သက်တမ်းတိုးမြင့်ခြင်း
Vol. 5 Ch. 57
ပြခန်းအတွင်းပိုင်း...
ဝမ်ကူသည် စားပွဲရှေ့၌ရပ်နေရင်း သူ၏ခန္ဓာကိုယ်က အဆက်မပြတ်ပြင်းထန်စွာတုန်ခါနေခဲ့သည်။
ဝမ်ရှို့သည် ဘေးနားတွင်ရပ်နေကာ စကားတစ်ခွန်းမှမပြောခဲ့ပေ။
ယဲ့ပိုင်သည် နံရံရှေ့၌ရပ်နေရင်း ချိတ်ဆွဲထားသည့်ပန်းချီကားများကို ငြိမ်သက်စွာကြည့်ရှုနေခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ကူသည် သူ၏ပါးစပ်ကိုဖွင့်ကာ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။ယခုအခိုက်အတန့်တွင် သူ၏လေသံသည် ဒေါသဖြစ်မှုနှင့်အလိုမကျမှုတို့မပါဝင်တော့ဘဲ စိတ်ကူးယဉ်ဆန်နေခဲ့သည်။
"စစ်မှန်တယ်...သစ်ခွပွဲကြည့်စင်၏နိဒါန်းမှာ ရဲရင့်ပြီးပြင်းထန်တဲ့လှုပ်ရှားမှုတွေပါဝင်နေပြီး ခွန်အားကြီးတဲ့လက်တစ်စုံက ရေးဆွဲထားတာပဲ...ပန်းချီကားထဲကအရာအားလုံးက ကြီးမြတ်တဲ့ဟန်ပန်အပြည့်ရှိပေမဲ့ အဲ့အရာတွေကပဲ ငြိမ်သက်ခြင်းနဲ့သဘာဝတရားရဲ့အနှစ်သာရကို ပိုမိုပေါ်လွင်စေတယ်...နူးညံ့သိမ်မွေ့ခြင်း ၊ လှပခြင်း စတဲ့အရာတွေအပြင် အသက်စွမ်းအင်တွေကလည်း နေရာတိုင်းမှာပြည့်နှက်နေတာပဲ"
"ဒါက ဘိုးဘေးဝမ်ရှီကျစ်ရဲ့လက်ရာဆိုတာ သိသာထင်ရှားနေတာပဲ...မယုံကြည်နိုင်စရာအကောင်းဆုံးကတော့ ဒီပန်းချီကားကိုတစ်လှည့်စီရေးဆွဲထားတာမျိုးမဟုတ်သလို ဆေးအရောင်တွေကလည်း တစ်ချိန်တည်းမှာရေးဆွဲထားသလိုတူညီနေတာပဲ...ဒီဟာက လုံးဝကိုပြောင်မြောက်တဲ့လက်ရာတစ်ခုဖြစ်ပြီးတော့ နိုင်ငံတော်ကစုဆောင်းထားတဲ့လက်ရာထက်စာရင် ပိုမိုစစ်မှန်ပြီး အဖိုးတန်တယ်"
ထိုစကားသည် ဝမ်ကူ၏ပါးစပ်မှထွက်လာသည့်အချိန်တွင် သူ၏ခန္ဓာကိုယ်က တုန်ခါသွားခဲ့ကာ သူ၏မျက်နှာ၌စိတ်ရှုပ်ထွေးသည့် အမူအရာများဖြစ်ပေါ်လာခဲ့သည်။
ထို့နောက်ဝမ်ကူသည် ခေါင်းကိုအကြိမ်ကြိမ်ခါယမ်းလိုက်မိသည်။
"မဟုတ်သေးဘူး...ပန်းချီစာရွက်ကအသစ်ကြီးဖြစ်သလို ရေးဆွဲထားတဲ့မှင်ကလည်း အသစ်အတိုင်းပဲ...တံဆိပ်တုံးလည်းမပါတော့ ဒါကအတုကြီးပဲ"
ဝမ်ကူသည် သူ့ခေါင်းကိုငုံ့ထားရင်း အဆက်မပြတ် ရေရွတ်လိုက်သည်။
"ဒါပေမဲ့ စာလုံးတွေကတော့ ဝမ်ရှီကျစ်ရေးထားတဲ့စာလုံးတွေပဲ...လုံးဝစစ်မှန်တယ်"
