အခန်း (၂၀၈)
Vol. 20 Ch. 208
ရှောင်ယွီသည် ညစာပြင်ဆင်နေရင်း နတ်ဆိုးအမွှာများ ပြောပြခဲ့သည့် အချက်အလက်များကြောင့် စိတ်မအေးနိုင်ဖြစ်နေသည်။ အကယ်၍ နတ်ဆိုးဘုရားသခင်၏ သွေးမျိုးဆက်များသာ ဤဒေသတစ်ခုလုံး သို့မဟုတ် တစ်ကမ္ဘာလုံးတွင် ပြန့်နှံ့နေပါက မည်မျှအထိ စွမ်းအားကြီးသော ကျင့်ကြံသူများက မိုးပြာရောင်တိမ်တိုက်ဂိုဏ်းကို ချောင်းမြောင်းနေကြမလဲ။ တွေးမိလေလေ ဗိုက်ထဲက မအီမသာဖြစ်လာလေလေပင်။ ပြဿနာတစ်ခုပြီးတစ်ခု တက်နေသည်မှာ သူ အသက်ရှူချောင်ချိန်ပင် မရတော့ပေ။
ဂိုဏ်းထဲတွင် လီယောင်ရှိနေသော်လည်း ပေါ့ပေါ့ဆဆ မနေသင့်ကြောင်း သူ သိသည်။ ဇာတ်လိုက်များပင်လျှင် သူတို့၏ အခက်အခဲနှင့်သူတို့ ရှိကြသည်မဟုတ်ပါလား။ အကယ်၍ ရန်သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက် ကျော်လွန်နေပါက လီယောင်ပင်လျှင် ဘာမှတတ်နိုင်မည်မဟုတ်ပေ။ တကယ်တော့ ဂိုဏ်းချုပ်ကြီးကို အနိုင်ယူခဲ့စဉ်ကပင် ကံတရား၏ ကူညီမှုကြောင့်သာ ဖြစ်သည်။ ကံသာမပါခဲ့ပါက ရလဒ်မှာ ပြောင်းပြန်ဖြစ်သွားနိုင်ပေသည်။
သူသည် ပြင်ဆင်ပြီးသား ဟင်းလျာများကို ထမင်းစားပွဲပေါ်သို့ ဂရုတစိုက် သယ်ဆောင်လာခဲ့သည်။ ထုံးစံအတိုင်း သူကိုယ်တိုင် သူ၏ ဒေါ်လေးနှင့် ဆရာတို့အတွက် စတုတ္ထအဆင့ဝိညာဉ်အစားအစာများကို ပြင်ဆင်ပေးပြီး လီယောင်အတွက်မူ ဒုတိယအဆင့်အစားအစာကို တည်ခင်းပေးလိုက်သည်။
သူမအတွက် ဒုတိယအဆင့် ဝိညာဉ်အစားအစာများကို စတင်ချက်ပြုတ်ပေးကတည်းက လီယောင်သည် လိုအပ်သော ပါဝင်ပစ္စည်းများအတွက် အဆင့်မြင့် ဝိညာဉ်သားရဲများကို ကိုယ်တိုင်လိုက်လံ ရှာဖွေဖမ်းဆီးပေးလေ့ရှိသည်။ ဤသည်မှာ ဂိုဏ်းအတွက်လည်း အကျိုးရှိသည်။ အကြောင်းမှာ သူမသည် တပည့်များ တာဝန်ထွက်သည့်အခါ အန္တရာယ်ဖြစ်စေနိုင်သည့် အသန်မာဆုံး သားရဲများကိုသာ ရွေးချယ်နှိမ်နင်းပေးသောကြောင့် ဖြစ်သည်။
