← Chapters

နတ်ဆိုးတွေက မသေနိုင်ဘူး

Vol. 16 Ch. 233

နတ်ဆိုးတွေက မသေနိုင်ဘူး

Vol. 16 Ch. 233

တစ်ယောက်၊

နှစ်ယောက်၊

ဆယ်ယောက်၊

အယောက်နှစ်ဆယ်၊

….

ထိုစဉ် အလွန် ကျောချမ်းဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ လက်မောင်းမှ သွေးသံတရဲရဲနှင့် အသားစများ ပြုတ်ကျလာလေ လမ်းမပေါ်မှ အလောင်းများက တဖြည်းဖြည်းနှင့် ကိုယ်လက်အင်္ဂါ စုံလင်လာလေ ဖြစ်သည်။

ထို့ကြောင့် သူ့လက်မောင်းများ ရဲရဲနီနေသော သွေးများက တစက်စက်ကျလို့နေ၏။ သို့သော် ယဲ့ဖန်က နာကျင်မှုကို မခံစားရသည့် စက်တစ်လုံးကဲ့သို့ ပြုမူနေသည်။

တစ်ခဏမျှ အကြာတွင် သူ့လက်မောင်းပေါ်မှ အရေပြားများအားလုံး လှီးဖြတ်ထားသဖြင့် စွတ်စွတ်ဖြူနေသော အရိုးများက ထင်းခနဲ ပေါ်လာသည်။

အလောင်းငါးဆယ်ကျော်ခန့် ကိုယ်လက်အင်္ဂါ အစုံအလင်နှင့် ပြန်ဖြစ်လာသည်။

"ဒါနဲ့ မလုံလောက်သေးဘူး"

ယဲ့ဖန်က ရူးသွပ်နေသော သားရဲရိုင်းကြီးကဲ့သို့ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

သူ၏ဓားကျိုးကို ဝှေ့ယမ်းကာ သူ့ခြေထောက်မှ အရေပြားကို အချပ်လိုက် လှီးလိုက်သည်။

ကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်၏ ခြေထောက်က တဖြည်းဖြည်းနှင့် ပုံပျက်ပန်းပျက် ဖြစ်လာသည်။

အရေပြားက တစ်လွှာပြီးတစ်လွှာ ကွာချလာ၏။

သူ၏ သွေးသံတရဲရဲနှင့် အရေပြားကို ကြည့်ရင်း မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။

"သူ ရူးနေပြီ"

နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များတောင်မှ ယဲ့ဖန်၏ အပြုအမူကို မြင်ပြီး မျက်ခုံးလှုပ်လာကြသည်။

ဤကဲ့သို့ မြင်ကွင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ယဲ့ဖန်၏ ရက်စက်သော အပြုအမူက လူတိုင်းက အေးခဲသွားစေသည်။

ဂလု!

ကုန်းကျန့်ထျန်း တံတွေးကို မနည်းမြိုချလိုက်ရသည်။

*သူ့အရေပြား သူ လှီးဖြတ်ပြီး စိတ်ဝိညာဉ်နဲ့ အလောင်းတွေကို ကျွေးလိုက်တယ် … မဖြစ်နိုင်ဘူး … ဘာ…ဒီကောင်က ဘာကြီးလဲကွာ"

ကုန်းကျန့်ထျန်း အလွန် အံ့အားသင့်နေရသည်။

ယခင်တုန်းက ယဲ့ဖန်၌ ထိပ်တန်း ပင်ကိုအစွမ်းအစ ရှိသည်ကို သူ သိသော်လည်း သူ၏ အညတရ စွမ်းအင်ကြောင့် ယဲ့ဖန်အား ပမွှားတစ်ကောင်ဟုသာ သတ်မှတ်ခဲ့မိသည်ကို နောင်တရမိသည်။

သို့သော်လည်း အရှေ့အာရှမှ ဂိုဏ်းခွဲတစ်ခုလုံးကို သိမ်းယူရန် ယဲ့ဖန်အတွက် အချိန်တစ်ခဏမျှသာ ကြာခဲ့သည်။

ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ဝိညာဉ်ရိုင်းနှင့် အခြား ထိပ်တန်းသိုင်းပညာရှင်များက ယဲ့ဖန်အား သူတို့၏ သခင်ကြီးအဖြစ် သစ္စာရှိရှိ မှတ်ယူထားကြခြင်း ဖြစ်သည်။

"နတ်ဆိုး … ဒီကောင်က နတ်ဆိုးပဲ"

