ကျေးဇူးပြုပြီးငါ့အတွက် ဝမ်းမနည်းပါနဲ့
Vol. 37 Ch. 509
သိုင်းခန်းမ အဖွဲ့ဝင် ထောင်ပေါင်းများစွာကို မီးမြှိုက်ပြီးနောက် ကျန်းရီသည် သိုင်းခန်းမထဲသို့ ကောင်းကင် စိတ်အာရုံကို ထပ်မံ ဖြန့်ကျက်လိုက်ပြန်၏။ အသက်ရှင်သည့်သူ မရှိကြောင်း အတည်ပြုပြီးနောက် သူပြန်လှည့်လာတော့သည်။ သူက ကျန်းရှောင်နုနှင့် ကျန်သည့်သူများကို စကြဝဠာနန်းတော်ထဲ ထည့်ပြီးနောက် အပြင်သို့ ထွက်လာတော့သည်။
မည်သူမျှ ဒဏ်ရာ မရခဲ့ပေ။ သူတို့က စွမ်းအားကင်းမဲ့သည်။ အတွင်းအား လှည့်ပတ်နိုင်ခြင်းမရှိသည့် ဆေးတစ်မျိုး အတိုက်ခံထားရရုံသာ ဖြစ်သည်။ ဆေးအာနိသင် ပျောက်သွားသည်နှင့် သူတို့ ပြန်နိုးလာပေမည်။
“ဖုန်းဖုန်း”
နန်းတော်မှ ပြန်ထွက်လာပြီးနောက် ကျန်းရီသည် သူ၏ လက်ကို အကြိမ်ရေ အနည်းငယ် လှုပ်ရှားလိုက်၏။ တစ်ချက် ပိုင်းဖြတ်လိုက်တိုင်းတွင် မရေမတွက်နိုင်သည့် မီးနဂါးလေးများက ပြန်ထွက်လာပြီးနောက် ခမ်းနားသည့် သိုင်းခန်းမကို မြေကြီးထဲ မြုပ်သွားအောင် တိုက်ခိုက်လိုက်တော့သည်။
“ဝှစ်”
သူ၏ ကောင်းကင် စိတ်အာရုံက တောင်ဘက် တောင်ကြားဆီ ရောက်သွားပြီး မြန်မြန်ဆန်ဆန်နှင့် သူက ကျန်းပိုင်လီ သူ့ကိုပြောခဲ့သည့် သစ်သားရုပ်တု နှစ်ခုကိုရှာတွေ့သွား၏။ သူက တောင်ဘက်သို့ နေရာ ချက်ချင်းရွှေ့ပြောင်းလိုက်ပြီး မြေကြီးကို ဖွင့်ရန် သူ့လက်နှစ်ဖက်ကို သုံးလိုက်တော့သည်။ သူက သစ်သားရုပ်တုနှစ်ခုကို တူးထုတ်လိုက်ပြီး ရှေးဟောင်းနန်းဘုရား လက်စွပ် တစ်ကွင်းလဲ ရှိနေပေ၏။ သစ်သားရုပ်တု နှစ်ခုက အကြီးနှင့်အသေး ဖြစ်ပေ၏။ ယင်းတို့က လူတစ်ယောက်ပုံစံ ထွင်းထုထားတာပဲ ဖြစ်သည်။ လူတစ်ဦး၏ နှလုံးသားကို ယစ်မူးစေနိုင်စွမ်းရှိသည့် မိန်းမလှ တစ်ဦး ဖြစ်သော ယီဖြောင်ဖြောင်ပဲ ဖြစ်သည်။
ကျန်းပိုင်လီ၏ ထွင်းထုထားသည့် လက်ရာက အတော်လေး သေသပ်ပေ၏။ သစ်သားရုပ်တု နှစ်ခုက ကြယ်တံခွန်ကြိုးထဲရှိ ကျောက်အဖြူရုပ်တုနှင့် ဆင်တူပေ၏။ နှစ်ခုလုံးက အင်မတန် ထင်ရှားနေ၏။ ကျန်းရီက ထိုရုပ်တုများကို အနည်းငယ်ပြုံးနေသည်ဟုတောင် ပြောနိုင်ပေသည်။
