← Chapters

ငါတို့က မိသားစုဆိုတာကို အမြဲ မှတ်ထားပါ

Vol. 16 Ch. 228

ငါတို့က မိသားစုဆိုတာကို အမြဲ မှတ်ထားပါ

Vol. 16 Ch. 228

ထိုအချိန်တွင် များစွာသော ထိပ်တန်း သိုင်းပညာရှင်များက ယဲ့ဖန်အား သူတို့ သခင်ကြီးအဖြစ် သတ်မှတ်လိုက်သည်ကို ကြည့်ပြီး ဝူပီတနှင့် အခြားသူများ သေမတတ် ကြောက်လန့်သွားကြသည်။

"ပြေး"

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့ သူတို့ တတ်နိုင်သမျှ လျင်မြန်စွာ ထွက်ပြေးနေကြသည်။

မြန်မြန်…မြန်မြန်…မြန်မြန်…

ဤမျှ ကြောက်မက်ဖွယ် ကောင်းသည့် အရာမျိုးကို တစ်ခါမှ မမြင်ဖူးသဖြင့် သူတို့ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။

သူတို့၏ ရည်မှန်းချက်က နတ်ဆိုးတောင်ကြားမှ ထွက်ပြေးပြီး ယဲ့ဖန်လက်မှ မြန်နိုင်သမျှ မြန်မြန် လွတ်မြောက်ရန် ဖြစ်သည်။

ထိပ်ဆုံး ရွှေရောင် နံပါတ်ပြား နှစ်ခုကို ကိုင်ဆောင်ထားသည့် ပါရမီရှင် နှစ်ယောက်က သူတို့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးနေကြသည်။

သို့သော် ထိုအချိန်တွင် သူတို့သည် တင်းမာသော အသံတစ်သံက ပဲ့တင်ထပ်လာသည်။

"ပုရွက်ဆိတ်လိုကောင်တွေ … မင်းတို့ ငါ့သခင်ကြီးကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့လေ … မင်းတို့ သေချင်နေပြီပဲ"

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်က တိုက်ကွက် ထုတ်ဖော်လာသည်။

လေတိုးသံနှင့်အတူ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်သည် ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့အား အားနှင့် ထိုးခွင်းလိုက်သည်။

"မဖြစ်ဘူး"

နှစ်ယောက်လုံး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။

ဝုန်း!

သူတို့ ခန္ဓာကိုယ်များက သွေးမြူခိုးများအဖြစ်သို့ ပြောင်းသွားကာ သွေးကွက်မှလွဲ၍ တစ်ခြား မည်သည့်အရာမှ ရှိမနေပါ။

ကြောက်မက်ဖွယ် ကောင်းလှပါဘိ။

ရွမ်ဟုန်သည်လည်း အလွန် ကြောက်လန့်နေသဖြင့် သူမ ဘောင်းဘီထဲ သေးထွက်ကြမတတ် ဖြစ်နေသည်။

ဝူပီတနှင့် ယွမ်ထျန့်ထျန်းရီတို့အား သူတို့ညီတွေကို သတ်လိုက်သည့်သူက ယဲ့ဖန်ပါဟု ရွမ်ဟုန် ပြောခဲ့ဖူးခဲ့သည်။ သူတို့အား ယဲ့ဖန်ကို သတ်ရန် အကြံတောင်မှ ပေးလိုက်သေးသည်။

ယခု သူမ၏ တစ်ခုတည်းသော အတွေးက ထွက်ပြေးရန် ဖြစ်သည်။

ထိုအချိန်တွင် နောက်ထပ် ခက်ထန်သော အသံတစ်သံ ပဲ့တင်ထပ်လာသည်။

"ဒီမိန်းမက အရမ်း ရက်စက်တယ် … သူမက ငါတို့သခင်ကြီးကို သတ်ဖို့တောင် အကြံပေးလိုက်သေးတယ် …. သူမ သေဖို့ ထိုက်တန်တယ်"

