← Chapters

သရုပ်မှန်ကို ဖုံးကွယ်ခြင်း

Vol. 18 Ch. 187

သရုပ်မှန်ကို ဖုံးကွယ်ခြင်း

Vol. 18 Ch. 187

“အမြန် ကောင်းကင်နဲ့မြေပြင်ရတနာတွေကို သိမ်းကြ ထွက်ပြေးနေတဲ့လူတွေနောက်ကို မလိုက်နဲ့” ကျန်းယန် ပင်လယ်ကောင်းကင်မျှော်စင်ပေါ်တွင် ရပ်နေရင်း သူ့အနီးတစ်ဝိုက်က လူများကို အော်ပြောနေခဲ့သည်။

သူ့ရည်ရွယ်ချက်က တိုက်ပွဲကွင်းပြင်ထဲရှိ ဂိုဏ်းကြီး ၉ ဂိုဏ်းလုံး၏ ခံတပ်များကို ဖျက်ဆီးပြီး တိုက်ပွဲကွင်းပြင်ထဲတွင် ဂိုဏ်းကြီးများတည်ဆောက်ထားသော အုတ်မြစ်များကို မြေလှန်ပစ်ဖို့ ဖြစ်၏။ ဒါမှသာ နောက်မျိုးဆက်တွင် သူတို့အဇူရာတိမ်ဂိုဏ်းက တိုက်ပွဲကွင်းပြင်ထဲ၀င်သော သူများသည် အခြားသူများနှင့် တန်းတူရပ်တည်နိုင်မည် ဖြစ်သည်။

သူ့တွင် ခံတပ်ထဲကထွက်ပြေးသွားသောဂိုဏ်းသားများကို လိုက်သတ်ဖို့ အစီအစဉ်မရှိသေးပေ။

ကျန်းယန်၏ ခွန်အားကိုမြင်ပြီးနောက်တွင် သူ့အဖွဲ့က ဘယ်သူမှ သူ့အမိန့်ကိုမနာခံဘဲ မနေရဲတော့ပေ။

ဝိညာဉ်အခြေတည်အဆင့် ၃၀ သည် ထွက်ပြေးသွားသော သူများနောက် မလိုက်ခဲ့ဘဲ ထိုအစား ခံတပ်ထဲက ကောင်းကင်နှင့်မြေပြင်ရတနာများကိုသာ သိမ်းဆည်းခဲ့ကြ၏။

သိမ်းဆည်းနေချိန်တွင် လူတိုင်းသည် ကျန်းယန်အတွက် သီးသန့်ဝေစုတစ်ပုံ ဖယ်‌ထားပေးခဲ့ကြသည်။

“ချင်းရှု ကောင်းကင်နဲ့မြေပြင်ရတနာတွေအကြောင်းစိတ်မပူနဲ့ဦး အရင်ဆုံး သိုလှောင်ရတနာတစ်ခု သန့်စင်ရမယ် ငါတို့မှာ သယ်စရာပစ္စည်းတွေများလွန်းနေပြီ ငါတို့အကုန်လုံးကို သယ်မထားနိုင်ဘူး” ကျန်းယန် ပြောလိုက်၏။

“ပြဿနာမရှိပါဘူး” ချင်းရှု ပြန်ပြောလိုက်သည်။

ထို့နောက် အားလုံးကောင်းကင်နှင့်မြေပြင်ရတနာများသိမ်းနေချိန်တွင် သူက သိုလှောင်ရတနာတစ်ခု စတင်သန့်စင်ခဲ့၏။

ထိုရတနာကအဆင့်မြင့်နေစရာလည်း မလိုဘဲ ပစ္စည်းများထည့်လို့ရလျှင် အဆင်ပြေပြီဖြစ်သောကြောင့် သူ့အတွက် အချိန်သိပ်မလိုခဲ့ပေ။

