← Chapters

ငါ့ကိုမသတ်ပါနဲ့ ကျန်းရီ

Vol. 37 Ch. 508

ငါ့ကိုမသတ်ပါနဲ့ ကျန်းရီ

Vol. 37 Ch. 508

တုကူချိုးကို သတ်ပြီးသည့်တိုင် ကျန်းရီက ပျော်ရွှင်မှု ကျေနပ် အားရမှုကို မခံစားရပေ။ ထိုအစား သူ့၌ ဝမ်းနည်းမှု အထီးကျန်မှုတို့သာ ပြည့်နေ၏။ သူက ဟိုအမြင့်ကြီးကနေ ပြုတ်ကျပြီး သူ၏ ကျိုးသွားသော ခြေထောက်များမှ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။ မြေကြီး၏ မျက်နှာပြင်ကို လက်ဝါးဖြင့် ထပ်မံ မရိုက်ခင် အသံ အနည်းငယ် ရှူလိုက်၏။ ယခုအခေါက်တွင် သူက တုကူချိုး၏ အလောင်းဘေးသို့ ကျရောက်သွားတော့သည်။ ကျန်းရီက သူ့လက်ကို ဝှေ့ယမ်းလျက် အလောင်းကို အပိုင်းပိုင်း အစစ ဖြစ်အောင် လုပ်လိုက်သည်။ ပြီးနောက် တစ္ဆေမီးလျှံ အချို့ကို ထုတ်ပြီးနောက် သူတို့ကို မီးမြှိုက်ကာ ပြာဖြစ်အောင် ပြောင်းလဲလိုက်တော့သည်။

“ကျီထင်ယွီ”

သူက ခေါင်းမော့လိုက်ပြီး သိုင်းခန်းမ တစ်ဝိုက်‌တောက်ပနေသော အရံအတားဆီသို့ သူ၏ သွေးနီရောင် မျက်လုံးများဖြင့် ကြည့်လိုက်၏။ မြေပြင်ကို ရိုက်ချလိုက်ပြီးနောက် သူ၏ လက်ထဲရှိ မီးနဂါးဓားကို အရှိန်ပြင်းပြင်းကိုင်ဆောင်လျက် သူက ခန်းမ ဆီသို့ မီးနဂါးအကောင်ရေ သောင်းချီကို ဒေါသတကြီး ပစ်ထုတ်လိုက်တော့၏။

“ဖောက်ဖောက်ဖောက်”

ကောင်းကင်က မီးနဂါးများဖြင့် ပြည့်နှက်နေရာ အရံအတားကို ချက်ချင်း တိုက်ခိုက်ပြီး ထိုးနှက်ချက်တိုင်းက မီးရှူးမီးပန်းများ ပေါ်စေပြီး ပန်းပွင့်များနှယ် ဖူးပွင့်လာစေ၏။ ထိုမြင်ကွင်းက နှလုံးသားကို ယိမ်းယိုင်စေပြီး တစ်ချိန်ထဲတွင် မယုံနိုင်စရာ မှင်သက်မိစေ၏။

ကျွီကျွီ

ကျန်းရီက ဆက်လက်ချီတက်နေစဉ် သူ၏ ခန္ဓာကိုယ်က သက်ဖြတ်ခြင်းဆန္ဒများ ထုတ်ဖော်နေ၏။ သူသည် သိုင်းခန်းမကို ဖိနှိပ်နိုင်မလားမသိသော်ငြား သူက မရပ်တန့်ခဲ့ချေ။

သူ၏ ခြေထောက်များက သွေးထွက်နေသေးဆဲ ဖြစ်ကာ မကြာခဏ သူသွေးအန်ရတော့သည်။ ခြေလှမ်းလှမ်းလိုက်တိုင်း အင်မတန် ပြင်းပြသည့် နာကျင်မှုက တစ်ကိုယ်လုံး ပြန့်နှံ့နေပေ၏။ ထိုသို့တိုင် သူက ဂရုမစိုက်ဘဲ ရယ်ရွယ်ချက် တစ်ခုတည်းဖြင့် ဆက်လက်တိုက်ခိုက်နေ၏။ ကျွီထင်ယွီကို ဖမ်းပြီး သူမကို တတ်နိုင်သမျှ ညှဉ်းပန်းနှိပ်စက်ပြီးနောက် သတ်ပစ်မှာပဲ ဖြစ်သည်။

