← Chapters

ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ဖို့ အချိန်ကျလာပြီ

Vol. 16 Ch. 229

ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ဖို့ အချိန်ကျလာပြီ

Vol. 16 Ch. 229

လူများစွာပါသော အဖွဲ့တစ်ဖွဲ့က နတ်ဆိုးတောင်ကြား၏ အပြင်ဘက်၌ ငြိမ်၍ စောင့်နေကြသည်။

သူတို့အားလုံးသည် နတ်ဆိုးတောင်ကြား၏ သံသရာ စက်ဝန်း၌ ပါဝင်ရန် စောင့်နေကြခြင်း ဖြစ်သည်။

ထိုအဖွဲ့တွင် တစ်ကမ္ဘာလုံးမှ အရည်အချင်း ရှိသောသူများနှင့် ပြည့်နှက်လို့နေ၏။

သို့သော် ယခုအချိန်တွင် သူတို့အားလုံး၏ မျက်နှာ၌ သံသယများနှင့် စိုးရိမ်ကြောင့်ကြနေဟန်များဖြင့် ပြည့်နှက်လို့နေ၏။

"ဘာဖြစ်နေတာလဲ … နတ်ဆိုးတောင်ကြားက ဘာလို့ လူဆယ်ယောက်အတွက် ပွင့်မလာတာလဲ … ငါတို့ ဒီမှာ လူတစ်ရာနီးပါး ရှိနေပြီလေ။ ဘာလို့ အခုထိ ပိတ်နေသေးတာလဲ"

"ဒါအစောပိုင်းအဖွဲ့တွေက နတ်ဆိုးတောင်ကြားရဲ့ အမွေတွေကို ဆက်ခံရပြီးသွားပြီဆိုတဲ့ သဘောလား"

"မဖြစ်နိုင်ဘူး … နတ်ဆိုးတောင်ကြားရဲ့ အမွေဆက်ခံခြင်းက သံသရာစက်ဝန်းရဲ့ နောက်ဆုံး အချိန် မရောက်မချင်း ပေါ်လာမှာ မဟုတ်ဘူး … လူတိုင်း မဝင်ရသေးမချင်း သူတို့ ရနိုင်ဖို့ မဖြစ်နိုင်ဘူး"

လူငယ်များစွာက စိတ်မရှည်နိုင်တော့ဘဲ ဆွေးနွေး ပြောဆိုလာကြသည်။

ထိုစည် နတ်ဆိုးတောင်ကြား၏ အဝင်ဝမှ ရွှေအိုရောင် အလင်းတန်းတစ်ချက် ထွက်ပေါ်လာသည်။

"ကြည့်ကြစမ်း"

သူတို့ ဝင်ပေါက်အား စူးစိုက်ကြည့်နေစဉ်တွင် ပိန်ပါးပါး လူငယ်တစ်ယောက် အေးအေးဆေးဆေး ထွက်လာသည်။

လူတိုင်း မှင်တက်အံ့ဩသွားကြသည်။

*အမ်*

နတ်ဆိုးတောင်ကြား၏ သံသရာစက်ဝန်း မပြီးသေးခင် တစ်စုံတစ်ယောက်အား ထွက်ခွာခွင့် ပေးလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိပါ။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

ထိုလူငယ်လေးက ဆရာသခင် ဖြစ်ခါနီးအဆင့်သာ ရှိသည်ကို သတိထားလိုက်မိသည်နှင့် သူတို့ကြား ချက်ချင်း ပွက်လောရိုက်လာသည်။

"ဆရာသခင် ဖြစ်ခါနီးအဆင့်က နတ်ဆိုးတောင်ကြားကနေ တစ်ယောက်တည်း ထွက်လာတယ် ဟုတ်လား … လာနောက်နေတာလား"

"အံ့ဩစရာကြီး …. နတ်ဆိုးတောင်ကြားကို ဝင်သွားတဲ့ သူတိုင်းက ပုံမှန်ဆို ဆရာသခင်အဆင့်ကို ချက်ချင်း အဆင့်တက်သွားကြတာလေ … ဘယ်လိုလုပ် ဆရာသခင် ဖြစ်ခါနီးအဆင့်က ထွက်လာနိုင်တာလဲ"

