← Chapters

သချိုင်းဖောက်သူများ

Vol. 5 Ch. 58

သချိုင်းဖောက်သူများ

Vol. 5 Ch. 58

ပြခန်းအတွင်း၌...

ယဲ့ပိုင်သည် နောက်လှည့်၍ ဝမ်ရှို့အား တိတ်ဆိတ်စွာကြည့်လိုက်မိသည်။

ထိုလူအိုကြီးသည် ဆံပင်များဖြူစွတ်နေပြီဖြစ်ရာ အိုမင်းနေသောမျက်နှာပေါ်၌ အရေးအကြောင်းများနှင့် အစက်အပျောက်များရှိနေပေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလွန်အားနည်းနေပုံရပြီး သူ၏ခန္ဓာကိုယ်မှအသက်စွမ်းအင်သည် လေထဲမှဖယောင်းတိုင်ကဲ့သို့ အချိန်မရွေးပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့သည်။

သို့သော်လည်း သူ၏မှိန်ဖျော့သောမျက်လုံးတစ်စုံ၌ မျှော်လင့်ချက်အလင်းရောင်တစ်ခု ရှိနေပေသည်။

လူမိုက်တစ်ယောက်၏အမြင်တွင် အသက်ရှည်ခြင်းက အဖိုးအထိုက်တန်ဆုံးသောရတနာဖြစ်သည်။သူတော်စင်များသည်တောင်မှ ထိုအရာကိုမစွန့်လွှတ်နိုင်ဘဲ ထာဝရအသက်ကိုရရှိရန် ကြိုးစားနေကြသည်။

သို့သော်လည်း မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာရှင်သန်နေထိုင်ရခြင်းက မည်မျှရက်စက်သော ကျိန်စာတစ်ခုဖြစ်ကြောင်း ယဲ့ပိုင်သာသိရှိထားပေသည်။

သူအဘယ်ကြောင့် ထာဝစဉ်ရှင်သန်နေထိုင်ခဲ့ရသနည်း...အဘယ်ကြောင့် နတ်ဘုရားများနှင့်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ပျောက်ကွယ်သွားသည်တောင်မှ သူကဆက်လက်ရှိနေရသနည်း။

အသက်ရှည်ခြင်း၏ လျှို့ဝှက်ဆန်းကြယ်မှုသည် အဆုံးမဲ့ရှည်လျားသောနှစ်ကာလများအတွင်း ယဲ့ပိုင်လိုက်လံရှာဖွေခဲ့သည့်အရာဖြစ်ကာ အဖြေကိုလည်းသိချင်နေမိသည်။

"ဒီကမ္ဘာပေါ်မှာ အသက်ရှည်မယ့်နည်းလမ်းမရှိသေးဘူး"

ယဲ့ပိုင်သည် သူ့ရှေ့မှသေလုမျောပါးဖြစ်နေသော အဘိုးအိုအားအချိန်အတော်ကြာအောင်စိုက်ကြည့်ရင်း ပြောလိုက်သည်။ယခုအချိန်တွင် သူ၏အသံသည် အေးစက်ခက်ထန်နေကြောင်း ယဲ့ပိုင်ကိုယ်တိုင်ပင် သတိမပြုမိလိုက်ပေ။

"ကောင်းပါပြီ ဘိုးဘေး...မင်းရဲ့အခန်းကနောက်ဖေးမှာရှိပါတယ်...ဒီဂျူနီယာက ခုချက်ချင်းပြင်ဆင်ပြီးတော့ မနက်ကျရင် ကူလေးနဲ့အတူထွက်သွားပါမယ်"

