← Chapters

လူသား မင်းသေပြီပဲ

Vol. 37 Ch. 514

လူသား မင်းသေပြီပဲ

Vol. 37 Ch. 514

“ပြေး..”

ကျန်းရီက သူ့လက်ပေါ်တွင် ပေါ်လာသည့် ဧကရီနန်းတော်ထဲသို့ ပင်လယ်ခြင်္သေ့နတ်ဆိုးဘုရင်၏ အလောင်းကို ပစ်ထည့်လိုက်သည်။ ပြီးနောက် ယာ့ဇီသားရဲကို ပင်လယ်မျက်နှာပြင်အထက်သို့ တန်းသွားရန် ပြောလိုက်တော့၏။

သူက နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ ပစ္စည်းအတွက် ထိုကဲ့သို့ ပြုလုပ်ခဲ့တာ မဟုတ်ပေ။ သူက ခန္ဓာကိုယ်ကို ဖုံးကွယ်ပြီး အငွေ့အသက်ကို ကွယ်ဝှက်ထားရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ သို့မှသာ ခြင်္သေ့နတ်ဆိုးဧကရာဇ် အလွယ်တကူ ရှာမတွေ့နိုင်မှာပဲ ဖြစ်သည်။

ယာ့ဇီသားရဲက ပင်လယ်မျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာသည်နှင့် မည်သည့်မိုးကြိုးလျှပ်စီးမှ မရှိသည့် တည်ငြိမ်နေသော ကောင်းကင်ကို မြင်လိုက်သောအခါ စိတ်သက်သာရာရပြီး သက်ပြင်းချမိတော့သည်။ သူသည် ပြင်းထန်သည့် အန္တရာယ်နှင့် ရင်ဆိုင်တွေ့ရချိန် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေးလိုက်၏။ ပင်လယ်ထဲမှ ထွက်ပေါ်လာပြီးနောက် မြောက်အရပ်သို့ ဦးတည်ပျံသန်းသွားနေသည့် ယာ့ဇီသားရဲကို မြင်သောအခါ သူက ရုတ်တရက် အသံတိုးတိုးဖြင့် အော်လိုက်၏။

“ယာ့ဇီသားရဲ မြောက်ပိုင်းကို မပျံနဲ့ အနောက်ပိုင်းကိုသွား”

“အနောက်ပိုင်းကိုလား”

ယာ့ဇီသားရဲက မျက်တောင်ခတ်လျက် ဇဝေဇဝါ ဖြစ်သွားသည်။ သူတို့သည် အနောက်အရပ်မှ လာခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုးဧကရာဇ်၏သားကို သတ်ဖြတ်ခဲ့ခြင်းကြောင့် သူတို့ အနောက်သို့ ပြန်သွားမည်လော။ သူတို့ကို ကောင်းကင်ဧကရာဇ်သိုင်းပညာရှင် နှစ်ဦးက ရှာဖွေနေလောက်သည်။ ယခုအချိန် ပြန်သွားခြင်းက ဉာဏ်ရှိသည့် အဆုံးအဖြတ်လော။

“မြန်မြန် မင်းရဲ့ အရှိန်အဝါအားလုံးကို ထုတ်ဖော်ပြီး တတ်နိုင်သလောက် အနောက်အရပ်ဆီကို ပျံသန်း မေးခွန်းတွေ အများကြီး မမေးနဲ့ အခု သွားတော့”

ကျန်းရီက ဒေါသတကြီးဖြင့် အော်လိုက်သည်။ ယာ့ဇီသားရဲက သံသယအချို့ ရှိသော်ြငား ကျန်းရီ၏ အမိန့်ကို မနာခံဘဲ မနေရဲချေ။ ၎င်းက အနောက်အရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားပြီးနောက် အရှိန်အဝါအားလုံးကို ထုတ်ဖော်လိုက်သည်။ မျက်တောင်ခတ်ချိန် အနည်းငယ်အတွင်း သူတို့က အနောက်အရပ်ရှိ ကောင်းကင်ထဲသို့ ပျောက်ကွယ်သွားတော့သည်။

“မြောက်ပိုင်းကိုပြန်”

ကီလိုမီတာသိန်းချီ ဖြတ်သန်းသွားပြီးနောက် ကျန်းရီက ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ ယာ့ဇီသားရဲက စိတ်တိုသွားကာ ထပ်ဂရုမစိုက်တော့ပေ။ ကျန်းရီသွားခိုင်းသည့် နေရာတိုင်းကိုသာ သွားခိုင်းတော့၏။

“ပင်လယ်ထဲကိုဆင်း..”

