← Chapters

တုကူချိုး သေပေတော့

Vol. 37 Ch. 507

တုကူချိုး သေပေတော့

Vol. 37 Ch. 507

ကျန်းရီ၏ သေးငယ်သော လက်ဝါးရာသည် ကောင်းကင်ထက်မှ သက်ဆင်းလာပြီး သက်တန့်ဧရာမ လက်ဝါးရာမှ ဖိအားကို လွင့်ပြယ်အောင် လုပ်နိုင်စွမ်း ရှိသော်ငြား ကျန်းရီ၏ ခြေထောက်ရှိ အရိုးများက ဖိအားကြောင့် ကျိုးပဲ့ကုန်သည်။ ထုံးကျောက်များကလည်း အက်ကွဲကြောင်းကြီးများစွာ ပေါ်ထွက်လာပြီး ကျန်းရီ၏ ခန္ဓာကိုယ် တစ်ဝက်က မြေကြီးထဲ မြုပ်သွားခဲ့ပြီ ဖြစ်သည်။

နည်းနည်းလေးပဲ...။ အခြေအနေကို ပြောင်းပြန်လှန်ဖို့ ငါ အချိန် နည်းနည်းပဲ ပိုလိုအပ်တယ်။ ကောင်းကင်ဘုံက ငါ့ကို တကယ် သေစေချင်နေတာလား။

ကောင်းကင်ထက်ရှိ မြင်ကွင်းကို မြင်သောအခါ ကျန်းရီက သူ၏ မျက်လုံးထဲ၌ စိတ်ပျက် အားငယ်သည့် အရိပ်အယောင် တစ်ခုပေါ်လာသည်။

လေဟာနယ် အပိုင်းအခြားက တုန်ယင်လာပြီး သူနေရာ မရွှေ့ပြောင်းနိုင်ပေ။ သူ၏ ဒန်တျန်ထဲရှိ ပုန်းကွယ်နေသော ကောင်းကင်ဘုံ ကြယ်ကိုးပွင့်၏ စွမ်းအားကို စုစည်းရမည့်နည်း သူသင်ယူခါစ ရှိသေးသည်။ သို့သော် သူ၏ စုစည်းသည့် အရှိန်က နှေးလွန်းနေ၏။ ပမာဏကလည်း နည်းလွန်းသည်။

ကောင်းကင်ထဲ၌အရွယ်အစားရာချီ သက်တန့်ရောင် လက်ဝါးနှစ်ခု ရှိနေသည်။ ကျန်းရီ၏ သေးငယ်သော လက်ဝါးရာက ကျီထင်ယွီ၏ ဧရာမ လက်ဝါးရာကို ခံနိုင်ရည် မရှိတာကို သိသာနေပေ၏။ ဘုံကိုးဘုံ ကြယ်ပွင့်၏ ကြောက်မက်ဖွယ် စွမ်းအားက ဆင်းသက်လာပြီး ကျန်းရီကို ဖိချေတော့မည်။

ကျွီကျွီ

သုံးမီတာခန့် ကျယ်ဝန်းသည့် ဧရာမ လက်ဝါးရာက မတားမြစ်နိုင်သည့် အရှိန်အဝါ တည်ရှိမှုတို့ဖြင့် အောက်သို့ ဆင်းသက်လာတော့သည်။ မီတာ သုံးဆယ် အတွင်းရှိ အဆောက်အအုံများ အားလုံး ဖျက်ဆီးခံခဲ့ရသည်။ ထုံးကျောက်ဖြင့် တည်ဆောက်ထားခဲ့သော အိမ်များကလည်း ဖုန်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျန်းရီရှိနေသည့် အပေါ်ယံ မျက်နှာပြင်ကလည်း မြှပ်သွားပြီး ကျန်းရီက တိုက်ခိုက်မှုကို ကြံကြံခံလေ၏။ သူ၏ ခြေထောက်ရှိ အရိုးများလည်း ကျိုးကြေကုန်ကာ ဒဏ်ရာလည်း ရနေပြီ ဖြစ်သည်။ သူက သွေးလည်း အန်သွား၏။

