စစ်မှန်သောရွေးချယ်ခံ
Vol. 18 Ch. 191
လန်ချင်းဖုန်းက သူ့လောင်းကြောင်းကိုထုတ်လိုက်သည်ကိုတွေ့သောအခါ ကျန်းယန်လည်း စည်းဝိုင်းထဲ၀င်လာခဲ့သည်။
ကျန်းယန်၀င်လာသည်ကိုမြင်သောအခါ လန်ချင်းဖုန်း အေးစက်စက်ပြောလိုက်၏။
“ငါတို့မတိုက်ခိုက်ခင် ငါမင်းကိုမေးချင်တာတစ်ခုရှိတယ် ငါတို့မဟာနှင်းတောင်ဂိုဏ်းက မင်းကိုဘယ်လိုများ စော်ကားခဲ့မိလို့ မင်းကငါတို့ခံတပ်မှာကျန်ခဲ့တဲ့တပည့်တွေအားလုံးကို သတ်သွားရတာလဲ”
“စောက်ပိုတွေပြောမနေနဲ့” ကျန်းယန် ပြန်ပြောလိုက်သည်။
“မင်းလူတွေကို ငါသတ်သွားတာ မင်းမျက်လုံးနဲ့မြင်ခဲ့ရလို့လား ငါမဟာနှင်းတောင်ဂိုဏ်းခံတပ်ကို တစ်ခါမှတောင်မမြင်ဖူးဘူး ဘယ်လိုလုပ် မင်းလူတွေကို ငါသတ်တာဖြစ်နိုင်မှာလဲ
အချို့ဂိုဏ်းကြီးတွေရဲ့ ခံတပ်တွေကို ငါဖျက်ဆီးလိုက်တာကိုတော့ ၀န်ခံတယ်
ဒါပေမယ့် ငါမလုပ်ရင်လည်း အခြားသူတွေက မင်းတို့ခံတပ်တွေကိုတိုက်ခိုက်ကြမှာပဲလေ အဲ့တော့ငါ့ကိုအပြစ်မတင်ကြနဲ့”
သူအမှန်တကယ်ပင် မဟာနှင်းတောင်ဂိုဏ်းခံတပ်ကို မြင်ပင်မမြင်ဖူးခဲ့ပေ။
လန်ချင်းဖုန်းမျက်မှောင်ကြုံ့ကာ အေးစက်စက်မေးလိုက်၏။
“ဒါဆို ဘာလို့လူတိုင်းက သူတို့ကိုဦးဆောင်လာတာ အဇူရာတိမ်ဂိုဏ်းလို့ ပြောနေတာလဲ”
“မင်းဦးနှောက်ကိုသုံးပြီး စဉ်းစားကြည့်” ကျန်းယန် ပြန်ထေ့လိုက်သည်။
“မင်းကတိုက်ခိုက်မှာလ မတိုက်ခိုက်ဘူးလား မတိုက်ခိုက်ရင်လည်း လစ်လိုက်တော့ မင်းနေရာအခြားသူနဲ့အစားထိုးလိုက် ငါကဒီနေရာမှာ မင်းနဲ့စကားပြောဖို့ ရောက်နေတာမဟုတ်ဘူး”
“တိုက်ခိုက်မယ်” လန်ချင်းဖုန်း ကြမ်းကြုတ်စွာ ပြောလိုက်၏။
ပြောပြီးသည်နှင့် စတင်တိုက်ခိုက်လေတော့သည်။
လန်ချင်းဖုန်းကိုဗဟိုပြုပြီး အဖြူရောင်မြူများက စတင်ပြန့်ကားလာခဲ့၏။
ချက်ချင်းဆိုသလိုပင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက မြူများဖြင့်ဖုံးလွှမ်းခြင်းကိုခံလိုက်ရသည်။
တိုက်ပွဲကွင်းပြင်တစ်ခုလုံးကိုရေခဲစွမ်းအားများဖြင့် လွှမ်းမိုးပြီးသောအခါ လန်ချင်းဖုန်း ကျန်းယန်ကို အေးအေးဆေးဆေးပြောလိုက်၏။
“မင်းမှာ အရမ်းကောင်းတဲ့ခွန်အားရှိနေနိုင်ပေမယ့် ငါ့ရေခဲနယ်မြေထဲမှာဆိုရင်တော့ မင်းမှာင့ါကိုနိုင်စရာအကြောင်းမရှိတော့ဘူး မင်းအခု အရှုံးပေးလိုက်လို့ရတယ်”
အလွန်အေးခဲသော ပတ်၀န်းကျင်အောက်တွင် ကျန်းယန် သူ့ကိုယ်ပင် တောင့်တင်းလာသလို ခံစားလိုက်ရသည်။
