← Chapters

ဝေးဝေးသွားမလား အသတ်ခံမလား

Vol. 15 Ch. 223

ဝေးဝေးသွားမလား အသတ်ခံမလား

Vol. 15 Ch. 223

"မဟုတ်ဘူး … မဖြစ်နိုင်ဘူး …. သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရမှာလဲ"

အရှေ့တောင်အာရှသူ အပျိုပေါက်မလေးက မယုံသင်္ကာဖြစ်နေသော မျက်နှာထားဖြင့် စောဒက တက်လိုက်မိသည်။

သူမ မျက်လုံးထဲတွင် ယဲ့ဖန်သည် ဆရာသခင် တစ်ပိုင်းအဆင့်သာ ရှိသေးသည့် ပမွှားလေးတစ်ကောင်သာ ဖြစ်သည်။

ဘယ်လိုလုပ် သူက ဆရာသခင်အဆင့် ရှိသည့် သိုင်းပညာရှင် ဆယ်ယောက်ကျောက်ကို တစ်ယောက်တည်း သတ်နိုင်ပါမည်နည်း။

ထို့ပြင် ကြမ်းပြင်ပေါ် လဲကျနေသော ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်း ခံထားရသော အလောင်းများစွာကို ကြည့်ရင်း သူမ မျက်လုံးပြူးကာ ရေရွတ်လိုက်မိသည်။

"ဒါ…. ဒါ တောင်အမေရိကား လူမျိုးအဖွဲ့ရဲ့ လက်ထောက် ဥက္ကဋ္ဌ …. ဝူပီခို့ပဲ"

"သူက ဘယ်လိုလုပ် ဒီနေရာမှာ သေနေတာလဲ …သူ့အစ်ကို ဝူပီတက နံပါတ်တစ် ရွှေရောင် နံပါတ်ပြားကို ကိုင်ထားတာလေ ပြီးတော့ နတ်ဆိုးတောင်ကြားရဲ့ အရင်းအမြစ်တွေကို အမွေဆက်ခံနိုင်မယ့် ပထမဆုံးသူလို့ ထင်ကြေးပေးနေကြတာ"

"ပြီးတော့ သူ့ဘေးက ဂျပန်လေး … သူ … သူက ယွမ်ထျန့်ထျန်းရီရဲ့ ညီ …. ဂျပန်က ပါရမီရှင် ဆာမူရိုင်းလေးလေ"

"ယွမ်ထျန့်ထျန်းရီက နံပါတ်နှစ် ရွှေရောင်နံပါတ်ပြားကို ကိုင်ဆောင်ထားတာလေ … သူ့ညီ သေသွားတာကို သူ သိသွားရင်တော့ ဒေါသူပုန်ထသွားလောက်တယ်"

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့သည် နတ်ဆိုးတောင်ကြား၏ သိုင်းပညာရှင်များ စာရင်းတွင် ထိပ်တန်းနံပါတ် နှစ်ခု ပိုင်ရှင် ဖြစ်သည်။

အရှေ့တောင်အာရှသူ အပျိုပေါက်မလေးက တောင်အမေရိကားလူမျိုးနှင့် ဂျပန်လူမျိုးတို့၏ အလောင်းကို ကြည့်နေရင်း သူမ ကြက်သီး တဖြန်းဖြန်း ထလာမိသည်။

အကယ်၍ သူတို့ ညီအစ်ကိုများ အသတ်ခံလိုက်ရသည်ကို နှစ်ယောက်လုံး သိသွားပါက ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ နှစ်ယောက်လုံး ဒေါသူပုန်ထသွားလောက်သည်။

ထိုအချင်းအရာအား မြင်ယောင်ကြည့်ရင်း အရှေ့တောင်အာရှသူနှင့် အခြားသူများ မျက်လုံး မှိတ်လိုက်မိကြသည်။