"ဂျူနီယာညီမလေး သားရဲတွေ အမဲလိုက်တဲ့အခါ အဆင့်နိမ့်တဲ့ကောင်တွေကိုတော့ မသတ်နဲ့ဦးနော်။ သူတို့က တပည့်တွေ လေ့ကျင့်ဖို့အတွက် အသုံးဝင်လို့ပါ"
ရှောင်ယွီက သူမ၏ ဟင်းပွဲကို ချပေးရင်း ပြောလိုက်သည်။
သူမသည် တောက်ပနေသော အစားအစာများကို မြင်သည်နှင့် မျက်လုံးများ အရောင်
တောက်သွားကာ စိတ်လှုပ်ရှားစွာဖြင့် တူကို ကောက်ကိုင်လိုက်သည်။
"စီနီယာအစ်ကို စိတ်မပူပါနဲ့။ ကျွန်မက ဉာဏ်ကောင်းပါတယ်"
သူမက ယုံကြည်ချက်အပြည့်ဖြင့် ကြေညာလိုက်လေသည်။
ထိုစကားကြောင့် အကြီးအကဲကောင်းကိုင်ထားသော တူမှာ မှင်သက်သွားသဖြင့် စားပွဲပေါ်သို့ ပြုတ်ကျသွားပြီး အကြီးအကဲဟွမ်မှာမူ သောက်နေသော ရေများ သီးသွားကာ အသည်းအသန် ချောင်းဆိုးတော့သည်။
လီယောင်က သူတို့၏ တုံ့ပြန်မှုများကို ကြည့်ကာ တကယ်ပင် ဇဝေဇဝါ ဖြစ်သွားရှာသည်။ ရှောင်ယွီကမူ အခြေအနေကို ထိန်းကာ သဘောကျစွာ ပြုံးရင်း "ဟုတ်ပါတယ် ဂိုဏ်းချုပ်ကြီးက ပညာရှိပါတယ်" ဟု ပြောကာ သူ့နေရာတွင် သူ ပြန်ထိုင်လိုက်သည်။
သူတို့အားလုံး တိတ်ဆိတ်စွာ စားသောက်နေစဉ် ရှောင်ယွီသည် စနစ်ကို အသုံးပြု၍ လူတိုင်း၏ ကျင့်ကြံမှုအခြေအနေကို ခိုး၍ ကြည့်လိုက်သည်။ သူ၏ ဒေါ်လေးမှာ အမှန်တကယ်ပင် အဆင့်တက်တော့မည့် အခြေအနေတွင် ရှိနေပြီး ဝိညာဉ်စွမ်းအင်များမှာ သိသိသာသာ လှုပ်ခတ်နေသည်။ ပို၍ အံ့ဩစရာကောင်းသည်မှာ သူ၏ ဆရာဖြစ်ပြီး သူသည် အမှန်တကယ်တော့ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်သည်။
သူသည် အဘိုးကြီးကို နားလည်မှုရှိရှိ လှမ်းကြည့်လိုက်သည်။ ဤမြေခွေးအိုကြီးမှာ ဒေါ်လေး၏ ဂရုစိုက်မှုကို ဆက်လက်ရယူရန်အတွက် အားနည်းချင်ယောင် ဆောင်နေဆဲပင်။
'ဟမ်... တကယ့်ကို လူလိမ်အကြီးစားကြီးပဲ'
ရှောင်ယွီ စိတ်ထဲမှ တွေးလိုက်မိသည်။
ထို့နောက် သူသည် လီယောင်၏ အခြေအနေကို ကြည့်လိုက်ရာ ဝမ်းသာဂုဏ်ယူမှုဖြင့် ပြုံးမိသွားသည်။
'သိပ်ကောင်းတာပဲ။ ငါ့ရဲ့ ယောင်ယောင်လေးပဲလေ'
