(မင်း ဝတ္ထုဖတ်ဖူးလား)
Vol. 15 Ch. 147
ချီယွမ် တည်ငြိမ်သောမျက်နှာပေးဖြင့် မေးစေ့ကိုပွတ်သပ်ရင်း စတင်အကဲခတ်လိုက်၏။
“ နတ်သမီးချင် ဒီလိုဆိုမှတော့ မင်းအနေနဲ့ လူများများနဲ့ ပြောဆိုဆက်ဆံကြည့်မယ်ဆိုရင် အဲ့ဒီလက္ခဏာရပ်တွေ ဖြည်းဖြည်းချင်းပျောက်သွားနိုင်တယ်။ ဒါပေမဲ့ မင်းရဲ့ပင်ကိုယ် စရိုက်ကိုက တသီးတသန့်နေတတ်တယ်။ ပြီးတော့ မင်းရဲ့ပုံစံကလည်း တောင့်တင်းနေပြီး ပြောမယ့်လူတွေကိုပါ ရှိန်စေတယ်။ မင်းရဲ့နှလုံးသားကိုသာ အလွယ်တကူဖွင့်ပေးမှာ မဟုတ်ဘူးဆိုရင် လိုချင်တဲ့ အကျိုးကျေးဇူးရဖို့က မလွယ်လောက်ဘူး။ ”
ချင်လင်ရှူး သဘောတူညီစွာဖြင့် အကြိမ်ကြိမ်ခေါင်းညိတ်လိုက်သည်။
“ တာအိုသားတော်ချီပြောတာ မှန်တယ်။ တစ်ကယ်တော့ ကျွန်မကလည်း များသောအားဖြင့် တိတ်တဆိတ်နေတတ်တာများတော့ လူတွေနဲ့သိပ်ပြီး ပြောဆိုမဆက်ဆံဖြစ်ဘူး။ ”
ချီယွမ်သူမကို တွေးဆဆလှမ်းကြည့်ရင်း စိတ်အားထက်သန်စွာ အကြံပြုလိုက်သည်။
“ ကျွန်တော့်အထင် မင်းအနေနဲ့ ဝါသနာတစ်ခု ရှာဖွေသင့်တယ်။ ဒါဆိုရင် ဒီပြဿနာကိုလည်း အခြေခံကျကျဖြေရှင်းလို့ ရသွားတာပေါ့ ”
ချင်လင်ရှူး၏ လှပသောမျက်လုံးများက ချက်ချင်းပင် ဝင်းလက်သွားကာ စိတ်အားထက်သန်စွာ မေးလိုက်သည်။
“ တာအိုသားတော်ချီ ဘာကိုဆိုလိုချင်တာလဲ ”
ချီယွမ်၏လေသံက အလွန်အမင်း တည်ငြိမ်နေ၏။
“ ဥပမာပြောရမယ်ဆိုရင် လူတစ်ယောက်ရဲ့ စရိုက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်ဖို့အတွက် ဝါသနာမျိုးတွေပေါ့။ စစ်တုရင်ကစားတာ၊ ပန်းချီဆွဲတာ၊ လက်ရေးလှလေ့ကျင့်တာ၊ ပန်းစိုက်တာတို့.. ဒါမှမဟုတ် လက်ဖက်ရည်ပွဲတော်တို့.. မင်းအဲ့လိုမျိုး ပွဲတော်တွေမှာ ပါဝင်ကြည့်လို့ရတယ် ”
အနည်းငယ်စိတ်ပျက်သွားဟန်ဖြင့် ချင်လင်ရှူး မျက်တောင်ခတ်လိုက်တော့သည်။
“ ဒါတွေအားလုံးကို ကျွန်မ ကြိုးစားပြီးသွားပြီ ဒါပေမဲ့ အကျိုးမထူးဘူးရယ် ”
“ အော် သိပြီ “
ချီယွမ် ခဏမျှတွေးတောလိုက်သည်။ ထို့နောက်တွင် ရုတ်တရက် အလင်းပွင့်သွားသည့်နှယ် တစ်ချက်လှမ်းကြည့်လိုက်သော်ငြား တုန့်ဆုတ်စွာဖြင့် ပြောလာသည်။
“ ဒါဆိုရင်... မင်းဝတ္ထုစမ်းဖတ်ကြည့်ဖူးလား ”
“ ဝတ္ထုဆိုတာ ဘာကိုပြောတာလဲ ”
ချင်လင်ရှူး အနည်းငယ်သိချင်လာခဲ့သည်။ တာအိုကိုရရှိရန်အတွက် နေ့စဉ်ဓားကျင့်ကြံသည်မှ လွှဲလျှင် သူမအနေနှင့် ဝတ္ထုကို မကြားဖူးပါချေ။