ဗီး

သက်တံရောင် လက်ဝါးရာ အကြီးနှင့် အသေး တိုက်မိသည့် အချိန်၌ ပြင်းထန်သော ပေါက်ကွဲမှု မရှိပေ။ သို့သော် လေဟာနယ် အပိုင်းအခြားက လှုပ်ခါသွားပြီး လေဟာနယ်အက်ကွဲမှုက ပြန့်ကားသွားကာ အပြင်ဘက်သို့ ရောက်သွား၏။ ထင်သည့်အတိုင်းပင် သေးငယ်သော လက်ဝါးရာက ဧရာမ လက်ဝါး၏ ဖျက်ဆီးခြင်းခံခဲ့ရသည်။ သို့သော် ဧရာမ လက်ဝါးမှ သက်တန့်ရောင် ရောင်ခြည်က အတော်လေး မှိန်ဖျော့သွားသည်။ ဖိအားက ကြောက်မက်ဖွယ်ကောင်းနေသေးဆဲ ဖြစ်သည်။ ထိုက်တောင်တန်းကဲ့သို့ သက်ဆင်းလာနေဆဲ ဖြစ်သည်။

ဖူး

ကျန်းရီက မျက်ဖြူလန်သွားပြီးနောက် လတ်လတ်ဆတ်ဆတ် သွေးများ တစ်ပွက်အန်တော့သည်။

ဖုန်းဖုန်းဖုန်း

ထိုစဉ် အသူရာ ချောက်ကမ်းပါး၏ အပေါ်မျက်နှာပြင် တစ်ခုလုံးက ရုတ်တရက် ပြိုကွဲကုန်၏။ ရောင်ခြည်ဖြာထွက်နေသော သိုင်းခန်းမမှ အပ ကျန်သည့် အဆောက်အအုံများ အားလုံး ပြိုလဲသွားခဲ့ပြီး ဖြစ်သည်။

ကောင်းကင် ကံကြမ္မာ မဟာအစီအရင်ကို အသက်သွင်းခဲ့သောကြောင့် အသူရာ ချောက်ကမ်းပါး တစ်ခုလုံး၏ မြေပြင်က မျက်စိကျိန်းလောက်သည့် အလင်းတန်းဖြင့် ဖြာထွက်နေသည်။ ထိုသို့တိုင် အလင်းက ပျောက်ကွယ်ပြီး မှုန်မှိုင်းလာတော့၏။

“ဘာဖြစ်သွားတာလဲ။ ကောင်းကင်ကံကြမ္မာ မဟာ အစီအရင်က ပြိုကွဲသွားတာလား”

တုကူချိုးက ထိတ်လန့်သွားပြီးနောက် ပြန်ထွက်လာကာ အောက်ကို ကြောက်လန့်တကြား ငုံ့ကြည့်လိုက်၏။

အသူရာချောက်ကမ်းပါး၏ အသန်မာဆုံး ကောင်းကင်ကံကြမ္မာ မဟာအစီအရင် ဖျက်ဆီးခံခဲ့ရကြောင်း သူရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ ထိုအစီအရင်ကို ပြင်မခန်းမဆောင်မှ ကောင်းကင်ဧကရာဇ် ပညာရှင် သုံးဦး တည်ဆောက်ခဲ့တာ ဖြစ်ပြီး သူတို့၏ အကောင်းဆုံး ယုံကြည်အားထားရာ ဖြစ်သည်။ ထိုမဟာအစီအရင် မရှိဘဲ ကျီထင်ယွီ၏ သိပ်သည်းထားသော ပုံရိပ်က စွမ်းအား ထောက်ပံ့မှု ဆုံးရှုံးပြီး ပျောက်ကွယ်သွားပေလိမ့်မည်။

“အဆင်ပြေသေးတယ်။ ပြေသေးတယ်။ ကျန်းရီက မကြာခင်သေတော့မှာဘဲ။ မဟုတ်ရင် ပြဿနာ အကြီးကြီး တက်လိမ့်မယ်”

တုကုချိုးက ကျန်းရီသည် ဧရာမ လက်ဝါးရာဖြင့် လွှမ်းခြုံခံရတော့မည် ဖြစ်ကြောင်းသိသောအခါ သူက တိတ်တဆိတ် သက်သာရာရပြီး သက်ပြင်းတစ်ချက် ချလိုက်တော့သည်။