“ရုပ်တုအသေးက မင်းအတွက်ပဲ။ မင်းရဲ့ အမေကို ရှာတွေ့နိုင်ရင် သူ့ဆီကို ရုပ်တုအကြီးပေးပေးပါ”
ကျန်းပိုင်လီ၏ စကားများကို တွေးမိချိန် ကျန်းရီက ထိုရုပ်တုသည် လွန်လေပြီးသောအချိန်က သူ ရီဖြောင်ဖြောင်ကို ပေးခဲ့သည့် ရုပ်တုနှင့် တစ်ထပ်တည်းတူညီနေကြောင်း သူသဘောပေါက်သွား၏။ အတွင်း၌ ကျန်းပိုင်လီ သူ့အတွက် ချန်ထားရစ်ခဲ့သော ပုံရိပ်ယောင် တစ်ခု ပါဝင်နေပေ၏။ ထိုရုပ်တုကို သန့်စင်ရန်အတွက် သူ၏ အတွင်းအားကို မထုတ်ဖော်ရဲချေ။ အကြောင်းမှာ ထိုသို့ သန့်စင်လိုက်သည်နှင့် ကျန်းပိုင်လီ ချန်ထားရစ်ခဲ့သော ပုံရိပ်ယောင်က ထာဝရ ပျောက်ကွယ်သွားမှာပဲ ဖြစ်သည်။
သူက မျက်လုံးမှိတ်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ၏ အတွင်းအားများကို ထုတ်ဖော်ကာ သစ်သားရုပ်လေးဆီ ဖြည်းဖြည်းချင်း လွှမ်းခြုံလိုက်တော့၏။
လုံလောက်သွားခဲ့လေပြီ။
သစ်သားရုပ်တုက အဖြူရောင် ရောင်ခြည်ဖြင့် တောက်ပလာပြီး ကျန်းရီရှေ့ရှိ လောကက ပြောင်းလဲသွားသည်။ ယင်းက ပိန်းပိတ်အောင် နက်မှောင်သည့် ပုံရိပ်တစ်ခုအဖြစ် နောက်ဆုံး၌ သိပ်သည်းသွား၏။ ယင်းက ကျန်းပိုင်လီပင် ဖြစ်သည်။
“ကျန်းရီ”
ကျန်းပိုင်လီက ခပ်ဖျော့ဖျော့ပြုံးပြီးနောက် ရေရွတ်ပြောလိုက်၏။
“မင်းဒီပုံရိပ်ယောင်ကို မြင်တွေ့နေပြီဆိုရင် ငါသေသွားပြီလို့ ဆိုလိုတာပဲ။ ဝမ်းမနည်းပါနဲ့။ ဘာလို့လဲဆိုတော့ ငါက ဖခင် တစ်ယောက်အဖြစ် ငါ့ရဲ့ တာဝန်တွေ မကျေခဲ့လို့ပါပဲ၊ မင်းရဲ့ဝမ်းနည်းမှုနဲ့ မထိုက်တန်ဘူး။ ဒီဘဝမှာ မှန်ကန်တဲ့ ရွေးချယ်မှုတွေ အများကြီး ငါလုပ်ခဲ့တယ်။ သူတို့ထဲက တစ်ခုကတော့ မင်းရဲ့ အမေနဲ့ တွေ့ဆုံခဲ့တာပဲ။ ငါသူ့ကို ချစ်မြတ်နိုးခဲ့တယ်။ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခဲ့ကြတာ။ ဒါက ငါချမှတ်ခဲ့တဲ့အထဲမှာ ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက်လို့ ခံစားမိတယ်။ အမှားတွေ အများကြီးလဲ ငါလုပ်မိခဲ့တာပေါ့။ အဲဒီတုန်းက မင်းရဲ့အမေကို နောက်ကျောဓားနဲ့ထိုးဖို့ ရွေးချယ်ခဲ့သလိုမျိုးပေါ့။ အဲဒါက ငါတို့ကို ရန်သူတွေ ဖြစ်သွားစေခဲ့တယ်။ အဲဒီအဖြစ်အပျက် ပြီးသွားတာတောင် ငါ့မှာ ပြန်အဖက်မဆယ်ဘဲ မင်းရဲ့ တည်ရှိမှုအကြောင်း ငါမစုံစမ်းခဲ့မိဘူး။ မင်းကို အခက်အခဲတွေ ကြားထဲ ကြီးပြင်းလာစေခဲ့မိတယ်။ ဒီနေ့ မင်းကို ဒါတွေ ပြောပြနေတာက မင်းရဲ့ စွန့်လွှတ်မှုအတွက် မျှော်လင့်နေတာကြောင့် မဟုတ်ဘူး။ အဲ့ဒီတုန်းက ဖြစ်ခဲ့တာတွေကို ပြောပြချင်လို့ပဲ။ ဒါပါပဲ”
“ငါက အနောက်ပိုင်း ကျူးကျွင်း အရှင်ရဲ့ အိမ်တော်မှာ မွေးလာခဲ့ပြီး ဒုတိယသားတစ်ယောက် ဖြစ်တယ်။ ဂိုဏ်းထဲမှာ ငါ့ထက် အကြီးတစ်ယောက်ရှိတယ်။ မင်း ဒါက အရင်က ကြားပြီးသားဆိုတာ ငါယုံတယ်၊ အသိအမြင်တွေက ငါ့ကို ရှန်၀ူတိုင်းပြည်ကို ငါ့ရဲ့ခွန်အားနဲ့ တည်ထောင်ပြီး ရှန်၀ူတိုင်းပြည်ကို ပြန်လည် အသက်သွင်းဖို့ ကူညီပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါကြောင့် ငါ့ရဲ့ အိပ်မက်က သမိုင်းကြောင်းထဲမှာ နံပါတ်တစ် ဖြစ်လာပြီး လောကကြီးကို ပေါင်းစည်းနိုင်အောင် ရှန်၀ူ တိုင်းပြည်ကို ကူညီဖို့ ထင်တာပဲ။ ဒီလိုဆိုရင်တော့ ကျန်းဂိုဏ်းက နံပါတ်တစ်ဂိုဏ်း ဖြစ်လာလိမ့်မယ်။ အဲဒါက ငါအမြဲတမ်းလိုချင်နေတဲ့ အရာလေ။ မင်းရဲ့ အမေက ငါ့ရဲ့ ဒီအကြံကို သိတဲ့အချိန် သွေးနဲ့ချွေးပါ ရင်းပြီး အောင်မြင်မှုတွေ အများကြီး ရအောင် ငါ့ကို စိတ်ရောကိုယ်ပါ ကူညီပေးခဲ့တယ်။ ကံဆိုးတာက အဖေက အရပ်သားတစ်ယောက်ရဲ့ သားဖြစ်ခဲ့တယ်လေ၊ ဒါကြောင့် မင်းရဲ့ အဘိုးက ကျူးကျွင်းမြို့စားနေရာနဲ့ ဂိုဏ်းခေါင်းဆောင်နေရာကို မင်းရဲ့ ဦးလေးဆီပေးဖို့ ဆုံးဖြတ်ခဲ့တာ။ အဲဒီ သတင်းကြားပြီးတဲ့နောက် မင်းရဲ့ အမေကလည်း ဒေါသထွက်သွားပြီး မင်းရဲ့ ဦးလေးကို သတ်ဖို့ ပြေးသွားခဲ့တာ။ အဲဒါက မင်းအဘိုးကို ဒေါသတွေထွက်ပြီး သွေးအန်စေတော့တယ်။ အဲဒီသတင်းကို ငါကြားတဲ့ အချိန် အံ့ဩ မှင်သက်သွားခဲ့တာ။ ငါက အမြဲတမ်း ကျေးဇူးတရား သိတက်တဲ့သူ ဖြစ်ပြီး စည်းမျဉ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာတဲ့သူပဲ။ မင်းအမေရဲ့ အပြုအမူက ငါ့ရဲ့ အောက်ချေစည်းကို အကျော်လွန်သွားခဲ့တယ်။ ဒါကြောင်းမလို့ အဲဒီတုန်းက ဒေါသထွက်ပြီး မင်းရဲ့ အမေဆီ မေးဖို့သွားခဲ့တယ်”
