← Chapters

သူငယ်ချင်းဟောင်း

Vol. 5 Ch. 53

သူငယ်ချင်းဟောင်း

Vol. 5 Ch. 53

အမှတ်၃၂ ရှေးဟောင်းလမ်းမ...

ထိုနေရာသို့ သူမရောက်ခဲ့သည်မှာ ရာစုနှစ်တစ်ခုကြာမြင့်နေပြီဖြစ်သည်။

ဆိုင်၏အမည်သည် အလွန်ပင်ရိုးရှင်းပေသည်။ဆိုင်၏အဝင်ဝတွင် "ကမ္ဘာပြခန်း"ဟုရေးထွင်းထားသော ကမ္မည်းပြားတစ်ခုအား ချိတ်ဆွဲထားပေသည်။

လွန်ခဲ့သောဆယ်စုနှစ်များစွာက ဤနေရာသည် ရှေးဟောင်းမြို့တစ်ခုလုံး၌ အလွန်ပင်ကျော်ကြားခဲ့သည်။မရေမတွက်နိုင်သော ဂုဏ်သရေရှိပုဂ္လိုလ်များသည် ပန်းချီပုံတူကိုရရှိရန်အတွက် ဤနေရာသို့နေ့တိုင်းလာရောက်၍ ငွေများကိုသုံးစွဲခဲ့ကြသည်။

ဤပြခန်း၏ပန်းချီဆရာသည် သူ၏ကျွမ်းကျင်မှုကြောင့် သူရေးဆွဲလိုက်သော ပန်းချီကားတစ်ချပ်စီတိုင်းသည် အလွန်ပင်တန်ဖိုးရှိကာ လက်တွေ့ဆန်၍ အသက်ဝင်နေသလို ထင်မှတ်ရပေသည်။

သို့သော်လည်း ကင်မရာများ၊ဗီဒီယိုဂိမ်းများနှင့်မိုဘိုင်းဖုန်းများ ထွန်းကားလာသည်နှင့်အမျှ နည်းပညာများက ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ပုံတူပန်းချီများအား ဝယ်လိုအားကျဆင်းလာခဲ့သည်။

ယနေ့ခေတ်သို့ရောက်လာချိန်တွင် ပန်းချီပြခန်း၏အဝင်ဝ၌ လူသူကင်းမဲ့ကာ တိတ်ဆိတ်နေခဲ့ပြီဖြစ်သည်။

လှည်းသမားသည် ထိုဆိုင်၏မျက်နှာစာအား တွေ့မြင်လိုက်ရချိန်တွင် အနည်းငယ်အံ့သြသွားခဲ့သည်။

"သခင်လေး...ဒီနားတဝိုက်မှာ အရမ်းကောင်းတဲ့ဓာတ်ပုံစတူဒီယိုတစ်ခုရှိတယ်...အရည်အသွေးကလည်း ပုံတူပန်းချီကားထက် အများကြီးပိုသာတယ်...ဓာတ်ပုံတွေကလည်း အာမခံပြီးစျေးသက်သာတယ်....ဒီနေရာက အရင်ကလောက်ထိရောက်မှုမကောင်းတော့သလို အခကြေးငွေလည်းမနည်းဘူး"

လှည်းသမားက သူ၏အတွေးအတိုင်း ယဲ့ပိုင်ကိုပြောပြခဲ့သည်။

"ဒီမှာပဲရပ်လိုက်ပါ..."

ယဲ့ပိုင်သည် များစွာရှင်းပြမနေတော့ဘဲ ပေါ့ပေါ့ပါးပါးလေသံဖြင့် ပြောခဲ့သည်။

"ကောင်းပြီ...သခင်လေး..."

လှည်းသမားသည် စကားအလွန်အကျွံပြောခြင်းက ယဲ့ပိုင်အားစိတ်အနှောင့်အယှက်ဖြစ်စေမည်ကို သိရှိသွားခဲ့သည်။မည်သို့ပင်ဆိုစေ ယခုအချိန်ထိတိုင်အောင် ရှေးဟောင်းပန်းချီကားများကို နှစ်သက်သူများရှိနေသေးကြောင်း သူသိရှိလိုက်ရသည်။သို့သော်လည်း လှည်းသမားအတွက် ဤတစ်သက်တွင် ယခုလိုပန်းချီလက်ရာမျိုးကို တန်ဖိုးထားတတ်မည်မဟုတ်ဟု ခံစားမိလိုက်ပေသည်။

