← Chapters

စီစစ်ခြင်း

Vol. 5 Ch. 56

စီစစ်ခြင်း

Vol. 5 Ch. 56

နောက်ဖေးခြံဝင်း၌ ဝမ်ကူသည် အပြန်ပြန်အလှန်လှန် လမ်းလျှောက်သွားလာနေခဲ့သည်။

သူ၏အဖေက သူ့အားထွက်သွားရန် တောင်းဆိုခဲ့သည်မှာ နှစ်နာရီကျော်သွားခဲ့ပြီဖြစ်သည်။လက်ရှိအချိန်၌ ကောင်းကင်သည် လုံးဝမှောင်မည်းသွားပြီဖြစ်ကာ တိုက်ခတ်နေသောလေများကလည်း တဖြည်းဖြည်းအေးစက်လာခဲ့သည်။

"အဖေက နည်းနည်းတော့ကြာနေပြီ...ငါအထဲဝင်ကြည့်ရမလား"

ဝမ်ကူသည် ပြခန်းအတွင်းရှိအခြေအနေကို မသိရှိရသေးပေရာ သူ၏လေသံကအနည်းငယ်စိုးရိမ်နေခဲ့သည်။

"အဲ့ဒီလူငယ်က အရမ်းကိုထူးဆန်းတယ်...သူကအရမ်းကိုငယ်ရွယ်သေးပေမဲ့ သူနှင့်စကားပြောနေတဲ့အချိန်မှာ အဘိုးကြီးတစ်ယောက်နဲ့ပြောနေသလို ခံစားချက်မျိုးရနေတယ်"

ဝမ်ကူသည် မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ်မကျေမနပ်ဖြစ်နေသည့်လေသံဖြင့် ရေရွတ်လိုက်သည်။

"မေ့လိုက်တော့...ငါဒီတိုင်းဆက်နေလို့မဖြစ်တော့ဘူး...အဖေသာတစ်ခုခုဖြစ်သွားခဲ့ရင် ငါ့ကိုယ်ငါအပြစ်တင်လို့ဆုံးတော့မှာမဟုတ်ဘူး..."

ဝမ်ကူသည် သူ၏ခြေလှမ်းများအား ရပ်တန့်လိုက်ကာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သည်။

ဝမ်ကူသည် သူ၏ခြေထောက်များကိုရွေ့လျား၍ သစ်သားတံခါးပေါက်ထံ ချည်းကပ်သွားခဲ့သည်။

သူသည် တံခါးရှေ့၌ရပ်ကာ ခဏလောက်တုံ့ဆိုင်းသွားခဲ့သည်။ထို့နောက်ဝမ်ကူသည် အံကိုတင်းတင်းကြိတ်ကာ သစ်သားတံခါးအား ဖြည်းညှင်းစွာတွန်းဖွင့်လိုက်သည်။

"သူကငါ့ရဲ့အစေခံပဲ..."

ပြခန်းထဲတွင် ယဲ့ပိုင်၏အသံသည် မှုန်ဝါးနေကာ သူ၏မျက်နှာသည် ထူးခြားသည့်အမူအရာမျိုးမရှိဘဲ သာမန်စကားတစ်ခုကိုပြောနေသလိုမျိုး တည်ငြိမ်နေခဲ့သည်။

သို့သော်လည်း ဝမ်ရှို့၏နှလုံးသားက မုန်တိုင်းထန်နေသောပင်လယ်ပြင်ကဲ့သို့ လှိုင်းထန်နေခဲ့သည်။

ယဲ့ပိုင်၏ စစ်မှန်သောလက်ရေးလှရေးသားဟန်နှင့် ပန်းချီကားကိုတွေ့မြင်ပြီးနောက် ထိုလူငယ်သည် လွန်ခဲ့သည့်နှစ်ရှစ်ဆယ်ကလူဖြစ်ကြောင်း ဝမ်ကူ အနည်းငယ်မှန်းဆနိုင်ခဲ့ပြီဖြစ်သည်။သို့သော်လည်း ယဲ့ပိုင်သည် ထိုအကြောင်းအားပေါ့ပေါ့ပါးပါးဝန်ခံလာရုံသာမက သူမထင်ထားသည့်ကိစ္စတစ်ခုကိုပါ ပြောဆိုလာခဲ့သည်။

ထိုအဖြေသည် အမှန်ပင်မယုံကြည်နိုင်စရာဖြစ်သည်။ထိုအခိုက်အတန့်တွင် သူ၏ခေါင်းတစ်ခုလုံး မူးဝေနေသလိုမျိုး ဝမ်ရှို့ကခံစားလိုက်ရသည်။

သူ၏ရှေ့မှလူငယ်သည် အမှန်ပင်လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်က သူငယ်ချင်းဟောင်းတစ်ယောက် ဖြစ်နေသလား...