သူသည် အရှက်ခွဲဲ၊ အနိုင်ကျင့်ရမည်ကို မနှစ်ခြိုက်၊ အမျိုးသမီးများကို သတ်ဖြတ်ရသည်ကိုလည်း သဘောမကျပေ။ သို့သော် ကျီထင်ယွီက သူ့ကို အင်မတန် ဒေါသထွက်စေခဲ့သည်။ သူ့ဘဝတွင် တစ်စုံတစ်ယောက်ကို ထိုမျှ မုန်းတီးပြီး သတ်ပစ်ချင်တာမျိုး မဖြစ်ခဲ့ဖူးပေ။

တစ်နာရီခန့်ကြာပြီးနောက် သိုင်းခန်းမ တစ်ဝိုက် အရံအတားက လေးနေသေးဆဲ ဖြစ်ကာ ကျန်းရီက သွေးထွက်လွန်မှုနှင့် စွမ်းအင်များ အလွန်အကျွံသုံးစွဲမှုတို့ကြောင့် ဖြစ်ဟန်တူသည်။ ဖြူရော်လာပေ၏။ ကျန်းပိုင်လီ၏ သေခြင်းတရားအပြင် သူက အင်မတန် စိတ်ပျက် အားငယ်နေရာ သူ၏ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ အားအင် ကုန်ခန်းစေ၏။

သူက တိုက်ခိုက်တာ မရပ်တန့်ခဲ့ပေ။ သတ်ဖြတ်ခြင်းဆန္ဒထုတ်ဖော်တာကိုလည်း ရပ်တန့်ခဲ့ခြင်း မရှိ။ ဆေးလုံးအချို့ကို ထုတ်ပြီးနောက် ပါးစပ်ထဲ သွေးပါရောလျက် မျိုချလိုက်တော့သည်။

တစ်နာရီခန့် ကြာပြီးနောက် အရံအတားသည် မထိုးဖောက်နိုင် ဖြစ်ပုံရပြီး ကျန်းရီက သိသိသာသာ အားနည်းလာတော့၏။ နှစ်နာရီကျော် တိုက်ပွဲဝင်ပြီးနောက် သူ၏ စိတ်ကလည်း စတင် ကြည်လင်လာခဲ့ပြီ ဖြစ်သည်။ သူ့လက်ထဲရှိ ဧကရီ နန်းတော်က ကူးပြောင်းလာပြီး စတင် လင်းထိန်လာကာ ကောင်းကင်ထဲ မြောက်တက်လာတော့၏။ မကြာမီ၌ တံခါးပွင့်လာပြီး ဧရာမ သားရဲတစ်ကောင်က မြေပြင်ပေါ်၌ ပေါ်ထွက်လာတော့သည်။

ကျန်းရီ၏ မျက်လုံး၌ အေးတိအေးစက် အလင်းများဖြင့် တဖျက်ဖျက်လက်နေသည်။ သူက အော်ပြောလိုက်တော့၏။

“ယာ့ဇီသားရဲ အခု သိုင်းခန်းမကို တိုက်ခိုက်တော့”

သူမည်မျှ အခြေအနေ ဆိုးဝါးနေသည်ကို မြင်ပြီးနောက် ယာ့ဇီ သားရဲသည် တစ်စုံတစ်ခု ပြောချင်ခဲ့သည်၊။ သို့သော် ကျန်းရီ၏ ဒေါသတကြီး အော်ဟစ်သံကြောင့် နှောက်ယှက်ခံလိုက်ရ၏။