ကျီထင်ယွီ၏ ပုံရိပ်က မှိန်ဖျော့သွားသည်။ သို့သော် သူမ၏ မျက်နှာကမူ ခြွင်းချက်မရှိ တည်ငြိမ်နေပေသည်။ သူမ၏ မျက်ဝန်းများ မှိန်ဖျော့သွားပြီး ပိုဖျော့တော့လာကာ ရှုံးနိမ့်သည့် စကားသာ ချန်ထားရစ်ခဲ့တော့သည်။

“သိုင်းခန်းမသခင် ကျွန်မတို့တွေ ရှုံးပြီ။ အားလုံး တွက်ချက်ပြီးတဲ့နောက်မှာ ကျွန်မက လူတစ်ယောက်ကို ချန်ထားခဲ့မိတယ်။ သူ့အကြောင်းကို မေ့သွားခဲ့မိတာ။ ရှန်ဝူသိုင်းပြည်က ထူးခြားတဲ့ သူရဲကောင်းလေ”

ကျန်းရီက ဧရာမ လက်ဝါးရာဖြင့် ခြေမွှခံရတော့မည့် အချိန် ဘေးရှိ မြေပြင်က ရုတ်တရက် ပေါက်ကွဲသွားပြီး အပြာရောင် အရိပ်တစ်ခု ပြန်တက်လာတော့သည်။ မမျှတသော အရှင်သခင် အရှိန်အဝါ တည်ရှိမှုက ပေါ်ထွက်လာ၏။

ကြည့်ကောင်းသည့် သက်လက်ပိုင်းအရွယ် လူတစ်ဦး ဖြစ်ပေသည်။ သူက ဧရာမ ရွှေနက်ဒိုင်းတစ်ခုကို ကိုင်မြောက်လျက် ဒိုင်းသည် အနက်ရောင် အလင်းဖြင့် တလက်လက်တောက်ပနေကာ ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါတို့ တည်ရှိနေသည်။ ယင်းက သူတော်စင် လက်နက် တစ်ခုဆိုတာ သိသာနေပေ၏။ ထိုလူက အဝါရောင် ကာကွယ်ရေး ကူကျပ်ကို ဝတ်ဆင်ထားပြီးနောက် ဧရာမ လက်ဝါးကို အကြောက်အလန့်ကင်းမဲ့စွာ တိုက်ခိုက်တော့၏။

“အမ်...”

ကျန်းရီသည် မူလက သူမျက်လုံးဖွင့်လိုက်သည်။ သေမှာကို စောင့်ဆိုင်းနေခဲ့စဉ် ဖိအားပျောက်ကွယ်သွားတာကို ခံစားမိသည့် အချိန်၌ တအံ့တဩ မျက်လုံး ဖွင့်လိုက်တော့သည်။ တောင်တစ်တောင်ကဲ့သို့ ဝင့်ကြွားသော မြင့်မားသည့် ခပ်မတ်မတ် ပုံရိပ်တစ်ခုကို တွေ့လိုက်ရပြီး သူအား ဧရာမ လက်ဝါးရာဆီသို့ အမြောက်ဆံတစ်ခု တစ်ဖွယ်တိုးဝင်သွားသည်။

ကျန်းပိုင်လီလား

ကျန်းရီ၏ စိတ်ဝိညာဉ်က တုန်လှုပ်သွား၏။ သူသေဆုံးတော့မည့်အချိန်၌ မထင်ထားဆုံးသူ ပေါ်လာသည်လော။ သူသည် ကောင်းကင် ကံကြမ္မာ မဟာအစီအရင်ကိုတောင် ဖျက်ဆီးခဲ့သည်လော။ ယခုအချိန်တွင် သူက ထိုကြောက်မက်ဖွယ်ကောင်းသည့် သတ္တဝါကို ရင်ဆိုင်ရန် ကျန်းရီအား ကူညီပေးနေသည်လော။ ကျန်းပိုင်သည် မည်ကဲ့သို့ခိုးဝင်ခဲ့သနည်း။ သူသာ အသူရာ ချောက်ကမ်းပါးတွင် ပုန်းနေခဲ့လျှင် သူမည်သည့် အချက်ကြောင့် ရှာမတွေ့ရသနည်း။ ထိုကောင်းကင်ကို ဖီဆန်နိုင်သော အစီအရင်ကို မည်ကဲ့သို့ ဖြိုခွင်းခဲ့သနည်း။ ကျန်းပိုင်လီသည် ကျန်းရီကို ကယ်တင်ရန်အတွက် လာခဲ့သည်လော။ အရေးပါသော အခိုက်အတန့်တွင် ကျန်းရီအသက်ကို ကယ်ရန် ပေါ်လာသည်လော။

မဟုတ်ဘူး..

