← Chapters

ပင်လယ်ထဲသို့ ခရီးစထွက်ခြင်း

Vol. 37 Ch. 512

ပင်လယ်ထဲသို့ ခရီးစထွက်ခြင်း

Vol. 37 Ch. 512

အရှေ့အရပ်ဆီသို့ အတန်ငယ် ပျံသန်းပြီးနောက် ကျန်းရီသည် တစ်စုံတစ်ခုကို မေ့နေကြောင်း ရုတ်တရက် သဘောပေါက်သွား၏။ သူသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် တမလွန်လောက တစ္ဆေမီးလျှံ အချို့ကို သန့်စင်ရန် ဝိညာဉ်စုပ်ယူခြင်း တောင်ကြားသို့ သွားရဦးမည် ဖြစ်သည်။ ဤခရီးစဉ်က အင်မတန် အန္တရာယ်များမည်မှန်း သူသိနေ၏။ သူက အနောက်တောင် အရပ်ဆီသို့ ဦးတည်သွားလိုက်တော့သည်။

ယခုအခေါက်တွင် သူက တမင်တကာ ခပ်နိမ့်နိမ့် ပျံသန်းခဲ့တာပဲ ဖြစ်သည်။ ယာ့ဇီသားရဲထံမှ ထွက်ပေါ်လာသော ဖိအားများကို လူများ အလွယ်တကူ ခံစားမိပြီး သူဖြတ်သန်းသွားလာချိန် အနီရောင် ဆံနွယ်များကို မြင်သည့် အချိန် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦးက သူတို့ ရောက်လာသည့် အချိန်၌ လမ်းကြောင်းဦးလွဲချော်သွားစေရန် ဖြစ်သည်။

ဝိညာဉ်စုပ်ယူခြင်း တောင်ကြားထဲ၌ တစ်နေ့လုံးနေပြီးနောက် တမလွန် လောက တစ္ဆေမီးလျှံများကို သန့်စင်ပြီးချိန်တွင် ကျန်းရီက ခရီးထပ်ဆက်တော့သည်။ ယခုအခေါက်တွင် သူက ယာ့ဇီသားရဲကို ကောင်းကင်ထဲ ကီလိုမီတာ ငါးသိန်းအမြင့်ကနေ ပျံသန်းခိုင်းလိုက်သည်။ ဗာဂျာရာနယ်ပယ် သိုင်းပညာရှင် မဟုတ်လျှင် သူတို့ကို မတွေ့နိုင်ပေ။

ယာ့ဇီသားရဲက ပျံသန်းတာ အတော်မြန်ပေ၏။ ကြယ်တံခွန် ကျွန်းသို့ရောက်ရန် ရှစ်ရက်သာ အချိန်ယူရသည်။ ကြည်လင်ကောင်းကင် မျှော်စင်ထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းရီက လူတိုင်း ပြန်ကောင်းလုနီးပါး ဖြစ်နေပြီဆိုတာကို သတိပြုမိလိုက်သည်။ သို့သော် သူက နယ်မြေ၏ လက်ရှိ အခြေအနေကိုရှင်းပြပြီး လူတိုင်း လုံခြုံစေရန် အလို့ငှာ ကျွန်းထဲတွင် သွားနေသင့်ကြောင့် ရှင်းပြသောအခါ ကျန်းယွင်ဟိုင်မှ အပ လူတိုင်းသည် သူ့အကြံဉာဏ်ကို ငြင်းဆိုခဲ့ကြသည်။

“ရှင်ဘယ်ကိုပဲ သွားသွား ကျွန်မလိုက်ခဲ့မယ် သခင်လေး။ နောက်မှာထားခဲ့မယ်ဆိုရင် အခု ကျွန်မကို ကျွန်မ သက်သေလိုက်မယ်”