“မင်းနားကန်းနေလား။ အခုတိုက်ခိုက်”

“ဝေါင်း”

ယာ့ဇီသားရဲက မကျေမချမ်း ညည်းတွားလိုက်သော်ငြား ထိုမျှ ဒေါသထွက်နေပြီး ဖြစ်သည့် ကျန်းရီကို ထပ်မပြောရဲတော့ချေ။ ထိုအစား သူ၏ ဦးချိုက လင်းထိန်လာပြီးနောက် အရံအတားဆီသို့ အလင်းစီးကြောင်းအဖြစ် တိုက်ခိုက်တော့သည်။

ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒက ထုတ်လွှတ်နေသေးဆဲ ဖြစ်ကာ။ ယာ့ဇီသားရဲကိုလည်း ထိခိုက်စေလောက်သည်မှာ ကျန်းရီနှင့် သူက အချိန်တချို့ကုန်ဆုံးခဲ့ရာ တစ်နည်းအားဖြင့် ဆိုလျှင် ဝိညာဉ်သားရဲ ဖြစ်နေပြီပင်။ ထို့အပြင် မလှုပ်ရှားဘဲ နတ်ဆိုးသားရဲသိုင်းကိုသာ ထုတ်ဖော်နိုင်ပြီး ပစ်မှတ်ကား သိုင်းခန်းမ ဖြစ်ပေ၏။ ပစ်မှတ်က ကျန်းရီသာဆိုလျှင် နတ်ဆိုးသိုင်းကို ထုတ်ဖော်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပေ။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွား၏။ အရံအတား၏ ရောင်ခြည်က စတင် မှိန်ဖျော့လာခဲ့ပြီ ဖြစ်သည်။ ကျန်းရီက သူ၏ အခွင့်အရေးကို မြင်သောအခါ အရံအတားကို ပြင်းထန်စွာ တိုက်ခိုက်တော့၏။

ဗီး

ထိုစဉ်သိုင်းခန်းမ တစ်ခုလုံး တုန်လှုပ်သွားပြီးနောက် အလင်းတန်းက ခန်းမဆောင်၏ ခေါင်မိုးကို ဖောက်လျက် ကောင်းကင်ထဲသို့ ရောက်သွားတော့သည်။

ထိုအလင်းတန်းက ကျန်းရီနှင့် အတော်လေး ရင်းနှီးနေပေ၏။ သူက သူ့နားတစ်ဝိုက်တွင် လှုပ်ခါနေသော လေဟာနယ် အပိုင်းအစကို ခံစားမိသည်။ သွေးနီရောင် မျက်ဝန်းများက တဖျက်ဖျက် လက်နေလျက် သူ၌ ကြောက်မက်ဖွယ် အမူအရာမျိုး ရှိနေသည်။

သူက အော်ပြောလိုက်တော့၏။

“ကျီထင်ယွီ မင်းက ထွက်သွားတော့မလို့လား၊ မင်းတို့ ကျီဂိုဏ်းတစ်ခုလုံးကို ငါသတ်ဖြတ်နိုင်တယ်ဆိုတာ မင်းယုံလား”

ယင်းက ပို့ဆောင်ရေး အစီအရင်ကြောင့် ဖြစ်ပေါ်လာသည့် အလင်းတန်း တစ်ခု ဖြစ်၏။ လေထဲရှိ ပြင်းထန်သော ကြိမ်နှုန်းအာနိသင်ကို အကဲဖြတ်ကြည့်လျှင် ကျီထင်ယွီ အသက်သွင်းထားသည့် ပို့ဆောင်ရေး အစီအရင်က အင်မတန် ဝေးကွာသည့် နေရာသို့ ရွှေ့ပြောင်းပေးမှာ သေချာပေ၏။