ထိုမေးခွန်းများ အားလုံးက နောက်တစ်စက္ကန့်တွင် အရေးမပါတော့ပေ။

ဧရာမ လက်ဝါးရာသည် ကျန်းပိုင်လီ၏ သူတော်စင်လက်နက်နှင့် တွေ့ဆုံချိန်၌ လက်နက်က ဖုန်ဖြစ်သွားတာကို ကျန်းလီ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ပြီးနောက် ကျန်းပိုင်လီ၏ လက်မောင်းကလည်း သွေးမြူအဖြစ် ပြောင်းလဲသွား၏။ ဧရာမ လက်ဝါးရာက ထပ်မံ နိမ့်ဆင်းကျလာစဉ် ကျန်းရီက ထိုဧရာမ လက်ဝါးရာသည် ကျန်းပိုင်လီ၏ သူတော်ဆင် လက်နက်ကို ဖုန်မှုန့်ဖြစ်အောင် အားစိုက်ထုတ်မှု မရှိဘဲ ပြောင်းလဲလိုက်တာကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။ ချက်ချင်းပင် ကျန်းပိုင်လီ လက်မောင်းကလည်း သွေးမြူအဖြစ်ပြောင်းလဲသွား၏။ ဧရာမလက်ဝါးရာက ဆက်လက် ကျဆင်းလာပြီး ကျန်းပိုင်လီ၏ အဝါရောင် ကိုယ်ကျပ်ကို ဖြိုခွဲလိုက်သည်။ ယင်းက ကြက်ဥအခွံကို ခြေမွှနေသည်နှင့် တူသည်ဟု ကျန်းရီ မြင်နေရသည်။ ကျန်းပိုင်လီ၏ ခန္ဓာကိုယ်က ဧရာမ လက်ဝါးရာဖြင့် လွှမ်းခြုံခံလိုက်ရတော့သည်။

“မင်းရဲ့ ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် မီးလျှံတွေ ဘာကြောင့် မလွှတ်သေးတာလဲ”

ကျန်းရီ၏ စိတ်ထဲ၌ အသံနှစ်သံ ပဲ့တင်သံ ထွက်လာပြီး သူရုတ်တရက် သတိဝင်လာတော့သည်။ ချက်ချင်းပင် အတွင်းအားကို ထုတ်ဖော်လျက် မီးဝိညာဉ် ပုလဲထဲသို့ အတွင်းအားကို သွင်းလိုက်ကာ ပုလဲသည် အလင်းဖြင့်တောက်ပလာပြီးနောက် တမင်လွန်လောက တစ္ဆေမီးလျှံများစွာ ပေါ်ထွက်လာတော့သည်။

ကျီထင်ယွီ၏ ပုံရိပ်ကလည်းပျောက်ကွယ်သွား၏။ စွမ်းအင်မှ ဖိအားကလည်း ပျောက်ကွယ်သွားတော့သည်။ ကျန်းရီ၏ လက်ဝါးရာလေးကို ဖျက်ဆီးပြီးနောက် ကျန်းပိုင်လီ၏ သူတော်စင် လက်နက်သိုင်းနှင့် သူ၏ မြေကမ္ဘာဒိုင်းတာအို ပုံစံတို့ကို ဖျက်ဆီးပြီးနောက် ဧရာမ လက်ဝါး စွမ်းအား တစ်ဝက်ကျောက်က ကုန်ခန်းသွားခဲ့ပြီ ဖြစ်သည်။ ဧရာမ လက်ဝါးရာသည် သက်တန့်ရောင် တောက်ပသည့် အလင်းဖြင့် ဖြာထွက်နေရာမှ ယခု မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ စွမ်းအင်က ရုတ်လျော့သွားခဲ့ပြီ ဖြစ်ပြီး ယင်းက ကျန်းရီကို အတွင်းအားအချို့ လှည့်ပတ်ခွင့် ပေးလိုက်သည်။ မဟုတ်လျှင် သူက တစ္ဆေမီးလျှံများကို သတိပြုနိုင်မှာ မဟုတ်ချေ။

