← Chapters

လူများကို လောင်းကြေးထပ်ခြင်း

Vol. 18 Ch. 194

လူများကို လောင်းကြေးထပ်ခြင်း

Vol. 18 Ch. 194

ကျန်းယန် ညဉ့်သန်းခေါင်အချိန်ထိ တရားထိုင်ပြီးမှသာ နွမ်းနယ်မှုကို ဖြေဖျောက်နိုင်ခဲ့သည်။

သူမီးခိုးရောင်မှိုင်းညို့နေသော ကောင်းကင်ကြီးကိုကြည့်နေရင်းလန်ချင်းဖုန်းနှင့်တိုက်ပွဲတုန်းက လန်ချင်းဖုန်းအသုံးပြုခဲ့သော ရေခဲတာအိုအနှစ်သာရအကြောင်း ပြန်တွေးနေခဲ့၏။

“စီနီယာအစ်ကိုကြီး အဆင်ပြေရဲ့လား” စစ်ထူမင်ယွဲ့ စိတ်ပူနေဟန်ဖြင့် မေးလိုက်သည်။

“အဆင်ပြေပါတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

စစ်ထူမင်ယွဲ့ သူ့မျက်စောင်းထိုးနေရာတွင်၀င်ထိုင်လိုက်ပြီး မေးလိုက်သည်။

“စီနီယာအစ်ကိုကြီး ….အစ်ကိုကြီးမှာရော သိမ်မွေ့ယင်တာအိုမျိုးစေ့ရှိနေတာလား”

ထိုအချက်က သူမစိတ်၀င်စားနေသော အချက်သာ ဖြစ်၏။

ကျန်းယန် မဖြေခင် တခဏတွန့်ဆုတ်သွားခဲ့၏။

“ငါရွှေအမြုတေအဆင့်မှာတုန်းက ကိစ္စအချို့ကြောင့် အခြားတာအိုမျိုးစေ့တွေရဲ့ စွမ်းအားတွေကိုပါ အသုံးပြုနိုင်ခဲ့တယ် အခုဝိညာဉ်အခြေတည်အဆင့်ရောက်သွားတော့လည်း အဲ့လိုပဲ အခြားတာအိုစွမ်းအားတွေကိုပါ အသုံးပြုနိုင်နေသေးတယ် ငါ့အခြေတည်ဝိညာဉ်က နည်းနည်းတော့ ထူးဆန်းနေသလို ခံစားရတယ်”

မည်သည့် အခြေတည်ဝိညာဉ်က သူ့လို သူဖုန်းစားလိုစုတ်ပြဲသောအ၀တ်များ ၀တ်ဆင်ထားပါမည်နည်း။

ကျန်းယန်ဘာလို့ သိမ်မွေ့ယင်ပညာရပ်ကိုအသုံးပြနိုင်နေသလဲ သိရှိသွားသောကြောင့် စစ်ထူမင်ယွဲ့ စိတ်သက်သာရာ ရသွားခဲ့၏။

သူမအခြားသူများကိုကြည့်လိုက်သောအခါ အကုန် အနားယူနေပြီဖြစ်မှန်း တွေ့လိုက်ရသည်။ ထို့နောက် သူမကျန်းယန်ကို စိတ်ဝိညာဉ်ခြင်းဆက်သွယ်၍ ပြောလိုက်၏။

“အစ်ကိုကြီးက သိမ်မွေ့ယင်တာအိုပညာရပ်ကို အသုံးပြု‌နိုင်မှတော့ ထိုက်ယင်အမတပညာရပ်ကိုလည်း သုံးရင်သုံးနိုင်မှာပဲ ကျင့်ကြံကြည့်ပါလား ညီမလေး အစ်ကိုကြီးကို သင်ပေးမယ် ဒါဆို နောက်တစ်ခါ ရေခဲ နှင်း တာအိုစွမ်းအားတွေနဲ့ ရင်ဆ်ုရတဲ့အခါ ကြောက်နေစရာ မလိုတော့ဘူး”

