့် ချက်ချင်းရပ်တန့်လိုက်ပေသည်။

လက်ရှိအချိန်တွင် အိမ်အပြင်ဘက်၌ ရပ်တန့်ထားသော ဇိမ်ခံကားများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ဤနေရာတွင် ခုနလေးက လူအမြောက်အများစုဝေးနေကြောင်း ပြောပြနိုင်သည့် သဲလွန်စလေးတောင် မကျန်ခဲ့ပေ။

သို့သော်လည်း နှင်းထူထပ်စွာဖုံးလွှမ်းထားသည်တောင်ပေါ်မှ မြေပြင်ပေါ်သို့ပြုတ်ကျကာ တစ်ဝက်ကျိုးပဲ့နေသော "ခြေသုံးချောင်းနဂါးစံအိမ်"ကမ္မည်းပြား၏ ရွှေရောင်ထောင့်စွန်းတစ်ခုက နှင်းထုပေါ်ထင်ရှားနေလျက်ရှိသည်။

ထိုအခိုက်အတန့်တွင် နောက်ကျောပိုက်ထားသော ယဲ့ပိုင်၏ဘယ်ဘက်လက်သည် အနည်းငယ်လှုပ်ရှားသွားခဲ့သည်။

ထိုခဏတွင် နှင်းထုထဲ၌နှစ်မြုပ်နေသည့် "ခြေသုံးချောင်းနဂါးစံအိမ်"ဟူသောကမ္မည်းပြားသည် အဆုံးမရှိသောနှစ်ကာလ၏ တိုက်စားခံရမှုအောက်တွင် နှင်းထုများ၏ဖုံးလွှမ်းမှုအောက်၌ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝမ်အန်း၊လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့သည် ထိုအသေးစိတ်အချက်အလက်အား သတိပြုမိခဲ့သည်။

ထိုမြင်ကွင်းကြောင့် သူတို့၏မျက်လုံးများ၌ တုန်လှုပ်မှုအချို့ဖြစ်ပေါ်လာကာ သူတို့၏ပါးစပ်ကိုဖွင့်၍ စကားအချို့ပြောလိုခဲ့ကြသည်။

ဒိုင်း...

သို့သော်လည်း ထိုအခိုက်အတန့်တွင် တိတ်ဆိတ်နေသည့်လေထုကိုချိုးဖျက်ကာ အတွင်းခြံဝင်းထဲမှနေ၍ သေနတ်သံတစ်ချက် ထွက်ပေါ်လာခဲ့သည်။

ထိုအသံကိုကြားကြားချင်း ဝမ်အန်း၏လည်ပင်းသည် အနည်းငယ်ကျုံ့ဝင်သွားသလို ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည်လည်း လန့်ဖျတ်သွားခဲ့ကာ သူတို့၏မျက်လုံးများပြူးကျယ်သွားခဲ့သည်။

ထို့ကြောင့်သူတို့သည် အံကြိတ်ကာသူတို့ပြောလိုသည့်စကားများအား မြိချထားလိုက်ကြသည်။

ကျောက်ပိုင်ရှန်သည် သူတို့ထွက်ခွာပြီး မကြာမှီမှာပင် မိမိကိုယ်မိမိသတ်သေလိမ့်မည်ဟု သခင်ကကြိုတင်သိရှိထားခြင်းဖြစ်သည်။

ကျောက်ပိုင်ရှန်သည် အတွင်းခြံဝင်းထဲ၌ တစ်ယောက်တည်းကျန်ရစ်ခဲ့ချိန်တွင် ထိုသို့အထီးကျန်ဆန်ခြင်းက သေခြင်းတရားထက်ပိုမိုနာကျင်ခံစားရပေသည်။အမှန်တော့ ဤသို့ပြုလုပ်ခြင်းကပင် သခင်က သူ၏အစေခံအပေါ်သက်ညှာမှုဟု ယူဆရပေမည်။သာမန်လူများအတွက် ယခုလိုအသက်ရှင်ခွင့်ပေးခြင်းကပင် သေဆုံးရခြင်းထက် ပိုမိုသင့်လျော်မည်ဟု ယူဆရပေသည်။

