← Chapters

အခန်း (၂၅၂)

Vol. 26 Ch. 252

အခန်း (၂၅၂)

Vol. 26 Ch. 252

ဤကဲ့သို့ ထူးဆန်းသော လေထုအခြေအနေကြားတွင် ရှန်းချန်ကောသည် မြင့်မြတ်မင်းဆက်သို့ သွားရောက်လည်ပတ်ပြီး ကျင့်ကြံအားထုတ်လိုကြောင်း ပြောဆိုလိုက်လေသည်။

နောက်ဆုံးတွင် လူအများ၏နားမလည်နိုင်သော အကြည့်များအောက်၌လော့ယွင်ရှီးက ခေါင်းညိတ် သဘောတူလိုက်ချေ၏။

ရှန်းချန်ကောသည် သူတော်စင်နတ်ဘုရားကျောင်းတော်မှ ထွက်ခွာခဲ့ပြီး ဝတ်ရုံနက်အဖွဲ့အစည်းဆီသို့ ပြန်လာခဲ့ပေသည်။

သုံးရက်ကြာပြီးနောက်

ဖုန်းလင်းတန်သည် တစ်ဖန် ပြန်လည် ရောက်ရှိလာပြီး ဝတ်ရုံနက် အဖွဲ့အစည်း၏ခန်းမဆောင်ထဲတွင် ရှန်းချန်ကောနှင့် တွေ့ဆုံလေသည်။

ခန်းမဆောင်၏အောက်ဘက်တွင် ဖုန်းလင်းတန်သည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး ရှန်းချန်ကောကို ကြည့်ကာ ပြုံးလျက် မေးလိုက်ချေ၏။

"သုံးရက်တောင် ကုန်ဆုံးသွားပြီပဲ... ဒသမမြောက် သူတော်စင်နတ်ဘုရား ဘယ်လို အခြေအနေ ရှိလဲဆိုတာ သိချင်မိသား..."

စကားဆုံးပြီးနောက် သူသည်ငြိမ်သက်စွာစောင့်ဆိုင်းနေလိုက်လေသည်။

အရှေ့ဘက်ကောင်းကင်ဒေသမှ သူကြားသိထားရသော သတင်းများအရ ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောသည် ချော့ပြောလျှင် ရသော်လည်း ခြောက်ပြော၍ မရသူ ဖြစ်ကြောင်း သိထားရပေသည်။

ထို့ကြောင့် သူသည် အစမှအဆုံး ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် လွန်ခဲ့သောသုံးရက်က သူထွက်ခွာသွားခဲ့ခြင်းမှာ ရှန်းချန်ကောကို စဉ်းစားချိန် ပေးရန်အတွက်သာမက ရှန်းချန်ကော အနေဖြင့် ဤကိစ္စကို သူတော်စင်နတ်ဘုရား အသင်းအဖွဲ့ထံ သေချာပေါက် တင်ပြလိမ့်မည် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်ပေသည်။

မြင့်မြတ်မင်းဆက်၏သူတော်စင်ဘုရင်က သူတော်စင်နတ်ဘုရားကျောင်းတော်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းလိုသော ဆန္ဒကို ရှန်းချန်ကော အနေဖြင့် သူတော်စင်သခင်မထံ တင်ပြပြီးလောက်ပြီဟု သူ ယုံကြည်ထားလေသည်။

ယနေ့တွင် သူ အဖြေရတော့မည် ဖြစ်ချေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းလင်းတန်၏ အကြည့်အောက်၌ ရှန်းချန်ကောက ပြုံးပြီး ပြောလိုက်လေသည်။

"ဘုရင်ကြီးရဲ့ရည်ရွယ်ချက်ကို သူတော်စင်သခင်မဆီ ကျွန်တော် တင်ပြပြီးပါပြီ... သူတော်စင်ဘုရင်ရဲ့စေတနာကောင်းအတွက် တောင်းပန်ပါတယ်လို့ပဲ ပြောရတော့မှာပါ..."