ကီလိုမီတာ တစ်သိန်းကျော်ခန့် ပျံသန်းပြီးနောက် ကျန်းရီက အော်လိုက်ပြန်သည်။ ယာ့ဇီသားရဲသည် အစက ထိတ်လန့်တုန်လှုပ်နေပေ၏။ သို့သော် ပင်လယ်ထဲသို့ လျင်မြန်စွာ ငုပ်ဆင်းလိုက်သည်။ ပင်လယ်မျက်နှာပြင်နှင့် ကီလိုမီတာ ငါးဆယ်အကွာသို့ ရောက်ချိန်၌ ကျန်းရီက ယာ့ဇီသားရဲကို ဧကရီနန်းတော်ထဲ ထည့်လိုက်၏။ သူက နေရာတစ်ချက် ရွှေ့ပြောင်းပြီး ပင်လယ်ထဲ ပျောက်ကွယ်သွားတော့သည်။

ဘီး ဘီး..

ကောင်းကင်ထဲ၌ သူ ပေါ်လာပြီးနောက် နေရာဆက်တိုက် ရွှေ့ပြောင်းနေသည်။ ယခုအခေါက်တွင် သူက ကောင်းကင်ဆီသို့ ဦးတည်သွားတော့၏။ လေးဖင့်မနေဘဲ သူက ကီလိုမီတာ ငါးထောင်အမြင့်၌ ရှိနေပြီ ဖြစ်သည်။ ပြီးနောက် မည်သည်ကိုမျှ မချိုးဖျက်ပဲ အရှေ့အရပ်ဆီသို့ နေရာဆက်တိုက် ရွှေ့ပြောင်းနေတော့သည်။

နတ်ဆိုးဧကရာဇ်သည် မည်မျှစွမ်းဆောင်ရည် ရှိပါသနည်း။

သူသည် ပင်လယ်ခြင်္သေ့နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကို ယူဆောင်လာခဲ့သော်ြငား နတ်ဆိုးဧကရာဇ်သည် အနားပတ်ဝန်းကျင်ရှိ အနံ့အရ သူ့နောက်ကို လိုက်မှာ သေချာပေသည်။ ယာ့ဇီသားရဲအား သူ့အနံ့အသက်အား ဖုံးကွယ်ရန်အတွက် သူ့အရှိန်အဝါအားလုံးကို ထုတ်ခိုင်းခဲ့သည်။ ပြီးနောက် သူက ထိုနေရာမှ ချက်ချင်း နေရာရွှေ့ပြောင်းခဲ့၏။ ထိုမှသာ သူ့အရှိန်အဝါသည် ပင်လယ်ထဲမှ ပျောက်ကွယ်သွားပေလိမ့်မည်။ ဤနည်းဖြင့် နတ်ဆိုးဧကရာဇ်က သူ၏အရှိန်အဝါကို ရှာတွေ့ခဲ့လျှင်တောင် သူ့ကို ရှာရန် အချိန်တချို့ ကုန်အုံးမှာပဲ ဖြစ်သည်။

ထိုသို့ အားစိုက်ထုတ်ထားသော်ြငား ကျန်းရီက သတိမလစ်ဟင်းရဲချေ။ အရှေ့အရပ်ဆီသို့ အရှိန်အပြည့်ဖြင့် ချက်ချင်း နေရာရွှေ့ပြောင်းလိုက်၏။ တစ်ရက်တစ်ည ကြာပြီးမှ သူ ရပ်တန့်လိုက်တော့သည်။

သူက ရွေးချယ်စရာ မရှိတော့ဘဲ ရပ်တန့်လိုက်ရတော့သည်။ အကြောင်းမှာ သူ့ရှေ့ကောင်းကင်မှ အနက်ရောင် တိမ်ဆိုင်တိမ်လိပ်များ မိုးကြိုးများ လျှပ်စီးများဖြင့် လွှမ်းနေသောကြောင့် ဖြစ်သည်။