နေ့၀က်ခန့်ကြာပြီးနောက် ပင်လယ်ကောင်းကင်မျှော်စင်ကြီးတစ်ခုလုံးက ပြောင်ရှင်းသွားခဲ့သည်။ သူတို့မျှော်စင်ထဲက တန်ကြေးသိပ်မရှိသော ဆေးပင်များကိုတော့ မယူဘဲချန်ထားခဲ့ပြီး တန်ဖိုးကြီးရတနာများအပေါ်သာ အာရုံစိုက်၍ ယူဆောင်ခဲ့ခြင်း ဖြစ်၏။ ထိုပစ္စည်းများသည် အပြင်တွင်လည်း ရနိုင်သောအရာများဖြစ်သောကြောင့် ထိုအရာများအပေါ် အချိန်ဖြုန်းနေဖို့ မတန်ပေ။

“မနားကြနဲ့ ငါတို့သိမ်းစရာ ခံတပ်နှစ်ခုပဲကျန်တော့တယ် တိုက်ပွဲကွင်းပြင်ထဲက ခံတပ် ၉ ခုလုံးကို ဘာမှမကျန်အောင် သိမ်းပစ်မယ်!”

ကျန်းယန် ပြုံးကာပြောလိုက်သည်။

“သွားရအောင် ကောင်းကင်နှလုံးသားကျွန်းကို သွားကြမယ်”

“တာအိုမိတ်ဆွေကျန်း ငါတို့ မဟာနှင်းတောင်ဂိုဏ်းကိုသိမ်းဖို့ကျန်သေးတယ် မဟုတ်လား” ပါချင်းယန် ဟာသလုပ်လိုက်၏။

ထိုအရူး ၇၀ ၈၀ မရှိတော့သောအခါ သူတို့အဖွဲ့ကပိုပြီး ဟန်ချက်ညီလာခဲ့သည်။

ကျန်းယန် ခပ်ဟဟရယ်မောလိုက်ကာ

“မဟာနှင်းတောင်ဂိုဏ်းကိုက ငါတို့ကိုယ်တိုင်သွားစရာမလိုတော့ပါဘူး အခုလောက်ဆို အဲ့ဒီနေရာပျောက်တာကြာလောက်ရောပေါ့ သူတို့ကိုလည်း အဇူရာတိမ်ဂိုဏ်းနာမည်အောက်က ဖျက်ဆီးခဲ့တာဆိုတော့ ငါတို့ဖျက်ဆီးတယ်လို့ပဲ ထည့်တွက်လို့ ရတယ်”

နှစ်ရက်ခန့်အကြာတွင် သူတို့မြင့်မြတ်ဝိညာဉ်ဂိုဏ်းကိုဖြတ်ကာ ကောင်းကင်နှလုံးသားကျွန်းသို့ ရောက်ရှိလာခဲ့၏။

“မင်းတို့ အသက်ရှင်ချင်သေးရင် ပြေးတာကောင်းလိမ့်မယ်နော် ဒီခံတပ်ကိုဆက်ပြီးခုခံနေစရာမလိုတော့ဘူး” ကျန်းယန် ကောင်းကင်နှလုံးသားကျွန်းခံတပ်ထဲတွင် ကျန်နေသေးသော သူများကိုကြည့်ကာ ပြောလိုက်သည်။

“ရိုင်းလိုက်လေ မင်းတို့အဇူရာတိမ်ဂိုဏ်းက ငါတို့ကိုစတိုက်ခိုက်ရဲရင် ငါတို့ဘက်ကလည်း ဘယ်တော့မှ မင်းတို့ကိုအနိုင်ပေးမှာ မဟုတ်ဘူးကွ”

“စိတ်အနှောင့်အယှက်ဖြစ်စရာပဲ” ကျန်းယန် ရေရွတ်လိုက်၏။ ထို့နောက်တွင်တော့ ချင်းရှုမျှော်စင်မှ မိုးကြိုးလှိုင်းများက ညှာတာမှုကင်းမဲ့စွာ ခံတပ်ဆီ ပြေး၀င်သွားခဲ့ကြလေသည်။ ထိုစွမ်းအားနှင့် ဝိညာဉ်အခြေတည်အဆင့် ၃၀ကျော်၏ စွမ်းအားပေါင်းလိုက်သောအခါတွင် ကောင်းကင်နှလုံးသားကျွန်းခံတပ်၏ အကာအကွယ်၀င်္ကပါ၏ မျက်စိတစ်မှိတ်အတွင်း ပြိုကွဲသွားခဲ့ရ၏။