ကျန်းရှောင်နူက ဆုံးဖြတ်ချက် ပြတ်သားသည်။ ကျန့်၀ူရွှမ်း၊ ချန်ဝမ်ကွမ်နှင့် ယွင်ဖေးတို့ကလည်းထိုနည်းတူစွာပင် ဖြစ်၏။ ကောင်းကင် ကြယ်တာရာနယ်မြေက သေဆုံးနေပြီး ဖြစ်ရာ သူတို့အဖို့ နေစရာ အကြောင်းမရှိတော့ပေ။ ချမ်ကွေ့က ကျန်းရီနောက်သို့ အမြဲတမ်းလိုက်ပါရန် သူတို့ကို ပြောခဲ့သည်။ သူတို့ကို ကျွန်းစုလေးပေါ်၌ တစ်သက်လုံး ငြိမ်းချမ်းသည့်ဘဝ၌ နေထိုင်ခြင်းက သူတို့ လိုချင်သည့် အရာမျိုးမဟုတ်ပေ။ အပြင်လောကက ကြီးမားပြီး အခွင့်အရေးများ ပြည့်နေသည်။ သူတို့က အပြင်လောကကိုစွန့်စားသွားလာရန် အတွက် ကျန်းရီနောက်ကို လိုက်ပြီး အောင်မြင်မှု အချို့ရချင်သည်။

အပြင်လောကက အန္တရာယ် အလွန်များပြားမှန်း သူတို့ ရှင်းရှင်းလင်းလင်းသိပေ၏။ ယခင်က လူများစွာ ထွက်သွားခဲ့သည်။ သို့သော် မည်သူကျမျှ အသက်မရှင်ခဲ့ပေ။ ယခုအခေါက်တွင်မူ သူတို့ မတူတော့ပေ။ အရှေ့ပိုင်းပင်လယ်၌ သားရဲစီးကြောင်းက ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။ သားရဲ စီးကြောင်းထဲ၌ ယင်းက အလုံခြုံဆုံး အချိန် ဖြစ်၏။ ထို့အပြင် သူတို့ကို ကာကွယ်ရန် လုံလောက်အောင် သန်မာသည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ဦးဖြစ်သည်။ သူတို့က ယခုတစ်ခေါက်တွင် အပြင်လောကကို စွန့်စားသွားလာရန် ကျန်းရီနောက် မလိုက်ခဲ့လျှင် ဤဘဝ၌ နောက်ထပ် အခွင့်အရေး မရနိုင်တော့ပေ။

“ဒါဆိုလည်းကောင်းပြီလေ”

အားလုံးဆုံးဖြတ်ချက် ချပြီးသောကြောင့် ကျန်းရီလည်းသူတို့၏ ဆုံးဖြတ်ချက်ကို လေးစားပြီး သူတို့ကို ထပ်မဖြောင်းဖျရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်နည်းနှင့် မဆို သူတို့ကို စကြဝဠာနန်းတော်ထဲတွင် သို့မဟုတ် ဧကရီနန်းတော်ထဲတွင် နေခိုင်းထားပါက သူတို့က ဝန်ထုတ်ဝန်ပိုး ဖြစ်မှာ မဟုတ်ပေ။ ထို့အပြင် ကျန်းရှောင်နူက မှင်ပြာငှက်မွှေးမျိုးနွယ်စု၏ တစိတ်တပိုင်းဝင် ဖြစ်သည်။ သူမ အသွင်ပြောင်းလဲသွားပြီးနောက် လက်သည်းများက အင်မတန် ချွန်ထက်လာသည်။ ယင်းက လမ်းတစ်လျှောက် ရန်သူများနှင့် တိုက်ခိုက်ရာတွင် သူ့ကို အတော်လေး အကူအညီပေးနိုင်မှာ ဖြစ်သည်။

ပြီးနောက် ကျန်းယွမ်ဟိုင်ဖက် လှည့်ပြီးနောက် သူ့ကို အပစ်ရှိသလို ကြည့်လိုက်သည်။ ကျန်းယွင်ဟိုင်က ဖျော့တော့စွာ ပြုံးပြီးနောက် ပြောလိုက်၏။

“သခင်လေး ကျေးဇူးပြုပြီး ကျုပ်အတွက် မစိုးရိမ်နဲ့ သခင်လေးရဲ့ ပန်းတိုင်ကို ရဖို့ပဲ အကောင်းဆုံး ကြိုးစားပြီးတော့။ ကျုပ်တို့ရဲ့ သခင်မကို ရှာတွေ့နိုင်မယ်ဆိုရင် ရှာတွေ့ပြီး ကျုပ်ဆီကို လာလည်နိုင်ခဲ့မယ်ဆိုရင် ဒီဘဝမှာ နောင်တရစရာ ရှိတော့မှာ မဟုတ်ဘူး”