သို့သော် သူ့ကိုယ်သည် သားရဲခန်းမထဲတွင်သန့်စင်ထားသော ကိုယ်ဖြစ်သောကြောင့် ထိုမျှလောက်အအေးဓာတ်ဖြင့် သူ့ကို အေးခဲသွားအောင်လုပ်ဖို့တော့ မဖြစ်နိုင်သေးပေ။
ထိုအခိုက်တွင် ကျန်းယန် သူ့ဆရာစကားများကို နားလည်သွားခဲ့၏။ ဂိုဏ်းကြီးများ၏ ပါရမီရှင်များလက်ထဲတွင် အမှန်တကယ်ပင် ဝှက်ဖဲများ ရှိကြပေသည်။
သို့သော် ကျန်းယန် ကြောက်ရွံ့နေခြင်းမျိုးတော့ လုံး၀မရှိခဲ့ပေ။ သူ့တွင် အမတ မိစ္ဆာ သားရဲ တစ္ဆေမျိုးနွယ်စုတစ်ခုချင်းစီတိုင်း၏ သိုင်းများရှိနေပြီး ထိုသိုင်းများထဲတွင် အခုလို အခြေအနေမျိုးတွင် အသုံးပြုရသော သိုင်းပေါင်းများစွာ ရှိနေခဲ့၏။
အခု သူတွေးနေသည်မှာ အခုအခြေအနေကို တစ်ကမ္ဘာလုံး အံ့ဩတုန်လှုပ်မသွားစေဘဲ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာသာ ဖြစ်သည်။
အခြားသူများကတော့ ကျန်းယန် အခြေအနေကို နားမလည်ခဲ့ပေ။ သူနောက်တစ်ကြိမ် ထောင်ချောက်မိသွားပြန်ပြီလို့သာ တွေးနေခဲ့၏။
“သူ့ေရခဲတာအိုစွမ်းအားက ကောင်းကင်နဲ့မြေပြင်ကိုဖုံးလွှမ်းပြီးသွားပြီ သူက နတ်ဝိညာဉ်အဆင့်ကိုရောက်ဖို့
ခြေတစ်လှမ်းပဲလိုတော့တာ” ကုန်းပိုင်ဟေး မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“တိုက်ပွဲကွင်းပြင်တစ်ခုလုံးက ရေခဲကမ္ဘာဖြစ်သွားပြီ ရှောင်စရာနေရာ မရှိတော့ဘူး ပြီးတော့ ဒီလိုပတ်၀န်းကျင်မှာဆိုရင် လန်ချင်းဖုန်းက ကောင်းကင်နဲ့မြေပြင်စွမ်းအားကို အနည်းဆုံး သုံးဆပိုမြန်အောင်ထိန်းချုပ်နိုင်လိမ့်မယ် ဒီတစ်ခေါက်တော့ အဇူရာတိမ်ဂိုဏ်းကခွေးကောင် အရှင်းခံရလောက်ပြီ”
ကုန်းရှို့ပင်းကတော့ မကျေနပ်ခဲ့ပေ။
“သူ့ရေခဲတာအိုက စွမ်းအားကြီးပေမယ့် ငါ့ဖိနှိပ်မန္တာန်လောက် အားကောင်းနိုင်မှာလား”
ကုန်းပိုင်ဟေး သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောခဲ့ပေ။
တကယ်တော့ ကုန်းရှို့ပင်းသည် သူ့တကယ့်စွမ်းအားကို ထုတ်မပြရသေးခင် အပြင်ရိုက်ထုတ်ခံလိုက်ရမှန်း လူတိုင်း သိပေသည်။
သို့သော်လည်း ရှုံးတာကရှုံးတာသာ ဖြစ်၏။
“ငါ့အတွက် တံဆိပ်ပြားပြင်ထားလိုက်တော့ လန်ချင်းဖုန်းရှုံးသွားရင် ငါနောက်တစ်ကြိမ် စမ်းကိုစမ်းကြည့်ရမယ်” ကုန်းရှို့ပင်း စိတ်ဝိညာဉ်စွမ်းအင်သုံး၍ သူ့ဘေးကလူများကို အသံကူးပြောင်းပေးလိုက်သည်။