လက်ရှိအချိန်တွင် သူ၏လောကအပေါ်ထားရှိသောအမြင်သည်
လုံးဝပြောင်းလဲသွားကြောင်း ဝမ်ကူခံစားမိလိုက်သည်။ဝမ်ကူသည် သူ့ကိုယ်သူ ဝမ်ရှီကျစ်၏ဆက်ခံသူအဖြစ် သတ်မှတ်ထားကာ အမှန်နှင့်အမှားကိုခွဲခြားရန် ခက်ခဲနေခဲ့သည်။
"ကူလေး...လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ဆယ်က ငါဘိုးဘေးနဲ့တစ်ခါတွေ့ခဲ့တယ်...ဒီနေ့တော့ငါဘိုးဘေးနဲ့ပြန်တွေ့ခွင့်ရခဲ့ပြီ...မင်းယုံမှာလားမယုံဘူးလားတော့မသိဘူး...ဒီလောကကြီးမှာထူးခြားတဲ့အရာတစ်ခုတော့ရှိတယ်...အဲ့အရာက အမှန်နဲ့အမှားကြားမှာမတည်ရှိဘူး...အဲ့အရာက ကိုယ်တန်ဖိုးထားတဲ့အပေါ်ပဲမူတည်တယ်...ငါပြောချင်တဲ့အဓိပ္ပါယ်ကိုနားလည်လား"
ဝမ်ကူ၏စိတ်အခြေအနေ ရှုပ်ထွေးနေကြောင်းသတိပြုမိလိုက်၍ ဝမ်ရှို့က ဝင်ရောက်ပြောဆိုလိုက်သည်။
ဝမ်ကူသည် လက်ရေးလှစာတန်းနှင့်ပန်းချီကားကို ကြည့်နေဆဲဖြစ်ကာ လွန်ခဲ့သောနှစ်ပေါင်းရှစ်ဆယ်အကြာက ဝမ်ရှို့၏ဇာတ်လမ်းအား မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
သို့သော်လည်း သူ၏ရှေ့မှောက်၌ သေချာတိကျသည့်အချက်အလက်များ ရှိနေပေရာ သူမယုံချင်လျှင်တောင်မှ ယုံကြည်ရမည်ဖြစ်သည်။
"ဧည့်သည်တော်...ဒီလက်ရေးလှစာတန်းနဲ့ပန်းချီကားကို ဆိုင်အဝင်ဝမှာချိတ်ဆွဲထားချင်တယ်...တကယ်လို့ဒီဟာတွေသာအစစ်ဆိုရင် ငါမင်းရဲ့အစေခံအဖြစ်လုပ်ဆောင်ပေးမယ်"
နောက်ဆုံးတွင် ဝမ်ကူသည် အသက်ကိုခပ်ပြင်းပြင်းရှုလိုက်ပြီး သတ္တိကိုစုစည်းကာ ယဲ့ပိုင်အား လေးလေးနက်နက်စိုက်ကြည့်၍ တောင်းဆိုလိုက်သည်။
ဝမ်ရှို့သည် ထိုစကားကိုကြားလိုက်ရချိန်တွင် သူ၏မျက်လုံးများ၌ ဒေါသထွက်နေသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယဲ့ပိုင်အတွက် အစေခံတစ်ယောက်အဖြစ် ထမ်းဆောင်ခွင့်ရရှိခြင်းသည် ကုန်လွန်ခဲ့သောနှစ်များအတွင်း ဝမ်ကူပြုလုပ်ခဲ့သောကောင်းကျိုးများကြောင့် ရရှိခဲ့သည့် ကံကောင်းခြင်းတစ်ခုဖြစ်ပေသည်။သို့သော်လည်း ဝမ်ကူကယခုလိုစကားမျိုးအား ပြောဝံ့သည့်အတွက်ကြောင့် ဝမ်ရှို့သည်စိတ်မထိန်းနိုင်ဘဲ သူ့သားဖြစ်သူ၏ဦးခေါင်းကို တံမြက်စည်းဖြင့်ရိုက်သတ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။
"မင်းလုပ်နိုင်တယ်..."