ခံတပ်ကို စောင့်ရှောက်နေသူများ ကြက်သေသေကုန်ကြသည်။

သူတို့၏ နှစ်ပေါင်းတစ်ထောင်ကျော် တည်မြဲလာသော အကာအကွယ်၀င်္ကပါကြီး၏ အခုလို အလွယ်လေးဖြင့် ပြိုကွဲသွားခြင်းပေလော။

“ထွက်သွားကြ!” ကျန်းယန် လက်ယမ်းပြလိုက်သည်။

“ငါမင်းတို့ကို အသက်ရှူကြိမ်သုံးကြိမ်စာ အချိန်ပေးမယ် တကယ်လို့ မင်းတို့ထွက်မသွားသေးရင် ငါမင်းတို့ကိုသတ်မယ် ၁ ၂ ၃ အချိန်ပြည့်ပြီ သတ်!”

သူတွန့်ဆုတ်မနေဘဲ ချက်ချင်းဆိုသလို ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ကို မိုးကြိုးဖြင့် တိုက်ခိုက်လိုက်၏။ ထိုအခါမှ အခြားသူများ သတိ၀င်သွားပြီး ကြောက်လန့်တကြား ထွက်ပြေးကုန်ကြလေတော့သည်။

“အမြန် တန်ဖိုးကြီးတဲ့ရတနာတွေကိုသိမ်းကြ ငါတို့မှာရှိပြီးသားရတနာတွေကိုထားခဲ့” ကျန်းယန် အားလုံးကို အမြန်လုပ်ရန် ပြောလိုက်၏။

သူအချိန်ကိုတွက်ချက်နေခြင်းဖြစ်ပြီး မကြာခင်တွင် ဂိုဏ်းကြီးများမှလူများရောက်ရှိလာမည်ကို သူကြောက်ရွံ့နေခဲ့မိသည်။

သို့သော် တကယ်တော့ သူသည် ဂိုဏ်းကြီးများ၏စည်းလုံးမှုကို ပိုတွက်နေမိခြင်းသာ ဖြစ်၏။

သူတို့ခံတပ်ကြီးများသည် ရှင်းခံရပြီးဖြစ်သောကြောင့် ခံတပ်ပျက်ဆီးပြီးသား ဂိုဏ်းကြီးများသည် ဘာမဟုတ်တာလေးများကို ငြင်းခုံ၍ လမ်းခရီးမကြာကြာအောင် တမင်တကာ အချိန်ဆွဲနေခဲ့ကြသည်။

သူတို့အတွေးက ရှင်း၏။ ငါတို့ခံတပ်တွေပျက်ဆီးသွားလျှင် အခြားသူများ၏ ခံတပ်များလည်း အကောင်းအတိုင်းမကျန်စေရ ဟုတွေးနေကြခြင်းသာ ဖြစ်သည်။

ခံတပ်မပျက်ဆီးသေးသော ဂိုဏ်းကြီးများကလည်း ရှေ့တွင်ဟာနှင်းတောင်ဂိုဏ်းနမူနာရှိနေသောကြောင့် သူတို့ခံတပ်များသို့ တစ်ဂိုဏ်းတည်းခွဲထွက်၍ ကြိုမသွားရဲကြပေ။

အကယ်၍ သူတို့နောက်ထပ်ရူးနေသော မျက်နှာဖုံး၀တ် ၈၀ နှင့်ထပ်တွေ့ပါက အားလုံးသေသွားနိုင်သည် မဟုတ်ပါလော။

သူတို့အားလုံး၏ အချိန်ဆွဲနေမှုနောက်တွင် ကောင်းကင်ရတနာများကို ခွဲဝေဖို့ ၂ရက် ကြာသွားခဲ့ပြီး ထို့နောက်မှသာ ဖြည်းဖြည်းခြင်း စတင်ထွက်ခွာလေတော့သည်။

ခံတပ်ဖျက်ဆီးမခံရသေးသော ဂိုဏ်းကြီးများ စိတ်တိုနေကြသော်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး သူတို့လုပ်နိုင်တာလည်း ဘာမှမရှိပေ။