“အင်း”

ကျန်းရီက လေးတွဲ့စွာ ခေါင်းညိတ်လိုက်၏။

ကျန်းယွင်ဟိုင်သည် အပြင်လောကသို့ သွားပြီး သူ့နောက်လိုက်ပါဖို့ရာ အသက်ကြီးလွန်းနေပြီမှန်း သူသိသည်။ ကံကောင်းသည်မှာ လုစစ်သူကြီးနှင့် အဖော်အပေါင်းများက သူ့ကို ဂရုစိုက်ရန်အတွက် နောက်တွင် ကျန်ရစ်ခဲ့မည် ဖြစ်ရာ ကျန်းရီက စိုးရိမ်ပူပန်စရာ လျော့နည်းသွားတော့သည်။

ရွှေယို့လန်က ကျန်းယွင်ဟိုင်နှင့် ကျန်းရီတို့ကို သဘာဝ ပုံရိပ်ယောင် နယ်မြေကို ဖွင့်ဟမည့် နည်းလမ်း ပြောထားခဲ့ပြီး ဖြစ်ရာ ကျန်းရီ၏ မိတ်ဆွေများနှင့် ဆွေမျိုသားချင်းများကို ဂရုစိုက်ရန် အကောင်းဆုံး ကြိုးစားမည်ဟု ကတိပေးခဲ့သည်။ ဆွေးနွေးပြီးနောက် ကျန်းရီက ရွှေယို့လန်ကို နှုတ်ဆက်ပြီးနောက် အားလုံးအား စကြဝဠာနန်းတော်ထဲတွင် ထည့်လိုက်ပြီးနောက် ယာ့ဇီသားရဲကို ခေါ်ပြီး နေရာချက်ချင်းရွေ့ပြောင်းကာ တောင်ပိုင်းသို့ ဦးတည်သွားတော့သည်။

“ဝှစ်”

ကျန်းရီက ယာ့ဇီသားရဲပေါ်တွင် ရပ်ပြီး နောက်လှည့်ကြည့်လိုက်ရာ ရွှေယို့လန်ကို ကျေးဇူးတင်ရှိကြောင်း ပြရန် လက်နှစ်ဖက်ဆုတ်မိုးလျက် အရိုအသေပေးလိုက်၏။ သူက ကျေးဇူးတင်သည်ဟူသော စကားကို မပြောခဲ့ပေ။ သူ့ရင်ထဲ၌ သူမ၏ ကြင်နာမှုကို အမြဲတမ်း အမှတ်ရသင့်သည်ကား ပိုအရေးကြီးကြောင်း သူသိနေပေသည်။

“အမေ ကျန်းရီက နယ်မြေထဲကနေ ထွက်သွားတာလား”

ကျန်းရီ ထွက်သွားသည်နှင့် ရွှေဖန်လောက ကြည်လင်ကောင်းကင်မျှော်စင်ဘေးသို့ ရောက်လာပြီး ရွှေယို့လန်ဘေးတွင်ရပ်လိုက်၏။ သူမက ပျောက်ကွယ်သွားသော ကျန်းရီ၏ ပုံရိပ်ကို မျက်ဝန်းလှလှလေးများဖြင့် ကြည့်နေသည်။ သို့သော် သူမ တွေးနေတာကို မည်သူမျှ မသိပေ။

သူမက ရွှေယို့လန်ခေါင်းညိတ်တာကို မြင်သည့် အချိန်၌ ရွှေချမ်လော့က နှုတ်ခမ်းကိုက်ပြီးနောက် ခေါင်းငုံကာ ဝမ်းနည်းမှု အချို့ ရှိနေတော့သည်။ သူမက လက်သီးကျစ်ကျစ် ဆုတ်ပြီးနောက် သူမဘာသာ သူမ တိုးတဲ့တဲ့ ပြောလိုက်၏။

“ကျန်းရီ ကျေးဇူးပြုပြီး အသက်ရှင်ပေးပါ။ ကျွန်မမှာ ကောင်းကင်နက္ခတ်ဝိညာဉ်ရှိတယ်။ ဒီတော့ ဆယ်နှစ်မပြည့်မီမှာ ကောင်းကင် ဧကရာဇ် အဆင့်ကို ချိုးဖျက်တက်နိုင်မှာ သေချာတယ်။ အဲ့နေရောက်လာရင် ရှင်ကျွန်မကို အရှက်ခွဲတာတွေ အတွက် လက်စားချေဖို့ ရှင့်ကို သေချာပေါက်လာရှာမယ်”