ကုန်းကျန့်ထျန်း သံကုန်အော်ဟစ်လိုက်သဖြင့် အသံပျောက်သွားမတတ် ဖြစ်သွားသည်။

ယခုအချိန်တွင် သူ့ထံ၌ ယဲ့ဖန်နှင့် တိုက်ခိုက်ရဲသည့် သတ္တိ မရှိတော့ချေ။ ကုန်းကျန့်ထျန်း ထွက်သာပြေးချင်တော့သည်။

သူ နောက်သို့လှည့်ကာ တန်းနေအောင် ထွက်ပြေးချင်စိတ် ပေါက်နေသည်။

သို့သော် ဘေးပတ်ပတ်လည်မှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ရှစ်ယောက်လုံးက သူ့ကို စိုက်ကြည့်နေသည်ကို သတိထားမိပြီး သူ ရင်တုန်ပန်းတုန် ဖြစ်လာသည်။

"သခင်ကြီး"

ယဲ့ဖန်၏ သွေးများ ပေကျံနေသော မျက်နှာကို မြင်ပြီး ဝိညာဉ်ရိုင်းနှင့် အခြားသူများ သေမတတ် ထိတ်လန့်သွားကြသည်။

ယဲ့ဖန်က ကိုယ့်အသားကိုယ် လှီး၍ ကိုယ့်ကျေးကျွန်တွေ၏ စိတ်ဝိညာဉ်ကို ကျွေးလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။

ဘေး၌ ရှိနေသည့် နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များသည်လည်း ယဲ့ဖန်အား အလွန် လေးစားစွာ ကြည့်နေကြသည်။

*နတ်ဆိုး ဧကရာဇ်ဆိုတာ ဒါပဲလေ … နတ်ဆိုးတောင်ကြားက အရှင်သခင် ကိုယ်တိုင် သူ့ရှေ့မှာ ဒူးထောက်ခဲ့တဲ့ နတ်ဆိုးတွေရဲ့ ဧကရာဇ်*

ရုတ်တရက် ယဲ့ဖန်၏ ပေါင်မှ သွေးသံတရဲရဲနှင့် အရေပြားတစ်ချပ်က အလွှာလိုက် ကွာချလာသည်။

စီခနဲ အသံတစ်ချက်နှင့်အတူ နောက်ဆုံးအလောင်းကောင်ပါ ကိုယ်လက်အင်္ဂါ အစုံအလင် ဖြစ်သွားသည်။

ထို့နောက်တွင်တော့ သူတို့ကိုယ်သူတို့ ဖောက်ခွဲ၍ စတေးခံသွားခဲ့သော ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များအားလုံး အသက်ပြန်ရှင်လာလေတော့သည်။

သို့သော် ယဲ့ဖန်၏ ဆိုးရွားလှသော အရိုးဖြူဖြူများကို မြင်လိုက်ရပြီးနောက် သူတို့အားလုံး ကြောက်လန့်ကာ တုန်ယင်လာသည်။

"သခင်ကြီး…."

ဆရာသခင့် သိုင်းပညာရှင်များအားလုံး မျက်ရည်ကျလာကြသည်။ ယဲ့ဖန်က သူတို့ကို ကယ်တင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိသလို သူတို့၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်အား ပြန်ရလာစေရန်အတွက် ယဲ့ဖန် ဤသို့ ကြီးကြီးမားမား ပေးဆပ်လိမ့်မည်ဟုလည်း ထင်မှတ်မထားခဲ့မိပါ။

ဒုန်းခနဲ အသံနှင့်အတူ ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များ အားလုံးက အလွန် လေးစားကြည်ညို၍ မျက်ရည်ဝဲနေသော မျက်လုံးများနှင့် ယဲ့ဖန်ရှေ့၌ ဒူးထောက်လိုက်ကြသည်။

"သခင်ကြီး …. ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်ကို ပြန်ရအောင် လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"နတ်ဆိုးတွေက မသေနိုင်ဘူး … နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"

ဆရာသခင်အဆင့် သိုင်းပညာရှင် အယောက်တစ်ရာက ယဲ့ဖန်ထံသို့ ဦးညိတ်၍ သံပြိုင်ပြောဆိုလိုက်ကြသည်။

သူတို့က ယဲ့ဖန်အား နတ်ဘုရားကဲ့သို့ မှတ်ယူက အံ့ဩဖွယ်ကောင်းလောက်သော လေးစားကြည်ညိုစိတ်များ ဝင်လာကြသည်။

