← Chapters

မတရားသောရှုံးနိမ့်မှု

Vol. 18 Ch. 190

မတရားသောရှုံးနိမ့်မှု

Vol. 18 Ch. 190

“စိန်ခေါ်ပွဲအတွက်က လောနေစရာမလိုသေးပါဘူး ငါ့မှာမင်းတို့ဖြေဖို့လိုတဲ့ မေးခွန်းတစ်ခုရှိနေသေးတယ်” လင်းရှု ရှေ့တက်လာကာ ပြောလိုက်၏။ ထို့နောက် သူ့အကြည့်က ကျန်းယန်ကိုဖြတ်၍ ချင်းရှုဆီရောက်ရှိသွားပြီး မေးလိုက်သည်။

“မင်းဘာလို့ ရှို့ယိဘုရားကျောင်းကို သစ္စာဖောက်ရတာလဲ ငါတကယ်နားမလည်နိုင်ဘူး”

“ဘာလို့လဲဆိုတော့ ငါလုပ်ချင်လို့လေ” ချင်းရှု နည်းနည်းလေးမှအားနာမနေဘဲ ခပ်ပြတ်ပြတ်သာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းအတွက် ဂိုဏ်းကိုသစ္စာဖောက်ရတာတန်လို့လား” လင်းရှု ခပ်တင်းတင်းမျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

သူထိုကိစ္စကို အမှန်တကယ်ပင် နားမလည်နိုင်ခဲ့ပေ။

ကျန်းယန်ပြုံးကာ လင်းရှုကိုပြောလိုက်၏။

“သူ့ကိုယ်စား ငါဖြေပေးမယ် ဘာလို့လဲဆိုတော့ သူကငါတို့ဂိုဏ်းမှာဆိုရင် လေးစားမှု ဂရုစိုက်မှုနဲ့ နားလည်ပေးမှုတွေ ရနိုင်လို့ပဲ

မင်းတို့ရှို့ယိဘုရားကျောင်းနဲ့မတူတာက မင်းတို့ကသူ့ကို အသုံးပြုစရာပစ္စည်းတစ်ခုလိုပဲ ဆက်ဆံတယ်

ဆိုတော့ မင်းတို့ကိုယ့်ကိုကိုယ်တစ်ချက်လောက်တော့ ပြန်ဆန်းစစ်သင့်တယ်”

လင်းရှုအေးစက်စက်ရယ်မောလိုက်ကာ ခပ်အေးအေးပြောလိုက်၏။

“အရမ်းကောင်းတယ် ဒါဆိုရင်တော့ အဇူရာတိမ်ဂိုဏ်းကို၀င်တာ ဘယ်လောက်မှားသွားလဲဆိုတာ ငါမင်းကို ပြပေးမယ်”

“မင်းအရင်လာမှာလား” ကျန်းယန် မေးလိုက်သည်။

“ဘယ်လောက်လောင်းမှာလဲ”

“မလိုဘူး” လင်းရှု ယုံကြည်မှုရှိစွာ ပြောလိုက်၏။

“မင်းပိုင်သမျှအရာအားလုံးက ငါ့ဟာဖြစ်လာလိမ့်မယ်”

“စည်းမျဉ်းကိုလိုက်နာစမ်းပါ မင်းမလောင်းချင်ရင် လစ်လိုက်တော့” ကျန်းယန် အညှာအတာကင်းမဲ့စွာ ပြောလိုက်သည်။

လင်းရှုကျန်းယန်ကိုစိုက်ကြည့်ကာ ဖြည်းဖြည်းချင်းး အေးစက်စက်ပြောလိုက်၏။

“အစကတော့ ငါတိုက်ခိုက်ပြီးရင် မင်းအသက်ကိုတော့ချမ်းသာပေးဖို့ စဉ်းစားထားတာ ဒါပေမယ့် ကြည့်ရတာ အခုကအဲ့တာမျိုးတွေ လုပ်ပေးနေဖို့ မလိုတော့တဲ့ပုံပဲ….”