ထိုစဉ် သံလက်ဖဝါးတစ်ချက်က သူမဦးခေါင်းပေါ်သို့ ကျရောက်လာသည်။

"မဟုတ်ဘူး"

ရွမ်ဟုန် အလွန်အမင်း‌ နောင်တရလာသည်။ အကယ်၍များ သူမ၌ နောက်ထပ် အခွင့်အရေး ရလာခဲ့မည်ဆိုလျင် ယဲ့ဖန်ကို ရန်စခြင်းထက် သူမကိုယ်သူမသာ သတ်သေလိုက်မိမှာ ဖြစ်သည်။

သို့သော်လည်း အချိန်နှောင်းသွားချေပြီ။

ရွှစ်!

ရွမ်ဟုန်သည် အသားတုံးအဖြစ်သို့ ရိုက်နှက်ခံလိုက်ရလေသည်။

"ရွမ်ဟုန်"

ရွမ်ကျုံးမို့နှင့် အခြားသူများ အလွန် ကြောက်ရွံ့ကာ ကြောက်စိတ်ကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။

ရွမ်ဟုန်၏ ပုံဆိုးပန်းဆိုး အလောင်းကို ကြည့်ပြီး သူတို့အား ရေခဲတောင်ထပ်၌ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

သေပြီ။

သူတို့အားလုံး သေကုန်ပြီ။

ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် ရွမ်ဟုန်တို့ မည်သည့် အလောင်းအစိတ်အပိုင်းမှ မကျန်ရှိပဲ သေဆုံးသွားချေပြီ။

ရွမ်ကျုံးမို့နှင့် အခြား အရှေ့တောင်အာရှသားများအားလုံး သူတို့တော့ သွားပြီဟု သိလိုက်ကြသည်။

ရွမ်ကျုံးမို့က ယဲ့ဖန်၏ မျက်လုံးအား အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် လှမ်းကြည့်ကာ တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။

"ယဲ့…ယဲ့ဖန်…."

ရွမ်ကျုံးမို့ကို ကြည့်ပြီး ယဲ့ဖန်က သက်မချကာ ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး … မင်းလည်း သေရမယ်"

*ဘာ*

သူသာ ယဲ့ဖန်အား ယခင်က ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့မည်ဆိုလျင် အသက်ရှင်လောက်သည်ဟု ရွမ်ကျုံးမို့ တွေးလိုက်မိသည်။

ရွှစ်!

ယဲ့ဖန်က ရုတ်တရက် သူ၏ ဓားကျိုးအား ရွမ်ကျုံးမို့၏ ရင်ဘတ်သို့ ထိုးစိုက်လိုက်သဖြင့် သူ တုန်ယင်သွားသည်။

"ငါ စိတ်မကောင်းပါဘူး … ငါ မင်းမျက်လုံးထဲက ကြမ်းကြုတ်တဲ့ ချီဓာတ်နဲ့ နာကြည်းချက်တွေကို မြင်လိုက်ရတယ်"

ယဲ့ဖန်က ခေါင်းခါ၍ သက်ပြင်းချကာ ဆက်ပြောလိုက်သည်။

"မင်း ငါ့ကို မုန်းလို့ရတယ် ဒါပေမယ့် မင်း ငါ့ညီအစ်ကိုတွေကိုတော့ မုန်းလို့မရဘူး"

"အကယ်၍ မင်း သူတို့ကို မုန်းမယ်ဆိုရင် မင်း သေကိုသေရမယ်"

ယဲ့ဖန်၏ လေသံက အလွန် အေးစက်ကာ အညှာအတာ ကင်းမဲ့လှသည်။

သူ့စကားကြောင့် ရွမ်ဟုန်ကို သတ်လိုက်သည့် ထိပ်တန်း သိုင်းပညာရှင် တုန်လှုပ်သွားသည်။ တစ်ချိန်တည်းမှာပဲ သူက ယဲ့ဖန်အား အလွန် ရိုသေလေးစားဟန်ဖြင့် ကြည့်လိုက်မိသည်။

