← Chapters

ဝါယောဘုရင်

Vol. 26 Ch. 254

ဝါယောဘုရင်

Vol. 26 Ch. 254

သူတော်စင်မြို့တော်ထဲသို့ ဝင်ရောက်ပြီးနောက် ရှန်းချန်ကောသည် ဖုန်းလင်းတန်၏လမ်းညွှန်မှုဖြင့် ဖုန်းကလန် ရှိရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။

ဖုန်းကလန်သည် မြင့်မြတ်မင်းဆက်ရှိ ထိပ်တန်းမိသားစုကြီး ဆယ်ခုအနက် တစ်ခု ဖြစ်ပေသည်။

သူတို့သည် ဂုဏ်ရောင်ပြောင်ပြီး အလွန် ထင်ရှားကျော်ကြားလှချေ၏။ ကလန်အတွင်း၌ ကျွမ်းကျင်သူများစွာ ရှိသလို ခိုင်မာသော အခြေခံအုတ်မြစ်နှင့် ရှည်လျားသော သမိုင်းကြောင်းလည်း ရှိပေသည်။

သူတို့သည် မဟာပျက်စီးခြင်းကမ္ဘာ၏ထိပ်တန်းအင်အားစုများထဲမှ တစ်ခု ဖြစ်လေသည်။

မြင့်မြတ်မင်းဆက်၏ ကလန်ကြီး ဆယ်ခုသည် ကောင်းကင်ဘုရင် ဆယ်ပါး မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

မြင့်မြတ်မင်းဆက် စတင်တည်ထောင်ချိန်မှစ၍ ကောင်းကင်ဘုရင် ဆယ်ပါးသည် မင်းဆက်ကို တည်ထောင်သူ ပထမဆုံး သူတော်စင်ဘုရင်နောက်သို့ လိုက်ပါခဲ့ကြပြီး နောက်ပိုင်းတွင် ကလန်ကြီး ဆယ်ခုအဖြစ် အသွင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်ချေ၏။

ကောင်းကင်ဘုရင် ရာထူးကို ထိပ်တန်းကလန် ဆယ်ခုက မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံလာခဲ့ကြသည်။

မည်မျှကြာအောင် မျိုးဆက်များ ဖြတ်သန်းခဲ့သည်ကို မည်သူမျှ မသိသော်လည်း ထိုကလန်ကြီး ဆယ်ခုသည် ကမ္ဘာလောကနှင့်အတူ ယနေ့တိုင် တည်ရှိနေဆဲပင်။

သူတို့သည် ဆုတ်ယုတ်သွားခြင်း မရှိသည့်အပြင် ပိုမို၍ပင် တောက်ပလာခဲ့ပေသည်။ ကလန်တစ်ခုစီသည် ကောင်းကင်ဘုရင် ရာထူးတစ်ခုစီကို ဆက်ခံထားပြီး အဆုံးမရှိသော နယ်မြေများကို အုပ်ချုပ်နေကြလေသည်။

မြင့်မြတ်မင်းဆက်တွင် သူတော်စင်ဘုရင်သည် အထွတ်အထိပ် ဘုရင်ဖြစ်ပြီး သူတော်စင်ဘုရင်၏ အောက်တွင် ကောင်းကင်ဘုရင် ဆယ်ပါးသည် ခေါင်းဆောင်များ ဖြစ်ကြပေသည်။

ဖုန်းကလန်သည် လက်ရှိ ကောင်းကင်ဘုရင်၏ မိသားစု ဖြစ်လေသည်။

ဖုန်းကလန်၏ဘိုးဘေးကို ပထမဆုံး ကောင်းကင်ဘုရင်က ဝါယောဘုရင်(လေဘုရင်ကအာသီးဘုရင်လိုဖြစ်နေလို့)ဟူသော ဘွဲ့ထူးကို အပ်နှင်းခဲ့ခြင်း ဖြစ်ပေသည်။

ဖုန်းကလန်၏ကောင်းကင်ဘုရင် နန်းတော်ကို သူတော်စင်မြို့တော်တွင် တည်ဆောက်ထားလေသည်။

၎င်းသည် ကျယ်ပြောလှသော ဧရိယာကို လွှမ်းခြုံထားပြီး ခမ်းနားထည်ဝါလှပေသည်။ နန်းတော်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အလွန် သန့်စင်သိပ်သည်းလှသဖြင့် အရည်အဖြစ်သို့ပင် ပြောင်းလဲတော့မည့် အလား ရှိနေပေသည်။