လှည်းရပ်လိုက်ချိန်တွင် ယဲ့ပိုင်က အခကြေးငွေပေးဆောင်လိုက်သည်။

လှည်းသမားသည် ယဲ့ပိုင်ကိုပို့ဆောင်ပြီးနောက် အမြန်ဆုံးထွက်ခွာသွားခဲ့သည်။မကြာမှီတွင် သူသည်အခြားသောဧည့်သည်တစ်ယောက်ကို ရှာတွေ့ခဲ့သည်။လှည်းသမားသည် သူ၏ဝသီအတိုင်း လှိုက်လှိုက်လှဲလှဲပြောဆိုကာ ဒေသ၏ဓလေ့ထုံးစံအတိုင်း ပတ်ဝန်းကျင်အလှများကို ချီးကျူးရင်း ဧည့်သည်နှင့် စကားစမြည်ပြောဆိုခဲ့သည်။ယဲ့ပိုင်သည်ကား သူ၏ဘဝ၌ဖြတ်သွားဖြတ်လာတစ်ယောက်သာ ဖြစ်ခဲ့ပေသည်။

ယဲ့ပိုင်သည် ဆိုင်တံခါးဝ၌ ရပ်နေခဲ့သည်။

စာကြည့်မျက်မှန်တပ်ထားသော အဘိုးအိုသည် သူ့ကိုလုံးဝသတိမထားမိဘဲ ပန်းချီကိုသာအာရုံစိုက်ဆွဲနေခဲ့သည်။

ယဲ့ပိုင်သည် ထိုအဘိုးအိုအား မနှောင့်ယှက်ဘဲ အနောက်ဘက်တွင် တိတ်တိတ်လေးရပ်နေခဲ့သည်။

ပန်းချီကားသည် ကြီးမားလှကာ ပန်းချီကားထဲ၌ တောင်တန်းနှင့်မြစ်ချောင်းများ တောအုပ်များပါဝင်နေခဲ့သည်။

ပန်းချီကားသည် အရောင်အသွေးစုံလင်တောက်ပကာ ပန်းချီကားကိုကြည့်လိုက်ချိန်တိုင်း သူ၏စိတ်အခြေအနေက ပိုမိုအေးချမ်းလာသည်ဟု ယဲ့ပိုင်ကခံစားမိပေသည်။

သို့သော်လည်း ယဲ့ပိုင်အား နောင်တရစေခဲ့သည့် တစ်ခုတည်းသောအရာမှာ ထိုအဘိုးအိုသည် ရှေးခေတ်စုတ်တံအားအသုံးမပြုဘဲ နောက်ဆုံးပေါ်စုတ်တံအား အသုံးပြုရေးဆွဲနေခြင်းဖြစ်သည်။ထို့ကြောင့် ပန်းချီကားအပေါ်ထားရှိသည့် သူ၏အနုပညာခံစားချက်နှင့် စိတ်ကူးစိတ်သန်းကအနည်းငယ်လွဲမှားနေပုံရသည်။

အချိန်များသည် တိတ်ဆိတ်စွာကုန်ဆုံးသွားကာ ယဲ့ပိုင်သည်လည်း နှစ်နာရီကြာ တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့သည်။

လမ်းဘေးမှဖြတ်သွားကြသည့် ခရီးသွားများသည် ယဲ့ပိုင်တို့အား ခေါင်းလှည့်၍ကြည့်သွားကြသည်။

အချို့သောသူများသည် အချိန်ခဏလောက်ရပ်ကာ စူးစမ်းလေ့လာခဲ့ကြသော်လည်း အကြာဆုံးဆယ်မိနစ်ခန့်သာ စပ်စုသည့်သဘောဖြင့်စောင့်ကြည့်၍ ပြန်လည်ထွက်ခွာသွားခဲ့သည်။

၃နာရီခန့်ကြာပြီးနောက်...

ကောင်းကင်သည် ပို၍ပင်အရောင်မှိန်လာခဲ့သည်။နေသည် အနောက်ဘက်သို့စတင်ရွေ့လျားလာကာ အမှောင်ထုကစတင်ချည်းကပ်လာသည်။ထိုအချိန်တွင် လမ်းဘေးနှစ်ဖက်ရှိ မီးပုံးများမှအလင်းရောင်ထွက်ပေါ်လာခဲ့သည်။သို့သော်လည်း ထိုမီးပုံးများ၌ထွန်းလင်းထားသည်မှာ ဖယောင်းတိုင်များမဟုတ်ဘဲ ခေတ်မှီလျှပ်စစ်မီးသမီးများဖြစ်ကြသည်။

