← Chapters

ပိတ်မိနေသောနဂါး ခရီးစထွက်ခြင်း

Vol. 37 Ch. 511

ပိတ်မိနေသောနဂါး ခရီးစထွက်ခြင်း

Vol. 37 Ch. 511

ကျန်းရီသည် အပြင်လောကသို့ စွန့်စားသွားလာရန် ဆုံးဖြတ်ချက် ချလိုက်သည်နှင့် အခြေအနေကို စတင်ဆန်းစစ်ကာလိုအပ်သည့် ကိစ္စရပ်များအားလုံးကို စီစဉ်တော့သည်။

ကောင်းကင်ဧကရာဇ်အဆင့် သံတမန်နှစ်ဦး မကြာမီ ရောက်လာနိုင်သောကြောင့် သူတို့သည် သိုင်းခန်းမဆောင် ဖျက်ဆီးခံခဲ့ရကြောင်း ရှာတွေ့သွားသည်နှင့် သေချာပေါက် ဒေါသထွက်သွားစေလိမ့်မည်။ သူတို့က ကျန်းရီကို ရှာမတွေ့ခဲ့လျှင် သူ၏လက်အောက် ငယ်သားများနှင့် ဆွေမျိုးသားချင်းများအပေါ် ဒေါသများ ပုံချလောက်၏။

“ငါအဲဒီလူတွေကို ကောင်းကောင်း ဂရုစိုက်ရမယ်”

ကျန်းရီက တွေးလိုက်၏။

“သူတို့ကို ငါနဲ့အတူသွားဖို့ ပြောသင့်လား”

သူက တွေးတောလိုက်သည်။ သိသာသည်မှာ အဖြေက မဟုတ်ပေ။ အပြင်လောက၌ အန္တရာယ်များ ပြည့်နှက်နေပြီး သူအချိန်မရွေး အသက်ဆုံးရှုံးနိုင်ကြောင်း ကျန်းရီကောင်းကောင်း သိပေ၏။ သူသေသွားခဲ့လျှင် လူတိုင်း သေဆုံးသွားလောက်ပေသည်။

ထိုသို့ဆိုလျှင် သူတို့ကို နယ်မြေနှင့် သိပ်မနီးလွန်းသည့် ဖုံးကွယ်ထားသော ကျွန်းတစ်ကျွန်းဆီ ပို့ရန်နည်းလမ်းတစ်ခုသာ ကျန်ရှိတော့သည်။ သို့မှသာ သူတို့ကို ကျန်သည့်သူများ အလွယ်တကူ ရှာမတွေ့မှာပဲ ဖြစ်၏။

“ကျန်းရီ ”

ရွှေယို့လန်က ကျန်းရီ၏ စိုးရိမ်ပူပန်မှုများကို မြင်နိုင်ပုံရကာ ပြောလိုက်၏။

“ဒီနှစ်အနည်းငယ် အတွင်းမှာ ကောင်းမွန်စွာ ဖုံးကွယ်နိုင်တဲ့ နေရာနှစ်ခုကို ရှာတွေ့ထားတယ်။ ငါအဲဒီနေရာတွေကို ရွှေယွဲ့လျန်မျှော်စင်ဆီလာတဲ့ ခိုလုံသူတွေအတွက် ထားပေးမလို့။ အခုမင်းကို တစ်နေရာ ပေးလိုက်မယ်။ ကြယ်တံခွန်ကျွန်းရဲ့ တောင်ဘက် ကီလိုမီတာ ငါးသောင်းအကွာလောက်မှာ ရှိတယ်။ အစီအရင်ကို ဘယ်လိုဖြိုခွင်းရမလဲ မသိရင် သာမာန်လူတွေ ဘယ်တော့မှ ရှာတွေ့မှာမဟုတ်တဲ့ သဘာဝပုံရိပ်ယောင် နယ်မြေပဲ။ ကျွန်းက သိပ်မကြီးဘူး။ ဒါပေမဲ့ လူတစ်သိန်းလောက်တော့ အေးအေးဆေးဆေး နေနိုင်တာ သေချာတယ်”

“မျှော်စင်သခင်ရွှေ့ကို ကျေးဇူးတင်ပါတယ်”