ဤနေရာက သိုင်းခန်းမ ဖြစ်သည်။ ထို့ကြောင့် ပို့ဆောင်မှုက နယ်မြေပေါ်ရှိ မြို့များဆီ မဟုတ်တာ သေချာပေ၏။ အခြားသော နယ်မြေကို ပို့ဆောင် ဖြစ်နိုင်ပြီး အစစ်အမှန် ပင်မသိုင်းခန်းမဆောင်ကိုတောင် ဖြစ်နိုင်ပေ၏။

“ယာ့ဇီသားရဲ မြန်မြန်တိုက်ခိုက်”

သိုင်းခန်းမ လှုပ်ခါနေတာကို ကြည့်ပြီး အလင်းတန်းတို့က ပိုတောင် အတက်အကျ မြန်လာတော့သည်။ ကျန်းရီက ထူးဆန်းနေပေ၏။ ကျန်းရီက ဗျာများနေပေသည်။ ယခုအခေါက် ကျီထင်ယွီ လွတ်မြောက်သွားခဲ့လျှင် ဤဘဝ၌ သူမကို ဘယ်တော့မှ သတ်နိုင်တော့မှာ မဟုတ်ပေ။ သူက ဒေါသတကြီး ထပ်အော်လိုက်၏။

“ကျီထင်ယွီ မင်းထွက်ပြေးရဲရင် မင်းအဖေ ကျီထျန်းရဲ့ အလောင်းကို ယူလာပြီး ကောင်းကင် တောင်ပံမြို့မှာ ရက်တစ်ရာ ချိတ်ဆွဲထားမယ်လို့ ငါကျိန်ဆိုတယ်”

“ခစ်ခစ်...”

ရုတ်တရက်တွင် သိုင်းခန်းမ၏ နက်နဲသော အပိုင်းထဲမှ သာယာငြိမ့်ညောင်းသော အသံ တစ်သံက ပေါ်ထွက်လာပြီး အသူရာ ချောက်ကမ်းပါး တစ်ခုလုံး ပြန့်သွားတော့သည်။

“ကျန်းရီ ငါ့ကို ခြိမ်းခြောက်ဖို့ မကြိုးစားနဲ့။ ရှင် ကျွန်မ အဖေကို သတ်မှာ မဟုတ်ဘူး။ ရှင်က အဲဒီလို လူမျိုး မဟုတ်ဘူး။ ဒါက ရှင့်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်ရာ ရောက်လိမ့်မယ်။ ဒါ့အပြင် ကျွန်မ အဖေက ရှင့်ကို အဲဒီတုန်းက မျက်နှာသာ ပေးခဲ့တာပဲ။ ဒီလိုဆိုရင်တောင် ကျွန်မက ရှင်ချစ်မြတ်နိုးရတဲ့ အမျိုးသမီးကို တစ်ပါတည်း ခေါ်သွားမှာ။ ကျွန်မရဲ့ ဂိုဏ်းသားတွေကို ထိရဲတယ်ဆိုရင် နောက်ဆက်တွဲကို သူခံစားရမယ်”

ကျီထင်ယွီ၏ အသံ မှိန်ဖျော့သွားသည်နှင့် ကျန်းရီ၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေသည့် အသံ တစ်သံက ပဲ့ထင်ထွက်လာသည်။ ယင်းက စုလောရွှယ်၏ အသံ ဖြစ်သည်။

စုလောရွှယ်က ထပ်မပြောနိုင်သေးခင် သူမက သိပ်သွား၏။

ကျီထင်ယွီက ဆက်ပြောသည်။

“ကျန်းရီ ဒီတစ်ခေါက် ရှင်နိုင်တယ်။ ဒါပေမဲ့ နှစ်ပတ်အတွင်းမှာ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တွေက ကောင်းကင် ကြယ်တာရာ မြို့ကိုရောက်လာမှာ။ ရှင်မထွက်သွားသေးရင် သေမှာပဲ။ ဒီပို့ဆောင်ရေး အစီအစဉ်က အရှေ့ပိုင်းတော်ဝင် နယ်မြေအတွက်ပဲ ဆိုတာ ရှင့်ကို ပြောနိုင်တယ်။ ရှင်က လက်စားချေပြီး စုလောရွှယ်ကို ကယ်ချင်တယ်ဆိုရင် အဲဒီကိုသွား။ ရှင့်ကို ဒုတိယ အကြိမ် ကျွန်မ မရှုံးစေရဘူးလို့ ကျွန်မ ကတိပေးတယ်”

