← Chapters

နောက်ထပ် တိုးတက်ရန် ပြင်ဆင်ခြင်း

Vol. 37 Ch. 510

နောက်ထပ် တိုးတက်ရန် ပြင်ဆင်ခြင်း

Vol. 37 Ch. 510

ဝှစ်

ကြီးမားသည့် ဧရာမ သတ္တဝါတစ်ကောင်သည် ကုန်းပြေမြင့်၏ မြောက်ပိုင်းအစွန်းရှိ ချောက်ကမ်းပါးဆီ ပျံသန်းသွား၏။ ကျန်းရီက ယာ့ဇီ သားရဲပေါ်တွင် တင်ပျဉ်ခွေချိတ်ထိုင်ပြီးနောက် ဆုံးရှုံးမှုကို ခံစားနေရသည်။

တုကူချိုးသေဆုံးခဲ့ပြီး သူ၏ သိုင်းခန်းမဆောင်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ကျန်းရီက ကိစ္စရပ်များစွာကို သင်ယူခဲ့သော်ငြား သူ ဇဝေဇဝါ ဖြစ်နေသည့် ကိစ္စရပ်များစွာ ရှိနေသေးသည်။ ဉပမာအနေဖြင့် အသူရာ ချောက်ကမ်းပါးထဲသို့ ကျန်းပိုင်လီ မည်သို့ ခုန်ဝင်ခဲ့ကြောင်း သူနားမလည်နိုင်ပေ။ ကျီထင်ယွီသည် သူ၏ တိုက်ခိုက်ခြင်းဆန္ဒ ဖိအားအောက်၌ မည်ကဲ့သို့ လွတ်မြောက်သွားသနည်း။ သိုင်းခန်းမက တုကုချိုး ပြောခဲ့သည့်အတိုင်း တစ်လခွဲအတွင်း ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်အချို့ကို စေလွှတ်မည်လော။

သူက တကယ် စိတ်လွှတ်နေပြီး ယခုအချိန်၌ ဘာကိုလုပ်ရမည်မှန်း မသိတော့ပေ။ ဆုလောရွှယ်ကို ကျီထင်ယွီခေါ်သွားခြင်းက ပိုတောင်ဆိုးသွား၏။ ထို့ကြောင့် ယာ့ဇီသားရဲက သူ ကောင်းကင် ကြယ်တာရာနန်းတော်ကို ပြန်သွားချင်လာဟု မေးသည့် အချိန်၌ သူဘာဖြေရမည်မှန်းမသိပေ။

“ကြယ်တံခွန်ကျွန်းကို အရင်သွားမယ်”

သူက အနည်းငယ် တွေးတော နေပြီးနောက် ကျန်းပိုင်လီ၏ နောက်ဆုံးစကားများကို တွေးလိုက်သည်။ သူက ကြယ်တံခွန်ကျွန်းသို့ ဦးစွာ သွားပြီးနောက် ကျန်းပိုင်လီ၏ ကျန်ရှိသော လက်ကို မြှုပ်နှံကာ ကျန်းပိုင်လီ၏ ကျန်ရှိသော လက်ကို မြှုပ်နှံကာ ကျန်းပိုင်လီ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းရန် ဆုံးဖြတ်ခဲ့သည်။ သူက ကြယ်တံခွန်ကျွန်း၌ ရွှေယို့လန်၏ အကြံဉာဏ်ကိုလည်း တောင့်ခံနိုင်ပေသည်။

ယာ့ဇီသားရဲသည် အလင်းတန်းအဖြစ် အသွင်ပြောင်းပြီးနောက် အရှေ့အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။ ကျန်းရီက ကုသဆေးနှစ်လုံးခန့် သောက်သုံးပြီးနောက် ယာ့ဇီသားရဲ၏ ကျောပေါ်တွင် လှဲနေကာ သူ့ စိတ်ထဲ၌ အတွေးမျိုးစုံ ပေါ်နေတော့၏။