“ကောင်းပြီလေ” ကျန်းယန် သေဘာတူလိုက်လေသည်။

သူသည် ထိုက်ယင်အမတပညာရပ်အပြည့်အစုံကို အမွေဆက်ခံရရှ်ိထားသူမဟုတ်သောကြောင့် နည်းနည်းလောက် ပိုသင်ကြားလိုက်ရသည်က သူ့အတွက် ပိုအသုံး၀င်နိုင်၏။

စစ်ထူမင်ယွဲ့ တွန့်ဆုတ်မနေဘဲ ကျန်းယန်ကို စိတ်ဝိညာဉ်ချင်းဆက်သွယ်၍ ထိုက်ယင်အမတပညာရပ် လွှဲပြောင်းပေးလိုက်သည်။ သို့သော် ထိုအရာက မူရင်းပညာရပ်တော့ မဟုတ်ပေ။ သူမရွတ်ဆိုပြသော အသံများသာ ဖြစ်၏။

ထို့နောက်တွင်တော့ သူမ ကျန်းယန်ကျင့်ကြံချိန်ရအောင်အနားတွင် စောင့်ကြပ်ပေးနေခဲ့သည်။

ကျန်းယန် ထိုပညာရပ်အကြောင်းတွေးတောနေရင်း အံ့အားသင့်နေခဲ့ရ၏။ ထိုအရာသည် အမှန်တကယ်ပင် သိမ်မွေ့ယင်ပညာရပ်ထက် စွမ်းအားကြီးသော ယင်နှင့်‌အေးခဲ နည်းစနစ်တစ်ခုသာ ဖြစ်ပေသည်။

ထိုက်ယင်ပညာရပ်နှင့် သူလန်ချင်းဖုန်းအသုံးပြုသွားသော နှင်းရေခဲ နည်းစနစ်များအပေါ် နားလည်မှုနှင့်ပေါင်းစပ်လိုက်သောအခါ သူ့တွင် ထိုတာအိုနှင့်ပတ်သက်ပြီး ကြီးမားသော ဉာဏ်အလင်းများ ပွင့်သွားခဲ့၏။

နှစ်ခုစလုံးက အေးခဲနည်းစနစ်များဖြစ်သော်လည်း သူတို့အနှစ်သာရများကတော့ မတူညီကြပေ။

ထိုအကြောင်းတခဏတွေးတောပြီးနောက် ကျန်းယန် သူခန်းမထဲမှယူလာသော ကောင်း‌ကင်နှင့်မြေပြင်၏မရှိမဖြစ်စွမ်းအင်အကြောင်း အသေးစိတ်အကဲဖြတ်ခြင်း ဟူသော စာအုပ်ကို စတင်ဖတ်ရှုလေတော့သည်။

ဖတ်နေရင်း သူ့မျက်စိထဲတွင် ကောင်းကင်နှင့်မြေပြင်ကြားရှိ စွမ်းအင်များကို ပိုပြီးရှင်းရှင်းလင်းလင်းမြင်လာသလို ခံစားလိုက်ရ၏။

တစ်ချိန်တည်းမှာပင် သူထိုက်ယင်အမတပညာရပ်နှင့် နှင်းရေခဲတာအိုအပေါ် ပိုပြီး နားလည်သဘောပေါက်လာခဲ့သည်။

ကျန်းယန် တိတ်တဆိတ်ဖတ်ရှုနေရင်း အာရုံတက်ချိန်သို့ ရောက်ရှိလာခဲ့၏။ ထိုအချိန်အတွင်း သူစာအုပ်၏ စာမျက်နှာအနည်းငယ်ကိုသာ လှန်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် စာအုပ်ထဲတွင်ပါသော အကြောင်းအရာများက အလွန်တရာ နက်နဲသိမ်မွေ့ကာ နားလည်ဖို့ ခက်လွန်း၍ ဖြစ်၏။

