← Chapters

(မင်းဘာမင်း နတ်ဆိုးဓားမကလို့ ဘာကြီးဖြစ်နေပါစေ၊ ရိုင်းဆိုင်းနေလို့ကတော့ သေးပေါက်ချခံရမယ်မှတ်)

Vol. 15 Ch. 142

(မင်းဘာမင်း နတ်ဆိုးဓားမကလို့ ဘာကြီးဖြစ်နေပါစေ၊ ရိုင်းဆိုင်းနေလို့ကတော့ သေးပေါက်ချခံရမယ်မှတ်)

Vol. 15 Ch. 142

ကျက်သရေရှိစွာ ထွက်ခွာသွားသော ကျိချန်အာ၏ နောက်ကျောကို ကြည့်နေရင်း ချီယွမ် ဝတ်စုံကို ဖြေးညင်းစွာ ပြင်ဆင်လိုက်သည်။ ထို့နောက်တွင် ချီအိမ်တော်ကို ရှင်းလင်းသွားသော လက်သည်တရားခံအား ရှာဖွေဖို့ ပြင်ဆင်လိုက်တော့၏။

( ဒီလူလိမ်ကောင်က တော်တော်လေး စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ ဝိညာဉ်အခြေတည် နယ်ပယ် ကျိချန်အာရဲ့ ဝိညာဉ်ရှာသိုင်းကို ခံနိုင်တယ်။ ဒါတင်မကသေးဘူး၊ နတ်ဆိုးဂိုဏ်းရဲ့ နတ်ဆိုးမဆီကနေ အကြမ်းခံနိုင်တဲ့လူလို့ အချီးကျူးတောင် ခံလိုက်ရသေးတယ်ဆိုတော့ သေချာပေါက် ရိုးရှင်းတဲ့လူ မဖြစ်နိုင်ဘူး။ ငတုံးစနစ်ရဲ့ တာဝန်ကလည်းရှိသေးတော့ ဆုလာဒ်ရဖို့ဆိုရင် အဲ့ဒီလူသတ်သမားကို ငါမဖြစ်မနေ သတ်ရမှာပဲ)

( သူ့ဘာသူ ဘယ်လောက် အင်အားကြီးနေပါစေ ငါကလည်း အခြေခံတည်ထောင်ခြင်းနယ်ပယ် ကျင့်ကြံသူငယ်လေးမှ မဟုတ်တာ၊ အများကြီးတွေးပြီး စိတ်ဒုက္ခရှာစရာလား။ အဲ့ဒီကောင်ကို သတ်လိုက်တာက အရိုးရှင်းဆုံး နည်းလမ်းပဲ မဟုတ်ဘူးလား )

“အမ်း”

ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်မှာပဲ ထူးဆန်းသော တစ်စုံတစ်ခုကို ချီယွမ် သတိထားမိသွား၏။ ထိုအချိန်မှာပဲ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း ရုတ်ခြည်း တောင့်တင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ် အနက်ပိုင်းတွင် သိမ်းဆည်းထားသော ရွှမ်ထန်းဓားသည် တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်နှယ် ကြမ်းတမ်းစွာ တုန်လှုပ်လာခဲ့တာပင်။

( ဘာဖြစ်နေတာလဲ )

ချီယွမ် မျက်မှောင်ကြုတ်သွားကာ ရွှမ်ထန်းဓားကို လျင်မြန်စွာ ထုတ်ယူလိုက်သည်။ အပြင်ရောက်လာသည်နှင့် ချက်ချင်း တည်ငြိမ်သွားသော ရွှမ်ထန်းဓားက ခံစားချက်မဲ့စွာဖြင့် ချီယွမ်၏လက်ပေါ်မှာ လှဲလျောင်းနေလေရဲ့။

ထိုအချိန်မှာပဲ တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့ပြီး သိုလှောင်ဧရိယာအတွင်းမှ ဓားနက်ကို ချီယွမ် ထုတ်ယူလိုက်သည်။