လူအိုကြီးကျောက်အတွက် ဤဘဝတွင်နောင်တရစရာမရှိတော့ပေ။သူသည် သခင်၏လေးစားမှုကိုရရှိခဲ့၍ ကျေနပ်သင့်ပေသည်။

သူတို့၃ယောက်၏နှလုံးသားထဲ၌ မတူညီသောအတွေးအမြင်များ ရှိနေခဲ့သည်။

ယဲ့ပိုင်သည် ရှေ့သို့လှမ်းကြည့်လိုက်ကာ ဆက်လျှောက်ရန် အဆင်သင့်ပြင်ထားလိုက်သည်။

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့နှစ်ယောက်သည် တစ်ချိန်တည်း၌ သူတို့၏ခံစားချက်များ ဖြစ်ပေါ်လာခဲ့ကြသည်။သူတို့သည် ရဲရင့်စွာဖြင့် ရှေ့သို့ခြေတစ်လှမ်းတိုးရန် ဆုံးဖြတ်လိုက်ကြသည်။ထို့နောက်တွင်သူတို့သည် ယဲ့ပိုင်အားဦးညွတ်အရိုအသေပေးကာ အဆုံးမရှိလေးစားမှုများပါဝင်သည့်လေသံဖြင့် မေးမြန်းလိုက်သည်။

"သခင်...ကျောက်မိသားစုကသူတို့နဲ့ထိုက်တန်တဲ့ တန်ဖိုးကိုပေးချေပြီးသွားပြီ...သခင်ကတောင်ပေါ်ကဆင်းလာပြီဆိုမှတော့ ဒီအစေခံအိုကြီးရဲ့အိမ်မှာ လိုက်နေရင် ဘယ်လိုသဘောရလဲ...ဒီအစေခံတွေက Qမြို့တော်မှာစံအိမ်တစ်ခုဝယ်ထားပါတယ်...သခင်စိတ်ကြိုက်နေလို့ရပါတယ်"

ထိုအသံကိုကြားချိန်၌ ယဲ့ပိုင်က ခဏရပ်နေလိုက်သည်။

သူသည် လက်နှစ်ဖက်အား နောက်ကျောပိုက်ရင်း သူတို့နှစ်ယောက်ကို လှည့်၍ပင်မကြည့်တော့ဘဲ ထူးခြားမှုမရှိသည့်လေသံဖြင့် ပြောလိုက်သည်။

"အဲ့ဒီမှာနေဖို့ကိုမေ့ထားလိုက်တော့...ပိုင်ရှန်က သူ့ရဲ့ရွေးချယ်မှုကို သူကိုယ်တိုင်လုပ်ဆောင်သွားခဲ့တာပဲ...မင်းတို့ကကောဘယ်လိုလဲ"

ရွေးချယ်ရမှာလား...

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့အတွက် ထိုစကားလုံးက လွန်စွာအဓိပ္ပါယ်ရှိလှပေသည်။

မနေ့က သူတို့နှစ်ယောက်နှင့်ကျောက်ပိုင်ရှန်တို့ပြုလုပ်ခဲ့သည့် သဘောတူညီချက်အား သခင်ကသိရှိထားပြီးဖြစ်သလား...

သူတို့နှစ်ယောက်လုံးသည် ယခုပင်ရွေးချယ်မှုပြုလုပ်ရမည်ဟု သခင်ကဆိုလိုချင်သည်လား...

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့နှစ်ယောက်လုံးသည် ကြောက်လန့်မှုကြောင့် ခြေထောက်များတုန်ရီသွားခဲ့ကြသည်။

ထိုအခိုက်အတန့်တွင် သူတို့၏နှလုံးသားထဲ၌ မကြုံစဖူးကြောက်လန့်မှုတစ်ခု မွေးဖွားလာခဲ့ကာ သူတို့၏မျက်နှာက ချက်ချင်းပင်အရောင်ဖျော့တော့သွားခဲ့သည်။

