← Chapters

ဒဏ္ဍာရီအဆင့် သိုင်းသမားအား ဖြိုခွင်းခြင်း

Vol. 15 Ch. 225

ဒဏ္ဍာရီအဆင့် သိုင်းသမားအား ဖြိုခွင်းခြင်း

Vol. 15 Ch. 225

"မင်း သေချင်နေတာပဲ"

ထိုအရိုးကွဲမတတ် အသံအား ကြားလိုက်ရပြီးနောက် မဟာဝူနတ်ဘုရား၏ အိုမင်းနေသော ခန္ဓာကိုယ်သည် ချက်ချင်း တုန်ယင်သွားသည်။

ထို့နောက် သူ နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

*အမ်*

မဟာ ဝူနတ်ဘုရားက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"မင်း ဘယ်သူလဲ"

ထိုလူငယ် နီးကပ်လာသည်နှင့်အမျှ ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် သူတို့လူများသည် ဘာကြောင့်မှန်းမသိ ထွက်ပြေးသွားပုံ ရသည်။

သို့သော် ယဲ့ဖန်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသလို ဆရာသခင် တစ်ပိုင်းအဆင့်က ဝင်ရောက်လာနိုင်မည် ဟုလည်း ထင်မှတ်မထားမိပါ။

"ဟေ့ကောင်လေး …. မင်း ငါ့အရှင်ရဲ့ သွေးယဇ်ပူဇော်ပွဲကို နှောင့်ယှက်မိရင် မင်း နတ်ဆိုးတောင်ကြားကနေ ထွက်သွားလို့ မရဘူးဆိုတာ သတိမထားမိဘူးလား"

မဟာဝူနတ်ဘုရားက ယဲ့ဖန်အား သေလူဟု သတ်မှတ်ကာ မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်လျက် ပြောလိုက်သည်။

ထိုစဉ် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သောအခါ ဆရာသခင်အဆင့်များ၏ မူလ သလင်းကျောက်များပါသော အိတ်တစ်အိတ် ထွက်ပေါ်လာသည်။

ဂျွတ်!

သူက သလင်းကျောက်များကို ပါးစပ်ထဲ ကောက်ထည့်၍ ဝါးစားလေတော့သည်။

တစ်ခဏမျှ ကြာပြိးမှ သူက ပြန်ပြောလိုက်သည်က "ကျုပ်လား … ခင်ဗျား အသက်ကို နုတ်ယူမယ့် သူပေါ့"

*ဘာ*

သူ့စကားကြောင့် မဟာဝူနတ်ဘုရား တအံ့တဩ ဖြစ်သွားသည်။

ထိုစဉ် ထိုမူလသလင်းကျောက်များမှ ရင်းနှီးသော ချီဓာတ်တို့ကို သူ အာရုံခံလိုက်မိသဖြင့် သူ အကြီးအကျယ် ထိတ်လန့်သွားသည်။

"နံပါတ် ဆယ့်နှစ်ယောက်မြောက်သား …. မဖြစ်နိုင်ဘူး …. ပြီးတော့ ဆယ့်တစ် … ရှစ် … ငါး …"

မဟာ ဝူနတ်ဘုရား ရေရွတ်နေရင်း သူ့မျက်နှာက ပို၍ ပို၍ မှင်တက် အံ့ဩလာရသည်။

ယဲ့ဖန်၏ လက်ထဲမှ ဆရာသခင်အဆင့်များ၏ မူလ သလင်းကျောက်များကို ကြည့်ရင်း သူ အလွန် ထိတ်လန့်သွားသည်။

"ဒါ…. ဒါတွေက ငါ့သားတွေ အကုန်လုံးရဲ့ မူလ သလင်းကျောက်တွေပဲ"

မဟာ ဝူနတ်ဘုရား ရုတ်တရက် လွှားခနဲ ခုန်ထမိရင်း ယဲ့ဖန်၏ မျက်လုံးအား ဒေါသတကြီး စိုက်ကြည့်ကာ ကြုံးဝါးလိုက်သည်။

"မင်း ငါ့သားတွေကို သတ်ခဲ့တာလား … မင်း ဘယ်သူလဲ … မင်းက ဘယ်လိုကောင်စားမျိုးလဲ"