ထို့ပြင် ထိုလူငယ်သည် သူ၏ဘိုးဘေးဖြစ်သူ ဝမ်ရှိကျစ်နှင့် အမှန်တကယ်တွေ့ဆုံခဲ့ကာ သူ၏ဘိုးဘေးသည် ထိုလူငယ်၏အစေခံတစ်ယောက်ဖြစ်နေသည်လား...

အခြားတစ်ယောက်သာ ဤသို့ပြောလာမည်ဆိုပါက ဝမ်ရှို့သည် လုံးဝယုံကြည်မည်မဟုတ်သလို ထိုသို့ပြောလာသူကိုလည်း လွယ်လွယ်နဲ့အလွတ်ပေးမည်မဟုတ်ပေ။

သို့သော်လည်း သူ့ရှေ့မှလူငယ်ဖြစ်သူ၏ အဖြေကိုရရှိလိုက်ချိန်တွင် ဝမ်ရှို့သည်ခေါင်းများထူပူလာခဲ့သည်။သူသည် ထိုကိစ္စကိုမယုံကြည်နိုင်ဖြစ်နေသော်လည်း ယဲ့ပိုင်၏စကားအမှန်လောဟု နောက်ထပ်တစ်ကြိမ်မေးမြန်းလိုက်သည်။

"ငါပြောတာအမှန်တွေပဲ..."

ယဲ့ပိုင်၏အသံက ပိုမိုမှုန်ဝါးလာခဲ့သည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ဆယ်က ငါ့ကိုရည်ရွယ်ချက်ရှိရှိ ပန်းချီဆွဲခိုင်းခဲ့တာလား..."

ဝမ်ရှို့က မေးမြန်းလိုက်သည်။

"မင်းကြည့်ရတာ သူငယ်ချင်းဟောင်းတစ်ယောက်နဲ့ ဆင်တူလို့ပဲ"

ယဲ့ပိုင်က တိုးတိုးလေးပြောလိုက်သည်။

အမှန်တော့ လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ် ယဲ့ပိုင်တစ်ယောက် ရှေးဟောင်းမြို့အားဖြတ်သွားစဉ်ကပင် ဝမ်ရှို့အား ပထမဆုံးအကြိမ်တွေ့မြင်ဖူးပေသည်။ထိုအချိန်ကပင် ဝမ်ရှို့သည် ဝမ်ရှီကျစ်၏မျိုးဆက်ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။ထို့ကြောင့် ဝမ်ရှို့အား ပုံတူပန်းချီတစ်ချပ်ရေးဆွဲခိုင်းခဲ့ကာ ကံကြမ္မာရေစက်ကိုပုံဖော်ခဲ့သည်။

ဝမ်ရှို့သည် ထိုအတည်ပြုချက်အား ရရှိပြီးနောက်တွင် စိတ်မထိန်းနိုင်တော့ပေ။

သူသည် ယဲ့ပိုင်ထံမှနေ၍ ပုံပြင်မျိုးစုံကြားခဲ့ရသော်လည်း ယခုလိုလျှို့ဝှက်ချက်မျိုးအား တစ်ခါမှမကြားခဲ့ဖူးပေ။သူ၏ရှေ့မှလူငယ်လေးသည် သူ၏ဘိုးဘေးနှင့်တစ်ခေတ်တည်း ရှင်သန်လာခဲ့သူဖြစ်သည်။

သူသည် ထိုသို့တွေးမိလေလေ ပိုမိုထူးဆန်းလာလေဖြစ်ကာ ပိုမိုတုန်လှုပ်လာလေလေဖြစ်ပြီး နဖူးမှနေ၍ချွေးများစီးကျလာခဲ့သည်။

"ဘိုးဘေး..."