“ ဝတ္ထုဆိုတာ လူတွေရဲ့ နေ့စဉ်အကြောင်းကို ပုံပြင်ဖန်တီးထားတဲ့ စာပေမျိုးတွေပဲ။ ကျင့်ကြံသူအများစုက သူတို့ရဲ့ တာအိုနှလုံးသားကို ကျင့်ကြံပြီး အမတအဆင့်တတ်လှမ်းနိုင်ဖို့အတွက် ခံစားချက်ပိုင်းဆိုင်ရာ ကျော်လွန်နိုင်ဖို့ ဝတ္ထုဖတ်တတ်ကြတယ် ”
ချီယွမ်စိတ်ရှည်စွာ ရှင်းပြလိုက်သည်။
“ ဝတ္ထုထဲမှာရှိတဲ့ ဇာတ်ကောင်တိုင်းမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုဆိုတာရှိတယ်။ သူတို့ဘဝရဲ့ အတတ်အကျများစွာလည်းရှိတယ်။ မင်းသာစိတ်နှစ်ပြီး ဖတ်လိုက်မယ်ဆိုရင် ဝတ္ထုဇာတ်ကြောင်းမှာ စီးမျှောသွားပြီး မင်းရဲ့ခံစားချက်တွေကလည်း မြင့်တတ်လာလိမ့်မယ်။ ဒီကိစ္စက မင်းရဲ့စိတ်အခြေအနေအတွက် အများကြီးအကူအညီဖြစ်နိုင်တယ်။ ”
“ အော် သိပြီ ကျွန်မအများကြီး သင်ယူလိုက်ရပါတယ် ”
နားလည်သွားဟန်ရသော ချင်လင်ရှူး၏ မျက်နှာထက်တွင် တော်တော်လေးစိတ်လှုပ်ရှားဟန်များ ထင်ဟပ်လာခဲ့သည်။
“ တာအိုသားတော်ချီ ဒီနည်းလမ်းက တော်တော်ကောင်းတယ်လို့ ကျွန်မ ထင်တယ်။ ရှင့်မှာ ဝတ္ထုပါလာသလား.. ကျွန်မ ငှားချင်တယ် ”
“ သေချာပေါက် ပြန်ပေးမှာပါ”
ထိုအချိန်မှာပဲ ချင်လင်ရှူးက စိတ်အားထက်သန်စွာဖြင့် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံး အိတ်အကြီးကြီးကို ထုတ်ယူလိုက်သည်။
“ ဒီတစ်ခေါက်တော့ တာအိုသားတော်ချီရဲ့ ကျေးဇူးကို အလဟာသ မဖြစ်စေရပါဘူး။ ဒီအဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေ အားလုံးက ငှားပေးတဲ့အတွက် အခကြေးငွေပါ”
ထိုအချိန်မှာပဲ ချီယွမ် ချက်ချင်းနားလည်သွားခဲ့သည်။ သူ့ထံတွင် ဝတ္ထုစာအုပ်တစ်ကယ်ပဲ ရှိပါသော်ငြား ထိုစာအုပ်များအားလုံးက မြက်ပင်စုတ်ထံမှ သိမ်းယူထားသော မသင့်တော်သည့် စာအုပ်များသာဖြစ်သည်။ ထိုအထဲတွင် ကောင်းမွန်သော စာအုပ်တစ်အုပ်လေးတောင် မရှိဘူး။ အတုအယောင်ဆန်ပြီး တစ်ကိုယ်ရည် ဖျော်ဖြေဖို့အတွက်သာ သင့်တော်သော ထိုစာအုပ်များကိုသာ ထုတ်ပေးလိုက်လို့ကတော့ သူ၏တစ်ဘဝလုံး စုစည်းထားသော ဂုဏ်သိက္ခာများအားလုံး ပျက်စီးသွားနိုင်သည်။
သို့သော်ငြား အရှေ့ကမိန်းကလေးသည်လည်း အလွန်အမင်း သနားစဖွယ်ကောင်းနေပြန်၏။ ဓားထံမှာလွှမ်းမိုးခံရပြီး ခံစားချက်ပျောက်သွားခဲ့လျှင် သေလူတစ်ဦးနှင့် ခြားနားတော့မည်မဟုတ်ချေ။