သို့သော်လည်း ကံကောင်းထောက်မစွာဖြင့် ယဲ့ပိုင်၏စကားသံက ချက်ချင်းထွက်ပေါ်လာခဲ့သည်။
အမှန်တော့ ယဲ့ပိုင်ကိုယ်တိုင်က ထိုကဲ့သို့သောကိစ္စများအား ဂရုမစိုက်ခဲ့ပေ။သူသည် အသက်မည်မျှရှိပြီနည်း။သူသည် လူပေါင်းမရေမတွက်နိုင်အောင် ကြုံတွေ့ဖူးပြီဖြစ်ကာ သူမတွေ့မမြင်ဖူးသောအရာဟူ၍ မရှိသလောက်ရှားပါးပေသည်။
သို့ဖြစ်ရာ ယခုလိုသေးမွှားသောကိစ္စလေးအား အဘယ်ကြောင့်အရေးတယူလုပ်ဆောင်နေအုံးမည်နည်း။ဤမျှသေးငယ်လှသော အရာတစ်ခုသည် ယဲ့ပိုင်၏စိတ်ခံစားချက်များကို လုံးဝပြောင်းလဲစေနိုင်ခြင်းမရှိပေ။
ဆန့်ကျင်ဘက်အားဖြင့် ထိုလက်ရေးလှစာတန်းနှင့်ပန်းချီကားကို ဆိုင်အဝင်ဝ၌ချိတ်ဆွဲထားလိုက်မည်ဆိုပါက သူ၏သူငယ်ချင်းဟောင်းနှင့်ထပ်မံတွေ့ဆုံရန် သော့ချက်တစ်ခုဖြစ်လာလိမ့်မည်ဟု ယဲ့ပိုင်ထံ၌ယူဆချက်တစ်ခုရှိပေသည်။
"ကောင်းပြီဧည့်သည်တော်...မနက်ဖြန် ဒီပန်းချီကားကို ချိတ်ဆွဲထားလိုက်မယ်"
ဝမ်ကူသည် ထိုစကားကိုပြောချိန်၌ သူ၏အမူအရာသည် သက်တောင့်သက်သာဖြစ်သွားသော်လည်း သူ၏စကားကလမ်းတစ်ဝက်၌ ရပ်တန့်သွားခဲ့သည်။
တစ်ဖက်တွင် ဝမ်ရှို့၏ခန္ဓာကိုယ်သည် အနည်းငယ်တုန်ခါသွားခဲ့ပြီး အချို့သောပြဿနာများအား သူနားလည်သလောက်ပြောပြလိုက်သည်။
"ဘိုးဘေး..ခုဆိုရင်ဒီဆိုင်ကမင်းအပိုင်ဖြစ်သွားပြီဆိုတော့ သိထားသင့်တဲ့အရာလေးတွေရှိတယ်...ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ နည်းပညာဟာတဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ပြခန်းကလည်းတဖြည်းဖြည်းအဆင်မပြေတော့ဘူး...ငါတို့ရဲ့မျက်နှာချင်းဆိုင်က ရှေးဟောင်းပစ္စည်းရောင်းဝယ်တဲ့ဆိုင်ရဲ့ပိုင်ရှင်က ဒီရှေးဟောင်းမြို့ခံမဟုတ်ဘူး...သူကအရမ်းကိုမာနကြီးပြီးတော့ ငါတို့ဆိုင်ကိုနှောင့်ယှက်ဖို့အတွက် နည်းလမ်းမျိုးစုံကိုအသုံးပြုလေ့ရှိတယ်...သူကငါတို့ဆိုင်အဝင်ဝမှာ ချိတ်ဆွဲထားတဲ့ပန်းချီကားတွေကို မှင်တွေနဲ့ပတ်ဖြန်းဖို့ လူတွေကိုငှါးရမ်းလေ့ရှိတယ်"