တိုက်ပွဲကွင်းပြင်ထဲတွင် ကျန်းယန် လန်ချင်းဖုန်း၏ အလွန်အေးစက်သောရေခဲတာအိုစွမ်းအားကို သိမ်မွေ့ယင်ပညာရပ် သုံး၍ တုန့်ပြန်ဖို့ ဆုံးဖြတ်လိုက်၏။
ဖန်ဆင်းခြင်းခန်းမထဲမှ ထွက်လာပြီးနောက် သူသည် သူ့တွင်ရှိသော ကျင့်စဉ်များအားလုံးကို အသုံးပြု၍ ရနိုင်နေမှန်း သိရှိသွားခဲ့သည်။ ထိုခန်းမထဲမှရသော သိုင်းများ ကျင့်စဉ်များသာမက သူအရင်က ကျင့်ကြံဖူးသော ကျင့်စဉ်များကိုပါ အသုံးပြု၍ ရနေခဲ့၏။
သူ့အမြင်တွင် ထိုကိစ္စက သူ့တွင် အတည်တကျမွေးဖွားထားသော တာအိုသန္ဓေသားမရှိ၍ဟု သူထင်နေခဲ့သည်။ ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရှိသွားချိန်တွင်ပင် သူ့၌ တာအိုသန္ဓေသားမရှိခဲ့ပေ။ ထို့ေကြာင့် အနာဂတ်တွင်လည်း သူ့၌ အတည်တကျလျှောက်လှမ်းရသော လမ်းမျိုး ရှိနေတော့မည် မဟုတ်ပေ။
ထိုအချက်ကြောင့်ပင် သူသည် သူကျင့်ကြံထားသော ကျင့်စဉ်များအားလုံးကို အသုံးပြု၍ ရနေခြင်း ဖြစ်သည်။
သိမ်မွေ့ယင်ပညာရပ်ကို အသက်သွင်းလိုက်သည်နှင့် သူသည် ကောင်းကင်နှင့်မြေပြင်ကြားထဲက အလွန်အမင်းအေးခဲနေမှုနှင့် ချက်ချင်း အသားကျသွားခဲ့၏။ ထိုအေးခဲမှုက သူ့ကိုနည်းနည်းလေးတောင် အနှောင့်အယှက်မပေးတော့ပေ။
ထိုအေးခဲမှုက သူ့ကိုအနှောင့်အယှက်မပေးရုံသာမကဘဲ သူသည်ယခုအခါ အရင်ကထက်ပင် ကောင်းကင်နှင့်မြေပြင်ဧ။်ရေခဲနိယာမများကို တိုက်ရိုက်အသုံးပြုလာနိုင်သည်ဟု ခံစားလိုက်ရသည်။
ရုတ်တရက် သူ့စိတ်ထဲ အတွေးတစ်ခုပေါ်လာခဲ့၏။
သူရွှေအမြုတေအဆင့်တွင် ရှိနေတုန်းက သူသည် အခြားသူများ၏တာအိုများကိုဝါးမြိုနိုင်ခဲ့သည်။
အခု ဝိညာဉ်အခြေတည်အဆင့်ရောက်သွားသောအခါတွင်ရော သူ့တွင်ထိုစွမ်းရည်ကျန်ရှိနေပါသေးသလော။
ထိုအတွေးပေါ်လာသည်နှင့် သူချက်ချင်းစမ်းသပ်ကြည့်လိုက်၏။
ကွင်းပြင်ထဲရှိ ရေခဲတာအိုစွမ်းအားများကို သူ့ခရမ်းနန်းတော်ဆီ ပို့လိုက်ပြီး ခရမ်းနန်းတော်က ထိုအရာကို စုပ်ယူမယူ စောင့်ကြည့်နေလိုက်သည်။
အံ့အားသင့်စရာကောင်းသည်မှာ ရေခဲတာအိုစွမ်းအားများ ခရမ်းနန်းတော်ထဲ၀င်သွားသည်နှင့် နန်းတော်ထဲရှိ အခြေတည်ဝိညာဉ်လေး၏လက်များ မြောက်လာခဲ့၏။ ရေခဲတာအိုစွမ်းအားများက သူ့လက်ဖဝါးထဲစီး၀င်သွားပြီး ပုလဲဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် အခြေတည်ဝိညာဉ်လေးက ထိုအရာ၏ အနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့၏။