မသိလိုက်မသိဘာသာဘဲ တခဏ အကြာ၌ အိပ်ပျော်သွားတော့သည်။ သူအနိုင်ရခဲ့ပြီးနောက် ကျန်းပိုင်လီ၏ သေခြင်းတရားနှင့် စုလောရွှယ်ကို သူ့ရန်သူ ခေါ်သွားခြင်းက သူ၏ စိတ်ပိုင်းဆိုင်ရာကို ပင်ပန်းစေ၏။ သူ၏ ခန္ဓာကိုယ်ကလည်း ယခုအချိန်၌ အလွန်အားနည်းလေသည်။ ပြင်းထန်သော ဒဏ်ရာမှ သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် သူ၏ ခန္ဓာကိုယ်ကလည်း ယခုအချိန်၌ အင်မတန် အားနည်းနေပေသည်။

ယာ့ဇီသားရဲက ချောမွေ့စွာ ပျံသန်းနေပြီး သူတို့က လမ်းတလျှောက်၌ မည်သည့် အန္တရာယ်မှ မတွေ့ခဲ့ပေ။ တစ်ရက်ခွဲခန့် ကြာရုံဖြင့် သူတို့က ပင်လယ်ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ ကျန်းရီကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲ ဖြစ်သည်။ ကြယ်တံခွန် ကျွန်းသည် နယ်မြေ၏ အရှေ့မြောက်အရပ်ဖက်တွင် တည်ရှိပြီး အသူရာ ခြောက်ကမ်းပါးနှင့် သိပ်မဝေးပေ။ နှစ်ရက်ခွဲခန့် ပင်လယ်ကို ဖြတ်ကျော်ပြီး နှစ်ရက်ခွဲခန့် ကြာပြီးနောက် ကြယ်တံခွန်ကျွန်းကို မြင်နေရပြီး ဖြစ်သော်ငြား ကျန်းရီက အိပ်ပျော်နေသေးဆဲ ဖြစ်၏။

“ကျန်းရီ ငါတိုတွေ ကြယ်တံခွန်ကျွန်းကို ရောက်ပြီ”

ယာ့ဇီသားရဲ၏ နက်ရှိုင်းကျယ်လောင်သည့် အသံက ကျန်းရီကို နိုးသွားစေသည်။ လေးရက်လေးညတိုင်တိုင် အိပ်ပြီးနောက် ကျန်းရီက ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံး အတော်လေး ပြန်ကောင်းလာခဲ့ပြီ ဖြစ်သည်။ သူ့ခြေထောက်ရှိ ကျိုးနေသော အရိုးများကို စစ်ဆေးကြည့်လိုက်ရာ ကောင်းလုနီးပါးဖြစ်နေသော်ငြား သူ့အတွက် လမ်းလျှောက်နိုင်ရန်တော့ လိုသေးကြောင်းသိလိုက်ရသည်။

“အထဲဝင်ရအောင်”

သူက အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် သူ၏ စွမ်းအားများ ထုတ်ဖော်ရန် သူ့ကိုယ်သူ ဖိအားပေးပြီး စကြာဝဠာနန်းတော်ထဲ စစ်ဆေးရန် ကောင်းကင်စိတ်အာရုံကို သုံးလိုက်တော့သည်။ ကျန်းရှောင်နူနှင့် ကျန်သည့်သူများ၏ ခန္ဓာကိုယ်ထဲရှိ ဆေးအာနိသင်က ပျက်ပြယ်လုနီးပါးဖြစ်နေပြီ ဆိုသော်ငြား သူတို့က အလွန်အားနည်းနေ၏။ ထရပ်ရန်တောင် ခက်ခဲနေသေးတာကို တွေ့လိုက်ရသည်။