သူစကားမဆုံးသေးခင်တွင် ကုန်းရှို့ပင်း ရှေ့တက်လာပြီး သူ့ကိုတားလိုက်သည်။

“ငါတို့ဂိုဏ်းတပည့်တွေရဲ့ သွေးကြွေးကိုပြန်မဆပ်ရသေးဘူး ကျေးဇူးပြုပြီး ငါ့ကိုဒီအခွင့်အရေးပေးပါ စိတ်မပူပါနဲ့ ငါချင်းရှုကို အဇူရာတိမ်ဂိုဏ်းကို၀င်တာ ဘယ်လောက်မှားသွားလဲ နားလည်အောင်လုပ်ပေးမယ်”

လင်းရှုမျက်မှောင်ကြုံ့သွားခဲ့၏။ ထို့နောက် သူတခဏတွေးတောလိုက်ပြီး ကုန်းရှို့ပင်းကိုအေးစက်စက်တစ်ချက်ကြည့်ကာ နောက်ဆုတ်သွားခဲ့လေသည်။

“မင်းက ငါတို့ခံတပ်ကလူတွေအများကြီးကို သတ်ဖြတ်ခဲ့တယ် မင်းဘယ်လိုသေချင်သလဲ စဉ်းစားပြီးပြီလား” ကုန်းရှို့ပင်း ကျန်းယန်ကို သတ်ဖြတ်လိုသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ ပြောလိုက်၏။

ကျန်းယန် သူ့နှဖူးကိုပွတ်လိုက်ပြီး

“မင်းတို့ကောင်တွေက တကယ့်ငတုံးတွေဆိုတာ ငါကျိ‌န်ပြောရဲတယ် မင်းတို့လောင်းချင်ရင် လောင်းကြေးကိုထုတ်လိုက်ကြ

ငါပြောတာကို နားမလည်ကြဘူးလား

တစ်ယောက်ပြီးတစ်ယောက်ဘာလောင်းကြေးမှ မထုတ်ဘဲ ထွက်ထွက်လာနေကြတယ် ပြီးရင် ငါ့ကိုဘာစကားတွေ ပေါက်ပေါက်လာဖောက်နေတာလဲ….”

“မင်းမလောင်းချင်ရင် ဘေးထွက်နေလိုက် တစ်‌ယောက်ယောက်နဲ့အစားထိုးလိုက်”

စကားလုံးအနည်းငယ်ဖြင့် သူ့ကိုခြောက်လှန့်လို့ရမည်ဟု ထိုလူများ တကယ်ကြီးထင်နေကြခြင်းပေလော။

“ကောင်းပြီ ငါ ငါ့ကံကြမ္မာဝေစုကိုလောင်းမယ်” ကုန်းရှို့ပင်းပြောလိုက်ကာ သူတံဆိပ်ပြားကို ထုတ်လိုက်လေသည်။

“ဘာလို့လဲဆိုတော့ မင်းအသက်က ကံကြမ္မာဝေစုတစ်ခုနဲ့လဲဖို့ တန်လို့ပဲ”

ကုန်းရှို့ပင်းကလောင်းကြေးထုတ်လာသောအခါ ကျန်းယန်လည်း တိုက်ပွဲကွင်းပြင်ထဲ၀င်သွားလိုက်ပြီး သူ့တံဆိပ်ပြားကိုကွင်းပြင်ဘေးတွင် ချထားလိုက်ကာ ကုန်းရှို့ပင်းကိုကြည့်လိုက်ပြီး

“အချိန်မရွေး စနိုင်တယ်”

ဤတစ်ကြိမ်တွင်တော့ ကုန်းရှို့ပင်း အချိန်ဆွဲမနေတော့ပေ။ သူ့လက်ညှိုးကိုထုတ်၍ လေထဲတွင် ကျန်း ဟူသောစာလုံးတစ်လုံးရေဆွဲ၍ ကျန်းယန်ဆီ ပစ်လွှတ်လိုက်လေသည်။

ကျန်းယန် ချက်ချင်းဆိုသလို သူ့ဆီသို့ အရပ်မျက်နှာပေါင်းစုံမှ ဖိအားကြီးတစ်ခုကျလာသလို ခံစားလိုက်ရ၏။

ထိုကဲ့သို့သော နည်းစနစ်မျိုးကို သူတစ်ခါမှမမြင်ဖူးသောကြောင့် အနည်းငယ်ပင် လန့်သွားခဲ့သည်။