ဝမ်ရှို့၏ခန္ဓာကိုယ်သည် တုန်ခါနေခဲ့သည်။

အဆုံးသတ်တွင် သူ၏အိုမင်းသောခန္ဓာကိုယ်သည် ယဲ့ပိုင်၏ရှေ့၌ဒူးထောက်ချလိုက်တော့သည်။

ယဲ့ပိုင်သည် ထိုမြင်ကွင်းကိုကြည့်၍ တုံ့ပြန်မှုမရှိခဲ့ပေ။

ယဲ့ပိုင်၏မျက်နှာသည် ငယ်ရွယ်နုပျိုသည့် သွင်ပြင်ကို ပိုင်ဆိုင်ထားခဲ့သော်လည်း ဝမ်ရှို့သည် ဂျူနီယာတစ်ယောက်အနေဖြင့် ယဲ့ပိုင်၏ရှေ့တွင် ဒူးထောက်အရိုအသေပေးကာ အမှားကိုဝန်ခံခဲ့သည်။

ဝမ်ရှို့သည် ယဲ့ပိုင်၏ရှေ့၌ဒူးထောက်ချလိုက်ချိန်တွင် အိမ်နောက်ဖေးနှင့်ချိတ်ဆက်ထားသော သစ်သားတံခါးငယ်က ရုတ်တရက်ဖွင့်ဟလာခဲ့သည်။

ဝမ်ကူသည် တံခါးကိုတွန်းဖွင့်လိုက်ချိန်တွင် ဝမ်ရှို့၏အသံကိုကြားလိုက်ရပြီး ပုံမှန်မဟုတ်သောမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်တွင် သူ၏တစ်ကိုယ်လုံး ဓာတ်လိုက်သလိုတုန်ခါသွားခဲ့သည်။

ငါ့အဖေက ဒီကောင်လေးကို ဘိုးဘေးလို့ခေါ်လိုက်တာလား...ဒီကောင်လေးရှေ့မှာ ငါ့အဖေကဘာလို့ဒူးထောက်နေရတာလဲ...

ထိုမြင်ကွင်းကိုတွေ့မြင်ချိန်၌ ဝမ်ကူ၏မျက်နှာသည် နီရဲလိုက်ဖြူဖျော့လိုက် ဖြစ်နေခဲ့သည်။

ဝမ်ကူသည် ရှေ့သို့အမြန်ပြေးသွားခဲ့ကာ ဝမ်ရှို့၏လက်မောင်းကိုဖမ်းဆုပ်လိုက်သည်။

"အဖေ...ဘာတွေလုပ်နေတာလဲ...ကျေးဇူးပြုပြီး သတိလေးဘာလေးထားစမ်းပါ...အဖေကအသက်ဘယ်လောက်တောင် ရှိနေပြီလဲ"

သို့သော်လည်း ဝမ်ရှို့ကသားဖြစ်သူ၏လက်ကို ခါထုတ်လိုက်သည်။

"ကူလေး...ဒူးထောက်လိုက်..."

"အဖေ..."

ဝမ်ကူသည် အံ့သြသင့်သွားခဲ့ကာ သူ၏အမူအရာက လုံးလုံးနားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။

"ဒူးထောက်စမ်း..."

ဝမ်ရှို့က ထပ်မံအော်ဟစ်လိုက်သည်။သူသည် အသက်ကြီးနေသော်လည်း သူ၏လေသံတွင်ပါဝင်သည့် သြဇာအာဏာအငွေ့အသက်က မလျော့ပါးသေးပေ။

ဝမ်ကူ၏ခြေထောက်များသည် ပျော့ခွေကျသွားခဲ့ကာ သူ၏အသားအရည်ကလည်း ချက်ချင်းပြောင်းလဲသွားခဲ့သည်။အဆုံးသတ်၌ သူသည် မြေပြင်ပေါ်၌ဒူးထောက်ချလိုက်ကာ ယဲ့ပိုင်အားအရိုအသေပေးလိုက်ရသည်။လက်ရှိအချိန်တွင် သူ၏ဦးနှောက်ကဗလာဖြစ်နေသော်လည်း သူ၏မျက်လုံးထောင့်စွန်းမှသည် ပန်းချီစာရွက်နှစ်ခုအား ရုတ်တရက်သတိထားမိလိုက်ချိန်တွင် သူ၏မျက်လုံးများက ချက်ချင်းပြူးကျယ်သွားခဲ့သည်။

"ဘိုးဘေး...ဒီမျိုးဆက်သစ်လေးက မေးစရာရှိပါတယ်"

ဝမ်ရှို့သည် မြေပြင်ပေါ်၌ဒူးထောက်နေရင်း တိုးညှင်းသောလေသံဖြင့် တောင်းပန်စကားဆိုလိုက်သည်။

ယဲ့ပိုင်က ခေါင်းယမ်းကာ ဘာမှမပြောခဲ့ပေ။

"ဘိုးဘေး..."