ထိုအကြောင်းကိုပြောပြနေစဉ်အတွင်း ဝမ်ရှို့က အလွန်ဒေါသထွက်နေခဲ့သည်။
လက်ရှိအချိန်တွင် ဆိုင်၌ သူနှင့်ဝမ်ကူနှစ်ယောက်သာရှိပြီး ကျန်ရှိနေသောမျိုးဆက်သစ်များက အခြားမြို့များသို့ဖြစ်စေ နိုင်ငံရပ်ခြားသို့ဖြစ်စေ ရောက်ရှိနေကြသည်။သို့ဖြစ်ရာ အနိုင်ကျင့်ခံနေရသည်တောင်မှ ဤလူအိုကြီးနှစ်ယောက်သည် ပြန်လည်တုံ့ပြန်ရန် အစွမ်းအစမရှိကြပေ။
"အင်း..."
ယဲ့ပိုင်သည် ဝမ်ရှို့၏စကားကိုနားထောင်ပြီးနောက် သူနားလည်ပြီဟု ခေါင်းညိတ်ပြလိုက်သည်။
"ဧည့်သည်တော်က စိတ်မပူဘူးလား..."
ဝမ်ကူသည် အံ့သြသွားခဲ့သည်။
"ရေစီးကြောင်းနဲ့အတူ စီးမျောကြရအောင်...ခုတော့နောက်ကျနေပြီ...မင်းလည်းအသက်ကြီးပြီဆိုတော့ စောစောအနားယူဖို့လုပ်တော့"
ယဲ့ပိုင်၏အသံက တည်ငြိမ်စွာထွက်ပေါ်လာခဲ့သည်။
"အဲ့ဒီလက်ရေးလှစာတန်းနဲ့ပန်းချီကားကို အခန်းထဲယူလာပြီး အနီးကပ်ကြည့်ချင်သေးတယ်"
ဝမ်ကူသည် ထိုပစ္စည်းနှစ်ခုလုံးအား သူ့လက်ထဲ၌ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့သည်။ယခုတစ်ကြိမ်တွင် သူသည်မတော်တဆထိခိုက်မည်ကို စိုးရိမ်သည့်အတွက်ကြောင့် အလွန်ပင်ဂရုစိုက်၍ ညင်ညင်သာသာပြုမူခဲ့သည်။
"ကောင်းပြီ..."
ယဲ့ပိုင်က ပေါ့ပေါ့ပါးပါးခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်တွင် ဝမ်ကူသည် သူ၏မျက်မှန်ကိုပြန်လည်တပ်ဆင်လိုက်ကာ လက်တစ်ဖက်က မှန်ဘီလူးကိုကိုင်၍ ခြံဝင်းဆီသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
ဝမ်ကူသည် တံခါးကိုဖွင့်လိုက်ပြီးနောက် ခေါင်းကိုလှည့်၍ ဝမ်ကူအား မမေ့မလျောသတိပေးလိုက်သည်။
"အဖေ...စောစောအနားယူဖို့လုပ်ပါ...ငါကတော့ ဒီပစ္စည်းနှစ်ခုကိုသေချာမလေ့လာနိုင်ဘူးဆိုရင် ဒီနေ့စိတ်အေးလက်အေးနဲ့အနားယူနိုင်မှာမဟုတ်ဘူး"
"ငါသိတယ်..."