မည်ကဲ့သို့သော စွမ်းအားမျိုးက သူ့ကိုတုပ်နှောင်နေသလဲ သူမသိခဲ့ပေ။

“လန်ကျားအထွတ်အမြတ်မြေရဲ့ ကျန်းစာလုံးသိုင်း!” လင်းရှု အံ့အားတကြီးရေရွတ်လိုက်မိ၏။

“ကုန်းရှို့ပင်းက လန်ကျားအထွတ်အမြတ်မြေရဲ့ ထိပ်တန်းပါရမီရှင် ဖြစ်ထိုက်ပါပေတယ် သူက ကျန်းစာလုံးကို ဘာ၀န်ထုပ်၀န်ပိုးမှ မဖြစ်ဘဲ အေးအေးဆေးဆေး ရေးဆွဲနိုင်တယ် ငါတို့သူနဲ့တိုက်ခိုက်တဲ့အခါ သတိထားမှ ဖြစ်မယ်”

“ကောင်းတယ် ကျန်းစာလုံးကိုသုံးပြီး ဒီအရိုင်းအစိုင်းကို သူနဲ့ငါတို့ကြားက ကွာဟမှုကဘာလဲဆိုတာ ပြပေးလိုက်” လန်ကျားအထွတ်အမြတ်မြေက ပါရမီရှင်တစ်ယောက် အော်ပြောလိုက်လေသည်။

၀င်္ကပါထဲတွင် ချင်းရှုမျက်မှောင်ကြုံ့ကာ စစ်ထူမင်ယွဲ့ကို မေးလိုက်၏။

“သူအရင်က ကျန်းစာလုံးကိုတစ်ခါမှ မမြင်ဖူးဘူးလား သူဘာလို့ မခုခံတာလဲ”

စစ်ထူမင်ယွဲ့ ခေါင်းကိုသာခါလိုက်မိသည်။ သူ့အစ်ကိုကြီးဘာလုပ်နေလဲ သူလည်းမသိပေ။

တကယ်တော့ ကျန်းစာလုံးကဘာလဲဆိုတာ သူလည်းမသိခဲ့ပေ။

“ပြဿနာတော့တက်ပြီ” ချင်းရှု အသက်ပြင်းပြင်းတစ်ချက်ရှူကာ ပြောလိုက်သည်။

“ကျန်းစာလုံးနဲ့ ရင်ဆိုင်ရတဲ့အခါ အဲ့ဒီဖိနှိပ်မှုကို ချက်ချင်းချိုးဖြတ်ပစ်ဖို့လိုတယ် မဟုတ်ရင် အချိန်ကြာ‌လာလေလေ သူ့ဖိနှိပ်မှုက ပိုအားကောင်းလာလေလေပဲ ဟိုးအရင်တုန်းက သူတော်စင်သခင်က တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ကို ကျန်းစာလုံးတစ်လုံးတည်းနဲ့ ဖိနှိပ်ပြခဲ့ဖူးတယ်!”

စစ်ထူမင်ယွဲ့ ကြောက်ရွံ့သွားကာ အလောတကြီး ပြောလိုက်၏။

“အမြန် စီနီယာအစ်ကိုကြီးကို ချိုးဖြတ်ဖို့ သတိပေးလိုက်လေ!”

ချင်းရှု ခါးသက်သက်ပြုံးလိုက်ကာ

“ငါလည်း ဖိနှိပ်တဲ့သိုင်းအကြောင်းပဲသိတာ ဘယ်လိုချိုးဖြတ်ရမလဲ မသိဘူး”

ကျိယန် နှလုံးသား လည်ချောင်းထဲမှ ခုန်ထွက်လာဝောာ့မလို ခံစားလိုက်ရသည်။ အဇူရာတိမ်ဂိုဏ်း၏ ဆက်ဆံသူက စာလုံးတစ်လုံးတည်းဖြင့် ဖိနှိပ်ခြင်းကို ခံရတော့မည်လော။

“အဇူရာတိမ်ဂိုဏ်းရဲ့ ဆက်ဆံသူက ဘာမှလည်းမဟုတ်ပါလား တကယ့်အမှိုက်ပဲ”

ကျန်းယန်က အခုထိပြန်မတိုက်ခိုက်သေးသည်ကို မြင်သောအခါ ကုန်းရှို့ပင်း အေးစက်စက်ရယ်မောလိုက်၏။

ဒါတောင် အဇူရာတိမ်ဂိုဏ်းသည် သူတို့ကိုယ်သူတို့ လန်ကျားအထွတ်အမြတ်မြေနှင့် လာယှဉ်ချင်နေသေးသည်။

ဒီနေ့ကစပြီး အဇူရာတိမ်ဂိုဏ်းမှာ ဆက်ဆံသူ မရှိစေရတော့ဘူး!