"နတ်ဆိုးတောင်ကြားရဲ့ အမွေတွေကို သူ ရလာပြီလား … ဒီလိုမှမဟုတ်ရင် တားမြစ်စနစ်က ငါတို့ကို အထဲဝင်ဖို့ တားဆီးနေရတာလဲ"

*ဘာ*

ထိုပါရမီရှင်လူငယ်လေး၏ စကားကိုကြားပြီး အဖွဲ့ကြားတွင် သံသယစိတ်များ တိုးပွားလာသည်။

ဒါ မှန်နေလောက်သည်၊ သို့မဟုတ်ပါက နတ်ဆိုးတောင်ကြား၏ တားမြစ်စနစ်က အဘယ်ကြောင့် သူတို့ကို အထဲဝင်ခြင်းမှ တားမြစ်ပိတ်ပင်နေရသနည်း။

ဥရောပသားတစ်ယောက်က ယဲ့ဖန်ရှေ့သို့ လှစ်ခနဲ ပြေးသွား၍ လမ်းပိတ်ကာ ပြောလိုက်သည်။

"ဟေ့ကောင် ရပ်စမ်း"

ထိုလူငယ်လေးသည် ပြင်သစ် ပါရမီရှင် သိုင်းသမား မော်ရစ်ဖြစ်သည်။

သူသည် ပြင်သစ်၌ နံပါတ်တစ် ဆရာသခင်အဆင့် သိုင်းပညာရှင်ဟု ကျော်ကြားလေသည်။ သူက ဆရာသခင်အဆင့် ဖြစ်ခါနီးအဆင့်၌သာ ရှိသေးသော်လည်း ဆရာသခင် စဦးအဆင့်မှ သိုင်းပညာရှင်တစ်ယောက်ကို အသာလေး တိုက်ခိုက်နိုင်သည်။

ယဲ့ဖန်က မျက်မှောင်ကို ကြုတ်ထားလျက်နှင့် မော်ရစ်အား အေးစက်စက် ပြန်မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ"

ယဲ့ဖန်က ထိုသူအား ပုရွက်ဆိတ်လေးတစ်ကောင်လို သဘောထား၍ ပြောဆိုနေသည်။

သူ့စကားကြောင့် မော်ရစ်က မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား ရက်စက်သော အကြည့်ဖြင့် ကြည့်ကာ ထပ်မေးလိုက်သည်။

"ဟေ့ကောင် … မင်း နတ်ဆိုးတောင်ကြားကနေ ရလာတဲ့ ရတနာတွေ အားလုံးကို ပြမယ်ဆိုရင် သခင်လေး ဖြစ်တဲ့ ငါ မော်ရစ်က မင်းကို အသက်ဆက်ရှင်ခွင့် ပေးမယ်"

*နတ်ဆိုးတောင်ကြားက ရတနာတွေတဲ့လား*

မော်ရစ်၏ စကားကြောင့် ဘေးမှ အခြား ဆရာသခင် ဖြစ်ခါနီးအဆင့် သိုင်းပညာရှင်များက အရောင်တောက်နေသော မျက်လုံးများဖြင့် ကြည့်လာကြသည်။

*ဟုတ်သားပဲ …. အဲ့ကောင်က နတ်ဆိုးတောင်ကြားကနေ အသက်ရှင်လျက် ထွက်လာတာဆိုတော့ သူ အထဲကနေ ရတနာတစ်ချို့တော့ ရကို ရလာမှာပဲ*

သူတို့ နတ်ဆိုးတောင်ကြားသို့ မဝင်ရောက်နေသေးသည့်အတွက် သူတို့သည် တစ်ကိုယ်တော် ဆရာသခင် ဖြစ်ခါနီးအဆင့် သိုင်းပညာရှင်ထံမှ ဓားပြတိုက်ရန် လိုလားနေကြသည်။