သူတော်စင်နတ်ဘုရား အသင်းအဖွဲ့ကို ပေါင်းစည်းလိုသည့် မြင့်မြတ်မင်းဆက်၏ဆန္ဒကို သူတော်စင်သခင်မက ငြင်းပယ်လိုက်ကြောင်း ရှန်းချန်ကောသည် တဲ့တိုးကြီး မပြောခဲ့ဘဲ ပါးနပ်စွာ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

ဖုန်းလင်းတန်သည် ဉာဏ်ကောင်းသူ တစ်ဦး ဖြစ်သဖြင့် သူဆိုလိုသည်ကို နားလည်သဘောပေါက်မည်ဟု ရှန်းချန်ကော ယုံကြည်လေသည်။

သိပ်ပြီး ရှင်းပြနေစရာ မလိုချေ။

ဖုန်းလင်းတန်သည် ထိုစကားကို ကြားသောအခါ ပြုံးနေဆဲပင် ဖြစ်လေသည်။

သူက ခေါင်းညိတ်ပြီး ဝမ်းနည်းဟန်ဖြင့် သက်ပြင်းချလိုက်၏။

"တကယ် နှမြောစရာပါပဲ... သူတော်စင်နတ်ဘုရားကျောင်းတော်ရဲ့အင်အားနဲ့ဆိုရင် မြင့်မြတ်မင်းဆက်ထဲမှာတောင် အရမ်းအစွမ်းထက်တဲ့ အင်အားစု ဖြစ်လာနိုင်တာကိုး... ပြီးတော့ အရှေ့ဘက်ကောင်းကင်ရဲ့အပြင်ဒေသမှာ ထိပ်ဆုံး ဖြစ်နေတာက မဟာပျက်စီးခြင်းနယ်မြေရဲ့နက်ရှိုင်းတဲ့ နေရာက ကျယ်ပြောတဲ့ ကမ္ဘာကြီးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးပါဘူး..."

အနည်းငယ် ရပ်နားပြီးနောက် သူက ဆက်ပြောလိုက်လေသည်။

"မြင့်မြတ်မင်းဆက်ရဲ့ကိစ္စကတော့ ပြီးသွားပါပြီ... ဖုန်းမိသားစုက ဒသမမြောက် သူတော်စင်နတ်ဘုရားကို မြင့်မြတ်မင်းဆက်ဆီ လာဖို့ ဖိတ်ခေါ်တာကိုရော ဘယ်လို သဘောရပါသလဲ..."

ဖုန်းလင်းတန် စကားဆုံးသည်နှင့်ရှန်းချန်ကော၏ မျက်နှာထားမှ တစ်စုံတစ်ခုကို ရှာဖွေဖတ်ရှုလိုသည့်အလား စိုက်ကြည့်နေလေသည်။

သို့သော် သူ စိတ်ပျက်သွားရချေ၏။

ရှန်းချန်ကော၏မျက်နှာထားသည် အစမှအဆုံး တည်ငြိမ်လွန်းလှပြီး လှိုင်းတံပိုးမရှိသော ပင်လယ်ပြင်ကဲ့သို့ ဖြစ်နေပေသည်။

ဤအချက်က ဖုန်းလင်းတန်ကို ရှန်းချန်ကောအား ပိုမို အလေးထားမိစေလေသည်။

အံ့မခန်း ပါရမီရှင်များ များပြားလှသော်လည်း ထိုအထဲမှ အများစုမှာ မိမိတို့၏ပါရမီကို အားကိုးပြီး မာနထောင်လွှားတတ်ကြလေသည်။

နောက်ဆုံးတွင် သူတို့သည် အင်အားကြီးလာမည့် လမ်းကြောင်းထက်၌ဝမ်းနည်းဖွယ်ရာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားကြရစမြဲ ဖြစ်ပေသည်။

ရှန်းချန်ကော၏ပါရမီနှင့် စိတ်နေသဘောထားကိုမူ ထူးချွန်သည်ဟု မှတ်ယူနိုင်ပေသည်။ မြင့်မြတ်မင်းဆက်ထဲတွင်ပင် သူသည် မျိုးဆက်သစ် လူငယ်များကြား၌ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ချေ ရှိလေသည်။

ထိပ်တန်း မိသားစုကြီး ဆယ်ခု၏အမွေဆက်ခံသူများနှင့် ယှဉ်နိုင်သည့် အနေအထားမျိုး ဖြစ်ပေသည်။

"ဖုန်းမိသားစုရဲ့စေတနာကို ကျေးဇူးတင်ပါတယ်... ဖုန်းမိသားစုက ဒီလောက် သဘောကောင်းမနောကောင်းနဲ့ ဖိတ်ခေါ်မှတော့ ကျွန်တော် ဘယ်လိုလုပ် ငြင်းရက်ပါ့မလဲ..."