"ဟဲ့ကောင် … နင်တော့ ပြဿနာ အကြီးအကျယ် တက်ပြီ …. နင်တော့ သေမှာပဲ"

အရှေ့တောင်အာရှသူက ယဲ့ဖန်အား သေလူဟု သတ်မှတ်လိုက်ပြီး အော်ဟစ် ပြောဆိုလိုက်သည်။

ရွမ်ကျုံးမို့တောင်မှ ယဲ့ဖန်အား အလျင်အမြန် ဖျောင်းဖျလေသည်။

"ဖန် … မင်း ကိုယ့်ကိုယ်ကိုယ် သတိထားမှ ရမယ် … ဝူပီတနဲ့ ယွမ်ထျန့်ထျန်းရီတို့ သူတို့ညီတွေ အသတ်ခံလိုက်ရတာကို သိသွားခဲ့ရင် သူတို့ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး"

ရွမ်ကျုံးမို့၏ စကားများက စိတ်ရင်းအတိုင်း ပြောနေပုံ ရသည်။

သို့သော် သူ့စကားအဆုံးတွင် ယဲ့ဖန်က စကားတစ်ခွန်းကိုသာ ပြောလိုက်ပြီး အေးစက်စက် အလင်းတန်း တစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်.

"ငါ့လမ်းကို လာပိတ်တဲ့သူတိုင်း သေရမယ်"

သူ့အပြုအမူကြောင် အရှေ့တောင်အာရှသူလေးက သုန်မှုန်နေသော မျက်နှာထားဖြင့် စောဒက တက်လာသည်။

"ကျုံးမို့ … ဘာလို့ အဲ့ သွေးနထင်ရောက်နေတဲ့ ဟွာရှကောင်ကို သွားသတိပေးနေရတာလဲ … ဝူပီတနဲ့ ယွမ်ထျန့်ထျန်းရီတို့ သူ့ကို ဂရုစိုက်လိုက်ပါစေဟယ်"

သူမ စကားကြောင့် ရွမ်ကျုံးမို့၏ မျက်နှာက မည်းမှောင်သွားကာ ပြန်အော်လိုက်သည်။

"ပါးစပ်ပိတ်ထား"

ရွမ်ကျုံးမို့၏ မျက်နှာက သုန်မှုန်လာကာ ယဲ့ဖန် ထွက်ခွာသွားသည့် နေရာသို့ သူ လှမ်းကြည့်နေပြီး သူ ထပ်ပြောလိုက်သည်။

"ဘာလို့မှန်းလဲ မသိဘူး … အဲ့လူနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်လို့ ငါ ခံစားနေရတယ်"

ထို့နောက် ရွမ်ကျုံးမို့က အရှေ့တောင်အာရှသူနှင့် အခြားသူများကို သတိပေးလိုက်သည်။

"ရွမ်ဟုန် …. မှတ်ထားပါ … အဲ့လူကို ဘယ်တော့မှ ရန်မစမိပါစေနဲ့"

ထိုအရှေ့တောင် အာရှသူလေး၏ အမည်က ရွမ်ဟုန်ဖြစ်ပြီး သူ၏ ဝမ်းကွဲညီမလည်း ဖြစ်သည်။

ရွမ်ကျုံးမို့၏ သတိပေးစကားကြောင့် ကျန်သူများ တစ်ခဏမျှ မှင်တက်အံ့ဩသွားကြသည်။

"ကျုံးမို့ … မင်း သူ့ကို အထင်ကြီးလွန်းနေတယ်လို့ ငါ ထင်တာပဲ … သူက ဒီအတိုင်း ဆရာသခင် တစ်ပိုင်းအဆင့်လေးပဲကို … အခုဟာကလည်း ဒီ တောင်အမေရိကားလူမျိုးနဲ့ ဂျပန်လူမျိုးတွေက သူတို့ တိုက်ပွဲကနေ ဒဏ်ရာ အကြီးအကျယ် ရခဲ့ပြီးသား နေမှာ … အဲ့ဒါကြောင့် အဲ့ဟွာရှကောင်က သူတို့ကို အလွယ်တကူ သတ်နိုင်သွားတာပေါ့"

