← Chapters

ဟန်ဆောင် အညံ့ခံခြင်း

Vol. 37 Ch. 506

ဟန်ဆောင် အညံ့ခံခြင်း

Vol. 37 Ch. 506

သတ္တိမဲ့ခြင်း၊ စိတ်ဝိညာဉ်ကင်းမဲ့ခြင်း၊ အစွမ်းမဲ့ခြင်း အပြည့်အဝ ဆုံးရှုံးခြင်း ယင်းက ကျန်းရီ ယခု လက်ရှိ ခံစားနေရာပဲ ဖြစ်သည်။ လမ်းကြောင်း၌ စိတ်ရှုပ်ထွေးစရာများ မှေးမှိန်သော မျှော်လင့်ချက်များဖြင့် ပြည့်နေ၏။ သို့သော် သူက ထရပ်ရန် ရုန်းကန်ပြီး မရေမတွက်နိုင်သည့် ရန်သူများစွာကို သတ်ဖြတ်ခဲ့သည်။ ရှယီမြို့ အပြင်ဖက်၌ သိုင်းပညာရှင်များကို သတ်ဖြတ်ပြီး ကောင်းကင် ကြယ်တာရာ မြို့ထဲတွင် နတ်ဆိုးဘုရင်များစွာကို သတ်ဖြတ်ပြီးနောက် ဤအတိုင်းနယ်မြေတွင် သူပြိုင်ဘက်ကင်းသည်ဟု ထင်ခဲ့သည်။ ယခုမူ သူက ရေတွင်းအောက်ခြေရှိ ဖားတစ်ကောင်မျှသာ ဖြစ်နေကြောင်း သဘောပေါက်သွား၏။

“ကျန်းရီ ဒီခန်းမ သခင်က မင်းမှာ ပါရမီရှိတယ်ဆိုတာ မြင်ခဲ့ရတယ်။ မဟုတ်ရင် ရှင့်ကို အချိန်ကုန်ခံ စကားတွေ ပြောနေမှာ မဟုတ်ဘူး။ ရှင့်ကို လျှို့ဝှက်ချက်တွေလည်း ပြောပြနေမှာ မဟုတ်ဘူး။ ဒီသိုင်းခန်းမ သခင်က ရှင့်ကို နောက်ဆုံး အခွင့်အရေးပေးနေတယ်။ သိုင်းခန်းမကို အညံ့ခံရင်ခံ မဟုတ်ရင် သေပေတော့”

တုကုချိုးက ထပ်မံ အော်ဟစ်လိုက်သည်။ သူသည် ကျန်းရီကို အလွန်မြင့်မြင့်မားမားတွေးထားပြီး ကျန်းရီကို ခေါ်ဆောင်နိုင်ရန် ထပ်မံ ကြိုးစားနေပုံပေါ်၏။

ကျန်းရီ စိတ်လွတ်နေတာကို မြင်သည့် အချိန် သူက ဆက်ပြောလိုက်၏။

“မင်းကောင်းကင်ဘုံ ကျောက်တုံးတွေကို သန့်စင်ခဲ့တာကြောင့် မင်းရဲ့ခန္ဓာကိုယ် ပျက်စီးနေပြီ ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းစိတ်ပူစရာ မလိုဘူး။ ကောင်းကင် ကြယ်တာရာ နယ်မြေထဲမှာ နဂါးညိုးရော်မြက်လို့ခေါ်တဲ့ နတ်ဆေးပင် တစ်မျိုးရှိတယ်။ သူက မင်းရဲ့ ရိုးတွင်းခြင်ဆီနဲ့ ချီသွေးကြောတွေကို သန့်စင်ပေးပြီး ခန္ဓာကိုယ်ကို ပြန်တည်ဆောက်ပေးနိုင်တယ်။ မင်းသာ ငါတို့ သိုင်းခန်းမထဲ ဝင်လာရင် အရှေ့ပိုင်းတော်ဝင်နယ်မြေဆီ ပို့ပေးပြီး နဂါးညိုးရော်မြက် ရှာဖို့အတွက် ပင်မ သိုင်းခန်းမဆောင်ကို အကူအညီ တောင်းပေးမယ်”