ရှန်းချန်ကော၏ခန့်ညားသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်လေသည်။

"အစ်ကိုဖုန်းနောက် လိုက်ပြီး မြင့်မြတ်မင်းဆက်ရဲ့ စည်ကားဝေဆာမှုကို ခံစားကြည့်ချင်ပါတယ်... မြင့်မြတ်မင်းဆက်ရဲ့ဂုဏ်ယူရတဲ့ သားတော်ရဲ့ ပြိုင်ဘက်ကင်း ကျက်သရေကိုလည်း မြင်တွေ့ရတာပေါ့..."

ရှန်းချန်ကော စကားကြောင့် ဖုန်းလင်းတန် ပြုံးလိုက်လေသည်။

"ကောင်းတာပေါ့..."

"ကျွန်တော်တို့ ဘယ်တော့ ထွက်ကြမလဲ..."

ဖုန်းလင်းတန်က မေးလိုက်၏။ သူ၏လေသံသည် ယခင်ကထက် ပိုမို နူးညံ့ပျော့ပျောင်းလာချေ၏။

သူ စိတ်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။

သူသည် သူ၏ပြိုင်ဘက်ကင်း ပါရမီအပေါ် အမြဲ ဂုဏ်ယူခဲ့ပြီး ဖုန်းမိသားစု၏ပါရမီအရှိဆုံး အမွေဆက်ခံသူများထဲမှ တစ်ဦး ဖြစ်ပေသည်။

ယခုတစ်ကြိမ် ဤနေရာသို့ သူ ရောက်လာရခြင်းမှာ အကြောင်းရင်း နှစ်ချက် ရှိလေသည်။

တစ်ချက်မှာ မြင့်မြတ်မင်းဆက်၏သံတမန်အဖြစ် ဆောင်ရွက်ပြီး သူတော်စင်ဘုရင်၏အမိန့်တော်ကို ပေးပို့ရန် ဖြစ်သည်။

အမှန်တကယ်တော့ သူ မလာခင်ကတည်းက ဤကိစ္စအတွက် စိတ်ပြင်ဆင်ထားပြီး ဖြစ်လေသည်။

သူတော်စင်နတ်ဘုရားကျောင်းတော် အနေဖြင့် သဘောတူလိမ့်မည် မဟုတ်ကြောင်း သူ ခန့်မှန်းမိပေသည်။

ထိုသို့ မဟုတ်ပါက သူတို့သည် ယခင် သံတမန် ကုလင်းဖန်ကို သတ်ဖြတ်ခဲ့မည် မဟုတ်ချေ။

ဒုတိယ အချက်မှာ ကုလင်းဖန်ကို သတ်ဖြတ်ခဲ့သော သူကို မြင့်မြတ်မင်းဆက်သို့ ဖိတ်ခေါ်ရန် ဖြစ်လေသည်။

သူသည် တာဝန်နှစ်ခုအနက် တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။

သို့မဟုတ်ပါက သူတစ်ယောက်တည်း မြင့်မြတ်မင်းဆက်သို့ ပြန်သွားလျှင် သူ့အတွက် ဆုံးရှုံးမှု မရှိသော်လည်း ကောင်းကင်ဘုရင်၏အထင်ကြီးမှုကို လျော့နည်းသွားစေမည်မှာ သေချာလှလေသည်။

အနာဂတ်တွင် ကောင်းကင်ဘုရင် ရာထူးကို ဆက်ခံရန် သူ့အတွက် အတားအဆီးများ ပိုမို များပြားလာစေနိုင်ပေသည်။

ကလန်တစ်ခုတည်း အတွင်း၌ပင် အမွေဆက်ခံသူများကြား ပြိုင်ဆိုင်မှုသည် အလွန် ပြင်းထန်လှပြီး ဖုန်းကလန်ကဲ့သို့ ထင်ရှားကျော်ကြားသော ကလန်ကြီးမျိုးတွင်ဆိုလျှင် အမွေဆက်ခံသူများကြား ပြိုင်ဆိုင်မှုသည် လူအများ၏ စိတ်ကူးယဉ်မှုထက်ပင် ကျော်လွန်နေတတ်ချေသည်။

"ကျွန်တော် စီစဉ်စရာရှိတာလေးတွေ စီစဉ်ပြီးရင် ထွက်ခွာကြတာပေါ့..."