ဖုန်း

သိုင်းခန်းမက ကြမ်းတမ်းစွာ လှုပ်ခါသွားပြီး မြေပြင်က တုန်လှုပ်လာ၏။ တစ်ချိန်တည်းတွင် အရံအတား ပျက်ဆီးသွားခဲ့သည်။ လက်တစ်ဖက်ဖြင့် ရိုက်ချလိုက်ပြီး ကျန်းရီက သိုင်းခန်းမဆောင်၏ တံခါးများကို ဖျက်ဆီးလိုက်၏။ သူအထဲသို့ ဝင်သွားချိန်၌ ကျီထင်ယွီက စုလောရွှယ်ကို ဆုပ်ကိုင်ထားပြီး ပင်မခန်းမဆောင်ထဲရှိ ပို့ဆောင်ရေး အစီအရင်ထဲ၌ ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။

“လောရွှယ်”

ကျန်းရီက ရူးသွပ်စွာ အော်ဟစ်လိုက်ပြီးနောက် ပို့ဆောင်ရေး အစီအရင်ဆီ အရှိန်ပြင်းပြင်းသွားလျက် အစီအရင်ကို ဖမ်းဆုတ်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိုနေရာသို့ ရောက်သည့် အချိန်၌ ဗလာကျင်းနေပြီးသူက မောပမ်းမှုကြောင့် ပြိုလဲသွားတော့၏။

“ကျီထင်ယွီ၊ ကျီထင်ယွီ ငါကျန်းရီက မင်းကို သတ်ဖို့ ကျိန်ဆိုတယ်။ ငါနောက်ဆုံး လုပ်နိုင်မဲ့ အလုပ်ဖြစ်ခဲ့ရင်တောင် မင်းကို သတ်မယ်လို့ ကျိန်ဆိုတယ်”

ကျန်းရီက မဖြေသိမ့်နိုင် ဖြစ်နေ၏။ သူ၏ စူးရှသော အော်သံက သိုင်းခန်းမဆောင် တစ်ခုလုံးပဲ့တင်သံ ထပ်သွားပြီး ဟိန်းထွက်သွားပြီး အသူရာ ချောက်ကမ်းပါးကို ပျံသန်းလျက် ကောင်းကင်နှင့် မြေကြီးဆီပဲ့တင်သံထပ်ကာ လေထဲ၌ ဆက်လက် ထွက်ပေါ်နေစေသည်။

“သခင် သခင်လေး”

“ခေါင်းဆောင်”

“ရှောင်ရီ”

အခန်းတိုင်းမှ အသံက ပေါ်ထွက်လာ၏။ သူ၏ ကောင်းကင် စိတ်အာရုံကို အသုံးပြုလိုက်ပြီး ကျန်းရီက အခန်းဆီ ဦးတည်သွားလိုက်တော့၏။

အခန်းနား တဝိုက်ရောက်သည့် အချိန်တွင် ကျန်းရှောင်နူ၊ ကျန်းယင်ဟိုင်၊ ကျန်းဝူရွှမ်း၊ ချန်ဝမ်ကွမ်နှင့် ယိုဖေးတို့ မြေကြီးပေါ်တွင် လဲနေတာကို တွေ့လိုက်ရသည်။ သူတို့က အားနည်းပြီး မောပန်းနွမ်းနယ်နေ၏။ သူတို့က ဆေးတစ်မျိုး အကျွေးခံထားရတာကြောင့် ဖြစ်ဟန်တူသည်။ သူတို့က ကျန်းရီ မည်မျှ အခြေအနေ စိုးဝါး နေကြောင်းမြင်သောအခါ လူတိုင်း၏ မျက်ဝန်းထဲ၌ မျက်ရည်စများတောက်နေတော့သည်။