ဝမ်ရှို့၏မျက်လုံးများ၌ စိတ်ပျက်လက်ပျက်အမူအရာများ ဖြစ်ပေါ်လာသော်လည်း ယဲ့ပိုင်အား ခေါင်းငုံ့အရိုအသေပေးရင်း နောက်ပြန်ဆုတ်လာခဲ့သည်။အသက်ရှည်ခြင်း၏လျှိ့ဝှက်ချက်သည် အဖိုးတန်ဆုံးသော စည်းစိမ်ဥစ္စာတစ်ခုဖြစ်ကြောင်း သူ့စိတ်ထဲတွင်သိရှိနေသည့်အတွက် ဆက်လက်မမေးဝံ့တော့ပေ။သူသည် ထိုအကြောင်းအား အခြားသူများထံ မျှဝေရန်မဖြစ်နိုင်ပေ။

ထို့ပြင် ဤသို့မေးမြန်းခြင်းက သူ့အတွက် အလွန်ပင်စိတ်ကူးယဉ်ဆန်လှပေသည်။အကယ်၍ အသက်ရှည်စေသောနည်းလမ်းသည်သာ အမှန်တကယ်ရှိခဲ့ပါက ဤကမ္ဘာကြီးသည် ဟိုးရှေးရှေးကတည်းကပင် ရှုပ်ထွေးနေမည်ဖြစ်သည်။

သို့သော်လည်း ထိုနည်းလမ်းသာမရှိပါက အဘယ်ကြောင့်ယဲ့ပိုင်သည် ထာဝရရှင်သန်နိုင်မည်နည်း။

နှစ်ပေါင်းရှစ်ဆယ်ကြာပြီးနောက်တွင် ပုံတူပန်းချီတစ်ချပ်အားကိုင်၍ အဘယ်ကြောင့် လူကိုယ်တိုင်ရောက်လာမည်နည်း။

ဝမ်ရှို့သည် ထိုအကြောင်းအားနားမလည်သလို သူကိုယ်တိုင်လည်း မှန်းဆမရနိုင်ပေ။

သူသည် တံခါးကိုတွန်းဖွင့်၍ အိမ်နောက်ဖေးသို့ ဝင်ရောက်သွားခဲ့သည်။

အိုး...

ထိုခဏ၌ လေအေးတစ်ချက်တိုက်ခတ်လာ၍ ဝမ်ရှို့ကခဏလောက်ရပ်၍ မော့ကြည့်မိလိုက်သည်။

ဟူး...

ဝမ်ရှို့သည် တောက်ပသောလရောင်ကို ငေးမော့ကြည့်လိုက်ရင်း အရှုံးသမားတစ်ယောက်လို ရယ်မောလိုက်သည်။ထို့နောက် သူ၏ဘဝတလျှောက်လုံးကို ပြန်လည်တွေးတောကာ အဆုံးသတ်၌ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

နှစ်များတဟုန်ထိုး ကုန်ဆုံးလာသည်နှင့်အမျှ သူရဲကောင်းများသည်ပင် ပင်ပန်းနွမ်းနယ်လာခဲ့သည်။

တစ်ချိန်က ချောမောပြီး လွန်စွာထက်မြက်သူများသည်တောင်မှ အဆုံးသတ်၌ မြေကြီးထဲ၌ မြုပ်နှံထားခြင်းကိုခံကြရမည်သာဖြစ်သည်။

မျက်စောင်းထိုးရှိ ရှေးဟောင်းပစ္စည်းဆိုင်တစ်ခု၌...

လက်ရှိအချိန်တွင် ရှေးဟောင်းပစ္စည်းဆိုင်၏ ဆိုင်တံခါးအား တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားပေသည်။

အထဲတွင် လူရှစ်ယောက်ထိုင်၍ရသော ခေတ်ဟောင်းစားပွဲတစ်ခုရှိပြီး အဘိုးကြီးတစ်ယောက်နှင့် လူငယ်၂ယောက်ထိုင်နေပေသည်။

ထိုအဘိုးကြီး၏မျက်လုံးများသည် လင်းယုန်ငှက်များကဲ့သို့ စူးရှနေပြီး အနီရောင်ဂျာကင်အင်္ကျီအား ဝတ်ဆင်ထားခဲ့ကာ ဤနေရာတွင်ထိုင်နေရုံမျှဖြင့် လူအများအား အသက်ရှုကျပ်စေသည့် ခံစားချက်ကိုပေးစွမ်းနေခဲ့သည်။