“ငါတို့ အဲဒီကိုသွားသင့်တယ် ဟုတ်တယ်နော်”

ကျန်းရီက အနောက်ကို အကြိမ်ရေ အနည်းငယ်ခန့် ကြည့်လိုက်သည်။ တစ်ရက်တစ်ညခန့် ကြာပြီးနောက် နတ်ဆိုးဧကရာဇ်က သူတို့နောက်ကို လိုက်မလာသေးပေ။ အရှိန်အဝါကို တည်နေရာရှာရန် မအောင်မြင်တာ ဖြစ်နိုင်ချေများ၏။ ဆိုရလျှင် နတ်ဆိုးဧကရာဇ်၏ အရှိန်က အလွန်မြန်ဆန်သည်။ သူ့အရှိန်အဝါကို ရှာမတွေ့သေးတာသာ ဖြစ်နိုင်သည်။

“သွားရအောင်..”

အသက်ပြင်းပြင်း အနည်းငယ် ရှုပြီးနောက် ကျန်းရီက ပင်လယ်ထဲသို့ ငုပ်ဆင်းလိုက်သည်။ အရှေ့ရှိ အနက်ရောင် တိမ်တိုက်များက ပြန့်ကားလာ၏။ မိုးကြိုးလုံးက ကောင်းကင်ကို ခွင်းလျက် တဝီဝီ ဖြတ်းသန်းနေတော့သည်။ မလှမ်းမကမ်းတွင် ရှိနေသော်ြငား ပြင်းထန်သည့် ဖိအားက ကျန်းရီ၏ ရင်ထဲတုန်လှုပ်မှုကို ဖြစ်စေသည်။

ပင်လယ်ထဲတွင် ကျန်းရီက နေရာထပ်မရွှေ့ပြောင်းရဲတော့ချေ။ ဆိုရလျှင် မိုးကြိုးများက ဆက်တိုက်ပစ်နေ၏။ သူ ကံဆိုးပြီး နေရာရွှေ့ပြောင်းမိသည့်နေရာက မိုးကြိုးပစ်ခံရသည့် နေရာ ဖြစ်နေလျှင် အလွန်ဆိုးရွားသည့် နည်းလမ်းဖြင့် သေသွားပေလိမ့်မည်။ ကံကောင်းသည်မှာ သူ့အတွင်းအားက ဗာဂျရာနယ်ပယ်သို့ ရောက်ရှိပြီး သူ လှုပ်ရှားရာတွင် သိပ်မနှေးတော့ပေ။ ထို့အပြင် သူက သူ့ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်သော မြေအောက်လောကထဲ၌ ချိုမြိန်ခြင်းအလံ သစ်ရွက်နှစ်ရွက်ကို သူ ရယူထားသေးသည်။ ထို့ကြောင့် သူက အဆင့်တွင် တိုးတက်ခြင်း မရှိသော်ငြား ကောင်းကင်စိတ်အာရုံခံမှုက ကီလိုမီတာတစ်ရာသို့ ရောက်နိုင်ပြီး ယင်းက အတိတ်တုန်းကထက် သုံးဆ ပိုကျယ်သည့်  အကွအဝေး ဖြစ်ပေသည်။ ထို့ကြောင့် သူသည် မိုးကြိုးလုံးများ ရောက်ရှိမည့်နေရာကို အလွယ်တကူ ရှာနိုင်၏။

ဘီး..