“အဘိုး၊ ရှောင်နူ၊ အစ်ကိုဝူရွှမ်း၊ အားလုံးပဲ တောင့်ခံထားကြ။ ဒီခန်းမတိုင်းက လူတိုင်းကို ကျွန်တော်သတ်ပစ်မယ်”

ကျန်းရီက ကောင်းကင် စိတ်အာရုံကို အသုံးပြုလိုက်ရာ သိုင်းခန်းမဆောင်က အလွန်ကြီးမားကြောင်း သဘောပေါက်သွားသည်။ ထိုစဉ် အတွင်းခြံဝန်းထဲ၌ အနည်းဆုံး လူထောင်ချီ ပြည့်နေပေသည်။ သူတို့ထဲတွင် တုကူချိုး၏ သမီး သိုင်းခန်းမ၏ နတ်မိမယ် တုကူရန် ရှိနေပေ၏။

ကျန်းရီ၏ ရင်ထဲ အမျက်ဒေါသများ ပြည့်နေရာ ကောင်းကင်ကိုတောင် မီးမြှိုက်နိုင်ပေသည်။ ကျီထင်ယွီက ထိုလူများကို မခေါ်သွားခဲ့သောကြောင့် ထိုလူများသည် သူဒေါသဖောက်ထွက်ရာ ဖြစ်ရပေမည်။

“ဝှစ်”

ကျန်းရီက မြေကြီးကို ရိုက်ချလိုက်ရာ ပေါက်ကွဲအားသည် အတွင်းခြံဝန်းဆီသို့ ကင်းမြီးကောက်သဖွယ် ပြန့်ကားသွားပြီးနောက် သူ၏ လက်က အစိမ်းရင့်ရင့် ရောင်ခြည်များဖြင့် တောက်ပလာတော့သည်။ ပေါ်ပေါက်လာသည်နှင့် ကျန်းရီက ဘုံကိုးဘုံ၏ နဂါးမီးလျှံကို ဆင့်ခေါ်ကာ သူတို့ဆီ မီးပင်လယ်ပို့ဆောင်ရန် အသင့်ပြင်လိုက်၏။

တုကူရန်က စိတ်ဝိညာဉ်မျောလွင့်ခရီးကို အမြင့်ဆုံးအဆင့် သိုင်းပညာရှင် များစွာ ဝန်းရံခံထားရ၏။ သူတို့က တစ်ချက်လေးမှတောင် မလှုပ်နိုင်ပေ။ ကျန်းရီ သူမဆီ အရှိန်ပြင်းပြင်းဝင်ရောက်လာတာကို မြင်သောအခါ သူမက အလွန်ဖြူရောနေ၏။ သူမ စကားမပြောနိုင်သည့်တိုင် အသံ တစ်သံတော့ ပို့ဆောင်ပေး၏။

“ငါ့ကို မသတ်ပါနဲ့ ကျန်းရီ ငါ့ရဲ့ အသတ်ကို ချမ်းသာပေးမယ်။ ဘာမဆိုလုပ်နိုင်တယ်။ ငါ့မှာ ရှားပါးတဲ့ ဆွဲငင်ခြင်းဝိညာဉ်ခန္ဓာရှိပြီး အကောင်းဆုံး အမြွှာခန္ဓာ မီးပြင်းဖိုရှိတယ်။ ငါ့မှာ လက်နက်ဆယ်မျိုးရှိပြီးသား”

“ကျော်ကြားတဲ့ လက်နက်လား”

ကျန်းရီက ဒေါသတကြီး အော်လိုက်ပြီးနောက် လက်ဝါးရိုက်ချက်များ ဆက်တိုက် ပို့လွှတ်လိုက်ရာ သူ့ရှေ့ရှိ အရာအားလုံးကို မီးပင်လယ်ထဲ လောင်မျိုက်သွားစေ၏။

***

All Chapters