ထိုစာအုပ်များက ကလေးတစ်ယောက်အတွက် မသင့်တော်သော်ငြား ချင်လင်ရှူးလိုမျိုး ဖြူစင်ရိုးအသော မိန်းကလေးတစ်ယောက်၏ ခံစားချက်ကို လှုံ့ဆော်ဖို့အတွက်တော့ လုံလောက်ပါသည်။
( ခန္ဓာကိုယ်က အပူချိန်တတ်လာလျှင် အကျိုးထူးလာမှာပေါ့ )
( ရှေးလူကြီးတွေ ပြောကြတယ်မလား.. အရေးပေါ် အခြေအနေမျိုးမှာ အကျိုးအထူးဆုံး ကုသမှုကို လိုအပ်တယ်တဲ့။ အရမ်းပြင်းထန်စွာ ဖျားနေမယ်ဆိုရင် အချိန်မှီကုသမှုကို လိုအပ်ကြတယ်လေ။ အခုလည်း သူမကို ကယ်တင်ဖို့အတွက် ငါဘာမှမလုပ်ဘဲ မနေနိုင်ဘူး )
ခဏမျှတုန့်ဆုတ်ပြီးနောက်တွင် ချီယွမ်နောက်ဆုံးတော့ ကြင်နာစွာဖြင့် အံ့ကြိတ်ကာပြောလိုက်သည်။
“ အမှန်တိုင်းပြောရမယ်ဆိုရင် ကျွန်တော့်မှာ ဝတ္ထုစာအုပ်တစ်ချို့ တစ်ကယ်ပဲ ပါလာခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီစာအုပ်တွေအားလုံးက ကောင်လေးတစ်ယောက်ဆီကနေ သိမ်းယူထားခဲ့တာ။ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူးနော် ”
ပြောပြီးသည်နှင့် ချီယွမ်သည် သိုလှောင်အိတ်အတွင်းမှ ဆိုဒ်မျိုးစုံပါဝင်သော စာအုပ်များကို ကြိုးနှင့်ချည်ထားသည့် စာအုပ်တွဲကြီးကို တည်ငြိမ်စွာ ကမ်းပေးလိုက်သည်။
“ ကျွန်တော်ရှင်းအောင် ပြောပါရစေ။ ကျွန်တော်ဒီရက်ပိုင်း ကျင့်ကြံနေတဲ့အတွက် ဒီစာအုပ်တွေကို ဖတ်ကြည့်ဖို့ အချိန်မရှိခဲ့ဘူး။ ဒါ့ကြောင့် ဒီစာအုပ်တွေက မိန်းကလေးချင်အတွက် အသုံးဝင်မလား ကျွန်တော်မသိပါဘူး။ တစ်ကယ်လို့ နတ်သမီးချင် အဆင်မပြေဘူးဆိုရင် ကျွန်တော့်ကို ချက်ချင်းပြန်ပေးတာဖြစ်ဖြစ် ဒီစာအုပ်တွေကို ဖျက်ဆီးပစ်တာဖြစ်ဖြစ် ကြိုက်သလိုလုပ်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် တွန်းအားမပေးပါနဲ့ ”
ချင်လင်ရှူးသည် သိချင်စွာဖြင့် စာအုပ်အပုံလိုက်ကြီးကို ချက်ချင်းသိမ်းဆည်းလိုက်သည်။ ယဉ်ကျေးမှုကြောင့် သူမသည် ထုတ်မဖတ်ခဲ့သော်ငြား ချီယွမ်ကို လေးစားစွာ ခေါင်းညိတ်ပြလိုက်သည်။
“ တာအိုသားတော်ချီရဲ့ ကူညီပေးမှုအတွက် တစ်ကယ်ပဲကျေးဇူးတင်ပါတယ် ”
အနည်းငယ်ထူးဆန်းနေသော မျက်နှာထားဖြင့် ချီယွမ် လက်တစ်ဖက် ယမ်းပြကာ အဓိပ္ပာယ်ပါပါပြောလိုက်သည်။
“ ကျေးဇူးတင်ဖို့မလိုပါဘူး နောက်တစ်ခေါက်တွေ့တဲ့ အချိန်ကျရင် ကျွန်တော့်ကို လီရွှမ်းဓားနဲ့ မခုတ်ဖို့တော့ မျှော်လင့်ပါတယ် ”
