← Chapters

အားလုံးနှင့်တစ်ယောက်

Vol. 18 Ch. 189

အားလုံးနှင့်တစ်ယောက်

Vol. 18 Ch. 189

“မောက်မာလိုက်တာ လွန်လွန်းသွားပြီ!”

“ငါတို့က သူတို့ကိုရှာနေတဲ့အချိန် သူတို့က စစ်ကြေငြာရဲတယ်လား”

“ဒီတစ်ခေါက်တော့ ဒီကောင်တွေကို သင်ခန်းစာကောင်းကောင်းပေးကိုပေးရမယ်”

ဂိုဏ်းကြီးများမှလူများ ဒေါသထွက်ကုန်ကြသည်။

သူတို့အရင်က တစ်ခါမှအခုလောက်စော်ကားမခံခဲ့ရဖူးပေ။

ထို့နောက် ဂိုဏ်းကြီးများမှ လူများ ၀င်ပေါက်ဆီသို့ တရကြမ်း ချီတက်ကုန်ကြ၏။

ထိုမျှကြီးမားသောအလံကြီး ကောင်းကင်ပေါ် တက်လာခြင်းဖြစ်သောကြောင့် တိုက်ပွဲကွင်းပြင်ထဲက လူတိုင်းနီးနီး ထိုအလံကြီးကို မြင်လိုက်ကြရသည်။

“သွားကြစို့ ငါတို့လည်း ပွဲသွားကြည့်ကြမယ်”

လူပေါင်းများစွာ တိုက်ပွဲကွင်းပြင်ရှိရာသို့ လျင်မြန်စွာ ချီတက်သွားကုန်ကြ၏။

နောက်ဆုံးတွင် တိုက်ပွဲကွင်းပြင်ပိတ်ဖို့ကလည်း အချိန်ဘယ်လောက်မှ မကျန်ဝောာ့လေရာ အခုအချိန်ထိုနေရာသို့ ကြိုသွားထားခြင်းက အကြံဆိုးတော့ မဟုတ်ပေ။

ထိုအခိုက်တွင် တိုက်ပွဲကွင်းပြင်၀င်ပေါက်က ကျန်းယန် အားလုံးကိုပြောလိုက်သည်။

“ပြင်ဆင်ထားကြတော့ သူတို့လာနေပြီ”

ဒြင်စပ်ငါးမျိုးပြောင်းပြန်၀င်္ကပါကိုလည်း တည်ဆောက်ပြီးဖြစ်သလို အဆောင်မှာလည်း ရေးဆွဲပြီးဖြစ်လေရာ ယခုသူတို့လုပ်ဖို့လိုတာက ထိုလူများပေါ်လာတာကိုစောင့်ဖို့သာ ဖြစ်၏။

အခု ၄၀၀ ကျော်သော အဆောင်များကြောင့် လူတိုင်း ယုံကြည်မှုရှိစွာ ပြုံးနေကြပြီး ဟူတလီကတော့ သိပ်ပျော်နေပုံ မပေါ်ခဲ့ပေ။

နေ့၀က်ခန့်အကြာတွင် ဂိုဏ်းကြီးများမှ လူ ၃၀၀ကျော် ၀င်ပေါက်ဆီ ရောက်ရှိလာခဲ့ကြသည်။

ထိုနေရာရှိ အဇူရာတိမ်ဂိုဏ်းကတပည့်အနည်းငယ်ကိုမြင်သည်နှင့် သူတို့မျက်လုံးများ နီရဲလာခဲ့ကြ၏။

အထူးသဖြင့် လန်ကျားအထွတ်အမြတ်နယ်မြေနှင့် မဟာနှင်းတောင်ဂိုဏ်းမှလူများဖြစ်သည်။ သူတို့ ကျန်းယန်ကို အခုချက်ချင်းပင် အရှင်လတ်လတ် ဝါးမြိုပစ်ချင်နေခဲ့ကြ၏။