ဟူး

ထိုဓားနက် ထွက်ပေါ်လာသည်နှင့် ရွှမ်ထန်းဓားက ထပ်မံ တုန်ယင်လာကာ ခံစားချက်ပြလာသည်။

( ဒီဓားက ထူးဆန်းနေတာပဲ )

ပြဿနာအရင်းအမြစ်ကို ချီယွမ် လျင်မြန်စွာ နားလည်သွားခဲ့သည်။ ရွှမ်ထန်းဓားသည် ထိပ်သီးအဆင့် ပျံသန်းနိုင်သော စိတ်ဝိညာဥ် ဓားတလက်ဖြစ်၏။ စစ်မှန်သော စိတ်ဝိညာဉ်ရတနာများနှင့် နှိုင်းယှဉ်၍ မရပါသော်ငြား အာရုံခံမှု ရှိသေးသည်။

ရွှမ်ထန်းဓား၏ တုံ့ပြန်မှုကို ကြည့်လိုက်သည်နှင့် ကျိချန်အာ ပေးသွားသော ဓားက မရိုးရှင်းမှန်း သိသာပါသည်။ ထိုဓားက ရွှမ်ထန်းဓားထက် အနည်းငယ် အဆင့်မြင့်နေလို့ ဖြစ်နိုင်သည်။ ထိုသို့မဟုတ်လျှင် ရွှမ်ထန်းဓားဘက်မှ အခုလိုမျိုး တုန့်ပြန်လာလိမ့်မည် မဟုတ်ချေ။ အကြိမ်ကြိမ် စစ်ဆေးပြီး နောက်တွင် အခြေအနေကို နားလည်သွားသည့်အတွက် ချီယွမ်သည် ရွှမ်ထန်းဓားကို ပြန်လည်သိမ်းဆည်းလိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ဆန်းကြယ်သည့် ဓားနက်ကိုသာ အပြည့်အဝ အာရုံစိုက်လိုက်သည်။

“ဟုတ်တယ် ကျိချန်အာ ပြောသွားတာအရ ဒီဓားက ကျင့်ကြံသူတစ်ယောက်ရဲ့ အဆီအနှစ်ကို စုပ်ယူနိုင်တယ်တဲ့ ဖြစ်နိုင်တာ…”

ချီယွမ် လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်ပြီး လက်ချောင်းထိပ်မှ သွေးအဆီအနှစ်ကို စုဝေးကာ ဓားပေါ်သို့ ချဖို့စဥ်းစားလိုက်သည်။

သို့သော်ငြား ချီယွမ် တစ်ယောက်တွန့်ဆုတ်မြဲ တွန့်ဆုတ်နေလေ၏။

ဆိုရိုးစကားအရ လူတစ်ဦး၏ သွေးအဆီအနှစ်သည် သွေးပေါင်းဆယ်စက်နှင့် ညီမျှသည်။

( ငါက အပြည့်အဝ သက်သာသေးတာလဲ မဟုတ်ဘူး၊ ဒီဓားစုတ်ကို စမ်းသပ်ဖို့အတွက်နဲ့ ငါ့ရဲ့ သွေးအဆီအနှစ်ကို ပေးလိုက်ရမယ်ဆိုရင် အရမ်းကြီး ဆုံးရှုံးသွားမှာမဟုတ်ဘူးလား )

ခဏမျှ တွန့်ဆုတ်ပြီးနောက်တွင် ချီယွမ်တစ်ယောက် တိတ်တဆိတ်ပဲ လက်ညိုးကို ပြန်လည် ရုတ်သိမ်းလိုက်ကာ စားဖိုဆောင်အတွင်း ပြေးဝင်သွားပြီး ကြက်နှစ်ကောင်ကို ဆွဲထုတ်လိုက်သည်။

ခဏမျှကြာပြီးနောက်တွင်..