“ရလဒ်အကြောင်းကတော့ ပြောဖို့ မလိုဘူး။ မင်းရဲ့ အမေက ငါ့ဆီမှာ နှလုံးသားတစ်ခုလုံး အပ်နှင်းထားခဲ့တာ။ ဒါပေမဲ့ စစ်မေးခံရပြီး ငါကြိမ်းမောင်းတာ ခံရပြီးတဲ့နောက် ဒေါသထွက်သွားတယ်။ သူ့ရဲ့ ဒေါသကြီးတက်တာနဲ့ စိတ်ပါပေါင်းလိုက်တော့ ငါတို့နှစ်ယောက်လုံး ခိုက်ရန် ဖြစ်ပွားကြတာပဲ။ မင်းရဲ့ အဘိုးဆီ ဒူးထောက်တောင်းပန်ဖို့ ပြောခဲ့တာ။ ဒါပေမဲ့ သူက ငြင်းခဲ့တယ်လေ။ သူ့ရဲ့ဓား ငါ့ဆီပေးပြီး သူသေအောင် ထူးစိုက်လိုက်ဖို့ ပြောခဲ့တယ်။ စိတ်လိုက်မာန်ပါ ဒေါသအောက်မှာပဲ ငါသူ့ကို ဓားနဲ့ ထိုးခဲ့မိတယ်။ ဓားက သူ့ဆီ ထိုးဖောက်သွားတဲ့အချိန် သူ့စိတ်ထဲက စိတ်ပျက်အားငယ်မှုတို့ကို ငါခံစားနိုင်ခဲ့တယ်။ အဲဒီအချိန်တုန်းကတည်းက ငါတို့ကြားထဲက ရေစက် ပြတ်တောက်ခဲ့ပြီဆိုတာလည်း သိလိုက်တယ်”
“ပြီးတော့ ဒဏ်ရာတွေနဲ့ ကမ္ဘာတစ်ဖက်ခြမ်းကို ထွက်သွားခဲ့တာ။ အဲဒီကာလအတွင်း မင်းရဲ့ အဘိုးကလည်း ဒေါသထွက်လွန်းလို့ အိပ်ရာထဲ လဲသွားခဲ့တယ်။ မင်းရဲ့ အမေက မင်းရဲ့ ဦးလေးကို သတ်ခဲတာကြောင့် ဂိုဏ်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားရော။ ဒါ့အပြင် မင်းအမေက အဲဒီနှစ်တွေ အတောအတွင်း လူတော်တော်များများကို ရန်စခဲတာလေ။ ဒါကြောင့် သူတို့ အားလုံးက သူမကို အမှောင်ထဲမှာ အကွက်ချ လုပ်ကြံခဲ့တော့တာပဲ။ တော်ဝင်မျိုးနွယ်စုကတောင် သူမကို ဆုကြေးထုတ်ပြီး မင်းရဲ့အမေကို သစ္စာဖောက်အဖြစ် ကြေညာပြီး တိုင်းပြည် တစ်ပြည်လုံး အလိုက်ခံရအောင် လုပ်ခဲ့တယ်။ အဲဒီကာလအတွင်း ကျန်းဂိုဏ်းက အတွင်းရော အပြင်မှာ ရှုပ်ထွေးနေခဲ့တာ။ မင်းရဲ့အမေကို ဂရုမစိုက်နိုင်ခဲ့ဘဲ ဂိုဏ်းကို အရင်ဆုံး တည်ငြိမ်အော်လုပ်ဖို့ပဲ ရွေးချယ်ခဲ့တာပေါ့”