မဟာ ဝူနတ်ဘုရား ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေသည်။

သူ ဒီမနက်မှ ဝူနတ်ဘုရားတောင်က ထွက်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အရာအားလုံ အဆင်ပြေနေခဲ့သေးသည်။

သို့ပေမဲ့ ယခု ယဲ့ဖန်၏ လက်ထဲမှ သလင်းကျောက်များမှ ထွက်လာသည့် ချီဓာတ်များသည် ဝူနတ်ဘုရားတောင်မှ ဝူနတ်ဘုရား ဆယ့်နှစ်ယောက် ပိုင်ဆိုင်သော ချီဓာတ်များ ဖြစ်ကြောင်း သိသာလှပေသည်။

ဤသလင်းကျောက်များသည် သူ့သား ဆယ့်နှစ်ယောက်၏ အသက်ကို ကိုယ်စားပြုနေ၏။ သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် ….

မဟာ ဝူနတ်ဘုရားက သူ့မျက်လုံးမှ နေ၍ အလွန် ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။

ဆယ့်ရှစ်ထပ်မြောက်၏ အဝင်ဝ၌ ဝူပီတ ၊ ယွမ်ထျန့်ထျန်းရီနှင့် အခြားသူများ လုံးဝ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

*ဘာ*

အဲ့ကောင်က အရှင့်သားတွေရဲ့ မူလသလင်းကျောက်တွေကို ဝါးစားနေတယ်။

*ရူးနေပြီ*

*အဲ့ကောင် လုံးဝ ရူးနေပြီ*

အရှင်၏ လက်ပါးစေ တစ်ဖြစ်လည်း မဟာဝူနတ်ဘုရား၌ ထိတ်လန့် ကြောက်ရွံ့ခြင်းကို သူတို့ နားလည်သည်။

*ဒါပေမယ့် ယဲ့ဖန်က သူ့သားတွေရဲ့ မူလ သလင်းကျောက်ကို စားနေတာလေ … သူတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*

သူတို့ နောက်ဆုံးဖြစ်လာမည့် ရလဒ်အား မြင်ယောင်ရင်း ယဲ့ဖန်၏ အဖြစ်ကတော့ သေချာပြီဟု တွေးကာ စိတ်လှုပ်ရှားနေကြသည်။

ရွမ်ဟုန်သည်လည်း စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"သေမှာပဲ …. အဲ့ကောင်တော့ သေကိုသေမှာ …. သူ ဘယ်လောက်ပဲ သန်မာနေပါစေ ဒဏ္ဍာရီအဆင့် အဘိုးကြီးရဲ့ လက်က လွတ်အောင် မလုပ်နိုင်ပါဘူး"

ရွမ်ဟုန်သည် ယဲ့ဖန် နောက်လှည့်လာပြီး သူမအား လက်စားချေမည့်ဘေးမှ ကင်းဝေစေရန် မဟာဝူနတ်ဘုရားမှ ယဲ့ဖန်အား ချက်ချင်း သတ်နိုင်ပါစေဟု ကျိတ်၍ မျှော်လင့်နေမိသည်။

သို့သော် ယဲ့ဖန်က အခြားသူများ ဘာတွေ တွေးတောနေသလဲ ဆိုတာကို ဂရုစိုက်မနေခဲ့ပါ။

သူက မဟာ ဝူနတ်ဘုရားထံသို့သာ ဖြည်းဖြည်းချင်း လှမ်းလာနေသည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူက နောက်ထပ် သလင်းကျောက်တစ်ခုကို သူ့ပါးစပ်ထဲ ကောက်ထည့်လိုက်သည်။

တစ်လှမ်း။

နှစ်လှမ်း။

သုံးလှမ်း။

…

တစ်ခဏအတွင်းမှာပင် ယဲ့ဖန်သည် သလင်းကျောက် ဆယ့်နှစ်ခုလုံးကို ဝါးလို့ ပြီးသွားလေသည်။

"ငါက ဘယ်သူလဲ ဟုတ်လား"