( လီယွမ်သန့်စင်နယ်မြေရဲ့ တစ်ယောက်တည်းနေပြီး သွေးအေးရက်စက်တဲ့ ဓားသခင်မငယ်ကို နွေဦးစာအုပ်ဖတ်ဖို့ ပေးလိုက်တာက ဒီကျင့်ကြံရေးလောကတစ်ခုလုံးမှာ ငါတစ်ယောက်တည်းပဲ လုပ်ရဲမယ်နဲ့တူပါတယ်။ ဒါပေမဲ့လည်း ဘာတတ်နိုင်မှာလဲ.. ငါကစောက်ရမ်း ကြင်နာလွန်းနေတာကို )
“ ဟမ် တာအိုသားတော်ချီ ရှင်ဘာပြောလိုက်တာလဲ ”
ချင်လင်ရှူး အနည်းငယ်အံ့အားသင့်စွာဖြင့် ပြန်မေးလာခဲ့သည်။
“ ကျွန်မ ချင်လင်ရှူးက အရည်အချင်းပိုင်း နိမ့်ကျတယ်ဆိုရင်တောင်မှ အမြဲတမ်း တခြားသူရဲ့ ကြင်နာမှုကိုမှတ်မိနေပြီး ကျေးဇူးပြန်ဆပ်တတ်တဲ့ သူတစ်ယောက်ပါ။ တာအိုသားတော်ချီကို ဓားနဲ့ခုတ်စရာလား ”
…….
တစ်ချိန်တည်းမှာပဲ အဆုံးမရှိသော လေဟာနယ်အတွင်း၌...
ပတ်ဝန်းကျင်တစ်ခုလုံးက သေလောက်အောင် တိတ်ဆိတ်နေ၏။ မျက်စိတဆုံးကို အရောင်စုံသော ကြယ်တာယာအစုအဝေးများ ပါဝင်နေသည့် ကောင်းကင်ကြယ်ကြီးက လွှမ်းခြုံထားရင်း အရှေ့အနောက်ဘယ်ညာ မည်သည့်ရပ်ဝန်းကိုမှ ခွဲခြား၍မရနိုင်အောင် ဖန်တီးထားသည်။
ထိုအဆုံးမရှိသော လေဟာနယ်မျိုးတွင် မသိနိုင်သော အန္တရာယ်မျိုးစုံရှိနေသည့်အတွက် သာမန်ကျင့်ကြံသူများ အလွယ်တကူမသွားလာရဲကြချေ။
ဟူး
ဆန်းကြယ်သော အရှိန်အဝါများပါဝင်နေသည့် ပုံရိပ်နှစ်ခုသည် မည်းမှောင်နေသော အမှောင်ထုအတွင်း ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
တူညီသောအနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ယောက်က ပတ်ဝန်းကျင်၏ အမှောင်ထုအတွင်း အသားကျအောင် ကြိုးစားနေလိုက်၏။
“ ဒါလား”
ဦးစွာစကားစလိုက်သော အမျိုးသားကျင့်ကြံသူသည် ရှည်လျားသောအရပ်၊ ပိန်ပါသောခန္ဓာကိုယ်နှင့် အနည်းငယ်ရက်စက်သော မျက်နှာပေးမျိုး ပိုင်ဆိုင်ထားသည်။ ထိုသူ၏မျက်နှာက အနည်းငယ်ဖြူဖွေးနေခြင်းမှာ အဆုံးမရှိသော လေဟာနယ်၏ ကျော်ချမ်းဖွယ်အရှိန်အဝါကြောင့်သာ ဖြစ်နိုင်ပါ၏။
ထို့နောက်တွင် ထိုသူက လက်တွင်ကိုင်ထားသော ကြယ်ဇယားကွက်ကို ကြည့်လိုက်ရင်း နက်ရှိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“ ဒီတစ်ခေါက်ရထားတဲ့ အချက်အလက်အရဆိုရင် တာအိုနတ်ဆိုးရဲ့ အကြွင်းအကျန်လိုဏ်ဂူက အရှေ့ကမြူခိုးထဲမှာ ဖုန်းကွယ်နေတာတဲ့ ”