နာကျင်နေသော အော်သံတစ်ခု အပြီးမှာပဲ ဓားနက်က ကြက်နှစ်ကောင်ကို ဖောက်ထွင်းကာ သတ်ပစ်လိုက်လေရဲ့။

ကြက်၏ အနီရောင်သွေးက ဓားနဲ့ထိလိုက်သည်နှင့် ပျောက်ကွယ်သွားကာ ကြက်နှစ်ကောင်လုံး ချက်ချင်းပင် ခြောက်သွေ့သွားခဲ့သည်။

ထိုသို့ဖြင့် မျက်စိတမှိတ်အတွင်းမှာ ဝဖြိုးနေသော ကြက်နှစ်ကောင်လုံး အရိုးသာ ကျန်ရစ်ခဲ့တော့၏။

( ဒါကတစ်ကယ်ကို နတ်ဆိုးလက်နက်တစ်ခုပဲ )

ချီယွမ် ပိုမို စိတ်ဝင်စားလာမှုကြောင့် မျက်လုံးများ ပြူးကျယ်လာတော့သည်။

( ဒီဓားက အရည်အချင်းရှိတယ်ဟ.. ဒါပေမဲ့ ကြက်သွေးကိုတောင် လက်ခံနိုင်တယ်ဆိုတော့ အရမ်းအရည်အသွေး မမြင့်လောက်ဘူးလို့ ယူဆလို့ရတယ် )

ထို့နောက်တွင် သိချင်စိတ်တစ်ချို့ဖြင့် ချီယွမ်သည် ဓားပေါ်သို့ လက်ဖက်ရည် တစ်ခွက် လောင်းချလိုက်သည်။ ကြည်လင်သော အခါးရည်က ဓားပေါ် ဖြတ်ပြေးသွားသည့် တိုင်အောင် ပြောင်းလဲမှု ရှိမလာခဲ့ချေ။

ထို့နောက်တွင် စိတ်ဝိညာဥ် စွမ်းအင်ပါသော စိတ်ဝိညာဥ် စမ်းချောင်းရေတစ်ချို့ လောင်းချခဲ့သေးသည်။ သို့သော်လည်း ယခင်အတိုင်း တုန့်ပြန်မှု ကင်းမဲ့နေလေ၏။

( ဒီကောင်က သွေးပဲ သောက်တာများလား )

ချီယွမ် ခဏမျှ စဉ်းစားမိသည်နှင့် တွန့်ဆုတ်စွာ လက်ချောင်းထိပ်မှ သွေးအဆီအနှစ်ကို ပြန်လည် ထုတ်ယူလိုက်သည်။

ဖျစ်

သွေးအဆီအနှစ် အတွင်းမှာ ပါဝင်သော ပြင်းထန်သည့် စွမ်းအင်ကို အာရုံခံမိသည်နှင့် ဆန်းကြယ်သော ဓားရှည်က တောင်းတမှုကြောင့် အကြမ်းပတမ်း တုန်ခါလာတော့သည်။

“သေစမ်း ဒီစုတ်ပြတ်သတ်နေတဲ့ ဓားက စိတ်ဝိညာဉ်ရှိနေတာလား။ ဘာလဲ မင်းက ဒီတစ်ချိန်လုံးက ငါ့အရှေ့မှာ အားနည်းချင်ယောင်ဆောင် နေခဲ့တာလား”

ချီယွမ် အေးစက်စွာ မဲ့ရွဲ့လိုက်ရင်း လက်ချောင်းထိပ်မှ သွေးအဆီအနှစ်ကို ပြန်လည် သိမ်းဆည်းလိုက်သည်။ ထို့နောက်တွင် မရင်းနှီးသော လေသံဖြင့် ခပ်မဲ့မဲ့ ပြောလိုက်လေ၏။