ရွမ်ဟုန်က မခံမရပ်နိုင် ဖြစ်နေသည့်ပုံဖြင့် သတိပေးစကား ဆိုလာသည်။

"မဟုတ်လို့ရှိရင် ဆရာသခင် တစ်ပိုင်းအဆင့်လေးက ဆရာသခင်အဆင့် ဖြစ်တဲ့ လူဆယ်ကျော်ကို တစ်ယောက်တည်း ဘယ်တော့မှ သတ်နိုင်မှာ မဟုတ်ဘူး"

သူမ၏ အခိုင်အမာပြောလာသော စကားများကို ကြားပြီး ကျန်အရှေ့တောင်အာရှလူများကလည်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။

ရွမ်ကျုံးမို့တစ်ယောက်သာ ခေါင်းခါလျက် ရှိသည်။ ထို့နောက် သူ ပြန်ပြောလိုက်သည်။

"ထားလိုက်ပါတော့ …. ဒါ ငါတို့ အလုပ်မှ မဟုတ်ဘဲ … ဆရာသခင်အဆင့်ကို မြန်မြန် အဆင့်တက်ပြီး နောက်ဖြစ်လာမယ့် အရာတွေအတွက် ပြင်ဆင်ထားကြစို့"

ရွမ်ကျုံးမို့၏ စကားကြောင့် ရွမ်ဟုန်နှင့် အခြား အရှေ့တောင်အာရှ လူများက ဆေးလုံးများကို အလျင်အမြန် ထုတ်၍ မျိုချလိုက်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့အားလုံး ဆရာသခင်အဆင့်သို့ အဆင့်တက်သွားလေ၏။

"သွားကြစို့"

ရွမ်ကျိုးမို့၏ စကား အဆုံးတွင် သူတို့ အားလုံး ရှေ့သို့ ပြေးတက်သွားကြသည်။

တစ်ခဏမျှ ကြာသော် ချောက်ချားဖွယ် မြင်ကွင်းတစ်ခုကို သူတို့ နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရသည်။

နတ်ဆိုးတောင်ကြား၏ ပထမအထပ်ရှိ စင်္ကြံလမ်းထောင့်တစ်ဘက်တွင် နံရံနှင့် စပ်၍ အခန်းကျဉ်းလေးများ ရှိနေသည်။

ထိုအခန်းကျဉ်းလေးများအား ဘာအတွက်ကြောင့် ထားထားရသလဲ ဆိုသည်ကို မည်သူမျှ နားမလည်နိုင်ပါ။ အလွန့်အလွန် တုန်လှုပ်ဖွယ်ကောင်းသည်က ထိုအခန်းကျဉ်းလေးများတွင် များစွာသော သိုင်းပညာရှင်များ ရှိနေသည်။

"မြတ်စွာဘုရား …. အဲ့ဒါ ဂက်ဆီးလ်ပဲ … လွန်ခဲ့တဲ့ ဆယ်နှစ်က‌ ပျောက်သွားခဲ့တဲ့ ဗြိတိသျှလူမျိုး လူသတ်သမားလေ … သူ ဘာလို့ ဒီမှာ အပိတ်ခံထားရတာလဲ … သူ မပျောက်သွားခင်တုန်းကဆို သူက ဗြိတိသျှ စစ်တပ်က ထိပ်တန်း စစ်သားဘုရင်အားလုံးကို သတ်ခဲ့ပြီးတော့ စစ်တပ်သတ်သမားလို့ နာမည်ကြီးခဲ့တာ"