ထိုမျှမက နန်းတော်သည် ကျင့်ကြံခြင်းအတွက် မြင့်မြတ်သောမြေတစ်ခုနှင့် တူလှ၏။ နန်းတော်အတွင်း၌နတ်ငှက်များနှင့် ထူးဆန်းသော သားရဲများ ရှိနေသလို ဝိညာဉ်တောင်တန်းများလည်း နေရာအနှံ့ ရှိနေပေသည်။

ဝိညာဉ်တောင်တန်းများမှ မြင့်မြတ်သော စမ်းရေတွင်းများ စီးဆင်းနေပြီး ရောင်စုံအလင်းတန်းများနှင့် ထူထပ်သော စွမ်းအင်ငွေ့များ ထွက်ပေါ်နေသည်မှာ ကြည့်မဝနိုင်စရာ မြင်ကွင်းတစ်ခုပင် ဖြစ်ချေ၏။

ကောင်းကင်ပလ္လင်ဘုရင်ခန်းမ

၎င်းသည် ဖုန်းကလန်တွင် အကြီးဆုံး ခန်းမဆောင် ဖြစ်ပေသည်။

၎င်းသည် မြင့်မြတ်ပြီး ခန့်ညားလှ၏။

၎င်းသည် ဖုန်းကလန်၏ကိစ္စရပ်များကို ဆွေးနွေးသည့် နေရာဖြစ်သလို ဧည့်သည်တော်များကို လက်ခံတွေ့ဆုံသည့် နေရာလည်း ဖြစ်ပေသည်။

၎င်းသည် အမြင့်ဆုံးသော လေးစားသမှု ပြုခြင်းကို ကိုယ်စားပြုလေသည်။

ယနေ့တွင် ဖုန်းကလန်ရှိ လူများ၏နားမလည်နိုင်သော သံသယအကြည့်များအောက်၌ ကောင်းကင်ပလ္လင်ဘုရင်ခန်းမကို ဧည့်သည်တစ်ဦးကို ဧည့်ခံရန်အတွက် အသုံးပြုခဲ့ပေသည်။

ထိုသူ၏အဆင့်အတန်းသည် အလွန် မြင့်မြတ်ပြီး ထင်ရှားကျော်ကြားရမည်မှာ သေချာလှပေသည်။

ထို့ကြောင့်သာ ဖုန်းကလန်က ကောင်းကင်ပလ္လင်ဘုရင်ခန်းမကို ဧည့်ခံပွဲ နေရာအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ချေ၏။

ဤအရာသည် ကောင်းကင်ဘုရင်မိသားစု၏အမြင့်ဆုံးသော ဧည့်ဝတ်ပြုမှု စံနှုန်း ဖြစ်ပေသည်။

ထိုအချိန်တွင် ကောင်းကင်ပလ္လင်ဘုရင်ခန်းမ အတွင်း၌...

ရှန်းချန်ကောနှင့် ဖုန်းလင်းတန်တို့၏ပုံရိပ်များ ပေါ်လာလေသည်။

"အစ်ကိုရှန်း... ဒါက ကျုပ်တို့ရဲ့ဘုရင်ခန်မပဲ... ဘုရင်ကို အကြောင်းကြားဖို့ လူလွှတ်ထားပြီးပါပြီ..."

ဖုန်းလင်းတန်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ဝါယောဘုရင်သည် ဖုန်းကလန်၏ရာထူးကို ဆက်ခံထားသူ ဖြစ်ပေသည်။ ထိုရာထူးကို ဆက်ခံနိုင်သူသည် ဖုန်းကလန်တွင် အစွမ်းထက်ဆုံးသူ ဖြစ်ရမည်ဖြစ်ပြီး ကြီးမားသော အာဏာနှင့် ဖုန်းကလန်၏အသက် သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။

ဖုန်းလင်းတန်သည် ဖုန်းကလန်၏လက်ရှိ အမွေဆက်ခံသူ ငါးဦးအနက် တစ်ဦး ဖြစ်ပေသည်။

အကယ်၍ သူ၏စွမ်းဆောင်ရည်သည် အထင်ကြီးစရာ ကောင်းပြီး အခြား အမွေဆက်ခံသူ လေးဦးကို အနိုင်ယူနိုင်ပါက အနာဂတ်တွင် ဝါယောဘုရင် ရာထူးကို ဆက်ခံနိုင်မည် ဖြစ်ပေသည်။

"ကောင်းကင်ပလ္လင်ဘုရင်ခန်းမဆိုတဲ့အတိုင်းပါပဲ... သူ့ရဲ့ အရှိန်အဝါက တကယ်ကို ထူးခြားတာပဲ..."