ကျန်းရီက ရွှေယို့လန်ကို ကျေးဇူးတင်စကား ဖော်ပြရန် လက်သီးနှစ်ဖက် ဆုပ်လိုက်၏။ သူက ဒဏ်ရာများကြောင့် မတ်တပ်ထမရပ်နိုင်သေးပေ။ ပြီးနောက်သူက ရွှေယို့လန်ကို ချက်ချင်းပဲ ကျွန်းအားစစ်ဆေးရန် သူ့ကိုခေါ်သွားခိုင်းလိုက်သည်။

ရွှေယို့လန်က အင်မတန် မြန်ဆန်ပေ၏။ ကီလိုမီတာ ငါးသောင်းအကွာကိုသွားရန် တစ်နာရီခန့်သာ  အချိန်ယူခဲ့ရသည်။ ကျန်းရီက လှည့်ပတ်ကြည့်ပြီး သူ၏ကောင်းကင် စိတ်အာရုံကိုတောင် ဖြန့်ကျက်ပြီး သူတို့ရောက်ရှိသည်နှင့် ကျွန်းတစ်ဝိုက်ကို စစ်ဆေးကြည့်ခဲ့သည်။ သို့သော် ထိုနေရာ၌ ဘာကိုမှ မတွေ့ခဲ့ရပေ။

“ခစ် ခစ် ”

ရွှေယို့လန်က ပြုံးလိုက်၏။ သူမလက်က အပြာရောင် အလင်းစီးကြောင်း ပေါ်ထွက်လာပြီးနောက် လက်ကိုရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး အလင်းစီးကြောင်းကို ထုတ်လိုက်သည်။ ပြီးနောက် အံ့သြဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်သွား၏။ အနားပတ်ဝန်းကျင်က ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး ကျွန်းစုအချို့က သူတို့ရှေ့၌ ရုတ်တရက် ပေါ်ပေါက်လာ၏။

“ဒီကျွန်းရဲ့နေရာက အလွန်ထူးခြားတယ်။ ဒီမူမမှန်တဲ့ ပုံရိပ်ယောင်နယ်မြေက လေဟာနယ်ကြိမ်နှုန်း အတက်အကျကြောင့် ဖွဲ့တည်လာပြီး ကျွန်းပေါ်မှာရှိတဲ့ ကြည်လင် ကျောက်တုံးတွေကြောင့်ပဲ။ အစတုန်းကဒါကို သတိမပြုခဲ့မိဘူး။ ငါ့ရဲ့တပည့်တွေထဲက တစ်ယောက်က ဒီနားတစ်ဝိုက်မှာ မတော်တဆ ပျောက်သွားချိန် ဂရုတစိုက် ရှာဖွေပြီး ဒီအံ့သြဖွယ်ကောင်းတဲ့ နေရာကို တွေ့လိုက်ရတာပဲ”

“ဒီဧရိယာထဲမှာ လေဟာနယ် အတက်အကျကို ကန့်သတ်ထားမှု မရှိဘူး။ ဘာလို့လည်းဆိုတော့ ဒီနေရာက အစီအရင်က အပြည့်အဝ သဘာဝပဲ။ ဒီနေရာကို သန်မာတဲ့ ကောင်းကင်စိတ်အာရုံ ရှိတဲ့လူတွေ ဖြတ်သွားခဲ့ရင်တောင် သူတို့ကို ဒီနေရာကို ရှာတွေ့မှာ မဟုတ်ဘူး။ အခုအတွက် အလုံခြုံဆုံး နေရာပဲ။ သားရဲစီးကြောင်းကလည်း ပြီးသွားပြီးပြီ။ နောက်ထပ် သားရဲစီးကြောင်း မတိုင်ခင် အတော်ကြာအုံးမှာ။ ဒီတော့ မင်းရဲ့ဆွေမျိုးသားချင်း မိတ်ဆွေတွေအတွက် သေချာပေါက် လုံခြုံတဲ့နေရာပဲ”