ညနေဆည်းဆာချိန်၏ တိတ်ဆိတ်ငြိမ်သက်မှုနှင့်ယှဉ်လျင် ယခုရှေးဟောင်းမြို့၏အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ညအချိန်တွင် ခရီးသွားများ ပိုမိုများပြားလာသည်နှင့်အမျှ ရှေးဟောင်းမြို့တစ်ခုလုံးသည် ပို၍ပင်သက်ဝင်လှုပ်ရှားလာခဲ့သည်။

နောက်ဆုံးတွင် အဘိုးအိုသည် ပန်းချီကားပေါ်ရှိ ရွှေရောင်နေဝန်းအား ရေးဆွဲအဆုံးသတ်ပြီးခဲ့သည်။

ထို့နောက်တွင်သူသည် ပန်းချီစာရွက်အား သေသေချာချာဆန့်ထုတ်ကာ ကိရိယာများဖြင့် ချိတ်ပိတ်လိုက်သည်။

သူသည် စာကြည့်မျက်မှန်အား မျက်လုံးထောင့်စွန်းသို့ တွန်းတင်လိုက်သည်။ထို့နောက်တွင်သူသည် မတ်တပ်ထရပ်၍ ခါးကိုဆန့်ထုတ်လိုက်သည်။သူ၏ခန္ဓာကိုယ်သည် ယခုအခါ အလွန်အိုမင်းနေပြီဖြစ်၍ အချိန်ကြာမြင့်စွာပန်းချီဆွဲရခြင်းက သူ့အားဆိုးဆိုးရွားရွားနာကျင်စေခဲ့သည်။

အချိန်အတော်ကြာပြီးနောက် သူလှည့်ကြည့်လိုက်သည့်အချိန်တွင် အဖြူရောင်ရှေးဟောင်းဝတ်စုံအား ဝတ်ဆင်ထားသောယဲ့ပိုင်ကို တွေ့လိုက်ရသည်။ထိုအခါ သူ၏မှိန်ဖျော့နေသောမျက်လုံးတစ်စုံ၌ အံ့သြသင့်မှုအချို့ဖြစ်ပေါ်လာကာ သတိအပြည့်ဖြင့်ပြောလိုက်သည်။

"ဆရာ...ဆိုင်ကိုပိတ်လိုက်ပါပြီ...ပန်းချီဆွဲချင်ရင် မနက်မှလာခဲ့ပါ"

သူ၏အသံသည် လုံးဝယဉ်ကျေးမှုမရှိပေ။

အမှန်တော့ အဘိုးအိုဖြစ်သူ၏အမြင်တွင် ယဲ့ပိုင်သည် ရှေးခေတ်ဝတ်စုံရှည်အား ဝတ်ဆင်ထားသော်လည်း အလွန်ပင်ငယ်ရွယ်ပေသည်။ယနေ့ခေတ်တွင် လူငယ်အနည်းငယ်ကသာ ပန်းချီကားများအား ဝယ်ယူစုဆောင်းကြပေရာ ယဲ့ပိုင်နှင့်အချိန်ဖြုန်းမယ့်အစား ဆိုင်ပိတ်ကာ စောစောအနားယူခြင်းက ပိုမိုကောင်းမွန်ပေသည်။

ငါက ပန်းချီကားဝယ်ဖို့ ဒီကိုရောက်လာတာမဟုတ်ဘူး...ပန်းချီကားတွေကို အကဲဖြတ်ဖို့ရောက်လာတာပဲ...

ယဲ့ပိုင်က တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။ယခုသူ့ရှေ့မှအဘိုးအိုသည် ယခင်နှစ်ပေါင်းများစွာက လူငယ်နှင့်အနည်းငယ်ဆင်တူသလို ခံစားရပေသည်။ယဲ့ပိုင်၏အထင်အရ ဤအဘိုးအိုသည် ထိုလူငယ်၏မျိုးဆက်ဖြစ်နိုင်ပေသည်။

"ပန်းချီတွေကို အကဲဖြတ်ချင်တာလား..."

အဘိုးအိုသည် အနည်းငယ်အံ့သြသွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

"သခင်လေး...မင်းနေရာမှားပြီးတော့ ရောက်လာတာထင်တယ်...ငါတို့ပြခန်းက ပန်းချီတွေကိုရေးဆွဲပေးတဲ့နေရာပဲ...ပန်းချီကားတွေကိုအကဲဖြတ်ချင်တယ်ဆိုရင် ပိုပြီးတော့ကျွမ်းကျင်တဲ့ပညာရှင်တွေဆီသွားသင့်တယ်...သူတို့ဆီမှာ ဗဟုသုတတွေပိုရလိမ့်မယ်...ဒီနေရာကမသင့်တော်ဘူး"

"မင်းရဲ့ပန်းချီတွေကို အရင်ကြည့်လို့မရဘူးလား..."