“မင်းဘယ်လိုသေချင်လဲ” ကုန်းရှို့ပင်း ကျန်းယန်တို့ကို အေးစက်စက်စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက မဟာနှင်းတောင်ဂိုဏ်းက လူတွေကို သတ်ရဲတယ်လား သေချင်နေတာပဲ ဒီနေရာမှာ နှစ်လတိတိ ဒူးထောက်စမ်း ဒါဆိုငါမင်းတို့အသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးမယ်”

“ချင်းရှု ငါတို့ဂိုဏ်းကမင်းကိုဘယ်လောက်ကောင်းကောင်းဆက်ဆံခဲ့သလဲ ဒါတောင်မင်းက ရှို့ယိဘုရားကျောင်းကိုသစ္စာဖောက်ပြီး အဇူရာတိမ်ဂိုဏ်းနဲ့ သွားပူးပေါင်းရသလား”

ဂိုဏ်းအသီးသီးမှ လူများ ကျန်းယန်တို့ကို ဒေါသတကြီးအော်ဟစ်ပြောဆိုနေခဲ့ကြ၏။

“ပါးစပ်ပိတ်ထားစမ်း” ကျန်းယန် အေးစက်စက်အော်ပြောလိုက်သည်။

“မင်းတို့အားလုံးဒီလောက်ပြောနေတာ ငါခေါင်းတောင်ကိုက်လာပြီ မင်းတို့က ဂိုဏ်းကြီးတွေက ပါရမီရှင်တွေမဟုတ်ဘူးလား မသိရင် ဈေးထဲက ဈေးသည်ကြီးတွေ ကျနေတာပဲ”

ကျန်းယန်၏ မလေးမစားပြုမူပုံကိုတွေ့သောအခါ ကုန်းရှို့ပင်း ဒေါသတကြီးဟိန်းဟောက်လိုက်၏။

“သူတို့ကို ရှင်းပစ်ကြ!”

“နေပါဦး” ဟွေ့ချင်း ချက်ချင်းရှေ့တက်လာကာ ကုန်းရှို့ပင်းကို အေးအေးဆေးဆေးပြောလိုက်လေသည်။

“ဒကာလေးမေ့သွားပြီလား အဇူရာတိမ်ဂိုဏ်းက ဘယ်သူ့ကိုမဆို အရင်ဆုံးရှင်းနိုင်တဲ့သူက ကံကြမ္မာ ၁၀ ရာခိုင်နှုန်းကိုရမှာလေ ဒကာလေးက ငါတို့အခြားဂိုဏ်းကြီးတွေကို မရှိသလိုလုပ်နေတာပဲ”

ကုန်းပိုင်ဟေး လည်းအေးစက်စက်ပြောလိုက်၏။

“ကြည့်ရတာအချို့လူတွေက ကန်းချင်‌ယောင်ဆောင်နေတယ်ထင်တယ်”

ကုန်းရှို့ပင်း ဒေါသထွက်သွားခဲ့လေသည်။ သူအော်ပြောလိုက်၏။

“ငါတို့လန်ကျားအထွတ်အမြတ်မြေကလူတွေအများကြီးသေသွားခဲ့ရတာတောင် မင်းတို့က ငါ့ကိုကလဲ့စားပြန်မချေဖို့ လာပြောနေတာလား”

“ဘယ်သူက မင်းကလဲ့စားချေမချေကို ဂရုစိုက်လို့လဲ” ကျိုးလင် မျက်မှောင်ကြုံ့ကာ ၀င်ပြောလိုက်သည်။

“ဒါပေမယ့် ခုနကသဘောတူညီချက်က အသက်၀င်နေသေးတယ်မဟုတ်လား ဒါဆို မင်းငါတို့ခွင့်ပြုချက်မရသေးဘဲ တစ်ချက်မှ လှုပ်ရှားလို့မရဘူး”

ကုန်းရှို့ပင်းနှင့်မဟာနှင်းတောင်ဂိုဏ်းမှ လန်ချင်းဖုန်းတို့လူများ ဒေါသထွက်ကုန်ကြ၏။