ရွှေယို့လန်က ရှင်းပြပြီး သူတို့ကအောက်သို့ ဆင်းသွားလိုက်သည်။

ကျန်းရီက ခေါင်းညိတ်လိုက်၏။ ကျွန်းကိုဝန်းရံနေသည့် ကျွန်(၁၂)ကျွန်းက အတော်အတန့် သေးငယ်သော်ငြား အလယ်ရှိ ကျွန်းကြီးကမူ ပန်းပွင့်များ သစ်ပင်များဖြင့် ပြည့်နေပြီး နက်ရှိုင်းသည့် တောင်တန်းထဲ၌ တောရိုင်းတိရိစ္ဆာန်ငယ်လေးများ ရှိနေကာ လူတစ်သိန်းကျော်အတွက် သေချာပေါက် လုံလောက်ပေ၏။

ဤကျွန်းက လုံခြုံပြီး သူ၏မိတ်ဆွေ ဆွေမျိုးသားချင်းများအတွက် နေထိုင်ရန် သင့်တော်ကြောင့် အတည်ပြုပြီးနောက် ကျန်းရီသည် ရွှေယို့လန်နှင့်အတူ ကြယ်တံခွန်ကျွန်းသို့ ပြန်လာလိုက်တော့သည်။ သူတို့ထိုနေရာသို့ ရောက်သည်နှင့် ကျန်းရှောင်နူနှင့် စကြဝဠာ နန်းတော်ထဲမှ သူ့လူများကို လွှတ်ပေးပြီးနောက် ကြယ်တံခွန်ကျွန်းတွင် သူတို့ကို နားစေ၏။ ပြီးနောက် ကျန်းရီသည် မြောက်ပိုင်း လျန်တိုင်းပြည်ဆီသို့ ပို့ဆောင်ရေး အစီအရင်ကိုသုံးလျှက် သွားလိုက်သည်။

ကျန်းရန်နူနှင့် တပ်ဖွဲ့က မြောက်ပိုင်းလျန်တိုင်းပြည်နှင့် မြောက်ပိုင်းမန့်တိုင်းပြည်ကို မတိုက်ခိုက်ခဲ့ပေ။ ထို့ကြောင့် မြောက်ပိုင်းလျန်တိုင်းပြည်၏ အရှေ့ဘက်ပိုင်းရှိ ပင်မမြို့ဖြစ်သော လျန်မြို့ကမူ ခါတိုင်းကဲ့သို့ ငြိမ်းချမ်းအေးဆေးနေသည်။ သို့သော် တိုင်းသူပြည်သားများကမူ စိုးရိမ်ပူပန်နေပြီး ကျန်းရီပေါ်ပေါက်လာပြီး တစ်နေ့၌ သူတို့ကို အပြည့်အဝ သုတ်သင်ရှင်းလင်းပြစ်မှာကို စိုးရိမ်နေကြ၏။

ဘီး

ကျန်းရီက လျန်မြို့၏ ပို့ဆောင်ရေး အစီအရင်ရှေ့သို့ ရောက်လာပြီးသည်နှင့် သူကတစ်မြို့လုံးကို သတ်ဖြတ်ခြင်းဆန္ဒ ဖြန့်ကျက်လျှက် တုန်ယင်သွားစေတော့သည်။

ထိုကဲ့သို့ သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ခြင်းက တစ်လောကလုံး၌ ကျန်းရီတစ်ဦးတည်းသာလျှင် ပြုလုပ်နိုင်တာပဲဖြစ်၏။ သူ၏သွေးနီရောင် ဆံနွယ်များနှင့် အနီရောင် မျက်ဝန်းများက သူ့ကိုသတိ ပြုမိကြသည့် မြို့တော်ရင်ပြင်ရှိ သိုင်းပညာရှင်များစွာကို ကြောက်လန့်ပြီး စိတ်ပျက်အားငယ်စေတော့သည်။ ကျန်းရီသူတို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ချက် ချခဲ့လျှင် တစ်မြို့လုံး အဆုံးသတ်မည်မှန်း သူတို့ရှင်းရှင်းလင်းလင်း သိနေသည်။ သူတို့အတွက် ကံကောင်းသည်က ကျန်းရီက သူတို့ကို သတ်ဖြတ်ရန် အချိန်မရှိပေ။ ကောင်းကင်စိတ်အာရုံဖြင့် လျှင်မြန်စွာ ဖြန့်ကျက်ပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ဝှစ် ဝှစ်