"ကြည့်ဦး …. အဲ့ဒါ ပြင်သစ်လူမျိုး ရက်စက်သော နတ်ဘုရား ရိုဒါပဲ … သူ တစ်ခါတုန်းက ပြင်သစ်တစ်နိုင်ငံလုံးက ဆရာသခင်အဆင့် သိုင်းပညာရှင်တိုင်းကို သုတ်သင်ခဲ့တာလေ"

"ပြီးတော့ အဲ့လူ … သူ…. သူက လွန်ခဲ့တဲ့ ဆယ်နှစ်က လုပ်ကြံသတ်ဖြတ်ရေး အသိုင်းအဝိုင်းမှာ ဒဏ္ဍာရီလို ဖြစ်ခဲ့တဲ့ မဟူရာည ဖြစ်မယ် …. မြတ်စွာဘုရား …. သူက တစ်ကမ္ဘာလုံးက ရည်မှန်းချက်ကြီးပြီး ကြမ်းတမ်းလွန်းတဲ့ သိုင်းပညာရှင် တော်တော်များများကို သတ်ခဲ့တဲ့ စောက်ရမ်း ရက်စက်တဲ့ လူလေ"

….

ထိုအချိန်တွင် အရှေ့တောင်အာရှလူမျိုးအဖွဲ့တို့ အလွန် တုန်လှုပ်ချောက်ချားနေကြသည်။

သူတို့ အခန်းကျဉ်း စုစုပေါင်း ဆယ့်ရှစ်ခန်း ရှာတွေ့ခဲ့သည်။

တစ်ခန်းချင်းစီတိုင်းတွင် လွန်ခဲ့သည့် ဆယ်နှစ် သို့မဟုတ် ဆယ်နှစ်ထက် ကြာမြင်ခဲ့သော နှစ်များက ပျောက်ကွယ်သွားခဲ့သည် နိုင်ငံတကာမှ ရက်စက်သော သိုင်းပညာရှင်များ ရှိနေသည်။

သို့ပေမဲ့ ဤသည်က အစသာ ရှိသေး၏။

ဒုတိယထပ်တွင် အခန်းကျဉ်း ဆယ့်ခုနစ်ခန်း ရှိပြီး အားလုံး၌ နိုင်ငံတကာမှ ရက်စက်သော နတ်ဘုရား ရှိနေသည်။

တတိယထပ်၌ ဆယ့်ခြောက်ခန်း။

စတုတ္ထထပ်၌ ဆယ့်ငါးခန်း။

…..

တစ်ထပ်ဆင်းလိုက်တိုင်း အခန်းကျဉ်းတွေ လျော့လျော့သွားသည်။ သို့သော် ထိုအခန်းကျဉ်းထဲ၌ ရှိနေသော သိုင်းပညာရှင်များ၏ အဆင့်ကား ပိုမို မြင့်တက်လာသည်။

ဆရာသခင် အထွတ်အထိပ်အဆင့်များ ရှိသလို ဒဏ္ဍာရီတစ်ပိုင်းအဆင့်လည်း ရှိသည်။

သူတို့ မြေအောက် ဆယ့်ငါးထပ်သို့ ရောက်လာသည့်အခါ၌ အခန်းကျဉ်း လေးခန်းသာ ရှိတော့သည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုတစ်ခန်းတိုင်းတွင် ရှိနေသည့် သူများက ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ ဖြစ်နေကြသည်။

အခန်းကျဉ်းတစ်ခုစီတိုင်းက ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များအား လေ့လာကြည့်ပြီးနောက် တစ်ဖွဲ့လုံး အလွန် ကြောင်အသွားကြသည်။

"မြတ်စွာဘုရား …. ဒဏ္ဍာရီအဆင့် လူထူးလူဆန်းတွေက ဘယ်လိုလုပ် ဒီမှာ သော့ခတ်ပြီး အကျဉ်းကျနေရတာလဲ … ဒါ … ဒါ အံ့ဩဖို့ကောင်းလိုက်တာ"