ကုန်းရှို့ပင်းနှင့် လန်ချင်းဖုန်းတို့အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကုန်းရှို့့ပင်း ဒေါသတကြီး ပြောလိုက်သည်။

“ငါတို့သဘောတူညီချက်က ပျက်သွားပြီ အဇူရာတိမ်ဂိုဏ်းကကောင်တွေကိုဖမ်းတာက လောင်းကြေးအဖြစ်ရှိမနေတော့ဘူး ဒါ‌ဆို ငါတို့ကလဲ့စားချေလို့ ရပြီလား ဒါတောင် မင်းတို့ကဆက်တားနေသေးရင် ငါဒီကိစ္စကို သေချာပေါက် ဂိုဏ်းအကြီးအကဲတွေဆီ ပြန်တင်ပြမှာ အဲ့ဒီကိစ္စကြောင့် ငါတို့ဂိုဏ်းတွေကြားက မဟာမိတ်ဆက်ဆံရေးကို ထိခိုက်လာစေခဲ့ရင် မင်းတို့တာ၀န်ယူရလိမ့်မယ်”

အခြေအနေကပြောင်းလဲသွားသောအခါ ဂိုဏ်းကြီးများ နောက်ဆုတ်နေဖို့သာ ဆုံးဖြတ်လိုက်၏။

ထိုဂိုဏ်းကြီးနှစ်ဂိုဏ်းသည် ကြီးကြီးမားမားဆုံးရှုံးထားရသောကြောင့် ရူးသွပ်တော့မလိုဖြစ်နေလေရာ ဘယ်သူမှ ထိုခွေးရူများဖြင့် ပြိုင်မကိုက်လိုကြတော့ပေ။

“ဒီကောင်တွေကိုသတ်ပြီး ငါတို့တပည့်တွေအတွက် ကလဲ့စားချေကြ!” ကုန်းရှို့ပင်း လက်ယမ်းပြလိုက်ကာ ပြောလိုက်သည်။

လန်ကျားအထွတ်အမြတ်မြေနှင့်မဟာနှင်းတောင်ဂိုဏ်းမှတပည့်များ ချက်ချင်းဆိုသလို ကျန်းယန်တို့ကို ဝိုင်းထားလိုက်ကြ၏။

“မင်းတို့က ဂိုဏ်းကြီးတွေက ပါရမီရှင်တွေမဟုတ်ဘူး မင်းတို့က ဂိုဏ်းကြီးတွေက ငတုံးတွေပဲ” ကျန်းယန် လှောင်ပြောင်လိုက်လေသည်။

“ငါကဘာမှပြင်ဆင်မထားဘဲ မင်းတို့ကိုဒီနေရာခေါ်လိုက်လိမ့်မယ်လို့ မင်းတို့အရူးတွေ တကယ်ကြီးထင်နေတာလား”

သူချက်ချင်း ချင်းရှုမျှော်စင်ကို အသက်သွင်းလိုက်၏။

တိုက်ပွဲကွင်းပြင်ထဲတွင် ဝိညာဉ်အခြေတည်အဆင့်စွမ်းအားကို ကျော်လွန်နေသော ကြောက်မက်ဖွယ်နတ်ဝိညာဉ်စွမ်းအားထွက်ပေါ်လာသောအခါ ပါရမီရှင်များ၏အမူအရာများ ချက်ချင်းပြောင်းလဲကုန်ကြသည်။

ဝိညာဉ်အခြေတည်အဆင့်နှင့်နတ်ဝိညာဉ်အဆင့်ကြားထဲတွင် ကြီးမားသော ခြားနားချက်ကြီးရှိနေပြီး အကယ်၍ သူတို့သာ နတ်ဝိညာဉ်အဆင့်စွမ်းအားနှင့်ရင်ဆိုင်ရပါက လုံး၀ ပြန်ခုခံနိုင်မည် မဟုတ်ပေ။