ဝှစ်

သူတို့က ကြယ်တံခွန်ကျွန်းသို့ မရောက်သေးခင် အမြင့်မားဆုံးနန်းဆောင်မှ အဖြူရောင် ပုံရိပ်တစ်ရိပ်ရှေ့သို့ လျင်မြန်စွာ ရောက်သွား၏။ ကျန်းရီက ထိုပုံရိပ်ကို မှိတ်မိသွားပြီ သူအားတင်းသုံးလိုက်၏။ သူ၏ ပါးစပ်၌ သွေးရာများရှိနေသေးဆဲ ဖြစ်ရာ သူ့အပြုံးကို အမှန်တကယ် ရုပ်ဆိုးသွားစေသည်။

“ကျန်းရီ အသူရာချောက်ကမ်းပါးကို မင်းရောက်ခဲ့တာလား”

ရွှေယို့လန်က သူမရောက်လာသည်နှင့် အသံကူးပြောင်းတော့သည်။ ကျန်းရီက ခေါင်းညိတ်တာကို မြင်ပြီးနောက် သူမက ပတ်ဝန်းကျင်ကို သတိထားစစ်ဆေးကာ ကျန်းရီကို နောက်ထပ် အသံပို့လိုက်၏။

“အများကြီး မပြောနဲ့ ငါ့နောက်က လိုက်ခဲ့”

သူမက ကျန်းရီဆီလျင်မြန်စွာ ပျံသန်းသွားပြီး ကျန်းရီကို လက်တစ်ဖက် ကိုင်လျက် ပျံသန်းသွားတော့သည်။

“ယာ့ဇီသားရဲ အနားယူဖို့ တစ်နေရာ သွားရှာလိုက်”

သူမက ယာ့ဇီသားရဲကို တစ်ခွန်းသာ ပြောခဲ့သည်။

“ဝေါင်း”

ရွှေယွဲ့လျန်မျှော်စင်ထဲသို့ ကျန်းရီ ဝင်လာခြင်းက မျှော်စင်ထဲရှိလူများကို အံ့ဩသွားစေသည်။ လူအများစုက သူ့ကို လေးစားရိုကျိုးခြင်းတို့ဖြင့် ကြည့်နေကြ၏။ ရွှေယွဲ့လျန်မျှော်စင်သည် စစ်ပွဲအတွင်း ဝင်မပါခဲ့သော်ငြား အပြင်လောကတွင် ဖြစ်ပျက်နေသည့်အရာကို ကောင်းကောင်းမွန်မွန်သိပေ၏။ ကျန်းရီ၏ အံ့မခန်းလုပ်ဆောင်ချက်က ကောင်းကင်ကျယ်တာယာမြို့ စစ်ပွဲအတွင်း ကျန်းရီ၏ လုပ်ဆောင်ချက်က ရွှေယွဲ့လျန်မျှော်စင်၏ ကြီးမားသည့် ရိုက်ခက်မှုကို ဆောင်ယူလာခဲ့၏။

ရွှေယို့လန်က ကျန်းရီကို ချင်ထန်ကုန်းဗိမ္မာန်ထဲသို့ ခေါ်လာပြီးနောက် အစေခံများကို သူ့ခြေထောက်ပေါ် အထူးပြုလုပ်ထားသော ဆေးဖြင့် ဆေးလိမ်းပေးပြီးစားစရာများ ဧည့်ခံရန် ပြောလိုက်၏။

ရွှေ့ယို့လန်အစေခံများကို ထွက်သွားခိုင်းသည်။

“ကျန်းရီ မင်း သိုင်းခန်းမနဲ့ အခြင်းများနေတဲ့ အချိန်တုန်းက မင်းကို မကူညီပေးနိုင်တာအတွက် တောင်းပန်ဖို့ လိုတယ်။ မိန်းကလေးဖျောင်ဖျောင်ရဲ့ ကြင်နာမှုကို မေ့သွားတာကြောင့် မဟုတ်ဘူး၊ ရွှေ့ယွဲ့လျန် မျှော်စင်ရဲ့ တပည့်ပေါင်းများစွာအတွက် ငါစဉ်းစားပေးရမယ်လေ”