ကျန်းရီသည် သူတို့နေရာသို့ ရောက်ရှိသည်နှင့် စကြဝဠာနန်းတော်ထဲမှ လူတိုင်းကို လွှတ်ပေးလိုက်သည်။ ကျန်းရီက မဟာရှာတိုင်းပြည်၏ ထိုစစ်သူကြီးများအတွက် အမှန်တကယ် အပြစ်ရှိသလို ခံစားနေရသည်။ အထူးသဖြင့် သူတို့နှင့်အတူ ပါလာသည့် သက်ကြီးရွယ်အိုများ ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများကို တွေ့သည့် အချိန်တွင် ဖြစ်သည်။ သူ့ကြောင့်သာ မဟုတ်လျှင် ထိုလူများသည် သူတို့၏ မွေးရပ်မြေကို စွန့်ခွာပြီး ဝေးကွာသည့် နေရာ၌ နေရမှာ မဟုတ်ပေ။

သို့သော် စစ်သူကြီးလုသည် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးနောက် အတော်လေး စိတ်ကျေနပ်နေ၏။ ကျန်းရီကို ယုံကြည်ပြီး ကောင်းကင် ဧကရာဇ် ပညာရှင်များတောင် ဤနေရာကို ရှာမတွေ့နိုင်သောကြောင့် ဤနေရာက အလွန်လုံခြုံပေ၏။ သူတို့အတွက် ဤနေရာတွင် နေထိုင်ရန် အဆင်ပြေသည်ဟု တွေးမိလိုက်သည်။ နောင်တွင် အခွင့်အရေးရပါက မွေးရပ်မြို့သို့ အမြဲတမ်း ပြန်သွားနိုင်သည်။

လုစစ်သူကြီးက လက်ကို ဝှေ့ယမ်းလျက် တပ်မှူးအချို့ကို ခေါ်လျက် သစ်ပင်များကို ပိုင်းဖြတ်စေကာ အစီအရင် အချို့ တည်ဆောက်စေ၏။ မည်သို့ပင် ဆိုစေကာမူ သူတို့က ဘာကိုမှ မစိုးရိမ်ခင် သူတို့ နေရာထိုင်ခင်း စီစဉ်ရန် လိုအပ်သည်။

“အဖိုး”

ကျန်းရီက စကြဝဠာနန်းတော်နှင့် ရှေးဟောင်းနတ်ဘုရား လက်စွပ်တို့ကို ကျွင်းယွမ်ဟိုင်အားပေးပြီး ပြောလိုက်၏။

“ဒီစကြဝဠာ နန်းတော်ပေါ်က စိတ်ဝိညာဉ် အမှတ်အသားကို ကျွန်တော်ရှင်းပြီးသွားပြီး ပြီးတော့ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲမှာ အဘိုးအတွက် ကောင်းကင် ကျောက်တုံး တချို့ရှိတယ်။ ကောင်းကင် ကျောက်တုံးတွေကို သန့်စင်ခဲ့ရင် စိတ်ဝိညာဉ်မြောလွင့်ခရီးသာ အမြင့်ဆုံးအထိ ရောက်နိုင်သေးတယ်။ ပြီးတော့ စကြဝဠာ နန်းတော်ကိုလည်းသန့်စင်ပို့လည်း မှတ်ထားဦး။ ဒီလိုဆိုရင် တစ်ခုခု ဖြစ်လာတဲ့အခါ အဘိုးတို့တွေ ဒီအထဲမှာ ပုန်းနေ”

ပြီးနောက် ကျန်းရီ၏ လက်က ဖျတ်ခနဲ လှုပ်ရှားသွားကာ ကြောက်မက်ဖွယ် အရှိန်အဝါတို့ဖြင့် လှံတစ်စင်းက ပေါ်ထွက်လာတော့သည်။ ယင်းက နာမည်ကျော်ကြားသော ရှားတိ၏ သူတော်စင် လက်နက်ပင် ဖြစ်သည်။