ဂိုဏ်းကြီးများမှ ပါရမီရှင် ၃၀၀ ကျော်ချက်ချင်းဆိုသလို သတိအနေအထားသို့ ပြောင်းလဲသွားခဲ့၏။

ကလဲ့စားချေဖို့ပြင်နေသော လန်ကျားအထွတ်အမြတ်မြေနှင့် မဟာနှင်းတောင်တန်းမှ တပည့်များပင် ချက်ချင်း နောက်ပြန်ဆုတ်လိုက်ကြလေသည်။

ထိုစဉ် ကျန်းယန် ဘာမှမထူးခြားဟန်ဖြင့် အဆောင်တစ်ခုကို ပစ်လိုက်၏။ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်၏ ခွန်အားနှင့်တူညီသော မီးတောက်ပေါက်ကွဲအဆောင်က ရှေ့ကလူအုပ်ရှေ့သို့ ကျရောက်ပေါက်ကွဲသွားခဲ့သည်။

ကျန်းယန်ဘေးက ထိုအဆောင်နှင့်ပုံစံတူသော သစ်သားတုံးအပုံလိုက်ကြီးကို မြင်လိုက်ရသောအခါ ထိုပါရမီရှင်များ၏ အမူအရာများ ပြောင်းလဲသွားခဲ့ပြန်၏။

ထို့နောက် ကျန်းယန် ဒြပ်စင်ငါးမျိုးပြောင်းပြန်၀င်္ကပါကို အသက်သွင်းလိုက်ပြန်သည်။ ထိုအခါ ၀င်ပေါက်ရှေ့၌ အလွန်ကျယ်ပြန့်သော ရင်သက်ရှူမောဖွယ် ၀င်္ကပါကြီးတစ်ခု ပေါ်ပေါက်လာခဲ့‌၏။

ထိုအခိုက်တွင် ဂိုဏ်းကြီးများမှပါရမီရှင်များ လုံး၀ ဆွံ့အနေခဲ့ကြသည်။

ဤ၀င်္ကပါကြီးနှင့်ဆိုပါက သူတို့ထိုလူငါးယောက်ကို အချိန်တိုအတွင်းတော့ အနိုင်ယူနိုင်တော့မည် မဟုတ်ပေ။ သူတို့တွင် အဆောင်များရာချီ၍ ရှိနေသောကြောင့် ထိုသူများသည် စိတ်ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားမှာကိုလည်း ကြောက်နေစရာ မလိုပေ။ ထို့အပြင် သူတို့တွင် နတ်ဝိညာဉ်အဆင့်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်သည့် ရတနာတစ်ခုက ရှိနေသေးသည်။

အခု သတိထားရမည်က သူတို့အလှည့်ဖြစ်သွားခဲ့ချေပြီ။

ကျန်းယန် ဒြပ်စင်ငါးမျိုးပြောင်းပြန်၀င်္ကပါထဲမှ ထွက်လာခဲ့ပြီး ဂိုဏ်းကြီးများမှလူများကို ကြည့်လိုက်ကာ

“မင်းတို့ဒေါသထွက်နေမယ်ဆိုတာ ငါသိပါတယ် ငါကမင်းတို့ခံတပ်တွေကိုဖျက်ဆီးခဲ့တာကိုး” သူဆက်ပြောလိုက်သည်။

“ဒါပေမယ့် မင်းတို့က အနိုင်ကျင့်လွန်းနေတယ်လို့ရော မင်းတို့မခံစားမိဘူးလား

မင်းတို့က တိုက်ပွဲကွင်းပြင်မှာရှ်ိတဲ့အကောင်းဆုံးဆိုတာတွေကိုယူတယ် ဂိုဏ်းငယ်လေးတွေကိုကျတော့ ဘာမဟုတ်တဲ့ ရတနာအသေးလေးတွေပဲ ယူခွင့်ပေးတယ် ဘယ်လို ဟာသမျိုးလဲ