ရှန်းချန်ကောက ပြန်ဖြေလိုက်လေသည်။

သူတော်စင်နတ်ဘုရား အသင်းအဖွဲ့အတွက် သူ စိတ်ပူစရာ မလိုသော်လည်း သူသည် ဝတ်ရုံနက် ခေါင်းဆောင် ဖြစ်နေသဖြင့် သဘာဝကျစွာပင် စီစဉ်စရာများ ရှိနေပေသည်။

"ဒါဆိုရင်လည်း အစ်ကိုရှန်း... ကျွန်တော့်ကို ဂရုစိုက်မနေပါနဲ့... ခင်ဗျား စီစဉ်စရာရှိတာတွေ ပြီးမှပဲ ကျွန်တော်တို့ ထွက်ခွာကြတာပေါ့..."

ဖုန်းလင်းတန်က ခေါင်းညိတ်လိုက်လေသည်။

သူ အလောတကြီး မဖြစ်နေပေ။ သူ၏ အပြောအဆိုနှင့် အပြုအမူများသည် လူကြီးလူကောင်းတစ်ပါး၏စရိုက်လက္ခဏာကို ပြသနေချေ၏။

"ကောင်းပါပြီ... အစ်ကိုဖုန်း ခဏလောက် စောင့်ပေးပါ..."

ရှန်းချန်ကောက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူသည် ပင်မ ခန်းမဆောင်မှ ထွက်ခွာသွားပြီး ကျန်းလျိုယွီကို ဆင့်ခေါ်လိုက်လေသည်။

ရှန်းချန်ကောသည် ဝတ်ရုံနက်ဘိုးဘေးကို သတ်ဖြတ်ပြီး ဝတ်ရုံနက် အဖွဲ့အစည်းကို လွှဲပြောင်းယူခဲ့ချိန်မှစ၍ ကျန်းလျိုယွီသည် အဖွဲ့အစည်းသို့ ပထမဆုံး ဝင်ရောက်လာသူ ဖြစ်လေသည်။

သူသည် ရှန်းချန်ကော၏ယုံကြည်မှုကို ရရှိထားပြီး ယခုအခါ အဖွဲ့အစည်း၏ဒုတိယ ခေါင်းဆောင် ဖြစ်နေချေပြီ။

သို့မဟုတ်ပါကလည်း သူသည် ဝတ်ရုံနက်၏ ဒုတိယ ခေါင်းဆောင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ပင်မ ခန်းမဆောင် ဘေးရှိ ခန်းမဆောင်ငယ် တစ်ခုထဲတွင် ရှန်းချန်ကောသည် ကျန်းလျိုယွီကို ဆင့်ခေါ်လိုက်ရာ ချက်ချင်း ရောက်ရှိလာလေသည်။

"ငါ မြင့်မြတ်မင်းဆက်မှာ ခရီးသွားပြီး ကျင့်ကြံဖို့ မဟာပျက်စီးခြင်း နယ်မြေရဲ့ အတွင်းပိုင်း နေရာကို သွားတော့မယ်... ငါ ထွက်သွားပြီးရင် ဝတ်ရုံနက် အဖွဲ့အစည်းရဲ့ကိစ္စရပ်တွေ အားလုံးကို မင်း တာဝန်ယူရမယ်... ငါ ပြန်လာတဲ့အခါ ဝတ်ရုံနက် အဖွဲ့အစည်းကို ပုံစံသစ်နဲ့ မြင်တွေ့ရမယ်လို့ မျှော်လင့်တယ်..."

ရှန်းချန်ကော၏မျက်နှာထားသည် လေးနက်နေပြီး အောက်ဘက်ရှိ ကျန်းလျိုယွီကို ကြည့်ကာ ပြောလိုက်လေသည်။

သူ့မျက်နှာထား လေးနက်သော်လည်း သူ့လေသံမှာ အလွန် နူးညံ့သိမ်မွေ့ပြီး အမိန့်ပေးနေသကဲ့သို့ မဟုတ်ချေ။

"မြင့်မြတ်မင်းဆက်ကို သွားမလို့လား..."