သူ့ရှေ့ရှိ မိုးကြိုးလုံးက ဘီးခနဲ ပျံသန်းသွားတော့သည်။ အကြမ်းဖျင်း မှန်းဆမှုဖြင့် ကျန်းရီက သူသည် ထိုအရာနှင့် မလွတ်မြောက်နိုင် နေရာရွှေ့ပြောင်းရမည်မှန်း ခံစားမိလိုက်သည်။ ကံကောင်းသည်မှာ သူက သူ့ခန္ဓာကိုယ်ကို သိပ်သည်းလိုက်သည့် ပတ်ဝန်းကျင်၌ မိုးကြိုးကျလာတာ မရှိပေ။ ထိုနည်းဖြင့် သူသည် တတ်နိုင်လျှင် လျှပ်စီးမှ ရှောင်ပြီး မတတ်နိုင်လျှင် နေရာရွှေ့ပြောင်းရမည် ဖြစ်သည်။

နှစ်နာရီခန့် သွားလာပြီးနောက် ကျန်းရီသည် ပင်လယ်ကို ကီလိုမီတာငါးသောင်း ကျော်ဖြတ်ပြီး ဖြစ်သည်။ အကြမ်းဖျင်း တွက်ချက်မှုအရ ထိုလျှပ်စီးဒေသကို လုံလုံခြုံခြုံ ဖြတ်သန်းရန် သူတို့အတွက် သိပ်မလိုတော့ပေ။

ခန္ဓာကိုယ်က ပြေလျော့သွားသည်။ သူက လျှပ်စီးဧရိယာကို ဖြတ်တောက်ပြီး တစ်ရက်နှစ်ရက်ခန့် ကောင်းကင်ထဲတွင် နေရာရွှေ့ပြောင်းသရွေ့ နတ်ဆိုးဧကရာဇ်က မည်မျှအစွမ်းထက်စေကာမူ သူ့ကို ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ပေ။

ဝေါင်း ဝေါင်း..

ကျီး ကျီး.

ကူး ကူး..

သို့သော် ထိုစဉ် ပင်လယ်နတ်ဆိုးများ၏ ကြောက်မက်ဖွယ် အူသံများက နက်ရှိုင်းသော ပင်လယ်ထဲမှ ထွက်ပေါ်လာတော့သည်။ ကျန်းရီ၏ အမူအရာက ပြောင်းလဲသွားကာ ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ ချက်ချင်းပင် သူက သတိအနေအထား ဖြစ်သွားတော့သည်။

အောက်ခြေမှ နတ်ဆိုးသားရဲများစွာ ပေါ်ထွက်လာပြီး သူတို့ထဲတွင် နှစ်ကောင်က နတ်ဆိုးဘုရင်ဖြစ်နေ၏။ ထိုပင်လယ်နတ်ဆိုးများက သူ့ဆီ တန်းတန်းမတ်မတ် လာတာ မဟုတ်ဘဲ ထိုအစား အရပ်မျက်နှာအနှံ့ လှည့်လှည်သွားလာနေပြီး တစ်ခုခုကို ရှာဖွေနေပုံရ၏။

“လူသားလား..”

ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ဧရာမပင်လယ်နဂါး နတ်ဆိုးဘုရင်ကို သတိဝင်သွားစေသည်။ သူက ကျန်းရီကို နက်မှောင်နီရဲသော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ၎င်း၏ အမြီးကို ဖျတ်ခနဲ ယမ်းကာ ချွန်ထက်သည့် ဓားတစ်လက်အသွင် ပြောင်းပြီး ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်သွားတော့သည်။ ထို့အပြင် မရေမတွက်နိုင်အောင် များပြားသည့် အဆင့်သုံး ပင်လယ် နတ်ဆိုးများနှင့် ချိတ်ပိတ်ခံ နတ်ဆိုးဘုရင်တို့က သတိဝင်လာပြီး ကျန်းရီဆီသို့ လျင်မြန်စွာ ရောက်လာကြ၏။

“ဒီမှာ ပင်လယ်နတ်ဆိုးတွေ အများကြီးပဲ၊ သားရဲစီးကြောင်းက အခု ထပ်ဖြစ်နေတာလား၊ နက်ရှိုင်းတဲ့ ပင်လယ်ထဲမှာ ပင်လယ်နတ်ဆိုးတွေ ဘာလို့ အများကြီး ပေါ်ထွက်လာရတာလဲ”