နောက်ဆုံးတွင် သူတို့သည် မဟာ‌နှင်းတောင်ဂိုဏ်းကိုလည်း အခုလိုသာ ဆက်ဆံခဲ့ခြင်း မဟုတ်ပါလော။

သူတို့ ပင်လယ်ကောင်းကင်‌ေမျှာ်စင်ခံတပ်သို့ရောက်သွားသောအခါ သူတို့မျှော်လင့်ထားသလိုပင် ခံတပ်ထဲတွင် ဘာမှကျန်မနေတော့သည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူတို့မြင့်မြတ်ဝိညာဉ်ဂိုဏ်းဆီသို့ ဖြည်းဖြည်းချင်း ချီတက်သွားကြပြန်သည်။

ကျန်းယန်ကတော့ ဂိုဏ်းကြီးများကြားထဲတွင် ဘာဖြစ်နေသလဲ မသိသောကြောင့် ကောင်းကင်နှလုံးသားကျွန်းကို သိမ်းပြီးသည်နှင့် သူ့လူများကို တန်ဖိုးကြီးရတနာများကို ယူ၍ အမြန်ဆုတ်ဖို့သာ မှာကြားနေခဲ့၏။

ထိုခံတပ်ကိုသိမ်းယူပြီးနောက်တွင်တော့ သူ့ရည်မှန်းချက်က ပြည့်၀သွားခဲ့ချေပြီ။

ကောင်းကင်နှလုံးသားကျွန်းမှ လီ ၃၀၀အကွာသို့ ဆုတ်ခွာပြီးသောအခါ ကျန်းယန် သူ့လူများကို ရပ်ဖို့ပြောလိုက်သည်။

ထို့နောက် သူ့ရှေ့ကလူများကိုကြည့်၍ သူပြောလိုက်၏။

“အားလုံးပဲ ဒီစစ်ဆင်ရေးကတော့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပြီ ဂိုဏ်းကြီးကိုးဂိုဏ်းလုံးရဲ့ ခံတပ်ကြ‌ီးတွေ အကုန်လုံးကို ဖျက်ဆီးပြီးသွားပြီ အနာဂတ်မှာ တိုက်ပွဲ‌ကွင်းပြင်ထဲ၀င်ကြတဲ့အခါ အားလုံးက ဒီနေရာမှာ သာတူညီမျှပဲ ဖြစ်သွားရလိမ့်မယ် ငါတို့က နောက်မျိုးဆက်ကို ပိုကောင်းတဲ့ စတင်မှုတစ်ခုဖြစ်လာအောင် လုပ်ပေးခဲ့တာပဲ သူတို့တိုက်ပွဲကွင်းပြင်ထဲရောက်တဲ့အခါ ငါတို့လုပ်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်နေကြလိမ့်မယ်”

လူတိုင်း အားရပါးရ ရယ်မောလိုက်ကြလေသည်။

သူတို့အားလုံးလည်း အလွန်အမင်းစိတ်ကျေနပ်နေခဲ့ကြ၏။

သူတို့သည် အရင်က ကျားသနားမှနွားချမ်းသာ သောအဖြစ်မျိုးဖြင့် နေထိုင်နေခဲ့ရသည်။ အခုတော့ သူတို့သည် ထိုဂိုဏ်းကြီးကိုးဂိုဏ်းလုံး၏ ခံတပ်ကြီးများကို ဖျက်ဆီးပြီးဖြစ်လေရာ မည်သို့ မပျော်ရွှင်ဘဲ နေနိုင်ပါမည်နည်း။

ကျန်းယန် ပြုံးကာ လူအုပ်ကြီးကိုပြောလိုက်၏။

“ဂိုဏ်းကြီးကိုးဂိုဏ်းရဲ့ ခံတပ်ကြီးတွေကိုဖျက်ဆီးတာက တကယ်စိတ်ကျေနပ်စရာကောင်းပါတယ် ဒါပေမယ့် ငါတို့အခုရင်ဆိုင်ရမှာက သူတို့ဘက်က တန်ပြန်တိုက်ခိုက်မှုကိုပဲ