အာရုံတက်ချိန်သို့ရောက်သောအခါ နောက်ထပ်တိုက်ပွဲတစ်ခု စတင်ဖို့အချိန်သို့ ကျရောက်ခဲ့ပြန်ချေပြီ။

သူ့ကိုတစ်ယောက်ယောက်စိန်ခေါ်နေသံကို ကြားသောအခါ ကျန်းယန် စာအုပ်ကို ပြန်သိမ်းထားလိုက်သည်။

၀င်္ကပါထဲမှ ထွက်လိုက်သောအခါတွင်မူ သူ့ရှေ့တွင်ရပ်နေသော ခရမ်းရောင်၀တ်စုံ၀တ်ထားသည့် ကျိရှုကို တွေ့လိုက်ရ၏။ ထိုကွင်းပြင်နားတွင်လည်း ဂိုဏ်းကြီးများမှ လူများက စုဝေးနေခဲ့ကြသည်။

ကျန်းယန် ထွက်ပေါ်လာသည်ကိုမြင်သောအခါ ကျိရှု ချက်ချင်းပြောလိုက်၏။

“ဒီနေ့ ငါတို့မတူညီတာ တစ်ခုခုလုပ်ကြမယ်”

ကျန်းယန် မျက်မှောင်ကြုံ့ကာမေးလိုက်သည်။

“ဘယ်လို မတူညီတာလဲ”

ကျိရှုပြုံးကာ ပြောလိုက်၏။

“ငါက လောင်းကြေးကိုနှစ်ခုတင်မယ် တကယ်လို့ ငါနိုင်ရင် ငါကချင်ရှုကို ရှို့ယိဘုရားကျောင်းကို ပြန်ခေါ်သွားမယ် သူကဂိုဏ်းစည်းမျဉ်းတွေကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့တဲ့အတွက် သူ့ကို အပြစ်ပေးရမယ်”

ကျန်းယန် အမူအရာလေးနက်သွားကာ ဖြောင့်မတ်သူတစ်ယောက်ဧ။်လေသံမျိုးဖြင့် ပြောလိုက်သည်။

“ချင်ရှုက ငါ့မိတ်ဆွေပဲ ငါသူ့ကို လောင်းကြေးအဖြစ် မထားနိုင်ဘူး

နင်လည်းအခြားလူတွေအပေါ် လေးစားမှုထားသင့်တယ် လူဆိုတာ အသုံးပြုစရာပစ္စည်းမဟုတ်ဘူး လောင်းကြေးထပ်ရမယ့်အရာလည်း မဟုတ်ဘူး

အခြားသူတစ်ယောက်ကို လေးစားတယ်ဆိုတာ နင့်ကိုယ်နင်လေးစားခြင်းပဲ”

ကျိရှုမျက်နှာဒေါသကြောင့် နီမြန်းသွားခဲ့ပြီး အေးစက်စက်ထေ့ငေါ့လိုက်၏။

“ငါတို့ကိစ္စကိုဝင်မစွက်ဖက်ပါနဲ့ ငါကနင့်ကိုမေးရုံပဲ နင်လောင်းရဲလား မလောင်းရဲဘူးလား”

“ဒါကလောင်းရဲလား မလောင်းရဲဘူးလားဆိုတဲ့ ကိစ္စမဟုတ်ဘူး…”

“နင်ကရှူံးမှာကြောက်နေတာပဲ သူရဲဘောကြောင်တဲ့ကောင်” ကျိရှု ကျန်းယန်ကိုလှောင်ပြောင်လိုက်သည်။

“ဒီလောင်းကြေးနှစ်ခုအပြင် ငါ့ကိုယ်ငါပါလောင်းကြေးအဖြစ် တင်မယ် နင်နိုင်ရင် ငါနင့်နောက်ကိုလိုက်မယ် နင်ရှုံးရင် ချင်းရှုကို ငါတို့လက်ထဲ ပြန်ထည့်ပေးရမယ်”