ဆက်တိုက်နေရာ ရွှေ့ပြောင်းပြီးနောက် သူသည် ကီလိုမီတာ ထောင်ချီအကွာသို့ ရောက်နေပြီးဖြစ်သည်။ ရစေသားရဲကို ဆင့်ခေါ်ပြီးနောက် ကြယ်တံခွန်ကျွန်းဆီသို့ ဦးတည်သွားတော့သည်။

“ဘာ ဖုံးကွယ်ထားတဲ့ ကျွန်းတစ်ကျွန်းဆီကို ထွက်ပြေးရမှာလား”

ငါးရက်ကြာပြီးနောက် ကောင်းကင်ကြယ်တာရာမြို့၏ အရှေ့ပိုင်းတွင် တည်ရှိသော ခြံဝန်းထဲတွင် ယွင်ချန်းထျန်း ငွေပန်းပွင့်အဘွားအို ကျန့်ရီမင် ကျန်းရမ်ထူ ချမ်ကွေ့ ကျောင်းအုပ်ချီ စစ်သူကြီးလုနှင့် သူတို့၏ အဖော်အပေါင်းများ အားလုံးက ကျန်းရီ၏စကားကို ကြားသည့်အချိန်၌ ထိတ်လန့်သွားကြသည်။

ကျန်းရီက လျှို့ဝှက်အသံပို့သည့် စနစ်ကို အသုံးပြုပြီး ထိုလူများအားလုံးကို ကောင်းကင်ကြယ်တာရာမြို့ဆီသို့ သူတို့၏ ဂိုဏ်းသားများနှင့်အတူ လာရောက်ခိုင်းခဲ့သည်။ အကြောင်းမှာ ကျန်းရီက သူတို့နှင့် အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိသောကြောင့် ဖြစ်သည်။

သို့သော် ကျန့်ရီမင်နှင့် ချမ်ကွေ့ နှစ်ဦးသာလျှင် သူတို့၏ဂိုဏ်းသားများကို သူတို့နှင့်အတူ ခေါ်လာပြီး ကျောင်းအုပ်ချီနှင့် ယွင်ချန်းထျန်းတို့က ဤနေရာသို့ တစ်ကိုယ်တည်း လာရောက်၏။ သူတို့က ကျန်းရီသည် ဤကဲ့သို့ အံ့သြဖွယ်ကောင်းသည့် အခိုက်အတန့်၌ သူတို့အားလုံးကို ထွက်ပြေးစေချင်ရသည့် အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေသည်။ သူတို့အမြင်တွင် ကျန်းရီက နယ်မြေတစ်ခုလုံးကို မကြာမီ သိမ်းပိုက်စိုးမိုးပြီး ကိုယ်ပိုင်အင်ပါယာ အသစ်တစ်ခု တည်ထောင်နိုင်တော့မှာပဲ ဖြစ်သည်။

ကျန်းရီက သက်ပြင်းအနည်းငယ်ချကာ ရှင်းပြလိုက်တော့သည်။

“သိုင်းခန်းမကို ရှာတွေ့ပြီး တုကူချိုးကို သတ်ခဲ့တယ်ဆိုပေမဲ့ တစ်လောကလုံးမှာရှိတဲ့ မရေမတွက်နိုင်အောင် များပြားတဲ့ သိုင်းခန်းမခွဲတွေ ကြားထဲမှာ ရေခဲတောင်ကြီးရဲ့ ထိပ်ဖျားသာသာပဲ ရှိသေးတယ်။ သူတို့က သိပ်ကိုသန်မာလွန်းတာ။ မရေမတွက်နိုင်အောင် အစွမ်းထက်တဲ့ သိုင်းပညာရှင်တွေ အများကြီးရှိတယ်။ သိုင်းပညာရှင်က အနည်းဆုံးရာချီ ရှိလောက်တယ်။ တစ်လကြာပြီးတဲ့နောက် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး ဒီကိုရောက်လာနိုင်တာ”