ပါရမီရှင်အဖွဲ့ကြီးက ချက်ချင်း ယဲ့ဖန်အား ဝိုင်းလိုက်ကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် သတ်ဖြတ်ခြင်းကို ခံရမည့် သိုးပေါက်လေးဟု ထင်နေကြ၏။

ယဲ့ဖန် ဒေါသထွက်ကာ ရယ်မိမလို ဖြစ်နေသည်။

ပါရမီရှင်လူငယ်များအား စူးစူးဝါးဝါး စိုက်ကြည့်ပြီးနောက် သူက သွေးဆာနေသော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။

"မင်းတို့က ငါ့ရတနာတွေကို တကယ်ပဲ ယူသွားချင်တာလား"

*ဟမ်*

ပါရမီရှင်များက ချက်ချင်း ဟားတိုက်ရယ်မောလိုက်ကြသည်။

"ဟားဟား…ဟေ့ကောင်… အဲ့ဒါက လွဲလို့ ငါတို့က ဘာကိုယူရမှာလဲ … မင်းကိုလား"

"လူငယ်တစ်ယောက်က အပြစ်ကင်းတယ် … ဒါပေမယ့် အဲ့လူငယ်က ရတနာတစ်မျိုးကို ဖွက်ထားခဲ့ရင်တော့ သူက ရာဇဝတ်သားပဲ … မင်း တစ်ယောက်တည်း ဖြစ်နေတာက အဆင်ပြေပါတယ် … ဒါပေမယ့် မင်း နတ်ဆိုးတောင်ကြားကနေ ရလာတဲ့ ရတနာတွေကိုတော့ သိမ်းဆည်းထားလို့ မရဘူး"

"အပိုတွေ ပြောမနေနဲ့ … ရတနာတွေကို ထုတ်လိုက် … ငါ မင်းအလောင်းကို အကောင်းပကတိအတိုင်း ဖြစ်စေရမယ်လို့ ကတိပေးတယ်"

ယဲ့ဖန်ဘေး၌ ဝိုင်းထားသော လူငယ်များက သူတို့၏ သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များအား မျက်လုံးမှ တစ်ဆင့် ထုတ်လွှတ်နေကြသည်။

ထိုအချိန်တွင် သူတို့အားလုံးက ရတနာတွေကို ရတော့မည်ဟု ယုံကြည်ချက် အပြည့်ရှိဟန်ဖြင့် ယဲ့ဖန်အား လောဘတကြီး ကြည့်နေကြသည်။

"ကောင်းတယ် …. သိပ်ကောင်းတယ်"

သူတို့၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်က အေးစက်၍ မနှစ်မြို့ဖွယ်ကောင်းသော အကြည့်တစ်ချက်နှင့် ကြည့်ကာ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ နတ်ဆိုးတောင်ကြားက ရတနာတွေကို မင်းတို့ကို ပေးရသေးတာပေါ့"

သူ့စကားအဆုံးတွင် ဘေးပတ်လည်မှ လူငယ်များက ကျေနပ်သွားသော အပြုံးမျိုး ပြုံးလာကြသည်။

ယဲ့ဖန် အလျှော့ပေးမည်မှန်း သူတို့ သိနေသည်လေ။ ထို့ကြောင့် သူတို့အားလုံးက သူ့အား လောဘတကြီးနှင့် အလွန်အမင်း သိချင်နေဟန်များဖြင့် ကြည့်နေကြသည်။

ထိုစဉ် ယဲ့ဖန်က ခက်ထန်စွာ ပြောလာသည်က "ထွက်လာခဲ့ ငါ့ရဲ့ ရတနာလေးတွေ"

သူ့စကားကြောင့် လူငယ်များ တစ်ခဏမျှ တွေဝေသွားကြသည်။

*ရတနာတွေက အသက်ရှိလို့လား*

လူတိုင်း သိချင်စိတ် ပြင်းပြသွားကြသည်။

ရုတ်တရက် တံခါးဝက သာမန်ကာလျှံကာလို ပွင့်လာသည်။

နတ်ဆိုးတောင်ကြား၏ တံခါးဝကို ကာကွယ်ထားသော တားမြစ်စနစ်မှ ရွှေအိုရောင်အလင်းများ ထွက်ပေါ်လာ၏။