ကျန်းယန် အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။

“နင်ကမလောင်းရဲနေတာပဲ သူရဲဘောကြောင်တဲ့ကောင်” ကျိရှု လှောင်ပြောင်လိုက်လေသည်။

သူမသည် ကျန်းယန်ကို ဤသဘောတူညီချက်အား လက်ခံလာသည်အထိ ဆွပေးရန် ပြင်ဆင်ထားပြီး ဖြစ်၏။

ကျန်းယန် အေးစက်စက်ရယ်မောလိုက်သည်။ ဤအရာသည် လောင်းရဲခြင်း မလောင်းရဲခြင်းကြောင့် ဟုတ်မနေခဲ့ပေ။ သူ့မိတ်ဆွေတစ်ယောက်ကို လောင်းကြေးအဖြစ် မတင်လိုခြင်းသာ ဖြစ်၏။

ထိုစဉ် ပွဲကြည့်နေသော ချင်းရှု ၀င်္ကပါထဲမှ ထွက်လာခဲ့လေသည်။ သူဝင်္ကပါအပြင်သို့ရောက်သောအခါ ကျန်းယန်နားကပ်သွားပြီး ပြောလိုက်၏။

“ငါမင်းကိုယုံတယ် စီနီယာအစ်မရဲ့လောင်းကြေးကို လက်ခံလိုက် စကားမစပ် ငါ့စီနီယာအစ်မက စွမ်းအားကြီးရုံတင်မကဘူးဉာဏ်လည်းကောင်းတယ် မင်းသူ့ကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ် ပြီးတော့ သူအဓိကလေ့လာတာက အဆောင်ပညာ မင်းနည်းနည်းအာရုံစိုက်လိုက်ရင် သူ့ကိုနိုင်ဖို့က ပြဿနာတစ်ခုမဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် သူကျိရှုဘက်လှည့်လိုက်ကာ

“စီနီယာအစ်မ တကယ်တော့ ကျန်းယန်က အရမ်းကောင်းပါတယ် သူကသန်လည်းသန်ာမာတယ် ပြီးတော့ ဉာဏ်ကြီးရှင်တစ်ယောက် စီနီယာအစ်မသူ့နောက်လိုက်ရင် အကျိုးအမြတ်တွေအများကြီးရလိမ့်မယ်”

ပြောပြီးသည်နှင့် သူ၀င်္ကပါထဲ ဆုတ်ခွာသွားခဲ့၏။

ကျိရှု အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ

“အခု နင်လှုပ်ရှားလို့ရပြီမဟုတ်လား”

သူမစိတ်ထဲတွင်တော့ ကြိတ်ဆဲနေခဲ့သည်။

“ခွေးကောင်ချင်းရှု နင်ပြန်ရောက်လာမှ ငါနင့်ကိုဘယ်လိုကိုင်တွယ်မလဲ ကြည့်နေလိုက်”

ကျန်းယန် အသာအယာပြုံးလိုက်ကာ “ငါနင်နဲ့တိုက်ခိုက်ဖို့ သဘောတူနိုင်ပါတယ် နင်အဆင်သင့်ဖြစ်ရင် စတော့”

“ဟမ့်”

ကျိရှုနှာခေါင်းရှုံ့လိုက်ပြီး သူ့ခရမ်းရောင်၀တ်ရုံကိုဝေ့ယမ်းလိုက်ရာ ချက်ချင်းဆိုသလို ကွင်းပြင်ထဲတွင် ကြမ်းတမ်းသောလေများ တိုက်ခတ်လာခဲ့၏။

ရှင်းလင်းစွာပင် ထိုအရာက လေဒြပ်စင်အဆောင်သာ ဖြစ်ပေသည်။

“ကမ္ဘာကြီးမှာ အဆုံးမဲ့စီးဆင်းနေတဲ့ စွမ်းအင်ရှိတယ်…အဲ့တာက လေပဲ”