သူမက ပြောလိုက်၏။

“အမ်... ကျုပ်နားလည်ပါတယ်။ ခင်ဗျားကို အပြစ်မတင်ဘူး”

ကျန်းရီက ခေါင်းညိတ်လိုက်သည်။ သိုင်းခန်းမက အလွန်အစွမ်းထက်ပြီး ရွှေယွဲ့လျန်ကလည်း ဇာတ်ကြောင်းအတွင်းရှိ အချို့အရာများကို ရှင်းရှင်းလင်းလင်း သတိပြုမိသည်။ ရွှေယွဲ့လျန်က သူမ၏ ဂိုဏ်းတစ်ခုလုံးကို စွန့်စားရမည် ဖြစ်သောကြောင့် သူ့ကို မကူညီနိုင်တာကို သူနားလည်နိုင်ပေသည်။

ရွှေယို့လန်က အားတင်းပြုံးလိုက်သည်။ ချက်ခြင်းပင် စိတ်ပူပန်စွာ မေးလိုက်တော့သည်။

“ပြီးခဲ့တဲ့ အခေါက်က သိုင်းခန်းမအကြောင်း မေးဖို့ လူတစ်ယောက် လွှတ်တဲ့ အချိန်ငါမင်းကို သတင်းမပို့ပေးခဲ့မိဘူး။ ငါမလုပ်ချင်တာကြောင့် မဟုတ်ဘူး။ အသူရာ ချောက်ကမ်းပါးက အင်မတန် အန္တရာယ်များတယ်လို့ ငါခံစားမိတာကြောင့် မင်းကို မစွန့်စားစေချင်ဘူး။ အဆုံးမှာ မင်းအဲဒီကို ရောက်သွားဦးမယ်လို့ ငါမထင်ခဲ့မိဘူးလေ။ မင်းဘယ်လို ရှာတွေ့သွားတာလဲ။ တုကူချိုးကို သတ်လိုက်တာလား”

ကျန်းရီ၏ အမူအရာက ရုတ်တရက် ဖြူရော်သွားပြီးနောက် အသံ တိုးတိုးဖြင့် ပြောလိုက်သည်။

“ကျန်းပိုင်လီက ကျုပ်ကို အဲဒီအကြောင်းပြောပြခဲ့တာ။ ဒါပေမဲ့ သူက ကျုပ်ကို ကယ်တင်ဖို့ စွန့်စားရင်း သေသွားခဲ့တယ်။ သိုင်းခန်းမဆောင်ထဲက လူတိုင်းကို သတ်ခဲ့တယ်။ ကျီထင်ယွီက လွဲရင်ပေါ့”

အသူရာ ချောက်ကမ်းပါးထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ရှင်းပြပြီး တုကူချိုး ပြောခဲ့သည့် အရာများကို ရွှေယို့လန်အား ပြောပြပြီးနောက် သူက မေးလိုက်သည်။

“မျှော်စင်သခင်ရွှေ သိုင်းခန်းမက တုကုချိုးပြောသလောက် တကယ် အစွမ်းထက်တာလား”

“ဟုတ်တယ် အစွမ်းထက်တယ်”

ရွှေယို့လန်က ရုတ်တရက် လေးနက်တည်ကြည်သွားပြီး နက်နဲစွာ တွေးလိုက်တော့သည်။ နာရီဝက်ခန့် ကြာပြီးနောက် သူမက နောက်ဆုံးတွင် ပြောလိုက်တော့သည်။

“တုကူချိုးပြော မှန်တယ်။ သိုင်းခန်းမက လောကကြီးရဲ့ ဘိသိက်မခံထားတဲ့ ဘုရင်ပဲ။ အဲဒီအကြောင်းတွေ အားလုံးကို မင်းရဲ့အမေက ငါ့ကိုပြောပြခဲ့တာ။ တုကူချိုး လိမ်နေတယ်လို့ မထင်ဘူး။ တစ်လခွဲ ကြာပြီးတဲ့ အချိန် ကောင်းကင် ဧကရာဇ်အဆင့် သိုင်းပညာရှင် နှစ်ဦးက သေချာပေါက်ရောက်လာလိမ့်မယ်။ ကျန်းရီ ဘယ်လိုဖြေရှင်းမလဲလို့ တွေးပြီးပြီလား”