ကျန်းရီက ပတ်ဝန်းကျင်ကို ကောင်းကင်စိတ်အာရုံဖြင့် စုစည်းပြီးနောက် ပိုတောင် ထိတ်လန့်သွားတော့သည်။ ပင်လယ်နတ်ဆိုးများသည် ပုံမှန်ဆို နက်ရှိုင်းသော ပင်လယ်ထဲတွင် နေထိုင်ပြီး သူက ယခုမူ ရေတိမ်ပိုင်းတွင် ရှိနေတာ ဖြစ်၏။ မိုးကြိုးလုံးကလည်း ရံဖန်ရံခါ ပစ်ချနေသည်။ သားရဲစီးကြောင်း မဟုတ်လျှင် ပင်လယ်နတ်ဆိုးများအားလုံး အဘယ်ကြောင့် တက်လာရသနည်း။

“ဒါ မဟုတ်သေးဘူး၊ ပင်လယ်နတ်ဆိုးတွေက သားရဲစီးကြောင်းမှာ ဆိုရင် စိတ်လွတ်ပြီး တစ်ကောင်နဲ့တစ်ကောင် သတ်ဖြတ်သင့်တာ မဟုတ်ဘူးလား၊ သူတို့က ဖရိုဖရဲ ဖြစ်မနေဘူး ငါ့ဆီ လာကြတာ ဖြစ်နိုင်တယ်”

မိုးကြိုးများက ရူးသွပ်စွာ ကျလာလေ၏။ မိုးကြိုးဒေသ၏ ဗဟိုတွင် မဟုတ်သော်ြငား မိုးကြိုးလုံးများစွာ ရှိနေသေးဆဲ ဖြစ်သည်။ ကျန်းရီက မိုးကြိုးစွမ်းအား၏ အကူအညီဖြင့် နတ်ဆိုးသားရဲများကို ခြောက်လန့်နိုင်ရန် ကြိုးစားလိုက်သည်။ အမှန်တကယ်တော့ သူသည် ပင်လယ်နတ်ဆိုးများကို သတ်ဖြတ်နိုင်ရန်အတွက် သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်နိုင်ပေ၏။ သို့သော် တိုက်ခိုက်မှု စတင်သည်နှင့် ပင်လယ်နတ်ဆိုးများစွာ သေပေလိမ့်မည်။ သွေးညှီနံ့က အစွမ်းထက်သော နတ်ဆိုးဧကရာဇ်များကို ဆွဲဆောင်မိပြီး သို့မဟုတ် ခြင်္သေ့နတ်ဆိုးဧကရာဇ်ကို ဆွဲဆောင်မိပေလိမ့်မည်။ အခြေအနေက ပိုဆိုးသွားနိုင်၏။

သူ၏ကောင်းကင်စိတ်အာရုံကို အကန့်အသတ်ထိ ဖြန့်ကျက်လိုက်ကာ လျှပ်စီး၏ လားရာကို မြန်ဆန်စွာ ဆုံးဖြတ်လိုက်တော့သည်။ သူ၏ တွက်ချက်မှုက မမှားပေ။ လျှပ်စီး၏ ဗဟိုတွင် ရှိနေတာ မဟုတ် မိုးကြိုးလုံးများက ရံဖန်ရံခါ ကျလာနေ၏။ သို့သော် အကြိမ်နေရ နည်းလာတော့သည်။

“သေစမ်း အဲဒီသားရဲတွေ ဘာဖြစ်တာလဲ၊ သူတို့က မိုးကြိုးတွေ မကြောက်ဘူးလား”

နတ်ဆိုးဘုရင်များနှင့် ပင်လယ်နတ်ဆိုးများ နီးကပ်လာတာကို ခံစားမိပြီး ကျန်းရီက တိတ်တဆိတ် ကျိန်ဆဲလိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်က ရူးသွပ်နေသော နဂါးတစ်ကောင်အဖြစ် အသွင် ပြောင်းလဲသွားပြီးနောက် ပင်လယ်ထဲမှ ဖောက်ထွက်တော့သည်။ သူ၏ ခြေနှစ်ဖက်က ရေမျက်နှာပြင်ကို နင်းပြီး အရှိန်အပြည့်ဖြင့် ရှေ့သို့ ဆက်သွားလိုက်သည်။

ကျွီ..ကျွီ..