တဖြည်းဖြည်းနှင့် အခြေတည်ဝိညာဉ်လေး၏ စုတ်ပြဲနေသော ၀တ်စုံပေါ်တွင် အဖြူရောင်အလင်းများက ယှက်သိုင်းလာခဲ့သည်။
ကျန်းယန်ကအရှုံးပေးဖို့ ငြင်းဆန်နေသေးသည်ကို တွေ့လိုက်ရသောအခါ လန်ချင်းဖုန်း မျက်မှောင်ကြုံ့၍ ပြောလိုက်၏။
“ငါအစကတော့ မင်းကိုအညံ့ခံဖို့အခွင့်အရေးတစ်ခုပေးချင်ခဲ့တာ ကြည့်ရတာ မင်းက မင်းအတွက်ဘာကကောင်းလဲ မသိတဲ့ပုံပဲ”
“နှင်းသဂြိုလ်ခြင်း”
သူ့လက်များကိုဆန့်တန်း၍ ကောင်းကင်နှင့်မြေပြင်နိယာမများကို ထိန်းချူပ်လိုက်လေရာ ကောင်းကင်မှ နှင်းပွင့်များ ကျလာခဲ့၏။
ထို့နောက် ထိုနှင်းပွင့်များက ကျန်းယန်ကိုဝိုင်းပတ်လိုက်ပြီး သူ့အသက်စွမ်းအင်ကို စုပ်ယူရန် ကြိုးစားကြလေတော့သည်။
ကျန်းယန် အလျင်အမြန်လက်သီးဆုပ်ကာ အော်ဟစ်လိုက်၏။
“ဆန်းကြယ်နှင်းဓား!”
သိမ်မွေ့ယင်ပညာရပ်၏ စွမ်းအားများက သူ့လက်ထဲတွင်အလျင်အမြန်ပင် ဖွဲ့တည်လာခဲ့သည်။
သိမ်မွေ့ယင်ပညာရပ်၏ စွမ်းအားမှ ဖွဲ့တည်လာေသာ နှင်းဓားတစ်လက်သည် ကျန်းယန်လက်ထဲတွင် ပေါ်ပေါက်လာခဲ့၏။
ကျန်းယန် သူ့နှင်းပွင့်များအောက်တွင် မြှုပ်နှံခံလိုက်ရသည်ကို တွေ့လိုက်ရသောအခါ လန်ချင်းဖုန်း အေးစက်စက်လှောင်ပြောင်လိုက်လေသည်။
“မင်းမလွတ်နိုင်တော့ပါဘူး….ငါ့နှင်းသဂြိုလ်ခြင်းအောက်မှာ သေဆုံးရတာက မင်းအတွက်ဂုဏ်ယူစရာပါပဲ”
ကျန်းယန် နှင်းပွင့်များအောက်တွင် နစ်မြုပ်သွားသည်ကိုတွေ့လိုက်ရသောအခါ ဟူတလီတို့အမူအရာများ ပြောင်းလဲကုန်ကြသည်။
လန်ချင်းဖုန်း၏ နှင်းသဂြိုလ်ခြင်းနည်းစနစ်က ဘယ်လောက်ကြောက်စရာကောင်းမှန်း သူတို့လည်း မြင်တွေ့နေခဲ့ရ၏။
စစ်ထူမင်ယွဲ့ကတော့ ကွင်းပြင်ထဲသို့ ထူးဆန်းသောအမူအရာဖြင့် ကြည့်ရှုနေခဲ့သည်။
သူမသည် ယခုအခါ ပိုအဆင့်မြင့်သောကျင့်စဉ်ကို ပြောင်းလဲကျင့်ကြံနေပြီဖြစ်သော်လည်း ယခင်က သိမ်မွေ့ယင်ပညာရပ်ကို ကျင့်ကြံခဲ့သူသာ ဖြစ်၏။ ထို့ကြောင့် သိမ်မွေ့ယင်စွမ်းအားကို သူမအာရုံခံနိုင်ပေသည်။
သူမကို ပဟေဠိဖြစ်သွားစေသော အချက်မှာ သိမ်မွေ့ယင်ပညာရပ်သည် အလွန်အမင်းအေးစက်ပြီး ပုံမှန်အားဖြင့် အမျိုးသမီးများသာ ကျင့်ကြံနိုင်သောပညာရပ်ဖြစ်၏။ ထိုသို့သော ကျင့်စဉ်မျိုးကို သူ့အစ်ကိုကြီးကအဘယ်ကြောင့် ကျင့်ကြံနိုင်နေရပါသနည်း။
သူ့စီနီယာအစ်ကိုကြီးက….