“ဟန်ဆောင်နေတာ ရပ်လိုက်တော့။ မင်းမှာ ကိုယ်ပိုင်စိတ်ဝိညာဉ်ရှိမှန်း ငါသိသွားပြီ။ ပြီးတော့ အစောပိုင်းက ပြောသွားတာအရ မင်း သွေးသောက်ပြီးပြီ ဆိုရင် ကိုင်ထားတဲ့လူကို စွမ်းအင် ဖြည့်ပေးတယ်ဆို..၊ မင်းအခုတင် ကြက်နှစ်ကောင် စားထားတာမဟုတ်ဘူးလား။ ဘာလို့ ငါ့ကို တစ်ခုတောင် ပြန်မပေးရတာလဲ။ မင်းကိုယ်မင်း ဘာထင်နေသလဲ”

ပြောပြီးသည်နှင့် ချီယွမ်သည် ထိုဆန်းကြယ်သော ဓားရှည်ကို စားပွဲနှင့် ဆောင့်ရိုက်လိုက်သည်။

“အဲ့ဒီ ကြက်နှစ်ကောင်လုံး အခု ပြန်ပေးစမ်း။ ငါ ယဉ်ကျေးနေမှာမဟုတ်ဘူး”

သို့သော် ချီယွမ်၏ ဒေါသကို စားပွဲပေါ် ရှိ ဓားရှည်က သက်မဲ့ ပစ္စည်းတစ်ခုနှယ် ခံစားချက်မဲ့စွာ တုန့်ပြန်လာ၏။ အစောပိုင်းက တောင့်တမှုများ အားလုံးသည်လည်း တည်ငြိမ်သွားကာ အဖက်မလုပ်စွာ ငြိမ်သက်နေလေသည်။

( အမ်း )

ချီယွမ်၏ မျက်နှာက တစ်ဖြည်းဖြည်း မဲမှောင်လာတော့သည်။

“မင်းကအရင် အကျိုးအကြောင်း မသိဘူးဆိုမှတော့ ငါ့ကိုလာပြီး အပြစ်မတင်နဲ့တော့”

ချီယွမ် ချက်ချင်းပင် ရှေ့တစ်လမ်းတိုးလိုက်ပြီး ဆန်းကြယ်သော ဓားရှည်ကို ခြေထောက်အောက်တွင် တက်နင်းလိုက်သည်။ ထို့နောက်တွင် ခါးပတ်ကို ဖြည်လျှော့ရင်း ကျိန်ဆဲ လေတော့၏။

“ငါပြောမယ် မင်း ငါ့လက်ထဲကို ရောက်သွားတာနဲ့ မင်းဘာသာမင်း အရင်က သွေးသောက်တဲ့ကောင်ကြီး ဖြစ်နေရင်တောင်မှ အခု‌ သေးပဲ သောက်ရမယ်ကွ။ ဘာမေးခွန်းမှ လာထုတ်မနေနဲ့”

ချီယွမ်၏စကား ဆုံးသည်နှင့် ဆန်းကြယ်သော ဓားရှည်က နောက်ဆုံးမှာ တုံ့ပြန်လာကာ ချွန်မျှသည့် ဓားထိပ်ပိုင်းသည် အကြမ်းပတမ်း တုန်ခါရင်း ချီယွမ်၏ ဖိနှိပ်မှုမှ လွတ်မြောက်ရန်ကြိုးစားလိုက်သည်။

သို့သော် ချီယွမ်က အရေးမစိုက်ဘဲ ခါးပတ်ကြိုးသာ ဖြေနေလေရာ၊ ထိုဓားစုတ် မနေနိုင်တော့ဘဲ အော်ဟစ်ရတော့သည်။

“ဟိတ်ကောင် ရပ်လိုက်စမ်း။ ငါက နတ်ဆိုးဓား နင်ယွမ်ပဲ။ ငါ့ကို ထပ်ပြီး မလေးမစား လုပ်ရဲလို့ကတော့ မင်းကို အပိုင်းအပိုင်း လုပ်ပြီးတော့ အရိုးပါမကျန် ခွေးကျွေးပစ်မယ်”

အိုမင်းရင့်ရော်နေသော အဘိုးအိုတစ်ဦးနှယ် နက်ရှိုင်းကာ ကြမ်းရှသော လေသံသြကြီးအတွင်း၌ အလွန်အမင်း ပြင်းထန်သည့် လူသတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

( နတ်ဆိုးဓား နင်ယွမ်ဟုတ်လား )

ချီယွမ် ခဏမျှ အံ့သြသွားသော်ငြား မျက်နှာကို မဲ့လိုက်ကာ..