ကျန်းလျိုယွီ ခေတ္တမျှကြောင်အသွားပြီးနောက် သူ့မျက်လုံးများတွင် တောင့်တမှုများ ပေါ်လာလေသည်။

"မဟာပျက်စီးခြင်း နယ်မြေရဲ့အတွင်းပိုင်း နေရာက မြင့်မြတ်မင်းဆက်ရဲ့ ကမ္ဘာလေ... အဲဒီမှာ အရမ်း စည်ကားပြီး အလှပဂေးတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ ကြားဖူးတယ်... ခေါင်းဆောင်... နောက်ကျရင် ကျွန်တော့်ကိုလည်း အဲဒီကို ခေါ်သွားပြီး ဗဟုသုတတိုးပွားအောင်လုပ်ပေးဦးနော်..."

မဟာပျက်စီးခြင်း နယ်မြေ၏အတွင်းပိုင်း နေရာသည် ဤကမ္ဘာ၏အချက်အချာကျသော နေရာ ဖြစ်လေသည်။

အရှေ့ဘက်ကောင်းကင် ဒေသသည် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဒေသ ဖြစ်သဖြင့် သဘာဝကျစွာပင် အတွင်းပိုင်းနှင့် ယှဉ်နိုင်မည် မဟုတ်ပေ။

"ကောင်းပြီ... နောက်ကျရင် မြင့်မြတ်မင်းဆက်က အလှပဂေးတွေရဲ့ဆွဲဆောင်မှုကို ခံစားဖူးအောင် မင်းကို ခေါ်သွားပေးပါ့မယ်..."

ရှန်းချန်ကောသည် ကျန်းလျိုယွီကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ရယ်မောကာ စနောက်လိုက်လေသည်။

ရှန်းချန်ကောသည် ပြောပြီးသည်နှင့် ခန်းမဆောင်ငယ်ထဲမှ ချက်ချင်း ထွက်ခွာသွားလေသည်။

မကြာမီတွင် ဝတ်ရုံနက်အဖွဲ့အစည်းထဲမှ ပုံရိပ်နှစ်ခုသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး အနောက်ဘက် အရပ်ဆီသို့ ဦးတည်သွားကြချေ၏။

ဝတ်ရုံနက် အဖွဲ့အစည်းထဲ၌ ကျန်းလျိုယွီသည် ခန်းမဆောင်ထဲမှ ထွက်လာခဲ့လေသည်။

သူသည် ကောင်းကင်ကို မော့ကြည့်ပြီး ထွက်ခွာသွားသော ရှန်းချန်ကော၏ပုံရိပ်ကို ကြည့်ကာ မျက်လုံးထဲတွင် လေးစားအားကျမှုများ ပြည့်နှက်နေပေသည်။

ယခုအခါ သူသည် ယန်နယ်ပယ် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူရဲကောင်းတစ်ဦးဟု သတ်မှတ်နိုင်သော်လည်း ရှန်းချန်ကောကိုမူ လေးစားဆဲပင် ဖြစ်လေသည်။

ရှန်းချန်ကော မထွက်ခွာမီ မှာကြားခဲ့သော အဖွဲ့အစည်းကို ပုံစံသစ်ဖြင့် မြင်တွေ့လိုသည် ဆိုသည့် အမှာစကားနှင့် ပတ်သက်၍...

သူသည် ၎င်း၏နောက်ကွယ်မှ နက်ရှိုင်းသော အဓိပ္ပာယ်ကို နားလည်သဘောပေါက်လေသည်။

အဘယ်ကြောင့်ဆိုသော် ရှန်းချန်ကောသည် သစ္စာရှိပြီး စိတ်ချရသော သူများကို ရွေးချယ် သင်ကြားပေးရန်အတွက် အလွန် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော ကျင့်စဉ်တစ်ခုကို သူ့အား ပေးအပ်ခဲ့သောကြောင့် ဖြစ်ပေသည်။

မပျက်စီးနိုင်သောဗာဂျာရာနတ်ကျင့်စဉ်

All Chapters