ငါတို့အဇူရာတိမ်ဂိုဏ်းအတွက်ကတော့ ငါတို့က သူတို့ရတနာတွေကို လုယူယူ မယူယူ သူတို့ကငါတို့ကိုတိုက်ခိုက်ဖို့ စီစဉ်ပြီးသားပဲ

အဲ့တော့ ဒီကိစ္စကို အဇူရာတိမ်ဂိုဏ်းကပဲ ခေါင်းခံလိုက်မယ်

ဒီကြင်နာမှုကို မင်းတို့မှတ်မိနေဖို့ပဲ ငါမျှော်လင့်ပါတယ် အနာဂတ်မှာ တကယ်လို့မင်းတို့အဇူရာတိမ်ဂိုဏ်းကိုကူညီနိုင်တာတစ်ခုခုရှိလာတဲ့အခါ ဖြစ်နိုင်မယ်ဆိုရင် ကျေးဇူးပြုပြီး ကူညီပေးကြပါလို့ပဲ ငါပြောချင်ပါတယ်”

အားလုံးတိတ်ဆိတ်နေကြပြီး ဘာမှမပြောခဲ့ကြပေ။

သူတို့ဂိုဏ်းများသည် အလွန်အားနည်းပြီး သူတို့ကိုယ်တိုင်ကမူ ပိုပြီးပင်အားနည်းနေသေးသည်။ ထိုအခြေအနေတွင် အကယ်‌၍ သူတို့ကူညီချင်လျှင်တောင် ကူညီနိုင်မည်မဟုတ်ပေ။

ဒါပေါ့ အခုလို အကျိုးကျေးဇူးအကြီးကြီးများ ရရှိခဲ့ပြီးနောက်တွင် သူတို့အဇူရာတိမ်ဂိုဏ်းအပေါ် ကျေးဇူးကြွေးကြီးတစ်ခု တင်သွားပြီဆိုတာကိုလည်း သူတို့သိကြ၏။

“ငါ့ကို မင်းတို့မျက်နှာဖုံးတွေပေးကြ အခုကစပြီး ငါတို့ကတစ်ယောက်နဲ့တစ်ယောက်မသိတဲ့လူတွေလို ဟန်ဆောင်ကြတော့မယ်” ကျန်းယန်ပြုံးကာ ပြောလိုက်သည်။

“ပြီးတော့ အားလုံးပဲ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင် ပြီးတဲ့အချိန်ထိ တတ်နိုင်သလောက်ပုန်းသာနေကြပေတော့”

လူတိုင်း တိတ်ဆိတ်စွာပင် မျက်နှာဖုံးများကိုချွတ်၍ ကျန်းယန်ဆီပြန်ပေးလိုက်၏။

ထိုမျက်နှာဖုံးများအား လက်၀ယ်ထားရှိခြင်းသည် အထင်ရှားဆုံး အမှတ်အသားတစ်ခုဖြစ်သောကြောင့် သူတို့သိမ်းမထားရဲကြပေ။

“ဟုတ်ပြီ ဒါဆိုအားလုံးသွားကြတော့” ကျန်းယန် လက်ကာပြကာ ပြောလိုက်သည်။

ထိုစဉ် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် တခဏတွန့်ဆုတ်နေရာမှ ၀င်ပြောလိုက်၏။

“တာအိုမိတ်ဆွေချင်းရှု ငါတို့အတွက်သိုလှောင်ရတနာတစ်ခုလောက် သန့်စင်ပေးလို့ရမလား အဲ့တာဆို ငါတို့ဒီပစ္စည်းတွေကို ပိုကောင်းကောင်းဖုံးကွယ်ထားနိုင်တာပေါ့”

လူတိုင်းတွင်း အထုပ်အပိုးကြီးများရှိနေကြသောကြောင့် တစ်ချက်ကြည့်ရုံနှင့်ပင် သူတို့သည် အကျိုးအမြတ်ကြီးများ ရလာကြသူများဖြစ်မှန်း သိသာနေခဲ့သည်။