ရွမ်ကျုံးမို့နှင့် သူ၏ အဖွဲ့ထဲမှ အခြား အရှေ့တောင်အာရှသားများ အလွန် ကြောက်လန့်သွားကြသဖြင့် ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေကြသည်။

နတ်ဆိုးတောင်ကြား၏ သမိုင်းနှင့် ပတ်သက်၍ သူတို့ သိချင်စိတ် ပြင်းပြလာကြသည်။ အလွန် အင်အားကြီးသည့် သိုင်းပညာရှင်များစွာက ဘယ်လိုလုပ် အကျဉ်းချခံထားရတာပါလိမ့်။

သူတို့ ဆယ့်ခြောက်ထပ်သို့ ရောက်သောအခါ လူတစ်ယောက်အား ဖျတ်ခနဲ လှမ်းမြင်လိုက်သည်။ ထိုသူကတော့ …. ယဲ့ဖန်ပင်။

*အမ်*

ယဲ့ဖန်က နံရံပေါ်မှ နံရံဆေးရေးပန်းချီများကို စိုက်ကြည့်ရင်း ရပ်မြဲတိုင်း ရပ်နေကာ ထင်မှတ်မထားသည့် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံ ရသည်။

"ဖန်…."

ရွမ်ကျုံးမို့က ယဲ့ဖနအား ချက်ချင်း လှမ်းခေါ်လိုက်သည်။

ထိုစဉ် ဆယ့်ခုနစ်ထပ်မြောက်မှ ဆရာသခင်အဆင့် လူ အယောက်နှစ်ဆယ်ကျော်က ဆယ့်ခြောက်ထပ်သို့ ဝင်လာကြသည်။

*ဟာ*

ရှေ့ဆုံးမှလူများ၏ မျက်နှာများကို မြင်လိုက်ရသည်နှင့် ရွမ်ကျုံးမို့နှင့် သူ့အဖွဲ့မှ အခြားသူများ ချက်ချင်း တောင့်ခနဲ ဖြစ်သွားကြသည်။

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့သည် အဖွဲ့ကြီးနှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြပြီး နတ်ဆိုးတောင်ကြား၏ သိုင်းပညာရှင်များ စာရင်းတွင် ထိပ်ဆုံးမှ အကြမ်းဆုံးသူများ ဖြစ်ကြသည်။

"အရှေ့တောင် အာရှသားတွေပါလား"

အရပ် နှစ်မီတာ မြင့်သော ဝူပီတ ရပ်နေပုံက သံမဏိတာဝါကြီးတစ်ခု မတ်မတ်မားမား ရပ်တည်နေပုံနှင့် ဆင်တူလှသည်။

ရွမ်ကျုံးမို့နှင့် သူ့အဖွဲ့ဝင်များကို မြင်ပြီး ဝူပီတ တစ်ခဏမျှ အံ့ဩဟန် ပြသွားသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"အရှေ့တောင်အာရှသားတွေ …. မင်းတို့ ငါ့ညီ ဝူပီခို့ကို မြင်မိကြလား"

ယွမ်ထျန့်ထျန်းရီသည်လည်း သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလာသည်။

"မင်းတို့ ငါ့ညီကိုရော မြင်မိကြလား"

သူတို့၏ အမေးစကားကြောင့် ရွမ်ကျုံးမို့နှင့် သူ့အဖွဲ့မှ လူများ ကြီးစွာ ဝမ်းနည်းစိတ် ဖြစ်ပေါ်လာကြသည်။

သူတို့ အမှန်အတိုင်း မပြောရဲသဖြင့် တုံ့နှေးတုံ့နှေး ဖြစ်နေကြသည်။

ထိုစဉ် ရွမ်ဟုန်က လှောင်ပြုံးပြုံး၍ ယဲ့ဖန်ကို လက်ညှိုးထိုးကာ ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့အား ပြောပြလိုက်သည်။

