← Chapters

ဆိုးရွားသော တန်ပြန်တိုက်ခိုက်မှု စတင်ခြင်း

Vol. 16 Ch. 230

ဆိုးရွားသော တန်ပြန်တိုက်ခိုက်မှု စတင်ခြင်း

Vol. 16 Ch. 230

နေဝင်ဆည်းဆာ၏ အလင်းရောင်ကြောင့် ကျန်းရှီတစ်မြို့လုံး သွေးစွန်းသလို ဖြစ်လို့နေ၏။

တစ်မြို့လုံးကို သွေးမြူခိုးများ လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသည်။

လမ်းမပေါ်တွင် လူသူတစ်ယောက်မှ ရှိမနေပါ။

လမ်းမဘေးရှိ စတိုးဆိုင်များလည်း ပိတ်လို့နေသည်။ လူမပြောနှင့် သရဲတစ္ဆေပင် ရှိမနေပါ။

ကျန်းရှီမြို့သည် သရဲမြို့တော် ဖြစ်လို့နေသည်။

ဆင်ခြေဖုံးရပ်ကွက်၌ လမ်းဘေးရှိ ရေမြောင်းပေါက်အဖုံးက ရုတ်တရက် အထဲမှ ပွင့်လာပြီး ညစ်တီးညစ်ပတ် ဦးခေါင်းတစ်လုံး ပေါ်လာသည်။

ဘေးပတ်လည်ကို ကြည့်ပြီးနောက် ထိုဦးခေါင်းက နောက်သို့ လှည့်ကာ ရေဆိုးပိုက်အတွင်းမှ တစ်စုံတစ်ယောက်ကို တီးတိုး ပြောလိုက်သည်။

"မမလေးလင်း … မမလေးအန်းရှီ … မမလေးတို့ ထွက်လာလို့ ရပါပြီ … ဒီမှာ ဘယ်သူမှ မရှိဘူး"

တစ်ခဏမျှ အကြာတွင် လူအုပ်ကြီးတစ်ဖွဲ့က ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ရေမြောင်းပေါက်ထဲမှ ပြွတ်သိပ်၍ ထွက်လာကြသည်။

ထိုသူတို့သည် လင်းလန်၊ အန်းရှီ၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်၊ နတ်ဆိုး အလောင်းကောင်နှင့် လူတစ်ချို့တို့ ဖြစ်ကြသည်။

ထိုအဖွဲ့၏ အလယ်တွင် ကလေးတစ်သိုက်လည်း ပါနေသည်။

သို့သော် ထိုအဖွဲ့မှ လူတိုင်းသည် ဖုန်မှုန်များဖြင့် ပေကျံနေပြီး သေခြင်းရှင်ခြင်း တိုက်ပွဲမှ လွတ်မြောက်လာသကဲ့သို့ ဒဏ်ရာများနှင့် ပြည့်နှက်လို့နေ၏။

"မမအန်းရှီ … ဟိုလူဆိုးတွေက ကျွန်တော်တို့ကို ဖမ်းမိမှာလားဟင်"

ပိန်သွယ်သွယ် ကောင်လေးတစ်ယောက်က အန်းရှီအား ကြောက်လန့်တကြား မေးလာသည်။

သူ့စကားကြောင့် အန်းရှီက ခေါင်းခါ၍ သူ့အား နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပူပါနဲ့ …. မမက မင်းနဲ့အတူ အစ်ကိုကြီး ယဲ့ဖန်ကို လိုက်ရှာမှာပါ … သူက မင်းတို့ကို ကာကွယ်ပေးလိမ့်မယ်"

*ယဲ့ဖန်*

ယဲ့ဖန်၏ နာမည်ကို ကြားလိုက်ရသည်နှင့် ကလေးများ၏ မျက်နှာက အလွန် လေးစား ကြည်ညိုဟန်များနှင့် ပြည့်နှက်လာပြီး ဝင်းပလို့လာသည်။

