← Chapters

ဉာဏ်အလင်း

Vol. 18 Ch. 195

ဉာဏ်အလင်း

Vol. 18 Ch. 195

ကွင်းပြင်ထဲတွင် ကျန်းယန်ဆီဦးတည်သွားသော မီးတောက်များက မမြင်ရသော နံရံကြီးတစ်ခု၏တားဆီးခြင်းကို ခံလိုက်ရပြီး သူ့အနားကို ဆက်မကပ်နိုင်ခဲ့ပေ။

“ဆိုတော့….ဒါကလေကိုး”

ကျန်းယန် သူ့ဘေးက လေထုအလွှာကို ထိကြည့်လိုက်၏။ အလွှာတစ်ထပ်ချင်းစီက တံတိုင်းများကဲသို့ သူ့ရှေ့ကမီးများကို ကာထားပေးနေခဲ့သည်။

ပုံမှန်အားဖြင့် ထိုမျှကြောက်စရာကောင်းသော မီးနိယာမများနှင့်ရင်ဆိုင်ရလျှင် ကျန်းယန် စိတ်ဝိညာဉ်အကာအကွယ်သုံး၍ ကာကွယ်ရမည် ဖြစ်၏။

သို့သော် အခုလို လေအနှစ်သာရကို နားလည်သွားချိန်တွင်တော့ သူသည် စိတ်ဝိညာဉ်စွမ်းအားအနည်းငယ်သာ သုံး၍ လေအကာအကွယ်တစ်ခုလုပ်ပြီး ကာကွယ်နိုင်နေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့အခြေတည်ဝိညာဉ်၀တ်ဆင်ထားသော ၀တ်စုံအစုတ်ပေါ်၌ အစိမ်းရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာခဲ့၏။

မီးပင်လယ်ထဲရှိကျန်းယန် အေးအေးဆေးဆေးသာ ဖြစ်နေခဲ့သည်။

သို့သော် အပြင်ဘက်ကလူများကတော့ မီးပင်လယ်ထဲတွင် ဘာတွေဖြစ်နေသလဲ မမြင်နိုင်ခဲ့ပေ။

ကျိရှုပင် ကျန်းယန်ဘာ‌ဖြစ်နေသလဲ အာရုံမခံမိခဲ့ပေ။

“သူက စိတ်ဝိညာဉ်စွမ်းအားအကာအကွယ်ထုတ်ပြ‌ီး ငါ့စွမ်းအားကိုကာကွယ်ချင်နေတာလား” ကျိရှု မျက်မှောင်ကြုံ့လိုက်၏။

“ငါ့မီးစွမ်းအာားကို တန်ပြန်မတိုက်ခိုက်ဘဲကာကွယ်ဖို့ နင့်မှာ စိတ်ဝိညာဉ်စွမ်းအား ဘယ်လောက်ရှ်ိလဲ ကြည့်ကြတာပေါ့”

သူမအတွက် မီးအဆောင်များရေးဆွဲခြင်းက စိတ်ဝိညာဉ်စွမ်းအား ဘာမှမကုန်ကျသလောက်ပင်။

ထို့ကြောင့် သူမမီးအဆောင်များထပ်မံရေးဆွဲပြီး ပစ်လွှတ်လိုက်သောကြောင့် ကွင်းပြင်ထဲရှိ မီးပင်လယ်ကြီးက ပိုမိုကြမ်းတမ်းလာခဲ့သည်။

“သူဒါကို ဘယ်လိုချိုးဖျက်မှာလဲ” လန်ချင်းဖုန်း မီးတောက်ပင်လယ်ကြီးကိုကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏။

ကျန်းယန်ကို အလွယ်တကူရင်ဆိုင်၍ ရလိမ့်မည်ဟု သူမထင်ခဲ့ပေ။

တကယ်တော့ အခြားသူများလည်း ကျန်းယန်ဒီအခြေအနေက ဘယ်လိုရုန်းထွက်မလဲဆိုတာ စိတ်ဝင်စားနေကြခြင်းသာ ဖြစ်သည်။

အကယ်၍ ကျန်းယန်ဤပွဲတွင်ရှုံးနိမ့်သွားမည်ဆိုလျှင်တောင် အခုလို လွယ်လွယ်လေးတော့ ရှုံးနိမ့်သွားမည် မဟုတ်ပေ။

ကျိရှုကိုယ်တိုင်လည်း အဆောင်နှစ်ခုလောက်ဖြင့် ကျန်းယန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မယုံပေ။