ကျန်းရီက မက်မောသွားပြီး နတ်ဆိုးဧကရီက နဂါးညိုးရော်မြက်သည် သူ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်ပြီး သူ၏ ပျက်စီးနေသော ခန္ဓာကိုယ်ကို ပြန်ပြင်ပေးနိုင်ကြောင်း တစ်ခါ ပြောခဲ့ဖူးသည်။ အချိန်တိုအတွင်း ကောင်းကင်ဘုံ ကျောက်တုံးများ သန့်စင်ခြင်းဖြင့် သူ၏ ခွန်အားကို ရုတ်ခြည်းတိုးတက်အောင် ပြုလုပ်ကောင်း ပြုလုပ်နိုင်မည် ဖြစ်သော်လည်း သူတို့၏ အနာဂတ်က လုံး၀ ပျက်စီးသွားမှာပဲ ဖြစ်သည်။

ကျန်းရီ၌ ပြိုင်စံရှား ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ရှိပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကြယ်ကိုးလုံးက ပိုတောင် ကြမ်းတမ်းလာ၏။ သူ၏ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်နိုင်ခဲ့လျှင် သူ၏ အနာဂတ်က အကန့်အသတ်မဲ့ပေလိမ့်မည်။ ဤသွေးဆောင်မှုက တွေးတောမိစေပြီး ကျန်းရီက သူ၏ မျက်နှာပေါ်တွင် တွေဝေမှု အချို့ ပြလာတော့၏။ သူက လေးနက်စွာ စဉ်းစားနေပုံရပြီး မျက်တောင်ခက်လိုက်ကာ နှာခေါင်းရှုံ့လိုက်၏။

နဂါးညိုးရော်မြက်က ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ နတ်ဆိုးပင် တစ်ပင် ဖြစ်ကြောင်း နတ်ဆိုးဧကရီက ပြောခဲ့ဖူးတယ်။ နှစ်တစ်သောင်းမှာ တစ်ကြိမ်ပဲ ပေါ်ထွက်လာခဲ့တာ သိုင်းခန်းမသခင်က ကျုပ်ကို လှည့်စားနေတာ မလား”

“ဟားဟားဟား...”

တုကူချိုးက ရယ်မောလိုက်ပြီး သူ၏ မျက်နှာက နီနေကာ ရင်ထဲတွင် စိတ်လှုပ်ရှားနေသည်။ ထိုလေသံကို နားထောင်ကြည့်လျှင် ကျန်းရီက မက်မောသွားသည့်ပုံ ပေါ်သည်မလား။ သူက အတန်ကြာ ရယ်လိုက်ပြီးနောက် ပြောလိုက်တော့၏။

“ကျန်းရီ နဂါးညိုးရော်မြက်က ရှားကောင်းရှားမယ်။ ဒါပေမဲ့ ငါတို့ သိုင်းခန်းမက နယ်မြေရဲ့ ဖိနှိပ်မခံတဲ့ အုပ်စိုးသူတွေပဲ။ နယ်မြေအားလုံးမှာ ခန်းမခွဲတွေ ရှိတယ်။ နဂါးညိုးရော်မြက်ကို တစ်စုံ တစ်ယောက် ရှာနိုင်မယ်ဆိုရင် ငါတို့ သိုင်းခန်းမပဲ ဖြစ်မှာ သေချာတယ်။ မဟုတ်ရင် သိုင်းခန်းမက နဂါးညိုးရော်မြက်ကို အလွယ်တကူရနေပြီးသား ဖြစ်လောက်တယ်။ သူတို့ မရသေးရင်တောင် မင်းအရှေ့ပိုင်း တော်ဝင်မြေကို သွားလိုက်တာနဲ့ သိုင်းခန်းမထဲက လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတွေရဲ့ အသိအမှတ်ပြုမှုကို စစ်ဆေးပြီးရင် သူတို့က မင်းအတွက်နဂါးညိုးရော်မြက်ကို စုဆောင်းဖို့ နည်းလမ်းရှာပေးလိမ့်မယ်”

“ဒီတော့ ဒါကြောင့်ကိုး....”