“ပြီးတော့ မင်းရဲ့ အဘိုးက ရောဂါကြောင့်သေသွားခဲ့တယ်။ ငါက အနောက်ပိုင်း ကျူးကျွင်းတပ်မဟာရဲ့ ဆက်ခံသူ ဖြစ်လာခဲ့တာ။ မင်းရဲ့ အဘိုးက မင်းရဲ့အမေကြောင့် ဒေါသထွက်ပြီး သေသွားတာမို့ သူ့ကို သွားရှာချင်ခဲ့တယ်။ ဒါပေမဲ့ ဟန့်တားပိတ်ပင်မှုတွေ မျိုးစုံကြောင့် လူမပို့နိုင်ခဲ့ဘူး။ ဒါ့အပြင် သူ့ရဲ့ နေရာကို သိပြီးတဲ့နောက် သူမကို ငါဘယ်လို မျက်နှာချင်းဆိုင်ရမယ်ဆိုတာ မသိခဲ့ဘူးလေ။ ဒုတိယမြောက်နှစ်မှာ အနောက်ပိုင်းကျူးကျွင်းမြို့ကို ကျန်းရီမြို့ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ တကယ်တော့ သူ့ကို အများကြီး ချစ်နေတုန်းပဲဆိုတာ မင်းရဲ့အမေကို သိခွင့်ပေးဖို့ ကြိုးစားနေခဲ့တာပဲ။ ကံဆိုးတာက သုံးနှစ်ကြာပြီးတဲ့နောက် ကျန်းယွင်ဟိုင်ရောက်လာတယ်။ မင်းအမေရဲ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကို ယူလာပေးခဲ့တယ်။ သူမရဲ့ မွေးရပ်မြေကို ပြန်သွားပြီ ဖြစ်ကြောင်းနဲ့ ကျန်းယွင်ဟိုင်က မင်းရဲ့ တည်ရှိမှုအကြောင်း တစ်ခါမှ မပြောခဲ့ဘူး။ ဒါကြောင့် ငါ့ရင်ထဲမှာ မင်းရဲ့အမေအတွက် နက်ရှိုင်းတဲ့ခံစားချက်တွေကို အချိန်အတော်ကြာ ဖိနှိပ်ထားရုံပဲ တက်နိုင်တယ်လေ။ နှစ်ပေါင်းမျာစွာ ဖိနှိပ်ထားခဲ့တာပေါ့။ မင်းပေါ်မလာခင် အချိန်ထိလေ”
“မင်းရဲ့ ပေါ်ပေါက်လာမှုကြောင့် တကယ် အံ့ဩသွားပြီး အရမ်းလည်း ပျော်ရွှင်သွားခဲ့တယ်။ ဒီကာလအတွင်း ငါကိုယ်တိုင် ငါသွားချင်တယ်။ မောက်မာထောင်လွှားမှုနဲ့ မင်းရဲ့အမေက မင်းရဲ့ တည်ရှိမှုကို ဖုံးကွယ်ဖို့ ရွေးချယ်ခဲ့တာကြောင့် ငါ့ကို သွားရှာဖို့ မသက်မသာ ဖြစ်စေခဲ့တယ်။ ဒါကြောင့် နဂါးတစ်သောင်းတောင်ကြားဆီကို တပ်သားတစ်သောင်းပို့ဆောင်ပြီး ခေါ်သွားဖို့ ကျန်းယွမ်နူကို ခိုင်းလိုက်တယ်။ မင်းက ပြန်ပို့လိုက်တဲ့အချိန်က တော်တော် အရှက်ကွဲသွားခဲ့တာ။ ဒါကြောင့် မင်းကို လျစ်လျူရှုထားပြီး မင်းကို ဆက်သွားခွင့်ပေးထားတယ်။ အဆုံးမှာတော့ မင်းရဲ့ ခံစားချက်ကို ငါနာကျင်အောင် လုပ်မိတာကိုး”