“ဓားစုတ်က စကားပြောနိုင်တာလား။ ဒါဆိုရင် မင်းက တစ်ကယ်ကြီး ငါ့အရှေ့မှာ သေချင်အောင်ဆောင်နေခဲ့တာပေါ့လေ”

“ဟွန့် ဓားစုတ်ကများ ငါ့ကို လာခြိမ်းခြောက် နေတာလား။ ကောင်းပြီလေ မင်းလုပ်ရဲလား ကြည့်ရတာပေါ့”

နောက်တစ်စက္ကန့်မှာပဲ

..........

ခပ်‌ဖြေးဖြေး ကျဆင်းလာသော အဝါဖျော့ရောင် အရည်တစ်ချို့သည် အဆုံးမှာတော့ ဓားရှည်ပေါ်သို့ ကျ‌ရောက်သွားလေ၏။

ထိုဓားရှည်ခမျာ အနည်းငယ် တုန်ယင်သွားပြီးသည်နှင့် နှင်းကိုက်ခံထားရသော ခရမ်းသီးတစ်လုံးနှယ် မြေပြင်ပေါ်မှာ ညိုးငယ်စွာ ငြိမ်ကျသွားလေတော့သည်။

ဓားရှည်၏ စူးရှသော အရှိန်အဝါအားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။

ခဏမျှ ကြာပြီးနောက်တွင် ချီယွမ် တည်ငြိမ်စွာဖြင့် ခါးပတ်ကြိုးကို ပြန်ချည်လိုက်ရင်း အေးစက်စွာပြောလိုက်သည်။

“မင်းရဲ့သခင်ဆီ ငါ့ကို ခေါ်သွားပေးစမ်း။ မဟုတ်လို့ကတော့ မင်းကိုချီးတွင်းထဲ နှစ်ပစ်မယ်။ အဲ့ဒီ မကောင်းတဲ့ အရာတွေကို မင်း တစ်နေကုန် ထိုင်သောက်နေရမယ်မှတ်”

ထိုဓားနက်ခမျာ အနည်းငယ် တုန်ယင်လာသော်လည်း တွန့်ဆုတ်နေသည့်ဟန်ပင်…. အချိန် အကြာကြီး နေပြီးမှသာ ခပ်တိုးတိုး တုံ့ပြန်လာ၏။

“ငါ မွေးဖွားလာကတည်းက လူပေါင်းသန်းချီပြီး သတ်ခဲ့တယ်။ ငါသတ်ခဲ့တဲ့ လူတွေထဲမှာ နတ်ဘုရားတွေပါ မချန်ဘူး။ ငါ့ကို ကိုင်သမျှ ကျင့်ကြံသူအားလုံးက ဦးညွတ်အရိုအသေ‌ပေးရင်း ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြတယ်။ ငါ့ကို ဒီလိုမျိုး ဆက်ဆံဖူးတဲ့သူက မင်း ပထမဦးဆုံးပဲ။ ငါသာ နှစ်ပေါင်းသောင်းချီပြီး သွေးငတ်ခဲ့လို့ အားနည်းနေတာ မဟုတ်ရင် ဓားချက်တစ်ခုတည်းနဲ့ မင်းသေနေလောက်ပြီ”