ယဲ့ဖန်သည် ရွမ်ကျုံးမို့ လက်စားချေရန် ကြိုးစားမည့်အဖြစ်မှ ကြိုတင်ကာကွယ်ရန် လုပ်လိုက်ခြင်း ဖြစ်ကြောင်း သူ သိသည်။

"ဖန်…"

ရွမ်ကျုံးမို့ တီးတိုး ခေါ်လိုက်မိသည်။

ထိုစဉ် ယဲ့ဖန်က သူ့ခန္ဓာကိုယ်အား ကိုင်၍ လှဲစေလိုက်သည်။

"ကျုံးမို့ …. မင်းက လူကောင်းတစ်ယောက်ပါ … ဒါကြောင့် ငါ မင်းအလောင်းကို ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ ထားမှာပါ"

ယဲ့ဖန်၏ လေသံက အလွန်အေးစက်သော်လည်း ရွမ်ကျုံးမို့ မျက်လုံးထဲ၌ ကျေးဇူးတင်သည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းများအား သူ မြင်ခဲ့ပြီးသား ဖြစ်သည်။

ရွမ်ကျုံးမို့သည် ယဲ့ဖန်လက်ထဲ၌ ကိုယ်လက်အင်္ဂါ စုံလင်သော အလောင်းဟူ၍ သူ့အလောင်းသာ ရှိမည်ဖြစ်ကြောင်း သူ သိလိုက်သည်။

"ကျေး…ကျေးဇူးတင်ပါတယ်"

ရွမ်ကျုံးမို့က မသေခင် အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ ထို့နောက် ယဲ့ဖန်က ကျန်နေသေးသော အရှေ့တောင်အာရှသားများကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် လက်တစ်ချက် ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"သူတို့ကို သတ်"

သူ့အသံက ကြက်ကလေးတွေကို သတ်ရန် ပြောလိုက်သကဲ့သို့ အလွန် အေးတိအေးစက် နိုင်လှသည်။

သို့သော်လည်း သူက အရှေ့တောင်အာရှသားတွေရဲ့ ကံကြမ္မာကို ကြေညာလိုက်ပြီးသား ဖြစ်သည်

ရွှစ်! ရွှစ်! ရွှစ်!

ထိပ်တန်း သိုင်းပညာရှင်များက သူတို့၏ လက်နက်များကို ဝှေ့ယမ်းကာ တိုက်ခိုက်လိုက်သဖြင့် အရှေ့တောင်အာရှသားများ ချက်ချင်း သွေးမြူခိုးများအသွင်သို့ ပြောင်းလဲသွားကြသည်။

ထိပ်တန်းသိုင်းပညာရှင်များ၏ ရှေ့မှောက်တွင် ဆရာသခင်အဆင့်များက ပမွှားမျှသာ ဖြစ်ပေသည်။

နောက်ဆုံး အရှေ့တောင်အာရှသားတစ်ယောက် အသတ်ခံရပြီးနောက် ဆယ့်ရှစ်ထပ်တစ်ထပ်လုံး သွေးနံ့များဖြင့် လှိုင်လှိုင်ထသွားသည်။

ထိုစဉ် ယဲ့ဖန်က မဟာဝူနတ်ဘုရားအား စိုက်ကြည့်လာသည်။

ယဲ့ဖန်၏ ကြည့်နေသည်ကို ခံစားမိပြီး မဟာဝူနတ်ဘုရား သေမတတ် ကြောက်လန့်လာသည်။

သူ့ခြေလက်တွေက ယဲ့ဖန်ကြောင့် ပြတ်ထွက်သွားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် ကြမ်းပြင်ပေါ်၌ လဲနေရင်း မရပ်မနား တုန်ယင်လို့နေ၏။