“ဒါဆို လေပြင်းကိုပိုအားကောင်းသွားအောင် လုပ်လိုက်ကြတာပေါ့” ကျန်းယန် လက်ကိုဝေ့ယမ်းလိုက်ပြီး စိတ်ဝိညာဉ်စွမ်းအားသုံး၍ လေပြင်းကိုအရှိန်တင်ပေးလိုက်သည်။

ထိုအခါ သူရှိသောဘက်ခြမ်းမှ ပိုအားကောင်းသော မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

ထိုကြီးမားလှသော မုန်တိုင်းကြီးထဲတွင် မည်သည့်နိယာမမှ ရှင်သန်ခွင့် မရှိပေ။ ထိုအရာကြီးက အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့ပြီး သူဖြတ်သွားသမျှ နေရာတိုင်းက အရာအားလုံးကို စုတ်ဖြဲသွားခဲ့လေသည်။

သူဖြတ်သွားသောနေရာတိုင်းက မီးတောက်များသည်လည်း ရုတ်ချည်းဆိုသလို ငြိမ်းသေသွားခဲ့ရ၏။

ကြောက်မက်ဖွယ်မုန်တိုင်းကြီးကို ခံစားမိလိုက်ကြသောအခါ လူတိုင်းအလျင်အမြန်ပင် ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ကြ၏။

ကွင်းပြင်ထဲက ကျိရှုလည်းမီးတောက်များကိုစုတ်ဖြဲသွားသော မုန်တိုင်းကြီးကို မြင်လိုက်ရသောအခါ အန္တရာယ်ကို သတိထားမိသွားခဲ့သည်။

သူမအလျင်အမြန်ပင် အဆောင်များစွာရေးဆွဲ၍ မုန်တိုင်းကိုရပ်တန့်အောင် ကြိုးစားလိုက်သော်လည်း အရာအားလုံးက အချည်းနှီးပင်။

အချည်းနှီးဖြစ်ရုံသာမက မုန်တိုင်းက ပိုပြီးပင် အားကောင်းလာခဲ့သေး၏။

အန္တရာယ်ကိုခံစားမိသောအခါ သူမအလျင်အမြန်ပင် ကမ္ဘာမြေကြီးအဆောင်တစ်ခုရေးဆွဲပြီး မြေပြင်၏အလေးချိန်ကိုအသုံးပြုကာ မုန်တိုင်းကို အားနည်းသွားအောင်လုပ်ဖို့ ကြိုးစားလိုက်လေသည်။ ထို့နောက် အကာအကွယ်အလွှာတစ်ခုဖွင့်ပြီး သူ့ကိုယ်သူ ကာကွယ်ထားလိုက်၏။

သူမအကာအကွယ်အလွှာကို အသက်သွင်းပြီးသည်နှင့် မုန်တိုင်း၏ကြောက်စရာကောင်းပုံကို သူမအမှန်တကယ် ခံစားမိလိုက်ရသည်။

လျင်မြန်စွာစီးဆင်းနေသော စွမ်းအင်များနှင့်မုန်တိုင်းကြီးသည် ဓားသွားများလို သူမအကာအကွယ်အလွှာကို ဖြတ်တောက်နေခဲ့၏။

ပိုပြီးကြောက်စရာကောင်းသည်မှာ ကျန်းယန်သည် ထိုမျှကြောက်စရာကောင်းသော မုန်တိုင်းကြီးကို သာမန်လေပြေလေးတစ်ခုလို ထိန်းချုပ်နေပြီး မုန်တိုင်းက သူ့အနားတွင်ရစ်ဝဲနေသော်လည်း သူ့ကို ဘာအန္တရာယ်မှ မပေးခဲ့ပေ။

ကျန်းယန် ချဉ်းကပ်လာသည်နှင့် မုန်တိုင်း၏စွမ်းအားက အဆပေါင်းများစွာ ပိုမိုကြီးမားလာခဲ့ပြီး နောက်ဆုံးတွင် ကျိရှု၏ အကာအကွယ်အလွှာကို ဖြတ်တောက်သွားခဲ့လေသည်။

ကျိရှု ကြောက်လန့်တကြားအော်ဟစ်လိုက်ကာ သူမမျကိလုံးများကို မှိတ်ထားလိုက်ပြီး သေဖို့ အသင့်ပြင်ထားလိုက်၏။