ထို့နောက် များစွာသော ပါရမီရှင်လူငယ်များ၏ အကြည့်အောက်မှာပင် နတ်ဆိုးဆန်သော လူရိပ်များစွာက တံခါးဝမှ လှစ်ခနဲ လှစ်ခနဲ ထွက်ပေါ်လာ၏။

တစ်ယောက်ချင်းစီက ရှေးဦးသားရဲကောင်ကြီးများကဲ့သို့ သန်မာလှပေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူအယောက် တစ်ရာကျော် ထွက်ပေါ်လာသည်။

ထိုသူများ၏ ပုံသဏ္ဌာန်အား သိရှိသွားသော ပါရမီရှင်များသည် ချက်ချင်း ပွက်လောရိုက်သွားကြသည်။

"အိုး … ဘုရားသခင် … အဲ့ဒါ နယ်သာလန်က မြေအောက်ဘုံအရှင်သခင် ရှနိုက်ဒါပဲ … သူ ပျောက်နေတာ နှစ်နှစ်ဆယ် ကျော်နေပြီလေ … ဘယ်လိုလုပ် သူ…သူက အသက်ရှင်နေသေးတာလဲ"

"အဲ့ဒါ…အဲ့ဒါ ဥရောပ သမိုင်းမှာ အရက်စက်ဆုံး သွေးစုပ်လူသတ်သမား ဖီးလစ်ပဲ … သေစမ်းကွာ"

"ဒါ…. ကြေးစားဧကရာဇ် ဝုဒ် … သူ … သူ ပျောက်နေတာ မဟုတ်ဘူးလား … သူက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ"

….

ပါရမီရှင် လူငယ်တစ်ရာကျော် ရှိနေသော လူအုပ်ကြီးသည် နားဝေတိမ်တောင် ဖြစ်သွားရသည်။ နှစ်ဆယ်စုနှစ်နှင့်ချီ၍ ပျောက်နေခဲ့သော ကမ္ဘာတစ်ဝှမ်းမှ သိုင်းပညာရှင်များကို တွေ့လိုက်ရခြင်းက သူတို့ မှန်းထားတာထက် လွန်နေပြီ ဖြစ်သည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

တောက်! တောက်!

ထိုအဖွဲ့မှ လူများ၏ နဖူးမှ ချွေးဒီးဒီးကျလာကြသည်။ ထိတ်လန့်အံ့ဩပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြ၏။

*ဒီ...ဒီ ကမ္ဘာတစ်ဝှမ်းက သိုင်းပညာရှင်တွေက သူ့ရတနာတွေလား*

*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*

လူတိုင်း သေမတတ် ကြောက်လန့်လာကြသည်။

ယဲ့ဖန် ထပ်ပြောလိုက်သောစကားက သူတို့၏ စိတ်ဝိညာဉ်ကိုပင် တုန်ခါသွားစေသည်။

"ဒီမှာ ငါ့ရတနာလေးတွေလေ… မင်းတို့ သယ်သွားလို့ ရတယ်"

ထင်သည့်အတိုင်းပင် ဤထိပ်တန်းသိုင်းပညာရှင်များက ယဲ့ဖန် နတ်ဆိုးတောင်ကြားမှ ရရှိလာသော ရတနာများ ဖြစ်လို့နေပေ၏။

လူငယ်များသည် ချက်ချင်း လည်ပင်းညှစ်ခံလိုက်ရသလို မရှူနိုင်မကယ်နိုင် ဖြစ်သွားကြရသည်။

သူတို့အားလုံး ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ပုံလျက်သား လဲကျသွားကြသည်။

"မင်းတို့ ငါ့ရတနာကို မလိုချင်ကြတော့ဘူးလား"

ယဲ့ဖန်က ထိုလူအုပ်ကို တစ်ချက်ကြည့်၍ မေးလိုက်သည်။

ပါရမီရှင် လူငယ်များက ယဲ့ဖန်၏ တင်းမာသော အကြည့်ကြောင့် ကြောက်ရွံ့ကာ တစ်ကိုယ်လုံး ကတုန်ကယင် ဖြစ်လာကြသည်။