ဝမ်ရှို့က အနည်းငယ်မကျေမနပ်ဖြစ်သွားခဲ့သည်။မူလက သူသည် ယဲ့ပိုင်ဆီမှနေ၍ လက်ရေးလှရေးသားနည်းအား သင်ယူလိုခဲ့သော်လည်း ယဲ့ပိုင်ကသူ၏စကားကိုဆုံးအောင်နားမထောင်ဘဲ ငြင်းငယ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ယဲ့ပိုင်က တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။

"ဒီလက်ရေးလှစာတန်းနဲ့ပန်းချီကားက လုံလောက်နေပြီ"

ဝမ်ရှို့သည် အနည်းငယ်အံ့သြသွားခဲ့ကာ သူ၏မျက်လုံးများ၌ နောင်တတရားက ပြည့်နှက်နေခဲ့သည်။

ယဲ့ပိုင်သည် သူ၏မျက်စိရှေ့တွင် လက်ရေးလှစာတန်းနှင့်ပန်းချီကားကို ရေးဆွဲခဲ့သော်လည်း သူကအံ့သြမှင်သက်နေခဲ့ရာ အာရုံမစိုက်နိုင်ခဲ့ပေ။

အခွင့်အရေးအား တစ်ခါလွဲချော်ခဲ့ခြင်းက ထာဝရဆုံးရှုံးမှုအား ဖြစ်ပေါ်စေခဲ့သည်။

"ထတော့...ဒီလက်ရေးလှ စာတန်းနဲ့ပန်းချီကားက မင်းအတွက်ပဲ ဒီဆိုင်ကတော့ ငါ့အပိုင် ဖြစ်လာလိမ့်မယ် "

ယဲ့ပိုင်က ဆက်ပြောလိုက်သည်။

ဝမ်ကူ၏အကြည့်များသည် မူလလက်ရေးလှစားတန်းနှင့် ပန်းချီကားပေါ်၌ရှိနေဆဲဖြစ်သည်။

သို့သော်လည်း ယဲ့ပိုင်၏စကားကိုကြားပြီးနောက်တွင် ဝမ်ကူသည်အသိပြန်ဝင်လာကာ အော်ဟစ်လိုက်သည်။

"ငါတို့ဆိုင်က လုပ်ငန်းကြီးကြီးမားမားမလုပ်ဆောင်နိုင်ပေမဲ့...ရာစုနှစ်ကျော်သက်တမ်းရှိတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ရှေးဟောင်းမြို့မှာတည်ရှိနေတယ်...ဒါကဘယ်လောက်တန်ဖိုးရှိလဲဆိုတာသိလား...တစ်ခါက လုပ်ငန်းရှင်တစ်ယောက်က ဒေါ်လာ၈သန်းနဲ့ဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့ ငါတို့ကလက်မခံခဲ့ဘူး...မင်းရဲ့အတုဆွဲထားတဲ့လက်ရေးလှစာတန်းနဲ့ပန်းချီကားကိုသုံးပြီး ငါ့အဖေကိုလှည့်စားချင်နေတာလား"

ယဲ့ပိုင်သည် ဝမ်ကူ၏စကားကိုကြားပြီးနောက် စိတ်ဆိုးသွားပုံမရေပေ။သူသည် ဤလူပြိန်းနှင့်ရန်ဖြစ်ရခြင်းကို မနှစ်သက်လှပေ။

ဝမ်ရှို့သည် သူ့အတွက်ပုံတူတစ်ခုရေးဆွဲပေးခဲ့ရာ ယနေ့တွင်သူက ပန်းချီတစ်ချပ်ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။

"တိတ်တိတ်နေစမ်း ကူလေး..."