ထိုသူ၏စကားသံက လေဟာနယ်အတွင်းသို့ ဝိညာဉ်တစ်ခု ခပ်ဖွဖွပြောလိုက်သည့်နှယ် အချိန်အကြာကြီး လှိုင်သံထပ်သွားခဲ့သည်။ ထိုအဖြစ်အပျက်က ဖော်ပြ၍မရနိုင်သော ကြောက်ရွံ့မှုနှင့် အသားမကျမှုကို တစ်ချိန်တည်းမှာ ခံစားရစေ၏။
ထိုသူ၏အနောက်တွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားကျင့်ကြံသူသည်လည်း ပျော်ရွှင်သွားသော မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။
” ဟုတ်တယ် အဲ့ဒီလိုဏ်ဂူက ဝိညာဥ်အခြေတည်နယ်ပယ် ကျင့်ကြံသူသုံးဦးကိုပဲ အများဆုံးလက်ခံနိုင်တော့မယ်။ ငါတို့နှစ်ယောက်လုံးက ဝိညာဥ်အခြေတည်နယ်ပယ် ထိပ်သီးအဆင့်ကျင့်ကြံသူတွေပဲ။ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် အထဲဝင်ပြီး ကြိုးစားကြည့်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာတစ်ခုတော့မဟုတ်ဘူး ”
ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားကျင့်ကြံသူက အဖော်ကိုလှမ်းကြည့်လိုက်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
“ အရင်စည်းမျဉ်းအတိုင်းပဲ လုပ်ကြရအောင်။ အထဲမှာ ဘယ်လိုရတနာပဲ တွေ့တွေ့၊ အချင်းချင်း မတိုက်ခိုက်ရဘူး။ အပြင်ရောက်မှ ညီတူညီမျှခွဲဝေကြမယ်၊ ဘယ်လိုသဘောရလဲ”
“ အဆင်ပြေတာပေါ့ ”
တစ်ဖက်သူက တုန့်ဆိုင်းမှုမရှိ သဘောတူလာခဲ့သည်။ ထို့နောက်တွင် ထိုနှစ်ဦးက အကြည့်ချင်းဖလှယ်လိုက်ကြရင်း အမည်းရောင်မြူခိုးများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့သည်။
သိပ်မကြာမီအချိန်အတွင်းမှာပဲ အစောပိုင်းက ထိုနှစ်ယောက် ရှိခဲ့သောနေရာသို့ နောက်ထပ်ပုံရိပ်နှစ်ခု ထပ်ရောက်ရှိလာခဲ့သည်။
“ ဂိုဏ်းတူအကိုထူ ကျွန်တော်တို့ အခုလိုမျိုး နတ်ဆိုးကျင့်ကြံသူတွေကို အရင်အခွင့်အရေးပေးလိုက်တာ မှန်ရဲ့လား”
အစောပိုင်းက ဝင်သွားသော နတ်ဆိုးကျင့်ကြံသူ နှစ်ဦးရှိနိုင်မည့်နေရာကို ကြည့်နေရင်းဖြင့် ကျွမ်းချင်းယွမ် စိတ်ပူလာခဲ့သည်။
“ ညီလေးကျွမ်း မင်းအတွေးလွန်နေပြီ ”
ထူရို့ရှုတည်ငြိမ်စွာ ခေါင်းယမ်းလိုက်လေ၏။
“ နတ်ဆိုးကျင့်ကြံသူဆိုတာ အရိုင်းဆန်ပြီး စဉ်းစားဆင်ခြင်ဉာဏ် မရှိတဲ့သူတွေပဲ။ အကိုတို့ရဲ့ လူသားဒိုင်းဖြစ်လာဖို့ သူတို့က အပြီးပြည့်စုံဆုံးပဲလေ”