လူငယ်နှစ်ယောက်ထဲတွင် တစ်ယောက်သည် ဆံပင်တိုတိုရှိပြီး သူ၏မျက်လုံးများကနီရဲနေခဲ့သည်။သို့သော်လည်း သူ၏အသားအရည်က လူသေတစ်ယောက်လိုဖြူဖျော့နေသော်လည်း သူ၏လက်မောင်းများက ပုံမှန်ထက်သန်မာနေခဲ့သည်။

အခြားတစ်ယောက်မှာ အဝါရောင်ဆံပင်ရှိပြီး နားကပ်ကိုဝတ်ဆင်ထားသော စတိုင်ကျစွာဝတ်စားဆင်ယင်ထားသည့် လူငယ်တစ်ယောက်ဖြစ်သည်၊သူ၏မျက်လုံးများက သူ၏မောက်မာဝင့်ကြွားမှုကို ပေါ်လွင်ထင်ရှားစေသည်။

သူတို့၃ယောက်သား အတူတကွရှိနေစဉ်တွင် ပတ်ဝန်းကျင်လေထုက ပိုမိုအေးစက်လာပုံရသည်။

သူတို့၏ခန္ဓာကိုယ်ပေါ်မှ အလောင်းကောင်အငွေ့အသက် အနည်းငယ်ကိုရရှိနေခဲ့သည်။အကယ်၍ ကျွမ်းကျင်သူတစ်ယောက်သာ ဤနေရာ၌ရှိနေမည်ဆိုပါက ဤထူးခြားမှုကို တစ်ချက်ကြည့်ရုံဖြင့် သိမြင်နိုင်ပေသည်။

သူတို့၃ယောက်သည် ဂူသချိုင်းဖောက်သူများဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။

"လူအိုကြီးဝူ...အဲ့ဒီပြခန်းအောက်မှာ ဝမ်ရှစ်ကျီရဲ့ဂူသချိုင်းရှိတယ်ဆိုတာ သေချာလား"

သူတို့ထဲမှ ဆံပင်တိုတိုနှင့်လူငယ်လေးသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသောမျက်လုံးများနှင့် အဘိုးကြီးကိုကြည့်ကာ မေးမြန်းလိုက်သည်။

"ချီထျန်း...ဒီကိစ္စနဲ့ပတ်သက်လို့ ငါမင်းကိုဘာလို့လိမ်ပြောရမှာလဲ...ခွန်းလွန်တောင်က အဖြစ်အပျက်ကို မင်းသိထားတယ်မလား..."

လူအိုကြီးဝူ၏ အမည်အပြည့်အစုံမှာ ဝူစန်းရီဖြစ်သည်။သူအလုပ်စတင်ပြီး ၃ရက်အတွင်း သူဖောက်ထွင်း၍မရသော ဂူသချိုင်းသည် ဤကမ္ဘာ၌မရှိသေးကြောင်း ထိုလူအိုကြီးတစ်ခါကပြောဖူးပေသည်။ယခုလည်း ခွန်းလွန်တောင်အကြောင်းပြောချိန်၌ သူ၏မျက်လုံးများက ပူလောင်နေခဲ့သည်။