ကျန်းယန် အနည်းငယ်မျက်မှောင်ကြုံ့လိုက်မိသည်။

သူ့ကိုချုပ်နှောင်နေသည်က မည်ကဲ့သို့သော စွမ်းအားမျိုးဖြစ်မှန်း သူမသိသော်လည်း ထိုလူများက တကယ်ကြီး ဒီလောက်နှင့်သူ့ကိုရင်ဆိုင်လို့ရပြီဟု ထင်နေခြင်းပေလော။

သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။ ထို့နောက် သူ့ကိုယ်ထဲမှ ကြမ်းတမ်းလှသောစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး သူ့ကိုချုပ်နှောင်ဖို့ကြိုးစားနေသော စွမ်းအားကို ခုခံလေတော့သည်။

ရှေ့သို့ သူ့လက်နှစ်ဖက်ဖြင့် ခွဲခုတ်လိုက်သောအခါတွင်တော့သူ့လက်ဖဝါးမှ ထက်ရှသောအရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ပြီး လေထဲရှိ မမြင်ရသော အလွှာတစ်ခုက ကွဲထွက်သွားခဲ့၏။

ထိုမြင်ကွင်းက လူတိုင်းကို ကြောင်အသွားစေခဲ့သည်။

ကျန်းယန်ကိုစိုက်ကြည့်နေသော ကုန်းရှို့ပင်းပင် ကြောင်သွားခဲ့ရ၏။

လန်ကျားအထွတ်အမြတ်မြေ၏ ဖိနှိပ်မန္တာန်က အလွန်အစွမ်းထက်သော အရာဖြစ်ပေသည်။

အချို့က ထိုမန္တာန်ကိုအခြားသိုင်းများသုံး၍ ဖြိုခွဲကြပြီး အချို့ကတော့ မန္တာန်တစ်ခုလုံးကို ရအောင်ရှောင်ရှားကြ၏။ အခုလို မန္တာန်ထဲရောက်ရှိနေပြီးမှ ဖောက်ထွက်သွားတာမျိုးကတော့ တစ်ခါမှ မရှိခဲ့ဖူးပေ…

ထိုကဲ့သို့လုပ်နိုင်ဖို့ ခွန်အားမည်မျှ လိုပါမည်နည်း။

ရုတ်တရက်ဆိုသလို အလင်းတစ်ချက်လက်သွားခဲ့ပြီး ကုန်းရှို့ပင်း အမြင်အာရုံ ဗလာဖြစ်သွားခဲ့လေသည်။

တစ်ခုခုမှားနေသည်ကို သတိထားမိပြီး သူချက်ချင်း အကာအကွယ်အလွှာကို ဖွင့်လိုက်၏။

ထို့နောက်တွင်တော့ သူ့အောက်ရှိ မြေပြင်ကသူ့ကိုဆွဲချနေသလို သူခံစားလိုက်ရပြီး လေပေါ်ခုန်တက်လိုက်သောအခါတွင်လည်း အပေါ်မှ ဖိအားကြီးတစ်ခုက သူ့ကိုမြေပြင်ပေါ်ကျအောင် ပြန်ရိုက်ချသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့ပတ်ပတ်လည်ရှ်ိ ကောင်းကင်နှင့်မြေပြင်နိယာမများက သူ့ကိုဖျစ်ညှစ်နေသလို သူခံစားလိုက်ရ၏။ သူမတုန့်ပြန်နိုင်ခင်မှာတင် နောက်ထပ် စွမ်းအားပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြန်ပြီး သူ့ခန္ဓာကိုယ်က လွင့်ထွက်သွားခဲ့သည်။