ရှန်းချန်ကောသည် နန်းတော်အတွင်းရှိ အလှဆင်ထားမှုများကို ကြည့်ရင်း မချီးကျူးဘဲ မနေနိုင်ပေ။

နန်းတော်တစ်ခုလုံးကို နတ်ဘုရား၏လက်ရာဟု ဆိုနိုင်ပေသည်။အလွန် ခမ်းနားလှချေ၏။

ကြမ်းပြင်ကို မြင့်မြတ်သော ကျောက်စိမ်းများဖြင့် ခင်းကျင်းထားပြီး နန်းတော်ကို ထောက်ထားသော တိုင်မဏ္ဍိုင်ကြီးများတွင် နတ်သားရဲများ၏ ပုံများကို ထုဆစ်ထားလေသည်။

ထိုပုံများသည် ဝိညာဉ်ရှိသကဲ့သို့ အသက်ဝင်နေပေသည်။ သူတို့၏မျက်လုံးများသည် ကြမ်းကြုတ်ထက်ရှနေပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသကဲ့သို့ ရှိ၏။

ဝိညာဉ်အလင်းတန်းများ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်မှာ ပျံတက်တော့မည့်အလား ထင်မှတ်ရပေသည်။

ဤကဲ့သို့သော ပုံစံသည် အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှပေသည်။

"ဝှစ်"

ရုတ်တရက် ခန်းမဆောင်၏အထက်ပိုင်းတွင် ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ၎င်းမှာ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပေသည်။

သူ၏မျက်နှာသည် ခန့်ညားပြတ်သားပြီး မျက်လုံးများသည် ကြယ်တာရာ ကောင်းကင်ကဲ့သို့ နက်ရှိုင်းကျယ်ပြောလှချေ၏။

သူသည် ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပြီး ရှည်လျားသော ဆံပင်နက်များကို စည်းနှောင်ထားရာ ထည်ဝါလှသော ဘုရင်တစ်ပါး၏အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။

၎င်းသည် ဝိညာဉ်ကို တုန်လှုပ်စေပြီး လူများကို တိုက်ရိုက် စိုက်မကြည့်ရဲအောင် ပြုလုပ်နိုင်ပေသည်။

ရှန်းချန်ကော မျက်လုံးများကို ကျဉ်းလိုက်ပြီး သူ့ရှေ့မှ ပလ္လင်ထက်တွင် ထိုင်နေသော ထွားကျိုင်းသည့် ပုံရိပ်ကို စိုက်ကြည့်လိုက်လေသည်။

သူသည် စိတ်ထဲမှ တိတ်တဆိတ် ထိတ်လန့်သွားရချေ၏။

သူ၏လက်ရှိ ကျင့်ကြံမှုဖြင့်ပင် တစ်ဖက်လူ မည်သို့ ပေါ်လာသည်ကို သူ သတိမပြုမိခဲ့ချေ။

မည်သည့် အရိပ်အယောင်မျှ မပြဘဲ တိုက်ရိုက် ဆင်းသက်လာသကဲ့သို့ ဖြစ်နေပေသည်။

"ကျွန်တော်မျိုး ဝါယောဘုရင်ကို ဂါရဝပြုပါတယ်"

ထိုအချိန်တွင် ဖုန်းလင်းတန်သည် ပလ္လင်ထက်မှ ပုံရိပ်ကို မျက်နှာမူကာ ရိုသေစွာ ဦးညွှတ်လိုက်လေသည်။

"ဝါယောဘုရင်ကို နှုတ်ခွန်းဆက်ပါတယ်"

ရှန်းချန်ကောကလည်း လက်နှစ်ဖက် ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်၏။ ၎င်းမှာ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ရာ လိုအပ်သော ယဉ်ကျေးမှုကို သူ မပျက်ကွက်စေချေ။

ထို့နောက် သူသည် ပလ္လင်ထက်မှ ပုံရိပ်ကို မော့ကြည့်လိုက်ရာ ကျယ်ပြောပြီး အမိန့်ပေးနိုင်သော၊ ခမ်းနားထည်ဝါသော မျက်ဝန်းတစ်စုံကို မြင်တွေ့လိုက်ရလေသည်။

သူသည် ကောင်းကင်နှင့်မြေပြင်ကြားရှိ ပြိုင်ဘက်ကင်းသော ဘုရင်တစ်ပါး ဖြစ်နေပြီး သူ၏ စွမ်းအားသည် လူများကို ကိုးကွယ်ဆည်းကပ်ချင်စိတ် ဖြစ်ပေါ်စေပေသည်။

"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး..."