"အစ်ကိုကြီး ယဲ့ဖန်သာ ဒီမှာ ရှိနေမယ်ဆိုရင် ကျွန်တော်တို့ ဦးလေးတွေက ကျွန်တော်တို့အတွက်နဲ့ ဟိုလူဆိုးတွေလက်ထဲမှာ အသတ်ခံရမှာ မဟုတ်ဘူးနော်"

ထိုကလေး၏ စကားကြောင့် ကျန်ကလေးများအားလုံး စ၍ ငိုယိုကြလေသည်။

ကုန်းကျန့်ထျန်း၏ တိုက်ခိုက်ခြင်းကို ခံရပြီးနောက် ယခု ရေဆိုးပေါက်ထဲမှ ကျန်နေသည့် လူများမှ လွဲ၍ ကျန် ညအဖွဲ့ဝင်များအားလုံး နီးပါး အသတ်ခံလိုက်ရသည်။

သူတို့အသက်အတွက် ညအဖွဲ့မှ ညီအစ်ကိုများ မည်ကဲ့သို့ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်ကို ပြန်အမှတ်ရမိပြီး သူတို့မျက်လုံးများ နီရဲကာ စိုစွတ်လာ၏။

"မြန်မြန် သွားကြစို့ …. အစ်ကိုကြီး ယဲ့ဖန်ကို ရှာကြရအောင် …. သူက မမတို့အတွက် သေချာပေါက် လက်စားချေပေးမှာ"

အန်းရှီက နာကြည်းချက်များနှင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

ထိုစဉ် ကျယ်လောင်သော အသံတစ်သံမှ အနောက်ဘက်မှ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။

"ဟဟ…ပုရွက်ဆိတ်တွေ … စိတ်ကူးယဉ်မနေနဲ့"

ထိုစကားအဆုံးတွင် လမ်းဆုံလမ်းခွမှ တစ္ဆေသရဲကဲ့သို့ လူများစွာ ထွက်ပေါ်လာသည်၊ စုစုပေါင်း အယောက် ငါးဆယ်၊ခြောက်ဆယ်ခန့် ရှိသည်။

သူတို့၏ စုပေါင်းထားသော ချီဓာတ်နှင့် ခြေသံများက ရေဆိုးပေါက်များအား ပြိုပျက်လုမတတ် ဖြစ်သွားစေသည်။

ရှေ့ဆုံးမှ လူလတ်ပိုင်းအရွယ် ယောက်ျားကြီးသည် ရှေးဦးသားရဲကောင်ကြီးနှင့် သဏ္ဌာန်တူလှသည်။ သူ၏ လွှမ်းမိုးနိုင်သော ချီဓာတ်က အခြားသူများအား ကြောက်ရွံ့၍ တုန်လှုပ်သွားစေသည်။

သူသည် သေဆုံးသွားခဲ့သော ကုန်းယွင်ဖေး၏ ဖခင်ဖြစ်သူ ကုန်းကျန့်ထျန်းပင်။

သူ့အနောက်တွင် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် လေးယောက်၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင် ဆယ်ယောက် နှင့် ဒါဇင်နှင့်ချီဿော ဆရာသခင်အဆင့် သိုင်းပညာရှင်များ ရှိနေသည်။

လင်းလန် ၊ အန်းရှီနှင့် အခြားသူများ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုကို မြင်လိုက်ပြီးနောက် သူတို့၏ မျက်နှာများက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

*ငါတို့တော့ သွားပါပြီ*

အဆုံးသတ်သို့ ရောက်လို့လာပြီဟု သူတို့ သိလိုက်သည်။

"လင်းလန်၊ အန်းရှီ၊ ညအဖွဲ့က အရှင်သခင် သုံးယောက် … ဟားဟား"

ကုန်းကျန့်ထျန်းက အလွန် ကြမ်းကြုတ်ရက်စက်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ဟားတိုက်ရယ်မောနေသည်။

"ငါးတွေက ပိုက်ကွန်ထဲကနေ ရုန်းထွက်ဖို့ ပြင်နေတာပါလား … ငါ မင်းတို့ကို ငရဲကို လွှတ်ပေးပါရစေ"