ကျန်းရီက ထိုလှံရှည်ကို စစ်သူကြီးအားပေးကာ ပြောလိုက်သည်။

“စစ်သူကြီး ဒီသူတော်စင် လက်နက်....ခင်ဗျားရဲ့ ခွန်အားကို တိုးမြင့်ပေးနိုင်တယ်။ လိုလိုမယ်မယ် ပင်လယ်နတ်ဆိုးတွေ တိုက်ခိုက်လာတဲ့ အချိန်ကြရင် ပင်လယ်နတ်ဆိုးတွေကို ရင်ဆိုင်ဖို့ ဒီလက်နက်က ခင်ဗျားကို ကူညီပေးပါလိမ့်မယ်”

လုစစ်သူကြီးသည် စိတ်ဝိညာဉ် မျောလွင့်ခရီးသွား အမြင့်ဆုံး အဆင့်တွင် ရှိပြီး ရောက်နေသည့် သူများထဲတွင် အသန်မာဆုံး လူဖြစ်ပြီး ဤနေရာရှိလူများ အလေးစားရဆုံးနှင့် စကားနာခံသည့်သူ ဖြစ်ကာ သစ္စာအရှိဆုံနှင့် မှန်ကန်ဖြောက်မက်သူလည်း ဖြစ်သည်။ သူ၏ တည်ရှိမှုက ကျန်းယွင်ဟိုင်၏ လုံခြုံရေးကို ပိုစိတ်ချစေ၏။

“ကျုပ်ဒါကို လက်မခံနိုင်ဘူး။ မဟုတ်ဘူး... မဟုတ်ဘူး.”

စစ်သူကြီးလု၏ တစ်ကိုယ်လုံးက တုန်ယင်နေပြီး ထိုပစ္စည်းကို ငြင်းလိုက်သည်။

“ကိုယ်စား အုပ်ချုပ်သူ ဒါကို ကျုပ်လက်မခံနိုင်ဘူး။ ဒါက ကျုပ်အတွက်ကောင်းလွန်းနေတယ်။ ကျုပ်က အသက်ကြီးနေပါပြီ။ လက်တစ်ဖက်ကလည်း ကျိုးသွားတာ ဒီလို သူတော်စင်လက်နက်ကို ကျုပ်ဆီပေးရန် ဖြုန်းတီးရာရောက်မှာပဲ”

သူက ပြောလိုက်၏။

“ယူထားလိုက်ပါ”

ကျန်းရီက တိုက်တွန်းပြီး သူ့အား တစ်ချိန်တည်းတွင် နောက်ထပ် ရှေးဟောင်းနတ်ဘုရား လက်စွပ်တစ်ကွင်းကို ထုတ်ကာ စစ်သူကြီး လုအားပေးလိုက်သည်။ ကျန်သည့် စစ်သူကြီးခြောက်ဦး၏ အားကျနေသော အကြည့်များကိုသတိပြုမိပြီး ကျန်းရီက ရေရွတ်ပြောကာ သူ့လက်က တစ်ချက် လက်သွားပြီး အထွတ်အမြတ်လက်နက် တစ်ဆယ့်ရှစ်ခုကို ထုတ်လိုက်သည်။

ထိုကောင်းကင် လက်နက်များကို စစ်သူကြီးများအား အသီးသီးပြောပြီး ပေးလိုက်သည်။

“ဒီကောင်းကင် လက်နက်တွေက ခင်ဗျားတို့အတွက်ပဲ။ ဒါပေမဲ့ ကျုပ် ထပ်မံ ထွန်းတောက်လာတဲ့ အချိန်ကျရင် ခင်ဗျားတို့ကို သူတော်စင် လက်နက် တစ်ယောက်တစ်ခု ပေးမယ်လို့ ကျုပ်ကတိပေးတယ်”

“ကျေးဇူးတင်ပါတယ် ကိုယ်စားအုပ်ချုပ်သူ”