ယဲ့ပိုင်က များစွာဂရုမစိုက်ခဲ့ပေ။သူသည် စကားပြောနေရင်း အဘိုးအိုအားလျစ်လျူရှုကာ ဆိုင်ခန်းထဲသို့ဝင်ရောက်သွားခဲ့သည်။

"သခင်လေး...ဆိုင်ပိတ်ပါပြီ"

အဘိုးအိုသည် ယဲ့ပိုင်၏နောက်မှလိုက်၍ အမြန်ဟန့်တားလိုက်သည်။

"သခင်လေး...ဆိုင်တကယ်ပိတ်လိုက်ပါပြီ...ငါကအသက်ကြီးနေပြီဆိုတော့ ပန်းချီထပ်မဆွဲနိုင်တော့ဘူး...ပန်းချီကားကိုတကယ်လိုချင်ရင် မနက်ဖြန်မှလာခဲ့ပါ"

သူ၏စကားအဆုံးတွင် လေပြည်တစ်ချက်တိုးဝှေ့လာကာ ဆိုင်တံခါးက အလိုအလျောက် ပိတ်သွားခဲ့သည်။

ပြခန်းအတွင်းတွင်မူ ဖယောင်းတိုင်တစ်တိုင် ထွန်းညှိထားကာ နံရံ၌လည်း ပန်းချီကားမျိုးစုံအား ချိတ်ဆွဲထားပေသည်။

ပန်းချီကားများသည် လူသားများ၊သားရဲများ၊တောတောင်ရေမြေများနှင့်လှပသောရှုခင်းများအား ပုံဖော်ထားပေသည်။

အဘိုးကြီးသည် သူ့နောက်သို့လိုက်လာသော်လည်း ယဲ့ပိုင်သည် ပန်းချီကားများကိုရပ်၍ ကြည့်ရှုနေခဲ့သည်။

အဘိုးကြီးသည် သူ့အားမောင်းထုတ်လိုသည်ကိုမြင်သောအခါ ယဲ့ပိုင်က သူ့လက်ထဲမှပန်းချီစာလိပ်ကို ထုတ်ဖော်ပြသလိုက်သည်။

အဘိုးကြီးသည် ယဲ့ပိုင်ပြသလိုက်သော ပန်းချီကားထဲမှ အမျိုးသမီးကိုတွေ့မြင်လိုက်ချိန်၌ သူ၏ခန္ဓာကိုယ်က ချက်ချင်းရပ်တန့်သွားခဲ့သည်။

ထို့နောက်တွင် သူ၏မျက်လုံးများကပြူးကျယ်သွားခဲ့ကာ သူ၏ခန္ဓာကိုယ်က ပြင်းထန်စွာတုန်လှုပ်သွားခဲ့သည်။

အဘိုးကြီးသည် သူကိုယ်တိုင်ပင်မသိလိုက်ဘဲ သူ၏လက်ကအလိုအလျောက်ရွေ့လျားသွားကာ ပန်းချီစာလိပ်ကို လှမ်းဆွဲမိလိုက်သည်။

အဘိုးအိုသည် သူ၏စာကြည့်မျက်မှန်အားတပ်၍ ပန်းချီစာလိပ်အား ဖြည်းညှင်းစွာဖြန့်ချလိုက်ကာ စေ့စေ့စပ်စပ်ကြည့်ရှုလိုက်သည်။သူ၏မျက်လုံးထောင့်စွန်းကလည်း တဖြည်းဖြည်းစတင်စိုစွတ်လာခဲ့သည်။အချိန်အတော်ကြာပြီးနောက်တွင် အဘိုးအိုကလေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ဟုတ်တယ်...နှစ်တွေအကြာကြီးကုန်ဆုံးသွားပြီးတဲ့နောက်မှာ ဒီပန်းချီကားကိုထပ်ပြီးမြင်တွေ့ခွင့်ရခဲ့တာပဲ...ဒါကငါ့ဆရာရဲ့ ဆန္ဒလည်းဖြစ်တယ်"

အဘိုးအိုသည် ထိုသို့ညည်းညူလိုက်ရင်း သူ၏အတွေးများက အဝေးတစ်နေရာဆီ လွှင့်ပျံ့သွားခဲ့သည်။

"ဒါတွေက ချို့ယွင်းနေတဲ့ထုတ်ကုန်တွေ...ချို့ယွင်းနေတဲ့ထုတ်ကုန်တွေချည်းပဲ..."