ကျန်းယန် ရုတ်တရက် သူဖတ်ထားသော ကောင်းကင်နှင့်မြေပြင်၏မရှိမဖြစ်စွမ်းအင်များအကြောင်း အသေးစိတ်အကဲဖြတ်ခြင်း စာအုပ်ထဲမှ စာတစ်ကြောင်းကို စဉ်းစားမိသွားခဲ့၏။ ထိုစာကြောင်းထဲတွင်လေ၏အနှစ်သာရပါနေသလိုပင်။

ကျိရှု၏ လေဒြပ်စင်အဆောင်နှင့် စာအုပ်ထဲမှစာသားကိုဆက်စပ်မိသွားပြီး သူလေစွမ်းအင်၏ အနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့သည်။

ထို့နောက် ကျိရှု၏ အဆောင်ကိုပြန်ကြည့်လိုက်သောအခါ သူချက်ချင်းဆိုသလို ထိုအရာ၏လျှို့ဝှက်ချက်ကို နားလည်သွားခဲ့၏။

ကျိရှုသည် အဆောင်တစ်ခုကိုသုံး၍ လေကိုထိန်းချုပ်ဖို့ကြိုးစားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် လေကိုဖန်တီးလိုက်ခြင်း ဖြစ်သည်။

ထိုအခိုက်တွင် ကျန်းယန် စန်းစုန့်သူ့ကိုကျွေးခဲ့သော ငါးစွပ်ပြုတ်ကို ပြန်မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။ ထိုစဉ်က ငါးစွပ်ပြုတ်အစွမ်းကြောင့် သူတာအိုနိယာမများကို ခံစားမိခဲ့ပါသော်လည်း ဘာကိုမှ မဖမ်းဆုတ်နိုင်ခဲ့ပေ။

အခုတော့ သူအနည်းငယ် ဖမ်းဆုတ်မိခဲ့ချေပြီ။

သူ့ခရမ်းနန်းတော်ထဲရှိ အခြေတည်ဝိညာဉ်ကလည်း စိတ်လှုပ်ရှားနေပြီး ထိုအရာအပေါ်တွင် မျဉ်းလေးများ ပေါ်ပေါက်လာခဲ့သည်။

ကျိရှု၏အဆောင်အောက်တွင် ကျန်းယန် ဉာဏ်အလင်းပွင့်သောအခြေအနေသို့ ဝင်ရောက်သွားခဲ့၏။

ထိုစဉ် ကျိရှုကတော့ သူ့ကိုငေးကြောင်ကြည့်နေသော ကျန်းယန်ကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။

ကျန်းယန်သည် အဆောင်တစ်ခုတည်းကြောင့် ထောင်ချောက်မိသွားခြင်းပေလော။

သူတွန့်ဆုတ်မနေတော့ဘဲ နောက်အဆောင်တစ်ခု ထုတ်လိုက်၏။ ထိုအဆောင်ကတော့ မီးအဆောင်ဖြစ်ပေသည်။ ရုတ်ချည်းဆိုသလို ကွင်းပြင်တစ်ခုလုံးက မီးတောက်ပင်လယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

မြေပြင်က မီးပင်လယ်ဖြစ်နေပြီး ကောင်းကင်တွင်ကြမ်းတမ်းသော လေပြင်းများတိုက်ခတ်နေကာ လေပြင်းနှင့်မီးက အချင်းချင်း ပေါင်းစပ်နေကြသောကြောင့် မြင်ကွင်းက အလွန်ကြောက်စရာကောင်းနေခဲ့သည်။

မီးတောက်များအလယ်တွင်ရပ်နေသော ကျိရှုကတော့ မီးတောက်များ၏ သက်ရောက်မှုကို မခံခဲ့ရပေ။

ထိုစဉ် သူမ ကျန်းယန်ဆီသို့ လက်ညိုးထိုးပြလိုက်ရာ မီးတောက်များက သူမအမိန့်ကိုနာခံနေသလိုပင် ကျန်းယန် ရှိရာသို့ ပြေး၀င်သွားခဲ့ကြ၏။

All Chapters