ခန်းမဆောင်အတွင်း၌ပလ္လင်ထက်တွင် ထိုင်နေသော ပုံရိပ်က လက်ကို ဝှေ့ယမ်းလိုက်လေသည်။

ထိုခဏချင်းမှာပင် မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူတို့နှစ်ဦးကို မလိုက်ပေသည်။

ဖုန်းလင်းတန်သည် ရှန်းချန်ကောဘက်သို့ လှည့်ကာ ပြုံးလျက် မိတ်ဆက်ပေးလိုက်၏။

"ဒါက ဖုန်းကလန်ရဲ့ကောင်းကင်ဘုရင်... ဝါယောဘုရင်ပဲ... သူက ဖုန်းကလန်ရဲ့ခေါင်းဆောင်လည်း ဟုတ်တယ်... အခုတစ်ခေါက် အရှေ့ဘက်ကောင်းကင်ကို သွားပြီး အစ်ကိုရှန်းကို ဖိတ်ခေါ်ခိုင်းတာကလည်း ဘုရင်ရဲ့ အမိန့်ကြောင့်ပါပဲ..."

စကားဆုံးသည်နှင့် ဖုန်းလင်းတန်က ရှန်းချန်ကောကို ဆက်လက် မိတ်ဆက်ပေးလိုက်လေသည်။

"ဘုရင်ကြီး... ဒါက ရှန်းချန်ကောပါ... သူတော်စင်နတ်ဘုရားအဖွဲ့အစည်းရဲ့ ဒသမမြောက် သူတော်စင်နတ်ဘုရား ဖြစ်ပါတယ်... သူက အရှေ့ဘက်ကောင်းကင်မှာ အလွန် ကျော်ကြားသူပါ... မကြာခင်ကပဲ ရှေးဟောင်းနတ်ဘုရား ချောက်နက်တိုက်ပွဲမှာ ပါဝင်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန် ကလန်က ကျွမ်းကျင်သူ အားလုံးကို သူ၏ဓားဖြင့် အနိုင်ယူခဲ့ပါတယ်... နောက်ဆုံးမှာ ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန် ကလန်ကို ဆုတ်ခွာသွားအောင် သူ ဖိအားပေးနိုင်ခဲ့တာပါ..."

ဖုန်းလင်းထျန်၏အသံသည် တည်ငြိမ်နေသော်လည်း သူ၏နှလုံးသားမှာမူ မငြိမ်သက်ချေ။

ဤသတင်းကို သူ ပထမဆုံး ကြားရချိန်တွင် သူ မယုံကြည်နိုင်ခဲ့ချေ။

မြင့်မြတ်မင်းဆက်သည် ရှေးဟောင်းနတ်ဘုရားများ၏မျိုးဆက်များအကြောင်းကို သဘာဝကျစွာ သိရှိထားပေသည်။

သို့သော် သူတို့ ပေါ်မလာသည်မှာ ကြာပြီဖြစ်သဖြင့် မြင့်မြတ်မင်းဆက်ရှိ လူများသည် သူတို့ တည်ရှိမှုကို မေ့လုနီးပါး ဖြစ်နေကြပြီ ဖြစ်လေသည်။

ရှေးဟောင်းနတ်ဘုရားများ၏မျိုးဆက်များသည် မဟာပျက်စီးခြင်း နယ်မြေ၏အပြင်ဒေသသို့ ဆင်းသက်လာပြီး မဟာဘေးအန္တရာယ်တစ်ခု ဖန်တီးကာ သာမန်လူများကို ဒုက္ခပေးလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။

ရှေးဟောင်းနတ်ဘုရား မျိုးဆက်များသည် အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်လှပေသည်။

သူတို့၏နည်းလမ်းများသည် ထူးဆန်းပြီး နက်နဲလှ၏။

သူတို့ ထိန်းချုပ်ထားသော ဓားနတ်ဘုရား ဧကရာဇ် ရုပ်သေးရုပ်များသည် မရေမတွက်နိုင်သော ကျွမ်းကျင်သူများကို အကူအညီမဲ့သွားအောင် ပြုလုပ်နိုင်ခဲ့ပေသည်။

ရှန်းချန်ကောတွင် မည်သို့သော ထူးကဲသည့် စွမ်းအားမျိုး ရှိနေသဖြင့် ရှေးဟောင်းနတ်ဘုရား မျိုးဆက်များကို ဆုတ်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့သနည်းဆိုသည်ကို ဖုန်းလင်းတန် စဉ်းစား၍ မရနိုင်တော့ပေ။

ပလ္လင်ထက်တွင်မူ ဝါယောဘုရင်သည် ဖုန်းလင်းတန်၏စကားကြောင့် စိတ်လှုပ်ရှားသွားလေသည်။

သူသည် ရှန်းချန်ကောကို အကြည့်အသစ်ဖြင့် ကြည့်လိုက်သကဲ့သို့ ရှိပြီး သူ၏မျက်နှာထားမှာ ပိုမို လေးနက်လာချေ၏။