"ခွန်းလွန်တောင်က အင်မော်တယ်အကြီးအကဲရဲ့အကြောင်းကို ပြောချင်နေတာဆိုရင်တော့ ငါသိတာပေါ့...လွန်ခဲ့တဲ့၃ရက်လောက်ကပဲ အင်မော်တယ်အကြီးအကဲက တောင်ပေါ်ကနေဆင်းသက်လာပြီး ကျောက်မိသားစုကို ညတွင်းချင်းသုတ်သင်လိုက်တယ်...ကျောက်မိသားစုထဲမှာ တိုက်ရိုက်မျိုးဆက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ စုစုပေါင်း၈၉၉ယောက်ရှိတယ်...သူတို့ထဲကဘယ်သူကမှ သေခြင်းတရားကမလွတ်မြောက်နိုင်ခဲ့ကြဘူး...ဒါပေမဲ့ဒီသတင်းကို အချို့လူတွေကလွဲရင် ပြည်သူတွေဆီမပျံ့နှံ့သွားအောင် အစိုးရကထိန်းချုပ်ထားခဲ့တယ်...ဒါပေမဲ့ ဒီကိစ္စက ဝမ်ရှီကျစ်ရဲ့ဂူသချိုင်းနဲ့ဘာဆိုင်လို့လဲ"

ထိုကောင်လေး၏အမည်အပြည့်အစုံမှာ ကျန်းချီထျန်းဖြစ်ပြီး သူသည်သတ္တိကာင်းသူတစ်ယောက်လည်းဖြစ်သည်။သူသည် ဂူသချိုင်းတစ်ခုအား ဖောက်ထွင်းတော့မည့်အချိန်တိုင်း အမြဲတမ်းအလျင်စလိုလုပ်ဆောင်လေ့ရှိသည်။သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူကမျက်မှောင်ကြုတ်ကာ လေးလေးနက်နက်ပြောဆိုနေခဲ့သည်။

လူအိုကြီးဝူကပြုံး၍ သူ့ဘေးနားမှ အဝါရောင်ဆံပင်နှင့်လူငယ်ကိုကြည့်ကာ ပြောလိုက်သည်။

"ရှန့်ချန်...မင်းကောဘယ်လိုထင်လဲ"

ထိုကောင်လေး၏နာမည်အပြည့်အစုံမှာ ဖန်ရှန့်ချန့်ဖစ်သည်။သူ၏စတိုင်ကျသော ပုံစံကိုကြည့်၍ ဂူသချိုင်းဖောက်ခြင်းနှင့်မသက်ဆိုင်လောက်ဟု မတွေးသင့်ပေ။သူသည် ဤနေရာ၌ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။သူသည် ဂူသချိုင်းများ၏သတင်းကို တစ်နှစ်ပတ်လုံးစုံစမ်းနေသူဖြစ်ရာ ဤကိစ္စနှင့်လွန်စွာရင်းနှီး၍ သတင်းအချက်အလက်များကို လျင်မြန်စွာရရှိထားပေသည်။

လူအိုကြီးဝူ၏ မေးခွန်းကိုကြားသောအချိန်တွင် ဖန်ရှန့်ချန်က ခဏလောက်စဉ်းစားလိုက်ပြီး သတိထားနေသာအမူအရာဖြင့် ပြောလိုက်သည်။

"ခွန်းလွန်တောင်ရဲ့ချောက်နက်ကြီးအကြောင်းကို ဘာဆက်ပြောရမှာလဲ...အဲ့တုံးကဆိုရင် ပရော်ဖက်ဆာနဲ့အခြားသူတွေက အဲ့နေရာကိုရှေးဟောင်းသုတသနအတွက် သွားခဲ့တယ်လို့ပဲငါကသိထားတာ...အဲ့တုံးကအရူးတွေက ခုဆိုအင်မော်တယ်ဘဝကို ရူးသွပ်နေကြပြီ...ခုချိန်ထိ စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသမှုခံယူနေကြတုံးပဲ"

"အဲလိုမျိုးတကယ်ရှိခဲ့တာလား"