"သခင်ကြီး …. ခင်ဗျား…ခင်ဗျားက ကျွန်တော့်အရှင်ရဲ့ သခင်ကြီးဖြစ်သလို ကျွန်တော့်ရဲ့ သခင်ကြီးဆိုလည်း ဟုတ်ပါတယ် … ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ … ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"

မဟာဝူနတ်ဘုရား အလွန်ကြောက်လန့်လို့နေသည်။ သူ့တစ်ဘဝလုံး သည်လောက် မကြောက်ခဲ့ဖူးပါ။

ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး သူ့ခြေလက်များကို ဆုံးရှုံးပြီးသော်လည်း သူ မသေချင်သေးပါ။

သို့သော် ယဲ့ဖန်၏ အသံက သူ့နားထဲသို့ ဝင်ရောက်လာသည်။

"ခင်ဗျား ရွှင်းအာကို ခြိမ်းခြောက်တုန်းက ဒီလို ဖြစ်လာမယ်လို့ကော တွေးခဲ့လို့လား"

"ခင်ဗျား ရွှင်းအာကို ခင်ဗျားရဲ့ အရှင်ဆီ သွေးယဇ်ပူဇော်တုန်းက ဒီလို ဖြစ်လာမယ်လို့ တွေးခဲ့လား"

ယဲ့ဖန်က သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များ ပါသည့် အကြည့်များဖြင့် မေးလိုက်သည်။

"ခင်ဗျား သူမကို သတ်ချင်ခဲ့တာပဲလေ … အဲ့ဒါကြောင့် ကျုပ် ခင်ဗျားကို သတ်ရမယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က လက်တစ်ဘက် ဆန့်ထုတ်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ မဟာဝူနတ်ဘုရား၏ နဖူးအလယ်တည့်တည့်၌ အလွန် နာကျင်လာ၏။ သူ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏ မူလသလင်းကျောက်သည် ယဲ့ဖန်၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရလေသည်။

သို့သော် ဤမျှလောက်နှင့်မပြီးသေးပေ။

ထို့နောက် ယဲ့ဖန်က အနက်ရောင် နတ်ဆိုးချီဓာတ်များကို ထုတ်လွှတ်လိုက်ပြီး ထိုချီဓာတ်များက မဟာဝူနတ်ဘုရားအား အသာလေး ရစ်ပတ်သွားသည်။

"သွေးယဇ်ပူဇော်တယ်တဲ့လား"

ယဲ့ဖန်က မနှစ်မြို့ဖွယ် ကောင်းလောက်အောင် ပြုံးနေပြီး သူ၏ လေသံကလည်း ကြောက်မက်ဖွယ် ကောင်းလှသည်။

"တကယ့်သွေးယဇ်ပူဇော်ပွဲဆိုတာ ဘာလဲဆိုတာကို ခင်ဗျားကို ပြရသေးတာပေါ့"

ထိုသို့ပြောပြီး သူက လေထဲသို့ လက်ညှိုးညွှန်လိုက်သည်။ တစ်ခဏအကြာတွင် နက်မှောင်သော နတ်ဆိုးချီဓာတ်များက ကြောက်မက်ဖွယ်ကောင်း၍ ဆိုးယုတ်သော အနက်ရောင် နဂါးများအသွင်သို့ ပြောင်းလဲသွားသည်။

ထိုနဂါးများက မဟာဝူနတ်ဘုရား၏ ကိုယ်အား တင်းနေအောင် ရစ်ပတ်၍ ဖျစ်ညှစ်နေသဖြင့် သွေးများ ပန်းထွက်လာပြီး ကျိုးပဲ့လာသော အရိုးများက လေထဲ လွင့်ထွက်လာသည်။

"အား…အား…အား"

မဟာဝူနတ်ဘုရား သေချင်စိတ် ပေါက်လာသည်။ စူးရှသော နာကျင်မှုကြောင့် သူ့တည်ရှိမှုအား သူ ကျိန်ဆဲမိသည်။

"မဟုတ်ဘူး"