ဝမ်ရှို့ကခေါင်းညိတ်ပြလိုက်သည်။
ဝမ်ကူသည် ကမန်းကတမ်းထွက်ခွာသွားခဲ့ကာ ယနေ့ညအတွက် ပြင်းထန်သည့်တိုက်ပွဲအား စတင်တော့မည်ဖြစ်သည်။
ပြခန်းထဲ၌ ယဲ့ပိုင်က တိတ်ဆိတ်စွာရပ်နေခဲ့ပြီး ဝမ်ရှို့ကလည်းထွက်ခွာသွားခြင်းမရှိဘဲ ယဲ့ပိုင်၏နောက်၌ ငြိမ်ငြိမ်လေးရပ်နေခဲ့သည်။
"မင်းမအိပ်တော့ဘူးလား..."
အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်ကမေးလိုက်သည်
။
ဝမ်ရှို့သည် အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏မှုန်ဝါးနေသောမျက်လုံးများ၌ မျှော်လင့်ချက်အပြည့်ဖြင့် တုန်တုန်ယင်ယင်လေသံဖြင့် ပြောလိုက်သည်။
"ဒီဂျူနီယာက ရှင်သန်နေထိုင်ရမယ့်အချိန်တွေ မကြာခင်ကုန်ဆုံးတော့မှာကို နားလည်ပါတယ်...ဒါကြောင့်ကျန်ရှိနေတဲ့အချိန်လေးမှာ ဘိုးဘေးကိုအဖော်ပြုပေးဖို့ လုပ်ဆောင်ခဲ့တာပါ...ဂျူနီယာက ရိုင်းရိုင်းစိုင်းစိုင်းတောင်းဆိုမိတယ်ဆိုရင် ခွင့်လွှတ်ပေးပါ...ဘိုးဘေးက နှစ်ပေါင်းများစွာကြာတဲ့ထိ အသက်ရှင်နေထိုင်လာခဲ့တာဆိုတော့ အသက်ရှည်ရှည်နေထိုင်ပြီး သက်တမ်းတိုးမြင့်ရမယ့်နည်းလမ်းကို ညွန်ပြပေးနိုင်မလား"
သက်တမ်းကို ဘယ်လိုတိုးမြင့်ရမလဲ...
ယဲ့ပိုင်သည် အဖြေမပေးသေးဘဲ နံရံပေါ်၌ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်အား ကြည့်နေခဲ့သည်။သူ၏အတွင်းစိတ်ထဲ၌ကား နှစ်ပေါင်းထောင်ချီရှည်လျားလှသော သမိုင်းကြောင်းတစ်ခုက ဖြည်းညှင်းစွာစတင်ပုံဖော်လာခဲ့သည်။
ထိုနေ့က ဆောင်းဦးလေညှင်းသည် ဖြည်းညှင်းစွာတိုက်ခတ်နေခဲ့သည်၊ဇိမ်ခံအဝတ်အစားအား ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်သည် မရေမတွက်နိုင်သော အစောင့်များ၏ကာကွယ်ပေးမှုအောက်၌ ရှိနေခဲ့သည်။
သို့သော်လည်း ထိုလူက အစောင့်များကို အဝေးမှနေ၍သာ စောင့်ကြပ်ခိုင်းထားခဲ့သည်။
သူသည် ရွှံနွံလမ်းကိုလျှောက်လှမ်းကာ ဝတ်စုံဖြူဝတ်ထားသည့် ကောင်လေးနောက်မှလိုက်လာခဲ့သည်။သူ၏လေသံသည် အလွန်ပင်ပေါ့ပါးနေသော်လည်း ရိုင်းစိုင်းသောစကားလုံးများကို အနည်းငယ်လေးမျှပင် ထုတ်ဖော်ပြောကြားဝံ့ခြင်းမရှိခဲ့ပေ။
"အရှင်...ကျနော်ဟာ ထာဝရခိုင်မြဲတဲ့အုတ်မြစ်တစ်ခုကိုတည်ထောင်နိုင်ခဲ့ပြီး ကမ္ဘာပေါ်က ပထမဆုံးသောအင်ပါယာတစ်ပါးဖြစ်လာခဲ့တယ်...ဒါပေမဲ့ ကျနော့်အတွက်ရှင်သန်နေထိုင်ဖို့ အချိန်တွေအများကြီးမကျန်တော့ဘူးဆိုတာ နားလည်ပါတယ်...ဒါပေမဲ့ ငါစောစောမထွက်ခွာချင်သေးဘူး...ဒီနေ့ ကျနော်ရောက်လာခဲ့တာက တောင်းဆိုမှုတစ်ခုကိုလုပ်ဆောင်ချင်လို့ပဲ"
"ပြော..."