သူတို့နှစ်ယောက်သည် ယဲ့ပိုင်အား ဒူးထောက်တောင်းပန်ရန် ပြင်ဆင်လိုက်သည့်အချိန်တွင် ဝမ်အန်းကရုတ်တရက်ပြောလာခဲ့သည်။

"သခင်...သူတို့ကမင်းကိုခုချိန်ထိသစ္စာစောင့်သိနေတာပါ...ဒီကြားထဲအမှားအယွင်းတစ်ခုခုရှိခဲ့ရင်တောင်မှ သူတို့ရဲ့သစ္စာစောင့်သိမှုကပြောင်းလဲမသွားဘူးဆိုတာကို ငါကိုယ်တိုင်အာမခံပါတယ်"

ဝမ်အန်း၏စကားကိုကြားလိုက်ရချိန်မှသာ လျှိုဇီယွမ်နှင့် ကျင်းရူဖန်တို့သည် စိတ်နှလုံးသက်သာရာရသွားခဲ့ကြသည်။

မြင်ကွင်းတစ်ခုလုံးသည် တဖန်တိတ်ဆိတ်သွားခဲ့သည်။

"ကောင်းပြီလေ..."

အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်ကစကားထပ်ပြောလာခဲ့သည်။ယဲ့ပိုင်သည် သူတို့၃ယောက်အား အချိန်အတော်ကြာစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင်ဝမ်အန်းကိုစိုက်ကြည့်၍ ပြောလာခဲ့သည်။

"ငါဒီကိုတစ်ခေါက်ပြန်ရောက်တုံး နောက်ထပ်ရက်အနည်းငယ်လောက်ကြာအောင် တောင်တွေမြစ်တွေကြားမှာ ခရီးဆက်ထွက်ချင်သေးတယ်...မင်းတို့တွေကို့ကိုယ်ကိုဂရုစိုက်...ငါ့နောက်ကိုလိုက်လာဖို့မလိုဘူး"

ထိုစကားကိုကြားလိုက်ရချိန်တွင် ဝမ်အန်း၏ခန္ဓာကိုယ်က ပြင်းထန်စွာလှုပ်ယမ်းသွားခဲ့သည်။သို့သော်လည်း ယဲ့ပိုင်က ဝမ်အန်းကိုဂရုမစိုက်ဘဲ အခြားနှစ်ယောက်ကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်သည်။

ထိုလူအိုကြီးများ၏အချိန်သည် တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီဖြစ်ပြီး နောက်ထပ်နှစ်အနည်းငယ်အတွင်း မြေကြီးထဲသို့တိုးဝင်ရန် အလှည့်ကျလာတော့မည်ဖြစ်သည်။

ဤလူများသည် ယဲ့ပိုင်၏စိတ်ခံစားချက်များအား လုံးဝမထိခိုက်စေနိုင်ပေ။သို့သော်လည်း ယဲ့ပိုင်သည်ဤလူအိုနှစ်ယောက်ကိုကြည့်ကာ စကားအနည်းငယ်ပြောခဲ့လိုက်သည်။ထိုသို့ပြောနေချိန်အတွင်း ယဲ့ပိုင်၏မျက်နှာပေါ်၌ မည်သည့်အမူအရာမှ ထွက်ပေါ်မလာခဲ့ပေ။

"ရူဖန်နဲ့ဇီယွမ် မင်းတို့လည်းကိုယ့်ကိုကိုယ်ဂရုစိုက်ကြ"

ထို့နောက်တွင် ယဲ့ပိုင်သည် လက်နှစ်ဖက်ကိုနောက်ပိုက်လျက် နှင်းထုပေါ်ခြေချကာ အဝေးတစ်နေရာဆီသို့ ထွက်ခွာသွားခဲ့သည်။

"သခင်..."

ဝမ်အန်းက သူ၏ခြေထောက်ကိုမြှောက်လိုက်ပြီး ယဲ့ပိုင်၏နောက်သို့လိုက်လိုဇောဖြင့် တိုးတိုးလေးအော်ဟစ်လိုက်သည်။

"သခင်..."