သူမအကာအကွယ်အလွှာကိုဖြတ်တောက်သွားပြီးမှတော့ ထိုမုန်တိုင်းက သူမကိုယ်ကို အစိပ်စိပ်အမွှာမွှာဖြစ်အောင် ဖြတ်တောက်သွားတော့မည် ဖြစ်မှန်း သူမသိပေသည်။

သို့သော် ထိုအဖြစ်အပျက်က ဖြစ်မလာခဲ့ပေ။

ဝုန်းဒိုင်းကြဲနေသော မုန်တိုင်းကြီးက ရုတ်တရက် ရပ်တန့်သွားခဲ့၏။

သူမမျက်လုံးများကို ဖွင့်ကြည့်လိုက်သောအခါ သူမရှေ့တွင် သူမကိုလှောင်ပြောင်နေဟန်ဖြင့် ခြေအဆုံးခေါင်းအဆုံးကြည့်နေသော ကျန်းယန်ကို တွေ့လိုက်ရသည်။

ကျိရှု သူမကိုယ်သူမငုံ့ကြည့်လိုက်သောအခါ သူမအ၀တ်အစားများသည် လေပြင်းကြောင့် သူမခန္ဓာကိုယ်နှင့်ကပ်နေသည်ကို တွေ့လိုက်ရ၏။

“မင်းကိုယ်မင်း လောင်းကြေးအဖြစ်အသုံးမပြုရဘူး အခုတော့ ရှုံးပြီမဟုတ်လား” ကျန်းယန် ကျိရှုကိုကြည့်လိုက်ကာ

“ခန္ဓာကိုယ်ပုံစံကတော့ သိပ်မဆိုးပါဘူး”

“သေလိုက်!”

ကျိရှု မုန်တိုင်းကြောင့်ဒေါသထွက်နေချိန်တွင် ကျန်းယန်၏စနောက်သောစကားများကို ကြားလိုက်ရသောအခါ သည်းမခံနိုင်ဝောာ့ဘဲ လက်ကိုမြှောက်၍ ကျန်းယန်ဆီ မိုးကြီးစက်လုံးတစ်လုံး ပစ်လွှတ်လိုက်လေသည်။

ကျန်းယန်လေဟုန်စီး၍ သူ့မိုးကြိုးစက်လုံးကို အသာအယာရှောင်ပြလိုက်ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ပြီး ခပ်တင်းတင်းပြောလိုက်၏။

“မင်းရှုံးသွားပြီ စကားမစပ်မင်းကိုယ်မင်းလောင်းကြေးအဖြစ် ထပ်ထားတယ်နော် အခုချက်ချင်းငါ့အဖွဲ့ထဲ ၀င်လိုက်တော့”

“ဂျုနီယာညီမလေး” လင်းရှု အမြန်အော်ပြောလိုက်လေသည်။

ကျိရှုတကယ်ကြီး ကျန်းယန်အဖွဲ့ထဲပါသွားမှာကို သူ‌စိတ်ပူနေခဲ့၏။

“လူယုတ်မာကောင်!” ကျိရှု အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး စည်းဝိုင်းထဲမှ ခုန်ထွက်သွားခဲ့သည်။

“ဟေး မင်းစကားမတည်ဘူးလား” ကျန်းယန် သူမကိုလှမ်းခေါ်လိုက်၏။

“မတည်တော့ ဘာဖြစ်လဲ” ကျိရှု ဒေါသတကြီးပြန်အော်ပြောလိုက်သည်။

ကျန်းယန်ခေါင်းယမ်းလိုက်ပြီး ကြည့်ရှုနေသူများဘက် လှည့်လိုက်ကာ

“နောက်ပြိုင်မယ့်လူတွေအတွက် သတိပေးလိုက်မယ် မင်းတို့ကိုယ့်ကတိကိုယ်မတည်နိုင်ရင် နောက်တစ်ကြိမ်ဆို ငါယဉ်ကျေးနေတော့မှာ မဟုတ်ဘူး”

ကြည့်ရှုနေသူများ တစ်ယောက်ကိုတစ်ယောက်ကြည့်ရှုလိုက်ကြ၏။

အခုလို မုန်တိုင်းမျိုးထုတ်လွှတ်နိုင်အောင် ကျန်းယန် ဘာတွေကျင့်ကြံထားသလဲ သူတို့ ပဟေဠိဖြစ်နေခဲ့ကြသည်။