ကျန်းရီက အကြိမ်အတော်ကြာ ရည်ညွှန်းပြောနေပြီးနောက် ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ ခင်ဗျား အမှန်အတိုင်း ပြောနေတယ်ဆိုတာ ကျုပ်ဘယ်လိုလုပ်သိမှာလဲ။ ဒါက ခင်ဗျားတို့ တစ်ဖက်သတ်                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                               ပြောနေတဲ့ ဇာတ်ကြောင်းပဲလေ”

“ဒီအကြောင်းက....”

တုကုချိုးသည် ကျန်းရီ၏ လေသံ အေးဆေးသွားပုံကို မြင်ပြီး ပိုတောင် ပျော်ရွှင်လာ၏။ သူသည် ကျန်းရီကို အမှန်တကယ် ခေါ်ချင်သည်။ အကြောင်းမှာ သူ၏ ဒန်တျန်ထဲရှိ ကြယ်ကိုးလုံးက အလွန်ဆန်းကြယ်လွန်း၏။ အရေးကြီးဆုံးက ကျန်းရီတွင် မီးလျှံများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်ရှိနေတာပဲ ဖြစ်သည်။

ဤလောကထဲတွင် ဆန်းကြယ်ကျောက်များ အများအပြားရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသည့် မီးလျှံများက ကောင်းကင်ဧကရာဇ် ပညာရှင်များကိုတောင် အလွယ်တကူ လောင်ကျွမ်းစေ၏။ သူသာ ကျန်းရီကို ခေါ်ဆောင်ပြီး သိုင်းခန်းမထဲ၌ ပျိုးထောင်ရန်အတွက် သိုင်းခန်းမကို ပို့ပေးခဲ့လျှင် သူက သိုင်းခန်းမအတွက် ကောင်းကင်ကို ဖီဆန်နိုင်သည့် ပညာရှင် တစ်ဦး မွေးထုတ်ပေးရာ ရောက်ပေမည်။ သူ့အတွက် အထောက်အကူကြီးတစ်ခု ရလာပေလိမ့်မည်။

ထိုအကြောင်းကို တွေးပြီးနောက် သူအမှန်အတိုင်း ပြောနေတာဖြစ်ကြောင်း သက်သေပြနေတာ နည်းလမ်းမရှိပေ။ တုကုချိုး၏ မျက်လုံးက လက်သွားပြီးနောက် ပြောလိုက်၏။

“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပင်မခန်းမဆောင်ကို သတင်းတစ်ခု ပို့ခဲ့ပြီးသား၊ ကောင်းကင် ဧကရာဇ် ပညာရှင်တွေ တစ်လကြာပြီးရင် ရောက်လာမယ်လို့ ပြောခဲ့တယ်။ ကျန်းရီ မင်းက အမှန်တကယ် အညံ့သိပ်ခံတယ်ဆိုရင် ငါမင်းကို ယာယီ လွှတ်ပေးနိုင်တယ်။ အချိန်ကျလာတဲ့ အချိန် ငါအမှန်အတိုင်း ပြောတယ်ဆိုတာ မင်းတွေ့ရလိမ့်မယ်။

စုလောရွှယ်နှင့် ကျန်သည်သူများက လူ့လက်ထဲတွင် ရှိသေးရာ ကျန်းရီက အစွဲအလမ်း ကြီးနေသေးသည်။ သူက သူတို့ကို မကယ်နိုင်ခဲ့လျှင် နယ်မြေထဲမှ မထွက်ပြေးမှာ သေချာနေ၏။ ဤအသူရာ ချောက်ကမ်းပါး၌ ကောင်းကင် ကံကြမ္မာမောင်းတံ အစီအရင် ရှိပြီး တုကုချိုးက ကျန်းရီကို မကြောက်ပေ။ သို့သော် တုကူချိုးက အနည်းငယ် တွေးပြီးနောက် သူက ရဲတင်းသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်ခဲ့သည်။

“မရဘူး...”