ယဲ့ဖန်က မဟာ ဝူနတ်ဘုရား၏ မျက်လုံးအား ခက်ထန်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း ရွှင်းအာကို အတင်း အဓမ္မခေါ်သွားခဲ့တုန်းက ငါ ဘယ်သူလဲ တွေးခဲ့လို့လား … မင်း ရွှင်းအာရဲ့ အသွေးအသားနဲ့ သွေးယဇ်ပူဇော်ချင်နေတုန်းက ငါ ဘယ်သူလဲဆိုတာ မင်း တွေးတောင် တွေးမိရဲ့လား"

"ငါ့မိသားစုဝင်ကို ထိခိုက်အောင် လုပ်တဲ့သူတိုင်း သေကို သေရမယ် … ငါ့မိသားစုဝင်ကို သတ်တဲ့သူတိုင်း သေကို သေရမယ်"

"မင်းရဲ့သားတွေ အကုန်လုံး ငါ့လက်ထဲမှာ သေသွားပြီးပြီ …. အခု မင်းအလှည့်ပဲ"

….

ယဲ့ဖန်၏ စကားလုံးများက နွေခေါင်ခေါင်ကြီး မိုးကြိုးပစ်ချလိုက်သလိုပင်၊ ထိုစကားကြောင့် မဟာဝူနတ်ဘုရား ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာ၏။

"ယဲ့ဖန် …. မင်းက ယဲ့ဖန်ပဲ"

မဟာ ဝူနတ်ဘုရားက အလွန် မုန်းတီးနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။

ယခင်တုန်းက သူရော အခြား ဝူနတ်ဘုရား ဆယ့်နှစ်ယောက်လုံးကပါ ယဲ့ဖန်အား ပုရွက်ဆိတ်လေး တစ်ကောင်လို သတ်မှတ်ထားခဲ့ကြသည်။

မမျှော်လင့်ဘဲ သူက ဆယ့်နှစ်ယောက်လုံးကို သတ်ခဲ့သည်။

"မင်း သေချင်နေတာပဲ"

"ခွေးကောင်လေး မင်းက ငါ့သားတွေကို သတ်ရဲတယ်ပေါ့လေ … ဒီအဘိုးကြီးက မင်းကို နုတ်နုတ်စင်းပစ်မယ်ကွ"

ထိုသို့ပြောပြီး မဟာဝူနတ်ဘုရားက ကြမ်းပြင်ကို ခြေဆောင့်နင်းပြီး ယဲ့ဖန်ထံသို့ အမြန်ဆုံးနှုန်းဖြင့် ခုန်ဝင်လာသည်။

"သေလိုက်တော့"

သူက ယဲ့ဖန်၏ ဦးခေါင်းအား အားမာန်အပြည့်နှင့် ထိုးချလိုက်သည်။

ဒဏ္ဍာရီအဆင့် တစ်ယောက်၏ တိုက်ကွက်က ကမ္ဘာတောင် တုန်လှုပ်စေလောက်သည်။ ထိုလက်သီးချက်ကြောင့် ဆယ့်ရှစ်ထပ်၏ ကြမ်းပြင်တောင် ယိုယွင်းတော့မလို ဖြစ်သွားရသည်။

"သူတော့ သွားပြီ … အဲ့ကောင်တော့ သွေးအိုင်နေတဲ့ အသားဖတ်ကြီး ဖြစ်တဲ့အထိ အထိုးခံရတော့မှာပဲ"

ဤမြင်ကွင်းကို ကြည့်ပြီး ဝူပီတနှင့် ရွမ်ဟုန်တို့ ပီတိ ဖြစ်သွားကြသည်။ သူတို့ ယဲ့ဖန် ပုံဆိုးပန်းဆိုး ဖြစ်သွားတာကို မြင်ရဖို့ မစောင့်နိုင်ကြတော့ချေ။

ဝုန်း!