“ကျုပ်ဘာလုပ်သင့်လဲ”

ကျန်းရီက အခြေအနေကို မည်သို့ ဖြေရှင်းသင့်ကြောင်း သူအမှန်တကယ် မသိချေ။ ကောင်းကင် ဧကရာဇ် အဆင့်ရှိ အစွမ်းထက်သော ပညာရှင်များကို သူသေချာပေါက် ရင်ဆိုင်နိုင်ခြင်းမရှိမှန်း သိပေ၏။ သူနေလျှင် ဤနေရာရှိ အားလုံး သေသွားပေလိမ့်မည်။

ကျန်းရီ စိတ်ဓာတ်ကျနေတာကို သတိပြုမိပြီးနောက် ရွှေယို့လန်က မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။

“ကျန်းရီ ငါတို့ အချိန်တွေ ကုန်နေပြီ။ ဘာကြောင့် ဆုံးဖြတ်ချက် မပြတ်သားရတာလဲ။ မင်းဒီအတိုင်း ဆက်သွားနေခဲ့မယ်ဆိုရင် အားလုံးရဲ့ အသက်ကို အန္တရာယ်ထဲ ဆွဲသွင်းရာ ရောက်လိမ့်မယ်။ အခုမင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်။ တစ်ခုက လျှို့ဝှက်ကျွန်းကိုရှာ။ မင်းရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေကို ခေါ်သွား။ မင်းရဲ့ ကျန်တဲ့ဘဝ သက်တမ်းမှာ ခွဲခြားပြီး သီးသန့်နေလိုက်တော့။ ဒါမှ မဟုတ် အပြင်လောကကို စွန့်စားဖို့ ရွေးချယ်နိုင်တယ်။ ဒါပေမဲ့ အချိန်မရွေး မင်းအသက်ဆုံးရှုံးနိုင်တယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ သိုင်းခန်းမက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာ မဟုတ်ဘူး။ မင်းဘယ်နည်းလမ်းကိုပဲ ရွေးချယ် ရွေးချယ် ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ဖတ်နေလို့ မရတော့ဘူး”

“အမ်...”

ကျန်းရီက သူ့မျက်နှာကို ပွတ်လိုက်ပြီးနောက် ရွှေယို့လန်၏ စကားများကို တိတ်ဆိတ်စွာ စဉ်းစားနေတော့သည်။

ရွှေယို့လန်၏ အကြည့်များက ရုတ်တရက် စူးရှသွားကာ လေးနက်သည့် လေသံဖြင့် ပြောလိုက်တော့သည်။

“ကျန်းရီ မင်းကို မင်းအပြင်လောကကို စိန်ခေါ်ဖို့ အကြံပေးချင်တယ်။ မင်းက ငယ်ရွယ်သေးပြီး တောက်ပတဲ့ အနာဂတ်ကလည်းရှိနေတာ။ မင်းက နဂါးမျိုးခြောက်သစ်ပင်ကို ရှာတွေ့နိုင်ပြီဆိုတာနဲ့ မင်းထပ်ထွန်းတောက်လာနိုင်ပြီး အပြင်လောကက ကြီးမားပြီး စွန့်စားမှုတွေ အန္တရာယ်တွေ အပြည့်ရှိနေတယ် ဆိုပေမဲ့ စဉ်းစားကြည့်လေ။ မင်းက သုံးနှစ် မပြည့်မှီမှာ ကောင်းကင် ကြယ်တာရာနယ်မြေရဲ့ ထိပ်သီးမှာတောင် ရပ်တည်နိုင်ခဲ့တဲ့သူပဲ။ နောင်ကျ ကောင်းကင် ကြယ်တာရာ ပိုင်နက်ရဲ့ ထိပ်သီးမှာ ရပ်နေနိုင်မယ်လို့ ယုံကြည်တယ်။ ဒါ့အပြင် မင်းစုလောရွှယ်နဲ့ မင်းရဲ့အမေကို မကယ်ချင်ဘူးလား။ လက်စားမချေချင်ဘူးလား”