ကျီထင်ယွီက ရုတ်တရက် ဖျက်ပြောလိုက်၏။ သူမ၏ လှပသော မျက်ဝန်းများက ကျန်းရီကို ဖျတ်ခနဲ ကြည့်လိုက်သည်။ တုကုချိုးကို သတင်းစကားတစ်ခုကို ရုတ်တရက် ပို့လိုက်တော့၏။

“ခန်းမသခင်က ကျားကို တောင်တန်းဆီ ပြန်လွှတ်နေတာပဲ။ ကျန်းရီက အကျိုးအမြတ်ပိုရဖို့ နောက်တစ်လှမ်းဆုတ်ပြီး အကောက်ကြံမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ပင်မခန်းမဆောင်က သူတို့ ရောက်လာဖို့ တစ်လ ကျော်လောက်လိုသေးတာ။ လွဲချော်သွားခဲ့ရင်ရော ဒါဆိုရင် ကျွန်မတို့တွေ တစ်သက်လုံး ဆိုးဝါးတဲ့ ဘဝကို ရောက်သွားမှာပဲ”

တုကုချိုးက ကျီထင်ယွီကို ကြည့်ပြီး ပြန်ပြောလိုက်၏။

“ဘာများမှားနိုင်မှာလဲ။ ကျန်းရီက အသူရာ ချောက်ကမ်းပါးထဲ ဝင်ရောက်ခဲ့ရင်က သူက စဉ့်လှီးတုံးပေါ်က ငါးတစ်ကောင်အဖြစ်လို သေဖို့ စောင့်နေရမှာလေ။ သူက သံယောဇဉ်ကြီးတဲ့လူလို့ မင်းတို့ ပြောခဲ့ဖူးလာ။ သူရဲ့မိသားစုက ငါတို့နဲ့ ရှိနေတာ။ သူဘယ်ကိုများ ထွက်ပြေးနိုင်မှာလဲ”

“အစွဲအလမ်းကြီးတာလား။ တစ်ခုခုတော့ မဟုတ်သေးဘူး”

ကျီထင်ယွီက မျက်မှောင်ကျုံ့လျက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားသည်။ သူ၏ အကြည့်များက ကျန်းရီဆီ သိမ်းကျုံးကြည့်သွားလျက် အမူအရာက ချက်ချင်းပြောင်းလဲသွား၏။ သူမက ပြောလိုက်တော့သည်။

“ခန်းမသခင် ကျန်းရီက အညံ့ခံချင်ယောင်ဆောင်နေတာ သူ့ရဲ့ အမူအကျင့်နဲ့ဆိုရင် ဘယ်သူကိုမှ အညံခံမှာ မဟုတ်ဘူး”

ကျီထင်ယွီက ကျန်းရီကို အတော်နားလည်သည်။ သူက အမှန်တကယ် အစွဲအလမ်းကြီးသူ ဖြစ်၏။ သို့သော် သူက အလျှော့မပေးတတ်သည့် အကျင့်စရိုက်ရှိပြီး မည်သူကိုမျှ အညံ့ခံမှာ မဟုတ်သည့် တစ်ကိုယ်တော် ဝံပုလွေ တစ်ကောင် ဖြစ်ပေသည်။ အစောပိုင်းက ကျီထင်ယွီ ယင်းကို သဘောမပေါက်ခဲ့ပေ။ တုကုချိုးက အစွဲအလမ်းကြီးသည့် အကြောင်းပြောပြီးနောက် သူမက သတိကပ်သွားတော့၏။

“တစ်ခုခုက မူမမှန်ဘူးဆိုတော့ တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ်”

ကျန်းရီက သဘောထားက ရုတ်တရက် ပြောင်းသွားတယ်။ သူက အမှန်တကယ် အညံ့ခံဖို့ တွေးနေတဲ့ပုံလား။ သူဘယ်တော့မှ အညံ့မခံဘူးဆိုတော့ အခုကျမှ ဘာကြောင့် အသုံးမကျတဲ့ပုံ ဖြစ်နေတာလဲ။

သူ၏ ငြင်းပယ်မှုက သက်သေတစ်ရပ် ဖြစ်သည်၊။ သူက အချိန်ဆွဲနေသည့် အခြေအနေထဲမှ ရုန်းထွက်ရန် နည်းလမ်းတစ်ခု စဉ်းစားနေတာ ဖြစ်သည်။