တိုက်ပွဲကွင်းပြင်မှသာ ထိုအတိုင်းထွက်သွားလျှင် တစ်ယောက်ယောက်ကတော့ တစ်ခုခုမှားနေမှန်း သတိထားမိသွားမည်သာ။

ချင်းရှု ပြောရန်ပြင်လိုက်ချိန်တွင် ကျန်းယန်လက်မြှောက်ပြလိုက်ပြီး ၀င်ပြောလိုက်၏။

“စိတ်မကောင်းပါဘူး ချင်းရှုသန့်စင်တဲ့သိုလှောင်ရတနာတွေမှာ ဆန်းကြယ်တဲ့ပညာရပ်တွေပါနေလို့ ငါတို့အခုအဲ့ဒီပစ္စည်းတွေကို အခြားသူတွေဆီ လွှဲမပေးနိုင်သေးဘူး ကျေးဇူးပြုပြီး ငါတို့ကိုခွင့်လွှတ်ပေးပါ

ဒါပေါ့ မင်းတို့ ငါတို့ကိုယုံကြည်ရင်တော့ ဒီပစ္စည်းတွေရဲ့ ဘေးကင်းရေးအတွက် ပစ္စည်းတွေကို ငါတို့ဆီမှာထားခဲ့လို့ရတယ်

ငါတို့တိုက်ပွဲကွင်းပြင်အပြင်ရောက်သွားတာနဲ့ မင်းတို့အချိန်မရွေး အဇူရာတိမ်ဂိုဏ်းကိုလာပြီး ဒီပစ္စည်းတွေကို လာရောက်တောင်းယူနိုင်တယ်”

ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အူကြောင်ကြောင်ပြုံးလိုက်ကာ ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ ငါတို့တောင်းဆိုမှုက လွန်သွားခဲ့မိပါတယ်”

သူကျန်းယန်တို့ဆီ ပစ္စည်းများအပ်မည်ဟု မပြောခဲ့ပေ။

ထိုမျှများပြားသော ရတနာများကို အဘယ်သို့သူများလက်ထဲကို ယုံယုံကြည်ကြည် အပ်နှံနိုင်ပါမည်နည်း။

ထိုသူက သူတို့ကိုဦးဆောင်ခဲ့သူဖြစ်ပါစေဦး သူတို့ဒီလောက်တော့ ယုံမပေးနိုင်ခဲ့ပေ။

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ကြီးမားလှသောအိတ်ကြီးများကိုသယ်၍ ကျန်းယန်တို့ကိုနှုတ်ဆက်ကာ ထွက်ခွာသွားခဲ့ကြသည်။ ထွက်ခွာသွားပြီးသည်နှင့် သူတို့အမူအရာများက စိုးရိမ် ပူပန်နေသော အမူအရာများအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဤရတနာများကို မည်သို့ဖုံးကွယ်ထားရမလဲဟူသော ကိစ္စနှင့်ပတ်သက်ပြီး ဒုက္ခရောက်နေခဲ့ကြ၏။

ကျန်းယန် ပါချင်းယန်နှင့်နှင်းနယ်မြေမှလူများကို ကြည့်ကာ မေးလိုက်သည်။

“မင်းတို့ထွက်မသွားသေးဘူးလား”

ပါချင်းယန် ခါးသက်သက်ပြုံးလိုက်ပြီး

“ငါတကယ်စိတ်မကောင်းပါဘူး ငါတို့အနေနဲ့ ဂိုဏ်းကြီးတွေကို ထိပ်တိုက်ရင်ဆိုင်မပေးနိုင်သေးဘူး အဲ့တာက ငါတို့ဂိုဏ်းတွေကို ကပ်ဘေးဖြစ်သွားပေလိမ့်မယ်”

ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“ငါနားလည်ပါတယ် မင်းတို့အားလုံးမှာလည်း အခက်အခဲကိုယ်စီ ရှိကြတာပဲလေ”