သူ တွေးလိုက်သည်။ သူမသည် ရွှေအမြုတေ၏ စတုတ္ထအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ပါရမီရှင်များကြားတွင်ပင် ဤမျှ မြန်ဆန်သော တိုးတက်မှုမှာ မယုံနိုင်စရာပင်။ တစ်နေ့လျှင် အဆင့်ငယ် နှစ်ဆင့်ခန့် တက်နေသည့် သဘောပင်။
ယခုဆိုလျှင် သူမကို အရည်အသွေးမြင့် ဝိညာဉ်အစားအစာများ ဆက်လက်ကျွေးမွေးရုံဖြင့် မကြာမီ သူမမှာ မသေမျိုးဖြစ်လာပေလိမ့်မည်။ ထိုအခါကျမှသာ ပြင်ပရန်သူများကို သူ စိုးရိမ်စရာ မလိုတော့ပေ။
"ဒေါ်လေး... မနက်ဖြန်ကျရင် ကျွန်တော် ဒေါ်လေးအတွက် ဆေးလုံးတစ်လုံး ဖော်စပ်ပေးမယ်။ အဲဒါရမှ အဆင့်တက်ဖို့ ကြိုးစားပါ"
သူက ပြောလိုက်သည်။
"ဆေးလုံးတွေ ထပ်ဖော်ပေးဦးမလို့လား"
သူမက မျက်ခုံးပင့်ကာ မေးသည်။
"ဒီတစ်ခါတော့ မိုးကြိုးဒဏ်ခတ်မှုကို ကျော်ဖြတ်တဲ့နေရာမှာ ကူညီပေးမယ့် အထူးဆေးလုံးပါ"
သူက ရှင်းပြသည်။
"မင်းကတော့ အားကိုးရဆုံးပါပဲ။ ဒီအဘိုးကြီးရဲ့ တပည့်ဖြစ်သွားတာပဲ နှမြောဖို့ကောင်းတာ"
သူမက ပြောလိုက်ရာ….
"အဲဒါက ဘာကို ဆိုလိုတာလဲ"
အကြီးအကဲကောင်းက မခံမရပ်နိုင်ဖြစ်ကာ ချက်ချင်း ပြန်ပက်တော့သည်။
"ဘာလဲ ကျွန်မ တစ်ခုခု မှားပြောမိလို့လား"
အကြီးအကဲဟွမ်က ဘာမှမသိသလို ဟန်ဆောင်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်လေသည်။
"ဟွန်း..."
အကြီးအကဲကောင်းက မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူသည် ရှောင်ယွီ့ဘေးနားသို့ တိုးကပ်လာပြီး ပုခုံးကို ရင်းနှီးစွာ ဖက်လိုက်ကာ "တပည့်ရေ... ဆရာကြီးက မင်းကို သားတစ်ယောက်လို အမြဲတမ်း သဘောထားခဲ့တာပါ..." ဟု လေသံတိုးတိုးဖြင့် စပြောတော့သည်။
သို့သော် ရှောင်ယွီက လက်ကာပြ၍ တားလိုက်သည်။
"ကဲ... တော်ပါတော့။ ရော့... ဒါ ယူထားလိုက်" ဟု ပြောကာ ယန်ဓာတ်အားဖြည့်ဆေးလုံးများကို ကမ်းပေးလိုက်သည်။
"ဟဲဟဲ... တပည့်လိမ္မာလေးပဲ"
အကြီးအကဲကောင်းက ကျေနပ်အားရစွာဖြင့် ဆေးလုံးများကို အိတ်ထဲသို့ အမြန်ထည့်လိုက်လေသည်။