သူဘာတွေဖြစ်သွားလဲ မသိသေးခင်မှာပင် သူ့ခန္ဓာကိုယ်က တိုက်ပွဲကွင်းပြင် အပြင်ဘက်သို့ ရောက်သွားပြီဖြစ်မှန်း သူသိလိုက်ရ၏။

“မင်းရှုံးပြီ” ကျန်းယန် ကုန်းရှို့ပင်း၏ တံဆိပ်ပြားချထားသောနေရာသို့ လမ်းလျှောက်သွားလိုက်ပြီး သူ့တံဆိပ်ပြားကိုကောက်ယူကာ သူ့နောက်က တံဆိပ်ပြားပုံထဲ ပစ်ထည့်လိုက်လေသည်။

ဖိနှိပ်မန္တာန်မှ ချိုးဖျက်ပြီးသည်နှင့် ကျန်းယန် ချက်ချင်းဆိုသလို တိုက်ကွက်တွဲလုံးများသုံး၍ ကုန်းရှို့ပင်းကို အနိုင်ယူလိုက်ခြင်း ဖြစ်၏။

ကုန်းရှို့ပင်းမျက်နှာနီရဲသွားပြီး အော်ပြောလိုက်သည်။

“ဒီတစ်ကြိမ်ကိုထည့်မတွက်ဘူး နောက်တစ်ခါတိုက်ခိုက်မယ်”

သူသည်ကျန်းယန်က သူ့မန္တာန်မှဘယ်လိုရုန်းထွက်ခဲ့သလဲဆိုတာ အံ့အားသင့်နေချိန်တွင် ရုတ်တရက် အလစ်အငိုက်တိုက်ခံလိုက်ရခြင်းဖြစ်ပြီး သူ့စွမ်းအားအမှန်ကို လုံး၀ထုတ်မသုံးလိုက်ရပေ။ ထို့ကြောင့် သူအရှုံးကိုလက်မခံနိုင်နေခြင်း ဖြစ်၏။

ကျန်းယန်သူ့ကိုတစ်ချက်ကြည့်ကာ မထူးခြားဟန်ဖြင့် ပြောလိုက်သည်။

“မင်းထပ်စိန်ခေါ်ချင်လည်း အဆင်ပြေပါတယ် လောင်းကြေးတော့ ထပ်ထည့်”

“ငါ့ကိုမင်းတို့တံဆိပ်ပြားတွေပေး” ကုန်းရှို့ပင်း လန်ကျားအထွတ်အမြတ်မြေက တပည့်များ၏တံဆိပ်ပြားများကို အတင်းတောင်းလိုက်၏။

“ညီအစ်ကိုကုန်း မင်းတစ်ကြိမ်တိုက်ခိုက်ပြီးသွားပြီပဲ ဒီတစ်ခေါက် ငါ့ကိုတိုက်ခိုက်ခွင့်ပေးလိုက်ပါ” လန်ချင်းဖုန်းရှေ့တက်လာကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ငါသူ့ကိုရှင်းပြီး ကံကြမ္မာဝေစုတစ်ခု ပြန်ယူလာခဲ့ပေးမယ်”

သူတိုက်ပွဲကွင်းပြင်ထဲ ခုန်၀င်သွားပြီး ဘေးတွင်တံဆိပ်ပြားတစ်ခု ချထားရစ်ခဲ့၏။

ကုန်းရှို့ပင်းမျက်နှာဒေါသကြောင့် နီမြန်းနေခဲ့သည်။ သို့သော်လည်း လန်ချင်းဖုန်းက ကွင်းပြင်ထဲ၀င်သွားသောအခါ သူမဆုတ်ချင်ဆုတ်ချင်ဖြင့် ပြန်ဆုတ်လာခဲ့ရ၏။

အခြားဂိုဏ်းမှလူများလည်း ကျန်းယန်၏တိုက်ကွက်များကိုကြည့်ပြီး စတင် လေးနက်လာခဲ့ကြသည်။

သူတို့သေချာစဉ်းစားဖို့ လိုလာခဲ့ချေပြီ။

ဤကောင်ကို မည်သို့အနိုင်ယူရပါမည်နည်း။

All Chapters