သူ့စကားလုံးများက အလွန် ရက်စက်လှသည်။

သူ့စကားကြောင့် လင်းလန်၊ အန်းရှီနှင့် အခြားသူများ အလွန် ဝမ်းနည်းသွားကြသည်။

ထိုစဉ် ကလေးလေးတစ်ယောက်က သတ္တိကို မနည်းစုစည်း၍ ကုန်းကျန့်ထျန်းအား ပြန်အော်လိုက်သည်။

"လူဆိုးကြီး … အစ်ကိုကြီး ယဲ့ဖန် ပြန်ရောက်လာရင် သူ သေချာပေါက် ခင်ဗျားကို ဆွဲဖြဲပစ်မှာ"

*ယဲ့ဖန်ကလား*

ကုန်းကျန့်ထျန်းက ယဲ့ဖန်၏နာမည်ကို ကြားလိုက်သည်နှင့် သူ့မျက်လုံးများက နာကျည်း မုန်းတီးမှုကြောင့် မီးဝင်းဝင်းတောက်လာသည်။

"ခွေးမသားလေး"

ကုန်းကျန့်ထျန်းက အံကို တင်းတင်းကြိတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်၍ ပြောလိုက်သည်။

"ငါ့သား၊ ငါ့မိန်းမနဲ့ အရှေ့အာရှက ငါ့ရဲ့ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲ၊ အားလုံးကို အဲ့ခွေးမသားလေးက ဖျက်ဆီးသွားခဲ့တာ … သူက အရာအားလုံးကို ဖျက်ဆီးခဲ့တာ … ငါ တစ်နေ့တော့ သူ့ကို နုတ်နုတ်စင်းပစ်မှာ"

ကုန်းကျန့်ထျန်း၏ စကားလုံးများတွင် ဒေါသများ ပါဝင်နေသည်။

ထို့နောက် သူက လင်းလန်နှင့် အခြားသူများကို စိုက်ကြည့်၍ ထပ်ပြောလိုက်သည်။

"သူ ရောက်မလာခင် ငါ သူ့ကို ကမ္ဘာပေါ်က နာကျင်မှု ဝေဒနာ အားလုံးကို မြည်းစမ်းခိုင်းရမယ် … သူ့ညီအစ်ကိုတွေ အားလုံး အသတ်ခံလိုက်ရလို့ ခံစားရတဲ့ နာကျင်မှုကို မြည်းစမ်းခိုင်းမယ် … သူ သေသွားတာကမှ ကောင်းဦးမယ်လို့ တွေးမိစေရမယ်"

"အဲ့ဒါကြောင့် မင်းတို့အားလုံး သေဖို့လိုတယ်"

ထိုသို့ပြောပြီး ကုန်းကျန့်ထျန်းက လက်တစ်ဘက် ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

"သူတို့ခေါင်းကို ဖြတ်ပြီး ယဲ့ဖန်ကို လက်ဆောင်ပေးလိုက်"

…

သူ့အမိန့်ရသည်နှင့် ကုန်းကျန့်ထျန်း နောက်၌ ရှိနေသော ဒါဇင်နှင့်ချီသည့် ဆရာသခင်အဆင့် သိုင်းပညာရှင်များက ရှေ့သို့ ပြေးဝင်လာကြသည်။

သူတို့သည် လင်းလန်နှင့် အခြားသူများထံသို့ ရက်စက် ကြမ်းကြုတ်သော ကျားများ၊ ဝံပုလွေများကဲ့သို့ ခုန်ဝင်သွားကြသည်။

သေမင်းနတ်ဘုရားများ ဆင်းသက်လို့လာလေပြီ။

"ငါတို့ သေတော့မှာလား"

အန်းရှီနှင့် အခြားသူများ အောင့်သီးအောင့်သက် ပြုံး၍ ရေရွတ်လိုက်မိသည်။

သူတို့ သေရမည်ကို မကြောက်ပါ၊ သို့သော် မသေခင် အချိန်လေးမှာ ယဲ့ဖန်နှင့် နောက်ဆုံးအကြိမ်လေး မတွေ့လိုက်ရသဖြင့် သူတို့ နောင်တရမိသည်။

တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် သေသည်အထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုစဉ် သူတို့ နားကွဲမတတ် အော်သံတစ်ခုကို ကြားလိုက်ရသည်။

"ကုန်းကျန့်ထျန်း"

စက္ကန့်ပိုင်းမျှ ကြာသောအခါ သန်မာတောင့်တင်းသော လူအယောက် တစ်ရာနီးပါး ပေါ်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့သည် အန်းရှီနှင့် အခြားသူများ ရှေ့၌ နံရံကြီးသဖွယ် မားမားမတ်မတ် ရပ်တည်လိုက်ကြသည်။

ထိုအဖွဲ့ကို ဦးဆောင်လာသူက မိစ္ဆာ ဝိညာဉ်ရိုင်းပင်။

"သစ္စာဖောက်"

တစ်ဘက်မှ မိစ္ဆာ ဝိညာဉ်ရိုင်းကို မြင်လိုက်ရသည်နှင့် ကုန်းကျန့်ထျန်း၏ မျက်လုံးများက ချက်ချင်း မီးဝင်းဝင်းတောက်လာသည်။

အစားထိုးမန္တန်၏ အကူအညီသာ မရှိပါက ကုန်းကျန့်ထျန်းသည် ကိုးဆင့်သွေးဝင်္ကပါကြောင့် သတ်ဖြတ်ခြင်း ခံလိုက်ရလောက်ပြီ ဖြစ်သည်။

ယခုအခါတွင်တော့ သူသည် အခြား မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲလေးခုဖြစ်သော တောင်အမေရိက ဂိုဏ်းခွဲ၊ မြောက်ဥရောပတိုက် ဂိုဏ်းခွဲ၊ အနောက်အာရှ ဂိုဏ်းခွဲနှင့် ဩစတြေးလျတိုက် ဂိုဏ်းခွဲတို့မှ အင်အားအကြီးဆုံးသော သိုင်းပညာရှင်များအား ဖိတ်ခေါ်လာခဲ့သည်။

သူသည် ယဲ့ဖန် ၊ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ၏ အခြား လက်ပါးစေများအား သတ်ဖြတ်ရန် အသေအကျေ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

ကုန်းကျန့်ထျန်းကို ကြည့်ရင်း မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများ အလွန် သုန်မှုန်လာကြသည်။

သူတို့ ယဲ့ဖန်ထံမှ ဖုန်းရပြီးနောက် ကုန်းကျန့်ထျန်း အသက်ရှင်လျက် ရှိနေသေးသည်ကို သိလိုက်ရပြီးနောက် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။

သို့သော် သူတို့ သူ့အား လူကိုယ်တိုင် တွေ့လိုက်ရချိန်မှာတော့ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများ အလွန် နောင်တရကာ ဝမ်းနည်းသွားကြသည်။

သူတို့သာ ကုန်းကျန့်ထျန်းအား စောစောစီးစီး သတ်ခဲ့ပါလျင် သူက သူတို့၏ နေရာအား စီးနင်းတိုက်ခိုက်မည် မဟုတ်။

မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများသည် အရူးများနှင့် တူသယောင်ယောင် ဖြစ်လာကြသည်။

"ဟီးဟီး … ဝိညာဉ်ရိုင်း … သစ္စဖောက်ကောင် … ငါ မသေဘဲ မင်း သေလိမ့်မယ်လို့ မင်း မတွေးမိဘူးမလား"

ထို့နောက် ကုန်းကျန့်ထျန်းက လက်ဝှေ့ယမ်းပြလိုက်သည်။ တစ်ခဏမျှ ကြာသော် သူ့နောက်မှ အင်အားစုကြီးက ရှေ့သို့ ပြေးတက်လာကြ၏။