ပြခန်းအတွင်း၌ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် ပန်းချီကားများအား အပိုင်းပိုင်းဖြတ်တောက်ကာ ကြမ်းတမ်းစွာဆုတ်ဖြဲလိုက်ရင်း ဒေါသတကြီးအော်ဟစ်လိုက်သည်။

"ဘာဖြစ်လို့လဲ...ငါဘာလို့အဲ့ပုံတူကိုထပ်မဆွဲနိုင်ရတာလဲ...ငါအဲ့ဒါကို ရှင်းရှင်းလင်းလင်းကိုမှတ်မိနေသေးတာပဲ..."

ပြခန်းအတွင်းရှိလူသည် မကျေမချမ်းဖြစ်နေသောလေသံဖြင့် အော်ဟစ်လိုက်ကာ သူ၏မျက်လုံးများက ပူလောင်လာခဲ့သည်။

"ကူလေး...ငါ့ဘဝမှာဂုဏ်အယူရဆုံးအရာက ဒီပန်းချီကားပဲ...ဒါပေမဲ့အဲ့အချိန်ကစပြီးတော့ ဘယ်လောက်ပဲမှတ်မိနေပါစေ...အဲ့ပန်းချီကားနဲ့ပတ်သက်ပြီး ပုံတူလေးတောင်မှ ငါထပ်ပြီးမဖန်တီးနိုင်တော့ဘူး...အဲ့ပန်းချီကားကို တစ်ကြိမ်လောက်ထပ်ပြီး မြင်တွေ့ခွင့်ရရင်ကိုပဲ ငါသေပျော်ပါပြီ...အဲ့ဒါက ငါ့ဘဝရဲ့အပြောင်မြောက်ဆုံးသောလက်ရာပဲ"

သက်လတ်ပိုင်းအရွယ်လူသည် ပြခန်းတွင်း၌ သူ၏တပည့်ကိုမျက်နှာချင်းဆိုင်ကာ ပြောလိုက်ပြီး လေထုအခြေအနေက တဖန်တိတ်ဆိတ်သွားခဲ့သည်။

အချိန်အတော်ကြာပြီးနောက် အဘိုးအိုသည် အသိစိတ်ပြန်ဝင်လာပြီး ယဲ့ပိုင်အား ပူလောင်နေသည့်မျက်လုံးများဖြင့် တဖန်ပြန်၍စိုက်ကြည့်လိုက်သည်။

"သခင်လေး...ဒီပန်းချီကားကို ငါ့ဆီရောင်းပေးလို့ရမလား...မင်းလိုချင်တဲ့ဘယ်လိုအခြေအနေမျိုးမဆို ငါတတ်နိုင်တဲ့ဘက်ကဖြည့်ဆည်းပေးမယ်"

သူကမျှော်လင့်တကြီးလေသံဖြင့် ယဲ့ပိုင်အားတောင်းဆိုလိုက်သည်။

ထိုစကားကိုကြားချိန်တွင် ယဲ့ပိုင်သည် သူ၏အကြည့်များအား နံရံပေါ်ရှိပန်းချီကားများထံမှ ဖယ်ခွာလိုက်ကာ အဘိုးအိုအား တိတ်ဆိတ်စွာကြည့်လိုက်သည်။

"ဝမ်ကူ...မင်းအဖေကောနေကောင်းလား..."

အချိန်အတော်ကြာပြီးနောက်တွင် ယဲ့ပိုင်သည် လေသံတိုးတိုးလေးဖြင့် ဖြည်းညှင်းစွာပြောလိုက်သည်။

အဘိုးကြီးသည် အနည်းငယ်အံ့သြသွားခဲ့သည်။သူ့ရှေ့မှလူငယ်သည် အဘယ်ကြောင့်သူ၏အမည်ကို သိရှိနေကြောင်း နားမလည်ခဲ့ပေ။သူ၏အထင်အရဆိုလျှင် သူသည်ဤလူငယ်အား ယခင်ကတစ်ခါမှ မမြင်တွေ့ဖူးသည်မှာ သေချာပေသည်။

ဝမ်ကူသည် ထိုအကြောင်းအား စုံစမ်းမေးမြန်းတော့မည့်အချိန်တွင် ပြခန်း၏နောက်ဖေးနှင့်ချိတ်ဆက်ထားသော သစ်သားတံခါးငယ်လေးက ရုတ်တရက်ပွင့်လာခဲ့သည်။

ထို့နောက် ဆံပင်ဖြူနှင့်တုန်ယင်သည့်ခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် အဘိုးကြီးတစ်ယောက်သည် အခန်းတွင်းမှထွက်လာကာ ယဲ့ပိုင်အားလှမ်းကြည့်လိုက်သည်။

All Chapters