အလွန်စူးရှသော အော်သံနှင့်အတူ မဟာဝူနတ်ဘုရား ကိုယ်နှစ်ခြမ်းကွဲသွားလေတော့သည်။

ထိုစဉ် အနက်ရောင် ချီဓာတ်များက အေးခဲ၍ သူ့ခန္ဓာကိုယ်အား သန့်စင်နေ၏။ အဆုံးတွင် သူ၏သွေးများက အနက်ရောင် မြစ်တစ်စင်းအသွင်သို့ ပြောင်းလဲသွား၏။ သူ၏ သွေးများမှ ထူးဆန်းသော ချီဓာတ်များကို စတင်၍ ပေးစွမ်းလာ၏။

မှော်နက်ပါလား။

ယဲ့ဖန်က လက်တစ်ချက် ဝှေ့ယမ်း၍ ထိုမှော်နက်သွေးစက်များအား လေထုထဲ ပျံ့နှံ့စေလိုက်သည်။

ထို့နောက် ရွှင်းအာထံသို့ ယဲ့ဖန် လျှောက်သွားလိုက်သည်။

သူမ၏ အလွန်သေးသွယ် ပိန်လှီသော ကိုယ်လေးအား ပွေ့ဖက်၍ အလွန် သနားကြင်နာသော အကြည့်များဖြင့် ပြောလိုက်သည်။

"ကောင်မစုတ်လေး …. မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်နေပြီးတော့ … ဒါကိုက မင်းက ငါ့အချစ်ရဆုံး မိသားစုဝင်လို့ ဆိုလိုနေတာပဲလေ … ဘာလို့ ဒီလောက် ရူးမိုက်ရတာလဲ"

ရွှင်းအာသည် သူ့ကို ဒုက္ခရောက်စေမည့်အစား သူမကိုယ်သူမသာ စတေးခံလိုက်မည်ဆိုတာကို ယဲ့ဖန် သိပါသည်။

သို့သော် ထိုအကြောင်းကြောင့်သာ သူမကို ယဲ့ဖန် ပို၍ သနားမိသည်။

"မှတ်ထားပါ … ငါတို့က မိသားစုတွေလေ … ငါတို့ အတူတူ နေထိုင်ပြီး အတူသေဆုံးသင့်တယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က ရွှင်းအာ၏ နဖူးကို ခပ်ဖွဖွ နမ်းလိုက်သည်။

တောက်!

မျက်ရည်တစ်စက်က သူမ၏ လှပသော မျက်နှာပေါ်မှ စီးကျလာသည်။ သူမ ကိုမာဝင်နေသော်လည်း သူမ ပတ်ဝန်းကျင်ကို အာရုံခံနိုင်နေသေးသည်။

သူမ အချစ်ရဆုံး အစ်ကိုကြီး ရောက်လာသည်ကို သူမ ခံစားမိပါသည်။

သူမ၏ မျက်ရည်များကို သုတ်ပေးလိုက်ပြီး မှော်နက်သွေးစက်များအား သူမကို တိုက်ကျွေးလိုက်သည်။

…

တစ်ခဏမျှကြာသော် ကြောက်မက်ဖွယ်ကောင်း၍ ဖိနှိပ်နိုင်သော ချီဓာတ်များက သူမ တစ်ကိုယ်လုံး ပျံ့နှံ့လာသည်။

သူမ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်၏ ဒုတိယအဆင့်ကို နိုးထလိုက်နိုင်ပြီ ဖြစ်သည်။

ထိုစဉ် သူ၏ ဖုန်းမြည်လာသည်။ ဖုန်းကိုင်လိုက်ပြီးနောက် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာ၏။

ကျန်းနန်စီရင်စုဒေသမှ ဖုန်းဆက်လာချင်း ဖြစ်သည်။ ကုန်းကျန့်ထျန်းက တန်ပြန် တိုက်စစ်ဆင်လာခြင်း ဖြစ်လေ၏။

All Chapters