ထိုအခိုက်တွင် သူနိုင်နေပြီထင်ပြီး စိတ်အေးနေသော လန်ချင်းဖုန်း၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူအလျင်အမြန်ပင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ပြီး သူ့အမူအရာကလည်း လေးနက်သွားခဲ့၏။
ထို့နောက် သူ့နှင်းပွင့်များကြားထဲမှ ကြည်လင်နေသော နှင်းရေခဲဓားကိုကိုင်၍ ထွက်လာသော ကျန်းယန်ကို သူမြင်လိုက်ရလေသည်။
ကျန်းယန် ဆန်းကြယ်လှသော နှင်းရေခဲဓားကိုကိုင်ပြီး လန်ချင်းဖုန်းကို အသာအယာပြုံးပြလိုက်ကာ
“ငါရေခဲဓားတစ်လက် သွန်းလုပ်ဖို့ မင်းစွမ်းအားကို ငှားလိုက်တယ် ဂရုစိုက်ပေတော့”
သူရေခဲဓားကိုမြှောက်ကာ လန်ချင်းဖုန်းကို ပိုင်းခုတ်ချလိုက်၏။
ထိုအခါ တိုက်ပွဲကွင်းထဲရှိ ရေခဲစွမ်းအားများအားလုံးက ဓားဆီသို့ရောက်ရှိသွားခဲ့ပြီး ထိုခုတ်ချက်ထဲတွင် ကောင်းကင်နှင့်မြေပြင်၏စွမ်းအားများပါနေသလို ဖြစ်နေခဲ့သည်။
ကြောက်ရွံ့ရမည့်အစား လန်ချင်းဖုန်း မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသွားသော အရိပ်အယောင်တစ်ခုပေါ်လာခဲ့၏။ နောက်ဆုံးတော့ သူ့တွင်ထိုက်တန်သောပြိုင်ဘက်တစ်ယောက် ရှိလာခဲ့ချေပြီ။ သူ့မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာခဲ့ပြီး
“အရမ်းကောင်းတယ် မင်းက ငါ့ပြိုင်ဘက်ဖြစ်ဖို့ ထိုက်တန်တယ် အခုငါအတည်တိုက်တော့မယ်!”
“နှင်းအဆုံးသတ်!”
ချက်ချင်းဆိုသလို ကွင်းပြင်ထဲရှိ နှင်းပွင့်များအားလုံး အရည်ပျော်သွားခဲ့လေသည်။ ကျန်းယန်လက်ထဲက နှင်းရေခဲဓားပင်သက်ရောက်ခံလိုက်ရပြီး စတင်အရည်ပျော်လာခဲ့၏။
နှင်းများအရည်ပျော်လာပြီးနောက် ကွင်းပြင်ထဲရှိ အပူရှိန်က ထိုးကျသွားခဲ့ပြန်သည်။
နှင်းများအရည်ပျော်ခြင်းကြောင့် ဖြစ်ပေါ်သွားသော ရေများက အေးခဲသွားပြီး ကြည်လင်နေသော ရေခဲသလင်းကျောက်များအဖြစ် ပြောင်းလဲသွားခဲ့၏။ ထိုရေခဲသလင်းကျောက်များ တစ်ထပ်ပြီးတစ်ထပ်စုဝေးလာပြီးနောက်တွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးက ရေခဲကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့လေသည်။
“ဒါကမှ ငါ့ကမ္ဘာအစစ်ပဲ ငါ့ကမ္ဘာကနေ ကြိုဆိုပါတယ်” လန်ချင်းဖုန်း ရေခဲများပေါ်တွင် ဂုဏ်ယူစွာရပ်နေရင်း သူ့လက်နှစ်ဖက်ကို ကမ္ဘာကြီးကို ပွေ့ဖက်ဟန်ဖြင့် ကောင်းကင်ပေါ် ၄၅ဒီဂရီ မြှောက်လိုက်၏။
“ရေခဲဆူးချွန်”
သူ့ထက်ရှလှသော အသံထွက်ပေါ်လာပြီးနောက် ရေခဲကမ္ဘာကြီးတစ်ခုလုံးက သူ့အသံကို ကြားလိုက်ရသလိုပင် ချက်ချင်းဆိုသလို ရေခဲများထဲမှ မရေတွက်နိုင်သော ရေခဲဆူးချွန်များ တိုးထွက်လာခဲ့လေသည်။
သူတို့ ဦးတည်ရာကတော့ တစ်နေရာတည်းသာ ဖြစ်၏။
ကျန်းယန်!