ယဲ့ဖန်၏ နောက်ဆုံးစကားက သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်လေတော့သည်။

"မင်းတို့က ငါ့ရတနာတွေကို ထပ်မလိုချင်မှတော့ ငါ့ရတနာတွေက မင်းတို့အသက်ကို ယူရသေးတာပေါ့"

သူ၏ ကြောက်မက်ဖွယ်ကောင်းသော စကားအဆုံးတွင် ယဲ့ဖန်က လက်တစ်ဘက်ကို ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"သူတို့အားလုံးကို သတ်လိုက်"

သူ့အမိန့်ကို ကြားပြီးနောက် ပါရမီရှင် လူငယ်များ မှင်တက်သွားကြသည်။

ထို့နောက် သူတို့၏ အလွန်အမင်း ကြောက်လန့်နေသော အကြည့်များအောက်မှာပင် ထိပ်တန်း သိုင်းပညာရှင်များက သူတို့ထံသို့ ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ပြေးဝင်လာကြသည်။

"သေပေတော့"

လူအုပ်ကြီး တစ်ခုလုံး သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

လူ့အသက်များအား အညှာအတာ ကင်းမဲ့စွာ သတ်ဖြတ် နုတ်ယူနေကြသည်။

သေမင်းနတ်ဘုရား ဆင်းသက်လာသလိုပင်။ ဖြစ်ပျက်သမျှကာ မြန်ဆန်လွန်းလှ၏။

ဤဖြစ်ရပ်တစ်ခုလုံးသည် ယဲ့ဖန် နတ်ဆိုးတောင်ကြားမှ ထွက်လာသည့် အချိန် သုံးမိနစ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ နောက်ဆုံး ပါရမီရှင်လူငယ်တစ်ယောက် အပိုင်းပိုင်းပြတ်သွားပြီးနောက် နတ်ဆိုးတောင်ကြား၏ အဝင်ဝမြေကွက်၌ မပြည့်စုံသော အလောင်းများနှင့် ဖုံးလွှမ်းလို့နေသည်။

မြေကြီးပေါ်မှ ရှိနေသော မျက်လုံးများတွင် အလွန် ကြောက်ရွံ့နေဟန်များ ပေါ်လွင်နေ၏။

ထိုလူငယ်များ အားလုံး သေဆုံးသွားပြီးမှ ယဲ့ဖန်က ကျန်းနန်စီရင်စု ရှိရာအရပ်သို့ တင်းမာသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်မိသည်။

ကျန်းနန်စီရင်စုဒေသရှိ ယဲ့ဖန်၏ အသိုက်အမြုံ၌ ကုန်းကျန့်ထျန်း၏ တိုက်ခိုက်မှုကို ခံနေရသည်။

ယခုအခါတွင် ယဲ့ဖန်က အမှောင်မိစ္ဆာသခင်အား သူနှင့်အတူ ခေါ်မလာခဲ့ပေ။ ထိုအစား နတ်ဆိုးတောင်ကြား၌သာ နေ၍ ရွှင်းအာကိုသာ သေချာ ဂရုစိုက်ရန် အမှောင်မိစ္ဆာသခင်အား မှာကြားထားခဲ့သည်။

ထို့နောက် သူက ကျန်းနန် စီရင်စုဒေသသို့ နတ်ဆိုးတောင်ကြားမှ ကျေးကျွန်များနှင့်အတူ ထွက်လာခဲ့သည်။

"ကုန်းကျန့်ထျန်း …. ဒီတစ်ခါတော့ ခင်ဗျားအသက်နဲ့ ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီ"

ထိုသို့ပြောပြီး ယဲ့ဖန်က တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ သူ့နောက်မှ နတ်ဆိုးစစ်သည်တော် တစ်ရာကျော်က လိုက်ပါလာ၏။

သွေးစွန်းတိုက်ပွဲတစ်ပွဲ ဖြစ်ပေါ်လာချေတော့မည်။

All Chapters