“ကျေးဇူးတင်ပါတယ်” ပါချင်းယန် နေရခက်စွာ ပြောလိုက်သည်။

“ပြီးတော့ ငါတို့ငါးယောက်ရဲ့ ဒီကောင်းကင်နဲ့မြေပြင်ရတနာတွေကိုလည်း ကျေးဇူးပြုပြီး ငါတို့အစားသိမ်းထာပေးပါဦး ငါတို့ဒါတွေကို တိုက်ပွဲကွင်းပြင်ထဲက အောင်အောင်မြင်မြင်သယ်ထုတ်သွားနိုင်မှာမဟုတ်ဘူး ငါတို့အပြင်ရောက်တဲ့အခါမှ အဇူရာတိမ်ဂိုဏ်းဆီ လာယူလိုက်ပါ့မယ် အဲ့ဒီအခါကျရင်လည်း ငါတို့ကို ဒီထဲက ဝေစု သုံးပု‌ံတစ်ပုံပဲပေးပါ ကျန်တာက ငါတို့ရဲ့ အဇူရာတိမ်ဂိုဏ်းအတွက် ကျေးဇူးတင်လက်ဆောင်ပါ”

သူသည် ကျန်းယန်တို့နှင့်အစောဆုံးပူးပေါင်းခဲ့သူဖြစ်သောကြောင့် ကိစ္စများကို ဘယ်လိုကိုင်တွယ်ရမလဲ သိရှိနေခဲ့၏။

ဤအိတ်ကြီးများဖြင့်သာ တိုက်ပွဲကွင်းပြင်ထဲမှ ထွက်သွားပါက သူတို့သည် လူတိုင်း၏ပစ်မှတ်ဖြစ်လာမည်ဖြစ်မှန်း သူတို့သိရှိနေခဲ့ကြသည်။

ထိုအချိန်ရောက်လာလျှင် ဤရတနာတွေ ရမရကိုထားဦး သူတို့အသက်ရှင်ဖို့ပင် သေချာတော့မည် မဟုတ်ပေ။

ထို့အပြင် ထိုရတနာများကို အဇူရာတိမ်ဂိုဏ်းက ပြန်မပေးဘဲ ယူထားလိုက်လျှင်လည်း သူတို့သည် ဤကိစ္စများအားလုံးကို အိပ်မက်တစ်ခုအဖြစ်သာ သဘောထားလိုက်မည်ဖြစ်ပြီး သူတို့တစ်ယောက်ယောက်ကို မှားယွင်းစွာ အကဲဖြတ်လိုက်မိသည်ဟုတွေးရုံသာ ရှိသည်။

နောက်ဆုံးတွင် သူတို့ဖာသာဆိုပါက သူတို့ဘယ်ရတနာကိုမှ ရယူနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် သူတို့ဤဆုံးဖြတ်ချက်ကို ချလိုက်ကြခြင်း ဖြစ်၏။

ကျန်းယန် ပါချင်းယန်ပုခုံးကိုပုတ်လိုက်ပြီး ပြုံး၍ပြောလိုက်သည်။

“ငါ့မိတ်ဆွေတို့ ငါမင်းတို့ကိုအသိအမှတ်ပြုပါတယ် မင်းတို့အဇူရာတိမ်ဂိုဏ်းကိုလာပြီး အချိန်မရွေး မင်းတို့ရတနာတွေကို ပြန်တောင်းနိုင်တယ် ကောင်းပြီ အခုတော့ လမ်းခွဲကြစို့ ငါတို့နဲ့နေတာက မင်းတို့အတွက် အန္တရာယ်များလွန်းတယ်”

ထို့နောက်ပါချင်းယန်တို့လည်း နှုတ်ဆက်ကာ ထွက်ခွာသွားခဲ့၏။

သူတို့ထွက်သွားပြီးနောက် ကျန်းယန်လေးလေးနက်နက်ပြောလိုက်သည်။

“ပစ္စည်းတွေကို သိမ်းလိုက်တော့ ငါတို့ တိုက်ပွဲကွင်းပြင်၀င်ပေါက်ဆီ ပြန်သွားကြမယ် ပြီးရင် ငါတို့ဂိုဏ်းကြီးကိုးဂိုဏ်းက ပါရမီရှင်တွေနဲ့ သူတို့မှာ တိုက်ခိုက်ရေးစွမ်းအားဘယ်လောက်ရှိသလဲဆိုတာ သိထားဖို့ လိုတယ်”

All Chapters