"ဆရာသမားတို့ …. ဆရာသမားတို့ရဲ့ ညီတွေက အသတ်ခံလိုက်ရပါပြီ … လူသတ်သမားက သူပါ"

*ဘာ*

သူမစကားကြောင့် ဆယ့်ခြောက်ထပ် တစ်ထပ်လုံး အေးစက် တောင့်တင်းသွားကြသည်။

ရွမ်ကျုံးမို့ ထိတ်လန့်သွားသလို ဒေါသလည်း ထွက်သွားရသည်။

သူ၏ ဝမ်းကွဲညီမက သူတို့အား အမှန်အတိုင်း ခပ်မြန်မြန် ပြောလိုက်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

"ရွမ်ဟုန် မင်း…."

သူမ အစ်ကိုကြီး ဒေါသကို ရင်ဆိုင်၍ ရွမ်ဟုန်က လှောင်ပြောင်၍ ဆက်ပြောလိုက်သည်။

"ကျုံးမို့ … ငါက အမှန်အတိုင်း ပြောနေတာလေ"

"သူက ပမွှားကောင်လေးပါဟာ … ငါတို့ ဆရာသခင်တစ်ပိုင်းအဆင့် ပမွှားကောင်အတွက်နဲ့ ဆရာသမားနှစ်ယောက်ရဲ့ ဒေါသကို ရင်ဆိုင်ဖို့ မလိုဘူးလေ"

ရွမ်ဟုန်က စတင်၍ ဝင့်ကြွားလာသည်။

သို့သော် သူမစကားကို ကြားပြီး ရွမ်ကျုံးမို့၏ ဒေါသက ပို၍ နက်ရှိုင်းလာသည်။

ရွမ်ဟုန်၏ စကားများက နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချလိုက်သလိုပင်၊ ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့၏ မျက်လုံးများက မီးဝင်းဝင်းတောက်လို့လာသည်။

"ငါ့ညီလေးက သေသွားပြီ ဟုတ်လား …. ဒါ အမှန်ပဲလား" ဝူပီတက အလွန် ပြင်းထန်သော ချီဓာတ်များအား ထုတ်လွှင့်၍ မေးလိုက်သည်။

သူတို့၏ လူများကို တစ်စုံတစ်ယောက်က သတ်ရဲသည်အထိ ရဲတင်းလိမ့်မည်ဟု ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ ထင်မှတ်မထားမိကြပါ။

ရွမ်ဟုန်က သရော်ပြုံးမျိုး ပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ကျွန်မ သေချာပါတယ် … အဲ့ဆရာသခင် တစ်ပိုင်းအဆင့်ကောင်က သူတို့ အပြင်းအထန် ဒဏ်ရာရနေတုန်း သူတို့နှစ်ယောက်လုံးကို သတ်လိုက်တာပါ"

…

သူမစကားကြောင့် ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့၏ မျက်လုံးများက ညတာ၏ မိုးကောင်းကင်ကဲ့သို့ ပိန်းနက်နေအောင် မည်းမှောင်သွားသည်။

ထို့နောက် သူတို့က ယဲ့ဖန်၏ နောက်ကျောအား တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များနှင့်အတူ စိုက်ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ယဲ့ဖန်က အသက်ပြင်းပြင်းရှူ၍ ရေရွတ်လိုက်သည်။

"ငါ ရွှင်းအာရဲ့ အနံ့ကို အာရုံရပြီးသွားပြီပဲ … သူမက ငရဲရဲ့ ဆယ့်ရှစ်ထပ်မြောက်မှာ ရှိနေတယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က ဆယ့်ခုနစ်ထပ်မြောက်၏ ဝင်ပေါက်ကို စိုက်ကြည့်၍ ခက်ထန်စွာ ပြောဆိုလိုက်သည်။

"ဝေးဝေးသွားမလား အသတ်ခံမလား"

All Chapters