ကျောက်ချီထျန်းက မယုံနိုင်ဖွယ်လေသံဖြင့် ပြောလိုက်သည်။

သို့သော်လည်း လူအိုကြီးဝူက ထူးထူးခြားခြားပြုံးပြလိုက်သည်။

"ရှန့်ချန်ပြောတာအမှန်ပဲ...ဒါကလွန်ခဲ့တဲ့ခုနှစ်ရက်ကဖြစ်ပျက်ခဲ့တဲ့ကိစ္စပဲ...အရင်နှစ်တွေက မတော်တဆမှုဖြစ်ပြီးပြီးချင်း နိုင်ငံတော်ကနေ ရဟတ်ယာဉ်တစ်စင်းစေလွှတ်ပြီးတော့ ပါမောက္ခရှနဲ့အခြားသူတွေကို ကယ်ထုတ်ခဲ့တယ်...နောက်ပိုင်းမှာ မရေမတွက်နိုင်တဲ့ နိုင်ငံတော်အဆင့်ရှေးဟောင်းသုတေသနပညာရှင်တွေက နေ့ညမအားခွန်းလွန်တောင်မှာ ရှာဖွေခဲ့ကြတယ်...အပေါ်ယံမှာတော့ သူတို့ကဘာမှရှာမတွေ့ခဲ့ကြဘူးလို့ဆိုကြတယ်...ဒါပေမဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်က ငါ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပဲ..."

"လွန်ခဲ့တဲ့၇ရက်က သူဟာ ကံကြမ္မာဆက်စပ်မှုရှိတဲ့ချောက်နက်ထဲကနေပြီး ရှေးဟောင်းစာလိပ်အပိုင်းအစတစ်ခုကိုရရှိခဲ့တယ်...အဲ့ရှေးဟောင်းစာလိပ်ပေါ်မှာ အမှတ်၃၂ရှေးဟောင်းလမ်းဟာ ရှေးဟောင်းပစ္စည်းတွေအများကြီးရှိတဲ့ ဝမ်ရှီကျစ်ရဲ့စစ်မှန်တဲ့ ဂူသချိုင်းတည်နေရာ ဆိုပြီး ရှင်းရှင်းလင်းလင်းကိုရေးသားထားတယ်...ကိစ္စတွေအားလုံးပြီးသွားရင် ငါကရှယ်ယာ၃၀ရာခိုင်နှုန်းခွဲဝေယူရမယ်"

ကျန်းချီထျန်းက မျက်လုံးပြူး၍ အံ့သြတကြီးပြောလိုက်သည်။

"လူအိုကြီးဝူ...မင်းကဘာလို့ဒီပြခန်းကို အသည်းအသန်ဝယ်ချင်နေရတာလဲလို့ ငါစဉ်းစားနေတာ...နောက်ဆုံးတော့မင်းက အဲ့အဘိုးကြီးဆီကပြခန်းကိုမဝယ်နိုင်တော့ ဒီရှေးဟောင်းပစ္စည်းဆိုင်ကိုဝယ်ခဲ့တာပေါ့...မင်းကတကယ်တွက်ချက်တတ်တာပဲ"

"မင်းရဲ့လုပ်ပုံကိုင်ပုံက အရာရာကိုစဉ်းစားပြီးမှ ဂရုတစိုက်လုပ်ဆောင်တတ်တာပဲ...လူအိုကြီးဝူကတော့ လူအိုကြီးဝူပါဘဲ...ငါတို့ကနှစ်ပေါင်းများစွာပူးပေါင်းလုပ်ဆောင်လာတာတောင်မှ မင်းကငါတို့ကိုခုမှဒီအကြောင်းကိုပြောတယ်ပေါ့...ငါတို့ကိုအပြင်လူတွေလို့သတ်မှတ်ထားတာလား"

ဖန်ရှန့်ချန်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

သို့သော်လည်း ထိုစကားများအားပြောအပြီးတွင် အခန်းကရုတ်တရက်တိတ်ဆိတ်သွားခဲ့သည်။

ဝူစန်းရီသည် ကုလားထိုင်ကိုမှီ၍ သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဖန်ရှန့်ချန်နှင့်ကျန်းချီထျန်းတို့သည်လည်း ထိုအကြောင်းအားသေချာပြန်စဉ်းစားကြည့်ချိန်တွင် သူတို့၏မျက်လုံးများပြူးကျယ်သွားကာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

ဝမ်ရှီကျစ်၏ဂူသချိုင်း...မရေမတွက်နိုင်သော စစ်မှန်သည့်အမွေအနှစ်များ...