တကယ်လို့ အနိုင်ကျင့်ခံရတာက အခြားဂိုဏ်းတွေပဲဆိုရင် ငါ့ကိစ္စတစ်ခုမှ ပါမနေဘူး

ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းပါအနိုင်ကျင့်ခံနေရရင်တော့ ငါ့ကိစ္စဖြစ်လာပြီ

အခုမင်းတို့ရဲ့ခံတပ်တွေဖျက်ဆီးခံလိုက်ရပြီ နောက်တစ်ခါ တိုက်ပွဲကွင်းပြင်ထဲ၀င်ရင် အားလုံးအစကပြန်စရတော့မယ် ရတနာတွေကို ရရှိဖို့ အားလုံးက ကိုယ့်အားကိုယ် ကိုးရတော့မယ်”

တခဏရပ်တန့်ပြီးနောက် သူဆက်ပြောလိုက်၏။

“လူတိုင်း‌တိုက်ပွဲကွင်းပြင်ထဲ၀င်လာတာက ရတနာတွေရရှိဖို့အပြင် ကံကြမ္မာကိုရိတ်သိမ်းဖို့ဆိုလည်း ဟုတ်တယ်

မင်းတို့အားလုံးက အဇူရာတိမ်ဂိုဏ်းရဲ့ ကံကြမ္မာကို ရှင်းပစ်ချင်နေတာ ငါသိပါတယ် အခုငါဒီမှာရောက်နေပြီမင်းတို့ကိုစောင့်နေတယ်

နောက်နှစ်လလုံးလုံး ငါမင်းတို့နဲ့အလောင်းအစားလုပ်မယ်”

ထို့နောက် သူနောက်လှည့်ကာအိတ်နှစ်လုံးကို ယူလိုက်သည်။ ပထမအိတ်ကိုသွန်ချလိုက်သောအခါ အထဲမှ တန်ဖိုးကြီးရတနာများ ဆေးပင်များ ထွက်ကျလာခဲ့၏။

ဒုတိယအိတ်ကိုသွန်လိုက်သောအခါတွင်တော့ အထဲမှ ရာချီသော တံဆိပ်ပြားများ ထွက်ကျလာခဲ့သည်။

ဂိုဏ်းကြီးများကလူများကိုကြည့်နေရင်း ကျန်းယန် ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တိုက်ပွဲကွင်းပြင်၀င်ပေါက်က ငါတို့တိုက်ပွဲနယ်မြေပဲ

တစ်ခေါက်စီတိုင်းမှာ မင်းတို့ဘက်က တစ်ယောက်စီပို့လို့ရတယ် မှော်ရတနာတွေအသုံးပြုခွင့်မရှိဘူး မင်းတို့သုံးရင် ငါလည်းငါ့ရတနာကိုသုံးမှာ

ကံကြမ္မာဘယ်လောက် ရတနာဘယ်လောက်လောင်းမယ်ဆိုတာကိုတော့ မင်းတို့ဖာသာဆုံးဖြတ်ကြ

နေ့တိုင်း တစ်နေ့ကိုနှစ်ပွဲတိုက်ခိုက်မယ် မင်းတို့ဘက်က ဘယ်သူထွက်လာလာ ငါ့ဘက်က စိန်ခေါ်မှုကို လက်ခံတယ်

ဒါပေမယ့် မင်းတို့ဘက်က အရေအတွက်ကိုအားကိုးပြီး တိုက်ခိုက်ဖို့ကြံရင်တော့ ရှိသမျှနည်းလမ်းသုံးပြီးတိုက်ခိုက်လို့ ငါ့ကိုအပြစ်မတင်ကြနဲ့

ငါတို့တကယ်တိုက်ခိုက်ရင် မင်းတို့ဘက်က လူဘယ်နှစ်ယောက်ကျန်မလဲ သိချင်မိတယ်

ငါပြောတာကို ရှင်းကြတယ်မလား

ကဲ အခုဘယ်သူအရင်ဆုံး ထွက်လာမလဲ”

All Chapters