ယဲ့ပိုင်၏အသံက အလွန်နူးညံ့စွာ ထွက်ပေါ်လာခဲ့သည်။
"ထာဝရအသက်ရှင်ချင်တယ်..."
ထိုစကားလုံးများအား ထုတ်ဖော်လိုက်ချိန်တွင် သက်လတ်ပိုင်းအရွယ်လူ၏အသံသည် အလွန်ပင်ရှင်းလင်းပြတ်သားနေခဲ့သည်။
"မဖြစ်နိုင်ဘူး..."
ယဲ့ပိုင်က ခေါင်းခါ၍ တိုးတိုးလေးပြန်ဖြေလိုက်သည်။
"ဘာလို့လဲ..."
သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ဒေါသထွက်ကာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း ယဲ့ပိုင်အားကြောက်ရွံ့ရပေရာ တိုးတိုးလေးပြန်မေးလိုက်သည်။
ယဲ့ပိုင်သည် သူ၏လက်ကောက်ဝတ်အား လှုပ်ရှားလိုက်ကာ ငါးမျှားချိတ်ကို အပေါ်သို့ဆွဲတင်လိုက်သည်။ထို့နောက် ချိတ်၌ပါလာသောငါးကို ညင်သာစွာဖမ်းယူလိုက်ကာ အနီးအနားရှိအင်တုံထဲ ပစ်သွင်းလိုက်သည်။
"ကမ္ဘာပေါ်ကအရာအားလုံးဟာ ကောင်းကင်ဘုံကိုအံတုနိုင်တယ်ဆိုတာ ဖြစ်နိုင်တယ်...ဒါပေမဲ့ မင်းရရှိလာမယ့်အရာက ထာဝရကျိန်စာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တယ်"
"အဲ့ဒါကို ကျနော်နားလည်ပါတယ်အရှင်..."