ထိုစဉ် ကျီထင်ယွီက သူ၏ ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခု ထူးဆန်းနေတာကို သတိပြုမိလိုက်သည်။ သူ၏ အရှိန်အဝါ တည်ရှိမှုက ဖြည်းဖြည်းချင်း ပိုသန်မာလာ၏။ သူ့ခန္ဓာကိုယ်ကလည်း ဖြည်းဖြည်းချင်း ထလာကာ သူ၏ မျက်လုံးများက တွေးနီရောင် ပြောင်းလဲသွား၏။ အစက ဖိနှိပ်ခံထားရသော သတ်ဖြတ်လိုသော ဆန္ဒများက ထပ်မံ ပေါ်ထွက်လာတော့သည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တုကုချိုး၏ မျက်လုံးများက မူမမှန်မှုများဖြင့် ပြည့်နေတော့သည်။ ကောင်းကင် ကံကြမ္မာ မဟာအစီအရင်မှ မြှင့်တင်ပေးမှုဖြင့် ကျီထင်ယွီသည် ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအားကို ရရှိထားပြီး ကောင်းကင် ဧကရာဇ်၏ ခွန်အားကို ပိုင်ဆိုင်ထားသည်။ ကောင်းကင် ဧကရာဇ်နယ်ပယ် သိုင်းပညာရှင် တစ်ဦး၏ အရှိန်အဝါ တည်ရှိမှုက အစွမ်းထက်လွန်းပြီး ဗာဂျရာနယ်ပယ် သိုင်းပညာတစ်ဦးက ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင် တစ်ဦးကို ရင်ဆိုင်ရမည် ဆိုလျှင် သိုးတစ်ကောင်က ခြင်္သေ့တစ်ကောင်ကို ရင်ဆိုင်နေရခြင်းနှင့် ဆင်တူပေ၏။ ကျန်းရီသည် အရှိန်အဝါ တည်ရှိမှုအကြောင်း မလှုပ်ရှားနိုင် ဖြစ်နေသေးသည်။ သို့သော် သူက မတ်မတ်ရပ်ပြီး သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်လွှတ်လိုက်သည်လော။ အဓိကသည် ကျန်းရီ၏ အရှိန်အဝါ တည်ရှိမှုက အမှန်တကယ် လျင်မြန်စွာ တိုးတက်နေ၏။

ကျန်းရီက ဘုံကိုးဘုံ ကြယ်ပွင့်စွမ်းအားကို သိပ်သည်းနေတယ်။ ဘုံကိုးဘုံ ကြယ်ပွင့်စွမ်းအားတွေ အများကြီး ဘယ်ကနေ ရလာတာလဲ။ သူရခဲ့ရင်တောင် ဘယ်လို ထုတ်ဖော်နိုင်တာလဲ။

တုကုချိုး၏ ကောင်းကင် စိတ်အာရုံက ကျန်းရီ၏ ခန္ဓာကိုယ်ဆီ ဖြန့်ကျက်လိုက်ချိန်တွင် သူပိုတောင် စိတ်ရှုပ်ထွေးသွားတော့သည်။ သူက အမြန်တုန့်ပြန်ပြီး တင်းမာစွာ အော်လိုက်၏။

“ကျီထင်ယွီ သူ့ကို မြန်မြန်သတ်။ သူက ဘုံကိုးဘုံ ကြယ်ပွင့်စွမ်းအားတွေကို စုစည်းနေတယ်။ သူတို့ကို ထုတ်လိုက်ရင် မင်းရောငါရောသေမှာပဲ”

ကျွီကျွီ

တုကုချိုးအတွက် အမိန့်ပေးရန် မလို ကျီထင်ယွီ၏ လက်က သက်တန့် နတ်ဘုရား အလင်းဖြင့် တောက်ပနေခဲ့ပြီ ဖြစ်သည်။ သူမက အဖျက်စွမ်းအားသို့ ပျက်စီးခြင်း အရှိန်အဝါပါရှိသည့် ဧရာမ သက်တန့်လက်ဝါးကို ဖွဲ့တည်လိုက်တော့၏။

“နည်းနည်းလေးပဲ ငါ အချိန်နည်းနည်းလေးပဲ ပိုလိုအပ်တာ”