ကျန်းယန်၏ ကျင့်စဉ်များ နည်းစနစ်များကို မသိရဘဲ သူတို့ကျန်းယန်ကိုတိုက်ခိုက်ဖို့ မည်သို့အစီအစဉ်ဆွဲရပါတော့မည်နည်း။

“ကြည့်ရတာ ငါတို့သူ့နည်းစနစ်တွေကိုစမ်းသပ်ဖို့ လူတွေအရင်လွှတ်ရမယ်ထင်တယ်” ကုန်းရှို့ပင်း ပြောင်းလိုက်၏။

“ဂိုဏ်းတစ်ဂိုဏ်းချင်းစီက သူ့ကိုစမ်းဖို့တစ်ယောက်စီလွှတ်လိုက် ငါတို့အခြေအနေကိုနားလည်သွားရင် သူ့ကိုရင်ဆိုင်ရတာ အများကြီးပိုလွယ်သွားလိမ့်မယ်”

လူတိုင်းခေါင်းညိတ်ပြလိုက်ချိန်တွင် ကုန်းပိုင်ဟေး ၀င်ပြောလိုက်သည်။

“ငါတို့မှာ ၂လတောင်ကျန်ပါသေးတယ် လောနေစရာမလိုပါဘူး ဒီအခြေအနေကိုအသုံးချပြီး ငါတို့ကိုယ်ငါတို့ပိုသန်မာလာအောင် လုပ်ရမယ် ပြီးရင် သူ့ကိုရှင်းပစ်ကြမယ် ရိုးရှင်းပါတယ်”

“ကောင်းပြီ ဒါဆို အစီအစဉ်က ဒါပဲ”

ဂိုဏ်းကြီးကိုးဂိုဏ်း ကျန်းယန်ကိုစိန်ခေါ်ဖို့ ကိုယ်စားလှယ်များ တစ်ယောက်ပြီးတစ်ယောက် စေလွှတ်ခဲ့ကြ၏။

ဒါပေါ့ တစ်ယောက်ချင်းစီတိုင်းတွင်တော့ တံဆိပ်ပြားများပါပေသည်။ မဟုတ်လျှင် ကျန်းယန်က ပြိုင်မည်မဟုတ်ပေ။

ထိပ်တန်းပါရမီရှင်များပင် သူ့ပြိုင်ဘက်မဟုတ်လေရာ ထိုပါရမီရှင်လေးများအနေနှင့် သူ့ကိုနိုင်ဖို့ နီးပင်နီးစပ်နိုင်မည် မဟုတ်ပေ။

သို့သော် အံ့ဩစရာကောင်းသည်မှာ ကျန်းယန်ကထိုပါရမီရှင်လေးများကို လက်ရည်ညီစွာဖြင့် ဘတစ်ပြန်ကျားတစ်ပြန် တိုက်ခိုက်ပေးနေခဲ့သည်။

မနက်ခင်းတစ်ခုတွင် ကျန်းယန် ၀င်္ကပါထဲမှ ထွက်လာခဲ့ပြီး အော်ပြောလိုက်၏။

“အားလုံးပဲ ဒီနေ့တိုက်ပွဲစပြန်ပါပြီ ဘယ်သူ‌ထွက်လာမှာလဲ”

“ငါထွက်မယ်” ကုန်းရှို့ပင်း ရှေ့တက်လာကာ ကျန်းယန်ကို စိုက်ကြည့်နေခဲ့သည်။

“ဒါပေမယ့် ဒီတစ်ခေါက်ငါတို့က တံဆိပ်ပြား ၅ ပြား လောင်းမယ် မင်းလက်ခံရဲသလား”

သူကျန်းယန်ကိုတစ်လလုံးလုံးစောင့်ကြည့်ခဲ့ပြီး သူ့ကိုရှင်းပစ်ဖို့ အချိန်ကျပြီဟု ယုံကြည်နေခဲ့သည်။ ထို့ကြောင့်လည်း လောင်းကြေးကိုမြှင့်လိုက်ခြင်း ဖြစ်၏။

ကျန်းယန်မျက်လုံးများတောက်ပသွားကာ အားရပါးရရယ်မောလိုက်ပြီး

“နောက်ဆုံးတော့ သတ္တိရှိတဲ့ကောင်တစ်ကောင်ထွက်လာပြီပဲ တံဆိပ်ပြားငါးခုပဲ ငါမင်းစိန်ခေါ်မှုကို လက်ခံတယ်”

All Chapters