စစ်သူကြီး ငါးဦးက ပျော်ရွှင်သွားကြသည်။ သူတို့အဖို့ ကောင်းကင် အဆင့် လက်နက်က အလွန်တန်ဖိုး ကြီးနေပြီ ဖြစ်သည်။ လက်နက်သုံးမျိုးဆိုလျှင် ပြောနေရန် မလိုတော့ချေ။ သူတို့က သာမန် လူများမျှသာ ဖြစ်သည်။ ထိုသို့မဟုတ်လျှင် သူတို့က ရှားယွီတိုင်းပြည်ကို ပြည်ထောင်ခြောက်ခုက ဝန်းရံသည့် အချိန်ကတည်းက ထွက်ပြေးနေခဲ့ပြီ ဖြစ်၏၊။

“ကောင်းပြီ။ အခုကျုပ်သွားတော့မယ်”

ကျန်းရီက ကျန်းရှောင်နူ၊ ချန်ဝမ်ကွမ်နှင့် သူအဖွဲ့သားများကို ဧကရီ နန်းဆောင်သို့ ထည့်ပြီးနောက် ယာ့ဇီ သားရဲဆီသို့ နေရာ ရွေ့ပြောင်းလိုက်၏။

“ယာ့ဇီသားရဲ သွားကြရအောင်”

သူက အော်လိုက်သည်။

ဝှစ်

ယာ့ဇီသားရဲက အလင်းစီးကြောင်းအဖြစ်ပြောင်းလဲသွားပြီးနောက် အဝေးသို့ ပျံသန်းသွားတော့သည်။

ကျန်းရီက အရှေ့ပင်လယ်၏ မြေပုံမရှိသောကြောင့် အရှေ့ပိုင်းတော်ဝင်နယ်မြေနှင့် ကောင်းကင် မြေခွေးနယ်မြေရှိသည့် နေရာကို မသိပေ။ သူက အရှေ့ရပ်ဆီသို့ ရည်ရွယ်ချက်မဲ့စွာ ပျံသန်းရုံသာ သက်နိုင်သည်။

တစ်နာရီခန့် ကြာပြီးနောက် သူတို့အဖို့ အံ့ဩသွားရသည်ကား သေခြင်းတရားပင်လယ်ဆီသို့ သူတို့ မတော်တဆ လာမိခဲ့ကြောင်းသိသွားသည်။ နေ့အချိန် ဖြစ်သော်ငြား သေခြင်းတရား ပင်လယ် အထက်တွင် မိုးကြိုးများ လျှပ်စီးများ မရှိပေ။ သူက ဤနေရာသို့ ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့ပြီး အရှေ့အရပ်ဆီသို့ သူ့ခရီးကို ဆက်ခဲ့တော့သည်။

“အမ်....”

ပင်လယ်အောက်ရှိ ရှေးဟောင်းခေါင်းတလားထဲတွင် လှဲနေသော ခရမ်းရောင် ဆံနွယ်ဖြင့် အဝတ်ဗလာ မိန်းမပျိုက မျက်လုံး ရုတ်တရက် ဖွင့်လိုက်သည်။ ကျန်းရီ သေခြင်းတရားပင်လယ်ကို ဖြတ်သန်းလျက် အရှေ့အရပ်ဆီသို့ သွားမှာကို မြင်သည့် အချိန်၌ အံ့ဩသွားသည်။

သူမ၏ မျက်ဝန်းများက သမုဒ္ဒရာနှယ် နက်ရှိုင်းနေကာ ရေထဲကနေ ကျန်းရီ ကောင်းကင်၌ ပျံသန်းနေတာကို မြင်နေသလိုပင်။

“ဘာ ထူးဆန်းတဲ့ကောင်လေးက ပင်လယ်ဆီ ခရီးဆက်နေတာလဲ။ သားရဲစီးကြောင်းက ပြီးသွားပြီ ဆိုပေမဲ့ အဲဒီမှာ အန္တရာယ်များနေသေးတုန်းပဲ။ သူမကြာဘူးလား။ ငါလေးရက်လောက်နေရင် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတော့မှာ။ ငါမရောက်ခင် မင်းက အရှေ့ပိုင်း တော်ဝင်နယ်မြေကို ရောက်နိုင်ခဲ့မယ်ဆိုရင် ငါ့ရဲ့ မြင့်မြတ်တဲ့ ဖခမည်းတော်နဲ့တွေ့ဖို့အတွက် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီ မင်းကို ခေါ်သွားပြီး အခွင့်ရေးကြီးတစ်ခု ချီးမြှင့်မယ်”

***

All Chapters