မည်မျှ ထိတ်လန့်ဖွယ် ကောင်းလိုက်သနည်း။

ကုန်းကျန့်ထျန်းတို့ အဖွဲ့သည် အလွန် သွေးပျက်နေကြသည်။

*ပြန်ရှင်လာတယ်*

*နတ်ဆိုးတွေက … မသေနိုင်ဘူး*

သူတို့ ယခု မြင်တွေ့လိုက်ရသည့် အရာက သူတို့၏ အတွေးအခေါ်များကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။

သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်နေကြသည်။

သို့သော် ထိုအချိန်မှာပဲ ယဲ့ဖန်က မဟူရာကြက်ခြေခတ် အဖွဲ့ကို စိုက်ကြည့်လို့လာပြီး နတ်ဆိုးတောင်ကြားမှ အစေခံ အယောက် တစ်ရာ့ခုနစ်ဆယ်နှင့် ညအဖွဲ့မှ ဆရာသခင်အဆင့် အယောက် တစ်ရာတို့ကလည်း စိုက်ကြည့်လို့လာသည်။

ထို့အပြင် ယဲ့ဖန်၏ အဖွဲ့၌ ဒဏ္ဍာရီအဆင့် ရှစ်ယောက်၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဆယ့်ခြောက်ယောက် နှင့် ဆရာသခင်အဆင့် အယောက် နှစ်ရာ့လေးဆယ်ကျော်ခန့် ရှိလာလေသည်။

"သေစမ်းကွာ"

ကုန်းကျန့်ထျန်း တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထလာသည်။

ကမ္ဘာတစ်မှမ်းမှ မဟူရာကြက်ခြေခတ်၏ စုစုပေါင်းအင်အားတောင်မှ ယဲ့ဖန်၏ စစ်တပ်အင်အားကို မယှဉ်နိုင်မှန်း သူ သိလိုက်သည်။

သို့သော် ဤကဲ့သို့ ကြီးမားသော အင်အားစုအား ဘာမမဟုတ်သည့် ယဲ့ဖန်က ပိုင်ဆိုင်ထားသည်တဲ့လား။

*လုံးဝ မဖြစ်နိုင်ဘူး*

ထိုစဉ် စွတ်စွတ်ဖြူသော အရိုးများ ထင်းနေသော်လည်း ယဲ့ဖန်က ကုန်းကျန့်ထျန်းထံသို့ အေးအေးလူလူ လျှောက်လာသည်။

ယဲ့ဖန်က သုန်မှုန်နေသော မျက်လုံးများဖြင့် ထပ်ပြောလိုက်သည်။

"ကုန်းကျန့်ထျန်း … မင်းရဲ့သား ကုန်းယွင်ဖေးနဲ့ မင်းမိန်းမ လော့ဟန်ရွှမ်းတို့ ဘယ်လိုသေသွားလဲ သိလား"

ယဲ့ဖန်၏ စကားကြောင့် ကုန်းကျန့်ထျန်း ချက်ချင်း ကတုန်ကယင် ဖြစ်လာသည်။

ယဲ့ဖန်အား အလွန် ဝမ်းနည်းနေသော မျက်နှာထားဖြင့် ကြည့်လိုက်မိသည်။ ထို့နောက် ယဲ့ဖန်က ကုန်းကျန့်ထျန်း၏ အမူအရာကို အလေးမထားဘဲ ဆက်ပြောလိုက်သည်။

"မင်းရဲ့သားက ငါ့ကို နုတ်နုတ်စင်းချင်ခဲ့တာလေ အဲ့ဒါကြောင့် ငါက သူ့ကို နုတ်နုတ်စင်းပေးလိုက်တာ"

"မင်းမိန်းမကလည်း ငါ့ကို နုတ်နုတ်စင်းချင်နေတာပါပဲ ... အဲ့ဒါကြောင့် သူ့လည်း ငါ နုတ်နုတ်စင်းပေးလိုက်တာ"

"မင်းကလည်း ငါ့ကို တစ်စစီဖြစ်အောင် လုပ်ချင်နေတာဆိုတော့ ငါကလည်း မင်းကို တစ်စစီဖြစ်အောင် စီစဉ်ပေးရမှာပေါ့"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကုန်းကျန့်ထျန်း လုံးဝ ဒေါသထွက်သွားရသည်။

ထို့နောက် သူက ယဲ့ဖန်အား မုန်ယိုနေသော သားရဲကောင်ကဲ့သို့ ဒေါသတကြီး ကြည့်ကာ အော်ပြောလိုက်သည်။