ယခုခေတ်တွင် ဝမ်ရှီကျစ်၏ စစ်မှန်သောလက်ရာများအား မြင့်မားသည့်စျေးနှုန်းများဖြင့် လေလံတင်ရောင်းချကြသည်ကို လူတိုင်းလိုလိုသိရှိထားကြပြီဖြစ်သည်။

အကယ်၍သူတို့သာ ဤဂူသချိုင်းကို အမှန်တကယ်ဖောက်ထွင်းနိုင်ခဲ့ပါက မည်မျှအကျိုးအမြတ်ရရှိမည်နည်း။

တစ်နာရီလောက်ကြာသည်ထိ အခန်းထဲရှိလေထုက တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ထို့နောက်တွင် ကျန်းချီထျန်းက စကားစပြောလိုက်သည်။

"စကြတာပေါ့..."

သူကရိုးရိုးရှင်းရှင်းလေး ပြောဆိုလိုက်သည်။

"စကြတာပေါ့..."

ဖန်ရှန့်ချန်ကလည်း အလားတူပြောဆိုခဲ့သည်။

"အရမ်းကောင်းတယ်...ဒီကိစ္စအောင်အောင်မြင်မြင်ပြီးသွားရင် မင်းတို့တွေ စစ်မှန်တဲ့အနုပညာလက်ရာတစ်ခုကို ရယူနိုင်တယ်...ဒီကိစ္စမပြီးသေးခင် လျှို့ဝှက်ချက်ကို လုံးဝပေါက်ကြားခွင့်မပြုနိုင်ဘူး...ကတိချိုးဖျက်တဲ့သူကို ချက်ချင်းလက်စဖျောက်ပစ်မယ်...ကဲခုအစီအစဉ်ကို ဆွေးနွေးရအောင်"

ဝူစန်းရီသည် သူ၏မျက်လုံးအားဖွင့်လိုက်ချိန်တွင် တောက်ပသောအလင်းရောင်များ ထွက်ပေါ်လာသော်လည်း မကြာမှီပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

"လက်ရှိမှာ အစီအစဉ်နှစ်ခုရှိတယ်...ပထမတစ်ခုက ငါတို့ခြံဝင်းထဲကနေ လှိုဏ်ခေါင်းတူးပြီး ဟိုဘက်ပြခန်းထိရောက်အောင်လုပ်ရမယ်...ဒုတိယအစီအစဉ်ကတော့ မနက်ဖြန်ကျငါတို့လူကိုယ်တိုင်သွားပြီး အဲ့ဆိုင်ကိုဖယ်ရှားဖို့ သေချာလုပ်ဆောင်ရမယ်"

သို့သော်လည်း ဝူစန်းရီ၊ကျန်းချီထျန်း၊ဖန်ရှန့်ချန်တို့သည် ဝမ်ရှီကျစ်၏ဂူသချိုင်းအား မည်သို့ဖောက်ထွင်းရမည်ကို ဆွေးနွေးနေကြသည့်အချိန်တွင် ပြခန်းထဲရှိ အဖြူရောင်ဝတ်စုံဝတ်လူတစ်ယောက်က သူတို့အားပစ်မှတ်ထားနေသည်ကို မသိရှိကြသေးပေ။ထိုလူငယ်သည် ချိတ်ဆက်ထားသည့်တောင်စွယ်တောင်တန်းများပါဝင်သော ပန်းချီကားတစ်ချပ်အားကြည့်ရှုနေရင်း သူ၏ပါးစပ်မှညင်သာစွာ ရေရွတ်လိုက်သည်။

"ဂူသချိုင်းဖောက်သူတွေ..."

All Chapters