ဝမ်ရှို့ကဆူပူကြိမ်းမောင်းလိုက်ပြီးနောက် မျှော်လင့်ထားသလိုပင် ဝမ်ကူကချက်ချင်းငြိမ်ကျသွားခဲ့သည်။ဝမ်ရှို့သည် ဆူပူကြိမ်းမောင်းပြီးနောက် အဆင်မပြေဖြစ်နေသောဝမ်ကူအား လျစ်လျူရှုကာ မြေကြီးဆီသို့ခေါင်းငုံ့၍ အရိုအသေပေးလိုက်သည်။

"ဘိုးဘေး...မင်းရဲ့လက်ရေးလှစာတန်းနဲ့ပန်းချီကားက အဖိုးမဖြတ်နိုင်ပါဘူး...ဒီဆိုင်သေးသေးလေးရဲ့တန်ဖိုးက အဲလောက်ထိအဖိုးမထိုက်ပါဘူး...တကယ်လို့ဘိုးဘေးသာ စိတ်မရှိဘူးဆိုရင် ဒီဆိုင်လေးမှာတစ်ရက်လောက်တည်းခိုသွားပါ...ဒီမျိုးဆက်သစ်လေးက လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေးပါမယ်"

ဝမ်ရှို့၏အိုမင်းသောအသံက အလွန်ရိုးသားသည့် ခံစားချက်ကိုဖော်ထုတ်နေခဲ့သည်။

ဝမ်ရှို့သည် မည်သို့သောတွက်ချက်မှုအား လုပ်ဆောင်ခဲ့သည်ကို ယဲ့ပိုင်နားလည်ပေသည်။သူသည် သားဖြစ်သူဝမ်ကူအား ကျော်ကြားသည့် သမိုင်းတွင်စေမည့် ဆရာတစ်ပါးဖြစ်လာစေရန် အခွင့်အရေးကိုပေးအပ်လိုခြင်းဖြစ်သည်။သို့မှသာ သူ၏အမည်သည် သမိုင်း၌ထင်ကျန်ရစ်ခဲ့မှာဖြစ်သည်။

သူ၏နံဘေးတွင် အစေခံတစ်ယောက်လိုအပ်နေသည်ဖြစ်ရာ ယဲ့ပိုင်သည်ထိုအဆိုပြုချက်အား ငြင်းဆန်ခြင်းမရှိဘဲ ပေါ့ပေါ့တန်တန်ခေါင်းညိတ်ကာ သဘောတူညီလိုက်သည်။

သို့သော်လည်း ဝမ်ကူက ထိုကိစ္စအား လုံးဝလက်မခံနိုင်ခဲ့ပေ။

"အဖေ...ဘာလုပ်နေတာလဲ...ဒီမှာဘာတွေဖြစ်နေတာလဲ"

ဝမ်ကူ၏ မျက်နှာသည် ဖြူဖြော့သွားခဲ့ကာ စိတ်မထိန်းနိုင်ပဲ ရုန်းကန်ထလိုက်သည်။

"ကူလေး...လက်ရေးလှစာတန်းနဲ့ပန်းချီကားကို မင်းကိုယ်တိုင်သေချာအကဲဖြတ်သင့်တယ်"

ယခုတစ်ကြိမ်တွင်မူ ဝမ်ရှို့သည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။သူသည် ဆူပူကြိမ်းမောင်းခြင်းမပြုတော့ဘဲ ဖြည်းညှင်းစွာထရပ်လိုက်ကာ သူ၏သားဖြစ်သူအား တိုက်တွန်းစကားဆိုလိုက်သည်။

ဝမ်ကူ၏စိတ်ထဲတွင် သံသယစိတ်များနှင့်ဒေါသများပြည့်လျှံနေခဲ့ကာ ယဲ့ပိုင်အား လေးလေးနက်နက်အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏အဖေသည် အသက်ကြီးလွန်းနေပြီဖြစ်ရာ တစ်စုံတစ်ရာမတော်တဆဖြစ်သွားမည်ကို စိုးရိမ်သောကြောင့် ဝမ်ရှို့၏စကားကို မနာခံဘဲမနေဝံ့ပေ။

သူသည် စာကြည့်မျက်မှန်ကို ကောက်တပ်လိုက်ကာ မှန်ဘီလူးတစ်ခုအား ဆွဲယူလိုက်သည်။ထို့နောက်တွင် စားပွဲပေါ်၌တင်ထားသော လက်ရေးလှစာတန်းနှင့်ပန်းချီကားအား သူ၏ပညာရှင်ဆန်သောအဆင့်အတန်းဖြင့် လေးလေးနက်နက်စတင်အကဲဖြတ်လိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် ဝမ်ကူ၏မျက်နှာပေါ်၌ အေးစက်များချွေးများ စီးကျလာခဲ့သည်။

သူ၏မျက်လုံးထဲ၌လည်း အဆုံးမရှိသော ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။

All Chapters