ကုန်းကျန့်ထျန်းက မကောင်းဆိုးဝါးလေသံနှင့် ဟားတိုက်ရယ်မော၍ ပြောလိုက်သည်။

"ငါတို့မှာ ဒဏ္ဍာရီအဆင့် ငါးယောက် ၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ်ယောက် ပြီးတော့ ဆရာသခင် အထွတ်အထိပ်အဆင့် အယောက် ငါးဆယ် ရှိတယ် … ဝိညာဉ်ရိုင်း … မင်းတော့ သေပြီပဲ"

သို့သော် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများက လုံးဝ ကြောက်ရွံ့မနေပါ။

ကုန်းကျန့်ထျန်းနှင့် သူ့ကူညီဖော်များနှင့် သူတို့ မယှဉ်နိုင်မှန်း သူတို့ သိသည်။ သို့ပေမဲ့ ဘာအရေးလဲ။

ထို့နောက် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများက နောက်သို့ လှည့်ကာ အန်းရှီ၊ လင်းလန်၊ ညအဖွဲ့မှ အရှင်သခင် သုံးယောက်နှင့် အခြားကလေးငယ်များကို ကြည့်ပြီး ပြောလိုက်သည်။

"မမလေး အန်းရှီ … ကျွန်တော်တို့ သခင်ကြီးနဲ့ ဆုံတဲ့အခါ ကျွန်တော်တို့အတွက် တောင်းပန်ပေးပါလား"

*ဟင်*

အန်းရှီ၊ လင်းလန်နှင့် အခြားသူများ အံ့ဩသွားကြသည်။

"ကျွန်တော်တို့ ကုန်းကျန့်ထျန်းကို မသတ်နိုင်ခဲ့ဘူး … ကျွန်တော်တို့ သခင်ကြီးပေးတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ခဲ့ဘူး"

သူတို့၏ အကြည့်များအရ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများသည် သေသည်အထိ ရန်သူများနှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

"ဒီနေ့ ကျွန်တော်တို့ အပြစ်အတွက် ကျွန်တော်တို့ အသက်နဲ့ရင်းပြီး ပေးဆပ်ပါ့မယ်"

ထိုသို့ပြောပြီး မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြား ဆရာသခင်အဆင့်များက ဒူးတစ်ဘက်ထောက်ပြီး ရင်ဘက်ပေါ် လက်တင်လိုက်သည်။

"သခင်ကြီး … ကျွန်တော်တို့ သွားပါတော့မယ် … နောင်ဘဝမှာလည်း ကျွန်တော်တို့ သခင်ကြီးရဲ့ ကျေးကျွန်ပဲ ဖြစ်ချင်ပါတယ်"

ထိုသို့ ရင်နင့်ဖွယ်စကားများ ဆိုပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာတော့သည်။

မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် သူ့လူများက အလွန် ရူးသွပ်နေသော အကြည့်များဖြင့် ကုန်းကျန့်ထျန်းတို့ဘက် ပြန်လှည့်လိုက်သည်။

"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုး ဧကရာဇ် အသက်ရှည်ပါစေ"

ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်က ရုတ်တရက် မဟူရာ ကြက်ခြေခတ် အဖွဲ့၏ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင် တစ်ယောက်ထံသို့ ရုတ်တရက် ခုန်ဝင်သွားသည်။

တစ်ယောက်ချင်းစီက ထိုသူ၏ ခြေလက်တွေကို ဖမ်းချုပ်ထားလိုက်ကြသည်။

ထို့နောက် သူတို့၏ နဖူးအလယ်တည့်တည့်မှ သူတို့၏ မူလ သလင်းကျောက်များကို ဆွဲထုတ်လိုက်ကြသည်။

….

ဝုန်း!

ထို့နောက် သူတို့၏ မူလ သလင်းကျောက်များကို သူတို့ လောင်မြှိုက်လိုက်ကြသည်။

ကြောက်မက်ဖွယ် ကောင်းသော တန်ပြန် တိုက်စစ်ဆင်ခြင်း စတင်လေပြီ။

All Chapters