“ တစ်ကယ်တော့ အကိုက တာအိုနတ်ဆိုးရဲ့လိုဏ်ဂူနဲ့ ပတ်သက်တဲ့သတင်းကို သေချာလွှင့်ခဲ့တာ။ ဒါမှ ဒီနေရာမှာရှိနေတဲ့ နတ်ဆိုးကျင့်ကြံသူတွေ သတိထားမိသွားပြီး အထဲကို ရှာဖွေကြလိမ့်မယ်။ ဒါဆိုရင် လိုဏ်ဂူရဲ့အန္တရာယ်ကို ကြိုသိပြီး အကိုတို့ ကြိုတင်ကာကွယ်လို့ ရသွားပြီမဟုတ်ဘူးလား။ အန္တရာယ်အများဆုံး ထောင်ချောက်တွေကို အဲ့ဒီအမြှောက်ကောင်တွေသာ ဖြေရှင်းပေးသွားရင် အကိုတို့ အခွင့်အရေးယူလို့ ရသွားပြီ။ ဒါက အချိန်ကုန် လူပင်ပန်းသက်သာတယ်၊ ဘယ်လောက်တောင် အကျိုးထူးလိုက်သလဲ။ အဲ့ဒီကျင့်ကြံသူတွေရဲ့ အသက်ကတော့... ဟွန့်”
ထူရို့ရှု၏ နှုတ်ခမ်းများက ရက်စက်သောအပြုံးတစ်ခုကို ပြုံးလိုက်သည်။
“ သူတို့အားလုံးက မကောင်းတဲ့သူတွေပဲ။ သူတို့သေသွားတော့ရော ဘယ်သူဂရုစိုက်မှာလဲ”
ကျွမ်းချင်းယွမ် စိတ်အားထက်သန်စွာ ပြုံးလိုက်ရင်း စိတ်သက်သာမှုကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ တစ်ကယ်ကို အကိုထူက စဉ်းစားတတ်လွန်းတယ်။ ကျွန်တော် လေးစားရပါတယ် ”
ထူရို့ရှု အနည်းငယ်ခေါင်းညိတ်ပြပြီးမှ စိတ်သက်သာစွာပြောလိုက်သည်။
“ ဒါပေမဲ့ အကိုမှန်းတာ မမှားရင် ဒီအချိန်လောက်ဆို ထိုက်ရွှမ်းသန့်စင်နယ်မြေရဲ့ တာအိုသားတော်ချီက အကိုတို့ကို ဆက်သွယ်သင့်နေပြီ ”
“ ဟုတ်တယ်မလား ”
တစ်ဖက်သူ၏ဉာဏ်ရည်ကို အရမ်းယုံကြည်ထားသော ကျွမ်းချင်းယွမ်ပင် အနည်းငယ်သံသယဝင်လာခဲ့သည်။
“ ဒါပေမဲ့ တာအိုသားတော်ချီက အရင်တစ်ခေါက်တုန်းက ပြတ်ပြတ်သားသားငြင်းသွားခဲ့တယ်။ သူစိတ်ပြောင်းလောက်မယ်လို့ ကျွန်တော်မထင်ဘူး ”
ထိုအချိန်မှာပဲ ထူရို့ရှု၏ အင်္ကျီအတွင်းမှ ထိပ်သီးအဆင့် ဆက်သွယ်ရေးမန္တာန်စာရွက်သည် ရုတ်တရက် အလင်းတန်းတစ်ခု ထုတ်ပေးလာခဲ့သည်။ အသက်သွင်းလိုက်သည်နှင့် တစ်ဖက်မှ ရှင်းလင်းသော အမျိုးသားအသံတစ်ခုကို ကြားလိုက်ရသည်။
” တာအိုသားတော်ထူ၊ တစ်ကယ်တော့ ကျွန်တော်စဉ်းစားကြည့်ခဲ့တယ်။ အများကြီးစဉ်းစားကြည့်ပြီးတော့ တာအိုသားတော်တို့နဲ့ အတူတူသွားကြည့်တာ အကောင်းဆုံးပဲလို့ ကျွန်တော်ထင်တယ် ”
“ဟုတ်လား..ရတာပေါ့ဗျာ”
ထူရို့ရှု ခပ်ဖွဖွပြုံးလိုက်ရင်း တည်ငြိမ်စွာပြောလိုက်သည်။
“ တာအိုသားတော်ချီ စိတ်ပြောင်းတာကို ကျွန်တော်တို့က ကြိုဆိုပြီးသားပါ။ ခဏနေကျရင် တည်နေရာ အတည်အကျပို့ပေးလိုက်ပါ့မယ်။ ခုနှစ်ရက်နေရင် ကျွန်တော်တို့ တွေ့ကြတာပေါ့”
ချက်ချင်းပဲ ကျွမ်းချင်းယွမ်တစ်ယောက် ထိတ်လန့်တကြား ပြောလိုက်တော့သည်။
“ အကိုထူက တစ်ကယ်ကို အံ့ဩဖို့ကောင်းလိုက်တာဗျာ”
……