လျှိုဇီယွမ်နှင့်ကျင်းရူဖန်တို့သည်လည်း တုန်ယင်နေသောလေသံဖြင့် အော်ဟစ်လိုက်ကြသည်။သူတို့တွင် ယဲ့ပိုင်အားပြောစရာစကားများစွာရှိနေသော်လည်း သူတို့၏နှလုံးသားထဲ၌ သဘာဝအတားအဆီးတစ်ခုရှိနေပုံရသည်။သူတို့သည် မည်မျှပင်ခက်ခက်ခဲခဲကြိုးစားနေပါစေ စကားတခွန်းမှပြောဆိုနိုင်စွမ်းမရှိဘဲ တိတ်တိတ်လေးသာ စောင့်ကြည့်နေခဲ့ရသည်။

"လိုအပ်ရင် မင်းတို့ကိုလာရှာမယ်...ခုတော့နောက်ပြန်ဆုတ်ကြတော့"

ယဲ့ပိုင်က ရပ်တန့်သွားခြင်းမရှိဘဲ တိုးတိုးလေးပြန်ပြောလိုက်သည်။

ဝမ်အန်းသည် ထိုစကားကိုကြားပြီးနောက် သူ၏ခြေလှမ်းများအားရပ်တန့်လိုက်ကာ ဆက်ပြီးစကားမပြောဝံ့ကြတော့ပေ။

ယဲ့ပိုင်ထံတွင်လည်း သူကိုယ်တိုင်လုပ်ဆောင်ရမည့်အရာများရှိကာ ယဲ့ပိုင်၏ဆုံးဖြတ်ချက်အား မည်သည့်အခါကမှပြောင်းလဲ၍ရမည်မဟုတ်ကြောင်း ဝမ်အန်းနားလည်လိုက်သည်။သို့သော်လည်း တဖြည်းဖြည်းဝေးကွာသွားသည့် ယဲ့ပိုင်၏နောက်ကျောကိုကြည့်ရင်း သူ၏နှလုံးသားထဲ၌ တစ်စုံတစ်ရာပျောက်ဆုံးနေသည်ဟု ဝမ်အန်းကအမြဲလိုလိုခံစားမိနေခဲ့သည်။

ယဲ့ပိုင်သည် လွန်ခဲ့သောနှစ်ပေါင်း၈၀ခန့်ကလို ရုတ်တရက်ပျောက်ကွယ်သွားကာ နောက်ထပ်နှစ်ပေါင်းရာချီကြာမှ ပြန်လည်ထွက်ပေါ်လာမည်ကို ဝမ်အန်းအမှန်တကယ် ကြောက်ရွံ့နေမိသည်။

သူသည် မြေကြီးထဲသို့တိုးဝင်မသွားခင် ယဲ့ပိုင်အားနောက်ထပ်တစ်ကြိမ် တွေ့ဆုံခွင့်မရတော့မည်ကို သူစိုးရိမ်နေခဲ့သည်။

"သခင်...ဒီအစေခံက အမြဲတမ်းသတိရနေမှာပါ...ဒီအစေခံအိုကြီးက သခင့်အတွက် သခင်ရဲ့စီးပွားရေးလုပ်ငန်းတွေအားလုံးကို ပြုစုစောင့်ရှောက်ဖို့အတွက် အတတ်နိုင်ဆုံးလုပ်ဆောင်သွားမှာပါ"

ဝမ်အန်းသည် ယဲ့ပိုင်၏နောက်ကျောကို နောက်ဆုံးအနေဖြင့်တစ်ချက်ကြည့်လိုက်ပြီး စိတ်မထိန်းနိင်တော့ဘဲ သူ၏ခြေထောက်များက နှင်းထုအပေါ်သို့ ဖြည်းညှင်းစွာကျဆင်းလာခဲ့သည်။သူ၏မျက်လုံးထောင့်စွန်း၌လည်း မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာခဲ့သည်။