ချီယွမ် ရွံရှာစွာ ပြုံးလိုက်လေ၏။

“မင်းဘာသာမင်း ဘယ်လောက်ကြီး အားကြီးနေပါစေ၊ အခု ဘာအသုံးကျနေလို့လဲ။ ငါ့အရှေ့မှာ မင်းက ဓားစုတ်တစ်ချောင်းထက် မပိုဘူး။ ငါက မကောင်းမှုကို မုန်းတီးတဲ့ စစ်မှန်တဲ့ ကျင့်ကြံသူတစ်ဦးပဲ။ ငါနဲ့တွေ့တာ ကံကောင်းတယ်လို့ မှတ်လိုက်”

ထိုဓားနက်ခမျာ အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီး တွန့်ဆုတ်စွာ ပြောလိုက်သည်။

“ဟန်လဲ့ဆိုတာ ငါ့ရဲ့ ရှစ်ယောက်မြောက် ဓားအစေခံပဲ။ သူက ငါ့ရဲ့ဓားသခင်ဖြစ်ဖို့ အခွင့်အရေးမရှိဘူး။ မင်းရဲ့ စည်းမရှိကမ်းမရှိ လုပ်ရပ်ကို ကြည့်ရသလောက် မင်းကမှ တစ်ကယ်ကို နတ်ဆိုးဗီဇရှိတဲ့ သူလို့ ပြောရမယ်။ အကယ်လို့မင်းမှာသာ ဇရှိရင် ငါ့ကို ဒီတစ်မြို့လုံး သတ်ခွင့်ပေးလိုက်။ ရာချီတဲ့ အသက်သွေးတွေကို သောက်သုံးပြီးတော့ ငါ့ရဲ့ အင်အားကို ဖြည့်တင်းပေးမယ်ဆိုရင် မင်းရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူအတွက် ငါခွင့်လွှတ်ပေးမယ်”

“ဒါဆိုရင် ဟန်လဲ့ကို သစ္စာဖောက်ရမယ်ဆိုလည်း ကိစ္စမရှိဘူး”

ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ ရယ်မောလိုက်သည်။

“ကြည့်ရတာ မင်းက အခြေအနေကို နားမလည်သေးဘူးပဲ။ အဓိပ္ပါယ်မရှိတာတွေ လာပြောမနေနဲ့၊ မင်းမှာ အခု ရွေးချယ်စရာ နှစ်ခုပဲရှိတယ်။ တစ်ခုက နာနာခံခံနဲ့ ငါ့ကို ဟန်လဲ့ဆီခေါ်သွား။ နောက်တစ်ခုကတော့ ဒီစားသောက်ဆိုင် အပြင်ဘက်မှာ ရှိတဲ့ ရေအိမ်က လူအများကြီး ဝင်ထွက်သွားလာနေတဲ့ နေရာတစ်ခုပဲ။ မင်းကို မြှုပ်နှံဖို့ နေရာကောင်းတခုလို့ ငါယူဆတယ်”

ထိုဓားနက်ခမျာ ချက်ချင်းပင် တွန့်ဆုတ်သွားတော့သည်။ ချီယွမ် စိတ်ပျက်လာခံနီးမှပဲ အားနည်းစွာ တုံ့ပြန်လာလေ၏။

“မင်း....အာ မိတ်ဆွေလေး ကျေးဇူးပြုပြီး ငါ့ကို အရင် သန့်ရှင်းပေးလို့ရမလား။ ငါ မင်းကို သွားရှာပေးပါမယ်”

ထိုမြင်ကွင်းကြောင့် ချီယွမ် ခပ်ဖွဖွ ပြုံးလိုက်တော့သည်။

(ဘာနတ်ဆိုး ဓားလဲ။ နတ်ဆိုးဓား ဆိုတော့ရော ဘာအသုံးကျတာ မို့လို့လဲ။ သေးနဲ့သာပန်းချလိုက်၊ ကောင်းကောင်း ပြုမူလာလိမ့်မယ်)

…….

All Chapters