ဖုန်း

ဧရာမ လက်ဝါးက ဆက်လက်နိမ့်ဆင်းလာ၏။ စွမ်းအား တစ်ဝက်ကုန်ခန်းသွားသော်ငြား ဘုံကိုးဘုံ ကြယ်ပွင့်၏ စွမ်းအား ရှိနေသေးသည်။ ၎င်းက ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင် ဖြစ်သည်။ ယင်းက မည်မျှ လုပ်နိုင်စွမ်းရှိသနည်း။ ပိုင်လီ၏ ခွန်အားက ယှဉ်ပြိုင်နိုင်စွမ်းရှိပေ၏။ သို့သော် သူက ဗာဂျရာနယ်ပယ် သတ္တမ အဆင့်တွင်သာ ရှိသေးသည်။ သူ၏ ရုပ်ခန္ဓာသည် ဧရာမ လက်ဝါးရာကို ရင်ဆိုင်ရာတွင် မည်ကဲ့သို့ ခုခံနိုင်မည်နည်း။

“တောင်ကြားရဲ့ တောင်ဖက်ထောင့်စွန်းမှာ သစ်သားရုပ်တုနှစ်ခု မြှုပ်ထားတယ်။ ရုပ်တုလေးက မင်းအတွက်ပဲ။ မင်းရဲ့အမေကို ရှာနိုင်မယ်ဆိုရင် ရုပ်တုအကြီးကို သူ့ဆီပေးပေးပါ။ ကျန်းရီ ငါတောင်းပန်ပါတယ်။ ငါဒီလောက်ပဲ ကူညီပေးနိုင်မယ်”

နောက်ထပ် အသံတစ်သံက ကျန်းရီ၏ စိတ်ထဲ၌ ပဲ့တင်သံ ထွက်သွား၏။ သို့သော် ပြောတာ မပြီးသေးခင် ကျန်းပိုင်လီက သွေးမြူအဖြစ် ပြောင်းလဲသွားသည်၊။ သူ၏ ခန္ဓာကိုယ်က အရပ်မျက်နှာအနှံ့ လွင့်စဉ်သွား၏။ သွေးမြူက တစ္ဆေမီးလျှံများကြား ရေငွေ့ပျံသွားသည်။ ကျန်းလီက ကျန်းပိုင်လီ၏ ဆိုးဆိုးဝါးဝါး ထိထားသော လက်က သုံးကီလိုမီတာကို ကျသွားတာကိုသာ မြင်လိုက်ရသည်။

“အား...အား...အား..”

ကျန်းရီသည် ထိုဖခင်ကို မည်သည့်အခါကမှ အသိအမှတ် ပြုခဲ့ခြင်း မရှိသော်ငြား သူတို့သည် အသွေးအသားများ ဆက်နွယ်နေသေးဆဲ ဖြစ်သည်။ ကျန်းရီ၏ ခန္ဓာကိုယ်တွင် ကျန်းပိုင်လီ၏ သွေးများ စီးဆင်းနေပြီး ယင်းက ပြောင်းလဲ၍ မရသော အချက် ဖြစ်ပေသည်။

ယခုအချိန်၌ ကျန်းပိုင်လီသည် သူ့ကို ကယ်တင်ရန် အလို့ငှာ အလောင်းတောင် မရှိဘဲ ခြေမွှခံလိုက်ရပုံမြင်ရပြီး ကျန်းရီ၏ စိတ်ဝိညာဉ်၌ ဝမ်းနည်းမှုတို့ ပြည့်သွားသည်၊။ သူက ဧရာမ လက်ဝါးကို လျစ်လျူရှုလျက် ဒေါသတကြီး ဟိန်းဟောက်ကာ အော်လိုက်တော့သည်။

ဖောင်း ဖောင်း ဖောင်း

ကံကောင်းသည်မှာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် တစ္ဆေမီးလျှံများ ရှိနေသည်။ ဧရာမလက်ဝါးရာကလည်း အားကုန်လုနီးပါး ဖြစ်နေသည်။ လက်ဝါးယာက တစ္ဆေမီးလျှံများကြောင့် တစ်စစီ ဖြစ်သွားပြီးနောက် အပြည့်အဝ ပျောက်ကွယ်သွားတော့သည်။