ကျင်းရူဖန်နှင့်လျှိုဇီယွမ်တို့သည် ဖြည်းညှင်းစွာဖြင့် ဒူးထောက်ချလိုက်ကြပြီး သူတို့၏နဖူးများကို အေးစက်သောနှင်းမျက်နှာပြင်နှင့်ထိတွေ့ကာ အရိုအသေပေးလိုက်ကြသည်။လက်ရှိအချိန်၌ သူတို့၏အသားအရေများ အေးစက်နေမည်ကိုတောင် သူတို့ဂရုမစိုက်ကြပေ။

သူတို့သည် နှင်းတောထဲ၌ အချိန်အတော်ကြာသည်ထိ ဒူးထောက်နေခဲ့ကြသည်။

တစ်နာရီခန့်ကြာပြီးနောက် လက်အောက်ငယ်သားများ လာရောက်စစ်ဆေးသည့်အချိန်မှသာ သူတို့၃ယောက်အေးခဲနေပြီဖြစ်ကြောင်း သတိပြုမိလိုက်ကြသည်။

လက်အောက်ငယ်သားများသည် အဘိုးကြီး၃ယောက်၏ အသွင်အပြင်အား သတိပြုမိလိုက်ကြပြီးနောက် လွန်စွာထိတ်လန့်အံ့သြသွားခဲ့သည်။သူတို့သည် ချက်ချင်းပင် အဘိုးကြီး၃ယောက်ကို နွေးထွေးအောင်ပြုလုပ်လိုက်ကြပြီးနောက် အမြန်ဆုံးအရှိန်နှုန်းဖြင့် ဤနေရာမှထွက်ခွာသွားနိုင်ရန် ရဟတ်ယာဉ်အား ဆင့်ခေါ်လိုက်သည်။

ရဟတ်ယာဉ်ထွက်ခွာသွားပြီးနောက်တွင်...

လူသူအရိပ်အယောင်မရှိတော့သည့် ခြေသုံးချောင်းနဂါးစံအိမ်၌ ချယ်ရီပန်းများ တဖန်ပြန်လည်ပွင့်လန်းလာကာ မွှေးကြိုင်သောရနံ့များ ထုတ်လွှတ်လာသည်ကို မည်သူမှမသိလိုက်ကြပေ။

ကြည်လင်သောနွေဦးသည် ၎င်း၏စီးဆင်းမှုအား တဖန်ပြန်လည်စတင်ခဲ့ပေသည်။

Qမြို့တော်တလျှောက် နှင်းများထူထပ်စွာဖုံးအုပ်ခံထားရသည့် သစ်ပင်အကိုင်းအဆက်များသည် တဖန်ပြန်လည်သစ်လွင်လာကာ စိမ်းလန်းသောအကိုင်းအခက်များ ကြီးထွားစပြုလာခဲ့သည်။

ပူနွေးသောနွေဦးသည် အမြဲလိုလိုပင် အစားထိုးဝင်ရောက်ရန် အသင့်ရှိနေခဲ့သည်။

...

၃ရက်ခန့်အကြာတွင်...

ဖုန်းဟွမ့်မြို့ ရှေးဟောင်းလမ်းမပေါ်၌...

ရှေးဟောင်းဝတ်စုံရှည်အား ဝတ်ဆင်ထားသည့်လူငယ်တစ်ယောက်သည် ပန်းချီကားတစ်ချပ်အားကိုင်ဆောင်၍ တိတ်ဆိတ်စွာ လမ်းလျှောက်နေခဲ့သည်။

သူ၏ထူးဆန်းသောဝတ်စုံရှည်သည် မရေမတွက်နိုင်သော ခရီးသွားဧည့်သည်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည်။

သို့သော်လည်း ပတ်ဝန်းကျင်ရှိအရာအားလုံးသည် ထိုကောင်လေး၏စိတ်အခြေအနေအား ထိခိုက်စေပုံမရပေ။ထိုအရာများသည် သူ၏မျက်လုံးထဲသို့ တိုးဝင်နိုင်စွမ်းမရှိသကဲ့သို့ အရေးမပါလှပေ။သူသည် သေမျိုးကမ္ဘာကိုဖြတ်သန်းသွားလာနေသည့် အင်မော်တယ်တစ်ယောက်နှင့် ဆင်တူလှပေသည်။

All Chapters