“မင်းအဘိုးရဲ့ လွှမ်းမိုးမှုကြောင့် ငါအမြဲတမ်း မောက်မာထောင်လွှားတယ်။ စည်းမျဉ်းတွေကို အလေးပေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်တွေမှာ မင်းကို ဂရုမစိုက်မိတဲ့အတွက် တောင်းပန်ဖို့ မင်းကို ရှာချင်ခဲ့ပေမဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကြောင့် မလုပ်ခဲ့ဘူး။ အခွင့်အရေးကို လွဲချော်ပြီးရင်း လွဲချော်ခဲ့တယ်။ မင်းရဲ့ မကျေမချမ်းမှုတွေကို ပိုတောင် တိုးလာစေခဲ့တာပဲ”
“မင်းရဲ့ ဝိညာဉ်မြို့ခြောက် ဆေးပင်ကို ရှားဝူဟိုင် ခိုးသွားတဲ့ အချိန်တုန်းက ငါဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့တာ။ ရှေ့တစ်လှမ်းတိုးချေပြီး မင်းကို ရှားထင်ဟွေ့ဆီကနေ ပြန်ယူပေးခဲ့တယ်။ ဂုဏ်သိက္ခာကြောင့်ပဲ ငါမလုပ်ဖြစ်ခဲ့ဘူးလေ။ မင်းဒီလောက် အညှာအတာမဲ့ပြီး ရှဝူသိုင်းပြည်ကို ပုန်ကန်ဖို့ ရွေးချယ်ပြီး သတို့သမီးကို လိုက်ပါ စောင့်ရှောက်တဲ့ တပ်ဖွဲ့ကို မင်းတိုက်ခိုက်လိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။ အဲဒီအချိန်တုန်းက ငါအင်မတန် မှားယွင်းတဲ့ဆုံးဖြတ်ချက် တစ်ခုကို ရွေးချယ်ခဲ့မိတယ်။ မင်းကို ရှန်၀ူတိုင်းပြည်ကနေ ဖယ်ရှားပစ်လိုက်တာပဲ”
“ငါက သမိုင်းကြောင်းထဲမှာ နံပါတ်တစ် အမြဲတမ်းဖြစ်ချင်ခဲ့ပြီး ကျန်းဂိုဏ်းကလည်း ရှန်၀ူတိုင်းပြည်ကို အမြဲတမ်း မျိုးရိုးစဉ်ဆက် သစ္စာရှိနေမှာ။ ဒါကြောင့် မင်းသစ္စာဖောက်တဲ့ သတင်းကြားပြီးတဲ့နောက် ငါလက်ခံနိုင်ဖို့ ခဲယဉ်းပြီး ဒေါသထွက်ခဲ့တယ်။ ဒါ့အပြင် ရှားထင်းဝေ့က ဗာဂျရာနယ်ပယ်ကို ရောက်သွားပြီဆိုတာ ငါသိတာ ကြာပြီလေ။ ငါ့ရဲ့ရပ်တည်မှုကို မကြေညာခဲ့ရင် ကျန်းဂိုဏ်းတစ်ခုလုံး သုတ်သင်ရှင်းလင်းခံရမှာ။ ဒီတော့ မင်းကို ကျန်းဂိုဏ်းကနေ နှလုံးသားမဲ့စွာ ဖယ်ထုတ်ဖို့ ငါရွေးချယ်ခဲ့တာပဲ။ ငါ့ရဲ့ ဆုံးဖြတ်ချက်က မင်းရဲ့ ခံစားချက်ကို အင်မတန် နာကျင်စေမယ်ဆိုတာ ငါသိတယ်”