“ကျန်းရီ ငါတောင်းပန်ပါတယ်။ မင်းကို ဒီအထိပဲ ကူညီနိုင်တယ်”

ကျန်းရီ၏ စိတ်ထဲတွင် ကျန်းပိုင်လီ၏ နောက်ဆုံးစကားများက ပဲ့တင်သံ ထပ်နေဆဲ ဖြစ်သည်။ ကျန်းရီ၏ မျက်နှာ၌ မျက်ရည်များ စို့နေပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်း၌ အရိုးများအားလုံး ကြေမွနေပြီ ဖြစ်ကာ ဒဏ်ရာပြင်းပြင်းထန်ထန် ခံစားနေရသော်ငြား သူက တွားသွားထွက်ပြီးနောက် မြေကြီးပေါ် မောက်ကာ အော်ပြောလိုက်တော့သည်။

“အဖေ...”

ကျန်းပိုင်လီက ကျန်းရီ သူ့အပေါ်တွင် ထားရှိသော သဘောတရားများ မကျေချမ်းမှုများကို ဖယ်ရှားရန်အတွက် သူ၏ သေခြင်းတရားများကို အသုံးပြုသွားခဲ့သည်။ သူ၏ သားအရင်းအတွက် သေလိုစိတ်ရှိသောလူ တစ်ဦးသည် လူတိုင်း၏ လေးစားမှုနှင့် ထိုက်တန်ပေ၏။

“ပြေး...”

လေထဲတွင် ရှိနေသော တုကုချိုး၏ မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နေသည်။ ကောင်းကင် ကံကြမ္မာ မဟာအစီအရင်ဖျက်ဆီးခံလိုက်ရပြီ ဖြစ်ကာ သူတို့သည်လည်း နောက်ထပ် ကောင်းကင်ဧကရာဇ် ပညာရှင်၏ ပုံရိပ်ကို မထုတ်နိုင်ပေ။ ကျီထင်ယွီပြောတာ မှန်ကန်ပေ၏။ သူတို့ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ သား၏ ရှင်သန်ရေးအတွက် အသက်ကို အလဲအထပ် ပြုလုပ်သည့် ဖခင်လက်ထဲတွင် သူတို့ ရှုံးနိမ့်သွားခဲ့ပြီ။

“သေပေတော့”

ကျန်းရီက ခေါင်းမော့လိုက်ပြီး သူ၏ သွေးနီရောင် မျက်လုံးများက လေထဲရှိ တုကူချိုးကို ကြည့်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်က အစွမ်းထက်သော သတ်ဖြတ်လိုသည့် ရောင်ဝါများ ပေါ်ထွက်လာပြီး တုကုချိုးကို မလှုပ်ရှားနိုင် ဖြစ်သွားစေ၏။

ကျန်းရီ၏ ခြေထောက်က မလှုပ်နိုင်တော့ပေ။ သို့သော်သူ့လက်က လှုပ်နိုင်သေး၏။ သူက မြေပြင်ကို ရိုက်လျက် အပေါ်သို့ ပျံတက်ကာ တစ္ဆေမီးလျှံများကို မီးဝိညာဉ် ပုလဲထဲမှ ထုတ်လိုက်သည်။ သူက တုကူချိုးနားတောင် မကပ်ရသေးခင် ကြောက်မက်ဖွယ်ကောင်းအောင် မြင့်မားသည့် အပူချိန်က တုကူးချိုးကို လောင်ကျွမ်းသွားစေပြီ ဖြစ်၏။

“ဗန်း”

မပြည့်စုံသည့် အလောင်းတစ်လောင်းက ကျန်းရီ၏ ခန္ဓာကိုယ်နှင့်အတူ ပြုတ်ကျလာတော့သည်။

ကောင်းကင် ကြယ်တာရာနယ်မြေ၏ သရဖူဆောင်းသော အုပ်ချုပ်သူ ဖြုံလောက်သည့် သိုင်းပညာရှင် တုကူချိုး သေဆုံးခဲ့လေပြီ။

***

All Chapters