ညစာ စားသောက်ပြီးနောက် သူ၏ ဒေါ်လေးနှင့် ဆရာတို့မှာ တစ်ယောက်ကိုတစ်ယောက် စနောက်ရန်ဖြစ်ရင်း အတူတူ ထွက်ခွာသွားကြသည်။ ရှောင်ယွီလည်း အနားယူရန် ထလိုက်ရာ လီယောင်က သူနှင့်အတူ လိုက်ပါလာပြီး ဝိညာဉ်စမ်းရေတွင်းဆီသို့ လမ်းလျှောက်ရင်း စကားတပြောပြောဖြင့် လိုက်လံပို့ဆောင်ပေးသည်။
စမ်းရေတွင်းအဝင်ဝသို့ ရောက်သောအခါ သူတို့နှစ်ဦး တစ်ဦးကိုတစ်ဦး နှုတ်ဆက်လိုက်ကြသည်။ ရှောင်ယွီက ဝိညာဉ်ကြောအတွင်းသို့ ဝင်ရောက်သွားပြီး လီယောင်ကမူ ပင်မတောင်ထိပ်ဆီသို့ လှပစွာ ပျံသန်းထွက်ခွာသွားတော့သည်။
ဝိညာဉ်ကြောအတွင်းတွင် တစ်ယောက်တည်း ရှိနေချိန်၌ ရှောင်ယွီသည် အဝတ်အစားများကို ချွတ်ကာ ဝိညာဉ်စမ်းရေတွင်းထဲသို့ ဆင်းလိုက်သည်။ ၎င်းမှာ သူ၏ နေ့စဉ်ပြုလုပ်နေကျ ကျင့်ကြံမှုအတွက် အချိန်တန်ပြီ ဖြစ်သည်။
သူသည် သူ၏ သွေးမျိုးဆက်နှစ်ခုလုံးအပေါ် ထိန်းချုပ်မှုကို လွှတ်ပေးလိုက်ပြီး ၎င်းတို့ကို ခန္ဓာကိုယ်အတွင်း၌ ရူးသွပ်စွာ စီးဆင်းစေလိုက်သည်။ ရင်းနှီးနေပြီဖြစ်သော ပျက်စီးခြင်းနှင့် ပြန်လည်ဖြစ်တည်ခြင်း သံသရာမှာ တစ်ဖန် ပြန်လည်စတင်လာပြန်သည်။ ဤပြင်းထန်လှသော လုပ်ငန်းစဉ်ကို နာရီပေါင်းများစွာကြာအောင် သူ ဆက်တိုက်လုပ်ဆောင်နေခဲ့ရာ နောက်ဆုံးတွင် စနစ်၏ အကြောင်းကြားစာ ပေါ်ထွက်လာတော့သည်။
[အခြေချတွက်ချက်ခြင်း]
[ခန္ဓာကြံ့ခိုင်မှု - အဆင့် ၁၄ (၈၀၀၀/၁၄,၀၀၀) (+၂၀၀၀/၁၄,၀၀၀)]
[အခြေတည်ကျင့်ကြံခြင်း - အဆင့် ၁ (၇၅၀/၁၁,၀၀၀) (+၇၅၀/၁၁,၀၀၀)]
[စိတ်စွမ်းအား - အဆင့် ၆ (၄၈၀/၁၀,၀၀၀) (+၁၂၀/၁၀,၀၀၀)]
[ဝိညာဉ်စွမ်းအား - ကလေးသူငယ်အဆင့် (၁၀,၁၅၀/၁၀၀,၀၀၀) (+၁၅၀/၁၀၀,၀၀၀)]
[ဝိညာဉ်အမြစ် - အထက်တန်းစား ဒြပ်စင်စုံ (၂၀၀/၃၀၀၀)]
[အနှိုင်းမဲ့ တာအိုခန္ဓာကိုယ် - အဆင့် ၁ (၇၂,၁၉၀/၁,၀၀၀,၀၀၀) (+၁၀/၁,၀၀၀,၀၀၀)]
[ဗရမ်းဗတာ ခန္ဓာကိုယ် - အဆင့် ၂ (၅၅၀/၂၀,၀၀၀) (+၅၀/၂၀,၀၀၀)]
[သွေးမျိုးဆက် - နဂါးနှင့် ဖီးနစ် - သွေးနှောအဆင့် (၁၃၀၀/၃၀၀၀) (+၁၀၀/၃၀၀၀)]