“ခင်ဗျားတို့တွေ အခုထွက်မပြေးရင် ပါဝင်ပတ်သက်ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ သားစဉ်မြေးဆက်အားလုံး တစ်သက်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်မဲ့ အံ့သြဖွယ်ကောင်းတဲ့ နေရာတစ်ခုကို ရှာတွေ့ထားပြီးပြီ။ ခင်ဗျားတို့အားလုံး အခြေကျပြီဆိုတာနဲ့ ကျုပ်တို့က အပြင်လောကကို ထွက်မှာ။ တစ်နေ့ကျရင် ကျုပ်ကျန်းရီက ထပ်မံထွန်းတောက်လာပြီး သိုင်းခန်းမဆောင်ကို ဖျက်ဆီးပြီးတဲ့အချိန် ခင်ဗျားတို့ကို မဟာလောကဆီ သေချာပေါက် ခေါ်သွားမယ်။ အခုခင်ဗျားတို့ ဆုံးဖြတ်ရမဲ့ အချိန်ရောက်ပြီ”

လူတိုင်း၏ အမူအရာက ယခုဆို လေးနက်တည်ကြည်သွားသည်။ ကျန်းရီသည် ထိုကဲ့သို့ အရေးကြီးသည့် ကိစ္စရပ်များကို နောက်ပြောင်ခြင်းမရှိမှာ သေချာသည်။ မည်သူကမှ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦးကို ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူတို့ယင်းကို ရှင်းရှင်းလင်းလင်း သိပေ၏။ သို့သော် သူတို့၏အင်အားများ ဂုဏ်ကျက်သရေများ အားလုံးကို လက်လျော့ပြီး ကျွန်းလေးတစ်ကျွန်းပေါ်၌ ပုန်းကွယ်ခြင်းက သူတို့အားလုံးအတွက် ချမှတ်ရန်ခက်ခဲသည့် ဆုံးဖြတ်ချက် ဖြစ်နေပေသည်။

ယွင်ချန်းထျန်းက သက်ပြင်းချပြီးနောက် ဦးစွာပြောလိုက်သည်။

“အင်ပါယာရဲ့ အုပ်ချုပ်သူ ကျုပ်မထွက်သွားနိုင်ဘူး။ ကျုပ်တို့ ကျန်သည့်တိုင်းပြည်ရဲ့ တိုင်းသူပြည်သားတွေ အများကြီးကို ထည့်တွက်ရအုံးမယ်။ လိုလိုမယ်မယ် ကျုပ်မျိုးဆက်တွေကို ကယ်တင်ဖို့အတွက် ကျွန်းဆီသွားဖို့ ဂိုဏ်းသားတစ်ချို့ကို သွားမေးအုံးမယ်။ ပြီးရင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ယောက်က အပြစ်ကင်းတဲ့လူတွေကို ကြုံသလို မသတ်လောက်ဘူးလို့ထင်တယ်။ သူတို့လာခဲ့ရင်တောင် ကျုပ်တို့မသေလောက်ဘူး”

“ငါတို့ မထွက်သွားဘူး”

ကျောင်းအုပ်ချီက အံ့ကြိတ်ပြီးနောက် ပြောလိုက်၏။

“ဝိညာဉ်သားရဲ တောင်တန်းကျောင်းတော်က နှစ်တစ်သောင်းကျော် တည်ရှိလာခဲ့တာ ကျောင်းအုပ်က အပြင်လောကကို စွန့်စားသွားမယ်ဆိုရင် ကျောင်းရဲ့ကိစ္စတွေကို ဂရုစိုက်ဖို့ ကျွန်မတို့ တာဝန်ယူရမယ်။ အရင်ဆုံး ကျောင်းသားတွေ အားလုံးကိုတော့ ပို့မှာပေါ့။ ဒီတစ်ခေါက် ကျွန်မတို့တွေ အသက်ရှင်ခဲ့မယ်ဆိုရင် နောင်ကျ ကျောင်းကို ပြန်တည်ထောင်လို့ရပြီ”

ချမ်ကွေ့က ကျန့်ရီမင်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ပြုံးပြီးပြောလိုက်သည်။