“နောက်ပိုင်းမှာ ရှားထင်းဝေ့က မင်းကို တိုက်ခိုက်လာတဲ့ ငါအချိန်တိုင်း ငါသိခဲ့ပြီ။ ငါ့ရဲ့ ရင်ထဲမှာ ဆူးငြောင့်တစ်ခုလို နာကျင်နေခဲ့တာ တစ်ဖက်မှာတော့ မင်းကို ကူညီချင်ခဲ့တယ်။ တစ်ဖက်မှာတော့ ကျန်းဂိုဏ်းတစ်ခုလုံး ပါဝင် ပတ်သက်မှာကို ကြောက်ခဲ့တာ။ ဒါကြောင့် သူမင်းကို အကွက်ချနေတာကို မင်းက ဘေးက လူတွေ ရပ်ကြည့်နေရုံပဲ တက်နိုင်ခဲ့တယ်။ မင်းခံစားခဲ့ရတာကိုလည်း ငါမျက်မြင်တွေ့ခဲ့ရတာ။ ကံကောင်းတာက မင်းက ကပ်ဘေးကို အကြိမ်ကြိမ် ကျော်လွန်နိုင်ခဲ့ပြီး ဆန်းကျယ်မှုတွေကို ဖန်တီးနိုင်ခဲ့တယ်”
“ငါ့သား မင်းအတွက်ငါ ဂုဏ်ယူတယ်။ ငါ့ရဲ့ အပြုအမူတွေကိုလည်း ပြင်းပြင်းထန်ထန် သုံးသပ်ခဲ့မိတယ်။ ငါက ဒီမျိုးဆက်ရဲ့ သူရဲကောင်းတစ်ယောက် အနေနဲ့ အသိအမှတ်အပြုခံခဲ့ရတာ။ ဒါပေမဲ့ အခုအချိန်မှာ ငါက သူရဲကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ နားလည်သွားခဲပြီ။ ပြောရရင် ငါက သတ္တိကြောင်တဲ့သူ တစ်ယောက်ပဲ။ မချစ်ရဲ မမုန်းရဲဘဲ ချစ်ရတဲ့ အမျိုးသမီး ငါ့ဆီကနေ ထွက်သွားတာကိုပဲ ကြည့်နေပြီး ငါ့ရဲ့သားဝေဒနာ ခံစားရတာကို ကြည့်နေတဲ့ သူရဲဘောကြောင်တဲ့သူ တစ်ယောက်ပေါ့”
“ဒါကြောင့် ကျေးဇူးပြုပြီး ငါ့အတွက် စိတ်မကောင်း မဖြစ်နဲ့ မင်းကို နောက်ဆုံး အကြိမ် ကူညီပေးဖို့ပဲ ဆန္ဒရှိခဲ့တာ။ အဖေ တစ်ယောက် လုပ်သင့်တာကို လုပ်ပြီး မင်းအပေါ်မှာ ငါ့ရဲ့ အပြစ်တွေ အတွက် ဖာထေးပေးချင်လို့ ကျန်းကိုင်းကို လူသူကင်းမဲ့တဲ့ ကျွန်းတစ်ကျွန်းဆီ ရွှေ့ပြောင်းပြီးပြီ။ ဒါကြောင့် သူတို့အတွက် စိုးရိမ်ပူပန်စရာ မလိုဘူး။ ငါ့ရဲ့ အလောင်းကို ကျန်ခဲ့မယ် ဆိုရင် ကျေးဇူးပြုပြီး ကြယ်တံခွန်ကျွန်းမှာ မြှုပ်ပေးပါ။ ဘာလို့လဲ ဆိုတော့ အဲဒီနေရာက အဖေမင်းရဲ့အမေနဲ့ ချစ်ကျွမ်းဝင်ခဲ့တဲ့နေရာပဲ။ နှုတ်ဆက်တယ် ငါ့သားရေ မင်းရဲ့ အမေ မသေသေးဘူးဆိုတာ အဖေသိတယ်။ မင်းသူ့ကို ရှာတွေ့မယ်ဆိုရင် သူ့ဆီ ကျေးဇူးပြုပြီး သတင်းစကား တစ်ခု ပို့ပေးပါ။ သူက ငါ့ချစ်မြတ်နိုးရဆုံး အမျိုးသမီး တစ်သက်လုံး ဖြစ်နေမှာပဲ”
ပုံရိပ်ယောင်က ဖြည်းဖြည်းချင်းပျောက်ကွယ်သွားပြီးနောက် ကျန်းရီက မျက်လုံးကို ဝမ်းနည်းစွာ မှိတ်ချလိုက်တော့၏။ သူ၏ ပါးပေါ်၌ မျက်ရည် စီးကြောင်းများ ကျနေပြီးသား ဖြစ်သည်။
***