[ဉာဏ်အလင်းပွင့်မှု - မြင့်မြတ်အဆင့် (၄၆၀/၅၀၀၀) (+၄၀/၅၀၀၀)]
[ဝိညာဉ်မီးလျှံ - အသူရာ ဟင်းလင်းပြင် မီးလျှံ - အဆင့် ၅ (၅၃၂၀/၅၀,၀၀၀) (+၄၀/၅၀,၀၀၀)]
[မြင့်မြတ်အဆင့် ဝိညာဉ်ဆူးချက် - အစပြုအဆင့် (၅၀/၁၀၀) (+၅၀/၁၀၀)]
[မြင့်မြတ်အဆင့် ဆယ်ရာသီဓားသိုင်း - အခြေခံအဆင့် (၁၀၀/၂၀၀) (+၁၀၀/၂၀၀)]
[အဆင့်မြင့် မိုးကြိုးပစ်ခတ်ခြင်း - အောင်မြင်မှုအဆင့် (၆၀/၄၀၀) (+၃၀/၄၀၀)]
[အဆင့်မြင့် မီးလက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၃၈၀/၄၀၀) (+၃၀/၄၀၀)]
[အဆင့်မြင့် ရေ၊ သစ်သား၊ မြေ၊ သတ္တု၊ မိုးကြိုး လက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၆၀/၄၀၀) (+၃၀/၄၀၀)]
[အဆင့်မြင့် ရေခဲ၊ လေ၊ အလင်း၊ အမှောင် လက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၃၀/၄၀၀) (+၃၀/၄၀၀)]
[ချက်ပြုတ်ခြင်း - အဆင့် ၂ (၂၃၀/၈၀၀) (+၃၀/၈၀၀)]
[ပစ္စည်းစစ်ဆေးအကဲဖြတ်ခြင်း - အဆင့် ၃ (၃၀၀/၇၀၀) (+၁၀၀/၇၀၀)]
[ဆေးဖော်စပ်ခြင်း - အဆင့် ၅ (၃၀၀/၅၀၀)]
[အဆောင်ပြုလုက်ခြင်း၊ အစီအရင်ဖန်တီးခြင်း - အဆင့် ၅ (၂၃၀/၅၀၀) (+၅၀/၅၀၀)]
[လက်နက်သွန်းလုပ်ခြင်း - အဆင့် ၅ (၁၅၀/၅၀၀) (+၅၀/၅၀၀)]
[ဆေးဖက်ဝင်အပင် - အဆင့် ၇ (၅၀/၃၀၀) (+၅၀/၃၀၀)]
[ဝိညာဉ်စိုက်ပျိုးရေး - အဆင့် ၈ (၁၄၀/၂၀၀)]
[ဆရာအတတ်ပညာ - အဆင့် ၉ (၂၀/၁၀၀) (+၂၀/၁၀၀)]
[အတွေ့အကြုံရမှတ်များ နှစ်ဆတိုးလာသည်]
[ဆရာအတတ်ပညာ - အဆင့် ၉ (၂၀/၁၀၀) → အဆင့် ၉ (၄၀/၁၀၀)]
[ဝိညာဉ်စိုက်ပျိုးရေး - အဆင့် ၈ (၁၄၀/၂၀၀) → အဆင့် ၇ (၀/၃၀၀)]
[ဆေးဖက်ဝင်အပင် - အဆင့် ၇ (၅၀/၃၀၀) → အဆင့် ၇ (၁၀၀/၃၀၀)]
[လက်နက်သွန်းလုပ်ခြင်း - အဆင့် ၅ (၁၅၀/၅၀၀) → အဆင့် ၅ (၃၀၀/၅၀၀)]
[အဆောင်ပြုလုပ်ခြင်း၊ အစီအရင်ဖန်တီးခြင်း - အဆင့် ၅ (၂၃၀/၅၀၀) → အဆင့် ၅ (၄၆၀/၅၀၀)]
[ဆေးဖော်စပ်ခြင်း - အဆင့် ၅ (၃၀၀/၅၀၀) → အဆင့် ၄ (၀/၆၀၀)]
[ပစ္စည်းစစ်ဆေးအကဲဖြတ်ခြင်း - အဆင့် ၃ (၃၀၀/၇၀၀) → အဆင့် ၃ (၆၀၀/၇၀၀)]