အခန်း၏ ကြမ်းပြင်သည် တုန်လာပြီး သံမဏိတိုင်နှစ်ခု တစ်တိုင်နှင့်တစ်တိုင် ဝင်ဆောင့်သွားသည်။

မဟာ ဝူနတ်ဘုရား တစ်ချက် တုန်ယင်သွားသည်။ သို့သော် ယဲ့ဖန်ကတော့ နောက်သို့ ဆယ်လှမ်း ပြန်ဆုတ်လိုက်ရသည်။

*အမ်*

*သူ အသက်ရှင်နေသေးတာလား*

ဤအဖြစ်အပျက်ကြောင့် ဝူပီတနှင့် အခြားသူများ တစ်ခဏမျှ ငေးငိုင်သွားကြသည်။ ထို့နောက် ယဲ့ဖန် ပထမဆုံးအကြိမ် သွေးထွက်လာသည်ကို မြင်ပြီး သူတို့ အားပါးတရ ပြုံးလိုက်မိသည်။

ယဲ့ဖန်က မဟာ ဝူနတ်ဘုရား၏ လက်သီး ချက်ကို တောင့်ခံနိုင်သော်လည်း သူ ဒဏ်ရာ ရသွားသည်မှာ သိသာလှပေ၏။

ယခုအချိန်မှစပြီး ယဲ့ဖန်ကို သတ်ရန် လက်သီး ချက် အနည်းငယ်လောက်သာ လိုပေ တော့မည်။

ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် ရွမ်ဟုန်တို့ တက်ကြွလာကြသည်။

"ခွေးမသားလေး … သေပေတော့"

မဟာ ဝူနတ်ဘုရားက ကြုံးဝါးရင်း မီးဝင်းဝင်း တောက်နေသော မျက်လုံးများဖြင့် ယဲ့ဖန်အား အားနှင့် ထိုးလိုက်သည်။

ဒုန်း! ဒုန်း! ဒုန်း!

နောက်ထပ် လက်သီးချင်း ထိပ်တိုက် တွေ့ရာတွင် မဟာ ဝူနတ်ဘုရားက နောက်သို့ တစ်လှမ်း ဆုတ်လိုက်ရသော်လည်း ယဲ့ဖန်က နောက်သို့ ရှစ်လှမ်းသာ ဆုတ်လိုက်ရသည်။

*မဖြစ်နိုင်ဘူး…*

ဘေးမှ ကြည့်နေသူများ မှင်တက် သွားကြသည်။

ယဲ့ဖန်၏ လက်သီးချက်က ပထမတစ်ခါထက် ပို၍ သန်မာနေခြင်းက သူတို့ ထင်ထားတာ ထက် ပိုနေပြီ ဖြစ်သည်။

သို့သော် ဤသည်ကား အစသော ရှိချေ သေးသည်။

ဒုန်း!

တတိယအကြိမ် လက်သီးချင်း ထိပ်တိုက် တွေ့ရာတွင် မဟာ ဝူနတ်ဘုရားက နောက်သို့ နှစ်လှမ်း ဆုတ်လိုက်ရပြီး ယဲ့ဖန်က ခြောက်လှမ်းသာ ဆုတ်လိုက်ရသည်။

စတုတ္ထအကြိမ် လက်သီးချင်း ထိပ်တိုက် တွေ့ရာတွင် မဟာ ဝူနတ်ဘုရားက နောက်သို့ လေးလှမ်း ဆုတ်လိုက်ရပြီး ယဲ့ဖန်သည်လည်း လေးလှမ်းသာ ဆုတ်လိုက်ရသည်။

*အံ့ဩဖို့ ကောင်းလိုက်တာ*

ထိုအခိုက်အတန့်တွင် ဘေးမှ ကြည့်နေသူများ စိတ်ရှုပ်ထွေးကာ သတိလစ်မတတ် ဖြစ်နေသည်။

ဤမျှ ထူးဆန်းသည့် တိုက်ပွဲမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ဒဏ္ဍာရီအဆင့်၏ လက်သီးချက်များကို ကြံ့ကြံ့ခံရင်း ဆရာသခင် တစ်ပိုင်းအဆင့်က ပို၍ ပို၍ သန်မာလာသည်တဲ့လား။ မဖြစ်နိုင်လိုက်တာ။

"ဒါ…. ဒါ မူလ သလင်းကျောက်တွေကြောင့်များလား"

ယဲ့ဖန် သလင်းကျောက်များကို ဝါးစားခဲ့သည်ကို ပြန်အမှတ်ရပြီး ဝူပီတ ထိတ်လန့်ကာ တုန်ယင်လာသည်။

အခြားသူများသည်လည်း အလွန် သံသယဝင်လာကြသည်။ သို့သော် တိုက်ပွဲကား မပြီးသေးချေ။

ဒုန်း!