ပြီးခဲ့သော အကြိမ်က ထောင့်လေးခုကောင်းကင် ဒေသမှ လူလွှတ်ကာ အကူအညီ တောင်းခံခဲ့ဖူးလေသည်။

မြင့်မြတ်မင်းဆက်မှ ကျွမ်းကျင်သူများ စေလွှတ်ပြီး သာမန်လူများအတွက် မဟာဘေးအန္တရာယ်ကို ဖယ်ရှားပေးရန် သူတို့ မျှော်လင့်ခဲ့ကြခြင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် သူတို့ ငြင်းပယ်လိုက်ကြပေသည်။

ပထမအချက်မှာ သူတို့ ပြောသကဲ့သို့ပင် သူတော်စင်ဘုရင်သည် ထိုအချိန်တွင် တံခါးပိတ် ကျင့်ကြံနေသောကြောင့် ဖြစ်လေသည်။

ကောင်းကင်ဘုရင် ဆယ်ပါးသည် မြင့်မားသော ရာထူးနှင့် အာဏာ ရှိကြသော်လည်း ဆုံးဖြတ်ချက်ချပိုင်ခွင့် မရှိကြချေ။

ဒုတိယအချက်မှာ မြင့်မြတ်မင်းဆက်သည် ယခင်က ရှေးဟောင်းနတ်ဘုရား မျိုးဆက်များနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော မျိုးဆက်များကို ကိုင်တွယ်ရန် ထိရောက်သော နည်းလမ်း မရှိခဲ့ချေ။

သူတို့တွင် အင်အားသုံး တိုက်ခိုက်ခြင်းမှလွဲ၍ အခြားနည်းလမ်း မရှိခဲ့ပေ။

ဤအရာသည် မဟာဘေးအန္တရာယ်တစ်ခု ဖြစ်လိမ့်မည်ဟု သူတို့ ထင်မှတ်ခဲ့ကြပေသည်။

ရှေးဟောင်းနတ်ဘုရား မျိုးဆက်များကြောင့် ဖြစ်ပေါ်လာသော သွေးချောင်းစီးမှုသည် မဟာပျက်စီးခြင်းနယ်မြေ၏အပြင်ဒေသကို သွေးမြစ်တစ်ခုအဖြစ် ပြောင်းလဲပစ်ကာ မရေမတွက်နိုင်သော သက်ရှိများ ဝမ်းနည်းဖွယ် သေဆုံးကြရလိမ့်မည်ဟု တွေးခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော် ရလဒ်က မြင့်မြတ်မင်းဆက်မှ လူများကို အံ့အားသင့်စေခဲ့ပေသည်။ အရှေ့ဘက်ကောင်းကင်မှ သူတော်စင်နတ်ဘုရားသည် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ပြီး ရှေးဟောင်းနတ်ဘုရား ချောက်နက်ကို တိုက်ခိုက်သိမ်းပိုက်ရန် အစွမ်းထက်သော ကျင့်ကြံသူများကို စေလွှတ်ကာ ရှေးဟောင်းနတ်ဘုရားမျိုးဆက်များကို ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့ချေ၏။

ထိုကမ္ဘာတုန်လှုပ်စေသော တိုက်ပွဲတွင် အတောက်ပဆုံးသော ဇာတ်ကောင်မှာ ရှန်းချန်ကော အမည်ရှိ ဒသမမြောက် သူတော်စင်နတ်ဘုရားပင် ဖြစ်လေသည်။

ဒသမမြောက် သူတော်စင်နတ်ဘုရား ရှန်းချန်ကောတွင် ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စု၏ဓားနတ်ဘုရား ဧကရာဇ် ရုပ်သေးရုပ်များကို ဖိနှိပ်နိုင်သည့် စွမ်းအား ရှိသည်ဟု ဆိုကြပေသည်။

သူသည် ဓားနတ်ဘုရား ဧကရာဇ် အများအပြားကို သတ်ဖြတ်ခဲ့သလို ရှေးဟောင်းနတ်ဘုရားမျိုးနွယ်စုမှ ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

နောက်ဆုံးတွင် ရှေးဟောင်းနတ်ဘုရား မျိုးဆက်များသည် ရှုံးနိမ့်သွားခဲ့ရပြီး ဆင်းသက်လာမည့် အစီအစဉ်ကို စွန့်လွှတ်သွားခဲ့ကြရပေသတည်း။

All Chapters