[ချက်ပြုတ်ခြင်း - အဆင့် ၂ (၂၃၀/၈၀၀) → အဆင့် ၂ (၄၆၀/၈၀၀)]
[အဆင့်မြင့် ရေခဲ၊ လေ၊ အလင်း၊ အမှောင် လက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၃၀/၄၀၀) → အောင်မြင်မှုအဆင့် (၆၀/၄၀၀)]
[အဆင့်မြင့် ရေ၊ သစ်သား၊ မြေ၊ သတ္တု၊ မိုးကြိုး လက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၆၀/၄၀၀) → အောင်မြင်မှုအဆင့် (၁၂၀/၄၀၀)]
[အဆင့်မြင့် မီးလက်ဝါးသိုင်း - အောင်မြင်မှုအဆင့် (၃၈၀/၄၀၀) → ပြည့်စုံခြင်းအဆင့် (၀/၅၀၀)]
[အဆင့်မြင့် မိုးကြိုးပစ်ခတ်ခြင်း - အောင်မြင်မှုအဆင့် (၆၀/၄၀၀) → အောင်မြင်မှုအဆင့် (၁၂၀/၄၀၀)]
[မြင့်မြတ်အဆင့် ဆယ်ရာသီဓားသိုင်း - အခြေခံအဆင့် (၁၀၀/၂၀၀) → အလတ်စားအဆင့် (၀/၃၀၀)]
[မြင့်မြတ်အဆင့် ဝိညာဉ်ဆူးချက် - အစပြုအဆင့် (၅၀/၁၀၀) → အခြေခံအဆင့် (၀/၂၀၀)]
[ဝိညာဉ်မီးလျှံ - အသူရာ ဟင်းလင်းပြင် မီးလျှံ - အဆင့် ၅ (၅၃၂၀/၅၀,၀၀၀) → အဆင့် ၅ (၁၀,၆၄၀/၅၀,၀၀၀)]
[ဉာဏ်အလင်းပွင့်မှု - မြင့်မြတ်အဆင့် (၄၆၀/၅၀၀၀) → မြင့်မြတ်အဆင့် (၉၂၀/၅၀၀၀)]
[သွေးမျိုးဆက် - နဂါးနှင့် ဖီးနစ် - သွေးနှောအဆင့် (၁၃၀၀/၃၀၀၀) → သွေးနှောအဆင့် (၂၆၀၀/၃၀၀၀)]
[ဗရမ်းဗတာခန္ဓာကိုယ် - အဆင့် ၂ (၅၅၀/၂၀,၀၀၀) → အဆင့် ၂ (၁၁၀၀/၂၀,၀၀၀)]
[အနှိုင်းမဲ့ တာအိုခန္ဓာကိုယ် - အဆင့် ၁ (၇၂,၁၉၀/၁,၀၀၀,၀၀၀) → အဆင့် ၁ (၁၄၄,၃၈၀/၁,၀၀၀,၀၀၀)]
[ဝိညာဉ်အမြစ် - အထက်တန်းစား ဒြပ်စင်စုံ (၂၀၀/၃၀၀၀) → အထက်တန်းအဆင့် (၄၀၀/၃၀၀၀)]
[ဝိညာဉ်စွမ်းအား - ကလေးသူငယ်အဆင့် (၁၀,၁၅၀/၁၀၀,၀၀၀) → ကလေးသူငယ်အဆင့် (၂၀,၃၀၀/၁၀၀,၀၀၀)]
[စိတ်စွမ်းအား - အဆင့် ၆ (၄၈၀/၁၀,၀၀၀) → အဆင့် ၆ (၉၆၀/၁၀,၀၀၀)]
[အခြေတည်ကျင့်ကြံခြင်း - အဆင့် ၁ (၇၅၀/၁၁,၀၀၀) → အခြေတည်ကျင့်ကြံခြင်း - အဆင့် ၁ (၁၅၀၀/၁၁,၀၀၀)]
[ခန္ဓာကြံ့ခိုင်မှု - အဆင့် ၁၄ (၈၀၀၀/၁၄,၀၀၀) → အဆင့် ၁၅ (၀/၁၅,၀၀၀)]