ကျန်းရီက သူ့ရင်ထဲ၌ ဟစ်ကြွေးနေသည်။ သူအချိန်ပိုဆွဲထားနိုင်ခဲ့လျှင် သူသည် အစောပိုင်းက အချိန်ဆွဲနေခြင်းသာ ဖြစ်၏။ တစ်ချိန်လုံး ဟန်ဆောင်နေခဲ့သည်။ သူနှင့် သိုင်းခန်းမက သွေးကြွေး ရှိခဲ့ပြီးဖြစ်ရာ မကျေအေးနိုင်ပေ။ သူမည်ကဲ့သို့ အညံ့ခံမည်နည်း။

ကျီထင်ယွီ၏ ပုံရိပ်မှာ ရင်းနှီးနေသော အရှိန်အဝါ တည်ရှိမှုကို ခံစားမိလိုက်သည်။ ယင်းက ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအားတည်ရှိမှု ဖြစ်သည်။ သူက ထိုစွမ်းအားကို ရုတ်တရက် သဘောပေါက်သွား၏။

“သူသည် ကောင်းကင်နှင့် မြေကြီးကို လေးကြိမ်တိုင်တိုင် မူမမှန် ဖြစ်စေခဲ့ပြီး ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအား လေးကြိမ် ချီးမြင့်ခြင်း ခံရသည်။ ထိုစွမ်းအားကို သူ ယခင်က မည်သို့ အသုံးပြုရမည်မှန်း သူမသိခဲ့ပေ။ သို့သော် ကျန်းရီ၏ ပုံရိပ်ကို မြင်တွေ့ပြီးနောက် သူလေ့လာကာ စွမ်းအားကို ထုတ်ဖော်ခဲ့တော့သည်။

အချိန်ဆွဲနေခဲ့ခြင်းမှာ ကြယ်ကိုးလုံးမှ ကြယ်ပွင့်စွမ်းအားများ အားလုံးကို လှည့်ပတ်ချင်သောကြောင့် ဖြစ်သည်။ သို့သော် ကျီထင်ယွီ ထုတ်ဖော်တာ ခံရလိမ့်မည်ဟု သူမထင်ထားမိပေ။ ဧရာမ လက်ဝါးကြီးနိမ့်ဆင်းလာတာကို ကြည့်ပြီး သူက ခါးသက်စွာ ပြုံးကာ အံကြိတ်ပြီးနောက် ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအားကို လက်ဝါးရိုက်ချက်ဖြင့် ထုတ်ဖော်လိုက်တော့သည်။

“ဗီး”

ကျန်းရီ၏ လက်က သက်တန့်ရောင် နတ်ဘုရား အလင်းဖြင့် တောက်ပလာပြီးနောက် သူသည်လည်း သေးငယ်သော သက်တန့်လက်ဝါးရာကို ဖော်ဆောင်လိုက်တော့သည်။ သူ၏ ဦးခေါင်းအထက်ရှိ လေဟာနယ် နယ်မြေက လှုပ်ခါသွားပြီးနောက် သေးငယ်သည့် အက်ကွဲကြောင်းများ ပြည့်လာရာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက ထိုသေးငယ်သော လက်ဝါးရာမှ ပေါ်ထွက်လာတော့သည်။ ယင်းက အကြောက်အလန့်ကင်းမဲ့လျက် ဧရာမ လက်ဝါးရာဆီသို့ တိုးဝင်သွား၏။

“ကပ်သီးလေးပဲ”

တုကူချိုးက သက်ပြင်းချလိုက်၏။ သူသည် လှည့်စားခံရလု နီးပါး ဖြစ်သွားသည်။ ကျန်းရီက ဘုံကိုးဘုံ ကြယ်ပွင့်စွမ်းအားကို လုံလောက်အောင် စုဆောင်းနိုင်ခဲ့လျှင် သူနှင့် ကျီထင်ယွီ ဤတွင် သေလောက်ပေသည်။ ယခုအတွက်မူ ကျီထင်ယွီ သေချာပေါက် သေမည်မှန်း အရူးတောင် ပြောနိုင်ပေ၏။ သူ၏ ဘုံကိုးဘုံ စွမ်းအားက နည်းပါးလွန်းနေသည်။ ကျီထင်ယွီအား အလွယ်တကူ ချေမှုန်းနိုင်၏။

***

All Chapters