ပဉ္စမအကြိမ် လက်သီးချင်း ထိပ်တိုက် တွေ့ရာတွင် မဟာ ဝူနတ်ဘုရားက နောက်သို့ ခြောက်လှမ်း ဆုတ်လိုက်ရပြီး လက်သီးများ သွေးများ ထွက်လာသည်။ သို့သော် ယဲ့ဖန်က နှစ်လှမ်းသာ ဆုတ်လိုက်ရသည်။

ဒုန်း!

ဆဋ္ဌမအကြိမ် လက်သီးချင်း ထိပ်တိုက် တွေ့ရာတွင် မဟာ ဝူနတ်ဘုရားက နောက်သို့ ရှစ်လှမ်း ဆုတ်လိုက်ရပြီး ယဲ့ဖန်က ရပ်မြဲတိုင်း ရပ်နေသည်။

ထို့နောက် အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တါင် ယဲ့ဖန်က ကြောက်မက်ဖွယ် ကောင်းသော လက်သီးချက်များနှင့် တစ်ချက်ပြီး တစ်ချက် ထိုးနှက်နေသဖြင့် ပေါက်ကွဲသံများတောင် ထွက်ပေါ်လာရသည်။

ထို့ပြင် မဟာ ဝူနတ်ဘုရား နောက်သို့ ဆုတ်လိုက်ရပြီး သူ့လက်သီးများတွင်လည်း သွေးများဖြင့် စွန်းထင်းနေသည်။

သူ၏ လက်သီးများ ဆိုးဆိုးရွားရွားကို ပျက်ဆီးသွားပြီဖြစ်သည်။ ထို့နောက် သူ့အရိုးများ ကျိုးကုန်သည်။

တိုက်ပွဲသည် တစ်ဖက်ပိတ် တိုက်ပွဲ ဖြစ်လို့နေ၏။

ဆရာသခင် တစ်ပိုင်းအဆင့်က ဒဏ္ဍာရီအဆင့်ကို ဖိနှိပ်ထားနိုင်နေပါလား။

*မဖြစ်နိုင်ဘူး*

ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် အခြားသူများ အလွန်ကြောက်လန့်ကာ ငိုတောင် ငိုချင်လာသည်။

ဆရာသခင် တစ်ပိုင်းအဆင့်နှင့် ဒဏ္ဍာရီအဆင့်တို့သည် အဆင့် ခုနစ်ဆင့်တောင်မှ ကွာခြားလှသည်။

အစပိုင်းတွင် ယဲ့ဖန်က ဖိနှိပ်ခံထားရခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် သူက မဟာ ဝူနတ်ဘုရားအား ချုပ်နှောင်ထားနိုင်ပြီး သူက အသာစီးရလာ၏။

ဘယ်လောက်တောင် မမျှော်လင့်ထားရလောက်အောင် ပြောင်းလဲသွားသည့် တိုက်ပွဲပါလိမ့်။

"လူထူးလူဆန်း … သူက လူထူးလူဆန်းပဲ"

ဝူပီတနှင့် အခြားသူများ အလွန် ထိတ်လန့်သွားကြပြီ ဖြစ်သည်။

ယဲ့ဖန်က မဖြစ်နိုင်သည်များကို ဘယ်လို ဖြစ်အောင် လုပ်သွားမလဲဆိုတာကို သူတို့ သိချင်နေမိကြသည်။

သို့သော် သူတို့ အလွန် ထိတ်လန့်နေစဉ်တွင် ဖိနှိပ်ညှင်းပန်းနိုင်သော ချီဓာတ်တစ်မျိုးက ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ပန်းထွက်လာပြီး သူသည်လည်း ဆရာသခင် တစ်ပိုင်းအဆင့်မှ ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ အဆင့်တက်သွားသည်။

စက္ကန့်အနည်းငယ်မျှ ကြာသောအခါ သူ၏ ချီဓာတ်က အလွန် ဖိနှိပ်နိုင်လာသည်။

စာစဉ် (15) ဤတွင် ပြီးပါပြီ။

All Chapters