"ခွေးမသားလေး … မင်းက တယ်လာပါလား … မင်းကို ငါတစ်ယောက်တည်း ချမယ်"

ကုန်းကျန့်ထျန်းသည် သူ့အဖွဲ့ လုံးဝ ရှုံးသွားလိမ့်မည်ကို သိနေသည် ထို့ကြောင့် သူက ယဲ့ဖန်အား တစ်ယောက်တည်း တိုက်ချင်နေ၏။

တစ်ယောက်ယောက်က မြွေဖမ်းချင်သည် ဆိုပါက ထိုမြွေ၏ ခေါင်းကို အရင်ဖမ်းတာက ပိုကောင်းလိမ့်မည်။

ယဲ့ဖန်ကို အရှုံးပေးလာအောင် သူ လုပ်လိုက်နိုင်သည်နှင့် သူ့လူများက အခြေအနေကို ပြောင်းပြန် ပြန်လှန်နိုင်လောက်သည်။

"ပြိုင်ပွဲတစ်ခုလောက် ပြိုင်ကြရင်ကော ဘယ်လိုလဲ ... ခွေးသားလေး … မင်း ကြောက်နေပြီလား"

ကုန်းကျန့်ထျန်းက မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲနေဟန်ဖြင့် ယဲ့ဖန်အား မေးလိုက်သည်။

သို့သော် သူ့စကားကြောင့် ယဲ့ဖန်က ပြောင်စပ်စပ် မျက်နှာထားနှင့် ပြန်ပြောလိုက်သည်။

"မပြိုင်ဘူး"

ကုန်းကျန့်ထျန်း၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားကာ မျက်မှောင်ကြုတ်သွားသည်။

*သူ ငါးစာကို မဟပ်ပါလား*

*မြေနိုး*

ကုန်းကျန့်ထျန်း အလွန် ဒေါပွသွားသည်။ သို့သော် ယဲ့ဖန် ထပ်ပြောလိုက်သည့် စကားကြောင့် သူ ချက်ချင်း ကျေနပ်သွားသည်။

"မင်းက ဒုက္ခိတလေ … ငါက မင်းဘက်က ဒုက္ခိတ သုံးယောက်နဲ့ တစ်ပြိုင်တည်း တိုက်မယ်"

*ဘာ*

*ဒုက္ခိတ သုံးယောက်*

ကုန်းကျန့်ထျန်း မှင်တက်သွားရသည်။ ယဲ့ဖန်က သူနှင့် လက်မောင်းပြတ်သွားသည့် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် နှစ်ယောက်ကို ပြောချင်နေမှန်း သူသိလိုက်သည်။

*ဒီကောင်က ဒဏ္ဍာရီအဆင့် သုံးယောက်နဲ့ တစ်ချိန်တည်း တိုက်ချင်နေတာလား*

*သူတော့ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*

ကုန်းကျန့်ထျန်း ဟားတိုက်ရယ်မောလိုက်မိသည်။

*သောက်ရူး*

သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် ယုံကြည်မှုလွန်ကဲနေသည့် အရူးတစ်ကောင်သာ ဖြစ်သည်။

"ကောင်းပြီလေ … ငါ သဘောတူတယ်"

ကုန်းကျန့်ထျန်းနှင့် နောက်ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်လိုက်ပြီး ရှေ့သို့ လှမ်းလာကြသည်။

သူတို့၏ မျက်လုံးထဲတွင် ရက်စက်မှုများ ပြည့်ဝစွာ ပျော်ဝင်နေပြီး ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးပေါက်တစ်ကောင် သဖွယ် ကြည့်နေကြသည်။

ယဲ့ဖန်ကလည်း ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။ တစ်ချိန်တည်းမှာပဲ သူ၏ ချီဓာတ်က ပို၍ ကြမ်းကြုတ်လာ၏။

သူ၏ ကြောက်မက်ဖွယ်ကောင်းသော အရိုးဖြူဖြူများကြောင့် သူ့ပုံစံက ငရဲတွင်းထဲမှ တက်လာသည့် သူနှင့် သဏ္ဌာန်တူလှသည်။

"မင်းက ငါ့ညီအစ်ကိုတွေကို သတ်ခဲ့တယ်၊ ငါ့မိန်းမတွေကို ခြိမ်းခြောက်ခဲ့တယ်၊ ငါ့ကျေးကျွန်တွေကို သုတ်သင်ခဲ့ပြီးတော့ ငါ့အိမ်ကိုလည်း ဖျက်ဆီးခဲ့တယ်"

"ဒီနေ့တော့ ငါ မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်"

All Chapters