“ကျန်းရီ စိတ်မပူနဲ့သွား။ မင်းချမ်ဝမ်ကွမ်နဲ့ ကျန့်ဝူရွှမ်းကို မင်းဆန္ဒရှိရင် မင်းနောက်လိုက်ခိုင်းလို့ရတယ်။ ငါ့ရဲ့ဂိုဏ်းနဲ့ ကျန့်ရီမင်ရဲ့ဂိုဏ်းက နယ်မြေကို အုပ်စိုးဖို့အတွက် ဘုရင်ချန်းထျန်းကို ကူညီပေးမယ်။ ဒီလိုဆိုရင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး ရောက်လာခဲ့ရင်တောင် ငါတို့ကိုယ်ငါတို့ ကာကွယ်နိုင်သေးတာပေါ့။ သူတို့နှစ်ယောက်သာ နယ်မြေကလူတိုင်းကို မသတ်ဘူးဆိုရင် သူတို့တွေက ငါတို့ဂိုဏ်းနှစ်ဂိုဏ်းလုံးကို ဖျက်ဆီးနိုင်မှာ မဟုတ်ဘူး”

ကျန့်ရီမင်ကလည်း ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူတို့သည် ယခုအချိန်၌ သေချာပေါက် ထွက်မသွားချင်ပေ။ မကြာမီ၌ နယ်မြေကို စိုးမိုးနိုင်စွမ်း ရှိတော့မည်ဟု သူတို့ယုံကြည်နေသည်။ ထိုအချိန်ရောက်လျှင် သူတို့ကို သတင်းများ ကျော်ဇောမှုများ ဂုဏ်သတင်း ကျော်ဇောမှုနှင့် အင်အားများစွာ ရရှိပေလိမ့်မည်။

ကောင်းကင်ဧကရာဇ် သိုင်းပညာနှစ်ဦးသည် သူတို့သန်မာသည့်အတိုင်း ဂိုဏ်းနှစ်ဂိုဏ်းလုံးကို သုတ်သင်ရှင်းလင်းမှာမဟုတ်ဘူး။ ယုံကြည်နေပေ၏။ သူတို့ဂုဏ်းသားများက တစ်လောကလုံးအနှံ့ ရှိနေသည်။ သူတို့ပါဝင် ပတ်သတ်ခံရမှာကို ကြောက်နေလျှင် ဖြစ်ရပ်နောက်၌ ပုန်းကွယ်ပြီး သူတို့ဂိုဏ်းသားများကို အမှောင်ထဲတွင် နေခိုင်းနိုင်၏။

“အနောက်ပိုင်း ကျူးကျွင်းတပ်ဖွဲ့က ခေါင်းဆောင်မရှိဘူး။ ကျူပ်လည်းနေခဲ့မယ်” ကျန်းရမ်ထူက ပြောလိုက်၏။

အတန်ငယ် စဉ်းစားပြီးနောက် စစ်သူကြီးလုက ပြောလိုက်သည်။

“ကျူပ်သွားမယ် ကိုယ်စားအုပ်ချုပ်သူ ကျုပ်နောက်ကို လိုက်ချင်တဲ့လူ ရှိလားဆိုတာ စစ်သူကြီးတွေဆီ သွားမေးအုံးမယ်။ မလိုက်ချင်ဘူးဆိုရင် ဘုရင်ချင်းထျန်းနောက်ကို သူတို့ကို လိုက်ခိုင်းလိုက်မယ်”

လုစစ်သူကြီးက ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် နှစ်ဦးသည် လက်စားချေလျှင် ဦးစွာခံစားရမည်က မဟာရှတိုင်းပြည်မှန်း ကောင်းကောင်း သိနေပေ၏။ ယင်းက ကျန်းရီအောက်တွင် ရှိနေသည်။ သူတို့က ယခု၌ ကျွန်းတစ်ကျွန်းထဲတွင် ပုန်းကွယ်ပြီး ပုန်းနေသည့် ကျန်းရီ၏ နောက်ထပ် ထွန်းတောက်လာမည့် အချိန်ကိုစောင့်ဆိုင်းနေသင့်သည်။