ထာဝရရှင်သန်ခြင်းသည် ဖြစ်နိုင်ဖွယ်ရှိကြောင်း တွေးမိလိုက်ချိန်တွင် သက်လတ်ပိုင်းအရွယ်အမျိုးသားက ပျော်ရွှင်သွားခဲ့သည်။သူသာ သေချာသည့်လမ်းကြောင်းတစ်ခုအတိုင်း ဆက်လက်လျှောက်လမ်းနိုင်မည်ဆိုပါက အဆုံးသတ်၌ ၎င်းကိုရရှိပိုင်ဆိုင်ရန် အခွင့်အရေးရှိနိုင်ပေသည်။
သို့သော်လည်း သူသည် အလွန်မာနကြီးလွန်းပေရာ ယဲ့ပိုင်၏ဆိုလိုသည့်အဓိပ္ပါယ်အား နားလည်နိုင်စွမ်းမရှိခဲ့ပေ။ထာဝရရှင်သန်ခြင်းသည် ကျိန်စာတစ်ခုဖြစ်ကာ ယဲ့ပိုင်ကိုယ်တိုင်ပင် အဖြေကိုမသိရှိသေးပေ။
ထိုသက်လတ်ပိုင်းအရွယ်လူ၏ မျိုးရိုးအမည်မှာ ယင်ဖြစ်ပြီး အမည်မှာကျန့်ဖြစ်သည်။
ထို့နေကုန်လွန်သွားပြီးနောက် ရှဖူသည် အင်မော်တယ်တောင်တန်းကိုရှာဖွေရန်အတွက် ယောကျာင်္းလေးနှင့်မိန်းကလေး၃၀၀၀ကို ပင်လယ်ထဲသို့ သီးသန့်စေလွှတ်ခဲ့သည်။နောက်ပိုင်းတွင် မည်သည့်အကြောင်းရင်းကြောင်းမသိရဘဲ ထိုလူငယ်များ ပြန်လည်ထွက်ပေါ်လာခြင်းမရှိတော့ပေ။ယင်ကျန့်သည်လည်း တနေ့တခြားပိုမိုအားနည်းလာခဲ့သည်။
(TN-ရှဖူ /BC ၃ရာစု/ ချင်မင်းဆက်နန်းတွင်းမှော်ဆရာ)
ထိုအချိန်မှစ၍ ယင်ကျန့်သည် အိပ်ရာပေါ်၌အချိန်ပြည့်လဲနေခဲ့ရသည်။သူသည် ဒေါသတကြီးဖြစ်နေကာ မှော်ဆရာဖြစ်သူ၏အသုံးမကျမှုအား အပြစ်တင်နေခဲ့သည်။ယဲ့ပိုင်ကိုကား မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။
ထို့ကြောင့် လီစီ၏စာချွန်လွှာအရ သူသည်စာအုပ်များကို ပိတ်ပင်ရန်အမိန့်ချမှတ်ခဲ့ကာ ကျမ်းဂန်များနှင့်သမိုင်းစာပေများအား မီးရှို့ဖျက်ဆီးခဲ့သည်။ထို့ပြင် ပညာရှင်များကိုလည်း ရက်ရက်စက်စက် အရှင်လတ်လတ်မြေမြုပ်သတ်ဖြတ်ခဲ့သည်။အဆုံးသတ်တွင် စာအုပ်စာပေများကိုမီးရှို့ခြင်းနှင့်ကွန်ဖြူးရှပ်ပညာရှင်များအား အရှင်လတ်လတ်မြေမြုပ်သတ်ဖြတ်ခြင်းက သမိုင်းတလျှောက် အကြီးမားဆုံးသောဖြစ်ရပ်တစ်ခုဖြစ်လာခဲ့သည်။
(TN - လီစီသည် ဒဿနပညာရှင်တစ်ယောက်ဖြစ်ပြီး လက်ရေးလှပညာရှင်လည်းဖြစ်သလို ချင်မင်းဆက်၏ အတိုင်ပင်ခံဝန်ကြီးချုပ်လည်းဖြစ်သည်)
လူတိုင်းသည် ထာဝရရှင်သန်လိုကြသည်။ထိုသို့ထာဝရကိုရှာဖွေရန်အတွက် လုပ်ဆောင်ခဲ့ကြသည့် ဖြစ်ရပ်ဆိုးများက သမိုင်းတလျှောက်များပြားလွန်းလှပေသည်။
အချိန်အတော်ကြာပြီးနောက် ယဲ့ပိုင်သည် အသိစိတ်ပြန်ဝင်လာခဲ့သည်။
သူသည်နောက်သို့လှည့်၍ ခြားနားသည့်အကြည့်မျိုးဖြင့် ဝမ်ရှို့အားစိုက်ကြည့်လိုက်သည်။ထိုလူအိုကြီးသည် အသက်ရာကျော်ရှိနေပြီဖြစ်သော်လည်း သူ၏အတွေးများက ပြိန်းတိန်းနေဆဲဖြစ်သည်။