ပင်လယ်အထက်၌ ကောင်းကင်က နက်မှောင်နေပြီး လေများက တဟူးဟူး တိုက်နေကာ သန်မာသော လေပြင်းများကလည်း ဝေ့တိုက်နေ၏။ ကောင်းကင်ထဲတွင် ဘယ်ဘက်ခြမ်း၌ မိုးကြိုးနဂါးက ဝှီးခနဲ ဖြတ်သန်းသွားကာ အောက်ရှိ ပင်လယ်ထဲ ပစ်ချလိုက်တော့သည်။ ထိုနေရာတွင် ရှိနေသော မရေမတွက်နိုင်သည့် ပင်လယ်နတ်ဆိုးများက ပြာဖြစ်ကုန်ကာ မိုးကြိုးနဂါးကြောင့် ထိခိုက်ကုန်၏။

“ငါ မသေမချင်း အဲဒီကောင်တွေက အလျော့ပေးမှာ မဟုတ်ဘူး”

ကျန်းရိက အကြံဉာဏ်ကုန်နေပြီ ဖြစ်သည်။ အံ့မခန်း မိုးကြိုးနဂါးတစ်ကောင်နှင့် ထိုကောင်းကင်နှင့် မြေကြီး၏ အစွမ်းထက်သော ဖိအားဖြင့်တောင် သူ့စိတ်ဝိညာဉ်ကို ယိမ်းယိုင်တုန်လှုပ်စေကာ သူ့ခန္ဓာကိုယ်ကို ချိနဲ့သွားစေပြီး အကြောက်တရားများဖြင့် ဖိန့်ဖိန့် တုန်နေစေသည်။ သို့သော် ပင်လယ်နဂါးနတ်ဆိုးဘုရင်က လျှပ်စီးဖြင့် အသတ်ခံရလုနီးပါး ဖြစ်ခဲ့သော်ြငား သူ့နောက်သို့ ဆက်လိုက်နေသေးသည်။ သူက ပစ်မှတ်ဆိုတာ သိသာနေ၏။

“မင်းတို့က သေချင်တယ် ဆိုမှတော့ မင်းတို့ အိပ်မက်ကို ဖြည့်ဆည်းပေးရမှာပေါ့”

ကျန်းရီက အရာအားလုံးကို စွန့်စားရန် အဆင့်သင့် ဖြစ်နေသည်။ ပင်လယ်နဂါးက ကီလိုမီတာအနည်းငယ်အကွာ၌ ရှိနေပြီး သူ့ကို အချိန်မရွေး တိုက်ခိုက်လာနိုင်သည်။ ထူးဆန်းသော မှော်အတတ်မျိုး ရှိမည်ဟု မည်သူက သိမည်နည်း။ သူက မစွန့်စားရဲသောကြောင့် သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်လိုက်သည်။

ဘီး..

ကျန်းရီ၏ မျက်လုံးက သွေးနီရောင် ပြောင်းလဲသွားပြီး အဆုံးမရှိ သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပေါ်ထွက်လာကာ ငါးစတုရန်းကီလိုမီတာရှိသည့် စက်ကွင်းတစ်ခုကို လွှမ်းခြုံသွားသည်။ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ဝန်းရံခံနေရသော နတ်ဆိုးများက မလှုပ်ရှားနိုင်တော့ချေ။

ကျန်းရီနောက်တွင် ရပ်နေသော ပင်လယ်နဂါး နတ်ဆိုးဘုရင်က ကြောက်လန့်ပုံပေါ်နေ၏။ ပင်လယ်မျက်နှာပြင်မှ ဧရာမခေါင်းကြီး ပေါ်ထွက်လာကာ ပါးစပ်ကို တတ်နိုင်သမျှ ဟပြီး တစ်ခုခု ပြောရန် ကြိုးစားနေ၏။

“လူသား မင်းက ခြင်္သေ့ချီဧကရာဇ်ရဲ့သားကို သတ်ခဲ့တာ မင်းပဲ မင်းသေမှာ ဧကရီက သတ်တဲ့သူကို ရှာဖို့ နတ်ဆိုးဂိုဏ်းအားလုံးကို အမိန့်ပေးခဲ့ပြီးပြီ မင်း ကောင်းကင်ကို ပျံသန်းပြီး ရေထဲ ငုပ်ရင်တောင်မှ မင်း မလွတ်မြောက်နိုင်ဘူး”

***

All Chapters