ကျန်းရီက ကူကယ်ရာမဲ့စွာ သက်ပြင်းချပြီး ပြောလိုက်တော့၏။ “ဒါဆိုကောင်းပြီ။ ကျုပ်ရဲ့တပ်ဖွဲ့တွေကို ခင်ဗျားချန်းထျန်းဆီ ပေးမယ်။ ကျေးဇူးပြုပြီး နယ်မြေကို တက်နိုင်သမျှမြန်မြန် သိမ်းပိုက်ပါ။ သိုင်းခန်းမဆောင်ကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ခင်ဗျားမှာရှိမယ်လို့ သိကြတယ်။ စစ်သူကြီးရမ်ထူ ဦးလေးရီမင်၊ ဦးလေးချမ်ကွေ့ ကျေးဇူးပြုပြီး ဘုရင်ချန်းထျန်းဆီကို ကူညီပေးပါအုံး။ ချန်းထျန်း သူတို့တွေကို ကောင်းကောင်းဂရုစိုက် ဂိုဏ်းသားတွေကိုလည်း ဂရုစိုက် ဝိညာဉ်သားရဲ ကျောင်းတော်ကိုရောပေါ့”

“စိတ်မပူပါနဲ့။ အင်ပါယာရဲ့အရှင် ရီမင်နဲ့ကျုပ်က လက်ထပ်ပွဲကြောင့် ခမည်းခမက်တွေ တော်နေပြီးပြီ။ ချန်းထျန်း မသေသ၍ သူက သူတို့ကို နာကျင်အောင် လုပ်ခွင့်မပေးဘူး”

ယွင်ချန်းထျန်းက ကျန်းရီကို ကျေးဇူးတင်ရန် လေးလေးနက်နက် ဦးညွှတ်လိုက်၏။ ထိုလူသည် သူ့ကို စစ်သားသန်းချီပေးပြီး နယ်မြေတစ်ခုလုံးကို စိုးမိုးရန် အခွင့်အရေး ပေးခဲ့သည်။ ငွေပန်းပွင့်အဘွားအို ကျန့်ရီမင် ချမ်ကွေ့နှင့် သူတို့ဂိုဏ်းသားများ၏ ကူညီပေးမှုဖြင့် မြောက်ပိုင်းလျန်တိုင်းပြည်နှင့် မြောက်ပိုင်းမန့်တိုင်းပြည်ကို ရှင်းလင်းရန် အချိန်အတိုင်းအတာတစ်ခုသာ လိုမှာပဲဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် မရှိသောကြောင့်ဖြစ်၏။

ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး ရောက်လာပြီးနောက် သူတို့ရှင်သန်နိုင်မည်လား ဟူသည်က ကောင်းကင်ဘုံ၏ ဆုံးဖြတ်ချက်သာ ဖြစ်ပေသည်။

တစ်ရက်ကြာပြီးနောက် စစ်သူကြီးလုသည် စကြဝဠာ နန်းတော်ထဲသို့ လူဦးရေထောင်ချီကို ခေါ်လာ၏။ ကျန်းရီကမူ ရစေသားရဲကို ဆင့်ခေါ်ကာ ထိုနေရာမှ ထွက်သွားတော့သည်။ သူက ယာ့ဇီသားရဲပေါ်၌ရပ်ပြီး သူ့နောက်ရှိလူများကို နှုတ်ဆက်ကာ အနောက်သို့ တစ်ချက်တောင် လှည့်မကြည့်ဘဲ အရှေ့အရပ်ဆီသို့ ဦးတည်သွားတော့သည်။

ယွင်ချန်းထျန်းက သူနှင့်အတူ လူအားလုံးကို ခေါ်လာပြီး ကျန်းရီကို အရိုအသေပေးကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဆိုရိုးစကား ရှိတဲ့အတိုင်းပဲ အဖြုတ်ခံထားရတဲ့ နဂါးက တစ်နေ့ကျရင် ပင်လယ်ထဲကို ခရီးစထွက်မှာပဲ။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ ကျုပ်တို့အင်ပါယာရဲ့အရှင် ခင်ဗျားနောက်ထပ် ထွန်းတောက်လာမှာကို စောင့်နေမယ်”

***

All Chapters