“အမေလား။ လောရွှယ်လား။ လက်စားချေဖို့လား”

ကျန်းရီက ရုတ်တရက် ခေါင်းမော့ပြီး ယခင်က စိတ်ဓာတ်ကျနေသော အကြည့်များထဲတွင် မျှော်လင့်ချက်များ စွမ်းအားများ ပြည့်လာတော့သည်။

မှန်သည်။ သူက ဆယ့်ရှစ်နှစ်သာရှိသေးသည်။

“သူသည် ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ထိပ်သီး၌ ရပ်တည်နိုင်ရန် သုံးနှစ်သာ အချိန်ယူခဲ့ရသူ ဖြစ်သည်။ အစွမ်းထက်သော သိုင်းခန်းမဆောင်နှင့် ရင်ဆိုင်ရာတွင် အနိုင်ရရန် အခွင့်အရေးမရှိဆိုတာ မမှန်ကန်ပေ။ သူက နဂါးဆေးခြောက်မြက်ပင်ကို ရှာတွေ့ပြီး သူ၏ခန္ဓာ တည်ဆောက်ပုံကို ပြန်ပြင်နိုင်သ၍ ကောင်းကင်ဧကရာဇ် အဆင့်ကို ချိုးဖျက်တက်နိုင်ရန် အခွင့်အရေးရှိပေသည်။ သို့မဟုတ် သူသည် ဆယ်နှစ် အနှစ်နှစ်ဆယ် ဆက်လက် ကျင့်ကြံလျှင် သို့မဟုတ် ကျန်ရှိသည့် ဘဝတွင်တောင် ဆက်လက် ကျင့်ကြံနိုင်ပေ၏။

ကျန်းပိုင်လီ၏ သေခြင်းတရားနှင့် သိန်းခန်းမ မည်မျှ သန်မာကြောင်း သိရှိသွားမှုဖြင့် သူ၏ စိတ်ဆန္ဒတို့က နောက်ဆုံး၌ ရှင်သန်လာတော့သည်။ တိုက်ခိုက်လိုစိတ်က ထပ်မံပေါ်ပေါက်လာခဲ့ပြီ ဖြစ်၏။

လျှို့ဝှက် ကျွန်းတစ်ကျွန်းကို ရှာပြီး သူ၏ ဆွေမျိုးသားချင်း မိတ်ဆွေများနှင့် အတူ လက်ကျန်ဘဝ၌ သီးခြားနေသွားရမည်။ သူမည်သူမည်ဝါဆိုတာ ဖုံးကွယ်ပြီး စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် အပြစ်မကင်းမှုများဖြင့် တသက်လုံး နေထိုင်သွားရမည်လော။ ယင်းက သူလိုချင်သည့် ဘဝမျိုး မဟုတ်ပေ။

သူသည် အသက်ပြင်းပြင်း တစ်ချက်ရှုပြီးနောက် ဆုံးဖြတ်ချက် ချကာ ပြောလိုက်တော့၏။

“လောရွှယ် ငါ့ကို စောင့်နေ။ နဂါးညှိုးခြောက်မြက်ကို သေချာပေါက် ရှာဖို့ ကြိုးစားပြီး မင်းကို လာကယ်မယ်။ သိုင်းခန်းမ မင်းတို့တွေက သန်မာတယ်ဆိုပေမဲ့ ငါအသက်ရှင်နေသ၍ မင်းတို့ကို တစ်နေ့ကျရင် သေချာပေါက် ဖျက်ဆီးပစ်မယ်”

***

All Chapters